Elotus International Laboratory Service, Mandalay

Elotus International Laboratory Service, Mandalay International Laboratory Service

Elotus နိုင်ငံတကာအဆင့် ဓာတ်ခွဲခန်းဝန်ဆောင်မှုစင်တာမှ လူကြီးမင်းတို့၏ ကျန်းမာရေး စစ်ဆေးမှုများကို နိုင်ငံတကာရှိ အဆင့်အမြင့်ဆုံး ဓာတ်ခွဲခန်းများ နှင့် ချိတ်ဆက်၍ ဝန်ဆောင်မှုပေးနေပါပြီ။

🧬 ကိုယ်ခံအားစနစ်ဆိုတာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် အခြားအန္တရာယ်ရှိသောအရာများမှ ကာကွယ်ပေးသော စနစ်တစ်ခု ဖြစ်ပါတယ်။ ဒါပေ...
21/08/2025

🧬 ကိုယ်ခံအားစနစ်ဆိုတာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် အခြားအန္တရာယ်ရှိသောအရာများမှ ကာကွယ်ပေးသော စနစ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ခုခံအားစနစ် ကမောက်ကမဖြစ်တဲ့အခါမှာတော့ ကျန်းမာသောဆဲလ်များကို ရန်သူအဖြစ်မှားယွင်းသတ်မှတ်ကာ တိုက်ခိုက်ပါတယ်။ ဤသို့ "မိမိကိုယ်ကိုပြန်တိုက်" ခြင်းကြောင့် နာတာရှည်ရောင်ရမ်းမှု၊ အရေပြား/အဆစ်/အင်္ဂါများ ပျက်စီးခြင်း ဖြစ်စေနိုင်ပါတယ်။ ၄င်းတို့ကို အဓိကဖြစ်စေတာကတော့ Autoimmune ရောဂါများကြောင့်ဖြစ်ပါတယ်။ Autoimmune ရောဂါ များစွာရှိသော်လည်း အားလုံးတွင် ကိုယ်ခံအားစနစ်၏ ပျက်စီးယိုယွင်းမှု ဆိုသည့် အခြေခံလက္ခဏာတူညီကြပါတယ်။

👉 Autoimmune ရောဂါကို ဖြစ်စေနိုင်တဲ့ အချက်တွေကတော့

* ဆေးဝါးတစ်ချို့ရဲ့ ဘေးထွက်ဆိုးကျိုးများ (ဥပမာ ပိုးသတ်ဆေး၊ သွေးတွင်းအဆီကျဆေး၊ သွေးပေါင်ကျ‌ဆေး)
* Autoimmune ရောဂါ မျိုးရိုးရှိခြင်း
* ဆေးလိပ်သောက်ခြင်း
* ပတ်ဝန်းကျင်က ဓာတုပစ္စည်းတွေ၊ အဆိပ်အတောက်တွေနဲ့ ထိတွေ့မှုများခြင်း
* အဝလွန်ခြင်း တို့ကြောင့် အဖြစ်များပါတယ်။

ဒီလို Autoimmune ရောဂါကို ကြိုတင်သိရှိနိုင်ရန် အကောင်းဆုံး စစ်ဆေးမှုကတော့ 🧪 ANA (Antinuclear Antibody) Test နဲ့ ENA စစ်ဆေးမှုပဲဖြစ်ပါတယ်။

တကယ်လို့ သင့်မှာ Auto Immune Disease ဆိုင်ရာရောဂါအတွက် စစ်ဆေးလိုပါက “Elotus Laboratory” တွင် သက်ဆိုင်ရာစစ်ဆေးမှုများဖြစ်သော ANA (Antinuclear Antibody) Test နဲ့ ENA Test များ လာရောက်စစ်ဆေးနိုင်ပါပြီ။

ဆက်သွယ်ရန်

“ELOTUS International Laboratory Service”

လိပ်စာ - 28 လမ်း၊ 82 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဖုန်း - 09 942 344 500, 09 456 464 125

📣 Job Vacancy Announcement, We’re Hiring 📣“Elotus Laboratory”တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်...
11/08/2025

📣 Job Vacancy Announcement, We’re Hiring 📣

“Elotus Laboratory”တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်ရှိပါသည်။

💼 Blood Collector - 2 Posts
💼 Runner - 1 Post

▶️ Apply by sending your CV form to the email below 👇

📧 Email : hrelotus@gmail.com

📞 Phone & Viber : 09 799 529 965

🔍 အဆစ်အမြစ်ကိုက်ရတဲ့ အကြောင်းရင်းကိုHLA-B27 Test နဲ့ အဖြေရှာကြမယ်👉 ကိုယ်လက်တွေ ကိုက်ခဲနေလို့ ဆေးခန်းသွားပြတဲ့အခါ လိုအပ်တ...
09/08/2025

🔍 အဆစ်အမြစ်ကိုက်ရတဲ့ အကြောင်းရင်းကို
HLA-B27 Test နဲ့ အဖြေရှာကြမယ်

👉 ကိုယ်လက်တွေ ကိုက်ခဲနေလို့ ဆေးခန်းသွားပြတဲ့အခါ လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ပြီးနောက် အကြောင်းအရင်းကို အဖြေရှာဖို့ စစ်ဆေးမှုတွေလုပ်ကြရပါတယ်။ ဒီလို စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါ ခြေတွေလက်တွေကို ဓာတ်မှန်ရိုက်တာအပြင် သွေးစစ်ဆေးမှုတွေပါ ပြုလုပ်ပြီး အဖြေရှာကြရပါတယ်။

✅ စစ်ဆေးမှုတွေထဲမှာမှ HLA-B27 Test က သွေးဖြူဥမျက်နှာပြင်ပေါ်ရှိ Human Leukocyte Antigen B27 (HLA-B27) ပရိုတင်းရှိ/မရှိ စစ်ဆေးတဲ့ သွေးစမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အဆစ်အမြစ်ရောင်ရမ်းခြင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ကျောရိုး၊ အဆစ်နာကျင်ခြင်းများ၊ မျက်လုံးရောင်ရမ်းတဲ့နေရာတွေမှာ အသုံးပြုစစ်ဆေးလျက် ရှိနေပါတယ်။

မိမိတွင် အဆစ်အမြစ်ရောင်ရမ်းခြင်းဆိုင်ရာ ရောဂါတွေအတွက် “Elotus Laboratory” မှာ HLA-B27 Test စစ်ဆေးနိုင်ပါပြီ။

ဆက်သွယ်ရန်

“ELOTUS International Laboratory Service”

လိပ်စာ - 28 လမ်း၊ 82 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဖုန်း - 09 942 344 500, 09 456 464 125

🔬သင်ကိုယ်တိုင်တောင် မသိသေးတဲ့ သင့်ခန္ဓာကိုယ်ရဲ့ ဓာတ်မတည့်မှုတွေကို “Elotus”မှာ ရှာဖွေ စစ်ဆေးနိုင်ပါပြီ။👉 အမြဲလိုလို ချော...
29/07/2025

🔬သင်ကိုယ်တိုင်တောင် မသိသေးတဲ့ သင့်
ခန္ဓာကိုယ်ရဲ့ ဓာတ်မတည့်မှုတွေကို “Elotus”မှာ ရှာဖွေ စစ်ဆေးနိုင်ပါပြီ။

👉 အမြဲလိုလို ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာ၊ နှာမွှန်တာ၊ နှာရည်ယိုတာ၊ အရေပြားယားယံလာတာ စတဲ့ အခြေအနေအမျိုးမျိုးအတွက် ဘယ်ဓါတ်နဲ့ ဓာတ်မတည့်လို့ မတည့်မှန်းမသိပဲ ဖြစ်ပေါ်လာတဲ့ Allergic Reactions တွေအတွက် “Elotus Laboratory” မှာ ဘာနဲ့ဓာတ်မတည့်တာလဲ ရှာဖွေသိရှိနိုင်ပါပြီ။ စစ်ဆေးနိုင်တဲ့ Allergy Screening Tests တွေကတော့

✅ Food Allergy

အစေ့အဆံ၊ ကြက်ဥ၊ နို့ထွက်ပစ္စည်း၊ ပင်လယ်စာ ကဲ့သို့သော အစားအစာများကြောင့် အစာစားပြီးတိုင်း ဓာတ်မတည့်ခြင်းလက္ခဏာတွေ ပေါ်လာတာလား ?

✅ Inhalation Allergy

ရှူလိုက်တဲ့ လေထဲမှာ ပါဝင်တဲ့ ဖုန်မှုန့်၊ တိရိစ္ဆာန် အမွေးအမျှင်၊ အမွှေးနံ့သာတွေကြောင့် နှာခေါင်းယားယံတာ၊ နှာရည်ယိုတာ၊ အသက်ရှုကြပ်တာတွေ ဖြစ်လာတာလား ?

စတဲ့ Allergy Screening Tests တွေ စစ်ဆေးပြီး ကိုယ်နဲ့ မတည့်တဲ့ ဒါမှမဟုတ် ရှောင်သင့်တဲ့အစားအစာ၊ ပတ်ဝန်းကျင်တွေကို သေချာ သိရှိနိုင်သွားမှာပါနော်။

ဆက်သွယ်ရန်

“ELOTUS International Laboratory Service”

လိပ်စာ - 28 လမ်း၊ 82 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဖုန်း - 09 456 464 125, 09 942 344 500

💉Creatinine ကို ဘာကြောင့်စစ်ရသလဲ 🩸    ကျောက်ကပ်ဝေဒနာရှင်တွေအနေနဲ့ အမြဲလိုလို စစ်လေ့ရှိသော Creatinine သွေးစစ်ဆေးရတဲ့အကြော...
22/07/2025

💉Creatinine ကို ဘာကြောင့်စစ်ရသလဲ 🩸

ကျောက်ကပ်ဝေဒနာရှင်တွေအနေနဲ့ အမြဲလိုလို စစ်လေ့ရှိသော Creatinine သွေးစစ်ဆေးရတဲ့အကြောင်းလေးကို ဗဟုသုတအနေဖြင့် “Elotus Laboratory” မှ ဖော်ပြသွားမှာဖြစ်ပါတယ်။

👉 Creatinine ဆိုတာ ကိုယ်ခန္ဓာအတွင်း ဇီဝကမ္မ ဖြစ်စဉ်အရ စွမ်းအင် သုံးစွဲသည့်အခါ ကြွက်သားများမှ ထွက်ပေါ်လာသော စွန့်ပစ်ပစ္စည်းဓာတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ထို Creatinine အား သွေးကြောများအတွင်း စီးဆင်းနေမှုကို ကျောက်ကပ်မှ သန့်စင်ဖယ်ရှားပေးပြီး ဆီးသွားခြင်းဖြင့် ကိုယ်ခန္ဓာအတွင်းမှ စွန့်ပစ်ပေးခြင်း ဖြစ်ပါတယ်။

သာမန်လူ တစ်ဦးအနေဖြင့် ကျောက်ကပ် စွမ်းဆောင်ရည် ကောင်းမွန်ပြီး ကျန်းမာပါက သွေးတွင်းရှိ Creatinine ပမာဏသည် လူတစ်ဦးတွင် သတ်မှတ်ထားသော ပမာဏ အပိုင်းအခြား အတွင်းသာ တည်ရှိနေတတ်ပါတယ်။ ဒါပေမယ့် ကျောက်ကပ်ရောဂါ ခံစားနေရသူများ နှင့် ကျောက်ကပ် စွမ်းဆောင်ရည် ကျဆင်းနေသူများတွင် Creatinine အား သွေးတွင်းမှ ထိရောက်စွာ ဖယ်ရှားနိုင်ခြင်း မရှိသောကြောင့် ကိုယ်ခန္ဓာအတွင်းမှ မစွန့်ပစ်နိုင်တော့ပါ။

👉 ထို Creatinine ပမာဏအား တိုင်းတာခြင်းဖြင့် ဆရာဝန်ကြီးများမှ ကျောက်ကပ်အတွင်းရှိသွေးကြောငယ်လေးများမှ ကိုယ်ခန္ဓာအတွင်း စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားနိုင်မှုနှုန်း (Glomerular Filtration Rate/ GFR) အား သိရှိနိုင်ကာ လူနာ၏ ကျောက်ကပ် စွမ်းဆောင်ရည် အခြေအနေကို သိရှိနိုင်ပါတယ်။

✅ Creatinine Test ကို သွေးစစ်ခြင်းဖြင့် အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။ ကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်ပြီး ပုံမှန်စစ်ဆေးမှုတွေ လုပ်ဆောင်ခြင်းဖြင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။

ဆက်သွယ်ရန်

“ELOTUS International Laboratory Service”

လိပ်စာ - 28 လမ်း၊ 82 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဖုန်း - 09 456 464 125, 09 951 064 081

အချိန်မီ ကုသပါ၊ ကာကွယ်ပါ ဆီးချိုရောဂါ🌎 ဆီးချို ရောဂါဟာ မြန်မာနိုင်ငံမှာရော၊ ကမ္ဘာမှာရော အဖြစ်များဆုံး ရောဂါတွေထဲမှာ တစ်ခ...
17/07/2025

အချိန်မီ ကုသပါ၊ ကာကွယ်ပါ ဆီးချိုရောဂါ

🌎 ဆီးချို ရောဂါဟာ မြန်မာနိုင်ငံမှာရော၊ ကမ္ဘာမှာရော အဖြစ်များဆုံး ရောဂါတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။

၉၀% ကနေ ၉၅%က ဆီးချိုအမျိုးအစား (၂)ဖြစ်သူတွေဖြစ်ကြပါတယ်။ အရင်တုန်းက ဆီးချိုအမျိုးအစား (၂)က အရွယ်ရောက်ပြီးသူတွေမှာသာ ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ လူနေမှုပုံစံတွေပြောင်းပြီး လူငယ်တွေမှာပါဖြစ်လာပါတယ်။

👉 ဆီးချို အမျိုးအစား (၂)က နေထိုင်မှုပုံစံ မမှန်ကန်ခြင်းနဲ့ တခြားကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဆီးချိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေ တိတိကျကျရှိပေမယ့် မကျန်းမာတဲ့နေထိုင်မှုပုံစံကတော့ ရောဂါတော်တော်များများကို ဖြစ်စေဖို့ အားပေးပါတယ်။

ဒါကြောင့် ဆီးချ်ို၊ အဝလွန်အတွက် စိုးရိမ်နေတဲ့ ဆေးစစ်လိုသူများအတွက် “Elotus Laboratory” တွင် ဆီးချိုဆိုင်ရာ ဆေးစစ်မှုတွေဖြစ်တဲ့

▫Glucose (Fasting)
▫Glucose (Random)
▫Glucose (2HPP)
▫OGTT (3Times)
▫HbA1C
▫Insulin (Fasting)
▫C peptide စတဲ့ Test များကို အချိန်မြန်ဆန်၊ အဖြေတိကျမှန်ကန်စွာနဲ့ ပြုလုပ်ပေးနေပါပြီ။

ဆက်သွယ်ရန်

“ELOTUS International Laboratory Service”

လိပ်စာ - 28 လမ်း၊ 82 လမ်ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဖုန်း - 09 456 464 125, 09 951 064 081

🏡 အိမ်တိုင်ရာရောက် သွေးဖောက်စစ်ဆေးပေးခြင်းဝန်ဆောင်မှု (Home Service Blood Collection)💁‍♀️ ဆေးရုံဆေးခန်းများသို့ သွားလာရန...
14/07/2025

🏡 အိမ်တိုင်ရာရောက် သွေးဖောက်စစ်ဆေးပေးခြင်းဝန်ဆောင်မှု (Home Service Blood Collection)

💁‍♀️ ဆေးရုံဆေးခန်းများသို့ သွားလာရန် အခက်အခဲရှိသော သက်ကြီးရွယ်အို အဖိုး/ အဖွားများ၊ လမ်းမလျှောက်နိုင်သောလူနာများနှင့် သွားလာရေးအခက်အခဲရှိသော လူနာများအတွက်

🔬Elotus International Laboratory Service ရှိအရည်အချင်းပြည့်မီသော ကျန်းမာရေးဝန်ထမ်းများမှ အိမ်တိုင်ရာရောက် သွေးဖောက်စစ်ဆေးခြင်း (Home Service Blood Collection) ဝန်ဆောင်မှုကို နေ့စဉ်ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်…

သွေးဖောက်စစ်ဆေးခြင်း ပြုလုပ်သောအားဖြင့်

✅ မိမိရဲ့‌ ကျန်းမာရေးအခြေအနေ
✅ ဆီးချိုသွေးချို ရှိ/ မရှိ
✅ ကိုယ်ခံအားကျဆင်းမှုရောဂါများ (HIV/ AIDS)
✅ ရောဂါပိုးကူးစက်ခြင်းရှိ/ မရှိ
✅ ကိုယ်တွင်းအင်္ဂါရပ်တွေရဲ့ အခြေအနေ (အသည်း၊ အဆုတ်၊ကျောက်ကပ်၊ နှလုံး)
✅ ကင်ဆာရောဂါများ
စသည် တို့ကို သွေးဖောက်စစ်ဆေးခြင်းပြုလုပ်မှသာ တိကျတဲ့အဖြေတစ်ခုကို အမြန်ဆုံးသိရှိနိုင်မှာဖြစ်ပါတယ်။

👩‍⚕️ စစ်ဆေးပြီးရလာသော သွေးအဖြေများကိုလည်း အမြန်ဆုံးနှင့် အမှန်ကန်ဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးလျက်ရှိနေပါတယ်။

ဆက်သွယ်ရန်

“ELOTUS International Laboratory Service”

လိပ်စာ - 28 လမ်း၊ 82 လမ်ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဖုန်း - 09 456 464 125, 09 951 064 081

ဝါဆိုလပြည့်နေ့ ဆုတောင်း🙏🌕 ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့်နေ့လေးမှာ (၇) ရက် သား၊သမီးများအားလုံး စိ...
09/07/2025

ဝါဆိုလပြည့်နေ့ ဆုတောင်း🙏

🌕 ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့်နေ့လေးမှာ (၇) ရက် သား၊သမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေကြောင်း “Elotus Laboratory” မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်🙏

“ELOTUS International Laboratory Service”

လိပ်စာ - 28 လမ်း၊ 82 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဖုန်း - 09 456 464 125, 09 942 344 500

🩸 CP (Auto) လို့ခေါ်တဲ့ သွေးစစ်ဆေးခြင်း ကိုဘာကြောင့် စစ်ဆေးသင့်တာလဲ ?👉 CP (Auto) သွေးစစ်ဆေးခြင်းဆိုတာ သွေးထဲမှာရှိတဲ့ ဆဲ...
07/07/2025

🩸 CP (Auto) လို့ခေါ်တဲ့ သွေးစစ်ဆေးခြင်း ကိုဘာကြောင့် စစ်ဆေးသင့်တာလဲ ?

👉 CP (Auto) သွေးစစ်ဆေးခြင်းဆိုတာ သွေးထဲမှာရှိတဲ့ ဆဲလ်အမျိုးအစားတွေကိုအလိုအလျောက်ရေတွက်ပေးပြီး သူတို့ရဲ့ ပမာဏနဲ့ ပုံမှန်ဟုတ်မဟုတ်ကို စစ်ဆေးပေးတဲ့ သွေးစစ်ဆေးမှုတစ်ခုဖြစ်ပါတယ်။

အောက်ပါအခြေအနေတွေကို သိရှိနိုင်ရန်အတွက်
CP (Auto) ကို စစ်ဆေးကြပါတယ်။

✅အထွေထွေကျန်းမာရေးအခြေအနေကို စစ်ဆေးဖို့နဲ့ ရောဂါလက္ခဏာမပြသေးတဲ့ ရောဂါတွေကို စောစီးစွာသိရှိနိုင်ရန်

✅ရောဂါရှာဖွေရန် (Diagnosis)

✅ရောဂါအခြေအနေကို စောင့်ကြည့်ရန် (Monitoring)

✅ဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို စစ်ဆေးရန် (Medication Side Effects)

သွေးစစ်ဆေးမှုများနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက

☎️ ဖုန်း - 09 456 464 125, 09 942 344 500 တို့ကို ဆက်သွယ်မေးမြန်းစစ်ဆေးနိုင်ပါတယ်ခင်ဗျာ။

“ELOTUS International Laboratory Service”

လိပ်စာ - 28 လမ်း၊ 82 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

🩸 သွေးတိုးရောဂါအကြောင်းသိကောင်းစရာ (Hypertension)သွေးတိုးရောဂါကို လူတော်တော်များများက ရှိနေမှန်းသတိမထားမိတတ်ကြပါဘူး။သွေး...
28/06/2025

🩸 သွေးတိုးရောဂါအကြောင်းသိကောင်းစရာ (Hypertension)

သွေးတိုးရောဂါကို လူတော်တော်များများက
ရှိနေမှန်းသတိမထားမိတတ်ကြပါဘူး။
သွေးတိုးရောဂါဆိုတာ အသက်ငယ်သည်ဖြစ်စေ
အသက်ကြီးသည်ဖြစ်စေ ဖြစ်ပေါ်ခံစားနိုင်ပါတယ်။ သွေးပေါင်ချိန်ဟာ ပုံမှန် ဆက်တိုက် ၁၄၀/၉၀ နှင့် ညီမျှနေလျှင် သွေးတိုးရောဂါ ခံစားနေရပါပြီ။

သွေးတိုးရောဂါဟာ နှစ်ပေါင်းများစွာ ရောဂါ လက္ခဏာမပြဘဲ ရှိနေတတ်ပြီး ရေရှည်တွင်ကျန်းမာရေး ပြသနာများဖြစ်သော
- နှလုံးရပ်ခြင်း
- လေဖြတ်ခြင်း တို့ ဖြစ်ပေါ်လာနိုင်ပါတယ်။

သွေးပေါင်တက်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့
-ခေါင်းကိုက်ခြင်း
-မောခြင်း
-နှာခေါင်းသွေးယိုခြင်း
-ခေါင်းမူးခြင်း
-ရင်ဘတ်အောင့်ခြင်း
-ပျို့အန်ခြင်း
-အမြင်အာရုံနှစ်ထပ်(သို့)အမြင်မှုန်ဝါးခြင်း တို့ဖြစ်ပါတယ်။

👉 သွေးတိုးရောဂါနှင့်ပတ်သတ်ပြီးစစ်ဆေးသင့်ရန်လိုအပ်သောအချက်များမှာ-
-သွေးပေါင်ချိန် မှန်မှန်တိုင်းခြင်း
-သွေးစစ်ဆေးခြင်း
-ကျောက်ကပ်စစ်ဆေးခြင်း
-သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်း
-ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း
-နှလုံးစမ်းသပ်ခြင်း တို့ကို စစ်ဆေးသင့်ပါတယ်။

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးစစ်ဆေးခြင်းများနဲ့ပတ်သက်၍ Elotus Laboratory တွင် ခေတ်မီစက် ကိရိယာများ၊ တိကျမှန်ကန်သော အဖြေများကို အချိန်နှင့် တပြေးညီရရှိစေရန် ဝန်ဆောင်မှု ပေးနေပါပြီ။

“ELOTUS International Laboratory Service”

လိပ်စာ - 28 လမ်း၊ 82 လမ်ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဖုန်း - 09 456 464 125, 09 951 064 081

🔬အသည်းကင်ဆာရောဂါကို ကြိုတင်စစ်ဆေးသိရှိနိုင်မယ့် PIVKA-2 Test 👉 PIVKA-2 Test ဆိုတာ အသည်းကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ Hepatoce...
25/06/2025

🔬အသည်းကင်ဆာရောဂါကို ကြိုတင်စစ်ဆေးသိရှိနိုင်မယ့် PIVKA-2 Test

👉 PIVKA-2 Test ဆိုတာ အသည်းကင်ဆာ ဖြစ်
နိုင်ခြေရှိတဲ့ Hepatocellular Carcinoma ရှိမရှိ စစ်ဆေးတဲ့ Test တစ်မျိုးဖြစ်ပြီး သွေးနမူနာကနေ စစ်ဆေးပါတယ်။

PIVKA-2 ပမာဏမြင့်တက်နေရင် အသည်းကင်ဆာဖြစ်နိုင်ခြေများတယ်လို့ သတ်မှတ်နိုင်ပါတယ်။

PIVKA-2 နှင့် AFP (Alpha Fetoprotein) ကိုတွဲစစ်ဆေးပါက အသည်းကင်ဆာရောဂါကို စောစီးစွာ စစ်ဆေးတွေ့ရှိနိုင်တာကြောင့် ကုသမှုပိုင်းတွေမှာ ရလဒ်ကောင်းများ ရရှိနိုင်ပါတယ်။

💁‍♀️ ဘယ်လိုလူတွေ စစ်ဆေးသင့်တာလဲ ?

- အသည်းရောင်အသားဝါဘီ၊ စီပိုးရှိသူတွေ
- အသည်းအဆီဖုံးရောဂါခံစားနေရသူတွေ
- အသည်းခြောက်ရောဂါခံစားနေရသူတွေအနေနဲ့ စစ်ဆေးသင့်ပါတယ်။

တကယ်လို့ သင့်မှာ အသည်းကင်ဆာရောဂါနဲ့ ပတ်သက်ပြီး သံသယရှိနေပါက “Elotus Laboratory” မှာ PIVKA - 2 Test လာရောက်စစ်ဆေးနိုင်ပါပြီ။

“ELOTUS International Laboratory Service”

လိပ်စာ - 28 လမ်း၊ 82 လမ်ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဖုန်း - 09 456 464 125, 09 951 064 081

📣 Job Vacancy Announcement, We’re Hiring 📣“Elotus Laboratory”တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်...
19/06/2025

📣 Job Vacancy Announcement, We’re Hiring 📣

“Elotus Laboratory”တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်ရှိပါသည်။

💼 Blood Collector - 2 Posts
💼 Runner - 1 Post

▶️ Apply by sending your CV form to the email below 👇

📧 Email : hrelotus@gmail.com

📞 Phone & Viber : 09 799 529 965

Address

82nd Street, 28th Street, Chan Aye Tharzan Township
Mandalay
05024

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959753922911

Website

Alerts

Be the first to know and let us send you an email when Elotus International Laboratory Service, Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Elotus International Laboratory Service, Mandalay:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram