
28/01/2023
👁️🗨️ January is Glaucoma Awareness Month...🌱
ဇန်န၀ါရီသည် ရေတိမ်သတိပေးလဖြစ်ပြီး၊ အမြင်အာရုံကို တိတ်တစိတ်ခိုးယူနိုင်သော ရေတိမ်ရောဂါအကြောင်းကို ဒီနေ့ ပြောပြပေးသွားမှာဖြစ်ပါတယ်...
ရေတိမ်ဆိုတာဘာလဲ...❓
ရေတိမ် ဆိုတာ မျက်လုံးထဲမှာရှိတဲ့ အာရုံကြောကို ထိခိုက်စေတဲ့ ရောဂါအခြေအနေတစ်မျိုးပါ။
ရေတိမ်ရောဂါသည် သက်လတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများတွင် တွေ့ရများပြီး အချိန်မှီကုသခြင်းမရှိပါက အမြင်အာရုံဆုံးရှုံးစေနိုင်တဲ့အထိဖြစ်စေနိုင်ပါတယ်
မည်သူမဆို ရေတိမ်ဖြစ်နိုင်သော်လည်း အောက်ပါအချက်များပါ၀င်သော အချို့သူများတွင် ဖြစ်နိုင်ချေပိုများပါတယ်။
- မျက်လုံးထိခိုက်မှု၊ ခွဲစိတ်မှု ခံယူထားရသူများ၊
- ဆီးချိုရောဂါ၊ သွေးဖိအားများခြင်းနဲ့ နှလုံးရောဂါရှိသူများ၊
- စတီးရွိက် ဟော်မုန်း မျက်စဉ်းဆေးတွေနဲ့စတီးရွိက် ဟော်မုန်း ဆေးဝါးတွေ သောက်သုံးနေရသူများ၊
- မျိုးရိုးလိုက်ခြင်းတို့ကြောင့်ဖြစ်ပါတယ်
ရေတိမ်ရောဂါကို မဖြစ်အောင် ကာကွယ်လို့မရပါဘူး။ သို့သော် ဆေးဝါး သို့မဟုတ် ခွဲစိတ်မှုသည် အမြင်အာရုံ ဆုံးရှုံးမှုကို နှေးကွေးစေနိုင်သည် သို့မဟုတ် ကာကွယ်နိုင်ပါသည်။
သင့်အမြင်အာရုံကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ မျက်စိဆရာဝန်နှင့် တစ်နှစ်ကိုတစ်ကြိမ် မျက်စိစစ်ဆေးမှု ရယူရန်ဖြစ်ပါသည်။
ရဲမျက်မှန်ဆိုင်တိုင်းတွင် အသက်လေးဆယ်ကျော်မျက်စိစမ်းသပ်သူတိုင်းကို ရေတိမ် ရှိ/မရှိ 🔴အခမဲ့🔴 စစ်ဆေးပေးပါတယ်ခင်ဗျာ...
ရေတိမ်ကြောင့်အမြင်အာရုံဆုံးရှုံးခြင်းမှ ကင်းဝေးနိုင်ကြပါစေ....🙏🙏
ဆိုင်များအားလုံးကိုပိတ်ရက်မရှိ နေ့စဥ်
9:00 am to 6:00 pm အထိဖွင့်လှစ်ထားပြီး
ဆရာဝန်ကြီးများအချိန်ပြည့် ရှိပါတယ်ခင်ဗျာ...💁🏻♂️
☎️09 8899 1010 5