
04/07/2025
ဒီနေ့မှာတော့ တိချစ်သူပိုင်ရှင်များအတွက် ဆေးခန်းမှာ အတွေ့များနေရတဲ့
*ဆီးအိတ်ကျောက်တည်ခြင်း ( Bladder Stone)* အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်
🫧 ဆီးအိတ်ကျောက်တည်ခြင်း Bladder Stone 🫧
ဆီးအိတ်ထဲတွင် ပုံစံအမျိုးမျိုးသော အစိုင်အခဲသတ္တုဓာတ်များ စုလာခြင်းဖြစ်သည်။
🫧 အကြောင်းအရင်း ( Cause) 🫧
ဆီးကျောက်ဘာကြောင့်ဖြစ်ရသလဲဆိုရင်~
- သတ္တုဓာတ်များ ပါဝင်မှုများပြားခြင်း
-ဆီးလမ်းကြောင်းတွင် ရောဂါပိုးဝင်ခြင်း
- ဆီးထဲတွင် pH, အက်ဆစ်နှင့် ပရိုတင်း ပါဝင််မှုများပြားခြင်း
- အစာထဲတွင် သတ္တုဓာတ်များပြီး အစိုဓာတ် နည်းခြင်း
- မသန့်ရှင်းသော၊ အမှုန်အမွှားများပါသော ရေများနေ့စဉ်သောက်သုံးမိခြင်း
- တချို့ တိစ္ဆာန်လေးများတွင် မျိုးရိုးဗီဇလိုက်ခြင်း ( Shizu, terrier, Labrador )
🫧 ရောဂါရှာဖွေခြင်း ( Diagnosis) 🫧
- ဗိုက်ကိုစမ်းသပ်ခြင်း ( အချို့stone ကြီးသောကလေးများတွင် လက်ဖြင့်စမ်းသပ်မိသည်) ( Abdominal palpation)
- ဆီးစစ်ဆေးခြင်း ( urinalysis)
- ဓာတ်မှန်ရိုက်ခြင်း ( x-ray)
- အာထရာစောင်းရိုက်ခြင်း ( ultrasound) ဖြင့်
ဆီးကျောက် ရှိ/ မရှိ သိရှိနိုင်ပါတယ်
🫧 ရောဂါလက္ခဏာများ ( Clinical signs) 🫧
ဆီးကျောက်တည်နေသော ကလေးများတွင်
- ဆီးထဲတွင် သွေးပါခြင်း ( Hematuria)
- ဆီးကျင်ခြင်း ( dysuria)
- ဆီးခနခနသွားခြင်း ( pollakiuria)
- ဆီးမသွားနိုင်ခြင်း ( Urinary obstruction)
- ဆီးသွားနေစဉ်တွင် အော်ဟစ်ငြီးညူခြင်း)
- အမ or အထီး အင်္ဂါကို ခနခနလျက်ခြင်း
- ဆီးအနံ့ပြင်းခြင်း
- ဝမ်းဗိုက်တင်း၍နာကျင်နေခြင်း
စသည့် လက္ခဏာများ တွေ့ရှိရပါတယ်
🫧 ကုသခြင်း (Treatment)🫧
သင့်ရဲ့ကလေးများ အထက်ဖော်ပြပါ လက္ခဏာများ တွေ့ရှိလျှင် တိရစ္ဆာန်ဆေးကုဆရာဝန်နှင့်ပြပြီး
🫧 ဆီးလမ်းကြောင်းအတွက် ကောင်းမွန်သော အစားအသောက်များ ပြောင်းလဲကျွေးခြင်း
🫧 ဆေးကုသပေးခြင်း
🫧 ဆီးပိုက်ဖြင့်ဆီးချူပေးခြင်း
🫧 ခွဲစိပ်ကုသခြင်းများ ပြုလုပ်ရန် လိုအပ်ပါတယ်
🫧 ကာကွယ်ခြင်း ( Prevention)🫧
မိမိတို့ကလေးများကို ဆီးကျောက်မဖြစ်စေရန်အတွက်
🫧 အစာအာဟာရဓာတ်များ အချိုးအစားညီမျှစွာ ကျွေးပေးရန်
🫧 သန့်ရှင်းသောရေ တိုက်ပေးရန် လိုအပ်ပါတယ်။
MACC တိရစ္ဆာန် ရောဂါရှာဖွေရေး၊ စောင့်ရှောက်လေ့ကျင့်ရေးနှင့် ဆေးကုသရေး စင်တာတွင် ခေတ်မှီသော စက်ကိရိယာများ ( Haemato analyzer, Biochemistry Analyzer, Electrolyte Analyzer, X-ray, Ultrasound) စက်ကြီးများဖြင့် ရောဂါရှာဖွေပေးပြီး ဆေးကုသမှု General treatments & ခွဲစိပ်ကုသမှု(operation)များကို နေ့စဉ်ပြုလုပ်ပေးလျှက် ရှိပါသည်။
🏘️ Clinic & Laboratory_109* 64B လမ်းထောင့်၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့
🏥 Training Center, Hospital & Hotel_ရန်ကင်းတောင်နှင့် ဆည်မြောင်းချောင်း၀န်းအရှေ့ဘက်၊ ရေထွက်ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်