
27/04/2024
#ခြေကျင်းဝတ်လည်ခြင်း (Ankle Sprain)
ရောဂါလက္ခဏာများ
- - - - - - - - - - - - - - - -
ခြေကျင်းဝတ်နာကျင်ခြင်း
ခြေကျင်းဝတ်ရောင်ကိုင်းခြင်း
သွေးခြေဥခြင်း
ဒဏ်ရာရနေရာတွင် တင်းမာလာခြင်း
🔶 အိမ်တွင်းကုသမှုနည်းစနစ်
⏩ ရောင်တင်းခြင်းနှင့် နာကျင်ခြင်းကိုသက်သာစေရန် မတ်တပ်ရပ်ခြင်းနှင့် လမ်းလျောက်ခြင်းကို အတတ်နိုင်ဆုံးရှောင်ပြီး ခြေကျင်းဝတ်ကို အနားပေးပါ။
⏩ ရောင်တင်းခြင်းနှင့် နာကျင်ခြင်းကိုသက်သာစေရန် ရေခဲအိတ် (သို့) ရေခဲကိုအဝတ်အထူနဲ့ထုပ်ကာ တစ်ခါကပ်ရင် နာရီဝက်ခန့်၊ တစ်နေ့ သုံးကြိမ်ကပ်ထားပေးပါ။(ရေခဲကို အသားနဲ့တိုက်ရိုက်ထိမကပ်ရ)
⏩ ဒဏ်ရာရအရွတ်လေးတွေကို မလှုပ်ရှားသွားအောင် Elastic bandage (သို့) ပတ္တီးဖြင့် ခြေကျင်းဝတ်တွင် စည်းထားပေးပါ။(အလွန်အမင်းတင်းကြပ်စွာမစည်းရ)
⏩ အရောင်ကျစေရန်နှင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေရန် ခြေထောက်အောက်တွင်ဖက်လုံးခုပြီး အိပ်လျက်အနေအထားဖြင့်နေပါ။
♦တစ်ပတ်အတွင်း မသက်သာခြင်း၊ မခံမရပ်နိုင်အောင်နာကျင်ခြင်း၊သွေးထွက်ခြင်း၊ထိခိုက်မိသောနေရာတွင် အရောင်ပြောင်းခြင်းနှင့် အရွတ်စုတ်ပြဲသွားခြင်းစသည့် အခြေအနေများတွင် နားလည်တတ်ကျွမ်းသော ဆရာနှင့်တိုင်ပင်ကုသပါ။
#ဖူးသစ်တိုင်းရင်းဆေးခန်း
#ခြေကျင်းဝတ်လည်ခြင်း #ခြေကျင်းဝတ်နာခြင်း sprain
__________________________________________
⏩ဖူးသစ် တိုင်းရင်းဆေးခန်း(၁)
အကြော၊ အရိုး၊ အဆစ်နှင့် ကျီးပေါင်းရောဂါ ကုဆေးခန်း
🔹၆၃လမ်း၊၃၁×၃၂လမ်းကြား၊မန္တလေးမြို့။
📲09-797504527
ဆေးခန်းဖွင့်ချိန်
နေ့လည်(၁)နာရီ မှ ည(၇)နာရီထိ
✔တနင်္ဂနွေနေ့တိုင်းဆေးခန်းပိတ်သည်။
________________________________________
⏩ဖူးသစ် တိုင်းရင်းဆေးခန်း(၂)
အကြော၊ အရိုး၊ အဆစ်နှင့် ကျီးပေါင်းရောဂါ ကုဆေးခန်း
🔹၁၉လမ်း၊ တဲကုန်းကျေးရွာဆိုင်းဘုတ်မြောက်ဘက်(၂)မိနစ်ခန့် ၊တဲကုန်းရွာမကြီးလမ်း ၊ ပုသိမ်ကြီးမြို့နယ်၊မန္တလေးတိုင်းဒေသကြီး။
📲09-797504527
ဆေးခန်းဖွင့်ချိန်
နံနက်(၈)နာရီခွဲ မှ( ၁၁)နာရီခွဲထိ
✔တနင်္ဂနွေနေ့တိုင်းဆေးခန်းပိတ်သည်။