Swan Diagnostic Center & 24 Hour Clinic

Swan Diagnostic Center & 24 Hour Clinic Swan Diagnostic Center & 24 Hour Clinic

"စွမ်း အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ နှင့် ၂၄ နာရီ ဆေးခန်း" မိသားစုမှ မဂ််လာပါဟု ကနဦးနှုတ်ခွန်းဆက်သအပ်ပါတယ်ရှင့် ။✨၂၀၂၅ ...
21/06/2025

"စွမ်း အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ နှင့်
၂၄ နာရီ ဆေးခန်း" မိသားစုမှ မဂ််လာပါဟု ကနဦး
နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင့် ။

✨၂၀၂၅ ခုနှစ်မှာ သင့်ကျန်းမာရေးအတွက် ကျွန်မတို့ "စွမ်း" က ဘာတွေလုပ်ဆောင်ပေးနေပြီလဲ? ✨

⭐ မိမိအသက်အရွယ်၊ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ရွေးချယ်နိုင်တဲ့ အခြေခံနှင့် အဆင့်မြင့် ကျန်းမာရေးစစ်ဆေးမှု Package များကို
" အဆင်အပြေဆုံး နှင့် ဈေးအသက်သာဆုံး "
ဖြစ်အောင် စီစဉ်ပေးထားကြောင်းလည်း အသိပေးအပ်ပါတယ်ရှင့်။

လူကြီးမင်းတို့အတွက် တစ်နေရာတည်းမှာ ရရှိနိုင်မယ့် စိတ်ချယုံကြည်ရသော ဝန်ဆောင်မှုများ

🩺 (၁) လူကြီးမင်းတို့၏ ရောဂါကုသမှုများအတွက်လိုအပ်လာလျှင် ၂၄ နာရီလုံး အထွေထွေ ရောဂါကုဆရာဝန်များနှင့် စွမ်း ဆေးခန်း၌ တိုင်ပင်ကုသနိုင်ပါတယ် ။

💻 (၂) နောက်ဆုံးပေါ်ခေတ်မှီ Digital X-Ray (ဒစ်ဂျစ်တယ် ဓာတ်မှန်) နှင့် Ultrasound ( အာထရာစောင်း စက်ကိရိယာ ) များဖြင့်

လူကြီးမင်းတို့ ရောဂါအဖြေကို ပိုမိုတိကျပြတ်သားစွာ ရှာဖွေပေး‌ပါတယ်။

❤️ (၃) ကွန်ပျူတာဖြင့် နှလုံးကျန်းမာရေး စစ်ဆေးခြင်း (ECG)

ရင်ဘတ်အောင့်ခြင်း၊ မောပန်းလွယ်ခြင်းတို့အတွက် အခြေခံနှလုံးကျန်းမာရေးကိုလည်း စစ်ဆေးနိုင်ပါတယ်။

🩸 (၄) တိကျမှန်ကန်သော ဓာတ်ခွဲစမ်းသပ်မှုများ

သွေး၊ ဆီး နှင့် အခြားသော ဓာတ်ခွဲစစ်ဆေးမှုများကို ခေတ်မီစက်များဖြင့် အချိန်တိုအတွင်း အဖြေထုတ်ပေးပါတယ်။

💉 (၅) အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ်ဆေးများ

ရာသီတုပ်ကွေးကာကွယ် ဆေး၊ အသည်းရောင်အသားဝါ ဘီပိုး ကာကွယ် ဆေး ၊ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ လည်း စွမ်းဆေးခန်းတွင် ရရှိနိုင်ပါတယ်ရှင့် ။

ရရှိနိုင်သော Package အမျိုးအစား များကိုလည်း ပုံတွင်အသေးစိတ်ရှင်းပြထားပါတယ်ရှင်။

📍 ကျွန်မတို့ "စွမ်း" ဆေးခန်း၏ တည်နေရာကတော့
၃၉လမ်း၊ ၅၈ နှင့် ၅၉ လမ်းကြား၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့မှာဖြစ်ပါတယ် ရှင့် ။

လူကြီးမင်းတို့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်ချယုံကြည်စွာ တိုင်ပင်ဆွေးနွေးလိုပါက
page Messenger ဒါမှမဟုတ်

Hotline ဖုန်းနံပါတ် -
0977646806, 09426115221, 09964100882

"စွမ်း အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ နှင့် ၂၄ နာရီ ဆေးခန်း" မိသားစုက (၇) ရက်သားသမီးအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး သာယာတဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

လူကြီးမင်းတို့၏ ကျန်းမာရေးသည် ကျွန်တော်ကျွန်မ တို့၏ အဓိက ဦးစားပေးဖြစ်ပါသည်။ ✨

#စွမ်းဆေးခန်း #ကျန်းမာရေးစောင့်ရှောက်မှု #အိမ်အရောက်ဝန်ဆောင်မှု

မိမိပတ်ဝန်းကျင်ရှိ မိသားစု ဆွေမျိုးများ လူနာများ ကျန်းမာပြီး ဘေးကင်းအောင် ထားရှိဖို့ အမြဲတမ်း မမောမပန်း ကြိုးစားလုပ်ဆောင...
12/05/2025

မိမိပတ်ဝန်းကျင်ရှိ မိသားစု ဆွေမျိုးများ လူနာများ ကျန်းမာပြီး ဘေးကင်းအောင် ထားရှိဖို့ အမြဲတမ်း
မမောမပန်း ကြိုးစားလုပ်ဆောင်နေတဲ့ အလွန်ထူးချွန်တဲ့ သူနာပြုများအားလုံးကို ပျော်ရွှင်ဖွယ် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ ဖြစ်ပါစေလို့ ကျွန်မတို့ စွမ်းမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ဆရာ ဆရာမ တို့ရဲ့ မားမားမတ်မတ်ရပ်တည်ပေးမှုနဲ့ ခွန်အားဟာ ကျွန်မတို့ အတွက် တကယ်ကို အားတစ်ရပ်ဖြစ်ရပါတယ်။
ဒီနေ့မှာတော့ ဆရာ ဆရာမ တို့ရဲ့ ပံ့ပိုးကူညီမှုတွေကို ဂုဏ်ပြုရုံသာမက ကြိုးစားမှုတွေကိုလည်း အသိအမှတ်ပြုပြီး ကျွန်မတို့ တတ်နိုင်သမျှ အားကိုး ကူညီသွားမည်ဟု ကတိပြုပါတယ်ရှင့်။🙏





စွမ်း အဆင့်မြင့်ရောဂါရှာဖွေရေးနှင့်၂၄နာရီဆေးခန်းတွင်Nurse Aid ဝန်ထမ်းအမျိုးသား (၁) ဦးOrအမျိုးသမီး (၁) ဦးဝန်ထမ်း ခန့်ထားရ...
24/04/2025

စွမ်း
အဆင့်မြင့်ရောဂါရှာဖွေရေးနှင့်၂၄နာရီဆေးခန်းတွင်
Nurse Aid ဝန်ထမ်း
အမျိုးသား (၁) ဦး
Or
အမျိုးသမီး (၁) ဦး
ဝန်ထမ်း ခန့်ထားရန် လိုအပ် နေကြောင်း အသိပေးအပ်ပါသည်ရှင့်။
Address : ၃၉လမ်း ၅၈x၅၉ ကြား
မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့

Phone - 09964100882,09751964848

Job Requirement
-လုပ်ငန်း အတွေ့အကြုံရှိသူများလည်း လျှောက်ထားနိုင်ပါသည်။
-ယခုမှ လုပ်ငန်းခွင်ဝင်ရောက်လိုသော လူငယ် များကိုလည်း ကြိုဆိုပါသည်။
-ရေရှည်လုပ်ကိုင်နိုင်သူ ဦးစားပေးခန့်ပါမည်။
-လစာ ညှိုနှိုင်းပေးပါမည်ရှင့်။

ဆေးခန်းသို့
- လူကိုယ်တိုင်ဖြစ်စေ
- ဆေးခန်း၏ Viber နံပါတ်သို့ဖြစ်စေ
- Page Messenger သို့ဖြစ်စေ
အလုပ်လျှောက်စာ ပေးပို့နိုင်ပါသည်၊ မေးလိုသည့် အကြောင်းအရာများကိုလည်း အထက်ပါ ဖုန်းများသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်ရှင့်။




အနည်းဆုံး တစ်နှစ်ကိုတော့ တစ်ခါ၊အနည်းဆုံးနော် ၊ ကျန်းမာရေး စစ်ဆေးကြဖို့ မမေ့ကြပါနဲ့နော်ဆွေမျိုးတို့ရေးဆေးစစ်မယ်ဆို အဓိက တ...
21/02/2025

အနည်းဆုံး တစ်နှစ်ကိုတော့ တစ်ခါ၊
အနည်းဆုံးနော် ၊ ကျန်းမာရေး စစ်ဆေးကြဖို့
မမေ့ကြပါနဲ့နော်
ဆွေမျိုးတို့ရေး

ဆေးစစ်မယ်ဆို အဓိက တွေးသင့်တာတွေကတော့

၁ - ‌စက်ကိရိယာတွေလည်း နောက်ဆုံးပေါ်တွေဖြစ်ရမယ်
၂ - ဈေးနှုန်းအရလည်း လူနာတို့ အတွက် အမြဲငှဲ့ညှာပေးတဲ့ သက်သာတဲ့ဈေးဖြစ်ရမယ်
၃ - ကျန်းမာရေး အဖြေတွေ မှန်လည်းမှန်ရမယ်၊ အဖြေတွေ ရတာ မြန်လည်းမြန်ရမယ်
၄ - အချက်ကတော့ လူနာအပေါ် ဆွေမျိုးအရင်းအခြာလို ဂရုစိုက်တတ်ပြီး စိတ်ရှည်တဲ့ ဆရာဝန်တွေ ဝန်ထမ်း တွေလည်း ရှိရမယ် ။

ဤအချက်များအားလုံးနဲ့ ပြည့်စုံတဲ့

ကျွန်တော်တို့ စွမ်း ဓာတ်ခွဲခန်းနှင့် ၂၄နာရီဆေးခန်း မှ
ကြိုဆိုပါတယ်၊
မဂ်လာရှိသောနေ့လေး ဖြစ်ကြပါစေ။

မိသားစု ဆွေမျိုးတို့အားလုံးအတွက်ပျော်ရွှင်ဖွယ် ခရစ်စမတ်နေ့လေး ဖြစ်ပါစေကြောင်းညီမ‌လေးတို့ စွမ်းမိသားစု မှ ဆုမွန်ကောင်းတော...
25/12/2024

မိသားစု ဆွေမျိုးတို့အားလုံးအတွက်
ပျော်ရွှင်ဖွယ် ခရစ်စမတ်နေ့လေး ဖြစ်ပါစေကြောင်းညီမ‌လေးတို့
စွမ်းမိသားစု မှ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် ။


လူကြီးမင်းတို့၏ကျန်းမာရေး ကိစ္စများကိုကုသ တိုင်ပင် စစ်ဆေး ဆွေးနွေး ချင်တယ်ဆို38 လမ်း 58 နှင့် 59 လမ်းကြား ၊ မန္တလေးမြို့...
16/12/2024

လူကြီးမင်းတို့၏
ကျန်းမာရေး ကိစ္စများကို
ကုသ တိုင်ပင် စစ်ဆေး ဆွေးနွေး ချင်တယ်ဆို
38 လမ်း 58 နှင့် 59 လမ်းကြား ၊ မန္တလေးမြို့မှာ
စွမ်း
အဆင့်မြင့်ရောဂါရှာဖွေရေး နှင့်
၂၄ နာရီ ဆေးခန်းရှိတယ်နော်။

စွမ်း အဆင့်မြင့်ရောဂါရှာဖွေရေးနှင့်၂၄နာရီဆေးခန်းတွင်Nurse Aid ဝန်ထမ်းအမျိုးသား (၁) ဦးအမျိုးသမီး (၁) ဦးဝန်ထမ်း ခန့်ထားရန်...
27/07/2024

စွမ်း
အဆင့်မြင့်ရောဂါရှာဖွေရေးနှင့်၂၄နာရီဆေးခန်းတွင်
Nurse Aid ဝန်ထမ်း
အမျိုးသား (၁) ဦး
အမျိုးသမီး (၁) ဦး
ဝန်ထမ်း ခန့်ထားရန် လိုအပ် နေကြောင်း အသိပေးအပ်ပါသည်ရှင့်။
Address : ၃၉လမ်း ၅၈x၅၉ ကြား
မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့

Phone - 09964100882,09751964848

Job Requirement
-လုပ်ငန်း အတွေ့အကြုံရှိသူများလည်း လျှောက်ထားနိုင်ပါသည်။
-ယခုမှ လုပ်ငန်းခွင်ဝင်ရောက်လိုသော ညီငယ်၊ ညီမငယ်များကိုလည်း ကြိုဆိုပါသည်။
-ရေရှည်လုပ်ကိုင်နိုင်သူ ဦးစားပေးခန့်ပါမည်။
-လစာ ညှိုနှိုင်းပေးပါမည်။

ဆေးခန်းသို့ လူကိုယ်တိုင်ဖြစ်စေ ဆေးခန်း၏ Viber နံပါတ်သို့ဖြစ်စေ Page Messenger သို့ဖြစ်စေ အလုပ်လျှောက်စာ ပေးပို့နိုင်ပါသည်၊ မေးလိုသည့် အကြောင်းအရာများကိုလည်း အထက်ပါ ဖုန်းများသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်ရှင့်။

မပေါ့ဆသင့်သော ရောဂါတစ်မျိုး🔘သွေးလွန်တုပ်ကွေးရောဂါဆိုသည်မှာ ခြင်မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပါတယ်။🔘Aedes Mosquito လိ...
06/07/2024

မပေါ့ဆသင့်သော ရောဂါတစ်မျိုး

🔘သွေးလွန်တုပ်ကွေးရောဂါဆိုသည်မှာ ခြင်မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပါတယ်။
🔘Aedes Mosquito လို့ခေါ်တဲ့ ခြင်ကျားကိုက်ခြင်းကြောင့် ရောဂါကူးစက်ပြန့်ပွါးပါတယ်
🔘ခြင်ကျားဟာ ရေကြည်ရေသန့်တွင် ပေါက်ပွါးပါတယ်
🔘တစ်နှစ်ပတ်လုံး ရောဂါကူးစက်နိုင်သော်လည်း မိုးရာသီတွင် အများဆုံး ဖြစ်ပွါးပါတယ်

🔹ဖျားခြင်း
🔹ခန္ဓာကိုယ်ကြွက်သားများ ကိုက်ခဲခြင်း၊ အရိုးနှင့် အဆစ်များ နာကျင်ကိုက်ခဲခြင်း
🔹ပျို့ခြင်း၊ အန်ခြင်း
🔹အနီကွက်များထွက်ခြင်း စသည့်လက္ခဏာများ ပြတတ်ပါတယ်။

🔹ကလေးသည် ပုံမှန်ထက်ပိုမှိန်းခြင်း၊
🔹ဂဏာမငြိမ်ဂျီကျခြင်း၊
🔹နှာခေါင်းသွေးလျှံခြင်း၊
🔹သွားဖုံးသွေးယိုခြင်း၊
🔹ကော်ဖီရောင်အန်ခြင်း၊ ဝမ်းမဲမဲများသွားခြင်း
🔹သွေးပေါင်ချိန်ကျခြင်း စသည့် ပြင်းထန်ရောဂါလက္ခဏာများ ရှိပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ ချက်ချင်းသွားရောက်ပြသရန်လိုအပ်ပါသည်။

🔘ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်သောကြောင့် ပိုးလောက်လန်းများ၊ ခြင်များ မရှိစေရန်
🔹ရေအိုး၊ ရေခွက်များကို လုံခြုံစွာ ဖုံးအုပ်ထားရပါမယ်
🔹အိမ်ပတ်ဝန်းကျင်တွင် ခြင်ပေါက်နိုင်သည့် ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရပါမယ်
🔹အလင်းရောင်ဝင်စေရန်အတွက် ပြတင်းပေါက်များကို နေ့အခါ ဖွင့်ထားရပါမယ်
🔹ကလေးငယ်များကို အကျီရှည်၊ ဘောင်းဘီရှည်များ ဝတ်ပေးခြင်း၊ ခြင်းမကိုက်သော လူးဆေးများ လိမ်းပေးခြင်း၊ အိပ်သည့်အခါ ခြင်ထောင်ဖြင့် အိပ်စေခြင်းများ ပြုလုပ်ရပါမယ်

🚫ခြင်ဆေးခွေထွန်းခြင်း၊ မီးခိုးမှိုင်းမှုတ်ခြင်းများသည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွါးစေနိုင်သဖြင့် အသုံးမပြုသင့်ပါ

🔘သာမန်အခြေအနေဆိုလျှင် အများစုက ၂ပတ်အတွင်း ပြန်ကောင်းကြပါတယ်
☑️ကိုယ်ခံအားကောင်းစေရန်အတွက်
🔹ပြည့်ပြည့်ဝဝ အနားယူခြင်း
🔹အရည်များများသောက်ခြင်း
🔹ဓာတ်ဆားရည်သောက်ခြင်း
🔹အာဟာရပြည့်ဝစွာ စားသောက်ခြင်းများ ပြုလုပ်ပေးရန်လိုအပ်ပါတယ်
☑️ဖျားနာခြင်း၊ ခန္ဓာကိုယ်ကြွက်သားများ နာကျင်ခြင်း အတွက် လိုအပ်ပါက ပါရာစီတမောကို သောက်နိုင်ပါတယ်
☑️သွေးလွန်တုပ်ကွေးရောဂါသည် အသက်သေဆုံးသည်အထိ ဖြစ်တတ်သဖြင့် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကုသခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်

☎️ 09964100882, 09751964848
📱 09964100882 ( Viber )
🏥 ၃၉ လမ်း၊ ၅၈ လမ်း နှင့် ၅၉ လမ်းကြား၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့


#သွေးလွန်တုပ်ကွေး
&24hrClinic

International Nurses Day!!!ယနေ့ May 12 ရက်လေးဟာဆိုလျှင် အသက်ကိုပင် ပဓာန မထားပဲ လူသားတို့၏ ကျန်းမာရေးကို ဦးစားပေး ကူညီဆော...
12/05/2024

International Nurses Day!!!

ယနေ့ May 12 ရက်လေးဟာဆိုလျှင် အသက်ကိုပင် ပဓာန မထားပဲ လူသားတို့၏ ကျန်းမာရေးကို ဦးစားပေး ကူညီဆောင်ရွက်ပေးကြပါသော ကမ္ဘာ တစ်လွှားရှိ သူနာပြု ဆရာ ဆရာမ များ အား မှတ်တမ်းတင် ဂုဏ်ပြုအပ်သော သမိုင်းဝင်နေ့လေး ဖြစ်ပါသည်ရှင့် ။

ယခုကဲ့သို့ လူသားတို့ ကျန်းမာရေးကိစ္စများအတွက် တာဝန်ထမ်းဆောင်ခဲ့သော၊တာဝန်ထမ်းဆောင်နေသော၊ တာဝန်ထမ်း‌‌ ဆောင်ရန်‌ စောင့်ဆိုင်း‌နေသော သူနာပြု ဆရာ ဆရာမ တို့ အားလုံးကို
ကျွန်မတို့ စွမ်း အဆင့်မြင့်ရောဂါရှာဖွေရေး စင်တာ နှင့်
၂၄ နာရီ ဆေးခန်း မိသားစုမှ
လှိုက်လှဲစွာ ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်ရှင့်။

Happy Mother's Day🙏🏻"သားတို့သမီးတို့ကို ကိုးလလွယ် ဆယ်လဖွားကာအသက်နှင့်လဲ၍ ကျွေးမွေးစောင့်ရှောက်ပေးခဲ့ပါသောကမ္ဘာပေါ်ရှိ မေ...
12/05/2024

Happy Mother's Day🙏🏻

"သားတို့သမီးတို့ကို ကိုးလလွယ် ဆယ်လဖွားကာ
အသက်နှင့်လဲ၍ ကျွေးမွေးစောင့်ရှောက်ပေးခဲ့ပါသော
ကမ္ဘာပေါ်ရှိ မေမေတို့ အားလုံး ဘေးကင်းကြပါ‌‌ ကျန်းမာကြပါစေ"

ကျွန်မတို့ စွမ်း အဆင့်မြင့်ရောဂါရှာဖွေရေး စင်တာ နှင့်
၂၄ နာရီ ဆေးခန်း မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင့်။

မင်္ဂလာပါရှင့်။ယနေ့ အတွက် ခေါင်းစဉ်လေးကတော့ အခုလက်ရှိရာသီကာလအတွင်း 👉🏻👉🏻 လူတိုင်းနီးပါး ကူးစက်ဖြစ်ပွါးနေကြသော ရာသီတုပ်ကွေ...
14/04/2024

မင်္ဂလာပါရှင့်။
ယနေ့ အတွက် ခေါင်းစဉ်လေးကတော့
အခုလက်ရှိရာသီကာလအတွင်း
👉🏻👉🏻 လူတိုင်းနီးပါး ကူးစက်ဖြစ်ပွါးနေကြသော ရာသီတုပ်ကွေးအကြောင်းလေး ဖြစ်တာမလို့ မဖြစ်မနေ ဖတ်ရှုပေးကြစေလိုပါတယ်ရှင့်။
စွမ်း မိသားစု ဆေးခန်း၏ ကျန်းမာရေးဗဟုသုတ အသိပေး ဆွေးနွေးခြင်း ၏ ဆဌမအကြိမ်မြောက် အစီအစဉ်လေး ဖြစ်ပါတယ်ရှင့်။

🔹ရာသီတုပ်ကွေးရောဂါက Influenza Virus လို့ ခေါ်တဲ့ ဗိုင်းရပ်ပိုးကြောင့် ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်

🔹ရာသီတုပ်ကွေးရောဂါပိုးဟာ A, B, C နှင့် D ဆိုပြီး အမျိုးအစား ၄ မျိုးရှိပါတယ်

🔹ရောဂါလက္ခဏာအနေနဲ့
🔺ဖျားခြင်း၊ ချမ်းတုန်ခြင်း၊
🔺ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊
🔺နှာရည်ယိုခြင်း၊ နှာစေးခြင်း၊
🔺ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊
🔺မောပန်းနွမ်းနယ်ခြင်း၊
🔺ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်း များ ဖြစ်တတ်ပါတယ်

🔹အချို့သူများတွင် နမိုးနီးယားခေါ် အဆုတ်ရောင်ခြင်းကဲ့သို့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာများ ခံစားရနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သဖြင့်
🔴အသက်ရှူရခက်ခြင်း၊
🔴အသက်ရှူမြန်ခြင်း၊
🔴အသက်ရှူသံကြမ်းခြင်း၊
🔴တရွှီရွှီမြည်အောင် အသက်ရှူခြင်း၊

အထူးသဖြင့် ကလေးငယ်များတွင်
🔴အသက်ရှူလျှင် နံကြားကြွက်သားချိုင့်ဝင်ခြင်း၊
🔴နှုတ်ခမ်း ပြာနှမ်းခြင်း၊
🔴နို့စို့နည်းခြင်း၊
🔴နုံးခွေပျော့ဖက်ခြင်း၊
🔴၃ ပတ်အထက် ဆက်တိုက် ချောင်းဆိုးခြင်းများ ရှိပါက ဆရာဝန်ဖြင့် သေချာ ပြသ ဆွေးနွေးကုသသင့်ပါတယ်

🦠ရာသီတုပ်ကွေးကူးစက်ခံထားရသူတစ်ဦး နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ စကားပြောရာမှ ထွက်လာသော ရောဂါပိုးပါသည့် အစက်အမှုန်များကို ရှူသွင်းမိရာမှသော်လည်းကောင်း၊ ရောဂါပိုးပါသည့် အစက်အမှုန်များ ကပ်တင်ကျန်ရှိနေသော အရာဝတ္ထုမျက်နှာပြင်များနှင့် အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ထိတွေ့မိပြီး မိမိ၏ နှာခေါင်း၊ ပါးစပ်နှင့် မျက်စိတို့ကို ပြန်လည်ထိတွေ့ခြင်းမှသော်လည်းကောင်း ရောဂါပိုး ကူးစက်နိုင်ပါတယ်

🔘ကိုယ်ခံအားကျဆင်းနေသူများ၊
🔘ကလေးငယ်များ၊
🔘ကိုယ်ဝန်သည်များ၊
🔘အသက် ၆၀ အထက် လူကြီးများ၊
🔘ကာကွယ်ဆေးထိုးမထားသူများ၊
🔘ကျန်းမာရေးဝန်ထမ်းများ သည် ပုံမှန်ထက် ပို၍ ရောဂါကူးစက်တတ်ပါတယ်

🔹ရောဂါကူးစက်မှု နည်းပါးစေရန်အတွက်
☑️နှာခေါင်းစည်းတပ်ခြင်း၊
☑️နှာချေ၊ ချောင်းဆိုးသည့်အချိန်တွင် နှာခေါင်း၊ ပါးစပ်တို့ကို အုပ်ထားခြင်း၊
☑️မလိုအပ်ပဲ မျက််နှာကို ကိုင်တွယ်ခြင်းမှ ရှောင်ကျဉ်ခြင်း၊
☑️ထိတွေ့ကိုင်တွယ်ရသော မျက်နှာပြင်များကို ပိုးသတ် သန့်ရှင်းရေးလုပ်ခြင်း၊
☑️ကိုယ်ခံအားတက်စေရန်အတွက် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများစားခြင်း၊
☑️အိပ်ရေးဝအောင်အိပ်ခြင်း၊
☑️အားကစားလုပ်ခြင်းများ ပြုလုပ်သင့်ပါတယ်

💉တုပ်ကွေးကာကွယ်ဆေးထိုးခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ အာနိသင်ရရှိရန်အတွက် ၂ ပတ်ခန့် အချိန်ယူရပါတယ်။ ကာကွယ်ဆေးက ရောဂါကူးစက်နှုန်းကို လျှော့ချပေးပါတယ်။ ရောဂါကူးစက်ခဲ့ရင်တောင် ရောဂါပြင်းထန်မှု မရှိအောင် ကာကွယ်ပေးပါတယ်။ ဆေးထိုးပြီး အချိန်ကြာလာသည်နှင့်အမျှ ရောဂါကာကွယ်နှုန်းကျလာပြီး ရောဂါပိုးသည်လည်း မျိုးစိတ်ကွဲ အသစ်အသစ်ပြောင်းနေ၍ အသက် ၆ လ အထက်မှ စ၍ ကာကွယ်ဆေးကို နှစ်စဉ်ထိုးခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်

🏥 ဆရာဝန်နှင့် အသေးစိတ် ဆွေးနွေးတိုင်ပင်ဖို့ “စွမ်း” အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် ၂၄ နာရီဆေးခန်းကို လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင့်
Flu vaccine ခေါ် တုပ်ကွေးကာကွယ်ဆေးကို “စွမ်း” အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် ၂၄ နာရီဆေးခန်းတွင် ထိုးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင့်🥰

‼️ လူကြီးမင်းတို့ အနေဖြင့် မိမိကိုယ်တိုင်ဖြစ်စေ မိမိ၏ သားသမီး ဆွေမျိုးဖြစ်စေ အိမ်တိုင်ရောက်ရောက်
1. Bပိုး ၊C ပိုး ၊HIV ပိုး၊ ကာလသားပိုးရှိမရှိ
စစ်ဆေးခြင်းအပါအဝင်
2.အခြားသော လိုအပ်သည့် သွေးစစ်ခြင်း၊ဆီးစစ်ခြင်း နှင့်
3. ECG စက်ဖြင့် နှလုံးစမ်းသပ်ခြင်းများ
လိုအပ်ခဲ့သည်ရှိသော် ကျွန်မတို့ စွမ်းဆေးခန်းမှ
"အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေပြီ "
ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်ရှင့်။

အချိန်ပေးဖတ်ရှုပေးသော လူကြီး မိဘ ဆရာ ဆရာမအစ်ကိုအစ်မ မောင်နှမ သူငယ်ချင်းအပေါင်းတို့ကို ကျွန်မတို့ “စွမ်း”အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် ၂၄ နာရီ ဆေးခန်းမှ ကျေးဇူး အထူးတင်ရှိပါတယ်ရှင့်🙏🏻။

☎️ 09964100882, 09751964848
📱 09964100882 ( Viber )
🏥 ၃၉ လမ်း၊ ၅၈ လမ်း နှင့် ၅၉ လမ်းကြား၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့


#ရာသီတုပ်ကွေး
&24hrClinic

မင်္ဂလာပါရှင့်။ယနေ့ကတော့ စွမ်း မိသားစု ဆေးခန်း၏ ကျန်းမာရေးဗဟုသုတ အသိပေး ဆွေးနွေးခြင်း-ပဥ္စမအကြိမ်မြောက် အစီအစဉ်လေး ဖြစ်ပ...
27/02/2024

မင်္ဂလာပါရှင့်။
ယနေ့ကတော့ စွမ်း မိသားစု ဆေးခန်း၏ ကျန်းမာရေးဗဟုသုတ အသိပေး ဆွေးနွေးခြင်း-
ပဥ္စမအကြိမ်မြောက် အစီအစဉ်လေး ဖြစ်ပါတယ်ရှင့်။ ခေါင်းစဉ်လေးကတော့ ကမ္ဘာပေါ်က လူသားတိုင်း လေ့လာသိရှိထားသင့်သော အဆုတ်တီဘီရောဂါပိုးအကြောင်းလေးပဲ ဖြစ်ပါတယ်ရှင့်။

🔹အဆုတ်တီဘီရောဂါပိုးဟာ
mycobacterium tuberculosis လို့ ခေါ်တဲ့
ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာပါ

🔹အဆုတ်တီဘီရောဂါပိုးက လေမှ တစ်ဆင့် ကူးစက်တတ်ပါတယ်
ရောဂါရှိသူနှင့် နေ့စဉ် ထိတွေ့ဆက်ဆံနေရတဲ့ မိသားစုဝင်များ မိတ်ဆွေသူငယ်ချင်းများက အဆုတ်တီဘီရောဂါပိုး ကူးစက်နိုင်ချေ ပိုများပါတယ်

🔹အချို့သူတွေမှာ ကူးစက်ခံရပြီး ရက်သတ္တပတ်အတွင်း တီဘီရောဂါရကြပါတယ်။ အချို့မှာ အခြားအကြောင်းအရာကြောင့် မိမိကိုယ်ခံအားကျဆင်းမှသာ တီဘီရောဂါ စတင်ခံစားကြရပါတယ်။

🔹ဘယ်လိုလူမျိုးတွေက ကိုယ်ခံအား ကျဆင်းတတ်သလဲ။
☑️မွေးကင်းစကလေးနှင့် တီဘီရောဂါကာကွယ်ဆေးမထိုးထားရသေးသော ကလေးငယ်များ
☑️အိတ်အိုင်ဗီရောဂါရှိသူ
☑️ဆီးချိုရောဂါရှိသူ
☑️ခန္ဓာကိုယ်အစိတ်အပိုင်းများ အစားထိုးထားသူ
☑️အာဟာရဓာတ်ချို့တဲ့နေသောသူများသည် တီဘီ ရောဂါ ပိုမို ကူးစက်လွယ်ပါသည်။

🔹ရောဂါလက္ခဏာများ

ယေဘူယျ လက္ခဏာများ
☑️တဖြည်းဖြည်း ပိန်ချုံးလာခြင်း
☑️တငွေ့ငွေ့ဖျားခြင်း
☑️အစားအသောက်ပျက်ခြင်း
☑️ညဘက်ချွေးထွက်ခြင်း
☑️မလုပ်ချင်မကိုင်ချင်ဖြစ်ခြင်း၊ အလွယ်တကူမောပန်းခြင်း

ရင်ခေါင်းလက္ခဏာများ
☑️ချောင်းဆိုးခြင်း၊
☑️သလိပ်ထွက်ခြင်း၊
☑️သလိပ်တွင်သွေးပါခြင်း၊ ချောင်းဆိုးသွေးပါခြင်း
☑️ရင်ဘက်အောင့်ခြင်း
☑️အသက်ရှူ မဝခြင်း

🔹ကုသခြင်း

☑️နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ ဆရာဝန်နှင့် ပြသရန်လိုအပ်ပါသည်။
☑️သောက်ရန်ညွှန်ကြားထားသော ဆေးများအား နေ့စဉ် ကိုယ်တိုင် တိုက်ကျွေးပေးရန်
☑️တီဘီဆေး၏ ဘေးထွက်ဆိုးကျိုးများ ရှိ/မရှိ အမြဲမပြတ် ကြည့်ရှုပေးရန် ( ဥပမာ မျက်လုံးဝါခြင်း၊ အသားဝါခြင်း )
☑️အချိန်မှန် ပြန်လည် စစ်ဆေးရန်
☑️အခြားသူများကို ရောဂါ မကူးစေရန် သတိပြုရန် လိုအပ်ပါသည်။

‼️ လူကြီးမင်းတို့ အနေဖြင့် မိမိကိုယ်တိုင်ဖြစ်စေ မိမိ၏ သားသမီး ဆွေမျိုးဖြစ်စေ အိမ်တိုင်ရောက်ရောက်
1. Bပိုး ၊C ပိုး ၊HIV ပိုး၊ ကာလသားပိုးရှိမရှိ
စစ်ဆေးခြင်းအပါအဝင်
2.အခြားသော လိုအပ်သည့် သွေးစစ်ခြင်း၊ဆီးစစ်ခြင်း နှင့်
3. ECG စက်ဖြင့် နှလုံးစမ်းသပ်ခြင်းများ
လိုအပ်ခဲ့သည်ရှိသော် ကျွန်မတို့ စွမ်းဆေးခန်းမှ
"အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေပြီ "
ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်ရှင့်။

အချိန်ပေးဖတ်ရှုပေးသော လူကြီး မိဘ ဆရာ ဆရာမအစ်ကိုအစ်မ မောင်နှမ သူငယ်ချင်းအပေါင်းတို့ကို ကျွန်မတို့ “စွမ်း”အဆင့်မြင့်ရောဂါရှာဖွေရေးနှင့်
၂၄ နာရီ ဆေးခန်းမှ ကျေးဇူး အထူးတင်ရှိပါတယ်ရှင့်🙏🏻။

📞09776468060, 09426115221, 09964100882
📧 swan24hr.clinic@gmail.com
🏥 ၃၉လမ်း၊ ၅၈လမ်းနှင့် ၅၉လမ်းကြား၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့။


#အဆုတ်တီဘီရောဂါ
&24hrClinic
#မန္တလေးမြို့

Address

39th Street Between 58th Street & 59th Street, Mahar Aung Myay Township
Mandalay

Telephone

+959964100882

Website

Alerts

Be the first to know and let us send you an email when Swan Diagnostic Center & 24 Hour Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Swan Diagnostic Center & 24 Hour Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram