𝐒𝐚𝐯𝐢𝐨𝐫 𝐒𝐮𝐞 𝐀𝐬𝐭𝐫𝐨𝐥𝐨𝐠𝐲 𝐚𝐧𝐝 𝐓𝐚𝐫𝐨𝐭𝐬

  • Home
  • Myanmar
  • Mandalay
  • 𝐒𝐚𝐯𝐢𝐨𝐫 𝐒𝐮𝐞 𝐀𝐬𝐭𝐫𝐨𝐥𝐨𝐠𝐲 𝐚𝐧𝐝 𝐓𝐚𝐫𝐨𝐭𝐬

𝐒𝐚𝐯𝐢𝐨𝐫 𝐒𝐮𝐞 𝐀𝐬𝐭𝐫𝐨𝐥𝐨𝐠𝐲 𝐚𝐧𝐝 𝐓𝐚𝐫𝐨𝐭𝐬 "What do you want to know? You will know everything." Since 2022
Tele channel - https://t.me/SSu24S
"You can join for more reading."

29/01/2026

မခေါ်မ‌ပြောဖြစ်တော့ရင်အောက်ဖဲလှန်ဖို့နေနေသာသာ သူတို့ဟာသူတို့ရှုပ်နေတဲ့သူတွေက
Virgo ♍,Sagi ♐, Aquarius ♒, Capricorn ♑, Cancer ♋

အောက်ဖဲတင်မကဘူး ချဉ်အောင်လုပ်ရင်အပေါ်ဖဲပါဒဲ့လှန်မယ့်သူတွေက
Pisces ♓,Scorpio ♏, Ta**us ♉,Leo ♌, Libra ♎, Aries ♈

အောက်ကအဖွဲ့ကနည်းနည်းဒိန်းဂျားတယ်
သွားမထိနဲ့

Density Matrix မှ Love Arcana အရ flag types (3)မျိုးအုပ်စု3စုခွဲထားပါတယ် တပုံချင်းစီနိပ်ဖတ်ကြည့်ပါLove Arcana နေရာလေးကို...
28/01/2026

Density Matrix မှ Love Arcana အရ flag types (3)မျိုး
အုပ်စု3စုခွဲထားပါတယ် တပုံချင်းစီနိပ်ဖတ်ကြည့်ပါ
Love Arcana နေရာလေးကိုကြည့်ပေးပါ
Density Matrix Chart မစစ်ရသေးသူများစစ်ရန် link 🖇️ 👉🏻 https://destiny-matrix.online/

Tele channel - https://t.me/SSu24S
"You can join for more reading."
Tele channel လေးမှာပို runတာမို့ join ထားနိုင်ပါတယ်


Take care, everyone 🙏🏻ထိုင်းကဆရာမဟောထားသလိုဖြစ်နေပြီထင်ပါရဲ့
26/01/2026

Take care, everyone 🙏🏻
ထိုင်းကဆရာမဟောထားသလိုဖြစ်နေပြီထင်ပါရဲ့

⚠️ ​ေTဆုံးနှုန်းမြင့်တဲ့ နီပါ (Nipah) ဗိုင်းရပ်စ်

မြန်မာပြည်သူများ မဖြစ်မနေ သိထားသင့်တဲ့ အချက် (၅) ချက်

မင်္ဂလာပါခင်ဗျာ…
ဒီရက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် တို့မှာ
နီပါ (Nipah Virus) ပြန်လည်တွေ့ရှိလာနေပြီး
ထိုင်းနိုင်ငံဘက်ကလည်း သတိပေးချက်များ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဒါကြောင့် ကိုယ့်မြန်မာပြည်သူတွေလည်း
မသိမဖြစ် သိထားရမယ့် ကျန်းမာရေးအချက်အလက်အနေနဲ့
နီပါဗိုင်းရပ်စ်အကြောင်းကို အတိုချုပ် မျှဝေချင်ပါတယ်။

---

🦠 နီပါ (Nipah) ဗိုင်းရပ်စ် ဆိုတာဘာလဲ?

နီပါဗိုင်းရပ်စ်ဟာ
သာမန်ဖျားနာမှုလို စတင်နိုင်ပေမယ့်
နောက်ဆုံးအဆင့်မှာ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်တဲ့ အန္တရာယ်ကြီး ဗိုင်းရပ်စ် ဖြစ်ပါတယ်။

❌ လောလောဆယ်အထိ

တိကျတဲ့ ကုသဆေးမရှိသေး

ကာကွယ်ဆေး (Vaccine) လည်း မရှိသေးပါဘူး

⚠️ သေဆုံးနှုန်းက ၄၀% – ၇၅% အထိ မြင့်မားနိုင်တာကြောင့်
လုံးဝ ပေါ့ဆလို့ မရပါဘူး။

---

🔍 ဘယ်လိုကူးစက်နိုင်သလဲ?

(၁) 🦇 လင်းနို့များမှတဆင့်

လင်းနို့တွေဟာ အသီးအနှံတွေကို ကြိုက်တတ်ပြီး
တံတွေး၊ အညစ်အကြေးကနေ ဗိုင်းရပ်စ် ကူးစက်နိုင်ပါတယ်။

❌ မြေကြီးပေါ် ပြုတ်ကျနေတဲ့ အသီး မစားပါနဲ့
❌ ငှက်/လင်းနို့ ကိုက်ရာပါတဲ့ အသီးကို
လှီးထုတ်စားတာမျိုး မလုပ်ပါနဲ့
➡️ တစ်လုံးလုံး လွှင့်ပစ်ပါ

❌ ထန်းရည်အိုးတွေမှာ လင်းနို့တွေ ဝင်ရောက်နိုင်တာကြောင့်
ထန်းရည်အိုးဖွင့်ထားတာတွေကို သောက်ခြင်းဟာ အန္တရာယ်ကြီးပါတယ်

---

(၂) 🐖 ရောဂါပိုးရှိတဲ့ ဝက်များမှတဆင့်

ဝက်တွေနဲ့ အနီးကပ်ထိတွေ့မှုရှိရင်လည်း ကူးစက်နိုင်ပါတယ်။

---

(၃) 🧑‍🤝‍🧑 လူမှ လူသို့

ရောဂါရှိသူရဲ့
တံတွေး၊ သွေး၊ ဆီး စတဲ့ ခန္ဓာကိုယ်အရည်များ နဲ့ ထိတွေ့မိရင်
လူအချင်းချင်း ကူးစက်နိုင်ပါတယ်။

---

🚨 သတိထားရမယ့် လက္ခဏာများ

ဗိုင်းရပ်စ်ဝင်ပြီး
၄ ရက် – ၁၄ ရက်အတွင်း လက္ခဏာတွေ ပြတတ်ပါတယ်။

🔸 ဖျားခြင်း၊ ခေါင်းကိုက်ပြင်းထန်ခြင်း
🔸 ကြွက်သားနာကျင်ကိုက်ခဲခြင်း
🔸 အော့အန်ခြင်း၊ လည်ချောင်းနာခြင်း
🔸 မောပန်းခြင်း၊ အသက်ရှူရခက်ခြင်း

⚠️ အရေးကြီးဆုံးအဆင့် ➡️ ရောဂါရင့်လာရင် ဦးနှောက်ရောင်ရမ်းခြင်း (Encephalitis) ဖြစ်နိုင်ပြီး

ကယောင်ကတမ်းဖြစ်

သတိလစ်မလိုဖြစ်

ကိုမာဝင်ပြီး ၂၄–၄၈ နာရီအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်

---

🛡️ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်မလဲ?

✅ အသီးအနှံ စားသုံးရာမှာ သတိထားပါ
– ရေစင်စင်ဆေးပါ
– အခွံနွှာစားပါ
– ကိုက်ရာပါတဲ့ အသီး လုံးဝ မစားပါနဲ့

✅ လက်သန့်ရှင်းရေးကို အလေးထားပါ
– ဆပ်ပြာနဲ့ မကြာခဏ လက်ဆေးပါ

✅ ထန်းရည် သောက်သုံးရာမှာ သတိထားပါ
– အိုးဖွင့်ထားတဲ့ ထန်းရည်များ ရှောင်ပါ

✅ ဖျားနာနေသူကို ပြုစုရမယ်ဆိုရင်
– Mask တပ်ပါ
– လက်အိတ်စွပ်ပါ
– ကိုယ်တိုင်သန့်ရှင်းရေးကို အထူးဂရုစိုက်ပါ

---

📝 အနှစ်ချုပ်

နီပါဗိုင်းရပ်စ်မှာ
❌ ကုသဆေး မရှိသေး
❌ ကာကွယ်ဆေး မရှိသေး

ဒါပေမယ့်
👉 သတိ + ဆင်ခြင်မှု နဲ့
👉 ကာကွယ်နိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။

ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ကာကွယ်နိုင်ဖို့
ဒီအချက်အလက်တွေကို မိသားစု၊ မိတ်ဆွေတွေ သိအောင်
Share လုပ်ပေးပါနော် 🙏

ကျန်းမာရေးအသိပညာ = အသက်ကယ်တင်မှု
အားလုံး ကျန်းမာဘေးကင်းကြပါစေ 💙

ဒီရက်ပိုင်း ရာဇဝတ်မှုတွေချည်းပဲတွေ့နေရတာမို့ အားလုံးဆင်ခြင်သတိပြုစေချင်ပါတယ်2026မှာ လိမ်လည်လှည့်ဖြားခံရခြင်း၊မကောင်းတဲ့အ...
24/01/2026

ဒီရက်ပိုင်း ရာဇဝတ်မှုတွေချည်းပဲတွေ့နေရတာမို့ အားလုံးဆင်ခြင်သတိပြုစေချင်ပါတယ်
2026မှာ လိမ်လည်လှည့်ဖြားခံရခြင်း၊မကောင်းတဲ့အတတ်တွေနဲ့ပြုစားခံရခြင်း၊ပစ္စည်းဥစ္စာလုယူခံရခြင်း၊ရက်စက်စွာသော်ကေရခြင်းတွေမှသတိထားကြပါလို့ ပြောချင်ပါတယ်။
မည်သူ တဦးတယောက်ကိုမှမယုံပါနဲ့
ကိုယ့်ရှိတာဆိုလည်း ကြွးဝါပြသခြင်းမပြုပါနဲ့
လူမုန်းမများအောင်နေပါ
ဘာသာတရားမြဲမြံပါ

အထူးသဖြင့် March, July, December
2026မှာ မကောင်းတဲ့လူတွေဘဝထဲကထွက်သွားမယ်
တချို့ဆိုရင် လအစတင်ထွက်သွားခဲ့တာတွေရှိတယ်
2025မှာအကုန်ပေါ်ခဲ့တောင်
2026မှာ မစစ်မှန်မှုတွေကျန်သေးရင်
ဝုန်းတိုင်းကြီး ဘူးပေါ်သလိုပေါ်မယ်
အထူးသဖြင့် လှုမှုရေးမှာ

အချစ်ရေးမှာတော့
ကိုယ်နဲ့ကိုယ့်လူကြား
evil eyes တွေထိတာတို့အောက်လမ်းသုံးပြီးအဆင်မပြေအောင်လုပ်တာတို့ ကြုံရတတ်လို့ နှစ်ယောက်လုံး ဘာသာရေးမြဲမှကံမြှင့်နေမှဖြစ်မယ်

2026တနှစ်တာမှာဘာပဲလုပ်လုပ်
-ဆားနဲ့လက်ဆေးပါ
-Protection spell Jar လေးတွေဆောင်ထားပါ
- Moonstone or Green Adventurine or Pyrite or Tiger eyes ဆောင်ထားပါ
- ရွှေဝါ၊အဝါ၊အဖြူ၊အညိုတို့ပိုဝတ်ပေးပါ
- ဆံပင်ညှပ်မယ်သို့ တခုခုဆံသားအလှပလုပ်မယ်ဆိုရင်
၄လပိုင်းသို့ ၄ရက် ဗုဒ္ဓဟူးနေ့တွေ
၇လပိုင်း ၇ရက် စနေနေ့တွေနဲ့လကွယ်နေ့တွေရှောင်ကျဉ်ပါ
- ဂျယ်လီ၊အချိုရည်၊ သရေစာမုန့်dessertလေးတွေနဲ့ ကလေးငယ်လေးတွေကိုဒါနများများလုပ်ပေးပါ
-အနက်ရောင်ဖိနပ်၊အနီရောင်ဖိနပ်တို့ ဝယ်ယူဝတ်ဆင်ပါက
ဆားပက်ဖြန်းပြီးမှဝတ်ပါ
- 1ရက်သို့10ရက်တွေမှာ
" သောဘဝါ ဣတိပိ အရံဟံ"ကိုအဓိဋာန်ပုတီးစိပိပါ
ကိုယ့်ရဲ့ဘုန်းကျက်သရေကိုပိုတိုးစေပါတယ်
မည်သူ့မှာ ကိုယ့်ကိုမကောင်းကြံလို့မရ

Tele channel - https://t.me/SSu24S
"You can join for more reading."


Passive Aggressive ခေါ် ကြိတ်ပုန်းစိတ်ဆိုးသူPassive Aggressive ဆိုတာ ပြဿနာတခုခု၊အဆင်မပြေမှုတခုခုကြုံရတိုင်း ‌ဒေါသထွက်ခြင...
23/01/2026

Passive Aggressive ခေါ် ကြိတ်ပုန်းစိတ်ဆိုးသူ

Passive Aggressive ဆိုတာ ပြဿနာတခုခု၊အဆင်မပြေမှုတခုခုကြုံရတိုင်း ‌ဒေါသထွက်ခြင်း၊ မကျေနပ်ခြင်း၊စိတ်တိုင်းမကျခြင်းတွေကို ဒဲ့တိုးထုတ်မပြောပဲ စိတ်ခံစားချက်အားကြိတ်သိုလှောင်ထားတာကိုဆိုလိုတာ
အရပ်စကားလို နားလည်လွယ်အောင်ပြောရရင် "အတွင်းပုပ်"ပေါ့

စိတ်ဆိုးစိတ်ကောက်တာကအစစိတ်မကျေနပ်တာအဆုံး ဒဲ့တိုးထုတ်မပြောပဲ
ရွဲ့စောင်းတာ silent treatment လုပ်တာ နောက်ကွယ်မှာ blame shifting လုပ်တာတို့ဟာ passive aggressive စရိုက်သမားတွေမှာအများဆုံးရှိတတ်တဲ့စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေပါ

သူတို့မှာ
တဖက်သားကို empathy စာနာစိတ်ရှိကောင်းရှိနိုင်သလို Insecure သိမ်ငယ်စိတ် ကြောက်ရွံ့စိတ်နဲ့ Jealousy မနာလိုဝန်တိုစိတ်ဆိုပြီး ရှိပါသေးတယ်
Narcissistic character တွေနဲ့တူတယ်လို့ထင်ရပေမယ့် တချို့ Passive Aggressive တွေဟာ သိမ်ငယ်မှုကြောင့် သို့ တဖက်သားကို ကြောက်ရွံ့မှုကြောင့် သို့ ထိခိုက်သွားစေမှာမျိုးကြောင့် သူတို့မကျေနပ်ကြောင်း၊ ဒေါသထွက်မိကြောင်းကို ထုတ်‌ဖော်မပြသတာပါ
ကောင်းတဲ့အထဲတော့မပါဘူးနော်
Narcissistic character တွေလောက်မဆိုးပေမယ့် သူတို့ကကျ ပျော့ပျော့လေးနဲ့နံတဲ့ကြောင်ချီးလိုပဲ အတွင်းပုပ်တွေ နောက်ကွယ်မှာ ကိုယ့်မကောင်းကြောင်းတွေကို လီဆယ်ပြီး ပတ်ဝန်းကျင်ကလူတွေအထင်လွဲအောင် ဂုဏ်သိက္ခာကို ကဲ့ရဲ့ရှုံ့ချတ
သူတို့ရဲ့ ပုံစံက
ကြိတ်ပြီး ခံစားခဲ့တာတွေ မကျေနပ်ချက်တွေစုပြီးနောက်ပိုင်း ကိုယ်နဲ့မိတ်ဖက်တွေကို ကိုယ့်ဆီကနေခွဲထွက်အောင် သိမ်းသွင်းတယ်
ကိုယ့်ကိုလူမုန်းပိုများအောင်လည်း
နောက်ကွယ်ကနေ ကောလဟာလတွေဖွ
အဆိုးဆုံးက ကိုယ်နဲ့ပြိုင်ဘက်တွေဆီသွားပြီး မြှောက်ပေးတာတွေ
မျက်နှာနှစ်ဖက်လုပ်ပြီး ကိုယ့်ကိုအန္တရယ်အတွင်းကျအောင်လုပ်တာတွေအထိ သူတို့ကဆိုးရွားတယ်

ဒီလိုလူတွေဟာ Narcissist Character တွေရဲ့ မိတ်ဖက်တွေပေါ့
Passive Aggressive ကအတွင်းပုပ်
Narcissistic character တွေကအပြင်ပုပ်
တခုတူညီတာက gaslighting သုံးတာတူတယ် blame shifting လုပ်တာတူတယ် ကိုယ်နဲ့တည့်တဲ့သူတွေကိုလိုက်ကြိုးကိုင်တာတူတယ်
မတူတာက passive aggressive တွေကသွယ်ဝှိုက်သောနည်းနဲ့ လုပ်တာ
Narcissistic character တွေက သိသိသာလုပ်တာ
တူညီဆုံးကတော့ မိတ်ဆွေယောင်ယောင်ကောင်းချင်ယောင်ဆောင်
ကူညီချင်ယောင်ဆောင်
ကာကွယ်ပေးချင်ယောင်ဆောင်
သည်းခံချင်ယောင်ဆောင်
နားလည်ပေးချင်ယောင်ဆောင်ကြတာမျိုး

ကိုယ့်မှာ Passive Aggressive မျိုးရှိရင် ဖျောက်ပါ
အဲ့အကျင့်ကမကောင်းဘူး
ကိုယ့်ကိုနစ်နာစေရင်
မကျေနပ်ရင်မကျေနပ်ကြောင်း ဒဲ့သာပြော
အဆင်မပြေတာကြီးကို အားနာစရာလည်းမလိုဘူး
ဥပမာ ငွေလာချေးတာတို့ဆိုရင်
ကိုယ်လည်းအဆင်မပြေတာကိုမချေးနိုင်ရင်မချေးနိုင်ဘူးပြောလိုက် ဘာခက်လဲ မိတ်ပျက်တာမပျက်တာသူ့အပိုင်း
ပြီးမှကိုယ်ကကြိတ်ပြီးအဆင်မပြေတာကို တခြားသူတွေရှေ့မှာအဲ့လူကိုမကျေနပ်ကြောင်းပြောဒေါသထွက်ပြမိရင် အဲ့လူကတဖက်သူကို ပြန်ပြောတဲ့အခါကျ ကိုယ်ပါလူဆိုးစာရင်းရောက်သွားတတ်တယ်
နောက်ပြီးရင်စိတ်ထဲမကျေနပ်‌ဖြစ်နေတာကိုဒဲ့မပြောပဲ
ကြိတ်ပြီးနောက်ကွ‌ယ်ကနေမကျေနပ်ကြောင်း ပြောပြီးအတင်းနပ်တာမျိုးကလည်း OTSဆန်တယ်
ဘဝမှာ အဲ့လိုလူတွေကို အရှောင်ဆုံးပဲ
တကယ်လို့ကိုယ်က အပြောဆိုပွင့်လင်းသူဆိုရင် သူတို့နဲ့ရှောင်ပါလို့ပြောချင်ပါတယ်

Relationship တွေမှာလည်း
နှစ်ယောက်လုံးကPassive Aggressive ရှိရင်
Long termထိမြဲဖို့ မသေချာ

တယောက်က passive aggressive ရှိရင် ပြုပြင်ပေးပါ
Narcissistic character တွေထက် passive aggressive တွေက ပြုပြင်ရလွယ်တယ်

နောက်ပြီးရင် passive aggressive တွေကြားမှာ
Third party ဝင်လွယ်တယ်
တယောက်ယောက်က အဆင်မပြေတာကို တခြားသူ သို့ သူငယ်ချင်းကိုသွားရင်ဖွင့်ရင်
စိတ်မထိန်းနိုင်တဲ့အခါ
micro - cheatingကနေ
big betray အဆင့်ထိရောက်သွားတတ်တယ် be careful

အမြင်မတူရင်ကျော်သွားပါ
နလပိန်းတုံးနည်းနဲ့လူအများ သိအောင်ရှင်းပြထားတာ
တကယ်လို့ကိုယ့်စောက်ကျင့်က အဲ့လိုစိတ်ဆိုလည်း
အမြန်ဆုံးပြင်ကြနော် အဲ့တာကိုယ့်ကိုကိုယ်အရင်ထိခိုက်စေပါတယ် အထူးသဖြင့် mental health 🙂‍↕️

စာကြွင်း- Passive Aggressive နဲ့ me timeယူတာကမတူဘူးနော်
စိတ်ညစ်၊စိတ်ရှုပ်ရလို့ခဏတာ သီးသန့်အချိန်လေးနဲ့ စိတ်အေးအေးထားပြီး ပြဿနာကိုဘယ်လို ဖြေရှင်းရမလဲတွေးတောနေတာက passive aggressive မဟုတ်ဘူး
အဲ့တာက emotional self regulation
သူစိတ်အဆင်မပြေသေးလို့ဆိုတဲ့အကြောင်းပွင့်လင်းစွာပြောတယ် "ငါအဆင်မပြေသေးလို့ ငါ့ကိုအချိန်ခဏလောက်ပေး တယောက်တည်းလေးနေအုံးမယ် ခဏနေကျပြောမယ်"ဒီလို ရည်ရွယ်ချက်နဲ့ရလဒ်လည်းမတူဘူးနော် Passive aggressive တွေကျ ဘာဖြစ်နေလဲမေးလည်း "အင်း အမ်း" တချို့ဆိုဘာမှကိုမပြော
အဆင်ပြေချင်ယောင်ဟန်ဆောင်တယ်
သူတို့ကိုဒဲ့မေးလည်း အမှန်တိုင်းမဖြေတာများတယ်
ဖြေရင်တောင်မှတချို့တလေပဲ
ပြီးမှအငြိုးတွေထားပြီး သူ့ဟာသူကြိတ်လောင်နေတာ
ပြီးရင်သူများတွေကိုသွားပြောပြတာ
အချိန်ကြာရင်အဲ့လိုလူတွေက ကိုယ့်ကိုပါ ပင်ပန်းစေတယ် ရေရှည်ထိသွားမရဘူး

Passive Aggressive နဲ့တူသယောင်ယောင်
Observant Empathy ဖတ်ရန်👇🏻
https://www.facebook.com/share/p/1Am2bkJbJ1/

Passive Aggressive နဲ့Narcissist Character ရောရင်
Convert Narcissist စရိုက်မျိုးရှိ၏
မရောပါနဲ့ ထို3မျိုးကိုခွဲခြားသိပါစေ
Passive Aggressive ပဲရှိသူကသပ်သပ်ရှိသလို
Narcissist Character ရှိသူကလည်းသပ်သပ်ရှိတယ်
တဖန် ထိုစရိုက်2မျိုးရှိသူကလည်းသပ်သပ်ရှိပြန်တယ်
လူတွေရဲ့ personality ဆိုတာ အမျိုးမျိုးအထွေထွေရှိပါတယ်

‌အတွေ့များဆုံး Narcissistic Character အကြောင်း👇🏻
https://www.facebook.com/share/p/1BqgY8eCe3/

Tele channel - https://t.me/SSu24S
"You can join for more reading."


Aquarius season မို့သင့်ချစ်သူကAquarius Energy ပါရင်ပိုဂရုစိုက်ပေးကြပါemotional sensitive ဖြစ်ပြီးကိုယ့်ကိုရစ်ချင်၊ဆိုးခ...
23/01/2026

Aquarius season မို့
သင့်ချစ်သူက
Aquarius Energy ပါရင်ပိုဂရုစိုက်ပေးကြပါ
emotional sensitive ဖြစ်ပြီးကိုယ့်ကိုရစ်ချင်၊ဆိုးချင်မယ်၊သူ့မှာလူမှုရေးပြဿနာသို့ မိသားစုအရေးရှုပ်ထွေးမှုတွေရှိကောင်းရှိနိုင်လို့ လေသံမမာနဲ့အတတ်နိုင်ဆုံးကောင်းပေးပါ။

- Sun Aquarius ♒
- Rising Aquarius ♒
- Venus Aquarius ♒
- Moon Aquarius ♒
- House 7 Aquarius ♒
- Mercury Aquarius ♒

ဒုတိယအနေနဲ့‌ကတော့
Fire signနဲ့Air sign တွေ
Aquarius season မှာပိုဂရုစိုက်ပေးပါ
ပြဿနာတွေတခုပြီးတခုကြုံရတတ်လို့။
ဒီကာလမှာ အားလုံး ကျန်းမာရေးလည်းဂရုစိုက်ရပါမယ်
ဦးခေါင်း၊အာရုံကျော၊အရိုး၊ သွေးကျော၊‌ ခြေထောက်ပိုင်း စတာတွေဂရုစိုက်ရပါမယ်။
Tele channel - https://t.me/SSu24S
"You can join for more reading."


အချစ်ကံကောင်းပြီးဆွဲဆောင်မှုရှိစေရန် zodiac signအလိုက်သင့်တော်တဲ့အရောင်ကိုဝတ်ပါ(Sun/Venus/Rising ကိုကြည့်ပြီး 3ရောင်ရွေး...
23/01/2026

အချစ်ကံကောင်းပြီးဆွဲဆောင်မှုရှိစေရန် zodiac signအလိုက်သင့်တော်တဲ့အရောင်ကိုဝတ်ပါ
(Sun/Venus/Rising ကိုကြည့်ပြီး 3ရောင်ရွေးဝတ်)

Aries ♈ - အနီရောင်၊အနီရင့်၊

Leo ♌- ရွှေဝါရောင်၊လိမ္မော်ရောင်

Sagi ♐ - ခရမ်းရောင်၊ ကြက်ဥနှစ်အရောင်၊

Virgo ♍- အဖြူရောင်၊ အသားရောင်၊အညိုရင့်ရောင်

Ta**us ♉ - ပန်းရောင်၊အစိမ်းနုရောင်

Capricorn ♑- မီးခိုးရောင်၊အပြာရင့်ရောင်

Aquarius ♒- အပြာရင့်ရောင်၊နေဗီပြာ

Gemini ♊-အဝါရောင်၊အဝါဖျော့

Libra ♎- အပြာနုရောင်၊မိုးပြာရောင်

Scorpio ♏- ကြက်သွေးရောင်၊
အနက်ရောင်

Cancer ♋ - ငွေရောင်၊ပုလဲရောင်

Pisces ♓ - အစိမ်းရင့်ရောင်၊
ခရမ်းနုရောင်

ကိုယ့်ရဲ့ Sun, Venus, Rising အလိုက် လိုက်ဖက်တဲ့အရောင်များကို ဆောင်ပြီး
အကြည်ဓာတ်များပွင့်၍ ကံကောင်း ကြပါစေ။


22/01/2026

ပလေးသူများ - Scorpio ♏,Cancer ♋,Aquarius ♒,Virgo ♍, Gemini ♊,Leo ♌

ပလေးခံရသူများ - Aries ♈, Ta**us ♉️, Libra ♎,Sagi ♐, Capricorn ♑, Pisces ♓

Tele channel - https://t.me/SSu24S
"You can join for more reading."

Tarots & Density Matrix reviewsTele channel - https://t.me/SSu24S"You can join for more reading."
22/01/2026

Tarots & Density Matrix reviews

Tele channel - https://t.me/SSu24S
"You can join for more reading."





20/01/2026

ကမ္ဘာမှာ စောက်ကျင့်မကောင်းဆုံး signsများ
Aries ♈
Ta**us ♉
Gemini ♊
Cancer ♋
Leo ♌
Virgo ♍
Libra ♎
Scorpio ♏
Sagi ♐
Capricorn ♑
Aquarius ♒
Pisces ♓

လူ

Tele channel - https://t.me/SSu24S
"You can join for more reading."

Virgo ♍, Gemini ♊,Pisces ♓,Sagi ♐တွေ
19/01/2026

Virgo ♍, Gemini ♊,Pisces ♓,Sagi ♐တွေ

Address

Mandalay

Telephone

+959764202731

Website

Alerts

Be the first to know and let us send you an email when 𝐒𝐚𝐯𝐢𝐨𝐫 𝐒𝐮𝐞 𝐀𝐬𝐭𝐫𝐨𝐥𝐨𝐠𝐲 𝐚𝐧𝐝 𝐓𝐚𝐫𝐨𝐭𝐬 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝐒𝐚𝐯𝐢𝐨𝐫 𝐒𝐮𝐞 𝐀𝐬𝐭𝐫𝐨𝐥𝐨𝐠𝐲 𝐚𝐧𝐝 𝐓𝐚𝐫𝐨𝐭𝐬:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram