Shwe La Thar-Shining Moon,Diagnosis Center.

Shwe La Thar-Shining Moon,Diagnosis Center. Reasonable price and reliable results.

ကမ္ဘာ့သွေးလှူရှင်များနေ့        ( 14 - 6 - 2024 )      15 ရာစုနှစ်‌  လောက်က စခဲ့တဲ့ အောင်မြင်မှုတွေ မအောင်မြင်မှုတွေနဲ့ရ...
15/06/2024

ကမ္ဘာ့သွေးလှူရှင်များနေ့
( 14 - 6 - 2024 )

15 ရာစုနှစ်‌ လောက်က စခဲ့တဲ့ အောင်မြင်မှုတွေ မအောင်မြင်မှုတွေနဲ့ရောပြွန်းနေတဲ့ သွေးသွင်းကုသမှုတွေဟာ 20 ရာစု(1940 ခုနှစ်)ရောက်မှ Dr Karl Land Steiner ရဲ့" ABO" Blood group system တွေ့ရှိမှုနဲ့ လူအသေအပျောက်များစွာလျော့ကျစေနိုင်ခဲ့ပြီး သွေးသွင်းကုသမှု သမိုင်းသစ်ကို ဖွင်လှစ်နိုင်ခဲ့ပါတယ်။
ဒါ့ကြောင့်လည်း Dr Karl Land Steiner ကို "သွေးသွင်းကုသမှုရဲ့ ဖခင်" (Father of Transfution)လို့
တင်စားသတ်မှတ်ခဲ့ကြပါတယ်။
ထို့အတူဘဲ သွေးသွင်ကုသမှုနဲ့အတူ ယှဉ်တွဲပြီးအဓိကနေရာကပါလာကြတဲ့ သူတွေကတော့ စေတနာသွေးအလှူရှင် (Volunteer Blood Donors ) တွေဘဲဖြစ်ပါတယ်။
စေတနာသွေးလှူရှင်တ ယောက် ချင်းစီဟာ လူမမာသွေးလိုအပ်တယ်ဆိုတာနဲ့ ‌လုပ်နေတဲ့အလုပ်တွေကိုရပ်ပြီးသွေးလှူဘို့ အဆင်သင့်ဖြစ်နေကြတဲ့ စိတ်ဓါတ်ဟာအရမ်းလေးစားချစ်စရာကောင်းလှပါတယ်။

စေတနာ သွေလှူရှင်တွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ရက်တရက် သတ်မှတ်ကြတဲ့အခါမှာ WHO (World Health Organization ) က သွေသွင်းကုသမှုသမိုင်းကို များစွာ ကောင်းကျိုးပြုပြောင်းလဲစေခဲတဲ့ သွေးသွင်းကုသမှုရဲ့ဖခင်ကြီး (Father of Blood Transfusion )ရဲ့မွေးနေ့ဖြစ်တဲ့ June 14 ရက်နေ့ကို ကမ္ဘာ့ သွေးလှူရှင်များနေ့(World Blood Donors Day) အဖြစ် 2004 ခုနှစ်မှာစတင်သတ်မှတ်ခဲ့ပါတယ်။ အခု 2024 ခုနှစ်ဆိုတော့ ကမ္ဘာ့ သွေးလှူရှင်များနေ့လို့သတ်မှတ်ခဲ့တာ အနှစ်20 တောင်ရောက်လာခဲ့ပြီလေ။
ကမ္ဘာ့သွေးလှူရှင်များနေ့ 2024။ (World Blood Donors Day ,2024)ဆောင်ပုဒ်က လည်း
Thank You Blood Donors ပါတဲ့ဗျာ။

* ( စေတနာသွေးလှူရှင်များ နှင့် ကိုယ်တိုင်လည်းသွေးလှူ လှူချင်တဲ့သူတွေကိုလည်း ကူညီဆောင်ရွက်ပေးနေကြတဲ့ ဖြူစင်တဲ့ ပရဟိတသမားများကို လေးစားပါတယ်)

Than Naing Chit
ဓါတ်ခွဲ

Address

Mandalay

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+95 9 206 0229

Website

Alerts

Be the first to know and let us send you an email when Shwe La Thar-Shining Moon,Diagnosis Center. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe La Thar-Shining Moon,Diagnosis Center.:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram