18/12/2025
❄ဆောင်းရာသီနှင့် အအေးမိနှာစေးခြင်း❄
အေးချမ်းလာသော ဆောင်းတွင်းနှင့်အတူ အအေးမိနှာစေးခြင်း တစ်မျိုးလည်း ပူတွဲလျက်ပါလာပါတယ် ဒါကြောင့် ဆောင်းတွင်းမှာ အဖြစ်များတဲ့ အအေးမိ နှာစေးခြင်း (Common Cold) အကြောင်း ကို မျှဝေပေးလိုက်ရပါတယ်...
ဘာကြောင့် အအေးမိနှာစေးရတာလဲ❓❓
အမျိုးမျိုးသောဗိုင်းရပ်စ်တွေကြောင့် အအေးမိနိုင်ပြီး အဖြစ်အများဆုံးကတော့ Rhinoviruses ဖြစ်ပါတယ်။ ဗိုင်းရပ်စ်တွေဟာ လေထဲရှိအမှုန်အမွှားတွေမှာရှိနေတတ်ပြီး တစ်စုံတစ်ယောက် နှာချေ၊ ချောင်းဆိုး၊ စကားပြောတဲ့အခါ၊ ရောဂါပိုးရှိနေသူနဲ့ထိတွေ့တဲ့အခါ၊ ပစ္စည်းတွေကိုမျှသုံးတဲ့အခါမှာလည်း ကူးစက်နိုင်ပါတယ်။
ဆောင်းတွင်းမှာ လူတွေဟာ လေဝင်လေထွက်မကောင်းတဲ့ နေရာတွေ မှာ အတူတကွ ပိုနေထိုင်ကြတဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း ပိုမြန်ပါတယ်။ အေးတဲ့ရာသီဥတုကြောင့် ကိုယ်ခံအားစနစ် အနည်းငယ် ကျဆင်းနိုင်တာကြောင့် လည်း ပါဝင်ပါတယ်။
လက္ခဏာများမှာ👇👇👇
နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူခြင်း၊ခေါင်းကိုက်ခြင်းနဲ့ ကိုယ်လက်ကိုက်ခဲခြင်း ၊ကိုယ်လက်မအီမသာဖြစ်ခြင်း တို့ဖြစ်ပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ🤷♂️🤷♂️🤷♂️
✅ လက်ကို မကြာခဏ ဆေးပါ၊ ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး စက္ကန့်၂၀ ကြာအောင် စနစ်တကျ ဆေးပါ။
✅ Hand Sanitizer တွေကိုလည်း သုံးနိုင်ပါတယ်။
✅ -နှာခေါင်း၊ မျက်လုံးနဲ့ ပါးစပ်ကို မသန့်ရှင်းတဲ့လက်နဲ့ ထိခြင်းကို ရှောင်ပါ။လူစုလူဝေးကို ရှောင်ပါ ၊ အထူးသဖြင့် ဖျားနာနေသူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့မှု ရှောင်ပါ။
✅ ကျန်းမာရေးညီညွတ်အောင်စားပါ ၊ အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်အရွက်များ၊ အသီးများပါသော အာဟာရပြည့်ဝသောအစာများစားပါ။
✅ ကိုယ်ခံအားကောင်းစေရန် အသားဓါတ်၊ ကောင်းသောအဆီဓါတ်တို့လည်းပါပါစေ။
✅ ချောင်းဆိုးလျှင် တစ်ရှူး (သို့မဟုတ်) လက်ကိုင်ပုဝါ တစ်ခုခုနှင့် အုပ်ပြီးမှ ချောင်းဆိုးပါ
✅ တစ်ကိုယ်ရေသုံးပစ္စည်းများကို တစ်ခြားသူများနှင့် မျှဝေမသုံးစွဲသင့်ပါ
✅ လူစုလူဝေးထဲသွားလျှင် နှာခေါင်းစည်း (Mask) တပ်ပါ
✅ ကိုယ်ခံအားကောင်းမွန်အောင် အိပ်ရေးဝဝအိပ်ပါ
✅ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်ပါ
အထူးတလည်ကုသမှုမရှိပါဘူး
အဓိကအားဖြင့် ခန္ဓာကိုယ် ခုခံအားစနစ်ကောင်းအောင် နေထိုင်ရန်အရေးကြီးတယ် ထို့ကြောင့် အအေးမိရောဂါဖြစ်လျှင်
-ကောင်းမွန်စွာအနားယူခြင်း၊အိပ်ရေးဝဝအိပ်ခြင်း၊ရေများများသောက်ခြင်း၊ သစ်သီးဖျော်ရည်၊ ကြက်ပြုတ်ရည် စတဲ့ အရည်များများ သောက်ခြင်း၊ နှာခေါင်းပိတ်ပါက ရေနွေးငွေ့ရှူခြင်း စတာတွေပြုလုပ်ပေးလို့ရပါတယ်
သတိထားရန်အချက်‼
အအေးမိခြင်းသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့်အတွက် ပဋိဇီဝပိုးသတ်ဆေးများ မလိုအပ်ပါ
ဆေးများအား ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါသည်။
အားမာန်သစ်အထူးကုဆေးခန်း
☎ 09-766555563,
☎ 09-986859844
🏠 32st,between71×72,Chanayetharzan,Mandalay
#အားမာန်သစ် #အအေးမိနှာစေးခြင်း