05/06/2025
“ အဝေးမှုန်တယ်ဆိုတာ သိပ်လှတဲ့ ပန်းချီကားတစ်ချပ်ကို ဝေဝါးနေတဲ့ မှန်ဘီလူးတစ်ခုနဲ့ ကြည့်လိုက်ရသလိုပါပဲ 🖼️ 👁️”
👉🏻 အဝေးမှုန်ခြင်းဟာ လူတော်တော်များများမှာ အဖြစ်များပေမဲ့ အများစုကတော့ ပေါ့ပေါ့တန်တန်သာ သဘောထားလေ့ရှိပါတယ်။
👉🏻 ဒီနေ့မှာတော့ Mandalay Medical Service ကနေ အဝေးမှုန်ခြင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာ တွေထဲက တချို့ကို မျှဝေပေးသွားပါမယ်နော်။
🚨 အဝေးမှုန်ခြင်း ဆိုတာ ဘာလဲ ?
🎀 Myopia (သို့) Nearsighted လို့ သိထားကြတဲ့ အဝေးမှုန်ခြင်းဆိုတာ အနီးက အရာဝတ္ထုများကို ရှင်းလင်းပြတ်သားစွာ မြင်ရသော်လဲ အဝေးက အရာဝတ္ထုတွေကို သေချာမမြင်ရတော့တဲ့ မျက်စိပုံသဏ္ဌာန် ပြောင်းလဲတဲ့အခြေအနေတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။
🚨 အဝေးမှုန်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ?
🎀 လူတော်တော်များများမှာ အဝေးမှုန်ခြင်းခံစားလာရပြီဆိုရင်
✅ အဝေးရှိအရာကို ကြည့်ပါက အမြင်အာရုံဝေဝါးခြင်း
✅ မျက်မှောင်ကျုံ့၍ အာရုံစိုက်ရခြင်း
✅ ညအချိန်တွင် မြင်ရန်ခက်ခဲခြင်း
✅ မျက်လုံးမကြာခဏ ပွတ်ရခြင်း
✅ မျက်တောင်မကြာခဏ ခတ်ရခြင်း
✅ မျက်စိကိုက်ခြင်းကြောင့် ခေါင်းကိုက်လာခြင်း စတာတွေ ဖြစိပေါ်လာလေ့ရှိပါတယ်။
🚨 ဘယ်လိုလူတွေမှာ အဝေးမှုန်ခြင်း ခံစားရနိုင်လဲ ?
✅ အများအားဖြင့် အသက် ၆ နှစ်မှ ၂၃ နှစ်အရွယ် လူငယ်တွေ
✅ စာဖတ်များတဲ့သူတွေ
✅ Screentime များသူတွေ
✅ အာရုံစူးစိုက်မှုများသူတွေ
✅ အဝေးမှုန်တဲ့ မျိုးရိုးရှိသူတွေမှာ အဝေးမှုန်ခြင်း အဖြစ်များတာကို တွေ့ရပါတယ်။
🚨 ဘယ်လိုအခြေအနေဆိုရင် ဆရာဝန်ပြသင့်ပြီလဲ ?
🎀 မိမိကိုယ်ကို အဝေးမှုန်ခြင်းရဲ့ လက္ခဏာတွေကို ခံစားရလာပြီလို့ ထင်လာရင် ဒါမှမဟုတ် မျက်စိကြောင့် မိမိရဲ့ နေ့စဉ်လူနေမှု ဘဝကို ထိခိုက်လာပြီလို့ ခံစားလာရရင် သက်ဆိုင်ရာ မျက်စိ ဆရာဝန်တွေဆီသွားပြီး ကုသမှု ခံယူသင့်နေပြီပဲ ဖြစ်ပါတယ်နော်။
♥️ ကဲ..ဒါဆိုရင် ဒီနေ့ Mandalay Medical Service ကနေ အဝေးမှုန်ခြင်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေထဲက တချို့ကို ရှင်းပြပြီးပြီဆိုတော့ မိမိအမြင်အာရုံနဲ့ ပတ်သတ်ပြီး ပိုဂရုစိုက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်ရှင်။
🎀 Mandalay Medical Service မှာဆိုရင် ဘန်ကောက်မြို့ရင် အထင်ကရ မျက်စိကုသပေးနိုင်မဲ့ နေရာတွေနဲ့ ချိတ်ဆက်ပေးထားတာဖြစ်တာကြောင့် မျက်စိနဲ့ ပတ်သတ်ပြီး ဘာပဲလိုလို Mandalay Medical Service ကို ဆက်သွယ်လိုက်ပါနော်။
Mandalay Medical Service
=====================
(မန္တလေးရုံး)
☎️09-7528 18 542,09-7620 18 542
🏠အမှတ်(၁၄၂)၊၇၈လမ်း ၃၈(A) နှင့် ၃၈(B)ကြား,မန္တလေးမြို့။
(ရန်ကုန်ရုံး)
(Office-1)
☎️09-943 218 542,09-889 552 506
🏠အမှတ်(၅၅)၊(၁၁)လမ်း၊ အနော်ရထာလမ်း နှင့် မဟာဗန္ဓုလလမ်းကြား(အလယ်ဘလောက်)၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့။
(Office-2)
ပီတိထက်သာ အထူးကုဆေးခန်း
☎️09420000749
🏠အမှတ်-149/150၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ သိမ်ဖြူစျေးကားမှတ်တိုင်အနီး၊ရန်ကုန်
(တောင်ကြီးရုံး)
တောင်ကြီးငြိမ်းချမ်း အထွေထွေရောဂါကု ဆေးခန်း
☎️ 09-266 627 989
🏡 No-(34),မြတ်လေးလမ်း၊KBZ Bank(1) အနောက်ဖက်ကပ်လျက်၊
လမ်းမတော်ရပ်ကွက်၊တောင်ကြီးမြို့။
(မော်လမြိုင်ရုံး)
Win Healthcare Clinic
☎️ 09-945 699 199
🏡 အမှတ်(၁၀၀/၄)၊ အထက်လမ်းမကြီး၊သိမ်ကုန်းရပ်၊မော်လမြိုင်မြို့။(Ocean SuperCenter အနီး၊အထက (၁) ကျောင်းရှေ့)
(မုံရွာရုံး)
ဇွဲ ဓာတ်မှန်နှင့် ရောဂါရှာဖွေရေးစင်တာ
☎️ 09-958 383 926,09-976 240 651
🏡 ချမ်းသာကြီးဘုရားလမ်း၊ဆူးလေကုန်းရပ်၊မုံရွာမြို့။
#အဝေးမှုန်ခြင်း #မျက်စိကျန်းမာရေး #အမြင်အာရုံ #ဘဝအရည်အသွေး #ဂရုစိုက်ပါ #ဗဟုသုတ