Health Tips For You All

Health Tips For You All We are here to help you take better care of yourself and your family.

Hello again 🤗!!အသက်အန္တရာယ်ရှိနိုင်တာမို့ သတိထားသင့်တဲ့ Danger Triangle Of The Face အကြောင်း ansha သိသလောက် share ပေးချင...
15/07/2025

Hello again 🤗!!

အသက်အန္တရာယ်ရှိနိုင်တာမို့ သတိထားသင့်တဲ့ Danger Triangle Of The Face အကြောင်း ansha သိသလောက် share ပေးချင်ပါတယ်။

နှာခေါင်းမှာထွက်တဲ့ဝက်ခြံကို ညှစ်မိရာကနေ ဦးနှောက်ထဲပိုးဝင်ပြီး(သေ)တယ်ဆိုတဲ့ Danger triangle of the face အကြောင်း ခုရက်ပိုင်းပဲ ကြားလိုက်ရတာမို့ triangle နေရာဆို လုံးဝမညှစ်ရဘူးဆိုတာ သတိထားဖို့ ပြောချင်ပါတယ်။

အဲ့ဒါကြောင့် ဒီနေ့ Danger triangle on the face အကြောင်းပြောပြပါမယ် ၊ ဒီနေရာကို ဘယ်လိုသတ်မှတ်တာလဲဆိုရင်
❗ ပုံထဲမှာပါသလို နှာခေါင်းအပေါ်ဘက်ထိပ်ကနေ နှုတ်ခမ်းနှစ်ဖက်အစွန်းနေရာထိ တြိဂံပုံပေါ်နေတဲ့နေရာကို အန္တရာယ်ရှိတဲ့ zone အဖြစ် DTOTF လို့သတ်မှတ်ပါတယ် ။

‼ Danger Triangle Of The Face နေရာမှာရှိတဲ့သွေးကြောတွေက ဦးနှောက်ထဲက Cavernous sinus လို့ခေါ်တဲ့ venous drainage system (သွေးလွှတ်ထုတ်မှုစနစ်)ရှိတဲ့နေရာနဲ့ တိုက်ရိုက်ချိတ်ဆက်နေတာမို့ပါ။

ပုံထဲမှာပြထားပါတယ် ၊ သေချာကြည့်ကြည့်ပါနော်

အဲ့ဒါကြောင့် DTOTF နေရာမှာပေါက်တဲ့ ဝက်ခြံကိုညှစ်မိလို့ အတိမ်နက်သွားခဲ့ရင် အမြင်အာရုံကွယ်တာဖြစ်နိုင်သလို ၊ ဦးနှောက်ထဲပိုးဝင်ပြီး အသက်ဆုံးနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်

❌ DTOTF ကိုအကျဉ်းချုပ်ပြန်ပြောရရင် Triangle နေရာမှာပေါက်တဲ့ဝက်ခြံတွေကို မညှစ်ပါနဲ့ ❗




Ansha ရေးထားတဲ့ ဒီ contentလေးကို ဖတ်ကြည့်ပြီး ဆေးအာနိသင်တူလေးတွေသောက်သင့် သို့ မသောက်သင့်ကြောင်းဗဟုသုတလေး ရသွားခဲ့တယ်ဆို...
13/07/2025

Ansha ရေးထားတဲ့ ဒီ contentလေးကို ဖတ်ကြည့်ပြီး ဆေးအာနိသင်တူလေးတွေသောက်သင့် သို့ မသောက်သင့်ကြောင်းဗဟုသုတလေး ရသွားခဲ့တယ်ဆိုရင် original post လေးကို like and shareလေး လုပ်သွားပေးလို့ရပါတယ်နော်😍

📣Medical Content Writing Challenge 📣

Hello everyone 🤗 !!

💁‍♀️ဒီနေ့ပြောပြပေးချင်တာကတော့ "အာနိသင်တူဆေးဝါးတွေ သုံးစွဲလို့ရသလား သို့မဟုတ် သုံးစွဲသင့်သလား"

အခုလိုကာလမှာ ပစ္စည်းပြတ်လပ်မှုတွေကော ဈေးနှုန်းမြင့်တက်လာတာတွေကြောင့်မလို့ ဆေး၀ယ်ရတဲ့အခါမှာ ဈေးကြီးပေး၀ယ်ရတာမျိုးတွေရှိတဲ့အတွက် အာနိသင်တူရှိတဲ့ဆေးဝါးတွေမှာ စျေးသက်သာတာကို သုံးလို့ရတဲ့အကြောင်း၊ ပစ္စည်းပြတ်နေရင် အာနိသင်တူဆေးဝါးတွေကို သုံးစွဲနိုင်ကြောင်းနှင့် အာနိသင် တူသော်လည်း သုံးစွဲ၍မရသော ဆေးများအကြောင်းကို ပြောပြပေးချင်ပါတယ် ရှင့်😍

🤔အာနိသင်တူဆေးဝါးဆိုတာ ဘာလဲ

💁‍♀️အာနိသင်တူဆေးဝါးဆိုတာက chemical name (ဆေးရဲ့ပါဝင်ပစ္စည်း)၊ Strength (ဆေးရဲ့ပါဝင်မှုပြင်းအား) တူပြီး brand name ကွဲသွားတာပေါ့၊ brand name ဆိုတာကတော့ company မှ ပေးထားတဲ့ နာမည် ဖြစ်ပြီး chemical name ဆိုတာကတော့ ဆေးရဲ့အာနိသင်ကို ပေးမဲ့ ဆေးရဲ့မူလနာမည် ဖြစ်ပါတယ်။
ဥပမာအနေဖြင့် အာရုံကြောအားဆေးဖြစ်တဲ့ Betex နှင့် Neurobion Blue(Brand name) တို့တွင်(chemical name) Vitamin B1 = 100mg, B6 = 200mg, B12 = 200mcg တို့ပါ၀င်မှုခြင်းတူညီတဲ့အတွက် တစ်ခုမရှိလျှင် နောက်တစ်ခု ကို သောက်သုံးလို့ရပါတယ်​ရှင်။ ၎င်းတို့ကဲ့သို့ အာနိသင်တူ ပြီး brand name ကွဲတဲ့ အခြားဆေးများလည်း စျေးကွက်ထဲတွင် များစွာ ရှိတဲ့အတွက် စျေးနှုန်း အဆင်ပြေရာကို ဝယ်ယူသုံးစွဲလို့ရပါတယ်ရှင့်။

‼️ဆေးရဲ့ပါ၀င်ပစ္စည်းနှင့် ဆေးရဲ့ပါ၀င်မှုပြင်းအား တူပေမယ့် သောက်လို့မရတာမျိုးတွေ ရှိပါသေးတယ်။ ဥပမာအနေဖြင့် ဆီးချိုဆေးဖြစ်တဲ့ Metformin denk 500 နဲ့ Panfor SR 500 တို့တွင် metformin 500mg ပါဝင်တာ တူပေမဲ့ Metformin SR တွင် SR ဆိုတာက Sustained release (ပုံမှန်အာနိသင်ရချိန်ထက် နှေးစေရန်ပြုလုပ်ထားသော) ပုံစံနှင့် ပြုလုပ်ထားသောကြောင့် အာနိသင်ရရှိချိန် မတူနိုင်ပါ။ အသုံးပြုရန် အဆင်မပြေသည့်အတွက် မိမိသောက်နေကျ ဆေးနာမည်၏နောက်တွင် ပါလာတတ်သော SR, MR, ER, PR ဆိုသည့် သင်္ကေတလေးတွေကိုလည်း မှတ်သားသတိထားသင့်တယ်ဆိုတာလေး သတိပေးချင်ပါတယ်ရှင်။

🙅 ၎င်းအပြင် ဆေးရဲ့ပါဝင်ပစ္စည်းတူသော်လည်း Myanmar Registration Number(မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်) မပါရှိသောဆေးဝါးများသည် ဆေးအာနိသင်ကို အပြည့်အဝ ပေးနိုင်ရန် မသေချာသည့်အတွက် ဆေးဝယ်ယူရာတွင် သတိထားသင့်တဲ့ အချက်ဖြစ်ပါတယ်ရှင့်။ Register ရှိသော ဆေးများသည် ဆေးဗူး သို့မဟုတ် ဆေးကဒ် ၏ အပေါ်တွင် Myan Reg No: ဂဏန်း၄လုံး AA ဂဏန်း၄လုံး အနေနှင့် ပါရှိပါသည်။ အောက်ဖော်ပြပါပုံတွင် နမူနာပုံကို အသေးစိတ် လေ့လာဖတ်ရှူနိုင်ပါတယ်နော်။

💁 Register ရှိပြီး
အာနိသင်တူဆေးဝါးများ အခြားတို့လိုအပ်သော​ဆေးများဝယ်ယူရာတွင် စိတ်ချသေချာစေရန် ဆေးဆိုင်ရှိ Pharmacists (ဆေးဝါးကျွမ်းကျင်ပညာရှင်များ )နှင့် တိုင်ပင်နိုင်ပါတယ်ရှင့်။
ဗဟုသုတရစေရန် ရည်ရွယ်ပါတယ်ရှင့် 😍။
သိလိုသောအကြောင်းအရာများကို နောက်ထပ်ဝေမျှစေချင်တဲ့ အကြောင်းအရာများရှိလျှင် comments မှာ စာချန်ခဲ့လို့ရပါတယ်ရှင်🤗။ အခုစာလေးကိုဖတ်ရင်း အကျိုးတစ်စုံတစ်ရာ ခံစားရတယ်ဆိုရင် အခြားမိမိနီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများလည်း ဗဟုသုတရစေရန် like & share လုပ်သွားပေးလို့ ရပါတယ်ရှင့်။ အားလုံးကို ကျေးဇူးတင်ပါတယ် ရှင့်😍။

ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ပါစေရှင့်😍.....

By Ansha

MYPG Note:
The original post was removed by Facebook Team due to including medicine photos. Therefore, MYPG repost the content.

For record-keeping and fairness to every participants, we decided to carry over just half of the engagement from the previous post:
• 51 likes (from original 102 likes)
• 27 shares (from original 53 shares)

These will be added to the new post’s current likes and shares.




#အာနိသင်တူဆေးဝါးများသောက်သင့်မသောက်သင့်

Hello again!Health Tips For You All မှ ပြန်လည်နှုတ်ဆက်လိုက်ပါရစေနော်✌စိုးရိမ်စရာကောင်းတဲ့ ဗီဇပြောင်း COVID-19 ကတော့ အနီး...
27/05/2025

Hello again!
Health Tips For You All မှ ပြန်လည်နှုတ်ဆက်လိုက်ပါရစေနော်✌

စိုးရိမ်စရာကောင်းတဲ့ ဗီဇပြောင်း COVID-19 ကတော့ အနီးအနားကို ရောက်လာပြန်ပါပြီ။ ဒီတစ်ခါတော့ ဗိုင်းရပ်စ်က ကူးစက်မြန်ပြီး ရောဂါလက္ခဏာတွေပါ ပြောင်းလဲလာတာကြောင့် အားလုံး သတိထားဖို့ လိုအပ်တာမို့ သတိပေးချင်ပါတယ်။

ဒီဗီဇပြောင်း Covid-19 ကူးစက်ခံရရင် နေ့ရက်အလိုက် ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်မလဲဆိုရင်ဖြင့်

ကူးစက်ခံရ​ပြီး အစောပိုင်းရက်များ (၁-၃ ရက်)မှာတော့ ရိုးရိုးအအေးမိတာ၊ လည်ချောင်းနည်းနည်းနာတာလောက်ပဲ ရှိတတ်ပါတယ်။ ဖျားတာ၊ ပင်ပန်းတာမျိုး မဖြစ်သေးဘဲ ပုံမှန်အတိုင်းပဲ ရှိနေပါသေးတယ်။ (၄-၅ ရက်)တွေမှာတော့ အာသီးရောင်ပြီး လည်ချောင်းနာတာ ပိုဆိုးလာနိုင်ပါတယ်။ ကိုယ်အပူချိန်က ပုံမှန် 36.5°C ကနေ 36.7°C လောက်ကို ရောက်လာနိုင်ပြီး အစာမျိုချရခက်တာ၊ ခေါင်းကိုက်တာ၊ အစာအိမ်လေထပြီး နည်းနည်းမူးဝေတာမျိုးတွေပါ တွေ့ရတတ်ပါတယ်။ ပင်ပန်းနွမ်းနယ်တာ၊ အဆစ်အမြစ်ကိုက်ခဲတာတွေလည်း စလာတတ်ပါတယ်။ ၆ ရက်မြောက်နေ့ကနေစပြီး ကိုယ်အပူချိန် 37°C+ အထက်ကို သိသိသာသာ မြင့်တက်လာပြီး ချောင်းခြောက်ဆိုးတာ၊ လည်ချောင်းနာကျင်တာ၊ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်တာတွေ ဖြစ်လာပါလိမ့်မယ်။ 37.4°C ကနေ 38°C +++ အထိ ဖျားလာနိုင်ပြီး အသက်ရှူရတာ အခက်အခဲဖြစ်တာ၊ ခြေချောင်းတွေ နာကျင်တာ၊ ဝမ်းလျှော/အော့အန်တာတွေပါ ကြုံလာနိုင်ပါတယ်။ ၉ ရက်မြောက်နေ့မှာ ရောဂါအခြေအနေ မထူးခြားဘဲ အပြင်းအထန်ဖျားပြီး အသက်ရှူရခက်ခဲနေပြီဆိုရင်တော့ သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန် ရိုက်ဖို့ လုံးဝလိုအပ်နေပါပြီ။

ရောဂါမဖြစ်အောင် ဘယ်လိုတွေ အကောင်းဆုံး ကာကွယ်သင့်လဲဆိုရင်ဖြင့်

၁။ Mask သေချာတပ်ပါ။
၂။ လက်ကို ဆပ်ပြာနဲ့ စက္ကန့် (၂၀) လောက် သေချာ စင်အောင် ဆေးပါ။
၃။ တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာလေး နေပါ။
၄။ တစ်ခုခုကို ထိပြီးတိုင်း ပိုးသတ်ဆေးနဲ့ ဖြန်းတာမျိုး၊ လက်သန့်ဆေးရည်သုံးတာမျိုး လုပ်ပါ။
၅။ လက်ဆွဲနှုတ်ဆက်တာမျိုးကိုတော့ ဒီအချိန်မှာ ရှောင်ကျဉ်တာ အကောင်းဆုံးပါ။

ဒီအချက်အလက်တွေများသည် အားလုံး အသိပညာ ဗဟုသုတရအောင် ရည်ရွယ်ပြီး ပြန်လည်မျှဝေမျှပေးခြင်းသာ ဖြစ်ပါတယ် ။ အကယ်၍ မိမိမှာ ဒီလို ရောဂါလက္ခဏာတွေထဲက တစ်ခုခု ခံစားရပြီဆိုတာနဲ့ ဘာမှမစောင့်ဆိုင်းဘဲ တတ်ကျွမ်းတဲ့ ဆရာဝန်တွေ၊
ဒါမှမဟုတ် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံး သွားရောက်ပြသပြီး စစ်ဆေးကုသမှု ခံယူဖို့ကိုတော့
လုံးဝမမေ့ပါနဲ့လို့ အထူးမှာချင်ပါတယ်။ အားလုံး ဘေးကင်းလုံခြုံပြီး ကျန်းမာကြပါစေနော်!

Damaged skin barrier ( ပျက်စီးနေသောအရေးပြားအတားအဆီး)ဒီနေ့မှာတော့ အရေပြားပျက်စီးခြင်းနဲ့ ပတ်သတ်ပြီး ဆောင်ရန်၊ ရှောင်ရန် အ...
13/05/2025

Damaged skin barrier ( ပျက်စီးနေသောအရေးပြားအတားအဆီး)

ဒီနေ့မှာတော့ အရေပြားပျက်စီးခြင်းနဲ့ ပတ်သတ်ပြီး ဆောင်ရန်၊ ရှောင်ရန် အချို့ကို ဝေမျှပေးချင်ပါတယ်ရှင့် 💃
ပျက်စီးနေသောအရေပြားအတားအဆီးဆိုသည်မှာ အရေပြား၏အပြင်ဘက်ဆုံးအလွှာသည် ကောင်းမွန်သောအခြေအနေမရှိပဲ ခြောက်သွေ့ခြင်း၊ အာရုံခံနိုင်စွမ်းနှင့် ရောဂါပိုးကူးစက်ခံရနိုင်ခြေ တိုးများလာခြင်းဖြစ်သည်။

👉 ပျက်စီးနေသော အရေပြားအတားအဆီး၏ လက္ခဏာများမှာ

- ခြောက်သွေ့ခြင်းနှင့် အစက်အပြောက်များ

- ထိခိုက်လွယ်ခြင်း

- ယားယံခြင်းနှင့် နီရဲခြင်း

- ဝက်ခြံနှင့် ကွဲထွက်ခြင်း

- အရေပြားပိုးဝင်ခြင်း

- အရေးအကြောင်းများနှင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း

- မွဲခြောက်ခြောက်နှင့် တောက်ပြောင်မှုမရှိသော အသားအရေဖြစ်လာခြင်း

- ယားယံခြင်း သို့မဟုတ် ပူလောင်ခြင်းကို ခံစားရခြင်း

- ရေဓာတ်ဆုံးရှုံးခြင်း (ကူးစက်ပျံ့နှံ့သောရေဓာတ်ဆုံးရှုံးမှု)

- အရေပြားအလွှာပါးလွှာခြင်း တို့ဖြစ်ပါတယ်။

🤔 အရေပြားအတားအဆီးပျက်စီးရခြင်း၏အကြောင်းရင်းများမှာ

အသားအရေထိန်းသိမ်းမှုထုတ်ကုန်များတွင် ပြင်းထန်သောဓာတုပစ္စည်းများ၊ ပတ်ဝန်းကျင်ဓာတ်မတည့်မှု သို့မဟုတ် ယားယံခြင်းများနှင့် ထိတွေ့ခြင်းက အတားအဆီးကို ပျက်စီးစေနိုင်သည်။

ကြမ်းတမ်းလွန်းတဲ့ ပွတ်တိုက်ဆေး ဒါမှမဟုတ် မကြာခဏ ပွတ်တိုက်တာက အရေပြားအတားအဆီးတွေကို ပါးလွှာစေနိုင်ပါတယ်။

ခေါင်းလျှော်တဲ့အခါ ရေနွေးအသုံးပြုရင် အရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ရှားနိုင်ပြီး အတားအဆီးကို ပျက်စီးစေပါတယ်။

အချို့သောထုတ်ကုန်များ၊ အထူးသဖြင့် retinoids သို့မဟုတ် acids ကဲ့သို့သော ထုတ်ကုန်များသည် အတားအဆီးကို ပျက်စီးစေနိုင်သည်။

စိတ်ဖိစီးမှုမှ ကော်တီဆော ပမာဏ တိုးလာခြင်းသည် အရေပြား အတားအဆီး လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်သည်။

လေ၊ နေနှင့် အအေးကဲ့သို့သော ပြင်းထန်သောရာသီဥတုအခြေအနေများနှင့် ထိတွေ့ခြင်းသည် အတားအဆီးကို ပျက်စီးစေနိုင်သည်။

👉 ပျက်စီးနေသော အရေပြားအတားအဆီးကို ပြုပြင်ခြင်း

အရေပြား၏ သဘာဝအဆီများကို ဖယ်ထုတ်ခြင်းမှ ရှောင်ကြဉ်ရန် နူးညံ့ပြီး အမြှုပ်မထွက်သော သန့်စင်ဆေးကို အသုံးပြုပါ။

ကြမ်းတမ်းသောပါဝင်ပစ္စည်းများအသုံးပြုခြင်းကို ကန့်သတ်ပြီး အတားအဆီးကိုပြန်လည်ကူညီရန်အတွက် ceramides၊ fatty acids နှင့် humectants ကဲ့သို့သော ပါဝင်ပစ္စည်းများကို အသုံးပြုရန် စဉ်းစားပါ။

အသားအရေကို ရေဓာတ်ဆုံးရှုံးစေပြီး ရေဓာတ်ဆုံးရှုံးခြင်းမှ ကာကွယ်ရန် အစိုဓာတ်ထိန်းခရင်မ်ကို အသုံးပြုပါ။

သန့်စင်ရာတွင် AHAs သို့မဟုတ် BHAs ကဲ့သို့သော နူးညံ့သော exfoliants ကိုသုံးသင့်ပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာအချက်များမှကာကွယ်နိုင်ရန် နေရောင်ကာခရင်မ်ကို ဝတ်ဆင်ပါ၊ အစိုဓာတ်ထိန်းစက်ကို အသုံးပြုပါ၊ ကြမ်းတမ်းသော ရာသီဥတုအခြေအနေများမှ သင့်ကိုယ်သင် ကာကွယ်ပါ။

ကျန်းမာသောလူနေမှုပုံစံအနေနဲ့ အာဟာရမျှတအောင်စားပါ၊ ရေဓာတ်ပြည့်ဝနေကာ အရေပြားတစ်ခုလုံးကျန်းမာရေးကို အထောက်အကူပြုရန် စိတ်ဖိစီးမှုကို စီမံကျော်ဖြတ်နိုင်ပြီး ကျန်းမာ လှပသော အရေးပြားကို ပိုင်ဆိုင်နိုင်ပါစေလို့........


သွားဖြဲပြီး ရယ်နိုင်စေဖို့ သဘာဝ သွားဖြူနည်းကြားဖူးနေကျ သွားဖွေးနည်းတွေကို ခေါက်ထားပြီး … နည်းလမ်းအသစ်တွေပြောပြပေးချင်ပါတ...
12/05/2025

သွားဖြဲပြီး ရယ်နိုင်စေဖို့ သဘာဝ သွားဖြူနည်း

ကြားဖူးနေကျ သွားဖွေးနည်းတွေကို ခေါက်ထားပြီး … နည်းလမ်းအသစ်တွေပြောပြပေးချင်ပါတယ်...

နနွင်းသွားတိုက်ဆေး
နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထဲမှာ သဘာဝအုန်းသီးကထုတ်ယူထားတဲ့ အုန်းဆီ ကို ဆတူထည့်ပါ။ ပူစီနံကို ကြိတ်ပြီး ရလာတဲ့ အရည် ၂ စက် ၊ ၃ စက်ထည့်ပါ။ အကုန်လုံးကိုရောမွှေပြီးသွားတိုက်ပါ။သွားအပေါ်ယံကြွေသားတွေကိုကာကွယ်ပေးတဲ့အပြင် သွားဖြူဖွေးစေပြီး ခံတွင်းနံ့သင်းစေပါတယ်။

စတော်ဘယ်ရီသွားတိုက်ဆေး
စတော်ဘယ်ရီလတ်လတ်ဆတ်ဆတ်လေးတွေယူပြီး ချေပါ။ ချေထားတဲ့ စတော်ဘယ်ရီထဲ ဆားထည့်ပြီး ထပ်ချေပါ။ သွားပွတ်တံပေါ်မှာ တင်ပြီး သွားတိုက်ဆေး အဖြစ် အသုံးပြုပါ။ ရေနဲ့ ပလုတ်ကျင်းပါ။၂ ပတ် တစ်ကြိမ် ပြုလုပ်ပေးပါ။

ငှက်ပျောခွံ
ငှက်ပျောခွံမှာ သွားချိုးတွေ ပျော်ဝင်စေတဲ့ အစွမ်းတွေရှိတယ်နော်။သွားရဲ့ အပြင်ရော အတွင်းရောကို ငှက်ပျောခွံအတွင်းသားနဲ့ ပွတ်ပြီး ၅ မိနစ်က နေ ၇ မိနစ်လောက်ထားပြီး ပလုတ်ကျင်းပါ။ပြီးမှ သွားတိုက်ပါ။ဒါဆိုသွားအရောင်ကိုထိန်းထားလို့ရပြီပေါ့။

သံပုရာရည် ခံတွင်းသန့်ဆေး
သံပုရာရည် ၃ ဆနှင့် ဆား ၁ ဆရောပါ။ သွားတိုက်ပြီးတိုင်း သံပုရာရည် နဲ့ ပလုတ်ကျင်းပါ။ ဒါဆို ခံတွင်းသန့်ပြီး သွားဖွေးပြီပေါ့။ ခံတွင်းမှာ ရောင်ရမ်းခြင်းတွေ ဖြစ်နေရင် တော့ ဒီနည်းကို မသုံးပါနဲ့လို့ ပြောပါရစေ...

ဖတ်ဖူးနေကျတွေနဲ့ မတူကွဲပြားတဲ့ နည်းလမ်းဆိုတာ သိပြီဆိုတာနဲ့ အခြားသူတွေ သိဖို့ Share ပေးသွားနော်....

11/05/2025

🤍 အမေများနေ့🤍

ကမ္ဘာပေါ်မှာ ဆုလာဘ်တစ်ခုရှိတယ်တဲ့..... အဲ့တာကတော့ အမေ့ရဲ့ချစ်ခြင်းမေတ္တာတွေပါပဲ🤍

အမေဆိုတာ
စကားလုံးတွေနဲ့ ထုဆစ်ဖို့
မလုံလောက်တဲ့ ကောင်းကင်ကြီးပါ..
အရမ်းချစ်တယ် မေမေ 🤍

မေမေ ကျန်းကျန်းမာမာနဲ့ အသက်ရှည်အနာကင်းမဲ့စွာ နေထိုင်နိုင်ပါစေ..
ကမ္ဘာပေါ်ရှိ အမေများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ Health Tips For You All မှ ဆုတောင်းမေတ္တာပို့သလိုက်ပါရစေရှင် 🤍

#အမေများနေ့

11/05/2025

ကဆုန်လပြည့်နေ့(ညောင်ရေသွန်းပွဲ)

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ (ညောင်ရေသွန်းပွဲ) သည် ဗုဒ္ဓဘာသာဝင်များအတွက် မြတ်နိုးတန်ဖိုး ထားရာနေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သောကြောင့် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်လေးတွင် မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်လုံး အေးချမ်းသာယာကြပါစေကြောင်း Health Tips For You All မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

18/03/2025


#အပူရှပ်ခြင်း

04/03/2025



ဒီနေ့မှာတော့ မွတ်စ်လင်မ်မိတ်ဆွေတို့ရဲ့ မွန်မြတ်လှသော ရမ်ဇာန်လမြတ်ကို ရောက်ရှိလာပြီ ဖြစ်သည့်အတွက် ဆီးချိုရောဂါရှိသူ မွတ်စ်လင်မ်မိတ်ဆွေများအတွက် သိထား သင့်သည့်အချက်များကို ဝေမျှချင်ပါသည်။

ရမ်ဇာန်ဥပုသ်လတွင် အစာရှောင်ခြင်းသည် -
✅မကောင်းသော ကိုလက်စထရော များကို ကျစေရုံသာမက နှလုံးရောဂါ၊ လေဖြတ်ခြင်း နှင့် အခြားရောဂါများ ကိုရှောင်ရှားနိုင်ပါသည်။
✅အစာစားခြင်းကိုထိန်းညှိပေးပြီး အစာချေစနစ် အနားယူဖို့အခွင့်အလမ်း ရလာနိုင်ပါသည်။
✅အဆီအလွှာများတွင်ပါရှိသော အန္တရာယ်ရှိသည့် အဆိပ်အတောက်များကို သန့်စင်စေပါသည်။
✅ဦးနှောက်ရဲ့ စိတ်ဖိစီးမှုဒဏ်ကို ပိုခံနိုင်ရည်ရှိစေပြီး အပြောင်းအလဲများကို လိုက်လျောညီထွေ ရှိစေပါသည်။
✅ရမ်ဇာန်လသည် ဆေးလိပ်သောက်ခြင်း (သို့) သကြားကဲ့သို့ စွဲလမ်းခြင်းများကို ပယ်ဖျောက်ရန် အခွင့်အရေး တစ်ခုဖြစ်ပါသည်။

ရမ်ဇာန်လမြတ်တွင် ဥပုသ်စောင့်တည်ခြင်းကြောင့် အကျိုးကျေးဇူးများ ရရှိနိုင်သော်လည်း ဆီးချို ဝေဒနာရှင်များအနေဖြင့် အစာရှောင်သင့် မရှောင့်သင့်အချက် များကိုထင်ကြေးပေးမှု အများအပြားရှိ ပါသည်။

ဆီးချိုသမားတစ်ယောက်သည် ဆေးကိုအချိန်မှန်သောက်ဖို့ လိုအပ်သလို၊ အစာကိုလဲအချိန်မှန် စားဖို့လိုအပ်ပါသည်။ ဆေးကိုအချိန်မှန်သောက်ပြီး အစာကိုအချိန်မှန် မစားပဲနေလျှင် သွေးတွင်းသကြား ဓာတ်လျော့နည်းလွန်းတဲ့ အခြေအနေမျိုးကြုံတွေ့ ရနိုင်ပါသည်။ ဆေးသောက်ချိန် နောက်ကျလျှင်လဲ သွေးတွင်းသကြားဓာတ်မြင့်တက်လာနိုင်ပါသည်။

ဆီးချိုရောဂါရှိသူများအနေနှင့် အိပ်ရေးမဝလျှင် သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်သည့် အတွက် အိပ်ရေး၀၀အိပ်သင့်ပါသည်။

ဒါကြောင့်မလို့ ဆီးချိုရောဂါရှိသူများသည် အစာရှောင်ခြင်းကြောင့် ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သော အန္တရာယ်ရှိစေနိုင်ပါသည်။

ဥပုသ်လအတွင်း အစာရှောင်ရန် ဆုံးဖြတ်ခြင်းမပြုမီ ဆီးချိုရောဂါရှင်များသည် ဆီးချိုရောဂါကို ကောင်းကောင်းထိန်းချုပ်နိုင်အောင် ဘယ်လိုစားပြီး၊ ဘယ်လိုဆေးသောက်သင့်တယ်ဆိုတာ ဆရာဝန်နှင့် ဦးစွာကြိုတင် ညှိနှိုင်းသင့်ပါသည်။

ရမ်ဇာန်ဥပုသ်လတွင် ဥပုသ်စောင့်ကြသည့် မွတ်စ်လင်မ်ဘာသာဝင်များသည် စားသောက်ချိန်၊ အိပ်ချိန်၊ အိပ်ယာထချိန် စသည်တို့ရုတ်တရက်ပြောင်းလဲမှုကြောင့် ဆီးချိုဝေဒနာသည်များတွင် အောက်ပါ ကျန်းမာရေး အန္တရာယ်များ ဖြစ်လာနိုင်ပါသည်။

>>သွေးချိုအလွန်အမင်းတက်ခြင်း။
>>သွေးချိုဓာတ်အလွန်အမင်းကျခြင်း။
>>သွေးချိုဆိပ်တက်ခြင်း။
>>ရေဓာတ်ခမ်းခြောက်ခြင်း။
>>သွေးကြောပိတ်ခြင်း ။

ဆီးချိုအမျိုးအစား၊ သောက်သုံးနေသော ဆေးဝါးများ၊ တစ်ဦးချင်းဆီ၏ ဆီးချိုတက်နိုင် ကျနိုင်ခြေ တို့ အပြင်နောက်ဆက်တွဲ ရောဂါရှိ မရှိ နေထိုင်မှု ပုံစံ ၊အလုပ်အကိုင် တို့အပေါ် မူတည်ပြီး ဆီးချိုရောဂါ သည် မွတ်စ်လင်မ်များ ရမ်ဇာန် ဥပုသ် စောင့်သင့် မသင့်အမျိုးအစား ၃မျိုး ခွဲခြားနိုင်ပါသည်။

အုပ်စု (၁)အန္တရာယ်အလွန်များသော အုပ်စု
ဥပမာ-ဆီးချိုအလွန်အမင်းကျသော်လည်း လက္ခဏာမပြသူများ၊ကောင်းစွာ ထိန်းချုပ်နိုင်ခြင်း မရှိသော အမျိုးအစား (၁)ဆီးချိုရောဂါသည်များ အစရှိသူတို့သည် ဆေးကုသမှုဆိုင်ရာ လမ်းညွှန်ချက်များ ကိုလိုက်နာသင့်ပြီး ဥပုသ် စောင့်ရန်အဆင်မပြေပါ။

အုပ်စု(၂) အန္တရာယ်များသော အုပ်စု
ဥပမာ-အချိန်တာရှည်စွာ မထိန်းချုပ်နိုင်သေးသော အမျိုးအစား (၂)ဆီးချိုရောဂါသည်များ၊ ကောင်းစွာ ထိန်းချုပ်နိုင်သော အမျိုးအစား (၁)ရောဂါသည်များ ၊အစားအသောက် ဆေးဝါးများနှင့် ထိန်းချုပ်နိုင်သော အနေအထားရှိသူများ တို့သည် ဥပုသ် စောင့်ရန် မသင့်တော်သေးပါ။

အုပ်စု(၃) အန္တရာယ်နည်းသော အုပ်စု
ဥပမာ-ဆီးချိုကောင်းစွာ ထိန်းချုပ်နိုင်သောအမျိုးအစား (၂)ရောဂါသည်များ၊ အစားအသောက် နေထိုင်မှုနှင့် ကုသနိုင်သော အနေအထားရှိသူများသည် ဥပုသ် စောင့်သင့် မစောင့်သင့်သည် ဆရာဝန်၏ ထောက်ခံချက် မိမိကိုယ်တိုင်၏ ဥပုသ် စောင့်ထိန်းနိုင်မှုပေါ်တွင် မူတည်ပါသည်။

အစ္စလာမ့်ယုံကြည်ချက်များအရ အရွယ်ရောက်ပြီးသူ မွတ်စ်လင်မ်တိုင်းသည် အာရုံဦးမှ နေဝင်ရီ တရော ဥပုသ်စောင့်ရန်လိုအပ်သော်လည်း ခြွင်းချက် အနေနှင့် နေမကောင်းသူ၊ဆေးကုသမှု ခံယူနေရသူတို့ သည် အစာရှောင်ရန် မလိုအပ်ပါ။ဤတွင် ဆီးချိုရောဂါသည်များ ပါဝင်ပါသည်။

အကယ်၍ ဥပုသ် စောင့်ရန် လူနာက စွဲစွဲ မြဲမြဲ အတင်းအကျပ်တောင်းဆိုနေလျှင် မိမိကိုယ်တိုင် သွေးချိုအချိန်မှန်ဖောက်ပြီး စောင့်ကြပ် ကြည့်ရှုစစ်ဆေးသင့်သလို ဆီးချိုအလွန်အမင်း တက်ခြင်း၊ကျခြင်း သို့မဟုတ် ရောဂါအခြေအနေ ဆိုးဝါးလာခြင်းများ ရှိပါက ဥပုသ် စောင့်ခြင်းကို ရပ်သင့်ပါသည်။

ဥပုသ်စောင့်ကာလအတွင်းမှီဝဲရမည့် များကိုပြောပြရမည်ဆိုလျှင်

ဥပုသ်မဝင်မီနှင့် ဥပုသ်ထွက်ချိန်တွင် ဆန်၊ ပဲအမျိုးမျိုး၊ ပေါင်မုန့်ကြမ်း အစရှိသည့် ကစီဓာတ် နည်းပြီး အမျှင်ဓာတ်များသော သစ်သီးများ၊ဟင်းသီးဟင်းရွက်များနှင့်အရွက်သုပ်များ စားသင့်ပါသည်။ မိုးမလင်းမီနှင့် နေဝင်ပြီးသည့်အချိန်အတွင်း ရေဓာတ်မခန်းခြောက်စေရန် ရေများများသောက်ပါ။ ချက်ပြုတ်သည့်အခါ ဆီအနည်းငယ်သာ သုံးသင့်ပြီး ပြည့်ဝဆီများသော အစားအစာများ လျှော့စားသင့် ပါသည်။

အထက်ပါ အကြောင်းအရာများကြောင့် ဆီးချိုဝေဒနာရှင်များအနေနှင့် မိမိကိုယ်ကို ကောင်းစွာ ဂရုစိုက်နိုင်ပြီး ရမ်ဇာန် ဥပုသ်လနေ့ရက်များကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ပါတယ်။



👉MPox ( MPXV)  အကြောင်းသိကောင်းစရာMPoxက Orthopox လို့ခေါ်တဲ့ DNA Virus အမျိုးအစားဖြစ်ပြီး MPXV လို့ ခေါ်ကြပြီးကျောက်ကြီး...
23/08/2024

👉MPox ( MPXV) အကြောင်းသိကောင်းစရာ

MPoxက Orthopox လို့ခေါ်တဲ့ DNA Virus အမျိုးအစားဖြစ်ပြီး MPXV လို့ ခေါ်ကြပြီး
ကျောက်ကြီး၊ နွားမှာဖြစ်တဲ့ ကျောက်ရောဂါတို့နှင့် မျိုးနွယ်စု တူပါသည်။

August-15 မှာ Mpox Clade 1 မျိုးကွဲကို Sweden မှ စတွေ့ခဲ့ပြီး 2022 မှ စတွေ့ခဲ့သောမျိုးရိုး Pox 2 ကတော့ ခုလောလောဆယ် နိုင်ငံအတော်များများမှာ လက်ရှိ ပြန့်ပွားကူးစက်နေပါသည်။ ယခုနောက်ပိုင်း ကူးစက်နှုန်း နည်းနည်းမြန်လာတာက MPox ကျောက်ရောဂါ မျိုးရိုးဗီဇသစ် 1b ဖြစ်ပြီး အလျင်အမြန် ပျံ့ပွားလာနေတဲ့အတွက် အရေးပေါ် ထားပြီး ကုသကာကွယ်ရမည့် ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က August - 14 ရက်နေ့က ကြေညာလိုက်ပြီး ဖြစ်ပါသည်။

🙅 MPoxက အဓိကအားဖြင့် ကာမဆက်ဆံတာမှတဆင့်၊ ပွေ့ဖက်နမ်းရှုတ်ရာမှတဆင့်၊ ရောဂါရှိသူနှင့်အရေပြားခြင်း ထိမိရာမှတဆင့်၊ ရောဂါရှိသူနှင့် အချိန်အကြာကြီး အတူရှိရာမှ လေထဲမှတဆင့် ကူးစက်ပါသည်။ နောက်ရောဂါပိုးရှိသော တိရစ္ဆာန်များနှင့် ကူးစက်ခံရသော လူနာများ အညစ်အကြေး ၊ အနာများကို ထိတွေ့မိရာမှတဆင့်နှင့် ရောဂါပိုးကပ်နေသော အသုံးအဆောင် ပစ္စည်းများကို ကိုင်တွယ်မိရာမှတဆင့်လည်း ကူးစက်ပါသည်။

ရောဂါပိုးဝင်ပြီး ၁ ရက်မှ ၂၁ ရက် အတွင်း ရောဂါလက္ခဏာစပြလာပြီး ရောဂါလက္ခဏာတွေကတော့
- လတ်တလောဖျားခြင်း။
- အနီကွက်များနှင့် အရည်ကြည်ဖုများထွက်ခြင်း။
- ယားယံခြင်း။
- အကြိတ်အရောင်ခြင်း။
- ခေါင်းကိုက်ခြင်း။
- ကြွက်သားများနာခြင်း (တခါတလေ ရင့်ဘတ်အောင့်တတ်ခြင်း)။
- ကျောအောင့်ခြင်း။
- မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်တတ်ပြီး ကိုယ်ခံအား အလွန်နည်းတဲ့ သူတွေ ကလေးငယ်လေးတွေမှာတော့ အသက်အန္တရာယ် ရှိတတ်ပါသည်။

MPox ကာကွယ်ဆေးအနေနဲ့
CDC ( Central Disease Control - US) က JYNNEOS နှင့် ACAM2000ကာကွယ်ဆေး (၂) မျိုးကို သုံးလို့ရသည်ဟု ပြောထားပြီး အမေရိကမှာ JYNNEOS ကို (2022)ခုနှစ်ကတည်းက စသုံးခဲ့ပါသည်။

ရောဂါရှိသူနှင့် အနီးကပ်ထိတွေ့နေထိုင်မှုရှိတယ်ဆိုရင်တော့ ကာကွယ်ဆေးထိုးထားသင့်ပြီး မည်သည့် ထိတွေ့မှုမျှမရှိပဲ ထိုးရန် မလိုပါ။

ရောဂါရှိသူနဲ့အနီးကပ်ထိတွေ့မှုရှိပြီး (၄)ရက်အတွင်း ကာကွယ်ဆေးထိုးသင့်ပြီး (၄)ရက်အတွင်းမမှီတဲ့အခါ (၁၄)ရက်အတွင်းလည်း ကာကွယ်ဆေးထိုးလို့ရပါသည်။ သို့သော် ရောဂါဖြစ်နိုင်ချေရှိပြီး ရောဂါဖြစ်ခဲ့ပါကလည်း ပြင်းထန်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။

Covid19 လို Pandemic ဖြစ်ဖို့ မရှိသေးတဲ့အတွက် မစိုးရိမ်ရပေမဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို မျက်ခြေမပျက်စောင့်ကြည့်ဖို့ အကြံပြုချင်ပါသည်။ လတ်တလော စင်္ကာပူမှာလည်း တွေ့ရပြီး မစိုးရိမ်ကြဖို့လည်း တာဝန်ရှိသူများမှ ပြောထားကြပါသည်။ မြန်မာပြည်မှာတော့ မတွေ့ရသေးပါဘူး။

အဓိကအားဖြင့် အာဟာရပြည့်ဝအောင်စားပြီး ကိုယ်ခံအားကောင်းအောင်နေကြရန် တိုက်တွန်းချင်ပါသည်။ သတင်းကောင်းကတော့ ကျောက်ကြီးရောဂါ (Smallpox) အတွက် ထိုးခဲ့ကြသော ကျောက်ရောဂါကာကွယ်ဆေးဟာ အခု Monkey Pox ရောဂါကိုလည်း ကာကွယ်နိုင်တယ်လို့ ဆိုပါသည်။ နောက်ကျောက်ကြီးရောဂါ (Smallpox) ကို ကုသရာမှာ အသုံးပြုခဲ့သော Tecovirimat ဆိုတဲ့ ဆေး သည်လည်း ဤရောဂါကုသရာမှာ အသုံးပြုနိုင်တယ်လို့ ဆိုပါသည်။ ဒါကြောင့် မိဘ ပြည်သူများအနေဖြင့် အရမ်းကြီး မစိုးရိမ်ကြပဲ ယုံကြည်စိတ်ချရတဲ့ သတင်းတွေကို စောင့်ကြည့်ကြရင်း အထိတ်တလန့် မဖြစ်ကြဖို့အတွက် တင်ပြလိုက်ရပါတယ်ရှင်...


#မျောက်ကျောက်

ကာလဝမ်းရောဂါ (cholera)  ကြိုတင်ကာကွယ်ပါ   ကာလဝမ်းရောဂါဆိုတာ Vibrio cholerae ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုးကူးစက်တာကြောင့် ...
06/07/2024

ကာလဝမ်းရောဂါ (cholera) ကြိုတင်ကာကွယ်ပါ
ကာလဝမ်းရောဂါဆိုတာ Vibrio cholerae ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုးကူးစက်တာကြောင့် ဖြစ်တာပါ။

ကာလဝမ်းရောဂါ ဘယ်လိုကူးစက်နိုင်သလဲ
-----------------------------------
cholera ဘက်တီးရီးယားပိုးပါတဲ့ အစားအသောက်၊ ရေတို့ကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကာလဝမ်းရောဂါရှိသူရဲ့ မစင်၊ အန်ဖတ်တို့ကနေတဆင့် လည်း ကူးစက်နိုင်ပါတယ်။

ကာလဝမ်းရောဂါပိုး ကူးစက်ခံရတဲ့အခါ ဘယ်လို လက္ခဏာတွေ ပြတတ်သလဲ
-----------------------------------
ကာလဝမ်းရောဂါပိုးကူးစက်ခံရသူ ၁၀ ဦးမှာ တစ်ဦးက ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။
▶အရည်ဝမ်းလျှောခြင်း
ဆန်ဆေးရေလို အရည်ဝမ်းသွားတတ်တာမျိုးပါ။

▶အန်ခြင်း
တချို့တွေမှာ ဝမ်းမလျှောခင် အရည်တွေ အန်တဲ့ လက္ခဏာကို စတင်ပြသတတ်ပါတယ်။

▶ နုံးခွေခြင်း၊ သတိလစ်ခြင်း
ခန္ဓာကိုယ်အရည်ဓာတ်ဆုံးရှုံးမှုကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ သွေးပေါင်ရုတ်တရက်ကျပြီး သတိလစ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

▶ကြွက်တက်ခြင်း
ရေဓာတ်သာမက သတ္တုဓာတ်တွေပါ ဆုံးရှုံးတဲ့အတွက် ကြွက်တက်စေနိုင်ပါတယ်။

ဘယ်သူတွေ ဖြစ်နိုင်ခြေ များသလဲ
---------------------------------
မသန့်ရှင်းတဲ့ရေ သောက်ရသူ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းသူ၊ သန့်ရှင်းမှုအားနည်းတဲ့ ဒေသ တွေမှာ နေထိုင်သူတွေက ကာလဝမ်းရောဂါ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပါတယ်။

ကာလဝမ်းရောဂါ ဖြစ်ရင် ဘယ်လို ကုသရမလဲ
-----------------------------------
(၁) ဓာတ်ဆားရည် အလုံအလောက် သောက်ရပါမယ်။ ကာလဝမ်းရောဂါ အတွက် အရေးကြီးဆုံး ကုသမှုထဲမှာ ပါဝင်ပါတယ်။
(၂) ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေး(Antibiotics)နဲ့ ဆေးပတ်လည်အောင် ကုရပါမယ်။
(၃) ကလေးတွေမှာဖြစ်ရင် ဇင့်ပါတဲ့ အားဆေးကိုပါ ဖြည့်စွက်တိုက်ကျွေးရပါမယ်။

ကာလဝမ်းရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ
-----------------------------------
✅အစာမစားခင်နဲ့ စားပြီးတဲ့အခါ၊ အိမ်သာတက်ပြီးတဲ့အခါတွေမှာ လက်ကို သေချာ ဆေးကြောရပါမယ်။
✅အစားအသောက်တွေကို ကောင်းစွာကျက်အောင် ချက်ပြုတ်ပြီးမှ စားရပါမယ်။
✅ယင်နားစာတွေကို လုံးဝ မစားသင့်ပါဘူး။
✅ရေသန့်သောက်ရပါမယ်။ မရရင် ရေကို ကျိုချက် သောက်သုံးရပါမယ်။
✅ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားရပါမယ်။
✅ယင်လုံအိမ်သာ သုံးစွဲရပါမယ်။

သတိပြုရန်
----------
ကာလဝမ်းရောဂါကို သေချာကုသမှုမခံယူရင် အသက်အန္တရာယ် ဆုံးရှုံးစေနိုင်တာကြောင့် လက္ခဏာတွေ ပြလာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားပြဖို့ အရေးကြီးပါတယ်။
စောစော သိရှိပြီး စနစ်တကျ ကုသမှုခံယူရင် ပြင်းထန်တဲ့ လူနာတွေမှာတောင် ပြန်ကောင်းလာနိုင်ပါတယ်ဆိုတာ ပြောကြားရင်း ...
''အားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ''
(Ref; www.cdc.gov/cholera)

General information on cholera, what causes it, how it spreads, and how it is treated.

မင်္ဂလာပါရှင် 😍Health Tips For You All မှ ပြန်လည်ကြိုဆိုလိုက်ပါရစေရှင့် 😘ယခုလိုအချိန်မျိုးတွင်အသေးစား မတော်တဆများနှင့်ဒဏ...
30/06/2024

မင်္ဂလာပါရှင် 😍
Health Tips For You All မှ ပြန်လည်ကြိုဆိုလိုက်ပါရစေရှင့် 😘
ယခုလိုအချိန်မျိုးတွင်အသေးစား မတော်တဆများနှင့်ဒဏ်ရာများကိုကိုင်တွယ်ဖြေရှင်းနိုင်ရန်
အခြေခံကျန်းမာရေး စောင့်ရှောက်မှု ကိရိယာထားရှိရန်လိုအပ်ပါသည်။ First aid kit ကိုက​လေးများ
နှင့်လက်လှမ်းမမှီသော၊ အေး၍ခြောက်သွေ့သော နေရာတွင်ထားရှိသင့်ပါသည်။ တစ်ချို့သောသူများ
သည်အရေးပေါ် အခြေအနေများအတွက်ကားပေါ်တွင်ထားရှိတက်ကြပါသည်။
အခြေခံရှေ့ဦးသူနာပြု ကျန်းမာရေးစောင့်ရှောက်မှု ကိရိယာတွင်ထားရှိရမည့်ပစ္စည်းများမှာ -
- အရွယ်အစားစုံပုံစံစုံရှိသော plaster
- သန့်ရှင်းသော gauze dressing အရွယ်စုံ
- သန့်ရှင်းသော eye dressing အနည်းဆုံး ၂ခု
- ပတ်တီးမျိုးစုံ
- သန့်ရှင်းသော တစ်ခါသုံးလက်အိတ်များ
- ပလတ်စတစ်ကတ်ကြေး
- သန့်ရှင်းရန်တစ်ရှူး (Alcohol free)
- အပူချိန်တိုင်း ကိရိယာ
- ပိုးသတ်ဆေးမှုန့်
- အရေပြားလိမ်းရန်cream (eg. Hydrocortisone)
- အင်းဆက်ကိုက်ခြင်း၊ နာကျင်ခြင်းများ သက်သာစေသော spray များ
- နာကျင်မှုသက်သာစေသော သောက်ဆေးများ (eg. Paracetamol and ibuprofen)
- ချောင်းဆိုးလျှင်သောက်သုံးရန်ဆေးဝါးများ
- ယားယံခြင်းကိုသက်သာစေသော ဆေးဝါးများ (eg. Antihistamine)
- ဒဏ်ရာကိုသန့်ရှင်းရန်ပေါင်းခံရေ (distilled water)
- မျက်ရည်တု(artificial tears) တို့ဖြစ်ပါသည်။
အထက်ပါ အခြေခံလိုအပ်သော ပစ္စည်းများနှင့်လမ်းညွှန်စာအုပ်ကိုအတူတူထားရှိသင့်ပါသည်။
အရေးကြီးတဲ့အချက်တွေ ကတော့သက်တမ်းမကုန်ခင်သုံးတယ်ဆိုတာကို သေချာစေဖို့
သက်တမ်းကုန်ရက်ကိုပုံမှန်စစ်ဆေးစေလိုပါသည်။
ရှေးဦးသူနာပြု နည်းလမ်းများအတွက်ဆောင်ရန်၊ ရှောင်ရန်အချက်များ ရှိရာ၎င်းအချက်များ
သည်ဒဏ်ရာပေါ်တွင်မူတည်ပါသည်။ ၎င်းအချက်များ ဆက်လက်၍ ဖော်ပြပေးသွားပါမယ်ရှင် 😍....


Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Health Tips For You All posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram