11/09/2025
နန်းရှေ့ ဒေါနဘွား မှ
ခွေးချစ်သူ ခွေးမေမေ ကြီးများခင်ဗျာ
မိမိ ကိုယ်ကို ဂရုဏာရှင်ကြီးအဖြစ်ခံယူလိုပါက အခြားသူများဒုက္ခမဖြစ်စေရန် ဂရုပြုကြစေလိုပါသည်ခင်ဗျာ
လာလာကျွေးနေကျ ခွေးမေမေကြီး 1 ယောက်ကို လူကိုယ်တိုင်မိစဉ်က
ခွေးသည်အသားအဓိကစားသည့် သတ္တဝါဖြစ်သည်ကြောင့် ခွေးမေမေ ကြီးကျွေးသောအစာသည် ခွေးများမစားသည့် ထမင်းကျန်များသာဖြစ်ပါသောကြောင့် မြေကြွက်ကြီးများသာ တိုးပွားလာပြီး ဆေးခန်းမှ ဆေးများကို ကြွက်များကိုက်ဖျက် ပျက်စီးပါကြောင်း လူစကားဖြင့် သေသေချာချာရှင်းပြဘူးသော်လည်း ဆေးခန်းရှေ့ကျွေးမြဲဖြစ်ပါသောကြောင့် ကျွန်ုပ်သည်လည်း ခွေးမေမေကြီးများ နားလည်မည့် အာဝု စကားဖြင့် မရှင်းပြတတ်ပါကြောင်းအသိပေးအပ်ပါသည်..
စကားချပ် -
ဆက်လက်ကျွေးလိုပါက ခွေးများကုန်အောင်စားသည်အထိ ထိုင်ကြည့်ပြီး မိမိအမှိုက် မိမိကိုယ်တိုင်ရှင်းသွားကြပါရန်