CHOHO Myanmar

CHOHO Myanmar Original Chain Supplier Company.

🧧 🐉 𝐆𝐎𝐍𝐆 𝐗𝐈 𝐅𝐀 𝐂𝐀𝐈 🐉 🧧𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟒
09/02/2024

🧧 🐉 𝐆𝐎𝐍𝐆 𝐗𝐈 𝐅𝐀 𝐂𝐀𝐈 🐉 🧧

𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟒

ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တော...
01/08/2023

ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လဲဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လဲ ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လဲ ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လဲ ဖြစ်သည်။ ဧဟိဘိက္ခူ ဟူသော စကားကို စတင်ကြားရသော နေ့လဲ ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။
ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်တည်း။
ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ နိုင်ငံအစိုးရတို့က သတ်မှတ်ထားသည်။
ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများကိုပြုကြသည်။
ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်း တရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်း သံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။
မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ် ၏။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။

#မြန်မာ့စွယ်စုံကျမ်း

27/10/2022

Unicode
🙏မင်္ဂလာပါခဗျာ🙏
CHOHO ရဲ့ မိတ်ဟောင်းမိတ်သစ်များအနေနဲ့
ဒီနေ့လေးမှာတော့
CHOHO မှ အသစ်ထက်မံထုတ်လုပ်ထားတဲ့
Second Generation Chain Sprocket
တခုဖြစ်တဲ့ BLUE-BIRD တံဆိတ် ချိန်းစပေါ့ကတ်
နဲ့ပတ်သတ်ပြီး ဝယ်ယူရရှိနိုင်မဲ့ ချိန်းအမျိုးအစားများနဲ့ မိတ်ဆက်ပေးသွားပါမယ်ခဗျာ

BLUE-BIRD ချိန်းစပေါ့ကတ်မှာဆိုရင်
1. Dream 36.14(428H-100L)
2. Kx 36.14(428H-106L)
3. 125R 38.14(428H-104L)
4. 125R 38.14(428H-108L)
5. JH-90 39.15(420H-100L)
6.Dream125 36.14(428H-106L)အကျယ်
7.Wave125R 38.14(428H-108L) အကျယ်
ဆိုဒ်များ ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်ခဗျာ

👉CHOHO👈 က ထုတ်တဲ့ ပစ္စည်းဆို
👉Quality လဲကောင်း 💯✔️
👉ပေးရတဲ့ ဈေးကလဲ သက်သာတော့ 💯✔️
လူကြီးမင်းတို့ စီးတော်ယာဉ်တွေကို 👉🏍️👈
ခရီးဝေးသွားတဲ့ အချိန်တွေမှာ 🗺️
စိတ်ဖြောင့်ဖြောင့်နဲ့ လိုရာပန်းတိုင်ခရီးကို
သွားနိုင်မှာမဟုတ်လားဗျ 😘

အော် . . . အသစ်ထွက်ရှိထားတဲ့
BLUE-BIRD Chain Sprocket
ထုတ်လုပ်ပုံ တပ်ဆင်ပုံ အသုံးပြုပုံ
အကြောင်းလေးလဲပြောရအုံးမယ်ခင်ဗျ

👉⚙️BLUE-BIRD Chain Sprockets⚙️👈 ကို
စမ်းသပ်ပြီး ယုံကြည်စိတ်ချရသော
👉45 # 428H 👈ကို အသုံးပြုပြီး ပြုလုပ်ထားတဲ့
အတွက် သာမန် ⚙️Chain Sprocket⚙️
တစ်ခုထက် ပိုမို ကောင်းမွန်စေပါတယ်
⚙️ Chain Sprocket⚙️ တွေကို အသေး အကြီး
ချိတ်ဆက်မှု ညီမျှအောင် ပြုလုပ်ပေးထားတဲ့အတွက်တပ်ဆင်ရလွယ်ကူစေပြီး
Chain ကြိုးချိတ်ဆက်မှုမှာတော့
👉Spring clip👈ကို အသုံးပြုတပ်ဆင်ရတာဖြစ်လို့ လွယ်ကူ စွာ တပ်ဆင်အသုံးပြုနိုင်ပါတယ်
ခင်ဗျာ⚙️Chain⚙️ ဆက်တစ်ခုချင်းစီကို
မှန်ကန်တင်းကျပ်မှု ရရှိစေရန်👉 ( 25-35mm)👈 ကွင်းဆက်အတိုင်းပြုလုပ်ထားပါတယ်ခင်ဗျာ
⚙️Chain Sprocket⚙️ ရဲ့
ကြယ်ပွင့်ပုံဝန်ရိုးကို ရှေ့နောက် အပြိုင်ဖြစ်အောင်
သေချာစွာချိန်ပြီးတပ်ဆင်လိုက်ရုံပါပဲခင်ဗျာ

အရည်အသွေး ကောင်းမွန်မှုကို ဦးစားပေးတဲ့ (CHOHO)
💯✔️
💯✔️
💯✔️
💯✔️

30/09/2022
30/09/2022
.          1998 မတိုင်ခင်ထိမော်တော်ကားနဲ့ဆိုင်ကယ်တွေဟာ အင်ဂျင်ဝိုင်ဆီတစ်မျိုးတည်းကိုသာ သုံးခဲ့ကြပါတယ်။ကားရဲ့အင်ဂျင်အတွင်...
30/07/2022

. 1998 မတိုင်ခင်ထိမော်တော်ကားနဲ့
ဆိုင်ကယ်တွေဟာ အင်ဂျင်ဝိုင်ဆီ
တစ်မျိုးတည်းကိုသာ သုံးခဲ့ကြပါတယ်။
ကားရဲ့အင်ဂျင်အတွင်းပိုင်းနည်းပညာ
ပြောင်းလဲလာတာနဲ့အမျှ ကားမှာသုံးတဲ့
အင်ဂျင်ဝိုင်တွေကို အဆင့်မြှင့်တင်
ပြောင်းလဲ ထုတ်လုပ်ခဲ့ပါတယ်။
ရလာဒ်အနေနဲ့ အင်ဂျင်ဝိုင်အတူတူ
သုံးခဲ့ကြတဲ့ ဆိုင်ကယ်တွေအတွက်
အတွင်းကလပ်ပြားတွေချော်ခြင်းတွေ
ဖြစ်လာကြပါတယ်။

1998 ခုနှစ်မှာတော့ ဂျပန်နိုင်ငံ
ယာဉ်စံနှုန်းဆိုင်ရာအဖွဲ့အစည်း
( Japanese Automotive Standards
Organisation - JASO ) ဟာ
ကမ္ဘာ့စံနှုန်းများနဲ့ 4 Stroke
ဆိုင်ကယ်တွေ အတွက်ရည်ရွယ်ပြီး
JASO T903 ကို မိတ်ဆက်ခဲ့ပါတယ်။

JASO T903 ကို စွမ်းရည်သတ္တိ ၂ ဖြင့်
ကွဲပြားထားပါတယ်။
✅ JASO MA
✅ JASO MB

JASO MA
``````````
အတွင်းကလပ်ပြားတွေကို
ချော်မထွက်စေပဲ ချောဆီလိုအပ်တဲ့
အဓိကအစိတ်အပိုင်းတွေကိုသာ
အကျိုးသက်ရောက်စေဖို့
အထူးပြုထုတ်လုပ်ထားပါတယ်။
ဒီ အင်ဂျင်ဝိုင်အမျိုးအစားကိုတော့
အင်ဂျင် ၊ ဂီယာဘောက် နဲ့ ကလပ်တို့ကို
အင်ဂျင်အတွင်းပိုင်းတည်း တစ်စုတည်း
ဖွဲ့စည်းထားတဲ့ 4 Stroke အင်ဂျင်
အမျိုးအစားတွေမှာ သုံးနိုင်ပါတယ်။
MA ဆီအမျိုးအစားကတော့
အင်ဂျင်အမျိုးအစား အားလုံးနီးပါး
သုံးနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။

JASO MB
``````````
MB ကိုတော့ စကူတာလို
အော်တို ဘီးတွေအတွက် အဓိကသုံးပါတယ်။
ပွတ်တိုက်မှုအများဆုံးနေရာတွေကို
ချောဆီရဲ့စွမ်းဆောင်ရည်နဲ့
ချောမွေ့စွာလည်ပတ်စေပြီး
လောင်စာဆီ ကို သက်သာစေပါတယ်။
သတိထားရမှာကတော့
MB ဆီ ကို MA ဆီသုံးတဲ့
အင်ဂျင်တွေမှာမသုံးသင့်ပါဘူး။

မိမိဆိုင်ကယ်အတွက်
အင်ဂျင်ဝိုင်ဝယ်ယူရွေးခြယ်ဖို့
JASO အမှတ်အသားကနေ ကြည့်ပြီး
ခွဲခြားနိုင်တဲ့ အခြေခံအကျဆုံးအချက်ပါ။

🔺API SL/CF
🔺JASO MA
🔺SAE 20W - 50
ဒါကတော့ CHOHO အင်ဂျင်ဝိုင်ရဲ့
အမျိုးအစားသတ်မှတ်ချက်ဖြစ်ပြီး
JASO MA အမျိုးအစားဖြစ်တာမို့
အော်တိုဆိုင်ကယ်တွေကလွဲပြီး
4 Stroke Motorcycle အင်ဂျင်တွေမှာ
သုံးနိုင်ပါတယ်။

အစဉ်အလာကြီးတဲ့
CHOHO ရဲ့ Premium Product မို့
ယုံကြည်စွာ သုံးစွဲကြည့်လိုက်ပါ။



30/07/2022
28/07/2022

Unicode
မင်္ဂလာပါခဗျာ
ဒီနေ့လေးမှာတော့ Choho ချိန်းစပေါ့ကတ်နဲ့ ပတ်သတ်လို့
Solid Bush ချိန်းစပေါ့ကတ်အကြောင်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်
Solid Bush ချိန်းတွေမှာဆိုရင် ချိန်း တခုနဲ့တခု ချိတ်ဆက်တဲ့နေရာ ချိန်းအပိုင်းအစ
တခုနဲ့တခု ချိတ်ဆက်တဲ့အခါမှာ ပတ်ပတ်လည် ပွန်းစားမှုဒဏ်တွေ ချိန်းခုန်ခြင်း
ချိန်းပြတ်ခြင်းတွေကို အလွယ်တကူမဖြစ်ပေါ်စေအောင် ချိန်းအတွင်းထဲမှာရှိတဲ့
Chain Click,Chain Bush လေးတွေက အဓိကလုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်
ပုံမှန် ချိန်းတွေထက်စာရင် Solid Bush ချိန်းတွေရဲ့ သက်တမ်းက(၃)ဆ
ပိုမိုခံနိုင်ရည်ရှိပါတယ်

Choho ချိန်းစပေါ့ကတ်များသည် ဂျပန် နိုင်ငံ ရှိအဆင့်မြင့် နည်းပညာများဖြင့်
ပြုလုပ်ထားတာဖြစ်ပြီး ချိန်းစပေါ့ကတ်တွေရဲ့ အရည်သွေးဟာဆိုရင် ကမာ့
အဆင့်မှီ စံချိန်စံညွှန်းများဖြင့်ထုတ်လုပ်ထားခြင်းလည်းဖြစ်ပါတယ်

လူကြီးမင်းတို့ရဲ့ ဆိုင်ကယ်ချိန်းစပေါ့ကတ်နဲ့ပတ်သတ်လို့
အရည်သွေးကောင်းကြာရှည်ခံတာမှ သုံးချင်သူများအတွက်
ဈေးနှုန်းသင့်တင့်ပြီး ဆိုင်တိုင်းမှာ ဝယ်ယူရလွယ်ကူတဲ့
Choho ချိန်းစပေါ့ကတ်ကို ရွှေးချယ်လိုက်ပါလို့ပြောချင်ပါတယ်

CHOHO Myanmar မှ ချိန်းစပေါ့ကတ် ၊ ချိန်း နှင့် ချိန်းစက် များ
အင်ဂျင်ဝိုင်များကိုဝယ်ယူမေးမြန်းစုံစမ်းလိုပါက
CHOHO Myanmar Page မှာသော်လည်းကောင်း
09-797788929,09-797788930 တို့ကိုဖုန်းဆက်ပြီး မှာယူနိုင်ပါပြီနော်




Zawgyi
မဂၤလာပါခဗ်ာ





ဘယ်ချိန်ထိ စွန့်စားနေဦးမှာလဲ 🤨°• CHOHO စပေါ့ကက်ရှိတယ် •°
27/06/2022

ဘယ်ချိန်ထိ စွန့်စားနေဦးမှာလဲ 🤨

°• CHOHO စပေါ့ကက်ရှိတယ် •°


Address

La/9(6-10)(Kagyi Quarter), 67 Street, Between 113 Street & 114 Street, Between Wai Thar Li Street & Sin Phyu Shin Street, Pyi Gyi Tagon Township
Mandalay

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Alerts

Be the first to know and let us send you an email when CHOHO Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram