  • Home
  • Myanmar
  • Mandalay
12/04/2026
بسم الله الرحمن الرحيم
(13.4.2026) ရက် တနင်္လာနေ့သည်
ဟိစ်ဂ်ျရီ(1447)ခုနှစ် شَوَّالْ(Shawwal)ရှောင်(ဝ်)ဝါလ်လ(24) ရက်နေ့ဖြစ်ပါသည်။
(၆)လုံးရိုဇာ မပြည့်သေးသူများ အချိန်မှီပါသေးသည်။
Muhammad Zubair @ ZAW THEIN TUN
Telegram channel တွင်  ို  #ရှာစရာမလိုပဲ နေ့စဉ် သတင်းများအလွယ်တကူကြည့်ရှူ့နိုင်ပါသည်။Telegram channel link👇👇https://t.me...
12/04/2026
Telegram channel တွင် ို #ရှာစရာမလိုပဲ နေ့စဉ် သတင်းများအလွယ်တကူကြည့်ရှူ့နိုင်ပါသည်။
Telegram channel link👇👇
https://t.me/muslimfuneralnews
11/04/2026
မန္တလေးမြို့၊ နှင်းဆီခြံဗလီရှေ့ဆောင်ဆရာ မွဖ်သီအဇီဇွလ္လာဟ် (နဒ်ဝီ)၊ရန်ကုန်မြို့၊ Darul Quran Al Karim, Myanmar ၏ကျောင်းအုပ်ဆရာ မော်လာနာကာရီ Muhamed Karimullah Hasan တို့၏ ဖခင်
ယခင် နှင်းဆီခြံဗလီ၏ ရှေ့ဆောင်ဆရာဖြစ်သူ
မော်လာနာမုဟမ္မဒ်ဟစန်ဆွာဟိဗ်
သည် ယနေ့ ၁၁.၄.၂၀၂၆ ညပိုင်းအချိန်တွင် အလ္လာရှင်မြတ်အမိန့်တော်ခံယူသွားပါသဖြင့် မဂ်ဖိရသ်အတွက် ဒုအာတွငသတိရပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
12.4.2026 ဇုဟ်ရ်ပြီး နှင်းဆီခြံဗလီတွင် ဂျနာဇဟ်နမားဇ်ဖတ်၍ ပို့ဆောင် ဒဖ်နာမည်ဖြစ်ပါသည်။
11/04/2026
နာရေးလမ်းကြောင်းများ ကြိုတင်လေ့လာနိုင်ပါရန်ယခုနှစ် မန္တလေးသင်္ကြန်ကာလ ကျုံးပတ်လည်တွင် ယာဉ်မဝင်ရလမ်းများနှင့် ယာယီနှစ်လမ်...
09/04/2026
နာရေးလမ်းကြောင်းများ ကြိုတင်လေ့လာနိုင်ပါရန်
ယခုနှစ် မန္တလေးသင်္ကြန်ကာလ ကျုံးပတ်လည်တွင် ယာဉ်မဝင်ရလမ်းများနှင့် ယာယီနှစ်လမ်းမောင်းများကို သတ်မှတ်ထား
Apr 8, 11:40 PM
၂၀၂၆ခုနှစ်၊ မန္တလေးမြို့၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ရက်များအတွင်း ကျုံးပတ်လည်၌ ယာဉ်မဝင်ရလမ်းများနှင့် နှစ်လမ်းမောင်းများကို ယာယီသတ်မှတ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ယာဉ်မဝင်ရလမ်းများအဖြစ် ကျုံးအရှေ့ဘက်လမ်းဖြစ်သည့် ၆၆လမ်းပေါ်တွင် ၁၂လမ်းမှ ၂၇လမ်းထိ၊ ကျုံးတောင်ဘက်လမ်းဖြစ်သည့် ၂၆လမ်းပေါ်တွင် ၆၅လမ်းမှ ၇၈လမ်းထိ မည်သည့်ယာဉ်မျှ ဝင်ခွင့်မပြုပါ။
ထို့အတူ ကျုံးအနောက်ဘက်လမ်းဖြစ်သည့် လမ်း၈၀၏ လမ်းအရှေ့ဘက်ခြမ်း/ကျုံးဘက်ခြမ်းပေါ်တွင် ၁၂လမ်းမှ ၂၆လမ်းထိ၊ ကျုံးမြောက်ဘက်လမ်းဖြစ်သည့် ၁၂လမ်း၏ လမ်းတောင်ဘက်ခြမ်း/ ကျုံးဘက်ခြမ်းပေါ်တွင် ၆၆လမ်းမှ လမ်း၈၀ထိ မည်သည့်ယာဉ်မျှ ဝင်ခွင့်မပြုပါ။
သို့သော်လည်း သင်္ကြန်ရက်များအတွင်း ကျုံးဘေးပတ်လည် အများပြည်သူသွားလာရေးအဆင်ပြေစေရေးအတွက် နှစ်လမ်းမောင်းများကို ကျုံးတောင်ဘက်လမ်းဖြစ်သည့် ၂၆လမ်း၏ လမ်းတောင်ဘက်ခြမ်းပေါ်တွင် ၇၈လမ်းမှ လမ်း၈၀အထိ၊ ကျုံးအနောက်ဘက်လမ်းဖြစ်သည့် လမ်း၈၀၏ လမ်းအနောက်ဘက်ခြမ်းကို ၁၂လမ်းမှ ၂၆လမ်းအထိ၊ ကျုံးမြောက်ဘက်လမ်းဖြစ်သည့် ၁၂လမ်း၏ လမ်းမြောက်ဘက်ခြမ်းပေါ်တွင် ၆၆လမ်းမှ လမ်း၈၀အထိတို့ကို ယာယီ မောင်းနှင်ခွင့်ပြုသည်။
ယခုနှစ် မန္တလေးမြို့၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် ကျုံးဘေးပတ်လည်အပါအဝင် မြို့တွင်း၌ မဏ္ဍပ်ကြီး ၁၅ခုနှင့် မဏ္ဍပ်ငယ် ၂၆ခု တို့ပါဝင်၍ ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒိသာအလှူများကို စီစဉ်ထားသည်။
#မန္တလေး
ဟာဂျီ/ဟာဂျီမ လောင်းများ ဒီနေ့နော်
09/04/2026
ဟာဂျီ/ဟာဂျီမ လောင်းများ ဒီနေ့နော်
လူ‌ပျောက်ကြော်ညာ================၂၈×၂၉ကြား ၈၂လမ်း မန္တလေးမြို့ အိုးတော်ဝင်း အတွင်းနေထိုင်သော  မောင်ဝေယံစိုး (ခေါ်) လူလေး ...
08/04/2026
လူ‌ပျောက်ကြော်ညာ
================
၂၈×၂၉ကြား ၈၂လမ်း မန္တလေးမြို့ အိုးတော်ဝင်း အတွင်းနေထိုင်သော မောင်ဝေယံစိုး (ခေါ်) လူလေး ပျောက်ဆုံးနေပါသ​ည်။
ပျောက်ဆုံးနေတာ ၅ရက် ရှိပြီ သူကိုင်ဆောင်သော ဖုန်းလဲဆက်သွယ်လို့ လုံးဝမရပါ ရပ်ကွက်အတွင်းရှိသူ၏သူငယ်ချင်းများကို မေးမြန်းစုံစမ်းကြည့်တော့လဲ မည်သူနဲ့မှ အလည်ပတ်မသွားပဲသူတယောက်ထဲ ပျောက်ဆုံးနေတာ တွေ့ရှိပါကအကြောင်းကြားပေးပါ။
09772272076
09402508755
08/04/2026
မန္တလေးမြို့ ယခင် " ပီတိ ကဖေး " ၈၂×၂၉ လမ်းထောင့်နေ (ဦးသိန်းထွန်း+ဒေါ်စီစီမာ )တို့၏ သားကြီး
#မုဟမ္မဒ်ဇုဗိုင်းရ်(ခ) #ကိုဘိုနိုင်ထွန်း
အသက်(၃၉)နှစ် သည်
၈.၄.၂၀၂၆ ဗုဒ္ဓဟူးနေ့ နံနက် (၁း၃၀)မိနစ်အချိန်တွင်
အလ္လာဟ်ရှင်မြတ်အမိန့်တော်ခံယူသွားပါသဖြင့်
၈.၄.၂၀၂၆ ဗုဒ္ဓဟူးနေ့ အစွရ်နမာဇ်ပြီး အချိန်တွင်
ကျောက်ဗလီ မှ အေးရိပ်ငြိမ်မွတ်စလင်မ်ကဘရ်စတန်သို့ ပို့ဆောင် ဒဖွာနာပြီးဖြစ်ပါ‌ေကြာင်းအသိပေးအပ်ပါသည်။
ဝမ်းနည်းကြောင်းသဝဏ်လွှာ 😢
07/04/2026
ဝမ်းနည်းကြောင်းသဝဏ်လွှာ 😢
Address
Between 26th And 27th Street, Between 81st And 82nd Street, Lillah Winn
Mandalay
Alerts
Be the first to know and let us send you an email when မွတ်စ်လင်မ် နာရေး သတင်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share