Win Orthopedic Joint Center

Win Orthopedic Joint Center အရိုး အကြောအဆစ်ပြသာနာများ၊ ကုသမှုနည်းလမ်းများနှင့် ကိုယ်တိုင် ပြုလုပ်နိူင်သော လေ့ကျင့်ခန်းများကို စုစည်း တင်ပြသွားပါမည်

ခါးအောက်ပိုင်းနာကြင်ကိုက်ခဲခြင်းသည် လူအများတွင် မကြာခဏကြုံရသော ပြသာနာဖြစ်လေသည်။ အကြောင်းအမျိုးမျိုးကြောင့် ခါးနာပြသာနာ ဖ...
07/12/2024

ခါးအောက်ပိုင်းနာကြင်ကိုက်ခဲခြင်းသည် လူအများတွင် မကြာခဏကြုံရသော ပြသာနာဖြစ်လေသည်။
အကြောင်းအမျိုးမျိုးကြောင့် ခါးနာပြသာနာ ဖြစ်နိူင်သော်လည်း အများအားဖြင့် ကိုယ်ဟန်နေထိုင်ပုံစံ မမှန်သောကြောင့် ဖြစ်တတ်၏။
အောက်ပါ လွယ်ကူသော လေ့ကျင့်ခန်းများသည် ကျောအောက်ပိုင်း နာကြင်ခြင်းကို သိသိသာသာ သက်သာစေနိူင်ပါသည်။

လက်ဖြံ တံတောင် ကိုက်ခဲနာကြင်ခြင်းသည် အဖြစ်များသော ပြသာနာ တရပ် ဖြစ်လေသည်။  အားကစားလိုက်စားခြင်း၊ Gym ဆော့ကစားခြင်း၊ ထိခို...
14/05/2022

လက်ဖြံ တံတောင် ကိုက်ခဲနာကြင်ခြင်းသည် အဖြစ်များသော ပြသာနာ တရပ် ဖြစ်လေသည်။ အားကစားလိုက်စားခြင်း၊ Gym ဆော့ကစားခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်း၊ အလုပ်ပြင်းပြင်းထန်ထန်လုပ်ခြင်း၊ အလေးအပင် မခြင်းတို့ကြောင့် ဖြစ်ကြပါတယ်။ အမျိုးသမီး အိမ်ထောင်ရှင်မ တို့လည်း အိမ်မှူကိစ္စ စျေးဝယ် စျေးခြင်းဆွဲခြင်းတို့မှ လက်ဖြံ ရောင်နာကြင်ခြင်းဖြစ်ကြရပါတယ်။
ဤစာစုတို့သည် လက်ဖြံရောင် နာကြင်ခြင်း Tennis Elbow ပြသာနာ နားလည် သက်သာစေရန် ရေးသားတင်ပြပါသည်။
ကျန်းမာရေးပညာ ပြန့်ပွါးရန် အလို့ငှာ ဝေမျှ Share လုပ်ခြင်းကို ခွင့်ပြုပါသည်။

လက်ချောင်း (လက်ညှိး)ကပ် ရောဂါသည် လူလတ်ပိုင်း အရွယ်တွင် အဖြစ်များကြ၏။  အမျိုးသမီး၊ ဆီးချိုလူနာ နှင့်အခြားအဆစ်အမြစ် ဆိုင်ရ...
13/06/2020

လက်ချောင်း (လက်ညှိး)ကပ် ရောဂါသည် လူလတ်ပိုင်း အရွယ်တွင် အဖြစ်များကြ၏။ အမျိုးသမီး၊ ဆီးချိုလူနာ နှင့်အခြားအဆစ်အမြစ် ဆိုင်ရာ ရောဂါ ရှိသူများ ပိုဖြစ်တတ်ကြသည်။ လက်သည် ကပ်သွားပြီး ရုတ်တရက် ဆန့်မရတော့သောကြောင့် အလုပ်လုပ်ရာတွင် အဆင်မပြေမှူများ ဖြစ်တတ်၏။ ဤအကြောင်းကို သိရှိနားလည် သဘောပေါက်ရန် အလှိ့ ငှာ တင်ပြလိုက်ပါသည်။

@ ကျန််းမာရေးပညာပေးအတွက် share ခွင့်ပြုပါသည်။

04/08/2019
ခြေဖနောင့် နာခြင်း (Heel pain and plantar fasciitis) သည် မြန်မာနိူင်ငံ တွင်အတွေ့ များသော ပြသာနာ တခုဖြစ်ပြီး အများစု မှာ ...
04/08/2019

ခြေဖနောင့် နာခြင်း (Heel pain and plantar fasciitis) သည် မြန်မာနိူင်ငံ တွင်အတွေ့ များသော ပြသာနာ တခုဖြစ်ပြီး အများစု မှာ ကိုယ်တိုင် သတိပြု လေ့ကျင့်မှူဖြင့် ကောင်းမွန် သက်သာနိူင်ပေသည်
@ share လို့ရပါတယ်

အရိုးပွရောဂါ Osteoporosis သည်  သွေးဆုံးပြီးသားအမျိုးသမီး ( Postmenopausal ) နှင့်အသက်ကြီးသူ အများစုတို့တွင်တွေ့ရှိနိုင်ပ...
03/03/2019

အရိုးပွရောဂါ Osteoporosis သည် သွေးဆုံးပြီးသားအမျိုးသမီး ( Postmenopausal ) နှင့်အသက်ကြီးသူ အများစုတို့တွင်တွေ့ရှိနိုင်ပါသည်။ လူနာအများစုသည် ထူးထူးခြားခြား ရောဂါ လက္ခဏာ မရှိပဲ အလွယ်တကူ အရိုးကျိူးခြင်းဖြစ်ပြီး (ဥပမာ ပေါင်ရင်းရိုး ကျောရိုးကျိုးခြင်း) ထိုမှတဆင့် နောက်ထပ် ဆိုးဝါးသော နောက်ဆွဲဆက် ပြသာနာများဖြစ်လာတတ်ကြ၏။ ကာကွယ်နိုင်ရန်အလို့ငှာ ဤရောဂါအကြောင်းကို စုစည်းတင်ပြလိုက်ပါသည်။

လက်မောင်း ကြပ်ခဲ ရောဂါ (Frozen shoulder: Adhesive Capsulitis)  ကြောင့် ပုခုံးဆစ် လက်မောင်း နာကျင်ကိုက်ခဲပြီး လှူပ်ရှားမှ...
28/02/2019

လက်မောင်း ကြပ်ခဲ ရောဂါ (Frozen shoulder: Adhesive Capsulitis) ကြောင့် ပုခုံးဆစ် လက်မောင်း နာကျင်ကိုက်ခဲပြီး လှူပ်ရှားမှူ ခက်ခဲနေသူ တို့အတွက် အကျိုးရှိနိုင် သော လေ့ကျင့်ခန်းများကို စုစည်း တင်ပြလိုက်ပါသည်။
မပြုလုပ်မီ ရေနွေး ကပ်ပြီး (၁၅-၂၀ မိနစ်ခန့်)လုပ်ဆောင်ပါက ပိုမို ထိရောက်နိုင်ပါသည်။
ပုခုံးလှူပ်ရှားမှူ ခက်ခဲခြင်းတို့မှ သက်သာပျောက်ကင်းကြပါစေ.....😊😊😊

အသက်ကြီးသူအတွက် ဒူးဆစ်အရိုးနုပါး၍ ဒူးနာခြင်း နာကျင်မှု လျော့နည်းစေမည့် လွယ်ကူထိရောက်သော လေ့ကျင့်ခန်းများ။မပြုလုပ်မီ  ၁၅ ...
10/01/2019

အသက်ကြီးသူအတွက် ဒူးဆစ်အရိုးနုပါး၍ ဒူးနာခြင်း နာကျင်မှု လျော့နည်းစေမည့် လွယ်ကူထိရောက်သော လေ့ကျင့်ခန်းများ။
မပြုလုပ်မီ ၁၅ မိနစ် ရေနွေးကပ် ပြီးမှ လုပ်ပါက ပိုထိရောက်နိုင်ပါသည်။
2019/1/10

08/01/2019

ပခုံးဆုံလည်ကြွက်သား ကြီးမားစွာ ပြဲနေသည်ကို ပခုံးအဆစ်တွင်းမှန်ပြောင်းဖြင့် ကုသခြင်းဗီဒီယို (တည်းဖြတ်ပြီး)
Arthroscopic repair of massive rotator cuff tear

“ ပခုံးအဆစ် ဆုံလည်ကြွက်သားပြဲခြင်း Shoulder Rotator Cuff Tear”  သည် ပခုံးနာခြင်း ပခုံးလှုပ်မရခြင်း ညဖက် နာကျင် ကိုက်ခဲခြ...
08/01/2019

“ ပခုံးအဆစ် ဆုံလည်ကြွက်သားပြဲခြင်း Shoulder Rotator Cuff Tear” သည်
ပခုံးနာခြင်း ပခုံးလှုပ်မရခြင်း ညဖက် နာကျင် ကိုက်ခဲခြင်း ပုခုံးလက်မောင်း အားမရှိ သလို ဖြစ်ခြင်းတို့၏အဖြစ်များသောအကြောင်းရင်းတခုဖြစ်၏။ အသက် ၅၀ နှင့်အထက်တွင် အဖြစ်အများတတ်ကြ၏။ ဖြစ်ပွားနိုင်မှူ မှာ ၂၀ ရာခိုင်နူန်းထိရှိ၏။ မဆိုးဝါးမှီကုသပါက အလုံးစုံပျောက်ကင်းသက်သာနိုင်ပေသည်။ ကြီးမားသော ကြွက်သား ပြဲခြင်းသည် ကုသရခက်ပြီး နာလန်ထ ကာလ သည် ရှည်ကြာတတ်လေသည်။
ယင်းရောဂါအကြောင်းနှင့် ကြီးမားသော ပုခုံးဆုံလည်ကြွက်သားပြဲခြင်းကို အဆစ်တွင်းမှန်ပြောင်းဖြင့် ကုသခြင်းဗီဒီယိုကို တည်းဖြတ်တင်ပြလိုက်ပါသည်။

အသက် ၅၀ နောက်ပိုင်း တွင် ၂၅% သောသူတို့သည် ဒူးနာခြင်း ပြသာနာနှင့်ကြုံတတ်လေ၏။   ဒူးအဆစ်ရိုးနုရောင်ရမ်းခြင်း ၊ ဒူးဆစ်အရိုးန...
18/11/2018

အသက် ၅၀ နောက်ပိုင်း တွင် ၂၅% သောသူတို့သည် ဒူးနာခြင်း ပြသာနာနှင့်ကြုံတတ်လေ၏။ ဒူးအဆစ်ရိုးနုရောင်ရမ်းခြင်း ၊ ဒူးဆစ်အရိုးနု ပါးခြင်းသည် ဒူးနာခြင်း၏ အဓိက အကြောင်းရင်းဖြစ်လေ၏။
ဒူးဆစ်အရိုးနုပါးခြင်း နှင့် ယိုယွင်းပျက်ဆီးခြင်းနှင့်ကုသခြင်းအကြောင်းကို တင်ပြလိုက်ပါသည်။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

24th September, 2018လက်မောင်းပခုံး ကြပ်အေးခဲရောဂါ အကြောင်းတစေ့တစောင်း Frozen Shoulder or Adhesive Capsulitisလက်မောင်းနှင...
24/09/2018

24th September, 2018
လက်မောင်းပခုံး ကြပ်အေးခဲရောဂါ အကြောင်းတစေ့တစောင်း
Frozen Shoulder or Adhesive Capsulitis
လက်မောင်းနှင့်ပခုံး နာခြင်း ပခုံးလှူပ်လျှင်နာခြင်း လှူပ်မကောင်းခြင်း သည် အဖြစ်များသော ပြသာနာဖြစ်လေသည်။ ၂-၄ ရာခိုင်နူန်းသော သူတို့တွင် ဖြစ်နိုင်၏။ အမျိုးသမီးတို့တွင် ဖြစ်များလေ၏။

Address

Yangon Grand Hantha General Hospital , Mandalay Mandalay Hospital
Mandalay

Alerts

Be the first to know and let us send you an email when Win Orthopedic Joint Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category