30/10/2025
                                            🍋လွယ်ကူထိရောက်သော "သံပုရာသီး "ယတြာအစွမ်း🍋
🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋
🍋လူအတော်များများဟာ
ညမှောင်မှောင် အပြင်ထွက်သောအခါမျိုးမှာ အတိုက်အခံ အန္တရာယ်များကြားသွားသောအခါ အချို့သူတွေသံပုရာသီး လေးတစ်လုံးကိုအ
ဆောင်အဖြစ် ဆောင်သွားလေ့ရှိတာ သိကြမယ်ထင်ပါတယ်..။
🍋သံပုရာသီးဟာ အတိုက်အခံကိစ္စ ကျန်းမာရေးအညံ့ကိစ္စ ပယောဂအတိုက်ကိစ္စတို့ကို ပြေပျောက်စေဖို့ ဓာတ်ရိုက်ယတြာ တစ်ခုဖြစ်ပါတယ် ။ ဒီဓာတ်သဘောဟာ အညံ့တွေကို အကောင်းဘက်သို့ပြန်လှည့်စေတဲ့ ယတြာပါ ။
🍋အလုပ်ရှာ၍ ခတ်ခဲနေသောသူများ အလုပ်အမြန်ရလိုပါက ..
🍋သံပုရာသီး ချောချော လှလှ အနာအစာ ကင်းကင်း တစ်လုံးကို (၄)စိပ် စိပ်ပါ။လမ်းစုံလေးခွ နေရာတစ်ခုကိုသွား၍  သံပုရာသီး တစ်စိပ်စီကို  လမ်းတဘက်တွင် တစ်စိပ်အား ပစ်ပါ ။
🍋သံပုရာသီး လမ်းတစ်ခုဘက်ကို တစ်စိပ်အား ပစ်တိုင်း သင့်တော်ရာ အလုပ်တစ်ခု အမြန်ရပါစေဟု စိတ်က နစ်၍ ယုံယုံကြည်ကြည်နှင့် ဆုတောင်းပါ။
ဒီ သံပုရာသီးစိပ်ပြစ်သော ယတြာကို တစ်နေ တစ်ကြိမ်(၇)ရက်တိတိပြုလုပ် ရပါမယ် ။ တချို့လူများတွင် (၇)ရက်မပြည့်ခင်အလုပ်ရသည်ဟုဆိုပါတယ်။ အလုပ်ရသွားလည်း(၇)ရက်ပြည့်အောင်ဆက်၍ ပြုရပါ့မယ်။ ဒါမှသာကောင်းသောအလုပ်ရ၍ အလုပ်မြဲပါလိမ့်မည်။
🍋နောက်တစ်ခု ကျန်းမာရေးမကောင်းပါက အမြန်သက်သာစေရန် (သို့မဟုတ်) အပြိုင်ဆိုင်အတိုက်ခိုက်များနေပါက အနိုင်ရစေရန် အတွက်
🍋မိမိနေအိမ်ရှိ အိမ်သာထဲ ထောင့်တစ်ထောင့်မှာ စိက် အညံ့ပျောက်စေရန် တွက် ငါဒဏ်နင်ခံဟု စိတ်ကဆုတောင်း၍ သံပုရာသီး တစ်လုံးအား ပစ်ထားပါ ။
🍋မိမိမှာ အလွန်အတိုက်အခိုက် ရန်သူများနေလျှင် သံပုရာသီး ကအမြန် ပုတ်သွားတာ (သို့မဟုတ်) ခြောက်သွားတာမျိုးဖြစ်သွားပါလိမ့်မယ်။ မိမိပစ်ထားသော
🍋သံပုရာသီး ပုတ်သွား (သို့မဟုတ်) ခြောက်သွား ပါက သံပုရာသီး တစ်လုံးအသစ်ထပ်၍ပစ်ထားပါ ။ သံပုရာသီး အတော်နဲ့ မခြောက်တော့ဘဲ မပုတ်တော့ဘဲ အချိန်ကြာကြာ စိမ်းနေပါက ထပ်မံလုပ်ရန်မလိုတော့ပါ အညံ့ အတိုက်အခိုက်များ ပျောက်သွားပါလိမ့်မည်။ 
🍋ခရီးသွားလိုပါကလည်း လမ်းခရီအန္တရာယ်ကင်းစေရန်အတွက် ငါဒဏ်နင်ခံဟု စိတ်ကဆုတောင်း၍ သံပုရာသီး တစ်လုံးအား ပစ်ထားခဲ့နိုင်ပါတယ်။
သတိပြုရန်
************
👉မှတ်ချက်👉ယတြာပြုလုပ်ရန်ဝယ်လာသော သံပုရာသီး ပြုလုပ်ပြီးသော သံပုရာသီးကို မစားရပါဘူး။ ခရီးအတွက်စောင်သွားသော သံပုရာသီးအားလည်းမစားရပါဘူး။ စားမိပါက အခိုက်များဖြစ်စေ၍ ပို၍ပင်ဒုက္ခကြုံတွေ့ရတက်ပါတယ်။
ဒီယတြာလေးကတော့...
***********************
🍋အလွန်လွယ်ကူရိုးရှင်းပြီး အလွန်ထိရောက်သော  ယတြာဖြစ်ပါတယ်။ ပြုလုပ်ရတာ လွယ်ကူလို့ (၇)ရက်သားသမီးများအတွက် မေတ္တာဖြင့် ရေးသားမျှဝေလိုက်ပါတယ်..။
(၇) ရက်သားသမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ 🙏🙏🙏
🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋🍋
🙏သင်၏ ယုံကြည်မှု စစ်မှန်ပါက 
    ဆရာပေးသော ယတြာဖြင့် သိသာ 
    ထင်ရှားစွာ အောင်မြင်ပါစေသား။🙏
🙏ပညာကိုလေးစားပါက အများသိအောင် post ကို like share လုပ်လို့ရပါတယ် ဗေဒင်နဲ့ပက်သတ်သောအကြောင်းရာများ အမြဲဖတ်လိုပါက accကိုfollowလုပ်ထားနိုင်ပါတယ်🙏
🌍(၇)ရက်သားသမီးမိတ်ဆွေများအားလုံး အဆင်ပြေပါစေ ........
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
🙏သင်ဆရာ မြင်ဆရာ ကြားဆရာများအား                                                               အစဉ်ရှိခိုးဦးခိုက်လျက်🙏
🔯ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက်🔯
   🕉ဗေဒင်နှင့် ယတြာအစီအရင်ပညာရှင်🕉
              🌞 ဆရာကောင်းခန့် 🌞
     📱09-402767193(viber)📱09-789957729
👨👩👧👦မိတ်ဆွေများမရှင်းတာရှိရင် နားမလည်တာရှိရင် ဆရာ ကို ဖုန်း📱09402767193(viber)ဆက်သွယ်မေးမြန်းနိုင်ပါသည်။👨👩👧👦
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️