အေးသုခဆေးရုံ - Aye Thu Kha Hospital

အေးသုခဆေးရုံ - Aye Thu Kha Hospital ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ “အေးသုခ”သာ လှမ်းခဲ့ပါ။

Join Our Team!အေးသုခဆေးရုံတွင်အောက်ဖော်ပြပါ ရာထူးများအတွက်ဝန်ထမ်းအလိုရှိပါသည်။Pharmacy Assistant – 1 PostJunior Inventor...
23/07/2025

Join Our Team!

အေးသုခဆေးရုံတွင်အောက်ဖော်ပြပါ ရာထူးများအတွက်ဝန်ထမ်းအလိုရှိပါသည်။

Pharmacy Assistant – 1 Post
Junior Inventory Controller – 1 Post

လျှောက်ထားလိုသူများသည် hr@mingalarhospitals.com သို့ ပေးပို့လျှောက်ထားနိုင်ပြီး၊ လူကိုယ်တိုင်လာရောက်လျှောက်ထားလိုသူများသည် အေးသုခဆေးရုံ ဧည့်ကြိုဌာနသို့ပေးပို့လျှောက်ထားနိုင်ပါကြောင်း နှင့် တခြားသိရှိလိုသောအကြောင်းအရာများကို အောက်ပါဖုန်းနံပါတ်သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။

☎️ 09-79197703

အောက်ပါအချက်အလက်များကို ပူးတွဲ၍ တင်ပေးပါရန်။

(၁) ကိုယ်ရေးရာဇဝင် အကျဉ်း (CV) – (၁) စောင်
(၂) နှစ်လအတွင်း ရိုက်ကူးထားသော ဓာတ်ပုံ - (၁)ပုံ ပတ်စ်ပို့ဓာတ်ပုံ
(၃) နိုင်ငံသားစီစစ်ရေးကဒ် မိတ္တူ - (၁) စောင်
(၄) အိမ်ထောင်စုဇယား မိတ္တူ - (၁) စောင်
(၅) ပညာအရည်အချင်း မိတ္တူ - (၁) စောင်

အေးသုခဆေးရုံ
လိပ်စာ - အမှတ် (၃၉၃)၊ လမ်း ၈၀၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား၊ မန္တလေးမြို့။

🌎💙 World Kidney Day 2025 💙🌎၂၀၂၅ခုနှစ်တွင် ကျရောက်သော ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့၏ ဆောင်ပုဒ်မှာ "Are Your Kidneys OK? Detect ...
13/03/2025

🌎💙 World Kidney Day 2025 💙🌎

၂၀၂၅ခုနှစ်တွင် ကျရောက်သော ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့၏ ဆောင်ပုဒ်မှာ
"Are Your Kidneys OK? Detect early, protect kidney health." သင့်၏ကျောက်ကပ်ကျန်းမာရေးကောင်းပါသလား? ကျောက်ကပ်ရောဂါကို စောလျင်စွာရှာဖွေပြီးကျောက်ကပ်ကျန်းမာရေးကိုကာကွယ်ကြရန် တိုက်တွန်းထားခြင်းဖြစ်ပါတယ်.

ကျောက်ကပ်ကျန်းမာရေးကို ကာကွယ်ရန်အောက်ပါအချက်များအား ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်….
✅ ရေဓာတ်ကို ပြည့်ဝစွာဖြည့်တင်းပါ 💧
✅ ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက်များကိုစားပါ 🥦🍎
✅ လေ့ကျင်းခန်းကိုပုံမှန်ပြုလုပ်ပါ 🏃‍♂️
✅ ကျောက်ကပ်ကျန်းမာရေးကိုပုံမှန်စစ်ဆေးပါ 🏥

🌕တပေါင်းလပြည့်နေ့ နေ့ထူးနေ့မြတ်တွင် မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး လိုအင်ဆန္ဒအားလုံးပြည့်ဝပါစ...
13/03/2025

🌕တပေါင်းလပြည့်နေ့ နေ့ထူးနေ့မြတ်တွင် မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး လိုအင်ဆန္ဒအားလုံးပြည့်ဝပါစေကြောင်း အေးသုခဆေးရုံမိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့် 🙏🙏🙏
#တပေါင်းလပြည့်နေ့

(၇၈)နှစ်မြောက် "ပြည်ထောင်စုနေ့"၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် “ပြည်ထောင်စုန...
12/02/2025

(၇၈)နှစ်မြောက် "ပြည်ထောင်စုနေ့"
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် “ပြည်ထောင်စုနေ့" အား အေးသုခဆေးရုံမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ “အေးသုခ”သာ လှမ်းခဲ့ပါ…

☎09750095825, 02-4021422, 02-4035066
🏥အေးသုခဆေးရုံ
လိပ်စာ - အမှတ် (၃၉၃)၊ လမ်း ၈၀၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား၊ မန္တလေးမြို့။

🧅ကင်ဆာရောဂါဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသော   ရောဂါတစ်ခုဖြစ်ပါတယ်။ 🧅အထူးသဖြင့် ရင်သားကင်ဆာသည် ကမ္ဘာတစ်ဝှမ်းရှိ အမျို...
16/01/2025

🧅ကင်ဆာရောဂါဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသော ရောဂါတစ်ခုဖြစ်ပါတယ်။

🧅အထူးသဖြင့် ရင်သားကင်ဆာသည် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများကို အန္တရာယ်ပေးနိုင်သော ကြောက်စရာရောဂါဖြစ်ပါတယ်။

🧅အမျိုးသမီးများတွင် ရင်သားကင်ဆာကြောင့် သေဆုံးတဲ့အထိရှိသော်လည်း ရောဂါအစောပိုင်းအဆင့်တွင်သိရှိပြီး ကုသနိုင်ပါက ပျောက်ကင်းနိုင်သော အခြေအနေဖြစ်ပါတယ်။

🧅ရင်သားကင်ဆာဝေဒနာရှင်များတွင် ရောဂါအစောပိုင်းအဆင့်၌ မည်သည့်လက္ခဏာမျှ ပြမည်မဟုတ်ပါ။

🧅သို့သော် ရင်သား သို့မဟုတ် ဂျိုင်းအောက်တွင် နာသော သို့မဟုတ် မနာဘဲရှိသော အဖုအကျိတ်ကို စမ်းသပ်တွေ့ရှိရနိုင်ပါတယ်။

🧅အမျိုးသမီးအများစုသည် ထိုလက္ခဏာများကို ပုံမှန်ဟုသတ်မှတ်ကာ လျစ်လျူရှု တတ်ကြသည်။

🧅ထို့ကြောင့် မည်သည့်ကုသမှုကိုမှ မခံယူမီ ရင်သားကင်ဆာ၏ နောက်ဆုံး အဆင့်သို့ ရောက်ကာ နောက်ဆက်တွဲကုသမှု အောင်မြင်နိုင်ခြေကို ထိခိုက်စေပါတယ်။

📌ရင်သားကင်ဆာဖြစ်နိုင်ချေ ဟုယူဆရသော အောက်ပါ လက္ခဏာများကို အမျိုးသမီးများ အပါအဝင် လူကြီးမင်းတို့၏ ချစ်ခင်ရပါသော မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများအား လွယ်ကူစွာဝေမျှနိုင်စေရန် ပုံနှင့်တကွဖော်ပြလိုက်ရပါတယ်ရှင်...

ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ “အေးသုခ”သာ လှမ်းခဲ့ပါ…

☎09750095825, 02-4021422, 02-4035066
🏥အေးသုခဆေးရုံ
လိပ်စာ - အမှတ် (၃၉၃)၊ လမ်း ၈၀၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား၊ မန္တလေးမြို့။






🧡နှလုံးဟာ တစ်နေ့ထဲမှာပျမ်းမျှ အကြိမ် ၁၀၀,၀၀၀ ခုန်ပြီး သွေးကိုခန္ဓာကိုယ်တစ်ခုလုံးသို့ပို့ဆောင်ပေးပါတယ်။🧡သွေးတွင်းရှိ အောက...
13/01/2025

🧡နှလုံးဟာ တစ်နေ့ထဲမှာပျမ်းမျှ အကြိမ် ၁၀၀,၀၀၀ ခုန်ပြီး သွေးကိုခန္ဓာကိုယ်တစ်ခုလုံးသို့ပို့ဆောင်ပေးပါတယ်။

🧡သွေးတွင်းရှိ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို ကိုယ်အင်္ဂါပေါင်းစုံသို့ ပို့ဆောင်ရုံသာမက အဆိပ်အတောက်များကို ဖယ်ရှားပေးရန်လည်း နှလုံးရဲ့တာဝန်ဖြစ်ပါတယ်။

🧡နှလုံးကျန်းမာရေးအတွက် နေ့စဉ်ကျင့်သုံးသင့်သော အလေ့အထ ၅ ချက် အကြောင်းကို လူကြီးမင်းတို့၏ ချစ်ခင်ရပါသော မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများအား လွယ်ကူစွာဝေမျှနိုင်စေရန် ပုံနှင့်တကွဖော်ပြလိုက်ရပါတယ်ခင်ဗျာ…

✅အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး ဆွေးနွေးလိုပါက ကုသလိုပါက ကျန်းမာရေးစစ်ဆေးလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ…

ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ “အေးသုခ”သာ လှမ်းခဲ့ပါ…

☎09750095825, 02-4021422, 02-4035066
🏥အေးသုခဆေးရုံ
လိပ်စာ - အမှတ် (၃၉၃)၊ လမ်း ၈၀၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား၊ မန္တလေးမြို့။






ပြာသိုလပြည့် (အမေများနေ့)❄️အမေဆိုတာ...❄️စကားလုံးတွေနဲ့ ထုဆစ်ဖို့...❄️မလုံလောက်တဲ့ ကောင်းကင်ကြီးပါ...ကမ္ဘာပေါ်ရှိ အမေများ...
13/01/2025

ပြာသိုလပြည့် (အမေများနေ့)

❄️အမေဆိုတာ...
❄️စကားလုံးတွေနဲ့ ထုဆစ်ဖို့...
❄️မလုံလောက်တဲ့ ကောင်းကင်ကြီးပါ...

ကမ္ဘာပေါ်ရှိ အမေများအားလုံး ကျန်းကျန်းမာမာနဲ့ အသက်ရှည် အနာကင်းမဲ့စွာ နေထိုင်နိုင်ပါစေလို့ "အေးသုခဆေးရုံ" မှ ဆုတောင်းမင်္ဂလာပြုလိုက်ပါတယ်ခင်ဗျာ...🙏🏻🙏🏻🙏🏻

ခုချက်ချင်းပဲ အိမ်က မေမေကို အရမ်းချစ်တယ် လို့ လှမ်းပြောလိုက်တော့နော်...🧡

အရမ်းချစ်တယ် မေမေ...🧡

#အမေများနေ့
#ပြာသိုလပြည့်နေ့

❄Coronary Artery Calcification❄ (နှလုံးသွေးလွှတ်ကြောများတွင် ကယ်ဆီယမ်များ စုပုံလာခြင်း)🤔နှလုံးထဲမှာ ကယ်လ်စီယမ်အနည်တွေ ဘာ...
10/01/2025

❄Coronary Artery Calcification❄

(နှလုံးသွေးလွှတ်ကြောများတွင် ကယ်ဆီယမ်များ စုပုံလာခြင်း)

🤔နှလုံးထဲမှာ ကယ်လ်စီယမ်အနည်တွေ ဘာကြောင့် စုပုံလာသလဲ?

🔸ကယ်လ်စီယမ်အနည်များကို နှလုံးသွေးလွှတ်ကြောနံရံများ၊ နှလုံးအဆို့ရှင် သို့မဟုတ် နှလုံးအမြှေးဖုံး တို့တွင် တွေ့နိုင်သည်။

🔸နှလုံးသွေးလွှတ်ကြောများတွင် ကယ်ဆီယမ်များ စုပုံလာခြင်းသည် ပြင်းထန်သော အခြေအနေဖြစ်သည်။

🔸Coronary Artery Calcification သည် နှလုံးရောဂါလက္ခဏာများ မထင်ရှားခင် နှစ်အကြာကြီး ဖြစ်ပေါ်လာသည့် ယိုယွင်းလာသော ဖြစ်စဉ်တစ်ခုဖြစ်သည်။

🔸လေ့လာတွေ့ရှိချက်အရ ဆီးချို၊ သွေးတိုး၊ ကိုလက်စထရောတက်ခြင်း သို့မဟုတ် ဆေးလိပ်သောက်ခြင်းကြောင့် စုပုံလာသောကယ်လ်ဆီယမ်ပမာဏဖြင့် နှလုံးသွေးကြောကျဥ်းရောဂါကို ကြိုတင်ခန့်မှန်းနိုင်သည်။

🔸နှလုံးသွေးလွှတ်ကြော ကယ်ဆီယမ်ဓာတ်များသောသူများသည် သွေးလွှတ်ကြောများအတွင်း သွေးစီးဆင်းမှု ရုတ်တရက် ပိတ်ဆို့ခြင်းကြောင့် နှလုံးကြွက်သားများအောက်ဆီဂျင်မရ၍ ပျက်စီးသေဆုံးခြင်း Heart attacks (myocardial infarction) ဖြစ်နိုင်ခြေ ပိုများပါသည်။

✅နှလုံးသွေးလွှတ်ကြောများတွင် ကယ်ဆီယမ်များ စုပုံလာခြင်း အကြောင်းကို လူကြီးမင်းတို့၏ ချစ်ခင်ရပါသော မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများအား လွယ်ကူစွာဝေမျှနိုင်စေရန် ပုံနှင့်တကွဖော်ပြလိုက်ရပါတယ်ခင်ဗျာ…

✅နှလုံးသွေးကြော ကယ်လ်စီယမ်ဓာတ်မှန်ရိုက်ခြင်း နှင့်ပတ်သက်ပြီး ဆွေးနွေးလိုပါက ကုသလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ…

ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ “အေးသုခ”သာ လှမ်းခဲ့ပါ…

☎09750095825, 02-4021422, 02-4035066
🏥အေးသုခဆေးရုံ
လိပ်စာ - အမှတ် (၃၉၃)၊ လမ်း ၈၀၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား၊ မန္တလေးမြို့။






🇲🇲လွတ်လပ်ရေးနေ့ တို့မမေ့🇲🇲📌ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို မိဘပြည်သူများနှင့်အတူ အ...
03/01/2025

🇲🇲လွတ်လပ်ရေးနေ့ တို့မမေ့🇲🇲

📌ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို မိဘပြည်သူများနှင့်အတူ အေးသုခဆေးရုံမှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ခင်ဗျာ...

ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ “အေးသုခ”သာ လှမ်းခဲ့ပါ…

☎09750095825, 02-4021422, 02-4035066
🏥အေးသုခဆေးရုံ
လိပ်စာ - အမှတ် (၃၉၃)၊ လမ်း ၈၀၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား၊ မန္တလေးမြို့။




𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟓! 🎊🍾𝐀𝐬 𝐰𝐞 𝐬𝐭𝐞𝐩 𝐢𝐧𝐭𝐨 𝐚 𝐛𝐫𝐚𝐧𝐝-𝐧𝐞𝐰 𝐲𝐞𝐚𝐫, 𝐰𝐞 𝐰𝐢𝐬𝐡 𝐚𝐥𝐥 𝐨𝐮𝐫 𝐩𝐚𝐭𝐢𝐞𝐧𝐭𝐬, 𝐬𝐭𝐚𝐟𝐟, 𝐚𝐧𝐝 𝐬𝐮𝐩𝐩𝐨𝐫𝐭𝐞𝐫𝐬 𝐚 𝐲𝐞𝐚𝐫 𝐟𝐢𝐥𝐥𝐞𝐝 𝐰...
31/12/2024

𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟓! 🎊

🍾𝐀𝐬 𝐰𝐞 𝐬𝐭𝐞𝐩 𝐢𝐧𝐭𝐨 𝐚 𝐛𝐫𝐚𝐧𝐝-𝐧𝐞𝐰 𝐲𝐞𝐚𝐫, 𝐰𝐞 𝐰𝐢𝐬𝐡 𝐚𝐥𝐥 𝐨𝐮𝐫 𝐩𝐚𝐭𝐢𝐞𝐧𝐭𝐬, 𝐬𝐭𝐚𝐟𝐟, 𝐚𝐧𝐝 𝐬𝐮𝐩𝐩𝐨𝐫𝐭𝐞𝐫𝐬 𝐚 𝐲𝐞𝐚𝐫 𝐟𝐢𝐥𝐥𝐞𝐝 𝐰𝐢𝐭𝐡 𝐠𝐨𝐨𝐝 𝐡𝐞𝐚𝐥𝐭𝐡, 𝐡𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬, 𝐚𝐧𝐝 𝐩𝐞𝐚𝐜𝐞.

🍾𝐓𝐡𝐚𝐧𝐤 𝐲𝐨𝐮 𝐟𝐨𝐫 𝐭𝐫𝐮𝐬𝐭𝐢𝐧𝐠 𝐮𝐬 𝐰𝐢𝐭𝐡 𝐲𝐨𝐮𝐫 𝐜𝐚𝐫𝐞 𝐚𝐧𝐝 𝐰𝐞𝐥𝐥-𝐛𝐞𝐢𝐧𝐠.

🍾𝐒𝐭𝐚𝐲 𝐡𝐞𝐚𝐥𝐭𝐡𝐲, 𝐬𝐭𝐚𝐲 𝐡𝐚𝐩𝐩𝐲, 𝐚𝐧𝐝 𝐥𝐞𝐭’𝐬 𝐰𝐞𝐥𝐜𝐨𝐦𝐞 𝐭𝐡𝐢𝐬 𝐲𝐞𝐚𝐫 𝐰𝐢𝐭𝐡 𝐰𝐚𝐫𝐦𝐭𝐡 𝐚𝐧𝐝 𝐣𝐨𝐲!


အိပ်ရာပေါ်လှဲနေသော နာတာရှည် လူနာများကို ပြုစုစောင့်ရှောက်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများအား ကာကွယ်ခြင်း👨🏻‍⚕️👩🏻‍⚕️🔸ခန္ဓာက...
20/12/2024

အိပ်ရာပေါ်လှဲနေသော နာတာရှည် လူနာများကို ပြုစုစောင့်ရှောက်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများအား ကာကွယ်ခြင်း👨🏻‍⚕️👩🏻‍⚕️

🔸ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ချို့ သို့မဟုတ် ခန္ဓာကိုယ်တစ်ခုလုံး လေဖြတ်၍ အိပ်ရာထဲတွင် လှဲနေသော လူနာများသည် အိပ်ရာနာများ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် အဆုတ်ပိုးဝင်ခြင်းကဲ့သို့ နောက်ဆက်တွဲ ပြဿနာများ ခံစားရနိုင်ပါတယ်။

🔸အိပ်ရာပေါ်လှဲနေသော လူနာများအား နောက်ဆက်တွဲ ပြဿနာများ မဖြစ်ပွားစေရန် ဆရာဝန်၏ညွှန်ကြားချက်အတိုင်း ကျန်းမာရေးနှင့်ညီညွတ်သော သွေးပေါင်ချိန်ကို ထိန်းညှိခြင်း၊ ခန္ဓာကိုယ်အပူချိန်နှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိခြင်းဖြင့် ပြုစုစောင့်ရှောက်မှုပေးနိုင်ပါတယ်။

🔸အိပ်ရာပေါ်လှဲနေသော နာတာရှည် လူနာများကို ပြုစုစောင့်ရှောက်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများအား ကာကွယ်ခြင်း အကြောင်းကို လူကြီးမင်းတို့၏ ချစ်ခင်ရပါသော မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများအား လွယ်ကူစွာဝေမျှနိုင်စေရန် ပုံနှင့်တကွဖော်ပြလိုက်ရပါတယ်ခင်ဗျာ…

✅အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး ဆွေးနွေးလိုပါက ကုသလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ…

ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ “အေးသုခ”သာ လှမ်းခဲ့ပါ…

☎09750095825, 02-4021422, 02-4035066
🏥အေးသုခဆေးရုံ
လိပ်စာ - အမှတ် (၃၉၃)၊ လမ်း ၈၀၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား၊ မန္တလေးမြို့။






-riddenpatients

သတိပြုစရာ ကာလဝမ်းရောဂါ 🤒🍊ကာလဝမ်းရောဂါဆိုတာ အများအားဖြင့် မသန့်ရှင်းသောရေမှတစ်ဆင့် ကူးစက်တတ်သော ဘက်တီးရီးယားရောဂါတစ်မျိုး...
13/12/2024

သတိပြုစရာ ကာလဝမ်းရောဂါ 🤒

🍊ကာလဝမ်းရောဂါဆိုတာ အများအားဖြင့် မသန့်ရှင်းသောရေမှတစ်ဆင့် ကူးစက်တတ်သော ဘက်တီးရီးယားရောဂါတစ်မျိုး ဖြစ်ပါတယ်။

🍊ကာလဝမ်းရောဂါဖြစ်လျှင် ပြင်းထန်ဝမ်းလျှောခြင်းနှင့် ရေဓာတ်ဆုံးရှုံး ခြင်းကို ဖြစ်စေနိုင်ပါတယ်။

🍊ကာလဝမ်းရောဂါကို မကုသဘဲထားပါက လူကောင်းပကတိမှ နာရီပိုင်းအတွင်းပင် သေဆုံးနိုင်ပါတယ်။

🍊ကာလဝမ်းရောဂါဟာ အလွယ်တကူ ကုသနိုင်တဲ့ရောဂါဖြစ်ပါတယ်။

ပြင်းထန်သော ရေဓာတ် ဆုံးရှုံးမှုမှ အသက်အန္တရာယ်ဒုက္ခမပေးရန်အတွက် စျေးသက်သာပြီး အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ ရေဓာတ်ဖြည့် ဓာတ်ဆားရည်များဖြင့် ကာကွယ်လို့ရပါတယ်။

📌ကာလဝမ်းရောဂါအကြောင်းကို လူကြီးမင်းတို့၏ ချစ်ခင်ရပါသော မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများအား လွယ်ကူစွာဝေမျှနိုင်စေရန် ပုံနှင့်တကွဖော်ပြလိုက်ရပါတယ်ခင်ဗျာ…

📌ကာလဝမ်းရောဂါနှင့်ပတ်သက်ပြီး ဆွေးနွေးလိုပါက ကုသလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ…

ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ “အေးသုခ”သာ လှမ်းခဲ့ပါ…

☎09750095825, 02-4021422, 02-4035066
🏥အေးသုခဆေးရုံ
လိပ်စာ - အမှတ် (၃၉၃)၊ လမ်း ၈၀၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား၊ မန္တလေးမြို့။






Address

80 Street, Between 24 Street And 25 Street, Aung Myay Thar Zan Township
Mandalay
05013

Alerts

Be the first to know and let us send you an email when အေးသုခဆေးရုံ - Aye Thu Kha Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အေးသုခဆေးရုံ - Aye Thu Kha Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category