Royal Rose Hospital

Royal Rose Hospital Emergency department, Specialist OPD and Diagnostic centre, Labour rooms,Operation Theatre & ICU care

" 新年快乐 "နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေရှင်  #2026   #တော်ဝင်နှင်းဆီဆေးရုံ   #ဆေးရုံ
16/02/2026

" 新年快乐 "
နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေရှင်


#2026
#တော်ဝင်နှင်းဆီဆေးရုံ
#ဆေးရုံ

"(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အားလေးစားစွာ ဂုဏ်ပြုအပ်ပါသည်" #ပြည်ထောင်စုနေ့     #တော်ဝင်နှင်းဆီဆေးရုံ   #ဆေးရုံ
12/02/2026

"(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အား
လေးစားစွာ ဂုဏ်ပြုအပ်ပါသည်"

#ပြည်ထောင်စုနေ့
#တော်ဝင်နှင်းဆီဆေးရုံ
#ဆေးရုံ

World Cancer Day 2026 : United by Uniqueယနေ့ ၂၀၂၆ ဖေဖော်ဝါရီလ(၄)ရက်နေ့ ဟာ ကမ္ဘာ့ကင်ဆာရောဂါနေ့ ဖြစ်ပါတယ်ဒီနှစ် 2026 အတွက်...
04/02/2026

World Cancer Day 2026 : United by Unique
ယနေ့ ၂၀၂၆ ဖေဖော်ဝါရီလ(၄)ရက်နေ့ ဟာ
ကမ္ဘာ့ကင်ဆာရောဂါနေ့ ဖြစ်ပါတယ်

ဒီနှစ် 2026 အတွက် ဆောင်ပုဒ်ကတော့
United by Unique” ဖြစ်ပါတယ်

ကမ္ဘာတစ်ဝှမ်းက
ကင်ဆာရောဂါခံစားနေရတဲ့ လူနာတိုင်းဟာ
မတူကွဲပြားစွာ အကြောင်းရင်းကိုယ်စီနဲ့
ရုန်းကန်နေကြရပါတယ်။

တချို့သူတွေက
မြန်မြန်ပြန်သက်သာလာနိုင်ကြပေမယ့်
အချို့မှာတော့ ကုသမှုနဲ့ ထောက်ပံ့မှုတွေကို
ပိုပြီးအချိန်ကြာကြာ လိုအပ်ကြပါတယ်။

မိသားစုဝင်တွေ ဆရာဝန်တွေနဲ့
မိတ်ဆွေအပေါင်းသင်းများရဲ့
နွေးထွေးမှု ဂရုစိုက်ပေးမှု ပူးပေါင်းပါဝင်မှုတွေဟာ
လူနာအတွက် ကင်ဆာရောဂါကို ကြံ့ကြံ့ခံနိုင်ဖို့ အားအင်များပဲဖြစ်ပါတယ်။

၂၀၂၆ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့
ကမ္ဘာ့ကင်ဆာရောဂါနေ့ဟာ ကင်ဆာရောဂါကို
ရင်ဆိုင်နေရတဲ့သူတွေကို ထောက်ပံ့ဖို့
ဆုံးရှံးသွားခဲ့ရတဲ့သူတွေကို သတိရဖို့နဲ့
ကင်ဆာရောဂါခံစားနေရသူရဲ့ အနာဂတ်အတွက်
ကျွန်မတို့အားလုံးအတူတကွ လုပ်ဆောင်ကြဖို့
သတိရနေရမယ့် နေ့ရက်တစ်ရက်ပဲ ဖြစ်ပါတယ်ရှင်

တော်ဝင်နှင်းဆီဆေးရုံ(၁) - 32 လမ်း 77x78 ကြား
(09 765 634 922 / 09765 647 566)
တော်ဝင်နှင်းဆီဆေးရုံ(၂) - 77A လမ်း 31x32 ကြား
(09 756 634 951 / 09 756 635 707)
လင်းကမ္ဘာ မျက်စိဆေးရုံ - 77A လမ်း 31x32 ကြား
(09 781 532 777)


#2026

#တော်ဝင်နှင်းဆီဆေးရုံ

မဂ်လာပါရှင် ကျမတို့ရဲ့ တော်ဝင်နှင်းဆီဆေးရုံ မှ‌ယနေ့ မနက်ခင်း မန္တလာသီရိအားကစားကွင်းမှာ"အခြေခံ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ...
28/01/2026

မဂ်လာပါရှင် ကျမတို့ရဲ့ တော်ဝင်နှင်းဆီဆေးရုံ မှ

‌ယနေ့ မနက်ခင်း မန္တလာသီရိအားကစားကွင်းမှာ
"အခြေခံ ကျန်းမာရေးစစ်ဆေးပေးခြင်း၊
ဆီးချိုနှင့်ဂေါက်ရောဂါ အခမဲ့ စစ်ဆေးပေးခြင်း" နှင့်

တရုတ်နှစ်သစ်ကူးအကြို
30% off Medical Check Up
Promotion Package လေးကို မိတ်ဆက်ပေးခဲ့တဲ့
ပုံရိပ်‌လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်..

#တော်ဝင်နှင်းဆီဆေးရုံ #ဆေးရုံ

❄️Merry Christmas to You All 🎄❄️ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ခရစ်စမတ်နေ့မှာ မြန်မာပြည်သူ၊ ပြည်သား အားလုံးကျန်းမာရွှင်လ...
25/12/2025

❄️Merry Christmas to You All 🎄❄️

ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့
ခရစ်စမတ်နေ့မှာ မြန်မာပြည်သူ၊ ပြည်သား အားလုံး
ကျန်းမာရွှင်လန်းကြပါစေကြောင်း တော်ဝင်နှင်းဆီမိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။


#တော်ဝင်နှင်းဆီဆေးရုံ

18/12/2025

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်ဆိုတဲ့ ဆိုရိုးစကားအတိုင်း
ကျန်းမာရေးစစ်ဆေးခြင်းများကို ပုံမှန်စစ်ဆေးပေးခြင်းဖြင့် ကြိုတင်ကာကွယ်ပြီး မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချလိုက်ပါ။

🏨တော်ဝင်နှင်းဆီ ဆေးရုံ (၁)
🚩𝟑𝟐 လမ်း၊ 𝟕𝟕လမ်းနှင့် 𝟕𝟖လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎𝟎𝟗-𝟕𝟔𝟓𝟔𝟑𝟓𝟕𝟎𝟕, 𝟎𝟗-𝟕𝟔𝟓𝟔𝟑𝟒𝟗𝟐𝟏, 𝟎𝟗-𝟗𝟓𝟖𝟖𝟖𝟑𝟖𝟖𝟖, 𝟎𝟗-𝟒𝟒𝟓𝟎𝟗𝟗𝟗𝟗𝟏
🏨တော်ဝင်နှင်းဆီ ဆေးရုံ (၂)
🚩𝟕𝟕(𝐀) လမ်း၊ 𝟑𝟏လမ်းနှင့် 𝟑𝟐လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎𝟎𝟗-𝟕𝟔𝟓𝟔𝟑𝟒𝟗𝟐𝟐, 𝟎𝟗-𝟕𝟔𝟓𝟔𝟒𝟕𝟓𝟔𝟔

#ကြိုတင်ကျန်းမာရေးစစ်ဆေးခြင်း #တော်ဝင်နှင်းဆီဆေးရုံ #တော်ဝင််နှင်းဆီဆေးရုံ၁ #တောင်ဝင်နှင်းဆီဆေးရုံ၂ #တော်ဝင်နှင်းဆီ #

17/12/2025

အသက်ကလေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခိုဆိုတဲ့ ‌ဆိုရိုးစကားအတိုင်း

မြန်မာပြည်ရဲ့ အချက်အချာကျလှတဲ့ မန္တလေးမြို့မှာ ဖွင့်လှစ်ထားတဲ့
ကျွန်မတို့ရဲ့ တော်ဝင်နှင်းဆီဆေးရုံကြီးဟာဆိုရင် မန္တလေးမြို့ ရဲ့ အထင်ကရ ဘူတာကြီးအနားမှာရှိပြီး ရပ်ဝေးရပ်နီးက မိဘပြည်သူများအတွက် ကျန်းမာရေးစစ်ဆေးမှုများကို "တော်ဝင်နှင်းဆီ အထူးကုဆေးရုံကြီးမှာ " ယုံကြည်စိတ်ချစွာ လာရောက်ကုသမှု ခံယူနိုင်ပါတယ်ရှင်။

🏨တော်ဝင်နှင်းဆီ ဆေးရုံ (၁)
🚩𝟑𝟐 လမ်း၊ 𝟕𝟕လမ်းနှင့် 𝟕𝟖လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎𝟎𝟗-𝟕𝟔𝟓𝟔𝟑𝟓𝟕𝟎𝟕, 𝟎𝟗-𝟕𝟔𝟓𝟔𝟑𝟒𝟗𝟐𝟏, 𝟎𝟗-𝟗𝟓𝟖𝟖𝟖𝟑𝟖𝟖𝟖, 𝟎𝟗-𝟒𝟒𝟓𝟎𝟗𝟗𝟗𝟗𝟏

🏨တော်ဝင်နှင်းဆီ ဆေးရုံ (၂)
🚩𝟕𝟕(𝐀) လမ်း၊ 𝟑𝟏လမ်းနှင့် 𝟑𝟐လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎𝟎𝟗-𝟕𝟔𝟓𝟔𝟑𝟒𝟗𝟐𝟐, 𝟎𝟗-𝟕𝟔𝟓𝟔𝟒𝟕𝟓𝟔𝟔

#အသက်ကလေးရယ်တဲ့ရှည်စေလိုမန်းတောင်ရိပ်ခို #တော်ဝင်နှင်းဆီဆေးရုံ #တော်ဝင််နှင်းဆီဆေးရုံ၁ #တောင်ဝင်နှင်းဆီဆေးရုံ၂ #တော်ဝင်နှင်းဆီ

ကာကွယ်လို့ရတဲ့ 𝐀𝐈𝐃𝐒 ရောဂါ 💊𝐇𝐈𝐕/𝐀𝐈𝐃𝐒 ရောဂါဆိုတာ ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာကို နေ့စဉ်နဲ့အမျှခြောက်လန့်နေတဲ့ ရောဂါတ...
15/12/2025

ကာကွယ်လို့ရတဲ့ 𝐀𝐈𝐃𝐒 ရောဂါ 💊

𝐇𝐈𝐕/𝐀𝐈𝐃𝐒 ရောဂါဆိုတာ ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာကို နေ့စဉ်နဲ့အမျှခြောက်လန့်နေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်မှာ 𝐇𝐈𝐕 ရောဂါပိုးစတင်တွေ့ရှိလာပြီဆိုရင် 𝐀𝐈𝐃𝐒 ရောဂါကို ကာကွယ်လို့မရတော့ဘူလား❓

𝐇𝐈𝐕 ရောဂါပိုးဟာ ခုခံအားစနစ်ကိုတိုက်ရိုက်တိုက်ခိုက်ပြီး 𝐀𝐈𝐃𝐒 ရောဂါအဖြစ်ပြောင်းလဲသွားတဲ့အခါ အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။ 𝐇𝐈𝐕 ရောဂါပိုးရှိသူတိုင်းဟာ 𝐀𝐈𝐃𝐒 ရောဂါမရှိနိုင်သလို 𝐀𝐈𝐃𝐒 ရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။ 𝐇𝐈𝐕 ရှိသူတွေဟာ လိုအပ်တဲ့ 𝐀𝐑𝐕 ဆေးဝါးများကို သောက်သုံးခြင်းသင့်ပြီး 𝐀𝐑𝐕 ဆေးဝါးတွေဟာ 𝐇𝐈𝐕 ရောဂါပိုးများကို လျော့ချနိုင်ပြီး 𝐀𝐈𝐃𝐒 ရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်သည်ဆိုတဲ့စကားအတိုင်း 𝐇𝐈𝐕 ရောဂါပိုးမကူစက်အောင် 𝐏𝐄𝐏, 𝐏𝐫𝐞𝐩 စတဲ့ ဆေးဝါးများသောက်သုံးခြင်း လိင်ဆက်ဆံတဲ့အခါ 𝐂𝐨𝐧𝐝𝐨𝐦 အသုံးပြုခြင်း စတဲ့နည်းလမ်းများနှင့်လည်း ကြိုတင်ကာကွယ်နိုင်ပါတယ်။ အကယ်၍ 𝐇𝐈𝐕 ရောဂါရှိလာပြီဆိုရင်လည်း ကျွမ်းကျင်ဆရာဝန်ကြီးများရဲ့ ညွှန်ကြားမှုအောက်မှာ လိုအပ်တဲ့ဆေးဝါးကုသမှုများကို ခံယူရန်လိုအပ်ပြီး ပုံမှန်ကုသမှု ခံယူပါက လူ့သက်တမ်းစေ့ ကျန်းမာစွာနေထိုင်နိုင်ပါတယ်။

🏨တော်ဝင်နှင်းဆီ ဆေးရုံ (၁)
🚩𝟑𝟐 လမ်း၊ 𝟕𝟕လမ်းနှင့် 𝟕𝟖လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎𝟎𝟗 𝟕𝟓𝟔 𝟔𝟒𝟕 𝟓𝟔𝟔, 𝟎𝟗 𝟕𝟔𝟓 𝟔𝟑𝟒 𝟗𝟐𝟏, 𝟎𝟗 𝟕𝟔𝟓 𝟔𝟑𝟒 𝟗𝟐𝟐

🏨တော်ဝင်နှင်းဆီ ဆေးရုံ (၂)
🚩𝟕𝟕(𝐀) လမ်း၊ 𝟑𝟏လမ်းနှင့် 𝟑𝟐လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎𝟎𝟗 𝟔𝟗𝟑 𝟗𝟑𝟑 𝟐𝟎𝟔, 𝟎𝟗 𝟒𝟎𝟗 𝟓𝟖𝟔 𝟔𝟒𝟒

#တော်ဝင်နှင်းဆီဆေးရုံ #တော်ဝင်နှင်းဆီ

အအေးမိနေပြီလား❓ဒီနှစ်ဆောင်းရာသီဟာ အရင်နှစ်တွေကထက် ပိုပြီးအေးတာမလို့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေတင်မကဘဲ လူငယ်လူရွယ်တွေလည...
13/12/2025

အအေးမိနေပြီလား❓

ဒီနှစ်ဆောင်းရာသီဟာ အရင်နှစ်တွေကထက် ပိုပြီးအေးတာမလို့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေတင်မကဘဲ လူငယ်လူရွယ်တွေလည်း အအေးဒဏ်ကို တော်တော်လေးခံစားကြရပါတယ်။
အအေးမိတာက မိုးတွင်းနဲ့ ဆောင်းတွင်းမှာအဖြစ်များပြီး စိုးရိမ်စရာ မကောင်းပေမဲ့ အလုပ်ပျက် အစားပျက်ပြီး နေရထိုင်ရခက်တာမလို့ တော်တော်စိတ်ရှုပ်ဖို့ကောင်းပါတယ်။

အအေးမိခြင်းက ခန္ဓာကိုယ်ထဲကို ပြင်ပက ရောဂါပိုးတွေ ဝင်ရောက်တာကြောင့် ဖြစ်ပွားပြီးတော့ ဆေးဝါးတွေနဲ့တင်မရဘဲ ခုခံအားနဲ့တိုက်ထုတ်ရတဲ့ ရောဂါဖြစ်တဲ့အတွက် အအေးမိပြီဆိုရင် အိမ်မှာ သက်တောင့်သက်သာနားနေပြီး ကုသမှုခံယူရပါတယ်။
အကယ်၍ အအေးမိတာက လူကြီးတွေမှာ ၅ရက်အထက် ကလေးတွေမှာ ၂ ရက်အထက် ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်တွေနဲ့ စမ်းသပ်ပြီး ကုသမှုခံယူသင့်ပါတယ်။

အအေးမိတာက စိုးရိမ်စရာ‌ရောဂါတစ်ခုမဟုတ်ပေမဲ့ အအေးမိရောဂါအခြေအနေ ပိုမိုဆိုးရွားလာပါက ထိပ်ကပ်နာ၊ လေပြွန်ရောင်ခြင်း၊ နမိုးနီးယားစတဲ့ စိုးရိမ်စရာရောဂါတွေဖြစ်လာနိုင်တာမို့ သတိထားသင့်တဲ့ ရောဂါဖြစ်ပါတယ်။
ဒါ့အပြင် အအေးမိခြင်းဟာ ကူးစက်လွယ်တဲ့ရောဂါဖြစ်ပြီး ခုခံအားမကောင်းတဲ့သူတွေမှာ အဖြစ်များတာမို့ ကိုယ်နဲ့နီးစပ်သူတွေမှာ အအေးမိရောဂါပြင်းထန်နေတဲ့သူရှိရင် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ ပြသပြီး ကုသမှုခံတာမျိုး လုပ်သင့်ပါတယ်ရှင်။

🏨တော်ဝင်နှင်းဆီ ဆေးရုံ (၁)
🚩𝟑𝟐 လမ်း၊ 𝟕𝟕လမ်းနှင့် 𝟕𝟖လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎𝟎𝟗 𝟕𝟓𝟔 𝟔𝟒𝟕 𝟓𝟔𝟔, 𝟎𝟗 𝟕𝟔𝟓 𝟔𝟑𝟒 𝟗𝟐𝟏, 𝟎𝟗 𝟕𝟔𝟓 𝟔𝟑𝟒 𝟗𝟐𝟐

🏨တော်ဝင်နှင်းဆီ ဆေးရုံ (၂)
🚩𝟕𝟕(𝐀) လမ်း၊ 𝟑𝟏လမ်းနှင့် 𝟑𝟐လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎𝟎𝟗 𝟔𝟗𝟑 𝟗𝟑𝟑 𝟐𝟎𝟔, 𝟎𝟗 𝟒𝟎𝟗 𝟓𝟖𝟔 𝟔𝟒𝟒

#တော်ဝင်နှင်းဆီဆေးရုံ #တော်ဝင်နှင်းဆီ #တော်ဝင်နှင်းဆီဆေးရုံ၁ #တော်ဝင်နှင်းဆီဆေးရုံ၂ #လင်းကမ္ဘာမျက်စိအထူးကုဆေးရုံ #အအေးမိခြင်း #ဗိုင်းရက်စ် #ရောဂါပိုး #ကုသမှု #အအေးမိရောဂါ #ဆောင်းရာသီ

12/12/2025

တော်ဝင်နှင်းဆီကပေးတဲ့ အနွေးထွေးဆုံးမေတ္တာ🤱

🏨တော်ဝင်နှင်းဆီ ဆေးရုံ (၁)
🚩𝟑𝟐 လမ်း၊ 𝟕𝟕လမ်းနှင့် 𝟕𝟖လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎𝟎𝟗 𝟕𝟓𝟔 𝟔𝟒𝟕 𝟓𝟔𝟔, 𝟎𝟗 𝟕𝟔𝟓 𝟔𝟑𝟒 𝟗𝟐𝟏, 𝟎𝟗 𝟕𝟔𝟓 𝟔𝟑𝟒 𝟗𝟐𝟐
🏨တော်ဝင်နှင်းဆီ ဆေးရုံ (၂)
🚩𝟕𝟕(𝐀) လမ်း၊ 𝟑𝟏လမ်းနှင့် 𝟑𝟐လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎𝟎𝟗 𝟔𝟗𝟑 𝟗𝟑𝟑 𝟐𝟎𝟔, 𝟎𝟗 𝟒𝟎𝟗 𝟓𝟖𝟔 𝟔𝟒𝟒

#တော်ဝင်နှင်းဆီဆေးရုံ #တော်ဝင်နှင်းဆီ #တော်ဝင်နှင်းဆီကပေးတဲ့အနွေးထုံးဆုံးမေတ္တာ #ကလေးမီးဖွား #ရိုးရိုးမွေး #ခွဲမွေး

နွေးထွေးမှု ကြင်နာမှု ဂရုစိုက်မှုများနဲ့ အကောင်းဆုံးဝန်ဆောင်မှု🌹✨နွေးထွေးတဲ့ ပြုစုမှုတွေ ကြင်နာတဲ့ ဖေးမမှုတွေနဲ့အတူ လိုလ...
11/12/2025

နွေးထွေးမှု ကြင်နာမှု ဂရုစိုက်မှုများနဲ့ အကောင်းဆုံးဝန်ဆောင်မှု🌹✨

နွေးထွေးတဲ့ ပြုစုမှုတွေ ကြင်နာတဲ့ ဖေးမမှုတွေနဲ့အတူ လိုလေစိတ်မရှိရလေအောင် အကောင်းဆုံးဂရုစိုက်မှုများနဲ့ အကောင်းဆုံးဝန်ဆောင်မှုများကို ကျွန်မတို့ တော်ဝင်နှင်းဆီဆေးရုံကြီးက ၂၄နာရီပေးအပ်လျက်ရှိပါတယ်ရှင်။

ကျွန်မတို့ရဲ့တော်ဝင်နှင်းဆီဆေးရုံကြီးမှာ အကောင်းဆုံးဝန်ဆောင်မှုများနှင့်အတူ နောက်ဆုံးပေါ်ခေတ်မှီစက်ကိရိယာများဖြင့် ရောဂါစစ်ဆေးကုသမှုများကို လုပ်ဆောင်နိုင်သည့်အပြင် ကျွမ်းကျင်အထွေထွေအထူးကုဆရာဝန်ကြီးများနှင့်လည်း အနီးကပ်စောင့်ရှောက်မှုတွေကို အစဉ်အမြဲအလေးထားပြီး ပေးအပ်နေတဲ့ ဆေးရုံတစ်ရုံဖြစ်ပါတယ်။

ပိတ်ရက်မရှိ ၂၄နာရီ အကောင်းဆုံးဝန်ဆောင်မှုတွေကို ကျောသားရင်သားမခွဲခြားဘဲ အစဉ်တစိုက်အလေးပေးဆောင်ရွက်နေတဲ့ ဆေးရုံတစ်ရုံဖြစ်တဲ့အလျောက် အကောင်းဆုံး နွေးထွေးမှု ကြင်နာမှု ဂရုစိုက်မှုများနဲ့ ဝန်ဆောင်မှုများပေးအပ်လျက်ရှိတာမလို့ ချစ်ခင်ရသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်ကုသမှုများကို ကျွန်မတို့ရဲ့တော်ဝင်နှင်းဆီဆေးရုံကြီးမှာ ယုံကြည်စိတ်ချစွာကုသမှုခံယူနိုင်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။

🏨တော်ဝင်နှင်းဆီ ဆေးရုံ (၁)
🚩𝟑𝟐 လမ်း၊ 𝟕𝟕လမ်းနှင့် 𝟕𝟖လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎𝟎𝟗 𝟕𝟓𝟔 𝟔𝟒𝟕 𝟓𝟔𝟔, 𝟎𝟗 𝟕𝟔𝟓 𝟔𝟑𝟒 𝟗𝟐𝟏, 𝟎𝟗 𝟕𝟔𝟓 𝟔𝟑𝟒 𝟗𝟐𝟐

🏨တော်ဝင်နှင်းဆီ ဆေးရုံ (၂)
🚩𝟕𝟕(𝐀) လမ်း၊ 𝟑𝟏လမ်းနှင့် 𝟑𝟐လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎𝟎𝟗 𝟔𝟗𝟑 𝟗𝟑𝟑 𝟐𝟎𝟔, 𝟎𝟗 𝟒𝟎𝟗 𝟓𝟖𝟔 𝟔𝟒𝟒

#တော်ဝင်နှင်းဆီဆေးရုံ #တော်ဝင်နှင်းဆီ #အကောင်းဆုံးဝန်ဆောင်မှု #ခေတ်မှီစက်ကိရိယာ #ကျန်းမာရေး #ကုသမှု #နွေးထွေးကြင်နာမှု

ကိုယ်ခံအားမကောင်းရင် ဘာတွေဖြစ်လာနိုင်လဲ❓ကိုယ်ခံအားစနစ်ဆိုတာက ပြင်ပကနေ ဝင်ရောက်လာတတ်တဲ့ ပိုးမွှား ဘက်တီးရီးယားနဲ့ ဗိုင်းရ...
10/12/2025

ကိုယ်ခံအားမကောင်းရင် ဘာတွေဖြစ်လာနိုင်လဲ❓

ကိုယ်ခံအားစနစ်ဆိုတာက ပြင်ပကနေ ဝင်ရောက်လာတတ်တဲ့ ပိုးမွှား ဘက်တီးရီးယားနဲ့ ဗိုင်းရက်စ် စတဲ့ ရောဂါပိုးတွေကို ခုခံတားဆီးပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ကိုယ်ခံအားမကောင်းတာဟာ လူတစ်ယောက်ရဲ့ စားသောက်နေထိုင်ပုံနဲ့ များစွာသက်ဆိုင်ပါတယ်။

ရာသီအကူးအပြောင်းမှာ အအေးမိတုပ်ကွေးဖြစ်တာဟာ ပုံမှန်ဖြစ်ပေမယ့် ကိုယ်ခံအားမကောင်းတဲ့အခါ အကြိမ်ကြိမ် အအေးမိတုပ်ကွေးဖြစ်တာ ကာလကြာရှည်မသက်သာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် အစာချေဖျက်မှုစနစ်မှာလည်း ကိုယ်ခံအား အားနည်းလာတာကြောင့် ဝမ်းမသွားတာ ဝမ်းချုပ်တာ အစာမကြေတာ ရင်ပြည့်ရင်ကယ်ဖြစ်တာတွေအပြင် အစာအိမ်အနာတွေအထိ ဖြစ်ပွားနိုင်ပါတယ်။

ကိုယ်ခံအားစနစ် အားနည်းတဲ့အတွက် ပြင်ပကလာတဲ့ ရောဂါပိုးမွှားတွေကို အလုံအလောက်မကာကွယ်နိုင်တာကြောင့် ရောဂါကူးစက်မှု ပိုမိုလွယ်ကူပြီးတော့ ထိခိုက်ရှနာနဲ့ ဒဏ်ရာတွေဟာလည်း အနားမကျက်တာနဲ့ ပျောက်ကင်းဖို့အချိန်အတော်ကြာယူရတာမျိုးတွေ ရှိနိုင်ပါတယ်။ တချိန်လုံး မောပန်းနုံးချိနေတဲ့အတွက် အလုပ်ခွင်မှာပါ ထိခိုက်မှုတွေရှိလာနိုင်ပြီး ကိုယ်ခံအားစနစ်အားနည်းမှုက စိတ်ဖိစီးမှုလည်း များပြားစေပါတယ်။

ဒါကြောင့်မို့ ကိုယ်ခံအားစနစ်ဆိုတာက လူ့ခန္ဓာအတွက် အရေးကြီးတဲ့ အကာအကွယ်တစ်ခုဖြစ်ပြီး အထူးအလေးပေးဂရုစိုက်သင့်ပါတယ်။ ကိုယ်ခံအားစနစ်အားနည်းတာဟာ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အထူးအဖြစ်များတဲ့အတွက် အကယ်၍ ကိုယ့်ရဲ့ မိသားစုဝင်တွေထဲမှာ ကိုယ်ခံအားစနစ်အားနည်းသူတွေရှိရင် အထူးဂရုစိုက်ဖို့လိုအပ်ပြီး အရေးပေါ်ကိစ္စရပ်တွေမဖြစ်မှီ ကျွမ်းကျင်ဆရာဝန်တွေနဲ့ ကျွန်မတို့ရဲ့ တော်ဝင်နှင်းဆီဆေးရုံမှာ ကြိုတင်ကုသပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်။

🏨တော်ဝင်နှင်းဆီ ဆေးရုံ (၁)
🚩𝟑𝟐 လမ်း၊ 𝟕𝟕လမ်းနှင့် 𝟕𝟖လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎𝟎𝟗 𝟕𝟓𝟔 𝟔𝟒𝟕 𝟓𝟔𝟔, 𝟎𝟗 𝟕𝟔𝟓 𝟔𝟑𝟒 𝟗𝟐𝟏, 𝟎𝟗 𝟕𝟔𝟓 𝟔𝟑𝟒 𝟗𝟐𝟐

🏨တော်ဝင်နှင်းဆီ ဆေးရုံ (၂)
🚩𝟕𝟕(𝐀) လမ်း၊ 𝟑𝟏လမ်းနှင့် 𝟑𝟐လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎𝟎𝟗 𝟔𝟗𝟑 𝟗𝟑𝟑 𝟐𝟎𝟔, 𝟎𝟗 𝟒𝟎𝟗 𝟓𝟖𝟔 𝟔𝟒𝟒

#တော်ဝင်နှင်းဆီ #ကိုယ်ခံအား #ကိုယ်ခံအားစနစ် #ရောဂါပိုးမွှား #ကလေး #သက်ကြီးရွယ်အို #တော်ဝင်နှင်းဆီဆေးရုံ #လင်းကမ္ဘာမျက်စိအထူးကုဆေးရုံ #တော်ဝင်နှင်းဆီဆေးရုံ၁ #တော်ဝင်နှင်းဆီဆေးရုံ၂

Address

32St, Between 77St And 78St
Mandalay

Telephone

+959445099992

Website

Alerts

Be the first to know and let us send you an email when Royal Rose Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Royal Rose Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category