မေမေလွေး မိခင်နှင့်ကလေးကျန်းမာရေး

  • Home
  • Myanmar
  • Mandalay
  • မေမေလွေး မိခင်နှင့်ကလေးကျန်းမာရေး

မေမေလွေး မိခင်နှင့်ကလေးကျန်းမာရေး 1) To give information about pregnancy and infant health care
2) To give information about physical and psychological development of children

ရန်ကုန်မြို့မှာ  ဖြစ်နေကြတယ်ပြောလို့အသည်းရောင် အသား၀ါပိုးအကြောင်းသိလိုသမျှ ဆရာ့ရဲ့ ဆောင်းပါးလေး မေမေတို့သိရလေအောင်photo;...
25/02/2025

ရန်ကုန်မြို့မှာ ဖြစ်နေကြတယ်ပြောလို့

အသည်းရောင် အသား၀ါပိုးအကြောင်းသိလိုသမျှ ဆရာ့ရဲ့ ဆောင်းပါးလေး မေမေတို့သိရလေအောင်

photo;credit

ရောဂါအများစု ဘယ်ကကူး?photo; credit
24/01/2025

ရောဂါအများစု ဘယ်ကကူး?

photo; credit

သိပ်ကိုရက်စက်လွန်းတဲ့ ဆေးတွဲတွေ အလုပ်ကြမ်းလုပ်ရတဲ့သူတွေဟာ ကိုက်ခဲ ညောင်းညာတဲ့အခါ ဆေးမြီးတိုတွေရှာကြပါတော့တယ်။ငွေကလည်း တတ...
16/01/2025

သိပ်ကိုရက်စက်လွန်းတဲ့ ဆေးတွဲတွေ

အလုပ်ကြမ်းလုပ်ရတဲ့သူတွေဟာ ကိုက်ခဲ ညောင်းညာတဲ့အခါ ဆေးမြီးတိုတွေရှာကြပါတော့တယ်။

ငွေကလည်း တတ်မနိုင်တော့ စျေးသက်သာတဲ့ဆေးတွဲတွေကို ရှာဝယ်ကြပါတော့တယ်။ အောက်ကပုံထဲက ဆေးတတွဲကိုသောက်ကြည့်လိုက်ပါ။ ညောင်းညာကိုက်ခဲနေတာတွေက ငါးမိနစ်အတွင်း ယူပစ်သလိုပျောက်သွားပါလိမ့်မယ်.... (တကယ် ငါးမိနစ်အတွင်းပါ။) နောက်ပြီး စားဝင်မယ်အိပ်ပျော်မယ် လူကလန်းဆန်းနေမယ် အလုပ်ပိုလုပ်နိုင်မယ်။

ဒါပေမယ့်

ရေတိုအကျိုးသက်ရောက်မှုအနေနဲံ

၁. မျက်နှာအမ်းတန်းတန်းဖြစ်မယ်။
၂. ခေါင်းထိုးမယ်
၃. တစ်ချို့ ဗိုက်အောင့်မယ်

ရေရှည်အကျိုးသက်ရောက်မှုအနေနဲ့

၁. ဗိုက်နာ ကြာရှည်ရာကနေ အစာအိပ်သေွးကြောပေါက် သွေးအန်မယ်။ ၂. ဆီးချို သွေးတိုးဝင်လာမယ်
၃. အရိုးပွမယ်
၄. လူဝလာမယ်
၅, ဆေးမသောက်ရရင် လူမလန်းဘူး သွေးပေါင်ကျလာမယ်။
၆. ကျောက်ကပ်ပျက်စီးမယ်
၇ အသည်းထိမယ်

ဘာလို့လဲ ဆိုတော့ ဒီဆေးထုတ်ထဲမှာ ဒီလိုဆိုးကျိုးမျိုးကိုဖြစ်စေနိုင်တဲ့

၁. Steroid လို့ခေါ်တဲ့ အရောင်ကျဆေး (ဆရာဝန်‌တောင် အရမ်းမပေးရတဲ့ဆေး) နဲ့
၂. အကိုက်အခဲပျောက်ဆေး သုံးလေးမျိုးကိုရောထည့်ထားလို့ပဲဖြစ်ပါတယ်။

ဒါ ကိုယ့်ပိုက်ဆံ ကိုယ်အကုန်ခံပြီး သတ်သေနေကြတာပါ။ ခဏတာသက်သာမှုကိုကြည့်ပြီး ရေရှည်မှာ ကုသရခက်တဲ့ ကုလို့မရနိုင်တဲ့ ရောဂါပေါင်းစုံစွဲကပ်လာနိုင်မယ့် ဒီလိုဆေးမျိုးကိုရှောင်ရှားနိုင်ကြပါစေလို့ မေတ္တာဖြင့်အကြံပြုအပ်ပါတယ်။

(တချို့သော မြန်မာဆေးမှုန့်များဟာလည်း အထက်ပါ ဆေးများကို ထောင်းထည့်ထားတာမျိုးရှိတတ်လို့ သတိနဲ့ယှဥ်သောက်သုံးစေလိုပါတယ်။)

ကျွန်တော်တို့ OSK online clinic တွင်လည်း အထွေထွေရောဂါအထူးကုသမားတော် အထွေထွေရောဂါကုဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးနိုင်ပြီဖြစ်ပါကြောင်အသိပေးအပ်ပါတယ်။

photo; credit

Dr. Kaung

OSK - Online Clinic

"လတ်တလော အဖြစ်များနေတဲ့ ပါးချိတ်ရောင်ရောဂါ"ပါးချိတ်ရောင်ရောဂါ (Mumps) ဆိုတာ  တံတွေးဂလင်းတွေမှာ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်...
28/12/2024

"လတ်တလော အဖြစ်များနေတဲ့ ပါးချိတ်ရောင်ရောဂါ"

ပါးချိတ်ရောင်ရောဂါ (Mumps) ဆိုတာ တံတွေးဂလင်းတွေမှာ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရလို့ ဖြစ်တဲ့ရောဂါပါ။ ပါးစပ်ထဲကို တံတွေးထည့်ပေးတဲ့ တံတွေးအကျိတ် (Salivary glands) တွေဆီကိုလည်း ဗိုင်းရပ်စ်ပိုးတွေရောက်သွားနိုင်ပြီး ပွားများလာတတ်ပါတယ်။

🍑တံတွေးအကျိတ်လေးတွေက ဘယ်မှာရှိလဲ?

သိသိသာသာ ရောင်တတ်တဲ့ အကြီးဆုံးတံတွေးအကျိတ်ကတော့ နားရွက်အောက်ပိုင်း နားကပ်ပန်တဲ့ နေရာလေးရဲ့ ရှေ့၊ နောက်နဲ့ အောက်ဖက်မှာရှိတဲ့ ပဲရောတစ်အကျိတ် (Parotid gland) ပါ။ဆေးခန်းတွေမှာလ ည်း အဲ့အကျိတ်လေးရောင်လို့ လာပြကြတာများပါတယ်။

ဒါ့အပြင် အောက်မေးရိုးရဲ့ဘေးတဖက်တချက် အတွင်းဖက်မှာရော ၊ လျှာခင်ရဲ့ ဘေးတဖက်တချက်မှာရှိတဲ့ တံတွေးအကျိတ်တွေရော ရောင်ရမ်းနိုင်ပါတယ်။

🍑ဘယ်လိုနည်းလမ်းတွေနဲ့ ကူးစက်တတ်လဲ?

လတ်တလောမှာ ပါးချိတ်ရောင်ရောဂါနဲ့ ဆေးခန်းလာပြတဲ့ကလေးတွေကို အများအပြား တွေ့ရပါတယ်။အထူးသဖြင့် ကျောင်းမှာရှိတဲ့ ကလေးတွေအချင်းချင်းကြား ကူးစက်ပြီး ဖြစ်ကြတာများပါတယ်။

ရောဂါလက္ခဏာ မပေါ်ခင် ရက်အနည်းငယ်နဲ့ ရောဂါလက္ခဏာပေါ်ပြီး ရက်အနည်းငယ်အထိ ကူးစက်နိုင်ပါတယ်။

ကူးစက်ပုံကတော့ သာမန်တုပ်ကွေးရောဂါ ကူးစက်သလိုဘဲရိုးရှင်းပါတယ်။တံတွေးထဲမှာပါတဲ့ ဒီဗိုင်းရပ်စ်က နှာချေခြင်း၊ ချောင်းဆိုးခြင်းနှင့် တံတွေးပေထားတဲ့ လက်ကတဆင့် အခြားလူတစ်ယောက်ဆီကို အလွယ်တကူ ကူးစက်သွားနိုင်ပါတယ်။

ရောဂါရှိသူက နှာချေ၊ချောင်းဆိုးလျှင် လေထဲမှာအမှုန်ငယ်များ ပြန့်နှံ့သွားပြီး အခြားလူတစ်ယောက်ရဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ထဲသို့ ဝင်နိုင်ပါတယ်။ ဒါမှမဟုတ် ဗိုင်းရပ်စ်ဟာ အခြားမျက်နှာပြင်တစ်ခုခုပေါ်မှာ ရှင်သန်နေနိုင်ပြီး အလားတူကူးစက်နိုင်ပါတယ်။

🍑ပါးချိတ်ရောင်တဲ့ ရောဂါလက္ခဏာတွေက ဘာတွေဖြစ်မလဲ?

ရောဂါကူးစက်ခံရပြီး (၁၂) ရက်မှ (၂၅) ရက် အကြာမှာ ရောဂါလက္ခဏာတွေ စပေါ်လာတတ်ပါတယ်။

ကူးစက်တဲ့ပုံက တုပ်ကွေးနဲ့တူသလို ရောဂါလက္ခဏာကလည်း တုပ်ကွေးရောဂါလက္ခဏာနဲ့ ဆင်တူပါတယ်။

• ပင်ပန်းနွမ်းနယ်ခြင်း

• ကိုယ်လက်ကိုက်ခဲခြင်း

• ခေါင်းကိုက်ခြင်း

• အစားအသောက်ပျက်ခြင်း

• အဖျားငွေ့ငွေ့ရှိခြင်းတို့ အရင်ဆုံးဖြစ်လာပါတယ်။

နောက်ရက်အနည်းငယ်အတွင်း အဖျားကြီးပြီး တံတွေးဂလင်းတွေ သိသိသာသာရောင်လာပါမယ်။ အရင်ဦးဆုံး ဘယ် (သို့) ညာ တဖက်မှာရှိတဲ့ (Parotid gland )စတင်ရောင်ရမ်းပါတယ်။ကလေးအများစုကတော့ ပထမတဖက် ရောင်ရမ်းပြီး (၁-၂) ရက်လောက်အကြာမှာ ဒုတိယတဖက်ရောင်ရမ်းတတ်တာပါ။တခါတလေ တဖက်တည်း၊ တခါတလေ တပြိုင်နက်တည်း နှစ်ဖက်စလုံး ရောင်တတ်တာမျိုးလည်းရှိပါတယ်။ အစာကိုဝါးစားတဲ့အခါမှာလည်း နာတတ်ပါတယ်။

ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အများစုမှာရောဂါလက္ခဏာပြသော်လည်း ရောဂါဖြစ်သူ သုံးပုံတစ်ပုံမှာ လက္ခဏာအနည်းငယ်မှ လုံးဝမပြသည်အထိ ဖြစ်နိုင်ပါတယ်။

🍑နောက်ဆက်တွဲဆိုးကျိုးများ

အများစုကတော့ အလွယ်တကူပဲ ကုသပျောက်ကင်းနိုင်ပါတယ်။ ရှားရှားပါးပါး နောက်ဆက်တွဲ ရောဂါတွေဖြစ်ရင်လည်း စနစ်တကျ ကုသမှု ခံယူဖို့လိုပါတယ်။

ပါးချိတ်ရောင်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကတော့ ဦးနှောက်အမြှေးပါးရောင်တာ၊ ပန်ကရိယရောင်တာ ၊နားပင်းသွားတာ၊ ရှားရှားပါးပါးမျိုးမပွားနိုင်တာအထိ ဖြစ်စေနိုင်တဲ့ ဝှေးစေ့ရောင်ရမ်းနာကျင်တာတို့ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာလည်း မျိုးဥအိမ်ရောင်ရမ်းတာ ရှိနိုင်ပေမယ့်လည်း မျိုးပွားနိုင်စွမ်းကို မထိခိုက်စေပါ။

🍑ဘယ်အချိန်မှာ ဆေးခန်းပြကြမလဲ?

ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါအများစုဟာ ပဋိဇီဝဆေး(အရပ်အခေါ် ပိုးသတ်ဆေး) တွေကိုတုန့်ပြန်ခြင်းမရှိပါဘူး။သို့သော်လည်း ရောဂါခံစားနေရတဲ့အချိန်မှာ နေသာထိုင်သာရှိဖို့ ဝေဒနာ သက်သာအောင် ကုသနိုင်ပါတယ်။

ဒါကြောင့် ပါးချိတ်ရောင်တဲ့လက္ခဏာစပြီဆိုတာနဲ့ လိုအပ်တဲ့ ဆေးဝါးအကူအညီရဖို့ ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

🍑အိမ်တွင်းကုထုံးများ

အရပ်ထဲမှာတော့ လူအများစုလုပ်နေတဲ့ ရောင်နေတဲ့ ပါးချိတ်ပေါ် မဲနယ်လိမ်းတာ၊ထုံးနဲ့နနွင်းရောလိမ်းတာ နဲ့ အခြားဆေးတွေလိမ်းတာက အကျိုးမရှိပါဘူး။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါအများစုကတော့ လူ့ကိုယ်ခံအားကနိုင်သွားတာနဲ့ ပျောက်ကင်းသွားပါလိမ့်မယ်။

ကျောင်းနေအရွယ်ကလေးတွေကို ကျောင်းမသွားစေဘဲ အိမ်မှာဘဲ သက်တောင့်သက်သာ အနားယူပါစေ။

ပါးစပ်ကို သန့်ရှင်းအောင်ထားဖို့ လိုပါတယ်။ မကြာခဏ ဆားရည် နွေးနွေးနဲ့ အာလုပ်ကျင်းပေးတာက အကျိုးရှိပါတယ်။

ဖျားတာ ရောင်တာ နာတာတွေ ကျစေဖို့ ပါရာစီတမောကဲ့သို့ ဆေးများကို ဝယ်သောက်နိုင်ပါတယ်။

ရောင်နေတဲ့တံတွေးဂလင်းတွေကို ရေခဲကပ်ပေးနိုင်ပါတယ်။

အဖျားကြောင့် ရေဓါတ်ခမ်းခြောက်တာ ကာကွယ်ဖို့ ရေများများသောက်ပါ။

အစာဝါးစားပြီးမြှိုချတဲ့အချိန် နာနိုင်တာမို့ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ပဲနို့ ၊ဒိန်ချဉ်လို ဝါးရမခက်တဲ့ အစာပျော့ပျော့တွေကိုစားပါ။

🍑ပါးချိတ်ရောင်ရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

ကာကွယ်ဆေးထိုးခြင်းဖြင့် ပါးချိတ်ရောင်ခြင်းကို ကာကွယ်နိုင်ပါတယ်။

မြန်မာနိုင်ငံအမျိုးသားကာကွယ်ဆေးထိုးစီမံချက်
မှာတော့ (၉) လနဲ့ (၁၈) လအရွယ်ကလေးတွေကို "ဝက်သက်၊ ဂျိုက်သိုး" (MR) ကာကွယ်ဆေး ထိုးပေးထားပါတယ်။ “ပါးချိတ်ရောင်” မပါတဲ့ အတွက် ပါးချိတ်ရောင် ကာကွယ်မှုမရှိပါဘူး မေမေတို့ရေ။

ကလေးပါးချိတ်ရောင်တာကို ကာကွယ်ခြင်တဲ့ မေမေတွေအနေနဲ့ ပြင်ပပုဂ္ဂလိကဆေးရုံတွေမှာ "ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး"(MMR)ကာကွယ်ဆေးထိုးထားရင်တော့ ကာကွယ်မှုရပါမယ်။

(MMR) ဆေး ပထမအကြိမ်ကို ကလေးအသက် (၁၂လ-၁၅လ)အတွင်းထိုးရပါတယ်။ ဒုတိယအကြိမ်ကို ကျောင်းနေအရွယ် (၄နှစ်- ၆နှစ်)အတွင်း ထိုးရပါတယ်။

ကာကွယ်ဆေးမထိုးရလို့ ပါးချိတ်ရောင်ပြီးတဲ့ကလေးတွေအနေနဲ့ကလည်း ဘဝတသက်တာအတွက် အကာကွယ်ရပြီးသားဖြစ်သွားပါပြီ။

ကလေးတွေ ကျန်းမာလန်းဖြာကြပါစေ။

4:44pm/ 28.12.24

References;

About Mumps - CDCwww.cdc.gov › mumps › about

Mumps - Treatment - NHSwww.nhs.uk › conditions › treatment


#ပါးချိတ်ရောင်ခြင်း
#ကာကွယ်ဆေး
#မွေးကင်းစ

Norovirus infection 💐နိုရိုဗိုင်းရပ်စ်အကြောင်း သိကောင်းစရာများနိုရိုဗိုင်းရပ်စ် ဟာအဓိကအားဖြင့် အန်တာနဲ့ ဝမ်းပျက်ဝမ်းလျှေ...
14/12/2024

Norovirus infection

💐နိုရိုဗိုင်းရပ်စ်အကြောင်း သိကောင်းစရာများ

နိုရိုဗိုင်းရပ်စ် ဟာအဓိကအားဖြင့် အန်တာနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတာမို့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးတတ်တဲ့ပိုးလို့ဆိုရပါမယ်။ဒါကြောင့် အဲ့ပိုးကို ' အစာအိမ်တုပ်ကွေး' ( Stomach Flu) ဖြစ်စေတဲ့ပိုးလို့ခေါ်ကြတာပါ။Flu လို့သုံးနှုန်းထားပေမယ့် Norovirus ဟာတကယ့်ရာသီတုပ်ကွေးတွေနဲ့ ဆက်စပ်မှုမရှိပါဘူး။ရာသီတုပ်ကွေးတွေဟာ Influenza virus ကြောင့်ဖြစ်ကြတာပါ။

💐ဘယ်ကနေတဆင့် ကူးစက်နိုင်ပါသလဲ?

နိုရိုဗိုင်းရပ်စ်ပိုးဟာ လူတယောက်ကနေတယောက်ဆီကို ကူးစက်စေနိုင်တဲ့ ရောဂါပိုးတမျိုးပါ။မေမေတွေ အစားအသောက်တွေချက်ပြုတ် ပြင်ဆင်တဲ့အခါ မသန့်ရှင်းဒါမျိုး ၊မသန့်ရှင်းတဲ့ သောက်ရေ သုံးရေတွေကို သောက်မိ သုံးမိတာမျိုး ၊ဒါမှမဟုတ် မသန့်ရှင်းတဲ့ အစားအစာတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။

အစိမ်း သို့မဟုတ် ကျက်အောင်ချက်မထားတဲ့ ပင်လယ်စာ၊ ကမာကောင်၊ အသားငါးတွေနဲ့ ဟင်းသီးဟင်းရွက် အသီးအနှံ အစိမ်းတွေကလည်း ဖြစ်စေပါတယ်။

ဗိုင်းရပ်စ်ပိုးရှိနေတဲ့ ပစ္စည်း ၊ကြမ်းပြင် သို့မဟုတ် နံရံကို ထိလိုက်ပြီး နှာခေါင်း၊ ပါးစပ်၊ မျက်စိ တွေကို ထိလိုက်မယ် ဆိုရင်လည်း ရောဂါပိုး ကူးစက်ခံရတတ်ပါတယ်။

ဒါကြောင့် လူစုလူဝေးအများကြီးရှိနေတတ်တဲ့ နေရာတွေဖြစ်တဲ့ ကျောင်း၊ ဂေဟာ၊ ရိပ်သာ ၊ဆေးရုံ နဲ့ လူအများအပြား နီးကပ်စွာ နေထိုင်လေ့ရှိတဲ့ ဟိုတယ်၊Resort နဲ့ ပင်လယ်ကူးသင်္ဘောတွေပေါ်မှာ သန့်ရှင်းရေးနဲ့ ရောဂါပိုးကူးစက်ပျံ့နှံ့မှုမရှိအောင် ထိန်းချုပ်ထားတဲ့စံနစ်တွေသေချာ စီမံထားရှိဖို့လိုအပ်ပါတယ်။

နိုရိုဗိုင်းရပ်စ်ဟာကူးစက်ရအလွန်လွယ်ကူပြီး အဖြစ်များတာလည်းတွေ့ရပါတယ်။

💐ရောဂါကူးစက်ခံရပြီဆို ဘယ်လိုလက္ခဏာတွေတွေ့ရမလဲ?

လူနာဟာ ဗိုင်းရပ်နဲ့ထိတွေ့မိပြီး (၁၂ )နာရီကနေ (၄၈)နာရီ အတွင်း ရောဂါလက္ခဏာတွေ စတင်ဖြစ်ပေါ်လာနိုင်ပါတယ်။

အဓိကအဖြစ်များတဲ့လက္ခဏာတွေကတော့

ပျို့ခြင်း၊အော့အန်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊အရည်ဝမ်းသွားခြင်း တို့ဖြစ်ပါတယ်။

အခြားတွေ့နိုင်တဲ့ ရောဂါလက္ခဏာတွေကတော့

ကိုယ်လက်မအီမသာ ဖြစ်ခြင်း၊တငွေ့ငွေ့ဖျားခြင်း၊ ကြွက်သားများ နာကျင်ခြင်း တို့ဖြစ်ပါတယ်။

လူနာပြန်ကောင်းလာပြီး နောက်ထပ် (၂ )ပတ်လောက်ကြာတဲ့ အထိ မစင်မှာ ပိုးတွေ့နိုင်တဲ့ အတွက် သေချာစွန့်ပစ်ဖို့ လိုပါတယ်။ ကျန်းမာရေး သိပ်မကောင်းသေးဘူးဆိုရင် ရောဂါပိုးဟာ လပေါင်းများစွာအထိ ကျန်ရှိနေနိုင်ပါတယ်။

နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့ တချို့လူတွေမှာတော့ လူကောင်းအတိုင်းပဲ ဖြစ်ပြီး ဘယ်လို လက္ခဏာမှ မပြပါဘူး။ သူတို့တွေကိုကျတော့ Healthy carrier လို့ခေါ်ပါတယ်။သူတို့ကိုယ်တိုင်ကျ ဘာမှမဖြစ်ပေမယ့် ဗိုင်းရပ်စ်တွေကိုသယ်ဆောင်ထားတာမို့ တခြားတစ်ယောက်ဆီကို ကူးစက်စေနိုင်ပါတယ်။

💐ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ?

ကိုယ့်ဆန္ဒသဘောအရပြောရမယ်ဆိုရင်တော့ ဝမ်း (၄/၅ )ကြိမ်လောက်သွားပြီးရင်ကို အချို့လူတွေက နှုံးသွားတတ်တာမို့ နီးစပ်ရာ ဆေးခန်း၊ဆေးရုံက ဆရာဝန်၊ ဆရာမတွေဆီမှာ သွေးပေါင်ချိန်ဖို့ တိုက်တွန်းပါရစေ။ အခြားလိုအပ်တဲ့ သောက်ဆေးတွေကိုလည်း သောက်ဖို့ ဆရာတွေက ထပ်ဆင့်ညွှန်ကြားပါလိမ့်မယ်။

ကိုယ့်သဘောနဲ့ကိုယ် ပဋိဇီဝဆေး (အဓိကအားဖြင့် Metro) သောက်တာမျိုးတွေမလုပ်ရပါ။နိုရိုဗိုင်းရပ်စ်ဟာ တခြားဗိုင်းရပ်စ်ပိုးတွေလိုပဲ ပဋိဇီဝ ဆေးတွေကို မဖြုံပါဘူး။ ဘက်တီးရီးယားသတ်တဲ့ ဘယ်သောက်ဆေးကမှ ဗိုင်းရပ်စ်ပိုးတွေကို မတိုက်ခိုက်နိုင်ပါ။မသတ်ပြစ်နိုင်ပါ။

ကျန်းမာရေး နဲ့ ခုခံအားကောင်းတဲ့ လူတွေမှာ ဆိုရင် ဝမ်းလျှောပြီး (၃) ရက်လောက်အကြာမှာ ပြန်ကောင်းသွားတတ်ပါတယ်။ သို့ပေမယ့် ဗိုင်းရပ်စ်တွေ ရှိနေနိုင်သေးတာမို့ ပြန်ကောင်းပြီးနောက်ထပ် နှစ်ရက် သုံးရက်လောက် အိမ်မှာနားနေသင့်ပါတယ်။လူအများစုကတော့ ဗိုင်းရပ်စ်ကြောင့် ဝေဒနာ တာရှည်ခံစားရတာမျိုး မရှိပါဘူး။

လူ့ခန္ဓာကိုယ်က ရေဓာတ်နဲ့ဖွဲ့စည်းထားတာမို့
ရက်အတော်ကြာအောင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီး ဆိုးဆိုးရွားရွားရေဓာတ်ဆုံးရှုံးတဲ့အထိ အိမ်မှာဘဲကြိတ်မကုသင့်ပါ။ သွေးဝမ်းသွားတာ၊ ဗိုက်အောင့်တာ၊ ရေဓာတ်ခမ်းခြောက်တာတွေ ဖြစ်ခဲ့ရင်လည်း ဆရာဝန်ပြဖို့လိုပါမယ်။

💐ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာများ

လူကြီးတွေမှာ

ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ ရပ်နေတဲ့ အခါမှာ မူးဝေခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဆီးနည်းနည်းသာသွားခြင်း တို့ပါဝင်ပါတယ်။

ကလေးတွေမှာ

ရေဓာတ်ကုန်ခမ်းနေတဲ့ ကလေးတွေကတော့ အိပ်ချင်နေပြီး ငိုတဲ့ အခါမှာလည်း မျက်ရည် မထွက်တာ၊ ဆီးမသွားတော့တာ ၊အာခေါင်ထဲမှာ တံတွေးတွေမရှိတော့တာမျိုး ဖြစ်နေပါလိမ့်မယ်။

ရေဓာတ်ခမ်းခြောက်တာပြင်းထန်တယ်ဆိုရင်တော့ ဆရာဝန် ၊ဆရာမတွေက လိုအပ်ရင် ပုလင်းကြီးချိတ်တာမျိုးတွေလည်း လုပ်ပေးပါလိမ့်မယ်။

💐အိမ်တွင်းကုထုံးများ

အဓိကကတော့ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းဖို့အတွက် အရည်တွေသောက်ပေးဖို့လိုအပ်ပါတယ်။( ဥပမာ-ဓာတ်ဆားရည်၊ ဆန်ပြုတ်ရည်၊ စွပ်ပြုတ်ရည်၊ ထမင်းရည်၊ရေဓာတ်အားဖြည့် ဖျော်ရည်)

သွေးတိုးနဲ့ ဆီးချိုရှိတဲ့သူတွေအနေနဲ့ကတော့ ဓာတ်ဆားကို ဆရာဝန်ညွှန်ကြားမှသာ သောက်သုံးစေလိုပါတယ်။

သကြားဓာတ်လွန်ကဲတဲ့ အသင့်သောက်အချိုရည်တွေကို ရှောင်ပေးပါ။ ငန်လွန်း ၊ ချိုလွန်းတဲ့ အရည်တွေဟာ ဝမ်းပျက်ဝမ်းလျှောတာကို ပိုဆိုးစေနိုင်ပါတယ်။

နူးညံ့ပျော့ပြောင်းအောင်ကျက်အောင်ချက်ထားတဲ့ အစားအစာတွေကို နည်းနည်းချင်းစီ ကျွေးပေးခြင်းက လည်းအော့အန်ခြင်းကို သက်သာစေပါတယ်။

Norovirus ကူးစက်မခံရအောင် ဘယ်လိုကာကွယ်မလဲ?

အစာမစားမီ၊ အစာစားပြီး၊ အစားအသောက် ပြင်ဆင်ချိန်၊ အိမ်သာတက်ပြီးတိုင်း၊ အညစ်ကြေးကိုင်ပြီးတိုင်း ၊အိမ်သန့်ရှင်းရေးလုပ်ပြီးတိုင်း၊ ကလေး ဒိုင်ပါလဲပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စက္ကန့် (၂၀) ကြာအောင် စံနစ်တကျဆေးရပါမယ်။

အစားအသောက်တွေကို သေချာကျက်အောင်ချက်ပြုတ်စားရပါမယ်။

မသန့်ရှင်းတဲ့ ရေ နဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ နေမကောင်းတဲ့သူချက်ပြုတ်ထားတဲ့ အစားအစာတွေကိုလည်း ရှောင်သင့်ပါတယ်။

နိုရိုဗိုင်းရပ်စ်တွေ လေထဲ အသုံးဆောင်ပစ္စည်းတွေထဲ မကျန်ရစ်ရအောင် အန်ဖတ်တွေနဲ့ ဝမ်းတွေကို သေချာစွန့်ပစ်ပါ။ တစ်ခါသုံး အိတ်တွေကိုသုံးပြီး သေချာထုတ်ပိုးပြီး ပစ်ပါ။

ဗိုင်းရပ်စ်ရှိနေနိုင်တဲ့ ကြမ်းခင်းနေရာတွေကို ကလိုရင်းပါတဲ့ အစွန်းချွတ်ဆေးတွေနဲ့ တိုက်ချွတ်ဆေးကြောပါ။ လက်အိပ်စွပ်ပါ။

အိမ်မှာနားပါ။ ရောဂါလက္ခဏာတွေ မရှိတော့ရင်တောင်မှာ သင့်ဆီကနေ တစ်ခြားတစ်ယောက်ဆီ ရောဂါပိုးကူးနိုင်ပါတယ်။ ကလေးတွေ အနေနဲ့လည်း အိမ်မှာပဲ နေသင့်ပါတယ်။

References;

About Norovirus - CDCwww.cdc.gov › norovirus › about


#ဝမ်းပျက်ဝမ်းလျှော
#အော့အန်ခြင်း
#နိုရိုဗိုင်းရပ်စ်
#မေမေလွေးမိခင်နှင့်ကလေးကျန်းမာရေး

3:23pm/14.12.2024

15/07/2024

ရေ ကြီးပြီးနောက် ဝမ်းပျက်ဝမ်းလျှော မ ဖြစ်ရလေအောင်

ဝမ်းပျက်ဝမ်းလျှော ဖြစ်ရတဲ့ အကြောင်းရင်း

ကာကွယ်နည်းနဲ့ ဆောင်ရန် ရှောင်ရန်တွေကို မျှဝေလိုက်ပါတယ် မေမေတို့ရေ

Video; credit

Shout out to my newest followers! Excited to have you onboard!Shwe Zarwin, Nay HtetThank you , Thank you ,Thank you
29/06/2024

Shout out to my newest followers! Excited to have you onboard!

Shwe Zarwin, Nay Htet

Thank you , Thank you ,Thank you

ကလေးတွေ အတော်ဖျားကြတယ်နော် ခုတပတ်ထဲအောက်ကပုံထဲက လက္ခဏာတွေရှိရင် ဆေးရုံ ဆေးခန်း အမြန်ပြေးဖို့လိုတယ်နော် မေမေတို့ရေ
22/06/2024

ကလေးတွေ အတော်ဖျားကြတယ်နော် ခုတပတ်ထဲ

အောက်ကပုံထဲက လက္ခဏာတွေရှိရင် ဆေးရုံ ဆေးခန်း အမြန်ပြေးဖို့လိုတယ်နော် မေမေတို့ရေ

🌺သွေးလွန်တုပ်ကွေး ဘယ်လိုအဆင့်မှာ ဆေးရုံတက်ကြမလဲ?သွေးလွန်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတမျိုးပါ။...
07/06/2024

🌺သွေးလွန်တုပ်ကွေး ဘယ်လိုအဆင့်မှာ ဆေးရုံတက်ကြမလဲ?

သွေးလွန်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတမျိုးပါ။ကူးစက်ရောဂါဆိုတဲ့အတိုင်း လူတစ်ယောက်ကနေတစ်ယောက်၊ကလေးတစ်ယောက်ကနေတစ်ယောက်ကို ကူးပါတယ်။

ဘယ်လိုနည်းနဲ့ကူးလဲဆိုတော့ ရောဂါပိုးသယ်ဆောင်ထားတဲ့ Aedes ခြင်ကိုက်လို့ပါဘဲ။သွေးလွန်တုပ်ကွေးရောဂါပိုးရှိတဲ့ ကလေးကိုကိုက်ထားတဲ့ခြင်က တခြားကလေးတယောက်ကို ကိုက်လိုက်တယ်ဆိုရင် အဲ့ဒီကလေးမှာ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရပါတယ်။

🌺သွေးလွန်တုပ်ကွေး အဖြစ်များသောရာသီ

မိုးရွာသီမှာ ခြင်ပေါက်ဖွားမှု များလာတာနဲ့အတူ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုလည်း များလေ့ရှိပါတယ်။ ကျောင်းပြန်ဖွင့်ချိန်မှာ အဖြစ်များတာကြောင့် ဖျားတာနာတာတွေ ကလေးတစ်ဦးကနေ တစ်ဦးကိုကူးစက်တာတွေများတတ်ပါတယ်။

🌺သွေးလွန်တုပ်ကွေး ရှိ၊မရှိ ဘယ်လိုသိနိုင်မလဲ?

သွေးစစ်ကြည့်နိုင်ပါတယ်။ကလေး လက်ထိပ်ကနေ သွေးအနည်းငယ်ဖောက်ပြီး သွေးလွန်တုပ်ကွေးစစ်တဲ့ သွေးစစ်ကိရိယာလေးထဲထည့်စစ်ကြည့်ရပါတယ် ။သိပ်မကြာဘူး မိနစ်ပိုင်းအတွင်းအဖြေထွက်ပါတယ်။ဒီနည်းကတော့ စက်ကိရိယာရှိတဲ့နေရာဘဲလုပ်လို့ရနိုင်တာပါ။

နောက်တနည်းကတော့ Hess test ဆိုတဲ့ နည်းနဲ့ပါ။ ကလေးလက်မောင်းမှာ သွေးပေါင်တိုင်းတဲ့ လက်ပတ်လေးနဲ့ (၅) မိနစ် ဖိအားပေးပြီးညှစ်ကြည့်တာပါပဲ။အဲလိုညှစ်ကြည့်လို့ လက်ဖျံမှာအနီစက်တွေ ထွက်လာမယ်။( ၁) လက်မပတ်လည်အတွင်းမှာအစက် (၁၀) စက်ကနေ (၂၀) ရှိတယ်ဆိုရင် သွေးလွန်တုပ်ကွေးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ဒီနည်းကတော့ အချိန်မရွေး နေရာမရွေးလုပ်လို့ရပါတယ်။

🌺သွေးလွန်တုပ်ကွေးရဲ့ရောဂါလက္ခဏာများ

ရောဂါပိုးရှိတဲ့ခြင် ကိုက်ခံရပြီး(၄)ရက်ကနေ (၆)ရက်အတွင်း ရောဂါလက္ခဏာစတင်ဖြစ်ပေါ်လာပြီး (၁၀)ရက်ခန့်အထိ ကြာရှည်တတ်ပါတယ်။
ရောဂါပိုး ပထမဆုံး စတင်ဝင်ရောက်တဲ့အခါ အချို့ကလေးတွေမှာ ရောဂါလက္ခဏာပြသလို တချို့လည်း ရောဂါလက္ခဏာမပြတာလည်း ရှိနိုင်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ အဆင့်(၄)ဆင့်

အဆင့်(၁)

သာမန်တုပ်ကွေးပုံစံမျိုးပဲတွေ့ရပြီး နေပြန်ကောင်းသွားတတ်ပါတယ်။ကလေးတွေဖျားမယ် ၊အဖျားကြီးမယ် အစားမစားခြင်ဘူး၊ ကိုယ်လက်တွေမလှုပ်ခြင်ဘူး ၊ခါတိုင်းကစားနေကျကလေးက မကစားဘဲ ခွေနေတတ်တယ်။ကလေးငယ်တွေဆို အလိုမကျဘဲ ဂျီနေတတ်တယ်။ ရေတွေပဲခဏခဏတောင်းမယ်။

အဆင့်(၂)

အဖျားပိုကြီးလာတဲ့အပြင် ကော်ဖီရောင်အရည်များအန်ခြင်း၊ သွားဖုံးသွေးယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်းနှင့် ဝမ်းမည်းမည်းသွားခြင်းတို့ ဖြစ်တတ်ပါတယ်။ဒီလက္ခဏာတွေပေါ်လာရင်တော့ သိသိချင်း ဆေးရုံ၊ ဆေးခန်းကိုသွားပြဖို့လိုပါမယ်။အဲဒီမှာ ဆရာဝန်ကကြည့်ပြီး ဆေးရုံတင်သင့်ရင် တင်မယ်။မတင်သင့်ရင် အိမ်မှာပြန်နေလို့ရရင် ပြန်ရမယ်။

အဆင့် (၃)

အထက်ကပြောထားတဲ့ လက္ခဏာတွေအပြင် ကလေးက အရမ်းမှိန်းလာမယ်၊ သတိလစ်သွားမယ်၊ ခြေဖျား လက်ဖျားတွေ အေးစက်လာခြင်းများဖြစ်တတ်ပါတယ်။ ထိုလက္ခဏများမှာ ကလေးက သွးလန့်ခြင်းအဆင့်(shock) ဖြစ်တော့မယ့် လက္ခဏများပဲ ဖြစ်ပါတယ်။

အဆင့်(၄)

သွေးပေါင်ချိန်၊ သွေးခုန်နှုန်းတို့ တိုင်းမရတော့ဘဲ သွေးလန့်ခြင်းအဆင့်(Dengue Shock) ရပြီး အသက်အန္တရာယ်စိုးရိမ်ရပါတယ်။အဆင့် (၄) ဆိုရင် မိနစ်နဲ့အမျှအရေးကြီးတဲ့အချိန်ရောက်သွားပြီမို့ ဆေးရုံစောစောရောက်လေ ကလေးအသက်ရှင်ဖို့ အခွင့်အရေးများလေပါဘဲ။

အဆင့် (၃ )နဲ့ (၄ )ကတော့ သေချာပေါက် ဆေးရုံတင်ရမယ့်အနေအထားပါ။

မှတ်ချက်။ ။သွေးလွန်တုပ်ကွေးမှာ အဆင့် လေးဆင့် ရှိတယ်ဆိုပေမယ့် တစ်ဆင့်ချင်းဆီ ကူးပြောင်း သွားခြင်းမဟုတ်ဘဲ အဆင့်တစ်မှ ချက်ချင်း အဆင့်သုံး၊လေး ကူးပြောင်းသွားခြင်းများလည်း ရှိပါတယ်။

🌺ဘယ်လိုအဆင့်မှာဆေးခန်းပုံမှန်ပြကြမလဲ?

သွေးလွန်တုပ်ကွေးလူနာက ရက်ပိုင်းအတွင်းပြင်းထန်တဲ့အဆင့်ရောက်ကာ အသက်ဆုံးရှူံးနိုင်တာမို့ အခုလို အများကစိုးရိမ်ကြတာပါ။ ဆေးရုံကို ရောက်လာတဲ့ သွေးလွန်တုပ်ကွေးလူနာ သွေးလန့်တာ ဖြစ်လာရင်တော့ နာရီပိုင်းအလိုက် အထူးကြပ်မတ်ကုသပေးရတာမို့ မလိုအပ်ဘဲဆေးရုံမှာ လူနာတွေများမနေဖို့ အရေးကြီးသလို၊ ဆေးရုံတင်ထားသင့်တဲ့ သွေးလွန်ုတုပ်ကွေးလူနာတွေ အချိန်မှီရောက်မလာလျှင်လည်း ကုသရခက်စေနိုင်ပါတယ်။

ပထမဆုံး သိဖို့အရေးကြီးတာကတော့ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေကိုသတ်မှတ်ပုံပါ။

⚠️အဖျားရှိတာနဲ့ အောက်ပါလက္ခဏာတွေထဲက (၂) ခု တွဲရှိရင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။

(၁) အော့အန်ခြင်း
(၂) အရေပြားပေါ် အပိန့်ထွက်ခြင်း
(၃) ကိုယ်လက်ကိုက်ခဲခြင်း
(၄) သွေးပေါင်ချိန်တိုင်း ကိရိယာဖြင့် စမ်းသပ်လျှင် (Hess Test) အစက်အပျောက် များစွာထွက်လာခြင်း
(၅) နှာခေါင်းသွေးလျှံပြီး ကော်ဖီနှစ်ရောင်အန်ခြင်း
(၆) သွေးဖြူဥနည်းခြင်း
(၇) အန္တရာယ်လက္ခဏာ တစ်ခုခုရှိခြင်း

အန္တရာယ်လက္ခဏာ တစ်ခုခုမရှိသေးဘဲ၊ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေအဆင့် ပထမ (၃) ရက်ခန့်မှာ လူနာက သာမန်လို စားနိုင်သောက်နိုင်ပြီး၊ လန်းဆန်းနေသေးလျှင်၊ ဆေးရုံမတင်ဘဲ အပြင်ဆေးခန်းဆရာဝန်နဲ့ ပုံမှန် ပြသင့်ပါတယ်။ အဲ့ဒီအဆင့်မှာ အဖျားကျဆေး (ပါရာစီတမော) နဲ့ ဓာတ်ဆားရည်တိုက်ပြီး၊ ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းက အနည်းဆုံး တစ်နေ့တစ်ကြိမ် ကြည့်ရှု စစ်ဆေးနေသင့်ပါတယ်။

🌺ဘယ်လိုအဆင့်မှာ ဆေးရုံတက်ကြမလဲ?

သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေရှိတဲ့ကလေးမှာ အောက်ပါ အန္တရာယ်လက္ခဏာ တစ်ခုခုရှိလာရင်တော့ ဆေးရုံပို့သင့်ပါတယ်။

(၁) ဝမ်းဗိုက်နာခြင်း၊ ဖိလျှင်နာခြင်း
(၂) ဆက်တိုက်အန်ခြင်း (အထက်မှာ သာမန် အန်သလို မဟုတ်ဘဲ ဆက်တိုက် ပြင်းပြင်းထန်ထန် အန်လာခြင်း)
(၃) မှိန်းနေခြင်း (သို့မဟုတ်) ကယောင်ကတမ်းဖြစ်လာခြင်း
(၄) အသည်း (၂) စင်တီမီတာထက် ပိုကြီးလာခြင်း
(၅) အဆုပ်၊ နှလုံး၊ ဝမ်းဗိုက်တွင် အရည်စုလာခြင်း
(၆) သွေးဖြူဥကျဆင်းကာ သွေးပျစ်နှုန်း (PCV) တက်လာခြင်း

အထက်ပါ အန္တရာယ်လက္ခဏာများ မရှိသော်လည်း ဆေးရုံတင်ထားဖို့လိုတဲ့ လူနာတွေရှိပါသေးတယ်။ ဒီလူနာတွေကတော့ သွေးလွန်တုပ်ကွေးဖြစ်နိုင်ခြေရှိထားတဲ့

(၁) တစ်နှစ်အောက်ကလေး (သွေးကြောရှာရခက်ခြင်း၊ သွေးလန့်လာချိန် ကုရခက်ခြင်းကြောင့်)
(၂) အဝလွန်သောလူနာ (သွေးကြောရှာရခက်ခြင်း၊ ပြန်ဖြည့်ရမည့် ရေပမဏတွက်ရခက်ခြင်းကြောင့်)
(၃) ရောဂါအခံရှိထားသောလူနာ (မွေးရာပါ သွေးအားနည်းရောဂါ၊ ကျောက်ကပ်၊ နာတာရှည်ရောဂါရှိထားသူများ သွေးလန့်ချိန် ကုရခက်ခြင်းကြောင့်)
(၄) ဆေးရုံ အမြန်သွားရန် ခက်ခဲသောလူနာ၊ ဆေးရုံနှင့်ဝေးလွန်းသောလူနာ

🌺သွေးလွန်တုပ်ကွေး ထောင်ချောက်ဆိုတာကရော ဘာကိုပြောတာလဲ?

သွေးလွန်တုပ်ကွေးမှာ အသက်အန္တရာယ်ရှိတဲ့ သွေးလန့်ချိန်ရောက်ကာနီးဖြစ်လာတာကို သတိမပြုမိဘဲ လွတ်သွားစေနိုင်တဲ့ သွေးလွန်တုပ်ကွေးထောင်ခြောက် ရှိနေတာကိုကြိုသိထားပြီး၊ အဲ့ဒီအဆင့်မှာ ဆေးရုံချက်ခြင်းအမြန်ဆုံးတင်ဖို့ အထူးအရေးကြီးပါတယ်။

သွေးလွန်တုပ်ကွေးထောင်ခြောက်လို့ တင်စားရတာက အဲဒီအချိန်မှာ ကလေးကအဖျားပြန်ကျသွားတာမို့၊ ပြန်ကောင်းသွားပြီလို့ မေမေတွေမှားယွင်းယူဆမိတတ်လို့ပါ။ အဲ့ဒီအဆင့်က သွေးလွန်တုပ်ကွေးဖြစ်ပြီး (၃) ရက်ကနေ (၅) ရက်အတွင်းမှာ ဖြစ်တတ်ပါတယ်။ အဲ့ဒီအဆင့်မှာ ကလေးက အဖျားကျသွားပေမယ့် ပြန်မလန်းလာဘဲ၊ ပိုမှိန်းနေတတ်ပါတယ်။

အစားအသောက်လည်း ပြန်မစားနိုင်ဘဲ အိပ်နေတတ်ပါတယ်။ ဒါ့အပြင် ကယောင်ကတမ်းပါ ဖြစ်လာတတ်ပါတယ်။ ကလေးက ပြန်မဆော့နိုင်၊ မစားနိုင်ဘဲ ဖြစ်နေတတ်ပြီး၊ ကလေးကြီးအရွယ်တွေမှာ ထလိုက်ရင် မူးမိုက်လဲသွားတတ်ပါတယ်။

ကလေးအားမရှိလို့ မှိန်းနေတာလို့ဘဲထင်တတ်တယ် ။ဆေးရုံရောက်တော့ အခြေအနေက တော်တော်လွန်နေပါပြီ ။အဲလိုအဖြစ်မျိုးလည်း ကျွန်မတို့ဆေးရုံတွေမှာ ခဏခဏကြုံရပါတယ်။ရလဒ်ကတော့ ကလေးမသေသင့်ဘဲသေရတယ်ပေါ့ရှင်။ တကယ်ဝမ်းနည်းစရာကောင်းပါတယ်။

🌺သွေးလွန်တုပ်ကွေးက ဘာကြောင့်အသက်အန္တရာယ်ကိုထိခိုက်နိုင်တာလဲ?

သွေးလွန်တုပ်ကွေးရောဂါဖြစ်ရင် ခန္ဓာကိုယ်အနှံ့အပြားမှာရှိတဲ့ သွေးကြောနံရံကနေပြီးတော့ သွေးရည်ကြည်တွေက သွေးကြောရဲ့အပြင်ဘက်ကို စိမ့်ထွက်ပါတယ်။ အပြင်ဆိုတာ အရေပြားအောက်ထဲ ၊အသားတွေထဲ ၊အဆီလွှာတွေထဲကို စိမ့်ထွက်တော့ သွေးကြောထဲမှာ အရည်ဓာတ်ခမ်းခြောက်သွားပါတော့တယ်။ သွေးပေါင်တွေကျတယ်။ နောက်တစ်ခုက သွေးထဲမှာသွေးတိတ်စေတတ်တဲ့ (Platelet) ပလိတ်လတ် ဆိုတဲ့ ဆဲလ်တွေလျော့နည်းသွားတယ် ။အဲဒီတော့ အလိုလျောက် သွေးကြောတွေပေါက်တယ် ခန္ဓာကိုယ်ကနေ သွေးတွေစိမ့်ထွက်တယ်။သွားဖုံးသွေးယိုတယ်။ နှာခေါင်းသွေးလျှံတယ် ။အစာအိမ်သွေးကြောပေါက်တော့ ကော်ဖီယောင်တွေအန်တယ် ။ဝမ်းမည်းမည်းတွေသွားတယ်။

ဒါတွေကြောင့် အသက်အန္တရာယ်ကိုထိခိုက်နိုင်တာပါ။

🌺အိမ်တွင်းကုထုံးက ဘာတွေလုပ်လို့ရမလဲ?

အဆင့် (၁ )နဲ့ (၂ )ကို အိမ်မှာနေလို့ရတယ်ဆိုတော့ အိမ်မှာ ဘယ်လိုလုပ်ပေးရမလဲဆိုတာ မေမေတွေသိဖို့မျှဝေပေးပါ့မယ်။

အပေါ်ကပြောခဲ့သလိုဘဲ ခန္ဓာကိုယ်မှာရေဓာတ်တွေဆုံးရှူံးသွားတဲ့အတွက် ရေဓာတ်ပြန်ဖြည့်ပေးဖို့က အဓိကပါ။ရေဆိုလို့ ရေတွေချည်းလှိမ့်တိုက်ခိုင်းတာ မဟုတ်ပါဘူး။

ဓာတ်ဆားတိုက်လို့ရတယ် ။လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေတိုက်လို့ရတယ် ။အုန်းစိမ်းရည်တိုက်လို့ရတယ်။ မြူစွမ်၊ စွပ်ပြုတ်ရည်၊ ကြက်ပေါင်းရည် တိုက်လို့ရတယ်။

အစားအစာအနေနဲ့ ပျော့ပျော့နဲ့ အစာကြေလွယ်တာလေးတွေကျွေးလို့ရတယ်။ထမင်းရည်တိုက်လို့ရတယ်။ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်နဲ့ နို့ထမင်း စတာတွေကျွေးလို့ရတယ်။

ရှောင်ရမှာတွေကတော့ အပူ ၊အစပ် နဲ့အချဉ်တွေရှောင်မယ် ။အစားကျွေးတဲ့အခါ အရမ်းမပူစေပါနဲ့ ။တချို့က ချွေးထွက်သွားအောင် ထမင်းရည်ပူပူလေးသောက်ခိုင်းတတ်တယ်။ သောက်ကောင်းရုံပူရင်ရပါတယ် ။အရမ်းပူတာကြီးတော့မသောက်ခိုင်းပါနဲ့ ။အစာအိမ်ထိခိုက်ပြီး သွေးယိုမှာစိုးလို့ပါ။

နောက်အရေးကြီးတဲ့အချက်က လက်ဖက်ရည် ၊ကော်ဖီ နဲ့ အရောင်ရင့်တဲ့ အစားအစာ အရည်တွေမတိုက်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဖျားနေတဲ့ကလေးက အစာချေဖျက်မှုအားနည်းတယ် အဲတော့ အန်တဲ့အခါ ကိုယ်ကျွေးလိုက်တဲ့ အစားအစာ ကော်ဖီရောင်တွေပြန်အန်တာလား အစာအိမ်သွေးကြောပေါက်လို့ ကော်ဖီရောင်အန်တာလားခွဲခြားမသိမှာစိုးလို့ပါ ။အဲဒါအရေးအကြီးဆုံးပါဘဲ။

ကလေးကို အဝတ်အစား ပွပွ ချောင်ချောင်ဝတ်ပေးပါ။ ချမ်းတယ်ဆိုရင် အနွေးထည်ခပ်ပါးပါး စောင်ခပ်ပါးပါးလေးပဲခြုံပေးထားပါ။ချွေးထွက်အောင်ဆိုပြီးအနွေးထည်အထူကြီးဝတ်မပေးပါနဲ့။ စောင်တွေနဲ့ ထွေးပတ်မထားပါနဲ့ ။ခန္ဓာကိုယ်ထဲကအပူတွေ အပြင်ကိုမထွက်ပဲ အောင်းနေပြီး အပူကြီးလာတတ်ပါတယ်။

အဖျားအရမ်းကြီးလို့ရှိရင် ရေပတ်တိုက်ပေးလို့ရပါတယ် ။အဝတ်ကို ရေစိုရွှဲနေအောင်စွတ်ပြီး ခန္ဓာကိုယ်အနှံ့ တိုက်ပေးရပါမယ်။ ချိုင်းကြားလေး နှာဖူးလေးတင်မဟုတ်ပါဘူး ။တကိုယ်လုံးစိုရွှဲသွားအောင်တိုက်ပေးရပါမယ် ။လိုအပ်ရင် ရေပါလောင်းချိုးပေးလို့ရပါတယ်။ ပြီးတာနဲ့ တဘက်ခြောက်နဲ့ ခြောက်အောင်ပြန်သုတ်ပေးလိုက်ရင်ရပါပြီ။

အိမ်မှာနေရင်းနဲ့ ကလေးဆရာဝန် ညွှန်ကြားလိုက်တဲ့ ဆေးတွေ သူ့အချိန်နဲ့သူ မှန်မှန်တိုက်ပေးရပါမယ် ။ပြီးတော့ ရောဂါအဆင့်( ၃) နဲ့ (၄) လက္ခဏာတွေပေါ်မပေါ်အမြဲမပြတ်စောင့်ကြည့်နေရပါမယ်။ ပေါ်လာတာနဲ့ ဆေးရုံကို အပြေးလာခဲ့ဖို့လိုပါလိမ့်မယ် ။မနက်ကမှပြထားသေးတယ် ညနေတော့ မပြတော့ဘူး နောက်နေ့မနက်မှပြန်ပြလိုက်မယ်လို့ မဆုံးဖြတ်ပါနဲ့ ။ချက်ချင်းလာပြဖို့လိုပါတယ်။

ပုံမှန်အားဖြင့်တော့ သွေးလွန်တုပ်ကွေးဖျားက တပတ် ဆယ်ရက်လောက်ကြာတတ်ပါတယ်။ပြီးရင် သူ့အလိုလိုပျောက်ပါတယ် ။ ပျောက်ရင် သွေးလွန်တုပ်ကွေးရဲ့ ထူးခြားတဲ့လက္ခဏာဖြစ်တဲ့ ခန္ဓာကိုယ်အနှံ့တော်တော်များများမှာ အနီစက်အပျောက်လေးတွေပေါ်လာတတ်ပါတယ်။

သွေးလွန်တုပ်ကွေးကိုထိရောက်အောင် ကုသတဲ့ဆေးမရှိသေးပါဘူး ။ဆေးရုံတက်ရမယ်ဆိုရင်လည်း ဆရာဝန်၊ ဆရာမတွေနဲ့ ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူတူ စိတ်ရှည်ရှည်ထားပြီးကုသမှုကို အောင်မြင်တဲ့ထိ ခံယူဖို့လိုအပ်ပါတယ်။ဆရာဝန်က စိတ်ချရပြီ ၊အိမ်ပြန်လို့ရပြီဆိုမှ ဆေးရုံဆင်းခဲ့ပါ။

ချစ်ရတဲ့ကလေးတွေ သွေးလွန်တုပ်ကွေးမှ ကင်းဝေးကြပါစေ။

References;

https://www.samitivejhospitals.com/article/detail/dengue-hemorrhagic-fever

https://drmonmon.wixsite.com/myanmar/amp/မ-မ-တ-သ-ထ-ဖ-သ-လ-န-တ-ပ-က-အ-က-င

❤️မေတ္တာဖြင့် မေမေလွေး❤️
10am/17.5.2023


#သွေးလွန်တုပ်ကွေးအဆင့်လေးဆင့်
#သွေးလွန်တုပ်ကွေး
#မေမေလွေးမိခင်နှင့်ကလေးကျန်းမာရေး

📣" အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက် "📣နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓ...
08/05/2024

📣" အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက် "📣

နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရုံးမှုပိုမိုများပြားလာပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် အပူဒဏ် ကြောင့် ဖောယောင်ခြင်း (Heat edema)၊ မိတ်နှင့် ယားနာများထွက်ခြင်း(Heat rashes)နှင့် ကြွက်တက်ခြင်း(Heat cramps) စသည့် ရောဂါဝေဒနာများအား ခံစားရရှိနိုင်ပါသည်။

ထို့အပြင် ရောဂါပိုမိုဆိုးရွားလာပါက အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion)နှင့် မူးမေ့ခြင်း (Heat syncope)တို့ကိုပါ ခံစားရနိုင်ကာ ပိုမိုပြင်းထန် ဆိုးရွား လာပါက အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat stroke) အထိ ဖြစ်ပွားစေနိုင်ပါသည်။

📣အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion) ခံစားရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။

- ပျို့ခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း
- ခေါင်းမူးနောက်ခြင်း
- ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း
- မူးမိုက်ခြင်း
- ခေါင်းကိုက်ခြင်း
- နုံးချိခြင်း
- ရေဆာခြင်း
- ချွေးအလွန်အကျွံထွက်ခြင်း
- ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း

📣ရောဂါပိုမိုပြင်းထန်ဆိုးရွားလာ၍ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အောက် ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။

- အရေပြား ပူ၍ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း
- စိတ်ရှုပ်ထွေးခြင်း
- သတိလစ်ခြင်း
- တက်ခြင်း
- ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း တို့ဖြစ်ပါသည်

📣သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အောက်ပါအချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၁။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုး ရောဂါအခံရှိသူများအနေဖြင့် နေ့လယ် နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက် ကောင်းသော နေရာများတွင် နားနေပါ။

၂။ ပူပြင်းသည့်နေရောင်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ် ခြင်းတို့ကို ရှောင်ကြဉ်ပါ။

၃။ ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါက လည်း အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များဆောင်းသွားပါ။ အရိပ်ရအေးမြသည့် နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏပြုလုပ်ပါ။

၎။ အလင်းပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။

၅။ နေပူထဲမှ ပြန်လာပြီးချက်ချင်း ရေချိုးခြင်းနှင့် မနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွတ်ခြင်း၊ ရေချိုးခြင်းစသည် တို့ကို ရှောင်ကြဉ်ပါ။

၆။ အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။

၇။ ခန္ဓာကိုယ်အတွင်းရေနှင့် ဓာတ်ဆားဓာတ်များဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ရေနှင့် ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ။

၈။ မိတ်နှင့် ယားဖုများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ။

၉။ အပူဒဏ်အန္တရာယ်ခံစားရသော လူနာအားအရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်း သော နေရာတွင် ထားရှိခြင်း၊ ရေနှင့်ဓာတ်ဆားရည်များ သောက်သုံးစေခြင်း၊ လူနာ၏ ခန္ဓာကိုယ် အပူချိန်အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြား (၂) ဖက်နှင့် ပေါင်ခြံ (၂) ဖက်တို့အား ရေအေးပတ်တိုက်ပေးခြင်း စသည်တို့အား ဦးစွာဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူစေပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Download PDF File (276 KB):
https://bit.ly/2SVUE8A

------------------

ဆုတောင်း
17/04/2024

ဆုတောင်း

08/04/2024

အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်🔥🔥🔥

Address

Between 71*72 , 34 Th Street
Mandalay

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00
Saturday 10:00 - 16:00
Sunday 10:00 - 16:00

Telephone

09971243547

Website

Alerts

Be the first to know and let us send you an email when မေမေလွေး မိခင်နှင့်ကလေးကျန်းမာရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share