Myat Wai Xyan Hospital

Myat Wai Xyan Hospital ကျန်းမာချမ်းသာခြင်းပြည့်လျှံ မြတ်ဝေလျှံ

ကဆုန်လပြည့် (ဗုဒ္ဓ)နေ့တွင် ကျန်းမာခြင်း၊ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေကြောင်းမြတ်ဝေလျှံဆေးရုံမှ ဆုမွန်ကောင်းတောင်းလိုက်...
30/04/2026

ကဆုန်လပြည့် (ဗုဒ္ဓ)နေ့တွင် ကျန်းမာခြင်း၊ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေကြောင်းမြတ်ဝေလျှံဆေးရုံမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။🙏🏻

📌နွေရာသီမှာ တော်တော်များများ အပြောများတဲ့ Heat Stroke ဆိုတာဘာလဲ..တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် အပူရှပ်ခြင်းပါ…အခုလိုမျိ...
27/04/2026

📌နွေရာသီမှာ တော်တော်များများ အပြောများတဲ့ Heat Stroke ဆိုတာဘာလဲ..
တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် အပူရှပ်ခြင်းပါ…

အခုလိုမျိုး အပူရှပ်တာက မစိုးရိမ်ရဘူးလို့ထင်ရပေမဲ့ လူကြီးလူငယ်မရွေး ရုတ်တရက်ဆိုသလို အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာမို့ Heat Stroke ရဲ့လက္ခဏာတွေက ဘာလဲ၊ Heat Stroke မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကို မြတ်ဝေလျှံဆေးရုံကနေ မျှဝေပေးချင်ပါတယ်။

Heat Stroke ရဲ့လက္ခဏာတွေကတော့

❕ ခေါင်းတွေမူးဝေလာမယ်
❕ ချွေ-းမထွက်ဘဲနဲ့ ခန္ဓာကိုယ်တွင်းအပူရှိန်တက်လာမယ်
❕အန်ချင်လာမယ်၊
❕အရေပြားတွေ ခြောက်လာမယ်
❕အခန့်မသင့်ရင် မူးလဲတာ၊ သတိလစ်တာမျိုးထိ ဖြစ်နိုင်တာမို့ အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်…❗️

ဒီတော့ Heat Stroke မဖြစ်အောင် ဘယ်လိုဂရုစိုက်ရမလဲ..❓

❕နေပူရှိန်ပြင်းတဲ့နေရာမှာ အကြာကြီးမနေပါနဲ့
❕ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အဝတ်တွေပဲဝတ်ပေးပါ
❕ဓာတ်ဆားရည်၊ ရေမကြာခဏသောက်ပေးပါ

📌ဒီအချက်တွေကိုလိုက်နာပေးရုံနဲ့‌ နွေရာသီမှာ အဖြစ်များတတ်တဲ့ Heat Stroke ပြဿနာတွေကို အနည်းနဲ့အများ ကာကွယ်ပြီးသားဖြစ်စေမှာပါ။

တကယ်လို့ အပူရှပ်တဲ့လက္ခဏာတွေ ခံစားလာရပြီဆိုရင်လည်း အရေးပေါ်လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုများနဲ့ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေတဲ့ မြတ်ဝေလျှံဆေးရုံမှာ ၂၄ နာရီလုံး ဆေးကုသမှု လာရောက်ခံယူနိုင်ပါတယ်ခင်ဗျာ...🏥

“ကျန်းမာ ချမ်းသာခြင်း ပြည့်လျှံ မြတ်ဝေလျှံ "

▪️မြတ်ဝေလျှံဆေးရုံ▪️

58 Street, between 122 Street (BoBa Htoo St) and 123 Street (Aung San St), Mandalay, Mandalay, Myanmar.

☎️09 797 766772

☎️09 797 766 773

☎️09 400 848 500

☎️09 977 800 314

#မြတ်ဝေလျှံဆေးရုံ

ကိုယ်ဝန်ဆောင်ကာလဆိုတာ မိခင်ရဲ့ ကျန်းမာရေး၊ အာဟာရနဲ့ နေထိုင်မှုပုံစံတွေက ကလေးရဲ့ ကျန်းမာရေးကိုပါ တိုက်ရိုက်ထိခိုက်စေနိုင်...
22/04/2026

ကိုယ်ဝန်ဆောင်ကာလဆိုတာ မိခင်ရဲ့ ကျန်းမာရေး၊ အာဟာရနဲ့ နေထိုင်မှုပုံစံတွေက ကလေးရဲ့ ကျန်းမာရေးကိုပါ တိုက်ရိုက်ထိခိုက်စေနိုင်တာမို့ ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ဒီအချက်တွေကို ဂရုစိုက်လိုက်နာသင့်ပါတယ်။

🤰 ဆရာဝန်ညွှန်ကြားချက်အတိုင်း ပုံမှန် စစ်ဆေးမှု ပြုလုပ်ပါ
ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်နှင့် ကလေးရဲ့ ကျန်းမာရေးကို သိရှိနိုင်ဖို့ ပုံမှန် စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။

🥗 အာဟာရပြည့်ဝတဲ့ အစားအစာများ စားသုံးပါ
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပရိုတင်းနဲ့ အာဟာရဓာတ်များ ပါဝင်တဲ့ အစားအစာများကို သင့်တော်စွာ စားသုံးဖို့လိုအပ်ပါတယ်။

💊 ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးများကိုသာသောက်ပါ
ကိုယ်တိုင်ဆေးဝယ်သောက်ခြင်းကို ရှောင်ကြဉ်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ ဆေးဝါးများကို သောက်သုံးသင့်ပါတယ်။

😴 လုံလုံလောက်လောက်အနားယူပါ
ခန္ဓာကိုယ်အတွက် အနားယူမှုလုံလုံလောက်လောက် ရရှိခြင်းက မိခင်နှင့် ကလေးအတွက် အရေးကြီးပါတယ်။

🚫 အရက်၊ ဆေးလိပ်နှင့် အန္တရာယ်ဖြစ်စေနိုင်သော အရာများကို ရှောင်ကြဉ်ပါ
ဒီအရာများက ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ပါတယ်။

ဒီအချက်လေးတွေကို ပုံမှန်ဂရုစိုက်ပေးဖို့လိုတဲ့အပြင် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ဆရာဝန်ကညွှန်ကြားထားတဲ့အတိုင်း စစ်ဆေးမှုခံယူပေးတာကလည်း မိခင်နဲ့ကလေးရဲ့ ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်တာမို့ ရက်ချိန်းမပြတ်ဘဲ စစ်ဆေးကုသမှုများ ဆောင်ရွက်သင့်ပါတယ်။

မြတ်ဝေလျှံ ဆေးရုံမှာလည်း ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုများနဲ့ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို ကျွမ်းကျင်ဆရာဝန်များမှ ဂရုတစိုက် ဆောင်ရွက်ပေးလျက်ရှိတာမို့ မိခင်နဲ့ကလေးတို့ရဲ့ ကျန်းမာရေးအတွက် စစ်ဆေးမှုများကို မြတ်ဝေလျှံ ဆေးရုံမှာ ယုံကြည်စိတ်ချစွာ လာရောက်ကုသမှုခံယူနိုင်ပါတယ်ခင်ဗျာ..🤗


“ကျန်းမာ ချမ်းသာခြင်း ပြည့်လျှံ မြတ်ဝေလျှံ "

▪️မြတ်ဝေလျှံဆေးရုံ▪️

58 Street, between 122 Street (BoBa Htoo St) and 123 Street (Aung San St), Mandalay, Mandalay, Myanmar.

☎️09 797 766772

☎️09 797 766 773

☎️09 400 848 500

☎️09 977 800 314

#မြတ်ဝေလျှံဆေးရုံ

"သင်္ကြန်အခါသမယမှာ ကျန်းမာချမ်းသာပါစေကြောင်းမြတ်ဝေလျှံမှဆုမွန်ကောင်းေပးအပ်လိုက်ပါတယ်" 🤗🤍“ကျန်းမာ ချမ်းသာခြင်း ပြည့်လျှံ ...
13/04/2026

"သင်္ကြန်အခါသမယမှာ ကျန်းမာချမ်းသာပါစေကြောင်းမြတ်ဝေလျှံမှဆုမွန်ကောင်းေပးအပ်လိုက်ပါတယ်" 🤗🤍

“ကျန်းမာ ချမ်းသာခြင်း ပြည့်လျှံ မြတ်ဝေလျှံ "

▪️မြတ်ဝေလျှံဆေးရုံ▪️

58 Street, between 122 Street (BoBa Htoo St) and 123 Street (Aung San St), Mandalay, Mandalay, Myanmar.

☎️09 797 766772

☎️09 797 766 773

☎️09 400 848 500

☎️09 977 800 314

#မြတ်ဝေလျှံဆေးရုံ

ရောဂါတစ်ခုခုဖြစ်လာတဲ့အချိန်မှာ အမြန်ဆုံး သက်သာချင်တာကြောင့် အလွယ်ဆေးသောက်လိုက်တာမျိုးတွေ တော်တော်များများတွေ့ရပါတယ်…❗️တက...
11/04/2026

ရောဂါတစ်ခုခုဖြစ်လာတဲ့အချိန်မှာ အမြန်ဆုံး သက်သာချင်တာကြောင့် အလွယ်ဆေးသောက်လိုက်တာမျိုးတွေ တော်တော်များများတွေ့ရပါတယ်…

❗️တကယ်တော့ ဒီလိုမျိုး စိတ်မှန်းနဲ့ကုသတာမျိုးမလုပ်ဘဲနဲ့ ရောဂါကို မကုသခင်မှာ သေချာစစ်ဆေးဖို့ကလည်း အရေးကြီးပါတယ် ဘာကြောင့်လဲဆိုရင်‌ ကိုယ်ထင်တဲ့ ရောဂါလက္ခဏာလိုမျိုးပြနေပေမဲ့လည်း လက်တွေ့မှာတော့ တခြားရောဂါလည်း ဖြစ်နေနိုင်တာကြောင့်ပါ။

ဥပမာပြောရမယ်ဆိုရင် ခေါင်းကိုက်တယ်ဆိုတဲ့လက္ခဏာအောက်မှာတင် သွေးတိုးတာ၊ လူပင်ပန်းနေတာ၊ အပူရှပ်တာ စတဲ့အကြောင်းအရင်းတွေအများကြီး ကွဲပြားသေးတာကြောင့်ပဲဖြစ်ပါတယ်။

📌ဒါကြောင့် ရောဂါလက္ခဏာတစ်ခုခု ပြင်းပြင်းထန်ထန်ပြပြီဆိုတာနဲ့ ကိုယ်တိုင်အလွယ်တကူဆေးဝယ်သောက်ပြီး ကုသနေတာမျိုးထက် ဆရာဝန်တွေက သွေးစစ်ခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းနဲ့ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ဖို့လိုအပ်ပါတယ်။

✅အဲ့ဒီလို တိကျတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှသာ အနာတခြား ဆေးတခြားမဖြစ်စေဘဲ သင့်တော်တဲ့ ဆေးဝါးနဲ့ ကုသမှုကို ရရှိနိုင်ပြီး ရောဂါကို ထိရောက်စွာ ကုသနိုင်မှာ ဖြစ်ပါတယ်။

❗️ဒါကြောင့် ကိုယ်တိုင်ဆေးဝယ်သောက်ခြင်းထက် ကျန်းမာရေးစစ်ဆေးမှုကို သေချာပြုလုပ်ပြီးမှ ကုသမှုခံယူခြင်းက ပိုမိုလုံခြုံပြီး အကျိုးရှိတဲ့ နည်းလမ်း ဖြစ်ပါတယ်။

📌မြတ်ဝေလျှံ ဆေးရုံမှာလည်း လူနာတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေကို သေချာစစ်ဆေးပြီး
သင့်တော်တဲ့ ကုသမှုများကို ပေးနိုင်ရန် ကျွမ်းကျင်ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက အမြဲအသင့်ရှိနေပါတယ်။

မိသားစုများရဲ့ကျန်းမာရေးကို သေချာဂရုစိုက်ဖို့အတွက်တိကျတဲ့ စစ်ဆေးမှုနှင့် ကုသမှုများအတွက် မြတ်ဝေလျှံ ဆေးရုံ ကို ယုံကြည်စိတ်ချစွာ လာရောက်ဆက်သွယ်နိုင်ပါတယ်။ 🏥

“ကျန်းမာ ချမ်းသာခြင်း ပြည့်လျှံ မြတ်ဝေလျှံ "

▪️မြတ်ဝေလျှံဆေးရုံ▪️

58 Street, between 122 Street (BoBa Htoo St) and 123 Street (Aung San St), Mandalay, Mandalay, Myanmar.

☎️09 797 766772

☎️09 797 766 773

☎️09 400 848 500

☎️09 977 800 314

#မြတ်ဝေလျှံဆေးရုံ

မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ရေပက်ကစားပြီး နှစ်ဟောင်းကအညစ်အကြေးတွေ ဆေးကြောကြတဲ့ ပျော်ရွှင်ဖွယ်ရာသင်္ကြန်အချိန်အခါလေးမှာ ...
07/04/2026

မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ရေပက်ကစားပြီး နှစ်ဟောင်းကအညစ်အကြေးတွေ ဆေးကြောကြတဲ့ ပျော်ရွှင်ဖွယ်ရာသင်္ကြန်အချိန်အခါလေးမှာ ပျော်စရာရှိတာကို ပျော်ရမှာဖြစ်သလို ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဖို့ မမေ့သင့်ပါဘူး။

အထူးသဖြင့် ခုလို သင်္ကြန်ကာလဟာ နွေရာသီအပူရှိန်ပြင်းတဲ့အချိန်ဖြစ်တာကတစ်ကြောင်း၊ အပေါ်အပူ၊ အောက်မှာအစိုနဲ့မို့ Heat Stroke (အပူရှပ်ခြင်း) ဖြစ်ဖို့ အလားအလာများတဲ့ကာလဖြစ်တဲ့အတွက် ကျန်းမာရေးဂရုစိုက်ဖို့ကို ပိုပိုသာသာ သတိပေးရတာဖြစ်ပါတယ်။

ဒီတော့ ဘယ်လိုဂရုစိုက်ရမလဲဆိုရင်…
❕နေပူရှိန်ပြင်းတဲ့အချိန်တွေမှာ ရေပက်ခံထွက်တာကို ရှောင်ကြဉ်ပါ
❕ရေစိုနေတဲ့ အဝတ်အစားနဲ့ အကြာကြီး မနေပါနဲ့
❕လမ်းဘေးအစားအစာများနဲ့ သန့်ရှင်းမှု မရှိတဲ့ရေများကို ဂရုစိုက်ရှောင်ကြဉ်ပါ
❕ဓာတ်ဆားရည်နှင့် ရေများများ သောက်ပြီး ခန္ဓာကိုယ်ကို ရေဓာတ်လုံလောက်အောင် ထိန်းသိမ်းပါ..

သင်္ကြန်ကာလတင်မကဘဲ အခုချိန်မှာတောင် ရာသီဥတုက တစ်နေ့ထက်တစ်နေ့ ပိုပိုပြင်းလာပြီမို့လို့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အစစအရာရာ ဂရုစိုက်ကြဖို့လည်း အကြံပေးလိုက်ပါတယ်ခင်ဗျာ။

မြတ်ဝေလျှံ ဆေးရုံ မှာလည်း မိတ်ဆွေမိသားစုများရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးဖို့အတွက် (၂၄) နာရီ အဆင်သင့်ရှိနေပါတယ်။ 🏥

ပျော်ရွှင်စရာ သင်္ကြန်အခါကို ကျန်းမာစွာ ဖြတ်သန်းနိုင်ကြပါစေခင်ဗျာ..🙏🏻

“ကျန်းမာ ချမ်းသာခြင်း ပြည့်လျှံ မြတ်ဝေလျှံ "

▪️မြတ်ဝေလျှံဆေးရုံ▪️

58 Street, between 122 Street (BoBa Htoo St) and 123 Street (Aung San St), Mandalay, Mandalay, Myanmar.

☎️09 797 766772

☎️09 797 766 773

☎️09 400 848 500

☎️09 977 800 314

#မြတ်ဝေလျှံဆေးရုံ

အသက် ၄၀ ကျော်လာတဲ့အချိန်မှာ ခန္ဓာကိုယ်က အရင်လိုမဟုတ်တော့ဘဲ ကိုယ်ခန္ဓာအတွင်းမှာ နှလုံးကြွက်သားအားနည်းလာတာတွေ၊ သွေးလည်ပတ်မ...
21/03/2026

အသက် ၄၀ ကျော်လာတဲ့အချိန်မှာ ခန္ဓာကိုယ်က အရင်လိုမဟုတ်တော့ဘဲ ကိုယ်ခန္ဓာအတွင်းမှာ
နှလုံးကြွက်သားအားနည်းလာတာတွေ၊ သွေးလည်ပတ်မှုနှုန်း နည်းလာတာမျိုးတွေနဲ့ ခန္ဓာကိုယ်က အဆိပ်အ‌တောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းတွေလည်းလျော့ကျလာပါတယ်။ ဒါကြောင့်မို့ပဲ နောက်ဆက်တွဲအနေနဲ့ မလိုလားအပ်တဲ့ရောဂါတွေဖြစ်လာနိုင်ပါတယ်။
အဲ့ဒီထဲကမှ တချို့ရောဂါတွေက လက္ခဏာမပြဘဲ လူကို တဖြည်းဖြည်းချင်း ဒုက္ခပေးတတ်တာကြောင့် ကြိုတင်စစ်ဆေးထားခြင်းက အကောင်းဆုံးကာကွယ်မှုပါ။ အဲ့ဒီထဲကမှ အသက် (၄၀) ကျော်အရွယ်တွေမှာဆိုရင်

1️⃣ သွေးတိုးရောဂါ
2️⃣ ဆီးချိုရောဂါ
3️⃣ နှလုံးသွေးကြောကျဥ်းရောဂါ
4️⃣ ကျောက်ကပ်ပျက်စီးခြင်းရောဂါ
5️⃣ အသည်းခြောက်တာတွေနဲ့
6️⃣သွေးတွင်းအဆီများတာတွေ အဖြစ်များတတ်တာမို့ အသက် ၄၀ ကျော်လာချိန်ဆိုရင် ဒီရောဂါတွေ ဖြစ်/မဖြစ် ကြိုတင်စစ်ဆေးပြီး ကာကွယ်ထားသင့်ပါတယ်။

🤍 ဒီလိုမျိုးရောဂါတွေကိုလည်း မြတ်ဝေလျှံမှာ မိမိရဲ့ ကျန်းမာရေးအတွက် လာရောက်စစ်ဆေးရှာဖွေပြီး အထူးကုဆရာဝန်ကြီးတို့နဲ့ လာရောက်တိုင်ပင် ကုသမှုခံယူနိုင်ပါတယ်ခင်ဗျာ။🥰🤍

ဒါကြောင့် မိသားစုမိတ်ဆွေတို့အနေနဲ့လည်း ကျန်းမာရေးကိစ္စအဝဝအတွက် ကာကွယ်ဖို့ဖြစ်ဖြစ်၊ ကုသဖို့ဖြစ်ဖြစ် ယုံကြည်စိတ်ချရပြီး ဝန်ဆောင်မှုအပြည့်နဲ့ ကုသပေးနေတဲ့ ဆေးရုံကို ရှာနေတယ်ဆိုရင်…

မြတ်ဝေလျှံဆေးရုံရှိတယ်ဆိုတာကို သတိရလိုက်ပါခင်ဗျာ 🙏🏻✨

“ကျန်းမာ ချမ်းသာခြင်း ပြည့်လျှံ မြတ်ဝေလျှံ "

▪️မြတ်ဝေလျှံဆေးရုံ▪️

58 Street, between 122 Street (BoBa Htoo St) and 123 Street (Aung San St), Mandalay, Mandalay, Myanmar.

☎️09 797 766772

☎️09 797 766 773

☎️09 400 848 500

☎️09 977 800 314

#မြတ်ဝေလျှံဆေးရုံ

မြတ်ဝေလျှံကိုလာရောက်ဖူးကြတဲ့  မိတ်ဆွေမိသားစုများရဲ့ မြတ်ဝေလျှံအပေါ်အမြင်များ🥰🤍 ခုလိုမျိုး မိတ်‌‌ေဆွမိသားစုများအပေါ် ဝန်‌...
19/03/2026

မြတ်ဝေလျှံကိုလာရောက်ဖူးကြတဲ့ မိတ်ဆွေမိသားစုများရဲ့ မြတ်ဝေလျှံအပေါ်အမြင်များ🥰🤍
ခုလိုမျိုး မိတ်‌‌ေဆွမိသားစုများအပေါ် ဝန်‌ေဆာင်မှုများေပးနိုင်တဲ့အတွက် မြတ်‌ေဝလျှံမှလည်းအထူးပင်ဂုဏ်ယူမိပါတယ်ခင်ဗျာ။ 🥰🤍

ဒါကြောင့် မိသားစုမိတ်ဆွေတို့အနေနဲ့လည်း ကျန်းမာရေးကိစ္စအဝဝအတွက် ကာကွယ်ဖို့ဖြစ်ဖြစ်၊ ကုသဖို့ဖြစ်ဖြစ် ယုံကြည်စိတ်ချရပြီး ဝန်ဆောင်မှုအပြည့်နဲ့ ကုသပေးနေတဲ့ ဆေးရုံကို ရှာနေတယ်ဆိုရင်…

မြတ်ဝေလျှံဆေးရုံရှိတယ်ဆိုတာကို သတိရလိုက်ပါခင်ဗျာ 🙏🏻✨

“ကျန်းမာ ချမ်းသာခြင်း ပြည့်လျှံ မြတ်ဝေလျှံ "

▪️မြတ်ဝေလျှံဆေးရုံ▪️

58 Street, between 122 Street (BoBa Htoo St) and 123 Street (Aung San St), Mandalay, Mandalay, Myanmar.

☎️09 797 766772

☎️09 797 766 773

☎️09 400 848 500

☎️09 977 800 314

#မြတ်ဝေလျှံဆေးရုံ

မြတ်ဝေလျှံမှာ မိတ်ဆွေမိသားစုများအတွက်  ကာကွယ်ဖို့ပဲဖြစ်ဖြစ်၊ ကုသဖို့ပဲဖြစ်ဖြစ် ၂၄ နာရီအဆင်သင့် ကျန်းမာရေးဝန်ဆောင်မှုတွေ ...
18/03/2026

မြတ်ဝေလျှံမှာ မိတ်ဆွေမိသားစုများအတွက် ကာကွယ်ဖို့ပဲဖြစ်ဖြစ်၊ ကုသဖို့ပဲဖြစ်ဖြစ် ၂၄ နာရီအဆင်သင့် ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးလျက်ရှိပါတယ်ခင်ဗျာ။ 🤗

ကာကွယ်ခြင်းနဲ့ ကုသဖို့အတွက် ကျန်းမာရေးဝန်ဆောင်မှုတွေဟာဆိုရင်..🤍
✔ နောက်ဆုံးပေါ် ဓာတ်-ခွဲခန်းစက်များဖြင့် ၂၄ နာရီ ရောဂါရှာဖွေစမ်းသပ်မှုများ
✔နှလုံးနှင့်ပတ်သက်သော စမ်းသပ်စစ်ဆေးမှုများ
✔ အရိုး၊ အဆစ်အတွက်ဆိုရင် X Ray ရိုက် စမ်းသပ်စစ်ဆေးခြင်း
✔ရင်သား ရောဂါစစ်ဆေးခြင်း ( Breast Ultrasound)
✔၂၄ နာရီ အထွေထွေကုသမှုများ အပြင် လူနာများမြတ်ဝေလျှံသို့လာရောက်နေစဥ်အတွင်းမှာ စိတ်ဖိစီးမှုများမရှိရလေအောင်
✔ သန့်ရှင်းသပ်ရပ်ကျယ်ဝန်းသောအခန်းများ
✔အခြားသော ကျန်းမာရေးဝန်ဆောင်မှုများ
စတဲ့ ကျန်းမာရေးကိစ္စအထွေထွေ ကုသမှုများကို ၂၄ နာရီလုံး တာဝန်ကျဆရာဝန်များဖြင့် အသေးစိတ်ကုသဝန်ဆောင်မှုများပေးလျက်ရှိပါတယ်ခင်ဗျာ။🤍
ဒါကြောင့် မိသားစုမိတ်ဆွေတို့အနေနဲ့လည်း ကျန်းမာရေးကိစ္စအဝဝအတွက် ကာကွယ်ဖို့ဖြစ်ဖြစ်၊ ကုသဖို့ဖြစ်ဖြစ် ယုံကြည်စိတ်ချရပြီး ဝန်ဆောင်မှုအပြည့်နဲ့ ကုသပေးနေတဲ့ ဆေးရုံကို ရှာနေတယ်ဆိုရင်…

မြတ်ဝေလျှံဆေးရုံရှိတယ်ဆိုတာကို သတိရလိုက်ပါခင်ဗျာ 🙏🏻✨

“ကျန်းမာ ချမ်းသာခြင်း ပြည့်လျှံ မြတ်ဝေလျှံ "

▪️မြတ်ဝေလျှံဆေးရုံ▪️

58 Street, between 122 Street (BoBa Htoo St) and 123 Street (Aung San St), Mandalay, Mandalay, Myanmar.

☎️09 797 766772

☎️09 797 766 773

☎️09 400 848 500

☎️09 977 800 314

#မြတ်ဝေလျှံဆေးရုံ

Address

58 Street , Between 122 Street(BoBa Htoo St) And 123 Street (Aung San St)
Mandalay

Telephone

+959797766772

Website

Alerts

Be the first to know and let us send you an email when Myat Wai Xyan Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category