ဒေါက်တာဖုန်း ZTK ဆေးခန်း မန္တလေး

  • Home
  • Myanmar
  • Mandalay
  • ဒေါက်တာဖုန်း ZTK ဆေးခန်း မန္တလေး

ဒေါက်တာဖုန်း ZTK ဆေးခန်း မန္တလေး လက်လှန်းမီ ခေတ်မီသော ကျန်းမာရေးဝန်ဆောင်မှု

လက်တွဲဖို့ ဖိတ်ခေါ်ပါသည်။
05/07/2025

လက်တွဲဖို့ ဖိတ်ခေါ်ပါသည်။

03/10/2024

မီးမလာလဲ အသုံးပြုလို့ရပါလိမ့်မယ် ...
Power bank နဲ့ လဲ အသုံးပြုလို့ရပါလိမ့်မယ်..
ပန်းနာရင်ကြပ် သမားတွေ
ချွဲထ တတ်တဲ့ လူတွေအတွက်
အရမ်းအသုံးဝင်တဲ့ ပစ္စည်းပါ ..
Portable Nebulizer လို့ခေါ်ပါတယ် ..
မှာယူချင်တယ်ဆိုရင်တော့
Page Messenger မှာ
မှာယူလို့ရပါပြီ ...

ဇနသုခဆေးခန်း
ဒေါက်တာဖုန်း
မန္တလေး
38 လမ်းပေါ်
84 x 85 ကြား
မန်းမြို့ဈေးနှင့်
ကျောက်ဝိုင်း အနီး
ဖုန်း - 09970013191

30/09/2024

ဒေါက်တာဖုန်း က
ဆေးခန်းလာပြတဲ့
လူနာမှတ်တမ်းကို
ဒီလို စနစ်တကျ ယူပါတယ်...
👍👍👍

21/09/2024

"နားထိုးတဲ့ ဂွမ်းတံ သုံးရင်
လက်မလွန် မိဖိုလိုပါတယ်"

👨‍⚕️ ဒေါက်တာဖုန်း
🏥 ဇနသုခ
🏩 အထွေထွေရောဂါကုဆေးခန်း

မန္တလေးမြို့
38 လမ်း 84 85 ကြား။
☎️- 09970013191

12/09/2024

🚨ရေဘေးအကူအညီ တောင်းခံနိုင်သော ဖုန်းနံပါတ်များ🚨

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့

(မန္တလေးတိုင်း ဒေသကြီး ကော်မတီရုံး)

09-767119119

09-787119119

09-440119119

🚨(ကျောက်ဆည်ကယ်ဆယ်ရေး)

KYAUKSE RESCUE

09256006355
09258444414

🚨(ဝမ်းတွင်းကယ်ဆယ်ရေး)

ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတ ကွန်ယက်

092165003

09444484129

09444484128

🚨(ပျော်ဘွယ်ကယ်ဆယ်ရေး )

09-449988191
09-2228214
09-43020516
09-459975496
09-2049021

09-449988191မီးသတ်ဦးစီးမှူး

09-2228214ကိုကျော်ကျော်ဝင်း

09-43020516 ကိုအောင်ဇော်မိုး

09-459975496ကိုရဲမင်းထွန်း

🚨(ရမည်းသင်း ကယ်ဆယ်ရေး)

09404590001(မိုးစေတနာ)

064-4007(ရမည်းသင်းမီးသတ်)

064-40787- ရမည်းသင်း

🚨(တောင်ငူ ကယ်ဆယ်ရေး)

T.E.R.Tအသင်း
09443555502

T.Rescueအသင်း
09791232000

မေတ္တာရှင်အသင်း
09428155773

အာယုပါလအသင်း
09687635151

ရှင်စောပုအသင်း
09770313323

၆ရပ်ကွက်အသင်း
09973775151

T.E.R.T

🚨(မိတ္ထီလာ ကယ်ဆယ်ရေး )

မိတ္ထီလာမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး
အဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်း

09402684996

09696860666

🚨(နေပြည်တော် တပ်ကုန်း ဆွာ တောင်ငူ ကယ်ဆယ်ရေး)

0943106850
ဒို့လယ်ဝေးပရဟိတလူငယ်များ အဖွဲ့

09681000095
09797604667
09775207713
09 972755311
09 420771405(မိုးစေတနာ)
09 404590001(မိုးစေတနာ)
09 677080162(တပ်ကုန်းမီးသတ်)
09 677080126(တပ်ကုန်းမီးသတ်)

095044564
ပုဗ္ဗတွဲလက်များ လူမှု ကူညီရေးအသင်း

ဟန်းရာဇာ

09420085147
09420085147

🚨(ညောင်ရွှေ ရွှေညောင် တာချီလိတ် ကယ်ဆယ်ရေး)

ညောင်ရွှေမြို့ ရေဘေးကယ်ဆယ်ရေး
ကိုစိုးမင်းလတ် 09428310586
ကိုသက်ပိုင်စိုး 09261932939
ကိုတိုးအောင်ရွှေ 09428311563

ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်း
09442747077 (MM)
09690876226(MM)
09257263334(MM)
081-8816772 (Thai)
09-47025411 (Thai)

မေတ္တာရှင် လူမှုကူညီရေးအသင်း
(09694339969)၊

ရွှေမယ်ယန်း (ပရဟိတ) လူမှုကူညီရေးအသင်း
(09258736136)၊

တာချီလိတ် သဒ္ဓါ ပရဟိတအသင်း
(09449946298)၊

ခရိုင် ကြက်ခြေနီအသင်း ( 09251003560 )
မြို့နယ် ကြက်ခြေနီအသင်း (09456515770)၊

ရွှေတာချီ လူမှုကူညီရေးအသင်း
(09686944969)၊

အလင်းရောင် ပရဟိတအသင်း
(09697334523)၊

မြို့နယ်အထွေထွေအုပ်ချုပ်ရေး
(09401619797)၊

တာလော့ရပ်ကွက် အုပ်ချုပ်ရေးမှူး
(0941006512)၊

ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးမှူး
(09457715667)၊

မယ်ခေါင်ရပ်ကွက် အုပ်ချုပ်ရေးမှူး
(09698130664)၊

ဆန်ဆိုင်း(က)ရပ်ကွက် အုပ်ချုပ်ရေးမှူး
(09968310777)၊

ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး
(095240634)

ကိုစိုးမင်းလတ် 09428310586
ကိုသက်ပိုင်စိုး 09261932939
ကိုတိုးအောင်ရွေ 09428311563

🚨တောင်ကြီး ကလော ဟိုပုံး (အစားအသောက်)

Win Naing Soe

09791248510

🚨 (ပဲခူး ကယ်ဆယ်ရေး)

ပဲခူးမြို့ ကူညီကယ်ဆယ်ရေးနှင့်
လူမှုရေးအသင်းများအား
ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များ

၁ ။ ကြီးလေးကြီးမင်းမင်းထွန်း
( 09777047759 )

၂ ။ ဦးမောင် rescue
( 095001419)

၃ ။ ဆန်းလွင်ဦး
( 09428180490 )

၄ ။ ကိုကုလား
( 095140662 )(09776247452 )

၅ ။ ဖြိုးဘို
( 09792145520 )

၆ ။ ကိုကျော်ထိုက်
( 095302140 )

၇ ။ နန်းတော်ရာလူမှု
( 09796946368 )

၈ ။ မာတလိလူမှု
( 09423666014 )

၉ ။ သကျနွယ်လူမှု
( 09428175000 )

၁၀ ။ မေတ္တာသီတာရေစင်(ရွှေ့ပြောင်းကယ်ဆယ်)
( 09447222929 )

၁၁ ။ သုဘ လူမှုကူညီရေး
( 09428139424 )

🚨ကျိုက်ထို ဘီးလင်း သဲဖြူ ကယ်ဆယ်ရေး

ကျိုက်ထိုလူငယ်ပရဟိတအဖွဲ့

Yan naing Win
Soe myatMoe

09941337925
09425260411
09941337925
09941337925

🚨(နယ်ဝေးအထွေထွေကယ်ဆယ်ရေး)

လူကယ်ပြန် ဝန်ကြီးဌာန
၀၆၇ - ၃၄၀၄၆၆၆၊
၀၆၇ - ၃၄၀၄၇၇၇
Email - ddmrelief.Im@gmail.com
reliefupper2020@gmail.com
myanmareoc.rrd@gmail.com

79 Living Hotel Mandalay
မြန်မာပြည်အလယ်ပိုင်းရေဘေးကယ်ဆယ်ရေး

09963000963

ကိုသက်ကြီး စိန်ပန်း
မဟာ - လူမှုကယ်ဆယ်ရေး မန္တလေး။

ဖုန်း- 09402600033

အသင်းရုံး ဖုန်း ---
09-775 192 192
09- 441 119 119

မြို့ဦးလုလင်နာရေးကူညီမူအသင်း

Ph. 09975801060
==========================================
#နေပြည်တော် #နေပြည်တော်သီးသန့်

09420722222 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
09423671702 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
0673404666(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
0673404777 (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
09972755311
09420771405(မိုးစေတနာ)
09404590001(မိုးစေတနာ)
09677080162(တပ်ကုန်းမီးသတ်)
09677080126(တပ်ကုန်းမီးသတ်)
လူမှုကရုဏာရှင်အဖွဲ့
09681000095
09797604667
09775207713
09972755311
0943106850(တပ်ကုန်းရေဘေး)
095044564(ပုဗ္ဗတွဲလက်များ)
09448535275 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
09420714432 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
09404050511 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09429319960 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09420104504(စိုးမိုးသူလူမှုကူညီရေးအသင်း)
09253095834(စိုးမိုးသူလူမှုကူညီရေးအသင်း)
09254080946 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09445599676(ပုညကာရီလူမှုကယ်ဆယ်ရေး)
095402616 (ပုညကာရီလူမှုကယ်ဆယ်ရေး)
09771151505(စေတနာလူမှုကူညီရေးအသင်း)
09420720713(စေတနာလူမှုကူညီရေးအသင်း)
09797905232 (စေတနာလူမှုကူညီရေးအသင်း)
09797712335(ကရုဏာရှင်ပရဟိတအသင်း)
09786545509(ကရုဏာရှင်ပရဟိတအသင်း)
09254448800 (ကရုဏာရှင်ပရဟိတအသင်း)
09420942455(သုခဒါနပရဟိတအသင်း)
09773592699 (သုခဒါနပရဟိတအသင်း)
09779905443 (ဇမ္ဗူတလူ ပရဟိတာအသင်း)

#ရေဘေး #ဖုန်းနံပါတ်

ဆေးခန်း လိပ်စာ ပြောင်းလဲ ဖွင့် ထားပါတယ် ဇနသုခဆေးခန်း84 85 ကြား38 လမ်းမပေါ် မန်းမြို့ဈေးမြောက်ပေါက်09970013191
12/09/2024

ဆေးခန်း လိပ်စာ ပြောင်းလဲ ဖွင့် ထားပါတယ်
ဇနသုခဆေးခန်း
84 85 ကြား
38 လမ်းမပေါ်
မန်းမြို့ဈေးမြောက်ပေါက်
09970013191

12/09/2024

ဈေးနှုန်းချိုသာ ကျန်းမာရေးဓာတ်ခွဲခန်းနှင့် ဆေးခန်း

21/08/2024

#မျောက်ကျောက်ဘာလဲဘယ်လဲ

မျောက်ကျောက် (Mpox) ဆိုတာ ဘာလဲ

မျောက်ကျောက်ရောဂါဆိုတာ Smallpox လို့ခေါ်တဲ့ ကျောက်ကြီးမျိုးနွယ်ဝင်ဖြစ်ပြီး ၁၉၅၈ ခုနစ်မှာ မျောက်တွေမှာ စတွေ့လို့ Monkeypox လို့ခေါ်တာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ ၁၉၇၀ ကစပြီး အာဖရိက (၁၁) နိုင်ငံမှာတွေ့ရှိရပါတယ်။ ၁၉၉၆-၉၇ မှာ ကွန်ဂိုနိုင်ငံမှာကူးစက်ပြန့်နှံ့ဖူးပါတယ်။

မျောက်ကျောက်က ဘာလို့ခုမှ ပြန်ဖြစ်လာတာလဲ

၁၉၈၀ မှာ ကျောက်ကြီးလုံးဝကင်းစင်သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေငြာခဲ့ပြီး ကျောက်ကြီးကာကွယ်ဆေးတွေလည်း မထိုးတော့တဲ့အတွက်ကြောင့် မျောက်ကျောက်ရောဂါတွေပြန်ဖြစ်လာတာလို့ယူဆကြပါတယ်။

လက်ရှိကူးစက်မှုအခြေအနေက ဘယ်လိုရှိလဲ

လက်ရှိ အမေရိကန်၊ စပိန်၊ ပေါ်တူဂီ၊ ယူကေ၊ ဆွီဒင်၊ အီတလီ၊ကနေဒါနဲ့ အခြားနိုင်ငံတွေမှာပျံ့နှံ့နေပြီး လူပေါင်း ၁၂၀ ကျော်ကူးစက်ခံထားရတယ်လို့ သိရှိရပါတယ်။

ဘယ်လိုကူးစက်တာလဲ

မျောက်ကျောက်ကို အဓိက ကူးစက်နိုင်တာက ရောဂါရှိသူနဲ့ တိုက်ရိုက်ထိတွေ့ကိုင်တွယ်ရာကနေကူးစက်တာများတယ်။ အသက်ရှုလမ်းကြောင်းကနေလည်း ကူစက်နိုင်တယ်။ ပြီးတော့ Rodent လို့ခေါ်တဲ့ ကြွက်လိုအကောင်တွေက တဆင့်လည်း ကူးစက်နိုင်တယ်။ ဒါ့အပြင် တိရိစ္ဆာန်အကုတ်ခံရတာ၊ တိရိစ္ဆာန်အကိုက်ခံရတာတွေကနေ ဖြစ်တတ်ပါတယ်။ လိင်တူချစ်သူတွေမှာလည်းတွေ့ရှိရတယ်လို့ သိရှိရပါတယ်။

ရောဂါပျိုးချိန်က ဘယ်လောက်ကြာလဲ

ပုံမှန်အားဖြင့် ၇ ရက်ကနေ ၁၄ ရက်ကြာပေမယ့်၊ တခါတရံမှာ ၅ ရက်ကနေ ၂၁ ရက်လည်းဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာက ဘာတွေလဲ

ဖျားတာ၊ အကျိတ်တွေရောင်ယမ်းတာ၊ အရေပြားမှာအနီကွက်တွေထပြီး အဖုအပိမ့်တွေထွက်တာ၊ ကြွက်သားတွေနာကျင်တာ၊ ခေါင်းကိုက်တာ၊ နုန်းတာတွေဖြစ်တတ်ပါတယ်။ ဖျားနာမှုက (၂) ပတ် (၃) ပတ်လောက်ကြာနိုင်ပါတယ်။

အသက်အန္တရာယ်ရှိနိုင်လား

အဓိကရောဂါနှစ်မျိုး (၂) စားရှိတယ်။ကွန်ဂိုကရောဂါအမျိုးအစားက ပိုပြင်းထန်ပြီး ၁၀ ရာခိုင်နှုန်းကျော်အထိ အဖိတ်အစင်ရှိနိုင်ပါတယ်။ အနောက်အာဖရိကအမျိုးအစားက အဖိတ်အစင် (၁) ရာနှုန်းကျော်ရှိပါတယ်။

ဘယ်လိုကုမလဲ

အဓိကကတော့ Supportive ပဲဖြစ်တယ်။ ဥပမာ ဖျားရင် အဖျားကျဆေးပေးမယ်။ အဖုအပိတ်ကနေ ဘက်တီးရီးယားပိုးဝင်ရင် ပဋိဇီဝပိုးသတ်ဆေးတွေပေးမယ်။ မျောက်ကျောက်ကို ကုသထိန်းချုပ်တဲ့ဆေးတွေလည်း ပေးလို့ရတယ်လို့သိရတယ်။ ဆေးနာမည်ကတော့ Tecovirimat ၊ Brincidofovir ၊ Cidofovir နဲ့ Vaccinia Immune Globulin(VIG) တို့ဖြစ်တယ်။ ဒါပေမယ့် စမ်းသပ်အသုံးပြုဆဲလို့သိရတယ်။ Safety data တွေကတော့ တိတိပပ မရှိသေးဘူး။

ဘယ်လိုကာကွယ်မလဲ

Prevention is better than cure ဆိုတဲ့အတိုင်း ကာကွယ်ခြင်းကတော့ အထိရောက်ဆုံးနဲ့ အကျိုးအရှိဆုံးနည်းလမ်းဖြစ်တယ်။ အဲဒီတော့ ဘယ်လိုကာကွယ်ကြမလဲ။
၁) ကာကွယ်ဆေးထိုးမယ်။
ကျောက်ကြီးရောဂါနဲ့ မျောက်ကျောက်ရောဂါက Orthopox Virus အနွယ်ဝင်တွေဖြစ်တာကြောင့် ကျောက်ကြီးရောဂါကာကွယ်ဆေးထိုးထားရင် ၈၅ ရာခိုင်နှုန်းကာကွယ်နိုင်တယ်လို့သိရတယ်။ လတ်တလောတော့ US မှာ ကျောက်ကြီးကာကွယ်ဆေးနှစ်မျိုးကိုရရှိနိုင်တယ်လို့သိရတယ်။ အဲတာတွေကတော့ JYNNEOS TM နဲ့ ACAM2000 တို့ဖြစ်ပါတယ်။ ကာကွယ်ဆေးနဲ့ ပါတ်သတ်ရင် ဝမ်းသာ ဝမ်းနည်းဖြစ်ရတယ်။ ဝမ်းသာစရာကတော့ ၁၉၈၀ မတိုင်ခင်မွေးတဲ့ လူကြီးတွေက ကျောက်ကြီးကာကွယ်ဆေးထိုးထားတဲ့အတွက်ကြောင့် မျောက်ကျောက်ကို ၈၅ ရာခိုင်နှုန်းကာကွယ်နိုင်ပြီး ဖြစ်ခဲ့ရင်လည်း ရောဂါမပျင်းထန်တော့ အသက်အရွယ်ကြီးတဲ့ ဖိုးဖိုးဖွားဖွားတွေအတွက် သတင်းကောင်းပေါ့။ ဝမ်းနဲစရာကောင်းတာက ၁၉၈၀ နောက်ပိုင်းမွေးတဲ့လူတွေက ကာကွယ်ဆေးမထိုးထားဘူး၊ လတ်တလောလည်း ကာကွယ်ဆေးက အလွယ်တကူမရနိုင်သေးဘူးဆိုတော့ ကလေးငယ်တွေအတွက် စိတ်ပူမိတယ်။ သြော် ဒါနဲ့စကားမစပ် Chickenpox လို့ခေါ်တဲ့ ရေကျောက်ကာကွယ်ဆေးက မျောက်ကျောက်ရောဂါကို မကာကွယ်နိုင်ပါဘူးနော်။ ရေကျောက်နဲ့ မျောက်ကျောက်နဲ့က အုပ်စုလည်း မတူ၊ အမျိုးလည်းကွဲပါတယ်နော်။ မိခင်တွေက စိတ်ပူပြီး လာလာမေးကြလို့ တလက်စတည်း ဖြေပေးလိုက်ပါတယ်။
၂) တက်မရှိ လက်နဲ့လှော်၊ လက်မရှိ နှလုံးသားနဲ့လှော်ဆိုတဲ့အတိုင်း ကာကွယ်ဆေး မရသေးလည်း ဘာအရေးလဲ။ အခြားကာကွယ်ရန် နည်းလမ်းကောင်းတွေ အများကြီးရှိသေးတာပဲ။ အဲတာတွေကတော့ ထုံးစံအတိုင်း Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေ၊ တိရစ္ဆာန်အသားတွေကို သေချာ ကျက်အောင်ချက်ပြုတ်စား၊ ကိုယ့်အိမ်၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာဂရုစိုက်မယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝတွေကို ပိုင်ဆိုင်နိုင်မှာ မလွဲပါပဲ ချစ်ဆွေတို့ရေ။

မေတ္တာဖြင့်
ဒေါက်သိန်း(ဆီးချိုနှင့်ဟော်မုန်း)
20/8/2024 #
Photo credit

22/07/2024

အိမ်သုံးရေမှာ ပိုးမွှားတွေ အနည်တွေ ပါမပါ မိုက်ခရိုစကုတ်နဲ့ ကြည့်

ဒေါက်တာဖုန်း
ဇနသုခ အထွေထွေရောဂါကုဆေးခန်း
မန္တလေး
၈၆ လမ်း ၃၈ လမ်းဒေါင့်
09970013191

19/07/2024

- ဇနသုခ (မန္တလေး)
- ဒေါက်တာဖုန်း
- ၈၆ လမ်း ၃၈ လမ်းဒေါင့်
- ဖုန်း - 09970013191

19/07/2024

‼️ဝမ်းသွားလူနာ ၅၀၀ ကျော်ဆေးရုံတက်နေရ - ကာလဝမ်းရောဂါဖြစ်ပွားမှုကို လူနာ *** ကျော်တွင် အတည်ပြုနိုင်ခဲ့ပြီး ရန်ကုန်မြို့ ၁၀ မြို့နယ်နှင့် အထက်တွင် ဖြစ်ပွားလျက်ရှိနေ‼️

( အထက်ပါ အခြေအနေက တော်တော်တော့ စိုးရိမ်စရာကောင်းပါတယ်။ အားလုံးလဲ သတိပြုမိစေချင်တယ်။ အချင်းချင်းကူညီသတိပေးဖို့လိုတယ်။ သတိနဲ့ လုပ်သင့်တာ ရှောင်သင့်တာ တွေကို သေချာလုပ်ဖို့လိုပါတယ်။ ဒါကြောင့်ပဲ ဒီစာကိုရေးပါတယ်။ အထူးသဖြင့် သာမန်ပြည်သူတွေကို ဦးတည်ပြီးရေးတာ ဖြစ်ပါတယ်။)

🔴 ကာလဝမ်းရောဂါဆိုသည်မှာ

- Vibrio Cholera ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တယ်လို့ ဆိုပေမယ့် တကယ်တမ်း ပြန့်ပွားမှုတွေမှာ အစာ နှင့် ရေ မသန့်ရှင်းမှု တွေက အဓိက ကျတဲ့အရာတွေဖြစ်ပါတယ်။

- အစာသန့်ရှင်းဖို့ / သောက်တဲ့ ရေသန့်ရှင်းဖို့နှင့် တကိုယ်ရေတကာယ သန့်ရှင်းရေးကို အထူးသတိပြုဖို့က ကာလဝမ်းရောဂါကို ကာကွယ် ကုသရာမှာ အင်မတန် အရေးကြီးတဲ့ အချက်တွေဖြစ်ပါတယ်။

☑️ တခြားဝမ်းရောဂါတွေနဲ့ မတူပဲ ကာလဝမ်းရောဂါလို့ သိသာထင်ရှားစေသော အချက်များကတော့

🔺ဆန်ဆေးရေကဲ့သို့ ဝမ်းဖြစ်ခြင်း
🔺အကြိမ်ရေ အများကြီးသွားခြင်း
🔺ငါးညှီနံကဲ့သို့ အနံအသက်ဆိုးများထွက်ခြင်း
🔺ရေဓာတ်ခန်းခြောက်မှုလွန်ကဲခြင်း

ကာလဝမ်းရောဂါရဲ့ အဓိက အသက်အန္တရာယ် ခြိမ်းခြောက်မှုဖြစ်စေလာတဲ့ အကြောင်းကတော့ ရေဓာတ်ခန်းခြောက်မှု ဖြစ်တယ်။ ရေဓာတ်ခန်းခြောက်မှုကြောင့် ပြင်းထန်ကာလဝမ်းရောဂါ တွေမှာ နာရီပိုင်းအတွင်း အသက်ဆုံးရှုံးတာတွေလဲ ဖြစ်နိုင်ပါတယ်။​

🟩 ဘယ်လိုကာကွယ်ကြမလဲ ? �
- အရေးကြီးဆုံးကတော့ တကိုယ်ရည်သန့်ရှင်းမှု
- လက်ကို သေချာဆေးဖို့
- အစားစာ သန့်ရှင်းဖို့
- သောက်ရေ/ သုံးရေ သန့်ရှင်းဖို့ စတာတွေက လွယ်ကူပြီး တကိုယ်ရည်လုပ်ဆောင်နိုင်တဲ့ အချက်တွေ ဖြစ်ပြီး ကာကွယ်ကုသရာမှာ အင်မတန် ထိရောက်မှုရှိပါတယ်။

ဆေးဝါးအနေနဲ့ကတော့
- ကလေးငယ်တွေကို မိခင်နို့များများတိုက်ကျွေးပေးရမှာဖြစ်ပြီး
- ၅ နှစ်အောက် ကလေးငယ်တွေကို ဇင့် (Zinc) ဆေးကို တိုက်ကျွေးနိုင်ပြီး ဝမ်းသွားတဲ့ အကြိမ်ရေနည်းဖို့ အထောက်အကူဖြစ်ပါတယ်။
- အဓိကကုသမှုကတော့ ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့ ဖြစ်ပါတယ်။

❇️ ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့ဆိုရာမှာ ဓာတ်ဆားရည်ထုတ်နဲ့ ပတ်သက်ပြီး အဓိက ဗဟုသုတ မျှဝေချင်ပါတယ်။

ဝမ်းရောဂါဖြစ်နေတဲ့ လူတစ်ယောက်အတွက် ပြင်းထန်တဲ့ အဆင့်ပေါ်မူတည်ပြီး ရေဓာတ်လိုအပ်မှု အနည်းအများရှိနိုင်ပါတယ်။ သာမန် နှင့် အတန်ငယ် ပြင်းထန်တဲ့ ဝမ်းရောဂါတွေအတွက်ကတော့ ဓာတ်ဆားရည် တစ်နေ့ တစ်လီတာမှ ၆ လီတာအထိ လိုအပ်နိုင်ပါတယ်။

✅ ဓာတ်ဆားရည်ဖျော်တဲ့အခါမှာလဲ သတိထားသင့်တာက ပုံမှန် ဓာတ်ဆားတွေက တစ်ထုပ်ကို ရေ ၁ လီတာ နှင့် ဖျော်ရမှာ ဖြစ်ပါတယ်။ တစ်ချို့သော သောက်သုံးရ လွယ်ကူပြီး အဝင်ချောမွေ့စေရန် အရသာပါသော ဓာတ်ဆားအများစု (သီးစုံဓာတ်ဆား) ကတော့ တစ်ထုပ်ကို ရေ ၂၅၀ မီလီလီတာ သာ (ရေသန့်ဗူး ၄ ပုံ ၁ ပုံသာ) လိုအပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ဆားထုပ်တွေကို သောက်တဲ့ အခါမှာ ဖျော်ရမည့် ရေအချိုးအစားကို သေချာကြည့်ရန် လိုအပ်ပြီး သန့်သန့်ရှင်းရှင်းထားရန် လိုအပ်ပါသည်။

❌ ပိုးသတ်ဆေးနှင့် ဝမ်းပိတ်ဆေးများ ကာလဝမ်းရောဂါ ဖြစ်ပွားနေချိန် ဆရာဝန် ညွှန်ကြားချက်မရှိပဲ သောက်သုံးဖို့ရာမှာ အန္တရယ်များသောကြောင့် ဆရာဝန်ညွှန်ကြားချက်နှင့် သောက်သုံးရန်သာ အထူးသတိပေးနှိုးဆော်လိုပါတယ်။

🔸ထိတ်လန့်ကြောက်ရွံ့ဖို့ မဟုတ်ပေမယ့် သတိထားဖို့ အလေးထားဖို့ ကျန်းမာရေးအသိရှိဖို့တော့ အရေးကြီးပါတယ်။
🔸အင်မတန်ကူးစက်လွယ်တဲ့ ရောဂါဖြစ်တာကြောင့် အထူးသတိရှိဖို့လိုပါတယ်။
🔸ကလေးသူငယ်/ သက်ကြီးရွယ်အိုတွေကိုလဲ အထူးသတိပြုကာကွယ်ရမှာဖြစ်တယ်။
🔸ဆောင်ထားရမယ့် ဆေးဝါး / ဓာတ်ဆားတို့ကိုလဲ ဆောင်ထားဖို့ သံသယ ရှိလျှင် နီးစပ်ရာ ဆရာဝန်/ ဆေးခန်း/ ဆေးရုံသို့ ပြဖို့က အရေးကြီးသတိချပ်လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

ဒီလိုခက်ခဲတဲ့ကာလမှာ အချင်းချင်းကူညီရိုင်းပင်းပြီး အတူတူလက်တွဲထားပြီး ဖေးမကြဖို့အရေးကြီးပါတယ်။

သိချင်တာရှိရင်လဲတိုင်ပင်နိုင်ပါတယ်။ သိထားသလောက်ကူညီပေးဖို့ ကြိုဆိုပါတယ်။

သတင်းစကားဆက်လက်ဖြန့်ဝေပေးခြင်းဖြင့်ကူညီပေးလို့ရပါတယ်

Address

Coner Of 38 & 86 Streets
Mandalay
05011

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Website

Alerts

Be the first to know and let us send you an email when ဒေါက်တာဖုန်း ZTK ဆေးခန်း မန္တလေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဒေါက်တာဖုန်း ZTK ဆေးခန်း မန္တလေး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram