Royal Way-Psy T&C

Royal Way-Psy T&C စိတ်ပညာဘာသာရပ်ကို လုပ်ငန်းခွင်အတွင်းထိရောက်စွာ အသုံးချနိုင်စေရန်

စိတ်ကျန်းမာသူတစ်ဦး၏ အပြုအမူများ(က) မိမိဘဝအခြေအနေမှန်ကိုလက်ခံပြီး ပျော်ရွှင်စွာနေထိုင်တတ်ခြင်း။ (ခ) မိမိတွင်ရှိသည့်စွမ်းအ...
11/03/2020

စိတ်ကျန်းမာသူတစ်ဦး၏ အပြုအမူများ

(က) မိမိဘဝအခြေအနေမှန်ကိုလက်ခံပြီး ပျော်ရွှင်စွာနေထိုင်တတ်ခြင်း။
(ခ) မိမိတွင်ရှိသည့်စွမ်းအားကို အစွမ်းကုန်အသုံးချတတ်ခြင်း။
(ဂ) မိမိတွင်ရှိသည့် ပျော့ညံ့ချက်ကိုလက်ခံပြီး စိတ်ညစ်မနေခြင်း။
(ဃ) တွေ့ကြုံရသည့်အဆင်မပြေမှုများကို လွန်ကဲစွာပူပန်ခြင်း၊ ကြောက်ရွံ့နေခြင်း၊ မကျေမနပ်ဖြစ်ခြင်း၊ မနာလိုခြင်း စသည့် စိတ်လှုပ်ရှာခံစားမှုများအား မည်သို့ကျော်လွှာနိုင်သည်ကို စဉ်းစားဆင်ခြင်နိုင်ခြင်း။
(င) နည်းလမ်းသစ်များကို လက်ခံရန်ဝန်မလေးခြင်း။
(စ) ယေဘူယျအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း။
(ဆ) လူအနည်းစုနှင့် အထူးရင်းနှီးပြီး အများစုနှင့်လည်းခင်မင်စွာနေတတ်ခြင်း။
(ဇ) အခြားသူများနှင့် နေထိုင်ရသည်ကို နှစ်သက်သော်လည်း တစ်ဦးတည်းနေဖို့ ဖြစ်လာလျှင်လည်း နေတတ်ခြင်း။
(ဈ) လူအများအား အဓိပ္ပာယ်မဲ့ကြောက်ရွံ့မနေဘဲ အခြားသူများကို ယုံကြည်မှုရှိခြင်း။
(ည) အခြားသူများကိုလေးစားခြင်း။
(ဋ) ပြဿနာကို ရှောင်ကွင်းမသွားဘဲ ရင်ဆိုင်ခြင်း။
(ဌ) ကျန်းမာရေးကိုလည်း လိုသလောက် ဂရုစိုက်ခြင်း။
(ဍ) ကောင်းသည့်အပြုအမူများလုပ်သည့်တိုင်အောင် တစ်ခါတစ်ရံ သေးငယ်သောအပြစ်များ ပြုလုပ်မိပါက မိမိကိုယ်ကိုမိမိ အကြီးအကျယ်ဒဏ်မပေးခြင်း။
(ဎ) စိတ်ဆိုးစိတ်တိုသည့်အခါများရှိသော်လည်း အကြိမ်မများခြင်း။
(ဏ) လွယ်ကူစွာစိတ်အနှောက်အယှက်မဖြစ်ခြင်း။
(တ) အဓိကမှာ မိမိနေထိုင်သည့်ပတ်ဝန်းကျင်ကို ညှိယူနေထိုင်တတ်ခြင်းတို့ဖြစ်ပါတယ်။


စိတ်လှုပ်ရှားမှု ဖွံ့ဖြိုးခြင်း                      စိတ်လှုပ်ရှားမှုကို ဖော်ပြရာတွင် အခြားသော ရှုပ်ထွေးးသည့် အပြုအမူမျာ...
04/03/2020

စိတ်လှုပ်ရှားမှု ဖွံ့ဖြိုးခြင်း
စိတ်လှုပ်ရှားမှုကို ဖော်ပြရာတွင် အခြားသော ရှုပ်ထွေးးသည့် အပြုအမူများကဲ့သို့ ရင့်ကျက်ခြင်း (Maturation) နှင့် သင်ယူခြင်း (Learning) တို့ကြောင့် ဖွံ့ဖြိုးလာခြင်းပင်ဖြစ်ပါသည်။ ကလေးတစ်ဦးသည် မွေးစကပင် ငိုတတ်သော်လည်း ရယ်ခြင်းမှာ အတန်ငယ်ရင့်ကျက်သည့် အခါတွင်မှ ပေါ်ပေါက်လာသော စွမ်းရည်တစ်ရပ်ဖြစ်ပါသည်။ မွေးကင်းစကလေးတို့သည်။ စိတ်လှုပ်ရှားတုံ့ပြန်နိုင်စွမ်း အနည်းငယ်သာရှိပြီး ကိုယ်တွင်းအခြေအနေ တစ်ရပ်ရပ်၏ နှိုးဆွမှုကြောင့်သာ တုံ့ပြန်နိုင်သေးသည်။
နောက်ပိုင်းတွင် ပတ်ဝန်းကျင်အခြေအနေ၏ သင်ယူခြင်း၊ ပုံသွင်းမှုကြောင့် မွေးရာပါ ခြင်းရာသတ္တိအချို့နှင့် ပေါင်းစပ်ပြီး စိတ်လှုပ်ရှား တုံ့ပြန်မှုအမျိုးမျိုးကို တုံ့ပြန်လာနိုင်ခြင်းဖြစ်သည်။ ကာလဒေသဆိုင်ရာ သင်ယူခြင်း သဘောတွင် ဒေါသကိုဖော်ပြရာ၌ (၁) သတ်ပုတ်ခြင်း၊ လက်ပါတတ်ခြင်း၊ (၂) ဆဲရေးတိုင်းထွာခြင်း၊ တောက်ခေါက်ခြင်း၊ (၃) အခန်းအပြင်သို့ ထွက်သွားခြင်း၊ (၄) မသိဟန်ပြုခြင်း စသည်ဖြင့် အနုအရင့်ပြုခြင်းတို့သည် အတော်အတန် ရင့်ကျက်မှသာပြုလုပ်နိုင်သော အပြုအမူဖြစ်ခြင်းကြောင့် သင်ယူမှုသည်လည်း အတိုင်းအတာတစ်ခုအထိ ပါဝင်နေသည်ကို တွေ့ရသည်ဖြစ်ပါသည်။
စိတ်လှုပ်ရှားမှုကို ဖော်ပြရာ၌ သင်ယူခြင်းနှင့်ပက်သက်သော သာဓကတစ်ငှာ အမေရိကန်ယဉ်ကျေးမှု၌ အမေရိကန်အမျိုးသားတို့သည် မင်္ဂလာဆောင်ခြင်း၊ တစ်စုံတစ်ယောက် သေဆုံးခြင်း၊ စာမေးပွဲကျရှုံးခြင်း စသည်တို့၌ မျက်ရည်ထွက်၍ ငိုယိုခြင်းမပြုတတ်ကြသော်လည်း ထိုအခြေအနေတွင် အမျိုးသမီးများက မျက်ရည်ထွက်အောင် ငိုယိုတတ်ကြလေသည်။ ထို့အတူ ပြင်သစ်အမျိုးသားတို့သည် အမေရိကန်အမျိုးသားများနှင့် နှိုင်းယှဉ်သော် ပိုမိုငိုကြွေးတတ်ကြောင်း တွေ့ရှိရလေသည်။ ပြင်သစ် အမျိုးသားတို့သည် မိမိချစ်ခင် မြတ်နိုးသူတစ်ဦးဦး တစ်နေရာရာသို့ ခရီးရက်ရှည်ထွက်ရမည်ဖြစ်၍ လေဆိပ်သို လိုက်ပို့သည့်အခါ ပြင်သစ်မိသားစုများက (ကျားရောမပါ) တရှုံ့ရှုံ့ငိုကြွေးတတ်ကြလေသည်။ ယောကျာၤးလေးများ ငိုကြွေးခြင်းသည် ရှက်စရာဟု သဘောမထားတတ်ကြပေ။ တစ်နည်းဆိုသော် မည်သို့မည်ပုံ ငိုရမည်ကို သင်ယူစရာ မလိုသော်လည်း မည်သည့်အခါ၊ မည်သည့်နေရာ တွင်ငိုရမည် ဟူသည့်အချက်မှာ သင်ယူခြင်းကြောင့်ပင် ဖြစ်ပေသည်။
အချုပ်အားဖြင့် ပြင်းထန်သော စိတ်လှုပ်ရှားမှုသည် လေပြင်းသဖွယ်ဖြစ်ပြီး၊ အပျော့စားစိတ်လှုပ်ရှားမှုတို့သည် လေပြည်သဖွယ်ဖြစ်ပါသည်။ တစ်ခါတရံတွင်မူ ယာယီစိတ်နေ (Temperament) တို့သည် စိတ်လှုပ်ရှား၏ အငွေ့အသက်အဖြစ် အချိန်အတော်အကြာရှိနေတတ်ပါသည်။ အပျော့စားစိတ်လှုပ်ရှားမှုသည် "ဆေး" သဖွယ်ဖြစ်ပြီး အပြင်းစား စိတ်လှုပ်ရှားမှုသည် "ဘေး" ဖြစ်စေတတ်ပါသည်။ ကျွနု်ပ်တို့သည် စိတ်လှုပ်ရှားမှုအကြောင်းကို အတန်အသင့်သိရှိပါက မိမိစိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ပြီး တစ်ပါးသူ၏ စိတ်လှုပ်ရှားမှုကို နားလည်လက်ခံတတ်ကာ ကိုယ်လိုရာ ဦးတည်၍ လုပ်ငန်းများ လုပ်ဆောင်နိုင်စေမည်ဖြစ်ပါသည်။

Professor Dr.Kyaw San




Cognitive dissonance(သိမှုဝေဝါးခြင်း)                                         Cognitive dissonance ကိုမြန်မာလိုပြန်ရရင်တ...
05/12/2019

Cognitive dissonance
(သိမှုဝေဝါးခြင်း)

Cognitive dissonance ကိုမြန်မာလိုပြန်ရရင်တော့ သိမှုဝေဝါးခြင်းလို့ပဲပြန်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေရှိလာရာနေစပြီး လက်ရှိလုပ်နေတဲ့အလုပ်အပေါ်ကိုသံသယဝင်လာတာပါ။ Cognitive dissonance ကိုစတင်ဖော်ထုတ်ခဲ့သူကတော့ Leon Festinger ဆိုတဲ့ပညာရှင်ပဲဖြစ်ပါတယ်။ သူအဆိုအတိုင်းဆိုရင် အတွင်းစိတ်ဟာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ အပြုအမူတို့ကို သဟဇာတဖြစ်ဖို့ နောက်ပြီးတော့ သဟဇာတမဖြစ်မှုကိုရှောင်ရှားနိုင်ဖို့ အဓိကမောင်းနှင်းနေတဲ့အရာပါ။ လူတစ်ဦးရဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူ မကိုက်ညီနိုင်တော့တဲ့အချိန်မှာ သိမှုဝေဝါးခြင်း (Cognitive Dissonance) ဖြစ်ပေါ်လာပါတယ်။
(ဥပမာအနေနဲ့ပြောရရင် ဆေးလိပ်ကြိုက်တဲ့သူတစ်ဦးဟာ ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာဖြစ်နိုင်မယ်ဆိုတာကို သူသိပေမယ့် ဆေးလိပ်ကိုသူမဖြတ်နိုင်သလိုပါ)။
တစ်ချို့ဖြစ်လာတဲ့ သိမှုဝေဝါးခြင်း(Cognitive Dissonance) တွေဟာဖယ်ရှားပြစ်ဖို့အတွက်မဖြစ်မနေလိုအပ်ပါတယ်။

သိမှုဝေဝါးခြင်း(Cognitive Dissonance) ကိုဖြေရှင်းဖို့အတွက် နည်းလမ်းသုံးသွယ်ရှိပါတယ်။

၁) သဘောထားများ၊ ယုံကြည်မှုများ၊ အပြုအမူများကို တစ်ခုထက်ပိုပြီးပြောင်းလဲပါ။
အဖြစ်အပျက်တစ်ခုဟာ အမူအကျင့်ကြောင့်ဖြစ်ပေါ်လာပါက ထိုအမူအကျင့်ကိုပြောင်းလဲပါ။ အခုလို Cognitive Dissonance ကိုဖယ်ရှားခြင်းဟာ ခဏတစ်ဖြုတ်တော့ ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းရပါလိမ့်မယ်။ လူတစ်ဦးအတွက် အပြုအမူအသစ်ကို သင်ကြားခြင်း၊ လေ့ကျင့်ခြင်းဟာခက်ခဲလေ့ရှိပါတယ်။ (ဥပမာ - ဆေးလိပ်သောက်သူတစ်ဦးဟာဆေးလိပ်ဖြတ်ရန်ခဲယဉ်းသလိုပါ)

၂) Cognitive Dissonanceဖြစ်ဖို့တွန်းအားပေးနေတဲ့ယုံကြည်မှုထက်သာလွန်တဲ့ အချက်အလက်အသစ်များကိုစုဆောင်းပါ။
ဥပမာအနေနဲ့ဆေးလိပ်သောက်သူကိုပဲဆက်ပေးပါ့မယ်။ စီးကရက်တစ်လိပ်ဟာ လူတစ်ဦးရဲ့ ဇီဝကမ္မဖြစ်တွေကို ပုံမှန်ပြန်ဖြစ်စေဖို့ ၂၄နာရီအချိန်ယူရပါတယ်။ စီးကရက်တစ်လိပ်ကြောင့် ကျဉ်းသွားတဲ့သွေးကြောတွေဟာ နဂိုမူလပြန်ဖြစ်နိုင်ဖို့ ၁ နာရီကြာပါတယ်။ အဆုတ်ထဲကနေ နီကိုဒင်းနဲ့ ကတ္တရာတွေကုန်စင်သွားဖို့အတွက် ၄၈ နာရီအချိန်လိုပါတယ်။ ဒါဟာစီးကရက်တစ်လိပ်စာပဲရှိပါသေးတယ်။ တစ်ရက်တစ်ဗူးသာဆိုရင် ဘယ်လောက်ဖြစ်နေမလဲစဉ်းစားကြည့်ပါ။
ဒါပေမယ့်လည်း ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ရောဂါတွေကို သုတေသနအရ အတိအကျအချက်အလက်မပြနိုင်တဲ့အခါမျိုးမှာ အချက်အလက်အသစ်စုဆောင်းမှုကို အားနည်းစေနိုင်ပါတယ်။ (ဥပမာ - ဆေးလိပ်ဘူးတိုင်းမှာ ကင်ဆာဖြစ်နေတဲ့သူရဲ့ဓာတ်ပုံတွေပါလေ့ရှိပါတယ်။ ဒါပေမယ့် ဆေးလိပ်တံဆိပ်တွေသာပြောင်းသွားတယ် လူကတော့ တစ်ဦးထဲပါပဲ။ အဲ့လိုအချက်အလက်မျိုးတွေဟာ ဆေးလိပ်သမားတွေအဖို့ဆင်ခြေတစ်ခုရစေပါတယ်။ "ဘူးတိုင်းဒီလူကြီးပါကွာ တစ်ရာမှာတစ်ယောက်၊ ကံဆိုးတဲ့ကောင်တွေဖြစ်တာပါ" ဆိုတာမျိုးလိုပေါ့။

၃) လက်ရှိဖြစ်နေတဲ့ သိမှုခံစားချက်ရဲ့အရေးပါမှုကိုလျှော့ချပါ။
"ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်သည်။"
ဆိုပေမယ့်လို့ ဆေးလိပ်သမားတစ်ဦးကပြန်ပြောပါလိမ့်မယ်။
" ဆေးလိပ်မသောက်၊ ကာမဆက်ဆံမှုမရှိပဲနေရတဲ့ ဘဝရှည်ရှည်နေမယ့်အစား၊ အဲ့ဒါတွေလုပ်ပြီးတိုတိုလေးပဲနေလိုက်မယ်။" ဒါဟာသူရဲ့သိမှုကို အရေးပါနေတယ်လို့ တွေးနေတဲ့အချက်ပါပဲ။ ဆေးလိပ်သောက်ခြင်းကိုလျှော့ချပါ။ ဆေးလိပ်ဟာကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတာကို အရေးကြီးတယ်ဆိုတာကိုသိမှသာ ဒီဖြစ်စဉ်ကိုလျှော့ချနိုင်ပါလိမ့်မယ်။

ပေးခဲ့တဲ့ဥပမာတွေလိုပဲ ကိုယ့်ရဲ့သိမှုဝေဝါးခြင်းဖြစ်လာခဲ့ရင် ပြင်ဆင်ဖို့လိုရင်ပြင်ဆင်ပါ။ အချိန်နှောင်းသွားရင်နောင်တပဲရရပါလိမ့်မယ်။ လုပ်နေတာနဲ့ လက်ခံထားတာနဲ့ကတသတ်မတ်ထဲမဖြစ်တဲ့အချိန်များကို ကောင်းမွန်စွာကျော်လွှားနိုင်ကြပါစေ။


Cognitive Dissonance (သိမှုဝေဝါးခြင်း)မနက်ဖြန်မှာ Cognitive Dissonance (သိမှုဝေဝါးခြင်း) အကြောင်းကိုတင်ပေးပါ့မယ်။
04/12/2019

Cognitive Dissonance (သိမှုဝေဝါးခြင်း)
မနက်ဖြန်မှာ Cognitive Dissonance (သိမှုဝေဝါးခြင်း)
အကြောင်းကိုတင်ပေးပါ့မယ်။

Applied Psychology & HR Management HR Management အတန်းကို Applied Psychology ဖြင့်ပေါင်းစပ်ပြီး Applied Psychology & HR ...
16/11/2019

Applied Psychology & HR Management

HR Management အတန်းကို Applied Psychology ဖြင့်ပေါင်းစပ်ပြီး
Applied Psychology & HR Management အဖြစ်သင်ကြားမည့်အတန်းဖြစ်ပါတယ်။
လူကိုလူချင်းထိန်းချုပ်ရတဲ့အခါမှာ ဖြစ်လာတဲ့ပွတ်တိုက်မှုတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို
HR ရှု့ထောင့်၊ Psychology ရှု့ထောင့် နှစ်ထောင့်ပေါင်းကာသင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်ကြားမည့်ခေါင်းစဉ်များ
---------------------------
(HR Management)
- HR Strategies in Challenging Times
- HR Responsibilities and Role in the Organizational Development
- Main Functions of HR for Effectiveness and Efficiency of the Organization
- Employee Retention and Engagement
- Disciplinary and Grievance Procedures
- Labor Law and HR Ethics

(Applied Psychology for HR Management)
- Interview skills and methods of obtaining information about job candidates.
- Selections decision and employment opportunity.
- Assessment method and performance appraisals.
- Person Perception in interviewing .
- Human Error in subjective Procedures.
- Strategy of interviewing methods.
- Role playing of interviewers.
- Structuring interview in employment selections

တက်ရောက်သင့်သူများ
-------------------------
- HR နယ်ပယ်တွင်လုပ်ကိုင်နေကြသူများ
- Applied Psychology ကိုလုပ်ငန်းခွင်အတွင်းပြန်လည်အသုံးချလိုသူများ
- Interviewer များ
- HR Management ကိုစတင်လေ့လာကြမည့်သူများ
- Psychology ကိုစိတ်ဝင်စားကြသူများ

Teacher Profile
-------------------
Dr.Kyaw San
- Ph.D (YU), Certified Applied Psychologist (3/93)
- Professor and Head of department of Psychology

Daw Nilar Win
⁃ B.Pharm (MDY) in 2010
⁃ Master of Business Administration (MBA) (MU, MDY), in 2018
⁃ Diploma in Information Technology (KMD Computer Center), in 2010

သင်တန်းချိန် - မနက် ၉ နာရီ မှ ညနေ ၅ နာရီ
သင်တန်းရက်/ ကြာချိန် - 23rd Nov, 2019 to 1st Dec, 2020 (Sat & Sun - 2 Week)
သင်တန်းကြေး - 75,000 Kyats

သင်တန်းနေရာ
----------------
Phone - 09-954501320, 09-694501320
Email - royalway.cdc@gmail.com
No:(C2), လမ်း ၆၀၊ ၃၈လမ်း နှင့် ၄၀လမ်းရတနာတိုင်းပြည်အိမ်ယာ၊
ပြည်ကြီးမျက်ရှင်ကားဝင်းတောင်ဘက်၊ မန္တလေးမြို့

Applied Psychology & HR Management                       စိတ်ပညာတွင် နယ်ပယ်ခွဲ(subfield) များစွားရှိသည်။ ယင်းနယ်ပယ်ခွဲမျ...
14/11/2019

Applied Psychology & HR Management

စိတ်ပညာတွင် နယ်ပယ်ခွဲ(subfield) များစွားရှိသည်။ ယင်းနယ်ပယ်ခွဲများတွင် “စက်မှု နှင့် အဖွဲ့အစည်းဆိုင်ရာစိတ်ပညာ” (Industrial & Organizational Psychology – I/O Psychology) သည် တစ်ခုအပါအဝင်ဖြစ်သည်။
ယင်း I/O Psychology မှ “ဝန်ထမ်းရေးရာစိတ်ပညာ (Psychology Psychology)” သည်လည်းနယ်ပယ်ခွဲတစ်ခုဖြစ်ပါသည်။

ဝန်ထမ်းရေးရာ စိတ်ပညာ၏အဓိကလုပ်ဆောင်မှုများ
-----------------------------------------------------
- ဝန်ထမ်းသစ်စုဆောင်ခြင်း (Recruitment)
- ရွေးချယ်ခြင်း (Selection)
- လေ့ကျင့်သင်ကြားပေးခြင်း (Training)
- ရာထူးတိုးပေးခြင်း (Promotion)
- နေရာပြောင်းရွှေ့လုပ်ကိုင်စေခြင်း (Transfer)
- အလုပ်မှထုတ်ပယ်ခြင်း (Termination) စသည်တို့ဖြစ်သည်။
အထက်ပါလုပ်ဆောင်မှုများတွင် လူသားကဏ္ဍသည်အထူးအရေးပါသည်။ ဝန်ထမ်း၊ အုပ်ချုပ်သူ၊ လုပ်ငန်းရှင်များအားလုံးသည် လူသားများဖြစ်ကြသည်။ သို့ဖြစ်၍ လုပ်ငန်းပိုမိုတွင်ကျယ်စေရန် လူ့သဘောသဘာဝကိုသိရှိပြီး စီမံခန့်ခွဲခြင်းက အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်လာပါသည်။
လူတွင်လိုအင်ဆန္ဒများစွာရှိသည့်အနက်မှ အလုပ်ခွင်တွင် “လုပ်ငန်းခွင်ကျေနပ်မှု(Job Satisfaction)” သည်အထူးအရေးပါနေသည်။
- “လုပ်ငန်းခွင်ကျေနပ်မှုဟူသည်အဘယ်နည်း?”
- မည်သည့်အချက်(မည်သည့်လိုအင်များ) ကလုပ်ငန်းခွင်ကျေနပ်မှု၊ မကျေနပ်မှုကိုဖြစ်ပေါ်စေသနည်း။
- လုပ်ငန်းခွင်ကျေနပ်အောင်မည်သို့ လုပ်ဆောင်ရမည်နည်း
လူ့သဘောသဘာဝကိုနားလည်သဘောပေါက်ပြီး “လူကိုစီမံခန့်ခွဲခြင်း(Man Management)” သည်အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။
ထိုသို့လုပ်ဆောင်ရန် “စိတ်ပညာဆိုင်ရာစစ်ဆေးခြင်း (Psychological Testing)”, “စိတ်ပညာဆိုင်ရာအကဲဖြတ်ခြင်း (Psychological Assessment)”, “အင်တာဗျူးနည်းလမ်း (Methods of Interviews)” တို့သည် လူကိုစီမံခန့်ခွဲသူများအဖို့ အထူးအရေးပါလှပါသည်။

လူတွင်
- သိမှု (Cognitive) ဆိုင်ရာ
- ခံစားမှု (Affective) ဆိုင်ရာ
- စေ့ဆော်မှု (Conative) ဆိုင်ရာ
- ခန္ဓာကိုယ်ဆိုင်ရာ (Physique)
- ရုတ်တရက်ပေါ်ထွက်လာသည့်အပြုအမူ (Expressive Behavior)
ဆိုင်ရာများကို ကျွမ်းကျင်ခြင်းအားဖြင့် မိမိကိုယ်ကိုခံစားနားလည်ခြင်း၊ သူတစ်ပါးခံစားနားလည်ခြင်းဖြင့် လုပ်ငန်းကို ပိုမိုထိရောက်တွင်ကျယ်စေမည်ဖြစ်ပါသည်။

ရုံးခန်းအသစ်လိပ်စာပါ။
04/11/2019

ရုံးခန်းအသစ်လိပ်စာပါ။

Applied Psychology for Everybody 3rd Nov, 2019
04/11/2019

Applied Psychology for Everybody
3rd Nov, 2019





03/11/2019

Applied Psychonology for Everybody

17/10/2019

လူတိုင်းအတွက်စိတ်ပညာ (Free Seminar)

ဆွေနွေသွားမည့်ခေါင်းစဉ်များကတော့
- Life Style
- Survival Control or Adjustment
- Stress Management

စိတ်ပါဝင်စားသူမည်မဆို အခမဲ့စာရင်းပေးသွင်းပြီး
တက်ရောက်နိုင်ပါတယ်။
အယောက်(၄၀)ထိသာစာရင်းလက်ခံမှာဖြစ်တယ်ခင်ဗျာ။
Register link ဖြည့်စွက်ပေးကြပါခင်ဗျာ။

Register link
https://forms.gle/De8JhiborBuacqDD8

More Info
https://www.facebook.com/events/402756690411152?sfns=cl

မြန်မာယူနီကုဒ်စံစနစ်သို့အားလုံးတူတူ ကူးပြောင်းကြပါစို့
30/09/2019

မြန်မာယူနီကုဒ်စံစနစ်သို့
အားလုံးတူတူ
ကူးပြောင်းကြပါစို့


*အသုံးချစိတ်ပညာ (Applied Psychology)*ယနေ့ကမ္ဘာကြီးကို ရွာကြီးတစ်ရွာအဖြစ် တင်စားခေါ်ဆိုနေကြပါသည်“လူသည်ဆက်ဆံရေးသတ္တဝါဖြစ်သည်”...
31/07/2019

*အသုံးချစိတ်ပညာ (Applied Psychology)*

ယနေ့ကမ္ဘာကြီးကို ရွာကြီးတစ်ရွာအဖြစ် တင်စားခေါ်ဆိုနေကြပါသည်
“လူသည်ဆက်ဆံရေးသတ္တဝါဖြစ်သည်” ဟု ပညာရှင်များကဆိုပါသည်
(Man is social animal)
လူသည် မိသားစုအတွင်း၊ မိတ်ဆွေအပေါင်းအသင်း၊ လုပ်ငန်းခွင် စသည့်ပတ်ဝန်းကျင်ရှိလူများနှင့် နေ့စဉ်ဆက်ဆံပတ်သက်နေရပါသည်

လူသည်မိမိ၏ လိုအင်ဆန္ဒ (needs) ၊ မိမိပန်းတိုင်(goals) သို့ရောက်အောင် မျှော်လင့်ချက်ကြီးစွာဖြင့် လျှောက်လှမ်းနေကြရပါသည်။
ထိုသို့လျှောက်လှမ်းစဉ်တွင် လူနှင့် လူ့ပတ်ဝန်းကျင်ထိတွေ့ဆက်ဆံရာ၌ စဉ်းစားတွေးတောပုံ (Thinking) ၊ ခံစားပုံ(Emotion) ၊ လုပ်ပုံကိုင်ပုံ (Behavior) မတူကြသူများနှင့်လည်း မလွဲမသွေ တွေ့ကြုံရနိုင်ပါသည်။
ယင်းသို့မတူခြင်းကြောင့် သဘောထား (Attitude)၊ စိတ်ဝင်စားမှု (Interest)၊ တန်ဖိုးထားမှု (Value)၊ ယုံကြည်မှု (Belief) စသည်တို့လည်း ကွဲပြားနေမည်သာ ဖြစ်ပါသည်။
ယင်းသို့မတူညီခြင်းကို စိတ်ပညာက “လူပဂ္ဂိုလ်လိုက်ခြားနားခြင်း” (Individual Differences) ဟုခေါ်ပါသည်

ထိုသို့ မတူ( ကွဲပြားခြင်း) သည် အဘယ်ကြောင့်နည်း
တူညီအောင် မည်သို့ညှိယူမည်နည်း
မတူညီသူတို့နှင့်ဆက်ဆံပြီး မိမိပန်းတိုင်ကို မည်သို့ဖော်ဆောင်မည်နည်း
မတူညီသည့် ကြားမှ မိမိဆန္ဒအောင်မြင်အောင် မည်သို့ကြံဆောင်မည်နည်း
ယင်းသို့သိရှိရန်အတွက် အသုံးချစိတ်ပညာကို- လေ့လာထားရန်၊ သိရှိထားရန်
အထူးသဖြင့် Psychological Knowledge ရှိခြင်းအားဖြင့် လက်တွေ့ဘဝကို လိုက်လျောညီထွေစွာ နေထိုင်ဖြတ်သန်းနိုင်မည်ဖြစ်ပါသည်။
အထူးသဖြင့် Applied Psychology ပို့ချမှုများကို Royal Way မှ မျှဝေပေးသွားပါမည်



*အသုံးချစိတ်ပညာ (Applied Psychology)*အသုံးချစိတ်ပညာ (Applied Psychology) ဆိုသည်မှာ စိတ်ပညာသီအိုရီများနှင့် သုတေသနတွေ့ရှ...
29/07/2019

*အသုံးချစိတ်ပညာ (Applied Psychology)*

အသုံးချစိတ်ပညာ (Applied Psychology) ဆိုသည်မှာ စိတ်ပညာသီအိုရီများနှင့် သုတေသနတွေ့ရှိချက်များကို ပေါင်းစပ်ပြီး လက်တွေ့နယ်ပယ်တွင် အသုံးပြုရန်ချပြပြီး လုပ်ဆောင်ပေးရသော ပညာရပ်ဖြစ်ပါသည်
နိုင်ငံတကာတွင် အသုံးချစိတ်ပညာနယ်ပယ်များဖြစ်သည့်
• လူမှုဆက်ဆံရေးစိတ်ပညာ (Social Psychology)
• စက်မှုနှင့် အဖွဲ့အစည်းစိတ်ပညာ (Insustrial and Organizational Psychology)
• အကြံပေး၊ လမ်းညွှန်စိတ်ပညာ (Counseling Psychology) စသည်တို့ကို တွင်ကျယ်စွာ အသုံးပြုနေကြပါသည်
လူမှုဘဝဟူသည် “တိုက်ပွဲ” ဟု တင်စားကြပါသည်
နေ့စဉ်ဘဝကို ရုန်းကန်လှုပ်ရှားရင်း စိတ်ဖိစီးမှုများ(stress)၊ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခများ(conflicts) ၊ စိုးရိမ်သောကများ (Anxiety) စသည်တို့တွေ့ကြုံနေကြရပါသည်
စိတ်ဖိအား >>> တင်းကျပ်နေသောခံစားမှု
စိတ်ပဋိပက္ခ >>> ငါနှင့် ငါကြားဗျာများနေခြင်း
စိုးရိမ်သောက >>> ဖွဲမီးကဲ့သို့ တငွေ့ငွေ့ဖြစ်နေခြင်း
အထက်ပါတို့ကို နားလည်သိရှိထားလျှင် -
လူနှင့် လူ့ပတ်ဝန်းကျင်ကို ညှိယူနေထိုင်မှု (adjustmet) ပြုလုပ်နိုင်မည်ဖြစ်ပါသည်
သို့မဟုတ်ပါက တင်းကျပ်သောစိတ်နှင့် ငါနှင့် ငါကြားဗျာများပြီး ဖွဲမီးကဲ့သို့လောင်ကျွမ်းကာ စိတ်ဒဏ်ရာ (trauma) ရရှိပြီး အဆုံးတွင် စိတ်ကျခြင်း (depression) မှသည် မိမိကိုယ်ကိုအဆုံးစီရင်ခြင်း (su***de) အထိဖြစ်စေနိုင်ပါသည်
ထိုသို့မဖြစ်စေရန် အသုံးချစိတ်ပညာကို သိရှိခြင်းအားဖြင့် နေ့စဉ်ဘဝကို ကောင်းစွာ လျှောက်လှမ်းနိုင်မည်ဖြစ်ပါသည်
ဒုတိယပိုင်းဆက်လက်တင်ပေးပါမည်.....။
အထူးသဖြင့် Applied Psychology ပို့ချမှုများကို Royal Way မှ မျှဝေပေးသွားပါမည်။



26/07/2019

ဖိအားကိုလိုတဲ့အချိန်မှ လိုသလောက်ပေးပါ။

ဖိအားပုံစံတစ်မျိုးတည်းက လူအယောက်တိုင်းကို အဆင်မပြေစေဘူးဆိုတာကိုလည်း နားလည်လက်ခံပါ။

ပုံမမှန်တဲ့ဖိအားဟာ လိုရာရောက်ဖို့၊ ပုံစံဝင်ဖို့ထက် ကိုယ်မျှော်လင့်မထားမိတဲ့ဆိုးကျိုးတစ်ခုဆီကိုပဲ ဦးတည်ပါလိမ့်မယ်။

ကောင်းစေချင်တဲ့စေတနာကို ပြသတဲ့ပုံစံမှန်ဖို့တော့လိုပါမယ်။ စေတနာမှန်တိုင်း လုပ်ရပ်ကမှန်ချင်မှ မှန်မှာပါ။

အလုပ်ရှာဖွေရာမှာလည်းထို့အတူပါပဲ အသုံးမကြလို့အလုပ်မရသေးတာပေါ့ဆိုတာမျိုးထက် မင်းအတွက်ဘာတွေများလိုအပ်နေသေးလည်းဆိုတာကို ကူညီပြီအဖြေရှာပေးတာဟာ အငယ်တစ်ယောက်ရဲ့ ယုံကြည်မှုကို လျင်လျင်မြန်မြန်နဲ့ လွယ်လွယ်ကူရရှိစေနိုင်မှာပါ။

ကျွန်တော်တို့ Career Test လုပ်ပေးတယ်ဆိုတာကလဲ ဒီလူငယ်နဲ့ခဏတစ်ဖြုတ်သာဆုံရတာပါ။ သူသာကျွန်တော်တို့ကို ထပ်ပြီးမဆက်သွယ်လာခဲ့ရင် ကျွန်တော်တို့ကူညီချင်ရင်တောင်မှ အဆင်မပြေတော့ပါဘူး။

အဲ့ဒါကြောင့် အနီးစပ်ဆုံးဖြစ်ကြတဲ့သူကတွေ လူငယ်တွေအတွက်အရေးအကြီးဆုံးပါပဲ။ ကိုယ်ရဲ့ကလေးဟာ ဘာဖြစ်သလဲဆိုတာကို မသိသ၍ကတော့ လူကြီးလူငယ်ပြဿနာက ဆုံးခန်းတိုင်မှာမဟုတ်ပါဘူး။

ကျွန်တော်တို့ကအလုပ်သင်အဖြစ်လေ့ကျင့်ပေးတဲ့နေရာမှာ Marketing ပိုင်းတစ်ခုထဲကိုပဲလေ့ကျင့်ပေးနိုင်ပါသေးတယ်။ အဲ့ဒီအတွက် Marketing ကိုစိတ်မဝင်စားတဲ့သူတွေကို ဘယ်လိုင်းဟာ အသင့်တော်ဆုံးဖြစ်မယ်ဆိုတဲ့ Career Test & Counseling ကိုလုပ်ပေးတာပါ။

ဆရာအောင်သင်းထားခဲ့တဲ့စေတနာအတိုင်းပါပဲ မျိုးဆက်သစ်တွေကို တိုးတက်စေချင်တာပါ။




ကျွန်တော်ကိုယ်ကျွန်တော်ရှာတွေ့ခဲ့တယ်။သမိုင်းတစ်လျှောက်မှာ ရရှိခဲ့တဲ့တွေ့ရှိမှုတွေထက်အများကြီးပိုကြီးကျယ်တယ်။မျှော်လင့်ချက...
18/07/2019

ကျွန်တော်ကိုယ်ကျွန်တော်ရှာတွေ့ခဲ့တယ်။
သမိုင်းတစ်လျှောက်မှာ ရရှိခဲ့တဲ့တွေ့ရှိမှုတွေထက်
အများကြီးပိုကြီးကျယ်တယ်။

မျှော်လင့်ချက်မဲ့နေတဲ့နေ့ရက်တွေရယ်
အဓိပ္ပာယ်မရှိဘူးလို့ ယူဆနေတဲ့ နေ့စဉ်အလုပ်ခွင်ရယ်
ဒီနှစ်ခုကနေစွန့်ခွာချင်တယ်။

နောက်ဆံတင်းစရာတွေနဲ့ကိစ္စတွေနဲ့
စိုးရိမ်စိတ်တွေကလည်း အတိုင်းအထက်အလွန်.......။

ကျွန်တော်ရွေးချယ်စရာတွေကိုချုံ့လိုက်တယ်။
နောက်ဆုံးတော့ ..........
နှစ်ခုပဲကျန်ခဲ့တော့တယ်.....။

ရေထဲကိုခုန်ချလိုက်တယ်....
ကမ်းရောက်အောင်ကူးမလား..
ရေလယ်မှာအနစ်ခံမလား....။

ကမ်းရောက်အောင်ကူးရတော့မယ်
ဒုက္ခတွေ၊ အဆင်မပြေတာတွေဟာ ဒုနဲ့ဒေး

ဒါပေမယ့်ပျော်ဖို့ကောင်းတယ်.....
မနက်လင်းတိုင်းတွေ့နေရတဲ့အခက်အခဲအကုန်လုံးဟာ
စိတ်ဝင်စားစရာ၊ သင်ယူစရာတွေ....။

ဟုတ်တယ်.....
ကျွန်တော်ရှာတွေ့ခဲ့တယ်
ကျွန်တော့်ကိုယ်ကျွန်တော်ရှာတွေ့ခဲ့တယ်။
သမိုင်းတစ်လျှောက်မှာ ရရှိခဲ့တဲ့တွေ့ရှိမှုတွေထက်အများကြီးပိုကြီးကျယ်တယ်။




08/07/2019


လူမှန်နေရာမှန်ရနိုင်ဖို့အတွက် လူ့သဘောသဘာဝဟာ
ဘယ်လောက်ထိအရေးပါသလဲ ?



27/06/2019


Applied Psychology for HRMသင်တန်းအပေါ်အမြင်များFeedback ပေးခဲ့ကြသူများတစ်ယောက်စီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိပါသည်။
16/06/2019

သင်တန်းအပေါ်အမြင်များ

Feedback ပေးခဲ့ကြသူများတစ်ယောက်စီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိပါသည်။




Address

No(C-2), Third Floor, Yadanar Tine Pyi Housing, 60th Road, Bet 38th X 39th, Mahar Aung Myay Township
Mandalay
05021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 14:00

Telephone

+959954501320

Website

Alerts

Be the first to know and let us send you an email when Royal Way-Psy T&C posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Royal Way-Psy T&C:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

မန္တလေးမြို့၏ပထမဆုံးသော Counseling Center


Applied Psychology နှင့်ပက်သက်သောသင်တန်းများ၊

ဝန်ထမ်းရေးရာစိတ်ပညာနှင့်ပက်သက်သောအကြံပေးဆွေးနွေးမှုများကိုပြုလုပ်ပေးလျက်ရှိသည်။