ADORE Mental Wellbeing & Care

ADORE Mental Wellbeing & Care Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ADORE Mental Wellbeing & Care, Mental Health Service, 31st street; between 69thx70th streets, Mandalay.

▫️Individual mental wellbeing counselling services
▫️Pottery painting workshop
▫️Expression through clay & art workshops
▫️Virtual emotional support workshops
▫️Employee Assistance Programs

• we ADORE you unconditionally•

မင်္ဂလာပါရှင်…ကလေးတွေရဲ့စိတ်ကျန်းမာရေးပံ့ပိုးပေးမှုကို စိတ်ဝင်စားတဲ့ မန္တလေးကလူတွေအတွက် အခမဲ့တက်ရောက်နိုင်မယ့် Training ...
06/04/2026

မင်္ဂလာပါရှင်…ကလေးတွေရဲ့စိတ်ကျန်းမာရေးပံ့ပိုးပေးမှုကို စိတ်ဝင်စားတဲ့ မန္တလေးကလူတွေအတွက် အခမဲ့တက်ရောက်နိုင်မယ့် Training အခွင့်အရေးကောင်းလေးတစ်ခုကို ADORE ကနေ ဝေမျှပေးချင်ပါတယ်။🤍

ကျွန်မတို့ ADORE Mental Wellbeing & Care ကနေ ဂျာမန်အဖွဲ့အစည်းတစ်ခုနဲ့ပူးပေါင်းပြီး မန္တလေးမှာ In-person “Emergency Pedagogy Training” ကိုပြုလုပ်ပေးသွားဖို့ရှိပါတယ်။ 🍃

ဒီသင်တန်းက အရေးပေါ်ကလေးပြုစုပျိုးထောင်ရေး နယ်ပယ်မှာ လုပ်ကိုင်နေတဲ့ ဂျာမန်အဖွဲ့အစည်းတစ်ခုကနေ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပို့ချပေးမယ့် သင်တန်းတစ်ခု ဖြစ်ပါတယ်။ 🍃

သင်တန်းကို ဦးဆောင်မယ့် ဂျာမန်ပညာရှင်အဖွဲ့မှာ စိတ်ပညာရှင်တွေ၊ စိတ်ကုထုံးပညာရှင်တွေ၊ အတွေ့အကြုံရင့် ဆရာ/ဆရာမတွေနဲ့ အနုပညာနဲ့ လှုပ်ရှားမှုအခြေခံ ပံ့ပိုးမှုနည်းလမ်းတွေကို ကျွမ်းကျင်သူတွေ ပါဝင်ပါတယ်။ ဒါကြောင့် နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေဆီက သင်ယူရင်း ပါဝင်သူအချင်းချင်းလည်း အသိပညာချင်း ဖလှယ်ခွင့်ရမယ့် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်ရှင်။ 🍃

သူတိုရဲ့ လုပ်ငန်းစဉ်တွေအကြောင်းကို ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ် - (https://www.freunde-waldorf.de/en/emergency-pedagogy/) https://www.freunde-waldorf.de/en/emergency-pedagogy/ (https://www.freunde-waldorf.de/en/emergency-pedagogy/)

Emergency Pedagogy ဆိုတာက စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာ၊ သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် ခက်ခဲတဲ့ လူမှုဘဝအခြေအနေတွေကို ရင်ဆိုင်ခဲ့ရတဲ့ ကလေးတွေအတွက် psychosocial support များ ပံ့ပိုးပေးတာဖြစ်ပါတယ်။ 🍃

ဒီသင်တန်းမှာ စာတွေ့နဲ့ လက်တွေ့ နှစ်မျိုးလုံး ပါဝင်မှာဖြစ်ပါတယ်ရှင်။

စာတွေ့အပိုင်းမှာတော့ -
▪️ကလေးများတွင် ဖြစ်တတ်သော စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများ၊
▪️အကျပ်အတည်းများအပြီး ကလေးများ၏ စိတ်ခံစားမှုဆိုင်ရာ တုံပြန်မှုများကို နားလည်ခြင်း၊
▪️ခက်ခဲသော အပြုအမူရှိသည့် ကလေးများကိုကိုင်တွယ်ထိန်းညှိပေးခြင်း၊
▪️ကျောင်းများ၊အဖွဲ့အစည်းများနှင့် ပတ်ဝန်းကျင်တွင် အသုံးပြုနိုင်မည့် psychosocial supportချဉ်းကပ်မှုများ စတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Practical session တွေမှာဆိုလည်း ကလေးတွေနဲ့တိုက်ရိုက်လက်တွေ့လေ့ကျင့်ရမှာပါ။ 🌿

အထူးသဖြင့် လွန်ခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ငလျင်လိုမျိုး သဘာဝဘေးအန္တရာယ်တွေ၊ မိသားစုအခြေအနေတွေနဲ့ ကျောင်းတွင်းစိန်ခေါ်မှုတွေကြောင့် ကလေးအများစုဟာ စိတ်ဖိစီးမှုနဲ့ စိတ်ဒဏ်ရာတွေကို ခံစားနေရတတ်ပါတယ်။ ဒီလိုအချိန်မှာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်ဖို့က အရမ်းအရေးကြီးတာကြောင့် ဒီသင်တန်းကနေ ရရှိမယ့် အသိပညာတွေနဲ့အတွေ့အကြုံတွေက ကလေးတွေကို ပိုမိုကောင်းမွန်စွာ ကူညီပေးနိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။ 🌿

သင်တန်းအသေးစိတ် -
ရက်စွဲ။ ။ ဧပြီလ ၂၁၊ ၂၂၊ ၂၃ နှင့် ၂၄ ရက် (၄ ရက်)
ကြာချိန်။ ။ တစ်နေ့တာ အပြည့်အဝ မနက်၉နာရီမှ ၄နာရီထိ (၂၃ နှင့် ၂၄ ရက်နေ့မှာတော့ မနက်ရှစ်နာရီခွဲမှ ညနေလေးနာရီခွဲအထိ
နေရာ။ ။ ၃၁လမ်း၊၆၉၊၇၀ ကြား၊ တော်ဝင်ဆေးရုံ၊မန္တလေးမြို့။
သတ်မှတ်ချက်။ ။ သင်တန်းရက် ၄ ရက်စလုံးကို မပျက်မကွက် တက်ရောက်ရပါမည်။

သင်တန်းအတွက် သင်တန်းကြေး ပေးဆောင်ရန် မလိုပါ။ ADOREဘက်မှ နေ့လယ်စာ၊ အဆာပြေ မုန့်နှင့် သင်တန်းသုံး ပစ္စည်းများကို စီစဉ်ပေးသွားမှာ ဖြစ်သလို ဘာသာပြန်ပေးမယ့်သူလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒီtraining ကိုလွန်ခဲ့တဲ့နှစ် အောက်တိုဘာမှာ ADORE အတွက် internal training အဖြစ် ပထမအကြိမ်ပါဝင်နိုင်ခဲ့ပြီး အခုဒုတိယအကြိမ်မှာတော့ အဖွဲ့အစည်းပြင်ပကသူတွေအတွက်ကိုလည်း ပါဝင်နိုင်အောင်စီစဉ်ပေးခြင်းဖြစ်ပါတယ်။

အမှန်တစ်ကယ် လိုအပ်သူများရရှိနိုင်ဖို့ရာရည်ရွယ်ပြီး ဒီသင်တန်းကို တက်ရောက်ဖို့ register လုပ်ထားသူများထဲမှ သင့်တော်သူ ၈-၁၀ယောက်ခန့်ကို ကျွန်မတို့ADORE ဘက်မှ ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ စိတ်ဝင်စားသူများ register လုပ်နိုင်ပြီး ရွေးချယ်ခံရသူများကို email နှင့် ဖုန်းမှ တစ်ဆင့် ဆက်သွယ်ပေးမှာဖြစ်ပါတယ်။

အကယ်၍ စိတ်ပါဝင်စားပါက အောက်ပါ Google Form လင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ် -https://forms.gle/7QW1V2Bhrqpm9Hdy7

(Deadline- April 9,2026- 12:00Pm)

အောက်တိုဘာtraining မှ ပုံလေးတွေကိုလည်း ဝေမျှပေးလိုက်ပါတယ်။

🦋 Contact Us 🦋
Address: Room 222, No. 47, 31st Street,69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
Phone: 09 761 393 131
Email: admin@adorementalwellbeingandcare.com

Telegram Channel Link: https://t.me/adorementalwellbeingandcare

•we ADORE you unconditionally•


05/04/2026

အနာဂတ်ကို မသိသေးတဲ့နေ့တွေရှိတာ အဆင်ပြေပါတယ်။ 🌱
လူတိုင်းက အားလုံးသေချာနေသလို ထင်ရပေမယ့် တကယ်တော့ မသေချာမှုတွေနဲ့ပဲ ရှေ့ဆက်နေကြတာပါ။
ကိုယ့်နှုန်းနဲ့ ကိုယ်သွားလို့ရပါတယ်
မမြန်ရင်လည်း မမှားပါဘူး။ 🍃

Content Writer - 🪼
Video Editor - Htun Nay

🦋 Contact Us 🦋
Address: Room 222, No. 47, 31st Street,69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
Phone: 09 761 393 131
Email: admin@adorementalwellbeingandcare.com

Telegram Channel Link: https://t.me/adorementalwellbeingandcare

•we ADORE you unconditionally•


❝ ခဏလောက် ကိုယ့်စိတ်ကို check-in လုပ်ကြည့်ကြမယ်🧠❞ဒီနေ့တော့ “This or That” မေးခွန်းသေးသေးလေးတွေနဲ့ ကိုယ့်ကိုဘာတွေက အားဖြစ...
03/04/2026

❝ ခဏလောက် ကိုယ့်စိတ်ကို check-in လုပ်ကြည့်ကြမယ်🧠❞

ဒီနေ့တော့ “This or That” မေးခွန်းသေးသေးလေးတွေနဲ့ ကိုယ့်ကိုဘာတွေက အားဖြစ်စေလဲဆိုတာစမ်းကြည့်ကြရအောင်...

1) Listening to music Or Reading a book

2) Going outside for fresh air Or Staying cozy at home

3) Talking with friends Or Having quiet alone time

4) Journaling your thoughts Or Watching movies/series

5) Coffee/tea break Or Taking a short nap

6) Music therapy Or Silent walk

Let’s see how everyone takes care of their mind differently...

Comment your choice🫶🏻
(example: 1A, 1B, 2A...)

❝ တစ်ယောက်နဲ့တစ်ယောက် စိတ်ကို အားဖြည့်ပေးတဲ့နည်းတွေက မတူနိုင်ပါဘူး။
ဒါပေမယ့် ကိုယ့်စိတ်ကို ဂရုစိုက်ပေးတာက အရေးကြီးဆုံးပါပဲနော်❞

Content Writer - Phway
Graphic Designer - 🍀

🦋 Contact Us 🦋
Address: Room 222, No. 47, 31st Street,69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
Phone: 09 761 393 131
Email: admin@adorementalwellbeingandcare.com

Telegram Channel Link: https://t.me/adorementalwellbeingandcare

•we ADORE you unconditionally•


❛ A Space for You 🏡 ❜ရင်ဆိုင်ဖို့ အခက်ဆုံးအရာတွေက အပြင်မှာ ဖြစ်နေတဲ့အရာတွေ မဟုတ်ဘဲ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့အရာတွေပါပဲ ၊...
02/04/2026

❛ A Space for You 🏡 ❜

ရင်ဆိုင်ဖို့ အခက်ဆုံးအရာတွေက အပြင်မှာ ဖြစ်နေတဲ့အရာတွေ မဟုတ်ဘဲ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့အရာတွေပါပဲ ၊ အတွေးတွေက မရပ်မနား ပြေးနေပြီး တစ်ခါတလေ အကြောင်းမရှိဘဲ စိတ်ပင်ပန်းနေတတ်ပါတယ် 🍂

' ပြောချင်တာတွေ ရှိပေမဲ့
ဘယ်မှာ ပြောရမယ်မှန်းမသိဘူး
ဘယ်သူနဲ့ ပြောရမယ်မှန်းလည်း မသိဘူး
ဒါကြောင့် တိတ်တိတ်လေးပဲ သိမ်းထားလိုက်မိတယ်…'

အဆင်ပြေနေသလို မျက်နှာဖုံးတပ်ပြီး ဟန်ဆောင်နေနိုင်ပေမဲ့အတွင်းထဲမှာတော့ မဟုတ်ဘူးဆိုတာ ကိုယ်ကိုယ်တိုင်ပဲ သိပါတယ် 💬

ဒါပေမဲ့ ဒီလိုခံစားရတာကို ကိုယ်တစ်ယောက်တည်း မျိုသိပ်ထားစရာမလိုဘဲ တခြားသူတွေနဲ့အတူ မျှဝေခံစားလို့ရပါတယ် ၊ ADORE မှာ လတိုင်းလုပ်ပေးနေကျဖြစ်ပြီး ဒီလမှာတော့ April 7 ရက်နေ့မှာလုပ်သွားမဲ့ ' A Space for You ' ဆိုတဲ့ သီးသန့်နေရာလေးမှာ စိတ်အနွေးဓာတ်လေး လာယူလို့ရပါတယ်နော် 🕯️

ဒီနေရာလေးမှာတော့ -
🌱 ကိုယ့်စိတ်ထဲက အရာတွေကို အဆင်ပြေသလို ပြောလို့ရပါတယ်
🌱 မှားတယ်မှန်တယ်ဆိုတာကို ဘာမှမဆုံးဖြတ်ဘဲ နားထောင်မဲ့ လူတွေ ရှိပါတယ်
🌱 ကိုယ်ဖြစ်နေတဲ့အတိုင်းပဲ လက်ခံပေးမဲ့ ရပ်ဝန်းလေးတစ်ခုလည်း ဖြစ်ပါတယ်နော်

ဒါကြောင့် ကိုယ့်ရဲ့စိတ်ကို အနားပေးဖို့ပဲဖြစ်ဖြစ် ခဏလောက် လာခဲ့လို့ရပါတယ်‌ ၊ တစ်ခါတလေ ကြီးကြီးမားမားအရာတွေထက် စကားတစ်ခွန်းပြောခွင့်ရတာကလည်း ကိုယ့်ကို အများကြီး စိတ်သက်သာရာရစေပါတယ် 🤍

🏡 A Space for You : Open Conversation
⏰ April 7, 2026 ( Tuesday )
💰 Fees : free
📌 Registration link : https://forms.gle/8o58GqRCTjZnAUPu6

Content Writer - 🪼
Graphic Designer - Dee

🦋 Contact Us 🦋
Address: Room 222, No. 47, 31st Street,69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
Phone: 09 761 393 131
Email: admin@adorementalwellbeingandcare.com

Telegram Channel Link: https://t.me/adorementalwellbeingandcare

•we ADORE you unconditionally•


Hello APRIL!!!လအသစ်လေးဖြစ်တဲ့ April အတွက် ADOREရဲ့ Monthly Schedule လေးရပါပြီရှင့်🦋ဒီလလေးမှာလည်း မိတ်ဆွေတို့ရဲ့ Mental H...
31/03/2026

Hello APRIL!!!

လအသစ်လေးဖြစ်တဲ့ April အတွက် ADOREရဲ့ Monthly Schedule လေးရပါပြီရှင့်🦋

ဒီလလေးမှာလည်း မိတ်ဆွေတို့ရဲ့ Mental Health ကို ဦးစားပေးနိုင်ဖို့ ADORE မှ ပေးဆောင်သွားမယ့် services လေးတွေကတော့ -

☁️A Space for You (ASFU) Online Workshops
☁️Free Consultation Services (Online/Offline)
☁️Individual Counselling Service (Online/Offline)
☁️Employee Wellbeing Program (Online/Offline) တို့ပဲ ဖြစ်ပါတယ်🪴

Counselling service နဲ့ private workshop လေးတွေအတွက်လည်း page messenger/ phone/ Gmail က တစ်ဆင့် အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့်💐

Workshop လေးတွေရဲ့ Fees တွေကလည်း အကုန်လုံး Free တွေမို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က link လေးတွေကနေတစ်ဆင့် registration လုပ်ထားလိုက်တော့နော်…🫶🏻

💻 Online consultation dates:
▪️ April 10, 2026
💰Fees: free
📍Zoom Link via Email
📌 Registration link: https://forms.gle/SdAifhq4tXpJLvJr6

🏠 In-person consultation dates:
▪️ April 3, 2026
💰Fees: free
📌Registration Link: https://forms.gle/4zSsJNrfFWbT8yBf9

📱”A Space for You” online workshops:
▪️ April 7, 2026 : Open Conversation
▪️ April 28, 2026 : Knowledge Sharing Workshop
💰Fees: free
📌Registration link: https://forms.gle/8o58GqRCTjZnAUPu6

April လတစ်လလုံး စိတ်၏ချမ်းသာခြင်းနှင့် ကိုယ်၏ကျန်းမာရေးခြင်းတွေ ကောင်းမွန်ပြည့်စုံပါစေလို့ ADORE မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🌸🍃

Content Writer - Phway
Graphic Designer - Dee

🦋 Contact Us 🦋
Address: Room 222, No. 47, 31st Street,69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
Phone: 09 761 393 131
Email: admin@adorementalwellbeingandcare.com

Telegram Channel Link: https://t.me/adorementalwellbeingandcare

•we ADORE you unconditionally•


ကိုယ့်ရင်ထဲမှာ စုဆောင်းထားတဲ့ ခံစားချက်တွေကို တစ်ခါတစ်ရံ လွှတ်ချဖို့ လိုအပ်ပါတယ် 🍃အရာရာကို မြိုသိပ်ထားရတာများလာတဲ့အခါ စိ...
30/03/2026

ကိုယ့်ရင်ထဲမှာ စုဆောင်းထားတဲ့ ခံစားချက်တွေကို တစ်ခါတစ်ရံ လွှတ်ချဖို့ လိုအပ်ပါတယ် 🍃

အရာရာကို မြိုသိပ်ထားရတာများလာတဲ့အခါ စိတ်ထဲမှာ ပင်ပန်းလာပြီး နေ့ရက်တိုင်းကိုတောင် မလွယ်ကူဘူးလို့ ခံစားရတတ်ပါတယ် 💔

“အနားယူနေတယ်ဆိုပေမယ့် မပြေလျော့သေးဘူး…”
“ပြောချင်တာတွေရှိပေမယ့် ဘယ်လိုဖွင့်ထုတ်ရမလဲမသိဘူး…”
လို့ ခံစားနေမိတယ်ဆိုရင်တော့—သင်တစ်ယောက်တည်း မဟုတ်ပါဘူးနော် 💭

ဒါကြောင့် ADORE ရဲ့ In-person Consultation လေးက သင့်အတွက် safe space တစ်ခုအဖြစ် ရှိနေပါတယ် 🤍

Counsellor နဲ့ မျက်နှာချင်းဆိုင် (၃၀) မိနစ်အခမဲ့ ရင်ဖွင့်နိုင်မယ့် အခွင့်အရေးလေးပါ 🍃

ကိုယ်အဆင်ပြေတဲ့အချိန်ကိုရွေးပြီး အောက်က link မှာ register လုပ်နိုင်ပါတယ်နော် 💕

🏠 In-person consultation dates:
▪️April 3, 2026 (Friday)
💰Fees: free
📌Registration Link: https://forms.gle/4zSsJNrfFWbT8yBf9

🦋 Contact Us 🦋

Address: Room 222, No. 47, 31st Street,69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
Phone: 09 761 393 131
Email: admin@adorementalwellbeingandcare.com

Telegram Channel Link: https://t.me/adorementalwellbeingandcare

•we ADORE you unconditionally•


နွေပူပူမှာ စိတ်လေးတွေ မပူလောင်စေဖို့ ဆောင်ရန်ရှောင်ရန် နည်းလမ်းများ ရာသီဥတု ပူပြင်းလာတာနဲ့အမျှ စိတ်လေးတွေကလည်း အရင်ကထက် ...
29/03/2026

နွေပူပူမှာ စိတ်လေးတွေ မပူလောင်စေဖို့ ဆောင်ရန်ရှောင်ရန် နည်းလမ်းများ

ရာသီဥတု ပူပြင်းလာတာနဲ့အမျှ စိတ်လေးတွေကလည်း အရင်ကထက် ပိုပြီး ထိလွယ်ရှလွယ် ဖြစ်လာတတ်ပါတယ်။ အရင်ကလောက် စိတ်မရှည်တတ်တာမျိုးတွေ၊ အရင်ကထက် စိတ်တိုဒေါသထွက်လွယ်တာမျိုးတွေ ပိုဖြစ်လာနိုင်ပြီး... ဒီလို ခံစားချက်တွေကြောင့် လုပ်ဖော်ကိုင်ဖက်ချင်း စကားများကြတာမျိုး၊ မိသားစုအတွင်း ကတောက်ကဆ ဖြစ်ကြတာမျိုး စသဖြင့် နေ့စဥ်လူမှုဘဝကိုပါ ပြင်းပြင်းထန်ထန် သက်ရောက်နိုင်ပါတယ်။ 🌿

ဒါကြောင့် နွေပူပူမှာ စိတ်ကင်ဆာလေးတွေ လျှော့ချဖို့ ဆောင်ရန် ရှောင်ရန် နည်းလမ်းအချို့ကို ဖော်ပြလိုက်ရပါတယ်။

⚠️ ဆောင်ရန်များ

💧 ရေများများသောက်ပါ။

ရေဓာတ်ပြည့်ဝတဲ့အခါ ကိုယ်ခန္ဓာအေးမြနေစေပြီး စိတ်ဖိစီးမှုလည်း လျော့နည်းစေပါတယ်။ ဒါကြောင့် တစ်ရက်ကို ရေ ၃ လီတာလောက် အနည်းဆုံး သောက်ပေးပါ။

🍉 အရည်ရွှမ်းတဲ့ အသီးအနှံများ စားပါ။

အရည်ရွှမ်းတဲ့ အသီးအနှံတွေ ဖြစ်တဲ့ ဖရဲသီး၊ သရက်သီး၊ လိမ္မော်သီးတို့က ခန္ဓာကိုယ်ကို လန်းဆန်းအားဖြည့်ပေးပြီး စိတ်ကြည်လင်စေပါတယ်။ ဒါကြောင့် အသီးအနှံ များများ စားပေးပါ။

💤 အိပ်ရေးဝအောင် အိပ်ပါ။

ရာသီတု ပူရတဲ့အထဲ လူက အိပ်ရေးမဝရင် အရာရာကို စိတ်မကြည်မလင် ဖြစ်ပြီး စိတ်တိုလွယ်နိုင်ပါတယ်။ ဒါကြောင့် တစ်ရက်ကို ၆ နာရီ အနည်းဆုံး အိပ်ပါ။

🕊️ အသက်ရှုလေ့ကျင့်ခန်း လုပ်ပေးပါ။

စိတ်တွေ အရမ်း ထိလွယ်ရှလွယ် ဆတ်ဆတ်ထိမခံ ဖြစ်လာတဲ့အခါ တရားထိုင်တာဖြစ်ဖြစ်၊ အသက်ရှူလေ့ကျင့်ခန်းကို ပြုလုပ်ပေးပါ။ စိတ်တည်ငြိမ်စေပါတယ်။

⚠️ ရှောင်ရန်များ

🔥 နေပူထဲမှာ အချိန်ကြာရှည် မနေပါနဲ့။

နေပူထဲကို တတ်နိုင်သလောက် မထွက်ပါနဲ့။ နေပူထဲမှာ အလုပ်လုပ်ရရင်လည်း အရိပ်ရတဲ့နေရာလေးတွေမှာ ခဏ နားနားပြီး လုပ်ပေးပါ။ နေပူထဲ ထွက်တဲ့အခါ ထီးဆောင်းပါ။

📱 ဆိုရှယ်မီဒီယာကို လျှော့သုံးပါ။

ဒီလိုအချိန်မှာ social media ကို လျှော့သုံးခြင်းက စိတ်ကို detox လုပ်တာနဲ့ တူတူပါပဲ။ ရာသီဥတု ပူရတဲ့ထဲ social media က toxic issue တွေကြောင့် စိတ်ကို ပိုမပူလောင်ပါစေနဲ့။

😡 စိတ်တိုလာချိန်မှာ ချက်ချင်း ပြောဆိုတုံ့ပြန်ခြင်း မလုပ်ပါနဲ့။

ရာသီတု ပူလာတဲ့အခါ ကိစ္စသေးသေးလေးကအစ ဆတ်ဆတ်ထိမခံ ဖြစ်လာပါတယ်။ ဒါကြောင့် စိတ်တိုနေချိန်မှာ ချက်ချင်း ပြောဆိုတုံ့ပြန်တာမျိုးတွေကို ရှောင်ပါ။ စကားတစ်ခွန်းက တစ်သက်တာ ဆက်ဆံရေးတွေကို ပြတ်စဲသွားနိုင်စေပါတယ်။

Content Writer - Shoon
Graphic Designer - Mann

🦋 Contact Us 🦋
‎Address: Room 222, No. 47, 31st Street,69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
‎Phone: 09 761 393 131
‎Email: admin@adorementalwellbeingandcare.com

‎Telegram Channel Link: https://t.me/adorementalwellbeingandcare

‎•we ADORE you unconditionally•


28/03/2026

ဒီနေ့က ငလျင်ကြီးဖြစ်ခဲ့တဲ့နေ့ကနေ တစ်နှစ်ပြည့်တဲ့နေ့ပါ။🥀

အဲဒီနေ့ရဲ့ အမှတ်တရတွေကို မမေ့နိုင်သလို ထိခိုက်ခဲ့သူတွေကိုလည်း ကျွန်မတို့ စိတ်ထဲမှာ အမြဲရှိနေပါတယ်။ ADORE Team Member တွေအနေနဲ့
အဲဒီအချိန်က လူတွေ ဘယ်လိုကြိုးစားရပ်တည်ခဲ့ကြတာ၊ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကူညီပေးခဲ့ကြတာတွေကို ပြန်သတိရမိပါတယ်။ 🍃

တစ်နှစ်ကြာလာပေမယ့် healing ဆိုတာတော့ အချိန်ယူနေဆဲပါပဲ။ 🍃

ဒီ video လေးကတော့
မမေ့ဖို့… သတိရဖို့…
နဲ့ အတူတူ ဆက်လက်ရပ်တည်ဖို့အတွက်ပါ။
We remember. We stand together. 🤍

🦋Contact Us 🦋

Address: Room 222, No. 47, 31st Street,69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
Phone: 09 761 393 131
Email: admin@adorementalwellbeingandcare.com

Telegram Channel Link: https://t.me/adorementalwellbeingandcare

•we ADORE you unconditionally•


❝Depression ဆိုတဲ့ စိတ်ကျရောဂါကို ဘယ်လိုနားလည်ကြပါသလဲ❞ကျွန်မတို့အားလုံး “Depression” ဆိုတဲ့ စကားလုံးနဲ့ မစိမ်းကြပေမယ့် တ...
26/03/2026

❝Depression ဆိုတဲ့ စိတ်ကျရောဂါကို ဘယ်လိုနားလည်ကြပါသလဲ❞

ကျွန်မတို့အားလုံး “Depression” ဆိုတဲ့ စကားလုံးနဲ့ မစိမ်းကြပေမယ့် တကယ်တမ်းကျ အဲ့အရာက ဘာလဲ၊ ဘယ်လိုမျိုးတွေရှိလဲ၊ ဘယ်လိုလူတွေအပေါ်ပိုပြီးသက်ရောက်မှုရှိနိုင်လဲဆိုတာကို မရှင်းလင်းနိုင်သေးပါဘူး💭

အထူးသဖြင့် လူတွေက Crisis နဲ့ Community settings ဆိုတဲ့ မထင်မှတ်ထားတဲ့ အခြေအနေတွေ၊ နေ့စဥ်ဘဝရဲ့ ပတ်ဝန်းကျင်တွေကြား စိတ်ဖိစီးမှု၊ ဆုံးရှုံးမှု၊ မတည်ငြိမ်မှုတွေကြောင့် Depression ကို မသိမသာကြုံတွေ့နေရတတ်ပါတယ်🥀

တချို့လူတွေအတွက်တော့ ဒါကစိတ်ပင်ပန်းမှုတစ်ခုလိုဖြစ်နေပေမယ့် တချို့အတွက်ကျ ဒီအရာကပဲနေ့စဥ်ဘဝအပေါ် သက်ရောက်မှုရှိနေတဲ့ အရေးကြီးတဲ့အချက်လေးတစ်ခုဖြစ်နေနိုင်ပါတယ်🧠

ဒီ March လအတွင်းမှာ ပြုလုပ်သွားမယ့် “Depression in Crisis and community settings” ဆိုတဲ့ Knowledge sharing session လေးက Depression ရဲ့ အကြောင်းအရာတွေ၊ Case study discussion၊ supporter self-care တွေနဲ့ Sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်...

စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ link လေးကနေတစ်ဆင့် register လုပ်ပြီး မလွတ်တမ်း join ဖို့ အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ရှင့်🫶🏻

📱”A Space for You” online workshop
▪️Date: 31 Mar, 2026 (Tuesday)
⏰Time: 6:30 - 8:30PM
💰Fees: free
📌Registration link: https://forms.gle/EphZtsBQo6CNuSvy5

🦋 Contact Us 🦋
Address: Room 222, No. 47, 31st Street,69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
Phone: 09 761 393 131
Email: admin@adorementalwellbeingandcare.com

Telegram Channel Link: https://t.me/adorementalwellbeingandcare

•we ADORE you unconditionally•


အပြင်က နွေအပူရှိန်ထက်... ကိုယ့်စိတ်ထဲက မီးတောက်တွေက ပိုပြင်းနေလား?March လရဲ့ မွန်းတည့်နေရောင်အောက်မှာ အရာရာက ပူလောင်နေသလ...
24/03/2026

အပြင်က နွေအပူရှိန်ထက်... ကိုယ့်စိတ်ထဲက မီးတောက်တွေက ပိုပြင်းနေလား?

March လရဲ့ မွန်းတည့်နေရောင်အောက်မှာ အရာရာက ပူလောင်နေသလိုပဲ... ကိုယ့်ရဲ့ စိတ်ထဲမှာလည်း မီးတောက်လေးတွေ တစ်ချက်တစ်ချက် တောက်လောင်နေတတ်တယ်ပါတယ်။ ☀️🔥

ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့တင် စိတ်တိုလွယ်တာ၊ လူတွေနဲ့ စကားပြောရတာ အဆင်မပြေတာ၊ အရာရာကို စိတ်မရှည်တော့တာမျိုးတွေက "စိတ်ရဲ့ အပူချိန်" တက်နေတဲ့ လက္ခဏာတွေပါပဲ။

အပြင်က အပူဒဏ်ကို ဖြေဖျောက်လို့ရတဲ့နည်းလမ်းတွေ အများကြီးရှိပေမဲ့... စိတ်ထဲက အပူတွေကိုတော့ "ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မှု" နဲ့ပဲ အေးမြစေနိုင်မှာပါ။ 🌿

ဒါကြောင့် ဒီနေ့မှာ ကိုယ့်စိတ်လေး အေးချမ်းသွားဖို့ ဒါလေးတွေ စမ်းလုပ်ကြည့်ရအောင် -

❄️ ဒေါသထွက်လာတဲ့အခါ စကားတစ်ခွန်း မပြောမိခင် (၅) စက္ကန့်လောက် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါ။ အဲ့ဒီ (၅) စက္ကန့်က ကိုယ့်စိတ်ထဲက မီးတောက်ကို အရှိန်သတ်ပေးနိုင်ပါတယ်။

❄️ ကိုယ်နှစ်သက်တဲ့ သီချင်းအေးအေးလေး နားထောင်တာ၊ စာအုပ်ဖတ်တာ ဒါမှမဟုတ် ဖုန်းကိုခဏချထားပြီး မျက်စိမှိတ်နားတာမျိုးက စိတ်အတွက် ရေအေးတစ်ခွက် သောက်လိုက်ရသလို အေးချမ်းမှုကိုပေးနိုင်ပါတယ်။

❄️ စိတ်မွန်းကြပ်မှုတွေက အရမ်းပြင်းထန်လာရင်တော့ တစ်ယောက်တည်း အောင့်အီးမထားပါနဲ့။ ကိုယ့်ကို နားထောင်ပေးမယ့်သူ၊ နားလည်ပေးမယ့်သူတွေဆီမှာ ရင်ဖွင့်ချလိုက်တာက အကောင်းဆုံး အအေးပေးစနစ်ပါပဲ။

အပြင်မှာ နေပူတာထက်... ကိုယ့်ရဲ့ စိတ်လေး ပူလောင်မွန်းကြပ်နေရတာက အများကြီးပိုပြီး ပင်ပန်းရပါတယ်နော်။ 🥀

ကိုယ့်စိတ်ထဲမှာ အပူရှိန်တွေ တက်နေပြီး ထွက်ပေါက်ရှာမရ ဖြစ်နေတယ်ဆိုရင်... ADORE က ကိုယ့်အတွက် အေးမြတဲ့ အရိပ်တစ်ခု ဖြစ်ပေးဖို့ အမြဲအသင့်ရှိနေပါတယ်။ 🕊✨

Content Writer - Su
Graphic Designer - 🍀

🦋 Contact Us 🦋

Address: Room 222, No. 47, 31st Street,69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
Phone: 09 761 393 131
Email: admin@adorementalwellbeingandcare.com

Telegram Channel Link: https://t.me/adorementalwellbeingandcare

•we ADORE you unconditionally•


❝Mental Health ကို ဂရုစိုက်ပေးဖို့ဆိုတာ နည်းလမ်းကြီးကြီးမားမားတွေမလိုပါဘူး❞တချို့လူတွေက mental health ကို ဂရုစိုက်ဖို့ဆိ...
22/03/2026

❝Mental Health ကို ဂရုစိုက်ပေးဖို့ဆိုတာ နည်းလမ်းကြီးကြီးမားမားတွေမလိုပါဘူး❞

တချို့လူတွေက mental health ကို ဂရုစိုက်ဖို့ဆိုရင် ကြီးမားတဲ့ပြောင်းလဲမှုတွေ လုပ်ရလိမ့်မယ်လို့ ထင်တတ်ကြပါတယ်💭

တကယ်တော့ နေ့စဉ်ဘဝမှာ လုပ်လို့ရတဲ့အရာလေးတွေကနေ စတင်ပြီး Take care လေးလုပ်ပေးနိုင်ပါတယ်နော်...

🌿 ပင်ပန်းတဲ့နေ့မှာ ကိုယ့်ကိုယ်ကို အနားယူခွင့်ပေးပါ
🌿 ကိုယ့်စိတ်ကိုအနှောက်အယှက်ဖြစ်စေမယ့် အရာတွေကို မလိုအပ်ဘဲ မလုပ်ပါနဲ့
🌿 ကိုယ်မဖြေနိုင်တဲ့အရာတွေကို ခဏလောက်လွှတ်ထားလိုက်ပါ

တခါတလေမှာ ကိုယ့်ကိုယ်ကိုဂရုစိုက်ပေးဖို့ဆိုတာ ကြီးမားတဲ့အရာတွေ မလိုပါဘူး🫧

တိတ်တိတ်လေး အနားယူတာ၊ ကိုယ်ကြိုက်တဲ့သီချင်းကို နားထောင်တာ၊ ဒါမဟုတ် ကိုယ့်စိတ်ကို နားလည်ပေးတာလောက်နဲ့တင် လုံလောက်ပါတယ်နော်🫶🏻

❝ကိုယ့်စိတ်ကို ဂရုစိုက်ဖို့ကို အချိန်သက်သက်ကြီးပေးနေစရာမလိုပဲ... နေ့စဥ်ဘဝလေးထဲကနေလည်း ဂရုစိုက်ပေးနိုင်ပါတယ်❞

Content Writer - Phway
Graphic Designer - Mann

🦋 Contact Us 🦋
Address: Room 222, No. 47, 31st Street,69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
Phone: 09 761 393 131
Email: admin@adorementalwellbeingandcare.com

Telegram Channel Link: https://t.me/adorementalwellbeingandcare

•we ADORE you unconditionally•


❛ ညရောက်လာရင် တောက်ပနေတဲ့ ကြယ်လေးတွေရော နေဝင်ချိန်ကိုပဲ ချန်ထားခဲ့တဲ့ နေမင်းကြီးရော အားလုံးဟာ ကိုယ်ပိုင်ထူးခြားတဲ့အရောင်...
21/03/2026

❛ ညရောက်လာရင် တောက်ပနေတဲ့ ကြယ်လေးတွေရော နေဝင်ချိန်ကိုပဲ ချန်ထားခဲ့တဲ့ နေမင်းကြီးရော အားလုံးဟာ ကိုယ်ပိုင်ထူးခြားတဲ့အရောင်လေးတွေ ရှိကြပါတယ် ❜ ⭐

ကျွန်မတို့တွေ အားလုံးမှာ ရှိတတ်ကြတဲ့စိတ်လေးကတော့ တခြားသူနဲ့နှိုင်းယှဉ်တတ်တဲ့စိတ်ပဲ ဖြစ်ပါတယ် ၊ ကိုယ့် လမ်းကြောင်းလေးအတိုင်း သွားနေရင်တောင် နောက်ကျနေပြီလို့ ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် ဘာအလင်းရောင်မှ မရှိတဲ့သူလိုမျိုး တစ်ခါတလေ တွေးတတ်ကြပါတယ် 🗯️

ဒီလိုစိတ်မျိုးကို မေ့ပျောက်စေပြီး ကိုယ့်အလင်းရောင်ကို ပြန်ရှာတွေ့စေနိုင်တဲ့သီချင်းလေးကတော့ NCT ရဲ့ ' Beautiful ' ဆိုတဲ့သီချင်းလေးပဲ ဖြစ်ပါတယ် ၊ နားထောင်လိုက်တိုင်း စိတ်သက်သာရာ ရစေမဲ့သီချင်းဆိုရင်လည်း မမှားပါဘူးနော် 🎐

တခြားသူတွေ အားလုံးလိုချင်နေကြတဲ့အိပ်မက်နောက်ကို လိုက်ရင်းက ကိုယ်နဲ့အံဝင်ခွင်ကျမဖြစ်တဲ့ခံစားချက်မျိုး ခံစားရတတ်ပါတယ် ၊ ကိုယ်က မတော်လို့မကောင်းလို့ ဆိုတာထက် ကိုယ့်အလင်းရောင်လေးကို ရှာမတွေ့သေးတာမျိုးပါ၊ လောကကြီးမှာ ရှိတဲ့အရာအားလုံးက သူ့နေရာလေးနဲ့သူ တောက်ပနေမှ လှတတ်သလိုမျိုး ကျွန်မတို့တွေအားလုံးမှာလည်း ကိုယ်ပိုင်သီးသန့်နေရာလေးတစ်ခုစီ ရှိကြပါတယ် 💌

Content Writer - 🪼
Graphic Designer - Dee

🦋 Contact Us 🦋
Address: Room 222, No. 47, 31st Street,69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
Phone: 09 761 393 131
Email: admin@adorementalwellbeingandcare.com

Telegram Channel Link: https://t.me/adorementalwellbeingandcare

•we ADORE you unconditionally•


Address

31st Street; Between 69thx70th Streets
Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959761393131

Website

Alerts

Be the first to know and let us send you an email when ADORE Mental Wellbeing & Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ADORE Mental Wellbeing & Care:

Share