
27/03/2025
“ အူမကြီးကင်ဆာ သတိပြုစရာ လ ❗️”
( Colorectal Cancer Awareness Month ❗️)
အခုကျရောက်နေတဲ့ “မတ်လ (March) “ ဟာ တစ်ကမ္ဘာလုံးက သတ်မှတ်ထားတဲ့ အူမကြီးကင်ဆာ သတိပြုစရာ လ (Colorectal Cancer Awareness Month )ဖြစ်ပါတယ်။အူမကြီးကင်ဆာဟာ ကမ္ဘာပေါ်မှာ တတိယအဖြစ်အများဆုံး ကင်ဆာရောဂါအမျိုးအစားဖြစ်ပါတယ်။World Health Organization (W.H.O) ရဲ့စစ်တမ်းများအရ တစ်နှစ်ကို လူပေါင်း ၁.၉ သန်းဖြစ်ပွားနေပါတယ်။
1️⃣ What is Colorectal Cancer ❓
(အူမကြီးကင်ဆာဆိုတာဘာလဲ?)
အူမကြီးကင်ဆာ (Colorectal Cancer) သည် အူမကြီး (colon) နှင့် စအိုလမ်းကြောင်း (re**um) တို့မှာ ဖြစ်ပွားသော ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ အူနံရံမှ အသားပိုများ (polyps) မှ ကင်ဆာဆဲလ်များ အဖြစ်ပြောင်းလဲသွားခြင်းကြောင့် ကင်ဆာရောဂါဖြစ်ပွားလာရပါတယ်။
2️⃣ What are the Causes ❓
(ရောဂါဖြစ်ရသည့်အကြောင်းရင်းများ)
(1) အသက်အရွယ် ⚠️
အသက် ၅၀ ကျော်သူများတွင် ပို၍အဖြစ်များသော်လည်း၊ လူငယ်များတွင်လည်း ရံဖန်ရံခါဖြစ်ပွားတတ်ပါတယ်။
(2) မျိုးရိုးဗီဇ⚠️
မိသားစုမျိုးရိုးထဲတွင် အူမကြီး ကင်ဆာဖြစ်ပွားခဲ့ဖူးလျှင် အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေပိုများပါတယ်။
(3) နေထိုင်စားသောက်မူ့ပုံစံများ⚠️
ကိုယ်လက်လှုပ်ရှားမှုအားနည်းခြင်း၊ဟင်းသီးဟင်းရွက် အစားနည်းခြင်းနှင့် အနီရောင်အသားများ (ဥပမာ ၀က်သား၊ အမဲသား) အစားများခြင်း တို့ကြောင့် အူမကြီးကင်ဆာဖြစ်ပွားနိုင်ပါတယ်။
3️⃣ What are the Symptoms ❓
( ရောဂါလက္ခဏာများ)
🔹ဝမ်းသွားသည့်ပုံစံပြောင်းလဲလာခြင်း (ဥပမာ- ဝမ်းပျက်/ဝမ်းချုပ်၊ ဝမ်းသွားရာတွင် ဝမ်းကျန်နေသလို ခံစားရခြင်း)
🔹 ဝမ်းတွင်သွေးပါခြင်း
🔹 ဗိုက်အောင့်ခြင်း၊ လေပွခြင်း
🔹 ကိုယ်အလေးချိန်ကျခြင်း၊ အားနည်းခြင်း
🔹 ဝမ်းမပါဘဲ ဝမ်းသွားလိုစိတ်မကြာခဏဖြစ်ခြင်း
4️⃣ Diagnosis Methods ❓
(စစ်ဆေးမှု နည်းလမ်းများ)
▪️Colonoscopy: အူမကြီးထဲ ကင်ဆာဖြစ်နိုင်သော အသားပိုများကိုမှန်ပြောင်းဖြင့် စစ်ဆေးခြင်း
▪️Biopsy: ကင်ဆာဆဲလ်များရှိမရှိ ဓာတ်ခွဲစစ်ဆေးခြင်း
▪️CT scan၊ MRI: ပုံရိပ်ဖော် စစ်ဆေးခြင်း
▪️Stool test : ဝမ်းတွင် သွေးပါမပါစစ်ဆေးခြင်း။
5️⃣ Treatment ❓
(ကုသမှုနည်းလမ်းများ)
(1) ခွဲစိတ်ကုသခြင်း (ကင်ဆာဖြစ်နေသော အူအစိတ်အပိုင်းကို ဖယ်ရှားခြင်း - အစောပိုင်း)
(2) ကီမိုဆေးသွင်းကုထုံး (Chemotherapy)
(3) ဓာတ်ရောင်ခြည်ကုထုံး (Radiation)
(4) ပစ်မှတ်ထားကုထုံး (Targeted therapy) နှင့်
(5) ကိုယ်ခံအားကုထုံး (Immunotherapy)
6️⃣ Prevention❓
(ကြိုတင်ကာကွယ်ခြင်း)
✅ အသက် ၄၅ နှစ်နှင့် အထက် ရှိသူများ အနေဖြင့် ကျန်မာရေး စစ်ဆေးမှု ပုံမှန်ပြုလုပ်သင့်ပါတယ်။
✅ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ဖြစ်သည့် အသီးအရွက်၊ အမျှင်ဓာတ်များများစားပါ။ အနီရောင်အသားနှင့် ပြုပြင်ထားသောအစားအစာကို လျှော့စားပါ။
✅ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ၊ လှုပ်လှုပ်ရှားရှားနေပါ။
✅ ဆေးလိပ်နှင့် အရက် ရှောင်ပါ။
📍မန္တလေးမှာ ရှိတဲ့ မိတ်ဆွေတို့ အနေဖြင့် ကင်ဆာရောဂါများ နဲ့ ပက်သက်ပြီး ဆွေးနွေးတိုင်ပင်လိုပါက
ဆန္ဒသုခဆေးခန်းတွင် ကင်ဆာအထူးကုဆရာဝန်ကြီး (Oncologist) နဲ့ ရက်ချိန်းယူစရာမလိုဘဲ ဆေးခန်းဖွင့်ချိန်အတွင်း လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင့်။
"ဆန္ဒသုခ" အဆင့်မြင့်ရောဂါရှာဖွေရေးနဲ့ အထူးကုဆေးခန်း📌
ဆေးခန်းဖွင့်ချိန် - 7:30 am to 7:30 pm📌
လိပ်စာ - ၃၅လမ်း၊ ၈၇x၈၈လမ်းကြား၊ မန္တလေးမြို့📌
ဖုန်း - 09-796009398 , 09-2301012
#ဆန္ဒသုခ
#အဆင့်မြင့်ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်းကြီး