Jivaka Pharmacy

Jivaka Pharmacy We Care Your Health. We are selling Grantee Drugs and Medicinal Supplies. We have a Pharmacist On dut

27/01/2026

A To Z Alphabet Game လေး ဆော့ကြမယ်။
Random ကျလာတဲ့ ဆေးလေးတွေကို ဇီဝကရဲ့ ဝန်ထမ်းတွေနဲ့ အတူတူ ရှာကြည့်လိုက်ကြစို့…💜

#ဇီဝကဆေးဆိုင်

🦠 ရာသီအလိုက် ဓာတ်မတည့်မှုများကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ဟာ လေနှင့်အတူ  ပါလာသော မိမိနှင့် မတည့်သည့် အရာအား ထိတွေ့မိရာမှ ဓာ...
27/01/2026

🦠 ရာသီအလိုက် ဓာတ်မတည့်မှုများ

ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ဟာ လေနှင့်အတူ ပါလာသော မိမိနှင့် မတည့်သည့် အရာအား ထိတွေ့မိရာမှ ဓာတ်မတည့် တုံ့ပြန်မှုကို ဖြစ်ပေါ်စေပါတယ်။ ဓာတ်မတည့်မှု အဖြစ်များစေသော အရာများမှာ 🌻 ပန်းဝတ်မှုန်နှင့် ဖုန်မှုန့်များဖြစ်ပြီး 🐈 ကြောင်၊ 🐕 ခွေးနှင့် အခြားတိရစ္ဆာန်များမှ ကျွတ်ထွက်လာသော အမွှေးအမျှင်လေးတွေကလည်း ဓာတ်မတည့်မှုကို ဖြစ်စေပါတယ်။

လူတစ်ဦးနှင့်တစ်ဦး ဓာတ်မတည့်မှုပေါ်မူတည်၍ ☀️ နွေဦး၊ နွေရာသီနှင့် ❄️ ဆောင်းဦးရာသီများတွင် ဓာတ်မတည့်မှုများ အဖြစ်များပါတယ်။ နွေဦးပေါက်ရာသီနှင့် ဆောင်းဦးရာသီတွင် 💐 ပန်းဝတ်မှုန်များကြောင့်၊ နွေရာသီတွင် 🌾 ကောက်ရိုးစပါးများကြောင့် ဓာတ်မတည့်မှုများ ပိုဖြစ်လေ့ရှိကာ အိမ်မွေးတိရိစ္ဆာန်များ၊ ဖုန်မှုန့်များနှင့် ပိုးဟပ်အမှုန်အမွှားများကြောင့်က တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပါတယ်။

ဓာတ်မတည့်မှု လက္ခဏာများတွင်
⭕️ နှာချေခြင်း၊ ချောင်းဆိုးခြင်း
⭕️ နှာရည်ယိုခြင်းနှင့် နှာပိတ်ခြင်း
⭕️ မျက်လုံး ယားခြင်း၊ မျက်ရည်ယိုခြင်း
⭕️ အရေပြားယားယံခြင်းတို့ ပါဝင်ပြီး

အခြားသော လက္ခဏာများမှာ အသက်ရှူသံ တရွှီရွှီမြည်ခြင်း (အထူးသဖြင့် ပန်းနာရင်ကျပ်ရောဂါရှိသူများ)၊ တစ်ခါတစ်ရံ စိတ်တိုဒေါသထွက်ခြင်းနှင့် အိပ်မပျော်ခြင်းတို့ ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် ပင်ပန်း နွမ်းနယ်နေတတ်ပါတယ်။ ယားယံခြင်းသည် တဖြည်းဖြည်း သို့မဟုတ် ရုတ်တရတ် စတင်ဖြစ်လာနိုင်ပါတယ်။

❇️ Antihistamines နှင့် Decongestants များ၊ မျက်ရည်တု မျက်စဉ်းများ၊ Steroid နှာခေါင်းဖျန်းဆေးများကို အသုံးပြုခြင်းဖြင့် ဓာတ်မတည့်မှု လက္ခဏာများကို သက်သာစေပါတယ်။

⚠️ အကယ်၍ ဆေးသောက်သော်လည်း လက္ခဏာများ မသက်သာပါက သို့မဟုတ် ပိုမိုဆိုးရွားလာပါက ဆရာဝန်ဖြင့် ပြသရန် လိုအပ်ပါတယ်။

✳️ ရာသီအလိုက် ဓာတ်မတည့်ခြင်းများသည် အနှောင့်အယှက်ဖြစ်နိုင်သော်လည်း ရောဂါလက္ခဏာများကို သက်သာစေရန် ကုသနည်းများရှိပါတယ်။ မိမိတွင် ဓာတ်မတည့်မှု ဖြစ်လာလျှင် ဘယ်အရာက ဖြစ်စေတာလည်း သိအောင် ရှာဖွေပြီး မှန်ကန်သောကုသမှုကို ခံယူကာ နောက်တစ်ကြိမ် မထိတွေ့မိအောင် ရှောင်ရှားခြင်းဖြင့်လည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

#ဇီဝကဆေးဆိုင်

ဇီဝကရဲ့ လကုန် Promotion က ဘာဖြစ်မလဲ 🤔❓     #ဇီဝကဆေးဆိုင်
26/01/2026

ဇီဝကရဲ့ လကုန် Promotion က ဘာဖြစ်မလဲ 🤔❓

#ဇီဝကဆေးဆိုင်

"ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း အင်မြူနိုဆူပရင်း (Immunosupreme)"Immunosupreme  ဆေးတစ်တောင့်မှာ🔸 Vitamin C 50mg🔸 Vitamin...
22/01/2026

"ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း အင်မြူနိုဆူပရင်း (Immunosupreme)"

Immunosupreme ဆေးတစ်တောင့်မှာ
🔸 Vitamin C 50mg
🔸 Vitamin E 8.4mg
🔸 Zinc 1.4mg
🔸 Selenium 15mcg
🔸 Copper 0.5mg
🔸 Magnesium 120mg
🔸 Curcumin 25mg ပါဝင်လို့ တစ်နေ့လျှင် (၁)လုံး အစာစားပြီး သောက်သုံးခြင်းဖြင့်

🟣 ကိုယ်ခံအားကောင်းစေရန် အထောက်အကူပြုပါတယ်၊
🟣 ရောင်ရမ်းခြင်းကို လျော့နည်းစေပါတယ်၊
🟣 အဆစ်အမြစ်နှင့် ကြွက်သားနာကျင်ခြင်းကို သက်သာစေပါတယ်၊
🟣 နှလုံးသွေးကြောကျန်းမာရေးအတွက် အထောက်အပံ့ပေးပါတယ်ရှင်

Immunosupreme ကို မှာယူလိုပါက messenger (သို့) 09977498157 ကို ဆက်သွယ်နိုင်ပါတယ်ရှင့်…💜

🏠ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊မန္တလေးမြို့။

🏠ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။

🏠ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။

🏠ဆိုင်(၄) ၃၈လမ်း၊(၇၈)လမ်းနှင့် (၇၉)လမ်းကြား၊မန္တလေးမြို့။

✨သားဥအိမ် ကျန်းမာဖို့ဆို Inositol ကို မမေ့နဲ့နော်✨✳️ သားအိမ်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ သားဥအိမ် (၁) လုံးစီ ရှိပါတယ်။ သားဥ...
20/01/2026

✨သားဥအိမ် ကျန်းမာဖို့ဆို Inositol ကို မမေ့နဲ့နော်✨
✳️ သားအိမ်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ သားဥအိမ် (၁) လုံးစီ ရှိပါတယ်။ သားဥအိမ်တွေက သားဥတွေကို သိုလှောင်ထားပေးပြီး တစ်လတစ်ခါ သားဥကြွေစေပါတယ်။ ရာသီစက်ဝန်းမှန်ဖို့နှင့် ကိုယ်ဝန် ဆောင်နိုင်ဖို့ လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ ထိုသားဥအိမ်တွေက ဟော်မုန်းတွေကို ပုံမှန်ထက်ပိုပြီး ထုတ်တဲ့အခါ PCOS (သားဥအိမ် ရေအိတ်တည်ရောဂါ) ကို ဖြစ်စေပါတယ်။ ဟော်မုန်း မမျှတတော့တဲ့အတွက် ဝက်ခြံထွက်ခြင်း၊ မျက်နှာ အမွှေးအမျှင်ထူခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အဝလွန်ခြင်း၊ ဓမ္မတာမမှန်ခြင်းနှင့် ကလေးမရနိုင်ခြင်းတို့ ဖြစ်လာပါတယ်။

✳️ အင်ဆူလင်ဆိုတာ စားလိုက်တဲ့ အစားအစာတွေထဲက သကြားဓာတ်တွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ PCOS ဖြစ်တဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်း အသုံးမချနိုင်တော့ပါဘူး။ ထိုအခါ သွေးထဲမှာ သကြားဓာတ်တွေ များလာပြီး ဆီးချိုဖြစ်စေပါတယ်။ ဒီနေရာမှာ Inositol က သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပြန်ဖြစ်စေဖို့အတွက် အင်ဆူလင် ဟော်မုန်းအား ခန္ဓာကိုယ်မှ တုံ့ပြန်နိုင်စွမ်း ပြန်ကောင်းအောင် ကူညီပေးပါတယ်။ Inositol ကို ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်သလို အစားအစာအချို့မှာလည်း တွေ့ရပါတယ်။ သို့သော် PCOS ရောဂါရှိသူ 65-70% က Inositol ပမာဏ များများ လိုအပ်တာဖြစ်လို့ ဆရာဝန်များက Inositol ဖြည့်စွက်စာကို သောက်သုံးဖို့ ညွှန်ကြားလေ့ ရှိပါတယ်။

✳️ Inositol အမျိုးအစား (၉) မျိုးရှိပြီး အဓိက အသုံးပြုတာက Myo-Inositol (MI) နဲ့ D-Chiro-Inositol (MCI) ဖြစ်ပါတယ်။ MI က စုပ်ယူမှုအကောင်းဆုံး အမျိုးအစား ဖြစ်ပါတယ်။ PCOS လက္ခဏာများကို တိုက်ထုတ်ဖို့အတွက် MI နှင့် MCI 40:1 အချိုးအစားက အကောင်းဆုံး အလုပ်လုပ်ပေးတဲ့ ပေါင်းစပ်မှု ဖြစ်ပါတယ်။ ထို့ကြောင့် Inositol ဖြည့်စွက်စာများတွင် MI 500mg နှင့် MCI 13.8mg ပါဝင်လေ့ရှိပါတယ်။

✳️ Inositol က သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုတက်ခြင်းကို ထိန်းချုပ်ရာမှာလည်း ကူညီပေးပါတယ်။
✳️ Inositol က ဗဟိုအာရုံကြောစနစ်အပေါ်မှာ တည်ငြိမ်စေတဲ့ အာနိသင်ရှိတာကြောင့် စိတ်ဓာတ် ကျခြင်း၊ အစွဲလန်းလွန်ခြင်း၊ အကြောက်လွန်ခြင်းလို စိတ်ရောဂါတွေကို ထိန်းချုပ်ဖို့ အာရုံကြောဖြည့်စွက်စာ တွေမှာလည်း ထည့်သွင်းထုတ်လုပ်လေ့ရှိပါတယ်။

ဒီတော့ Inositol ကို သောက်သုံးခြင်းဖြင့်
✔️ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်စေပါတယ်။
✔️ ဟော်မုန်းမျှတစေပါတယ်။
✔️ သန္ဓေအောင်ဖို့ ပံ့ပိုးပေးပါတယ်။
✔️ PCOS ရှိသော အမျိုးသမီးတွေမှာ သားဥကြွေမှန်စေပါတယ်။
✔️ သားဥအရည်အသွေးကို ကောင်းစေလို့ ကလေးရလွယ်စေပါတယ်။
✔️ ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
✔️ စိတ်ဓာတ်ကျခြင်းနှင့် အခြားစိတ်ကျန်းမာရေး ပြဿနာတွေကို သက်သာစေပါတယ်။

✳️ Inositol က ရေမှာ ပျော်ဝင်သော ဓာတ်ဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ သိုလှောင်မထားနိုင်လို့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေ နည်းပါးပါတယ်။ ပမာဏများများ သောက်မိရင်တောင် လေပွခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့ခြင်းတို့လောက်သာ ဖြစ်နိုင်ပါတယ်။

#ဇီဝကဆေးဆိုင်

💋 နှုတ်ခမ်းလေး ခြောက်မနေစေဖို့ ဘယ်လိုဂရုစိုက်ကြမလဲ?နှုတ်ခမ်းသားက သာမန်အရေပြားထက် ပါးလွှာပြီး အဆီ gland တွေလည်းမရှိတဲ့အတွ...
16/01/2026

💋 နှုတ်ခမ်းလေး ခြောက်မနေစေဖို့ ဘယ်လိုဂရုစိုက်ကြမလဲ?

နှုတ်ခမ်းသားက သာမန်အရေပြားထက် ပါးလွှာပြီး အဆီ gland တွေလည်းမရှိတဲ့အတွက် ရေဓာတ်ဆုံးရှုံးမှုက ပိုမိုမြန်ဆန်ပါတယ်။ အခုလို အေးမြတဲ့ရာသီဥတု၊ လေထုခြောက်သွေ့မှု၊ နေရောင်ဒဏ်စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် နှုတ်ခမ်းခြောက်သွေ့ခြင်းကို ကြုံတွေ့ကြရမှာပါ။

💦 ဒါကြောင့် နှုတ်ခမ်းသားက စိုစိုဖူးဖူးလေးဖြစ်နေဖို့ ရေဓာတ်ဖြည့်ရုံတင်မကဘဲ ရေဓာတ်ကို ကြာရှည်စွာထိန်းသိမ်းနိုင်ဖို့လည်း လိုအပ်တာဖြစ်ပါတယ်။

နှုတ်ခမ်းလေး ခြောက်သွေ့မနေအောင်…
☑ ရေပုံမှန်သောက်ပေးပါ။
☑ ကဖိန်းနှင့် အရက်သောက်သုံးမှုကို လျှော့ချ ပါ။
☑ ရေဓာတ်ပြည့်ဝသော အသီးအရွက်များ စားသုံးပါ။
☑ Omega 3, Vitamin E, Vitamin B ဓာတ်တို့ကို ဖြည့်စွက်ပေးပါ။

နှုတ်ခမ်းသား ခြောက်သွေ့ခြင်း၊ နှုတ်ခမ်းကွဲခြင်းများကို ကာကွယ်ကုသနိုင်ဖို့ အိုမီဂါနှင့် ဗီတာမင် အားဖြည့်ဆေးများကိုလည်း “ဇီဝက”ဆေးဆိုင်မှာ အမျိုးအစားအစုံအလင် ဝယ်ယူရရှိနိုင်ပါတယ်။

⚠ အထူးသတိပေးချက် : “Jivaka” Pharmacy - page ဟာ “ဇီဝက”ဆေးဆိုင်မှာရရှိနိုင်သော ဆေးဝါးပစ္စည်းများနှင့် ရောဂါရပ်ဆိုင်ရာ ဗဟုသုတများ၊ ကျန်းမာရေးပြဿနာများအကြောင်း ပညာပေး မျှဝေဆွေးနွေးပေးနေသော Platform တစ်ခုဖြစ်ပါသည်။

⚠ Disclaimer: Jivaka Pharmacy page is a platform that shares educational information and discussions about health issues, medical knowledge, and the medical products available at “Jivaka” Pharmacy.

🏠ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊မန္တလေးမြို့။ 09969664311, 09969664312, 09756655763, 09756655963

🏠ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။ 09969664313, 09969664314, 09756655782

🏠ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။ 09977038103, 09977038104, 09790689295

🏠ဆိုင်(၄) ၃၈လမ်း၊(၇၈)လမ်းနှင့် (၇၉)လမ်းကြား၊မန္တလေးမြို့။ 09977038109, 09977038110, 09756655986


#ဇီဝက #ဇီဝကဆေးဆိုင်

Immunomodulator အားဆေးကို Cancer Patient တွေ ဘာလို့ရွေးချယ်သောက်သုံးသင့်တာလဲ⁉️ Immunomodulator အားဆေးတွေဟာ ကိုယ်ခံအားစနစ...
16/01/2026

Immunomodulator အားဆေးကို Cancer Patient တွေ ဘာလို့ရွေးချယ်သောက်သုံးသင့်တာလဲ⁉️

Immunomodulator အားဆေးတွေဟာ ကိုယ်ခံအားစနစ် (immune system) ကို ပြောင်းလဲပေးတဲ့ ဆေးဝါးတွေဖြစ်ပြီး၊ ကိုယ်ခံအားစနစ် ပုံမှန်မဟုတ်ဘဲ လွန်ကဲနေတဲ့ ရောဂါတွေ ဒါမှမဟုတ် ကိုယ်ခံအားစနစ် အားနည်းနေတဲ့ အခြေအနေတွေ မှာသောက်လေ့ရှိကြပါတယ်။ 🛡️🛡️

အဓိကအားဖြင့် သောက်သုံးသင့်တဲ့သူတွေကတော့-
✅ ကိုယ်ခံအားစနစ်က ကိုယ့်ခန္ဓာကိုယ်ကို ပြန်တိုက်ခိုက်တဲ့ ရောဂါများ (Autoimmune Diseases) ရှိသူများ

✅ ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှု ခံယူထားသူများ (Organ Transplant Recipients)

✅ နာတာရှည်ရောဂါရှိသူများ နှင့်

✅ ကင်ဆာရောဂါရှိသူများ (Cancer Patients) ဖြစ်ပါတယ်။

• Immunomodulators အားဆေး တွေဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ဖို့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ဒါ့အပြင် BLUCONAZ မှာဆိုရင် ကင်ဆာဆဲလ်ပွားများခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့ Lactoferrin ပါဝင်သည့်အပြင် Cancer ရောဂါသည်များ ခံစားရလေ့ရှိသော ဝမ်းလျှောခြင်းများ နှင့် ပျို့အန်ခြင်းများကြောင့် ဆုံးရှုံးသွားသော အူလမ်းကြောင်းအတွင်းရှိ ကောင်းမွန်သော ဘက်တီးရီးယားမျာ ကို ပြန်လည်ဖြည့်တင်းနိုင်သည့် Probiotic 5 billion CFU နဲ့ တရားဝင်မှတ်ပုံတင်ထားတဲ့ Prebiotic ပါဝင်သောကြောင့် ရွေးချယ်သင့်သော အားဆေးတစ်မျိုးဖြစ်ပါတယ်။

Messenger (သို့) 09 977 498 157 ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

🏠ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၆၉၆၆၄၃၁၁၊ ၀၉-၉၆၉၆၆၄၃၁၂။

🏠ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။ ၀၉-၉၆၉၆၆၄၃၁၃၊ ၀၉-၉၆၉၆၆၄၃၁၄။

🏠ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၇၇၀၃၈၁၀၃၊ ၀၉-၉၇၇၀၃၈၁၀၄။

🏠ဆိုင်(၄) ၃၈လမ်း၊(၇၈)လမ်းနှင့် (၇၉)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၇၇၀၃၈၁၀၉၊ ၀၉-၉၇၇၀၃၈၁၁၀။

💜 အမျိုးသမီးတို့အတွက် အလွယ်ကူဆုံး စိတ်ဖိစီးမှု ပြေလျော့စေမယ့် အချက် (၅) ချက် 💜😞 လူတိုင်း စိတ်ဖိစီးမှုကို တွေ့ကြုံခံစားရခ...
14/01/2026

💜 အမျိုးသမီးတို့အတွက် အလွယ်ကူဆုံး စိတ်ဖိစီးမှု ပြေလျော့စေမယ့် အချက် (၅) ချက် 💜

😞 လူတိုင်း စိတ်ဖိစီးမှုကို တွေ့ကြုံခံစားရချိန်တွင် အမျိုးသမီးများသည် မိသားစုတာဝန်များ၊ အသက်မွေးဝမ်းကျောင်း ရည်မှန်းချက်များ၊ ငွေရေးကြေးရေး ရုန်းကန်ရမှုများ၊ ဟော်မုန်း အပြောင်းအလဲများနှင့် လူမှုရေးဆိုင်ရာ ဖိအားများကို အပြင်ပန်းမျက်နှာမှာ မပေါ်အောင် ဖုံးကွယ်ရင်း နေ့စဉ်ဘဝကို အသံတိတ် ကျော်ဖြတ်နေရပါတယ်။

စိတ်ကျန်းမာရေးနှင့် စိတ်ဖိစီးမှုသည် နက်ရှိုင်းစွာ အပြန်အလှန် ဆက်နွယ်နေပါတယ်။ 🧬 လေ့လာမှုများအရ အမျိုးသမီးများသည် အမျိုးသားများထက် စိတ်ပူပန်မှုများနှင့် စိတ်ဓာတ်ကျခြင်းများကို ကြုံတွေ့ရနိုင်ခြေ ပိုများကြောင်း တွေ့ရှိရပါတယ်။ 📈

စိတ်ဖိစီးမှုများသည် အမျိုးသမီးများ၏ဘဝထဲသို့ တိတ်တဆိတ်ဝင်ရောက်လာပြီး စိတ်တိုခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ သတိမေ့တတ်လာခြင်းများအဖြစ် အသွင်ပြောင်းသွားတတ်ပါတယ်။ ⚠️ စိတ်ဖိစီးမှုများက အလုံးစုံ လွှမ်းမိုး မသွားခင် အစောပိုင်း လက္ခဏာတွေကို သတိပြုမိဖို့ အရေးကြီးပါတယ်။ ⚠️

❇️ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများတွင် ခေါင်းကိုက်ခြင်း၊ ကြွက်သားများ တောင့်တင်းခြင်း၊ အစာမကြေခြင်း၊ အစာစားချင်စိတ် ပြောင်းလဲခြင်း၊ အိပ်ရေးပျက်ခြင်းတို့ ပါဝင်ပါတယ်။
❇️ စိတ်ခံစားမှုဆိုင်ရာ လက္ခဏာများတွင် စိုးရိမ်ပူပန်မှု၊ စိတ်တိုမှု၊ ဝမ်းနည်းမှု၊ အထီးကျန်ဆန်မှုတို့ ပါဝင်ပါတယ်။
❇️ အပြုအမူဆိုင်ရာ လက္ခဏာများတွင် ချစ်ရသူများအား ရှောင်ဖယ်လာခြင်း၊ အလွန်အကျွံစားခြင်း သို့မဟုတ် လျှော့စားခြင်း၊ အရက်သောက်ခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်းတို့ ပါဝင်ပါတယ်။
စိတ်ဖိစီးမှုသည် ဘဝ၏ မလွှဲမရှောင်သာသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လုံးလုံးလျားလျား ဖယ်ရှားပစ်ရန် မဖြစ်နိုင်ပါ။ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ရန်၊ ဟန်ချက်ညီမှုကို ပြန်လည်ရရှိရန်နှင့် စိတ်ကျန်းမာရေးကို ကာကွယ်ရန် ကြိုးစားရမှာ ဖြစ်ပါတယ်။ 💪💪

ဇီဝကရဲ့ ချစ်ရတဲ့ အမျိုးသမီးများအတွက် လက်တွေ့ကျသော စိတ်ဖိစီးမှု လျှော့ချနိုင်မယ့် ဗျူဟာများမှာ
စိတ်-ခန္ဓာလေ့ကျင့်ခန်းများ
တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းက စိတ်ဖိစီးမှုတွေကို ထိန်းညှိပေးနိုင်ပါတယ်။ အထူးသဖြင့် တရားထိုင်ခြင်းသည် ပူပန်မှုတွေကို လျှော့ချပေးပြီး အာရုံကြောစနစ်ကို ငြိမ်သက်စေပါတယ်။ ယောဂကျင့်ခြင်းက လှုပ်ရှားမှုနဲ့ အာရုံစူးစိုက်မှုတို့ကို ပေါင်းစပ်လိုက်လို့ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုရပြီး စိတ်တည်ငြိမ်စေပါတယ်။
ဘယ်လိုလေ့ကျင့်ခန်းမျိုးကမဆို စိတ်ဖိစီးမှု ဟော်မုန်းတွေကို တိုက်ထုတ်ပေးတဲ့ endorphins တွေ ထွက်စေလို့ လမ်းလျှောက်တာ၊ ကခုန်တာ၊ စက်ဘီးစီးတာလို ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေးတွေ လုပ်ဆောင်သင့်ပါတယ်။

စိတ်ခံစားချက် ဖော်ပြမှု
စိတ်ဖိစီးမှုများသည် တိတ်ဆိတ်စွာ ရှင်သန်ကြီးထွားနေပါတယ်။ ယုံကြည်ရသော သူငယ်ချင်း၊ မိသားစု သို့မဟုတ် ကုသပေးသူအား မိမိ၏ ရုန်းကန်နေရခြင်းအကြောင်းတွေကို ပြောဆိုခြင်းသည် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေပါတယ်။ အမျိုးသမီးတွေဟာ ကိုယ်ကိုယ်တိုင်ထက် အခြားသူများကို ပိုပြီး ဦးစားပေး ဂရုစိုက်တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဖို့ မှာချင်ပါတယ်။
စာရေးတာ၊ ပန်းချီဆွဲတာ၊ တေးဂီတ နားထောင်တာကလည်း စကားဖြင့်ပြောရန် ခက်ခဲသော စိတ်ဖိစီးမှု များအတွက် ထွက်ပေါက်တစ်ခု ဖြစ်စေပါတယ်။ ဤအလေ့အကျင့်များသည် စိတ်ဖိစီးမှုများကို လှပသော အရာအဖြစ်သို့ ပြောင်းလဲစေနိုင်ပါတယ်။

ကျန်းမာသော လူနေမှုပုံစံ
စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိဖို့အတွက် လုံလောက်သောအိပ်စက်ခြင်း၊ မျှတသောအာဟာရနှင့် ရေဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။

စည်းခြားတတ်ပါစေ
အင်အားအပြင်းဆုံး ဖြစ်သော်လည်း အခက်ခဲဆုံး ဖြေရှင်းနည်းဗျူဟာတစ်ခုမှာ ငြင်းတတ်ဖို့ပဲ ဖြစ်ပါတယ်။ အမျိုးသမီးများသည် မိမိအား တောင်းဆိုလာသော အရာတိုင်းအတွက် လိုက်လျောချင်ကြပါတယ်။ တစ်ချို့အရာတွေကို ငြင်းဆန်တတ်ဖို့က တစ်ကိုယ်ကောင်းဆန်ခြင်း မဟုတ်ဘဲ မိမိကိုယ်ကို ဂရုစိုက်ခြင်းသာ ဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ပံ့ပိုးမှု
ကုထုံးခံယူခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းနှင့် စိတ်ရောဂါ စောင့်ရှောက်မှုများသည် စိတ်ဖိစီးမှုနှင့် ဆက်စပ်သော စိတ်ကျန်းမာရေး အခြေအနေများကို ရင်ဆိုင်ကိုင်တွယ်ရန်အတွက် တန်ဖိုးမဖြတ်နိုင်သော အထောက်အပံ့များ ဖြစ်ပါတယ်။
✨ အမျိုးသမီးတိုင်းရဲ့ စိတ်ဖိစီးမှုဇာတ်ကြောင်းက ကွဲပြားပေမယ့် တူညီမှုက သင်တစ်ယောက်တည်း မဟုတ်ဘဲ လူတိုင်းမှာ ရှိနေတယ် ဆိုတာပါပဲ။ ဘဝက စိတ်ဖိစီးမှုတွေကို ပေးလာတဲ့အခါ မိမိရဲ့ ခံနိုင်ရည်ရှိမှု၊ ဉာဏ်ပညာနှင့် ပျော်ရွှင်စရာတို့ကို ရှာဖွေရင်း ဇီဝကချစ်ရတဲ့ အမျိုးသမီးတိုင်း ရွှင်လန်းတက်ကြွစွာ နေ့ရက်တွေကို ဖြတ်သန်းကြပါစို့နော်။ ✨

#ဇီဝကဆေးဆိုင်

🟪 “ဇီဝက” ဆိုတာ ဆေးဆိုင်တစ်ခုထက်ကို ပိုပါတယ်။📞 ကျန်းမာရေးအတွက် ကိုယ်ဖိရင်ဖိ စောင့်ရှောက်မှုမျိုး လူကိုယ်တိုင် မပေးနိုင်ပေ...
10/01/2026

🟪 “ဇီဝက” ဆိုတာ ဆေးဆိုင်တစ်ခုထက်ကို ပိုပါတယ်။

📞 ကျန်းမာရေးအတွက် ကိုယ်ဖိရင်ဖိ စောင့်ရှောက်မှုမျိုး လူကိုယ်တိုင် မပေးနိုင်ပေမဲ့ လေလှိုင်းပေါ်ကနေလည်း လိုအပ်တဲ့ ဆေးညွှန်းတွေကို စိတ်ရှည် လက်ရှည် ဖြေကြားပေးနေပါတယ်။

💬 ဖုန်းနဲ့ ဖြစ်စေ၊ Message ကနေပဲ ဖြစ်စေ
ဘယ်လို လက္ခဏာတွေ ဖြစ်ရင် ဘာဆေးမျိုး သောက်သင့်လဲဆိုတာ ဆေးဝါးပညာရှင်များကိုယ်တိုင် တိုင်ပင်ဆွေးနွေးဖြေဆိုပေးနေပါတယ်။

🩺 ဆရာဝန်နဲ့ ပြသဖို့ လိုအပ်တဲ့အနေအထားမျိုးမှာလည်း ကျွမ်းကျင် ဆရာဝန်ကြီးတွေနဲ့ ချိတ်ဆက်ပြီး ကုသမှု ခံယူနိုင်အောင် ဆောင်ရွက်ပေးလျက် ရှိပါတယ်။

မန္တလေးမြို့ရှိ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်သူအဖြစ် တတ်စွမ်းသမျှ ကူညီပံ့ပိုးပေးချင်တဲ့အတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးနိုင်အောင် အချိန်နှင့်တစ်ပြေးညီ စွမ်းဆောင်နေပါတယ်….💜


#ဇီဝက #ဇီဝကဆေးဆိုင်

သားသားမီးမီးတို့ အရပ်ရှည်ဖွံ့ဖြိုးဖို့ ဒီ ဆေးလေးတွေနဲ့ အားဖြည့်စို့ ❕အရပ်ရှည်ဖို့ဆိုရင် ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးနေဆဲ ...
07/01/2026

သားသားမီးမီးတို့ အရပ်ရှည်ဖွံ့ဖြိုးဖို့ ဒီ ဆေးလေးတွေနဲ့ အားဖြည့်စို့ ❕

အရပ်ရှည်ဖို့ဆိုရင် ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးနေဆဲ လူငယ်အရွယ်မှာထဲက လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်စွက်ပေးသင့်တယ်နော်။

▫️ အရိုးအဆစ်တည်ဆောက်မှုအတွက် Calcium
▫️ အာဟာရဓာတ်စုပ်ယူမှု အားကောင်းစေတဲ့ Vitamins
▫️ ဆဲလ်ကြီးထွားမှုကို ဖြည့်ဆည်းပေးမယ့် Zinc
▫️ ပရိုတင်းဖွဲ့စည်းမှုအတွက် အရေးပါတဲ့ Lysine
▫️ အရိုးခိုင်မာအားကောင်းမှုနှင့် အထွေထွေကျန်းမာရေးအတွက် Magnesium

ဒီလို ဗီတာမင်နှင့် သတ္တုဓာတ်များက ကိုယ်ခန္ဓာဖွဲ့စည်းမှုအတွက် အဘက်ဘက်မှ အားဖြည့်ပေးနိုင်တာကြောင့် အရပ်ရှည်ပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

အရပ်ရှည်သန်မာလိုတဲ့ လူငယ်နှင့်ကလေးများအတွက် ဒီလိုဖြည့်စွက်အားဆေးတွေကို “ဇီဝက” ဆေးဆိုင်မှာတော့ အမျိုးအစားစုံလင်စွာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီနော်…💜

အထူးသတိပေးချက် : “Jivaka” Pharmacy - page ဟာ “ဇီဝက”ဆေးဆိုင်မှာရရှိနိုင်သော ဆေးဝါးပစ္စည်းများနှင့် ရောဂါရပ်ဆိုင်ရာ ဗဟုသုတများ၊ ကျန်းမာရေးပြဿနာများအကြောင်း ပညာပေး မျှဝေဆွေးနွေးပေးနေသော Platform တစ်ခုဖြစ်ပါသည်။

Disclaimer: Jivaka Pharmacy page is a platform that shares educational information and discussions about health issues, medical knowledge, and the medical products available at “Jivaka” Pharmacy.

🏠ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊မန္တလေးမြို့။ 09969664311, 09969664312, 09756655763, 09756655963

🏠ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။ 09969664313, 09969664314, 09756655782

🏠ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။ 09977038103, 09977038104, 09790689295

🏠ဆိုင်(၄) ၃၈လမ်း၊(၇၈)လမ်းနှင့် (၇၉)လမ်းကြား၊မန္တလေးမြို့။ 09977038109, 09977038110, 09756655986


#ဇီဝက #ဇီဝကဆေးဆိုင်

🙏 ဇီဝကဆေးဆိုင်၏  လစဉ် အလှူ 🙏လစဉ် လဆန်း ၂ရက်နေ့တိုင်း မန္တလေးမြို့၊ ဦးစီးပဓာနနာယက ဆရာ​တော် နိုင်ငံ​တော်သြဝါဒါစရိယ ​ရွှေက...
02/01/2026

🙏 ဇီဝကဆေးဆိုင်၏ လစဉ် အလှူ 🙏

လစဉ် လဆန်း ၂ရက်နေ့တိုင်း မန္တလေးမြို့၊ ဦးစီးပဓာနနာယက ဆရာ​တော် နိုင်ငံ​တော်သြဝါဒါစရိယ ​ရွှေကျင်ဂိုဏ်းအကျိုး​တော်​ဆောင်ချုပ် ဘဒ္ဒန္တ​ကောသလ္လ (ဝိဇ္ဇာလင်္ကာရကျောင်းတိုက်) သို့ ဆန်တစ်အိတ်၊ ဆီ ၅ပိဿာ လှူဒါန်းပါ၏ 🙏🙏🙏

🙏 ဤသို့လှူဒါန်းရပါသော အကျိုးအားကြောင့် ကျန်းမာရေးဝန်ဆောင်မှုကောင်းတွေ သည့်ထက်မကပေးနိုင်သော ဇီဝကဖြစ်ပါရစေ

🙏ဆေးစွမ်းထက်သောဆေးများ သည့်ထက်မကဖြန့်ဖြူးရောင်းချနိုင်သော ဇီဝကဖြစ်ပါရစေ

🙏မကျန်းမာသူများ ၊ ဆေးဝါးလိုအပ်သူများ၏ လက်တကမ်းတွင်ဆေးဝါးလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်သော ဇီဝကဖြစ်ပါရစေ

🙏ရောဂါ၊ဝေဒနာခံစားနေရသူ မကျန်းမာသူအားလုံးသည်လည်း ကျန်းမာ၊ ချမ်းသာ၍ ကောင်းသောလိုရာဆန္ဒများအားလုံး ပြည့်စုံကြပါစေ။

🙏ယခုအလှူတွင် ဇီဝက၏ဖောက်သည်တော်ကြီးများအလှူလည်း ပါဝင်တာကြောင့် ဇီဝက၏ဖောက်သည်တော်ကြီးများလည်း ကုသိုလ်ထပ်တူရရှိပါစေ...

#ဇီဝကဆေးဆိုင် #နှစ်သစ်ဆုတောင်း

Address

30th Street Between 76h Street And 77th Street
Mandalay
100101

Alerts

Be the first to know and let us send you an email when Jivaka Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Jivaka Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram