11/02/2025
လိပ်ခေါင်းရောဂါဆိုတာ ➖➖➖အဖြစ်များဆုံးရောဂါတစ်ခုဖြစ်ပြီး အသက်(၅၀)ကျော်တွေမှာပိုပြီးအဖြစ်များသလို ရက်ရှည်ဝမ်းချုပ်တဲ့သူတွေမှာလည်း ဖြစ်တတ်ကြပါတယ် ✔️ ဆေးသောက်ခြင်းဖြင့်ကုသနိုင်သလို အယူအဆအမှားတွေရဲ့ကုသမှုကြောင့်လည်း အန္တရာယ်ရှိနိုင်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်
လိပ်ခေါင်းရောဂါဟာ စအို/အူမကြီးရဲ့အနှောင်းပိုင်း အောက်ဘက်အနီးရှိ သွေးပြန်ကြောများ ရောင်ရမ်းခြင်းကြောင့် ဖြစ်နိုင်သလို ဝမ်းသွားတဲ့အခါအားစိုက်၍ ညှစ်ထုတ်လိုက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ် ။လိပ်ခေါင်းရောဂါဟာဆိုရင် အတွင်းလိပ် /အပြင်လိပ်ဆိုပြီး(၂)မျိုးရှိပါသေးတယ် 🗯️
လိပ်ခေါင်းရောဂါဖြစ်ပေါ်နေပြီဆိုရင်ဘယ်လိုရောဂါလက္ခဏာတွေပြကြတာလဲ ❓
◾️ စအိုဝတွင်နာကျင်ခြင်း / ရောင်ရမ်းခြင်း /မသက်မသာဖြစ်ခြင်း
◾️ စအိုဝအနီးတွင် အထိခံလို့မရအောင် နာကျင်သောအဖုတစ်တစ်ခုထွက်ခြင်း
◾️ ဝမ်းသွားနေစဉ်အတွင်း နီနီရဲရဲသွေးများထွက်ခြင်း
◾️ စေးကပ်ပြီး မည်းနက်သောဝမ်းများသွားခြင်း စတဲ့လက္ခဏာဖြစ်တတ်ပါတယ်
လိပ်ခေါင်းရောဂါမဖြစ်အောင်ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုရင်တော့ ▫️▫️▫️
◼ ဝမ်းချုပ်ခြင်းသက်သာစေဖို့ အမျှင်ဓာတ်များသော အစားအစာများကိုစားသုံးပေးခြင်း
◼ အထိုင်မများစေဘဲ လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း
◼ စအိုကို သန့်သန့်ရှင်းရှင်းထားပေးခြင်း
◼ ဝမ်းသွားလျှင် ညှစ်အားအရမ်းမစိုက်ထုတ်ခြင်း
◼ ပုံမှန်ဝမ်းသွားနိုင်ဖို့ ဂရုစိုက်ပေးခြင်း
ဒါကြောင့် ➖ လိပ်ခေါင်းရောဂါက သောက်ဆေး လိမ်းဆေးဖြင့် အလွယ်တကူပျောက်ကင်းနိုင်သလို ကုသလို့အဆင်မပြေဘဲ နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်လာပါက ခွဲစိတ်ကုသမှုကို ခံယူသင့်ပါတယ် ✅
ရောဂါများကိုအဖြေရှာပေးပြီး သေချာကုသမှုများပြုလုပ်ပေးနေတဲ့ မန္တလေးက ကြယ်စင်လင်းအထူးကုဆေးရုံကိုသာ ယုံကြည်စိတ်ချစွာဖြင့်လှမ်းလာခဲ့လိုက်ပါ▪️▪️▪️🙌🏻
👉ကြယ်စင်လင်းအထူးကုဆေးရုံ👈
အသေးစိတ်စုံစမ်းရန် -
☎️ 09 940 013 888
☎️ 09 792 7377 99
☎️ 09 256 0799 87 ကို (24) နာရီလုံးဆက်သွယ်နိုင်ပါတယ်။
🏥 လမ်း 60၊ 35 နှင့် 36 လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
#လိပ်ခေါင်းရောဂါသိကောင်းစရာ