25/06/2024
ဝက်ခြံဆိုတာဘာလဲ......🤷
💁ဝက်ခြံဆိုတာက အရေပြားပေါ်မှာရှိတဲ့ မွှေးညှင်းပေါက်လေးတွေ မှာ အဆီ၊ ဆဲလ်အသေ၊ အညစ်အကြေးတွေနဲ့ ဘတ်တီးရီးယားပိုးလေးတွေ ပေါက်ပွား ပိတ်ဆို့ရာကနေ ဖြစ်ပေါ်လာပါတယ်
💁အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ဆယ်ကျော်သက်လူငယ်တွေမှာ ပို အဖြစ်များပါတယ်
💁Androgen လို့ခေါ်တဲ့ Male Hormones များတဲ့အခါ...
💁ကိုယ်ဝန်ဆောင်ချိန်မျိုးမှာ Hormones အြေပာင်းအလဲ ဖြစ်တဲ့အခါ...
💁အချို့သောဆေးဝါးများ (hormones ပါဝင်တဲ့ဆေး, corticosteroids, and lithium) အစရှိတဲ့ဆေး တွေကလဲ ဝက်ခြံပေါက်နိုင်ပါတယ်
❎ဆီကြော်မုန့်၊ နို့ထွက်အစားသောက်
❎စိတ်ဖိစီးမှု
❎Oily cosmetics & Hair prodcuts
❎လေထု ညစ်ညမ်းပြီး စိုထိုင်းဆများမှု
❎အရေပြားကို ကြမ်းတမ်းစွာ ပွတ်တိုက်မှု တွေကလဲ ဝက်ခြံကို ပိုဆိုးစေပါတယ်
🙋ကုသမှုအနေနဲ့ကတော့
နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆေးဝါးပညာရှင်တွေနဲ့ တိုင်ပင်ပြီး သောက်ဆေး၊လိမ်းဆေးတွေနဲ့ ကာကွယ်ကုသနိုင်ပါတယ်
Lasers treatment, chemical peels စတာတွေနဲ့လဲ ကုသကြပါတယ်
🙆အရေပြားကို အနည်းဆုံး တနေ့ကို တကြိမ် Gentle Cleanser ရေနွေးလေးနဲ့ ဆေးကြောပေးမယ်
🙆လေ့ကျင့်ခန်းလုပ်ပြီးချိန် ချွေးထွက်များတဲ့အချိန်တွေ မှာလဲ သေချာလေး ဆေးကြောပေးမယ်
🙆Skin care productsကို Alcohol, Exfoliants, အဆီပါဝင်မှူ များတဲ့ product တွေကို ရှောင်မယ်
🙆မိတ်ကပ်တွေကို သေချာလေး double cleansing လုပ်မယ်
🙆ဝက်ခြံကို လက်နဲ့ဖောက်တာ၊ ညှစ်တာမျိုးတွေ ကို အတတ်နိုင်ဆုံး ရှောင်ပေးရပါမယ်
🙆အရေပြားကိုအားဖြည့်ပေးမယ့် Vitamin A, Viramin C, Vitamin E, Zinc, Collagen စတဲ့ ဖြည့်စွက်စာတွေကို သောက်သုံးပေးမယ်
🙆ညနက်တဲ့ထိ မအိပ်ဘဲနေတာတွေကို ရှောင်ပြီး အိပ်ရေးဝဝအိပ်မယ်
ဒီအချက်လေးတွေကို ဂရုတစိုက်နဲ့ လုပ်ပေးမယ်ဆိုရင်တော့ ဝက်ခြံကင်းပီး အမာရွတ်ကင်းတဲ့ အသားရည်လေးကို ပိုင်ဆိုင်နိုင်မှာပါနော်
=====================================
လိုအပ်တဲ့ ဆေးဝါးများကို နေပူမိုးရွာစိတ်ပူစရာမလိုဘဲ ငွေကျပ် 35000 နှင့် အထက် မှာယူရုံနဲ့
🛒 အိမ်အရောက် Delivery Free ဝန်ဆောင်မှုစနစ်ဖြင့် ရရှိနိုင်ပါတယ်ရှင့်
Viber / ဖုန်းဖြင့် ( 8 AM to 6 PM ) အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်
☎ ဆက်သွယ်စုံစမ်းရန်
09-765650596, 09-765650845
Your Neighborhood Pharmacy, Your Trusted Pharmacy