Pyae Maung Maung

Pyae Maung Maung With Love and Respect, Calming down and Happiness Rises

တစ်ချို့ တစ်ချို့သော ကံကြမ္မာ အလှည့်အပြောင်းတွေကထူးဆန်းလွန်းပါတယ်။အဖြူနဲ့ အမည်း၊အမှန်နဲ့ အမှား၊ပျော်ရွှင်ခြင်း နဲ့ ဝမ်းန...
23/03/2025

တစ်ချို့ တစ်ချို့သော
ကံကြမ္မာ အလှည့်အပြောင်းတွေက
ထူးဆန်းလွန်းပါတယ်။

အဖြူနဲ့ အမည်း၊
အမှန်နဲ့ အမှား၊
ပျော်ရွှင်ခြင်း နဲ့ ဝမ်းနည်းခြင်း၊
မွေးဖွားခြင်း နဲ့ သေဆုံးခြင်း၊ အစရှိတဲ့
ဆန့်ကျင်ဘက်ပေမယ့် ဒွန်တွဲနေတဲ့ အခြေနေတွေဟာ

ဒွန်တွဲနေရင်းနဲ့၊
ဆန့်ကျင်နေရင်းနဲ့၊ အပြောင်းအလဲ ဖြစ်ရင်းနဲ့ပဲ

မိမိအတွက်
ပိုကောင်းမွန်တဲ့ အခြေအနေတစ်ခုဆီကို
ကူးပြောင်းဖို့ရာ လုပ်နိုင်တဲ့
အခြေအနေကောင်းဆီ ရောက်သွားနိုင်တာပါပဲ။

အဲ
တစ်ချို့တလေအတွက်ကျ
ပိုမိုကောင်းမွန်တဲ့ အခြေအနေ တစ်ခုဆီကို
ကူးပြောင်းဖို့ရာ လုပ်နိုင်တဲ့
လမ်းစ တစ်ခု မဟုတ်ပါပဲ
သဘာဝတရားရဲ့ အပြောင်းအလဲမှာ
အခြေအနေဆိုးဘက်သို့
ပြောင်းလဲ သွားတဲ့ သူတွေလည်း ဒုနဲ့ဒေး ရှိကြမှာပါပဲ။

မြေပြင်ပေါ်ကျနေတဲ့ သရဖူ။
မြေပြင်မှာ လဲကျ6သဆုံးနေတဲ့ ဘုရင်။
တောင်ဝှေးကို ပစ်ချပြီး တစ်စုံတစ်ခုကို တောင်းဆိုနေပုံရတဲ့ ဘာသာရေး ခေါင်းဆောင်ကြီး။
ဒူးထောက်ကာနေရင်း
မော့ကြည့်နေတဲ့ ကလေးငယ်နဲ့
ဝမ်းနည်းပက်လက် စိတ်ပျက်နေတဲ့ မိခင်။

ကျွန်တော်တို့ဟာ
ဘယ်သူတွေပဲ ဖြစ်ဖြစ်
6သမင်းဆီက ဘာများ ပြန်တောင်းလို့ ရနိုင်ပါ့မလဲ။
သူလည်း
သူ့သဘာဝ၊
သူ့သဘောအတိုင်း၊
သူ့အလုပ်ကို သူ လုပ်နေတာမို့၊
ကိုယ်လည်း
ကိုယ့်သဘာဝ ကိုယ့်သဘောအတိုင်း
ဒါမှမဟုတ်၊
လောကသဘာဝ လောကသဘောအတိုင်း၊

အဆုံးသတ်ခြင်း၊
အသစ်စတင်ခြင်း၊
သို့မဟုတ် ပြောင်းလဲ ကူးပြောင်းခြင်းဖြစ်စဉ်‌တွေမှာ
ပါဝင်ကြရမှာ မလွဲ မသွေပါပဲပေါ့။

သို့‌ပေမယ့်
ဘယ်လို သွားမှာလဲ၊ ဘယ်ကို သွားမှာလဲ၊
ဘယ်လို ပြောင်းမှာလဲ၊ ဘယ်ကို ပြောင်းမှာလဲ၊

ဒါမှမဟုတ်
တစ်ဘက်ကမ်းကို သွားနေတဲ့ ရွက်လေပေါ်မှ နေ၍
‌အလင်းတခါးရှိတာ
တာဝါဆီများ သွားနှင့်လေသလား၊
မြင်းဖြူရှင် ကတော့
သူ့အလုပ်ကိုသူ ဘက်မလိုက်ပဲ လုပ်နေတာမို့၊
မိမိသည်လည်း၊
ကျွန်တော်တို့တွေ၊ သင်တို့တွေလည်း၊
ဘယ်လိုများ ပြောင်းလဲ ပြီး နေကြမလဲ။

တစ်ချို့ အဆုံးသတ်တွေဟာ
အဆုံးသတ်တွေလို့ ထင်ရပေမယ့် အသစ်ဖြစ်သွားသလို။
တစ်ချို့ အသစ်ဖြစ်မှုတွေဟာလည်း
အစပြုတယ်လို့ ထင်ရပေမယ့်
အဆုံးသတ်နေတတ်သော လောကသဘာဝ
ယန္တရားကြီးမယ်
ကျွန်ုပ်တို့ ဘယ်လို ခရီးဆက်ကြမလဲ ......
တွေးရင်း တွေးရင်း တွေးရင်းနဲ့ ....။

မိတ်ဆွေတို့လည်း
ကိုယ့်အတွက်
ကောင်းမွန်သော ရွေးခြယ်မှုများ ပြုလုပ်နိုင်ပါစေလို့
ဆန္ဒပြုပါတယ်။
အားလုံး ဘေးကင်း ရန်ကင်း အန္တရာယ်ကင်းကြပါစေ။

#ဆရာပြည့်မောင်မောင်
#တဲရော့

မနေ့ကရင်းနှီးလွန်းတဲ့ သူငယ်ချင်းနဲ့လက္ဘရည်ဆိုင်ထိုင်ရင်းသူကသူသိချင်တာလေးတွေကို မေးတယ်ပေါ့။သူ့မေးခွန်းတွေက အများကြီးပါ၊ဒီ...
05/09/2024

မနေ့က
ရင်းနှီးလွန်းတဲ့ သူငယ်ချင်းနဲ့
လက္ဘရည်ဆိုင်ထိုင်ရင်း
သူက
သူသိချင်တာလေးတွေကို မေးတယ်ပေါ့။
သူ့မေးခွန်းတွေက အများကြီးပါ၊
ဒီတစ်ခုက
မိတ်ဆွေတို့အကုန်လုံးအတွက်
ဗဟုသုတ ရမယ်လို့ ယူဆတာမို့
ဒီကနေပဲ ပြန်ပြီး
အဖြေတွေကို
ကျွန်တော့် လက်ရှိ အသိနဲ့ ဖြေပေးပါ့မယ်။

"ကိုပြည့်မောင်
တဲရော့က မှန်သလား"

တဲ့ရော့မှန်ခြင်း မမှန်ခြင်းမှာ
အဓိက အားဖြင့် ပြောမယ်ဆိုရင်
၃ ပိုင်း ခွဲခြားလို့ရပါလိမ့်မယ်။

မေးသူ အပိုင်း၊
မေးတဲ့ မေးခွန်း အပိုင်း နဲ့
ဟောသူ ဆရာ့ အပိုင်း ဆိုပြီးပါ။

မေးသူ့ အပိုင်းမှာတော့
မေးသူ ကိုယ်၌ရဲ့
စိတ်က ယုံကြည်မှု မရှိပဲ တဲရော့ကို မေးမယ်ဆိုရင်
တဲရော့ဟာလည်း
သူ့ကို မယုံကြည်သူက မေးတဲ့ မေးခွန်းကို
သေချာကျနစွာ ဖြေဖို့ မရှိနိုင်ပါဘူး။..
လူတွေလိုပဲပေါ့ဗျာ ...
ကိုယ့်က မယုံကြည်သူ ဖြစ်ဖြစ် ...
ကိုယ့်ကို မယုံကြည်သူ ဖြစ်ဖြစ် ...
ကိုယ့်ကို မေးခွန်းတွေ မေးတဲ့အခါ
တစ်ချို့ မေးခွန်းတွေကို မဖြေ ချင်သလို၊
တစ်ချို့ မေးခွန်းတွေကို သတိထား ဖြေသလို၊
တစ်ချို့ မေးခွန်းတွေကို လွဲဖယ်ပြီး ဖြေဆိုတာပေါ့။.. ... .. ... ...
မိတ်‌ဆွေတို့ တဲ့ရော့ကလည်း လူတစ်ယောက်လိုပါပဲလေ။
သူ့ကို မယုံကြည်သူက မေးတော့
သူလည်း
အဖြေတွေကို မေးသူ့ ယောင်ပြန်ဟပ်တတ် သပေါ့ဗျာ။

မေးခွန်း အပိုင်း မှာတော့
အများကြီး ပြောစရာတွေ ရှိပေမယ့်
အကျဉ်းချုံ့ပြောရမယ်ဆိုရင်
မေးခွန်းမှာ ရိုးသားမှုမရှိတဲ့အခါ ...
မေးခွန်းမှာ မရေရာမှုတွေရှိတဲ့အခါ ...
မေးသူကိုယ်တိုင်က
မေးတဲ့ မေးခွန်းရဲ့ ရွေးခြယ်စရာ အဖြေတွေကို ဝေဝါးနေတဲ့အခါမှာ
တဲရော့ကလည်း
လူတစ်ယောက်လိုပေပဲမို့
ရိုးသားမှု မရှိတဲ့ မေးခွန်းတွေကို ‌ဖြေဖို့
သူ မကြိုက်ပါဘူး။
မရေရာမှုတွေများတဲ့ မေးခွန်းတွေမှာ‌ဆို သူနားလည်သလို ဖြေပါလိမ့်မယ်။

ကိုလွင်မိုးရဲ့
အအေးဗူး ကြော်ငြာတစ်ခုထဲက စကားလိုပဲ
"အို ဒီလိုလုပ်ပါလား
ဟင် ဟိုလိုလုပ်ပါလား
အေး ငါလည်း မလုပ်တတ်ဘူး။ " ဆိုတဲ့ ကြော်ငြာစာသားတွေလို ...
မေးခွန်းကို
ဟိုဟာလုပ်ရမလား ဒီဟာလုပ်ရမလား
ဘာလုပ်ရမလဲ မသိပါဘူးဆိုတဲ့ မေးခွန်းလိုမျိုး တွေကို
တဲ့ရော့ကို မေးတဲ့အခါ
တဲရော့ကလည်း
မေးသူကိုယ်တိုင် မရောရာတဲ့ အရာတွေအတွက်
တိတိကျကျ
ဖော်ပြပေးဖို့ ခက်တော့တာပေါ့ဗျာ။

မေးခွန်းနဲ့ပက်သက်ပြီး
အများကြီး ရှိပေမယ့် ယခုအဖို့ ဒီလိုလေးပဲ ပြောပြပါရစေ။
ပြန်ဖတ်ရင်းနဲ့ ပိုရှင်းလာပါလိမ့်မယ်။

တဆက်တည်း ဆက်စပ်မိလို့ ပြောရရင်
လူတွေက
တဲရော့ကို နားလည်နေမှု၊
လူတွေက တဲရော့ကို ယူဆနေတာမျိုးက
တဲရော့က ပြနေမှုနဲ့ တူချင်မှ တူမှာမျိုးပါ။
ဥပမာ တစ်ခု ပြောရမယ်ဆိုရင် ...

လူတစ်ယောက်က
ဟင်းချက်ဖို့
ဈေးထဲမှာ ဈေး သွားဝယ်တယ်ပေါ့။
သူ
ကြက်သားဝယ်မလား
ဝက်သားဝယ်မလား
ငါးဝယ်မလားဆိုတာတွေအတွက် သူ့မှာပဲ တာဝန်ရှိတာမျိုးပါ။
သူဝယ်မှာကို
သူစိတ်ကူးသလို သူကြံရွယ်သလို သူလုပ်ပါလိမ့်မယ်။
ဒါဟာ သဘာဝကျတဲ့ ကိစ္စတစ်ခုပါ။
ဒါ‌ပေမယ့်လည်း၊
အကယ်၍
"သူဝယ်မယ့် ကြက်က
လတ်နိုင်သလော မလတ်နိုင်သလော" ဆိုတဲ့
မေးခွန်းမျိုးမှာတော့
ပညာရပ်တွေပါလာပါပြီ။

ပညာရပ် များစွာရှိတာမို့
သူကျွမ်းကျင်တဲ့ပညာကို
သူလိုအပ်သလို အသုံးပြုပြီး ယူဆနိုင်ပါတယ်။

သိပ္ပံနည်းကျ
နည်းစနစ်တွေကို
အသုံးပြုပြီးလည်း ခန်းမှန်းနိုင်ပါတယ်။

ကြုံတွေ့ဖူးတဲ့
အတွေ့အကြုံကို
အခြေခံပြီးလည်း ခန့်မှန်းနိုင်ပါတယ်။

ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့လည်း
လက်တန်း ရွေးချင်ရာကို
ရွေးဝယ်နိုင်ပါတယ်။

တဲရော့ကလည်း အဲ့သဘောပါပဲ
မေးခွန်းတွေကို မေးတဲ့အခါမှာ
ဘာလုပ်ပါလိမ့်မယ်၊ ညာလုပ်ပါလိမ့်မယ် ...
ဘာဖြစ်ပါလိမ့်မယ်၊ ညာဖြစ်ပါလိမ့်မယ် ... ဆိုတာမျိုးကို
ဖော်ပြပေးမှာထက်၊
"ဒီငါးကို ယူရင်
လတ်ဆတ်ပါလိမ့်မည်၊
ဤငါးကို ယူပါက
မလတ်ဆတ်သောအရာဖြစ်လိမ့်မည်။" ဟူ၍သာ
တဲရော့ အနေနဲ့ ပြသ ဖော်ပြ ပေးမှာမျိုးပါ။
နားလည်မယ်လို့ ထင်ပါတယ်။
သေချာလေး တွေးပြီးလည်း ပြန်ဖတ်ရင် နားရှင်းသွားပါလိမ့်မယ်။

ဆရာ့အပိုင်းဆိုတဲ့ ကဏ္ဍမှာတော့
ဆရာရဲ့ တဲရော့အပေါ် နားလည်ကျွမ်းကျင်မှု၊
ဆရာနဲ့ တဲရော့ရဲ့ဆက်နွယ်မှု၊ ဆက်သွယ်မှု၊
ဆရာက
သူ့ရဲ့ တဲရော့ ပြသနေတဲ့ ပုံရိပ်တွေကို
အဓိပ္ပာယ်ဖော်ဆောင် ပြောပြတဲ့အခါမှာ
တဲရော့ရဲ့ ဆိုလိုရင်းနဲ့ တစ်ထပ်တည်းကျမှု၊ စသဖြင့်ပေါ့ဗျာ။
တိုတိုပြောရရင်တော့ ဆရာရဲ့ ကျွမ်းကျင်မှုပေါ့ဗျာ။
အဲ့တော့ သူ့ရဲ့ မေးခွန်းရဲ့ အဖြေကို
ဒီလောက်နဲ့ အဆုံးသတ်ပါရစေဗျာ။

မိတ်ဆွေတို့လည်း
ကိုယ့်အတွက်
ကောင်းမွန်သော ရွေးခြယ်မှုများကို ပြုလုပ်နိုင်ပါစေလို့
ဆန္ဒပြုပါတယ်။
အားလုံး ဘေးကင်း ရန်ကင်း အန္တရာယ်ကင်းကြပါစေ။

#ဆရာပြည့်မောင်မောင်
#တဲရော့

17/07/2024

မိတ်ဆွေတို့ အားလုံး မင်္ဂလာပါ ခင်ဗျာ။
ဒီ page လေးက
တဲရော့နဲ့ ဆက်စပ်တဲ့
ဗဟုသုတများနဲ့
မိတိဆွေတို့အတွက်
တဲ့ရော့ဖတ်ကြားမှုတွေ၊
တဲ့ရော့ပညာရပ်ဖြင့် ကြုံတွေ့နေရတဲ့ ကိစ္စတွေကို ဆွေးနွေးအ‌ဖြေရှာဖို့အတွက် နေရာလေး တစ်ခုပါ။

တိုင်ပင်‌ချင်တာတွေ
ဆွေးနွေးအဖြေရှာချင်တဲ့ ကိစ္စတွေအတွက်
တဲရော့ပညာရပ်ကို အသုံးပြုပြီး ကူညီဖို့ ဖွင့်ထားပါတယ်။
မိတ်ဆွေတို့ အားလုံး ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။



Address

Chanmyathasi Township
Mandalay
05041

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 01:00 - 18:00
Sunday 01:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Pyae Maung Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram