24/07/2025
အမေက မီးဖိုချောင်ထဲက တစ်ခုခုယူခိုင်းလိုက်တာကို ကိုယ်က ဘာမှယူမလာဘဲ ဟင်းနှိုက်စားလာပြီး အမေက ကိုယ့်လည်းတွေ့ရော
“ဘယ်မှာလဲ ငါယူခိုင်းလိုက်တဲ့ဟာ” ဆိုပြီးမေးမှ
“အား.. သမီးမေ့သွားတယ်။ ခုပြန်သွားယူလိုက်မယ်” ဆိုပြီး ဖြစ်ဖူးကြလား ??
ဒါက ဘာကြောင့်လဲ ?
ဒါဟာ Doorway Effect လို့ခေါ်တဲ့ ပတ်ဝန်းကျင်အခြေအနေပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတာပါ။
🤔 ကျွန်တော်တို့ရဲ့ ဦးနှောက်တွေက မတူညီတဲ့ နေရာတွေ ဒါမှမဟုတ် ပတ်ဝန်းကျင်ပေါ်မူတည်ပြီး အချက်အလက်တွေကို အပိုင်းပိုင်းခွဲခြားထားတာကြောင့် ဒီလိုမျိုး ဖြစ်ရတယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
ကိုယ့်အနေနဲ့ လက်ထဲမှာ ဖုန်းကိုင်ထားပြီး
“ငါ့ဖုန်း ဘယ်မှာလဲ” “ငါခုနက ဘာလုပ်လိုက်တာလဲ” “ငါဒါကို ပြောမိလိုက်တာလား”
ဒီလိုတွေ ဖြစ်နေပြီဆိုရင်တော့ ဘယ်ကိစ္စကိုမဆို သေချာ အာရုံစူးစိုက်ပြီး လုပ်ဆောင်သင့်ပါတယ်။
👉 ဒီလိုတွေ မဖြစ်ရအောင် ကိုယ့်ကိုကိုယ် ဘယ်လိုဂရုစိုက်မလဲဆိုတော့
- ဖုန်းအကြာကြီး သုံးတာလျှော့ချပါ။
- အိပ်ရေးဝဝအိပ်ပါ။
- နံနက်စာ စားပါ။
- ရေများများသောက်ပါ။
- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။
- စိတ်ဖိစီးမှု လျှော့ချပါ။
- အရက်သေစာ သောက်စားခြင်းကို လျှော့ချပါ။
Doorway Effect ဆိုတာ လူတိုင်းနီးပါး ဖြစ်လေ့ဖြစ်ထရှိတာကြောင့် စိုးရိမ်စရာမလိုဘဲ လုပ်ငန်းဆောင်တာများကို သေချာအာရုံစူးစိုက် လုပ်ကိုင်တာနဲ့ ပြန်လည်ပျောက်ကင်းနိုင်ပါတယ်နော်။
ဒီလို ကျန်းမာရေးဗဟုသုတတွေကို အပတ်စဉ် တင်ဆက်ပေးနေမှာဖြစ်လို့ “မန္တလာဆေးရုံ” page လေးကို Like & Follow လေး လုပ်ထားဖို့ မမေ့ကြပါနဲ့ဦးနော် 🥰…
“သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”
“မန္တလာဆေးရုံ”
လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။
ဖုန်းနံပါတ် -09 423 343 640, 09 423 343 641