Tr Loon Health Service

Tr Loon Health Service သက်ကြီးရွယ်အို အဘိုးအဘွားများ ၊ မွေးကင်းစကလေးများ တွက် အိမ်အရောက် ကျွမ်းကျင်သူနာပြု နှင့် သူနာပြုအကူများ ဝန်ဆောင်မှု့

ရိုးရိုးမွေးဖွားခြင်းမီးဖွားခြင်း အဆင့် ဘယ်နှဆင့် ရှိသလဲယေဘုယျအားဖြင့် မီးဖွားခြင်း အဆင့်သုံးဆင့်ရှိပြီး အစကနေ အဆုံးထိဆိ...
19/12/2024

ရိုးရိုးမွေးဖွားခြင်း

မီးဖွားခြင်း အဆင့် ဘယ်နှဆင့် ရှိသလဲ
ယေဘုယျအားဖြင့် မီးဖွားခြင်း အဆင့်သုံးဆင့်ရှိပြီး အစကနေ အဆုံးထိဆိုရင် ၁၂ – ၂၄ နာရီလောက် ကြာမြင့်တတ်ပါတယ်။ ဒါဟာ သားဦးအတွက် ဆိုလိုခြင်းဖြစ်ပြီး ဒုတိယကိုယ်ဝန်၊ တတိယကိုယ်ဝန် စသဖြင့် နောက်ကလေးတွေမှာတော့ ဒီထက် ပိုပြီးမြန်မြန်မွေးပါလိမ့်မယ်။

⛔️မီးဖွားခြင်း ပထမအဆင့်

ပထမအဆင့်ဟာ အကြာဆုံးဖြစ်ပြီး နာရီ၂၀လောက်ထိ ကြာတတ်ပါတယ်။ သားအိမ်ခေါင်း စပွင့်ချိန်ကစပြီး လုံးဝအပြည့်အဝ ပွင့်သွားချိန် (သားအိမ်ခေါင်းအကျယ် ၁၀ စင်တီမီတာရှိချိန်ဟာ အပြည့်အဝ ပွင့်သွားချိန် ဖြစ်ပါတယ်) အထိကို ပထမအဆင့်လို့ သတ်မှတ်ပါတယ်။ သားအိမ်ခေါင်း စပွင့်ချိန်က အစပြုလို့ ၃ – ၄ စင်တီမီတာလောက် ပွင့်ချိန်အထိ သားအိမ်က ပိုပိုညှစ်လာသလို ဗိုက်ကလည်း ပိုပိုနာလာပါမယ်။စစချင်းမှာ ဗိုက်တစ်ကြိမ်နာရင် တစ်မိနစ်ကနေ တစ်မိနစ်ခွဲလောက်အထိ ကြာပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်အကြား ၁၅ – ၂၀ မိနစ်လောက် ခြားတတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ဗိုက်နာတဲ့ အကြိမ်ရေက ပိုပိုစိတ်လာပါတယ်။ နာကျင်မှုကလည်း ပိုလာပါတယ်။ ၅ မိနစ်ခြား တစ်ခါလောက် ဗိုက်နာနေပါပြီ။သားအိမ်ခေါင်းအကျယ်ဟာ ၄ – ၈ စင်တီမီတာလောက် ဖြစ်သွားပြီ (သားအိမ်ခေါင်း ပိုပွင့်လာပြီ)ဆိုရင် သားအိမ်ဟာ ပိုပိုညှစ်လာတဲ့အတွက် ၃ မိနစ်ခြားတစ်ခါလောက် ဗိုက်နာလာပါမယ်။ ခါးတလျှောက် ထိုးကိုက်နေပြီဖြစ်သလို သွေးတွေလည်း ပိုဆင်းလာပါပြီ။

⛔️မီးဖွားခြင်း အဆင့်ဆင့်

ဒီနေရာမှာ တစ်ချက်သိထားသင့်တာက ဗိုက်နာပြီဆိုတာနဲ့ ကလေးတန်းမွေးမှာ မဟုတ်ပါဘူး။ သားဦးဆိုရင် ပိုလို့တောင် ကြာတတ်ပါသေးတယ်။ သားအိမ်ခေါင်း အပြည့်အဝ ပွင့်လာမှ မွေးမှာ ဖြစ်ပါတယ်။ ဗိုက်နာနေပေမယ့် အချိန်မတန်သေးလို့ သားအိမ်ခေါင်း မပွင့်သေးတဲ့အခါ စောင့်ကြည့်ရုံကလွဲပြီး ဘာမှ လုပ်လို့မရတာမို့ ဆရာဝန်၊ ဆရာမတွေအနေနဲ့လည်း ဒီတိုင်းထိုင်ကြည့်နေရမှာပါ။လူနာနဲ့ ဆရာဝန်ကြား နားလည်မှုလွဲတဲ့ ပြဿနာလေးတွေဟာ ဒီလို အခြေအနေတွေမှာ ပေါ်ပေါက်လာတတ်ပါတယ်။ လူနာရှင်ဖက်ကတော့ မီးဖွားခါနီး လူနာ ဗိုက်အသည်းအသန် နာနေတာကို ဆရာဝန်၊ ဆရာမတွေ ဂရုမစိုက်ဘဲ ထိုင်ကြည့်နေကြတယ်လို့ မြင်မှာဖြစ်တဲ့အတွက် အခြေအနေကို နားလည်သဘောပေါက်အောင် ရှင်းပြဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် ဘာတွေ ဖြစ်လာတတ်သလဲဆိုတာကတော့ လူမှုကွန်ယက်တွေမှာ တွေ့နိုင်ပါတယ်။ရေမြွာပေါက်ပြီဆိုရင်တော့ သားအိမ်ညှစ်အား ပိုပြင်းလာမှာဖြစ်ပြီး ဗိုက်လည်း ပိုနာလာပါမယ်။ သားအိမ်ခေါင်းအကျယ်ဟာ ၈ – ၁၀ စင်တီမီတာလောက် ဖြစ်သွားပြီဆိုရင် ၂မိနစ်၊ ၃မိနစ်ခြား တစ်ခါလောက် ဗိုက်နာလာမှာဖြစ်ပြီး တစ်ခါနာရင်လည်း ၁မိနစ်လောက်အထိ ကြာပါမယ်။ စအိုဝမှာပါ တစ်ဆို့ဆို့ကြီး ခံစားလာရမှာဖြစ်ကာ နောက်ကျောတလျှောက်ကိုက်ခြင်း၊ နာခြင်းတွေလည်း ပိုဆိုးလာပါမယ်။ သွေးဆင်းတာလည်း ပိုများလာမှာပါ။ညှစ်တဲ့အခါ တစ်ကြိမ်ဆို ဆိုသလောက် အားပါပါနဲ့ ညှစ်ပါ။ တစ်ကြိမ်ညှစ်တိုင်း ရင်သွေးလေး ထွက်လာဖို့ တစ်လှမ်းနီးပြီဆိုတာ သဘောပေါက်ပါ။ ဆေးဝါးနဲ့ အရည်/သွေး စတာတွေ သွင်းဖို့ လိုအပ်လာရင် အလွယ်တကူ၊ မြန်မြန်ဆန်ဆန် သွင်းနိုင်ဖို့အတွက် cannula လို့ခေါ်တဲ့ ပိုက်ကလေးကို အသင့်ထိုးပေးထားမှာပါ။

⛔️မီးဖွားခြင်းဒုတိယအဆင့်

သားအိမ်ခေါင်းအကျယ်ဟာ ၁၀ စင်တီမီတာအထိ အပြည့်အဝ ပွင့်သွားပြီဆိုရင်တော့ ဒုတိယအဆင့်ကို ရောက်ပါပြီ။ ဒီအချိန်ကစပြီး ရင်သွေးလေး အပြင်သို့ ရောက်ရှိ မွေးဖွားလာချိန်ထိကို ဒုတိယအဆင့်လို့ ခေါ်ပါတယ်။ ယေဘုယျအားဖြင့် နှစ်နာရီဝန်းကျင် ကြာမြင့်တတ်ပါတယ်။ သားအိမ်ညှစ်တဲ့ပုံစံက ပထမအဆင့်နဲ့ ပုံစံနည်းနည်း ကွဲသွားပါပြီ။၂ – ၅ မိနစ်ခြား တစ်ခါလောက် ညှစ်မှာဖြစ်ပြီး တစ်ခါညှစ်ရင် ၁မိနစ်ခွဲလောက် ကြာတတ်ပါတယ်။ သားအိမ်ညှစ်ချိန်မှာ သင်ကိုယ်တိုင်လည်း အားစိုက်ညှစ်ရမှာဖြစ်ပြီး သားအိမ်မညှစ်တဲ့ ကြားကာလအချိန်တွေမှာ နားရပါမယ်။ ဘေးနားက သူနာပြု၊ ဆရာဝန်တွေကလည်း သင့်ကိုအချိန်ကိုက်ညှစ်ဖို့ အော်ဟစ်အားပေး ညွှန်ကြားနေမှာပါ။နာကျင်မှုကို သက်သာဖို့အတွက် ဆေးဝါးတွေ အသုံးပြုနိုင်သလို မွေးလမ်းကြောင်းချဲ့ခြင်းကိုလည်း ပြုလုပ်လေ့ရှိပါတယ်။ အထူးသဖြင့် သားဦးမွေးတဲ့ မိခင်တွေမှာ အများဆုံး ပြုလုပ်ပါတယ်။ မွေးလမ်းကြောင်းချဲ့ခြင်းဆိုတာကတော့ စအိုနဲ့ ယောနိကြားက နေရာလေးကို အထူးစီမံထားတဲ့ ကတ်ကြေးလေးနဲ့ ညှပ်ပြီး မွေးလမ်းကြောင်း (ယောနိ)ကျယ်လာအောင် ညှပ်ပေးတာပဲ ဖြစ်ပါတယ်။ ဒီလို ညှပ်ပေးခြင်းအားဖြင့် ကလေးမွေးဖို့ ပိုမိုလွယ်ကူစေသလို မွေးလမ်းကြောင်း စုတ်ပြဲ၊အနာတရ ဖြစ်ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ဒီနောက်မှာတော့ ကလေးခေါင်းတဖြည်းဖြည်း ဆင်းလာပြီး မွေးလမ်းကြောင်းမှတဆင့် မိခင်ရဲ့ ခန္ဓာကိုယ်အပြင်ဖက်ကို ရောက်ရှိမွေးဖွားလာပါလိမ့်မယ်။ ပြီးရင် ချက်ကြိုးဖြတ်ရပါမယ်။

⛔️မီးဖွားခြင်း တတိယအဆင့်

ကလေးထွက်သွားပြီးတာတောင် မပြီးသေးဘူးလားလို့ အပြောမစောပါနဲ့ဦး။ ခုနက ဖြတ်လိုက်တာ ချက်ကြိုးပါ။ ချက်ကြိုးနဲ့ ဆက်သွယ်ထားတဲ့ အချင်းတစ်ခုလုံး မိခင်ရဲ့ သားအိမ်ထဲက ထွက်လာအောင် ဆက်စောင့်ရပါမယ်။ ပုံမှန်အားဖြင့်တော့ ကလေးမွေးပြီးပြီးချင်း ချက်ချင်းဆိုသလိုပဲ အချင်းလည်း ကွာကျပြီး အပြင်ထွက်လာလေ့ရှိပါတယ်။ ဒီအဆင့်က အတိုဆုံးဖြစ်ပြီး မိနစ်အနည်းငယ်ကနေ မိနစ်၂၀လောက်ထိပဲ ကြာမြင့်တတ်သလို နာကျင်ခြင်းလည်း မရှိသလောက်ပါပဲ။ ခုနက ဒုတိယအဆင့်မှာ မွေးလမ်းကြောင်း ချဲ့ထားခဲ့ရင်တော့ ပြန်ချုပ်ဖို့ လိုပါတယ်။

ဒါဆိုရင် မီးဖွားခြင်းအမှု ပြီးမြောက်ပါပြီ။
မူရင်းရေးသားသူအား လေးစားလျှက်

23/09/2024
18/09/2024

ဤ page သည် အလုပ်လိုအပ်နေသော
သင်တန်းဆင်း ညီမလေးများအတွက်
အလုပ်ရစေလိုသော စေတနာ တစ်ခုတည်းသာ
ရည်ရွယ်ပါသည် ။

Address

30 Street 69 *70 Between
Mandalay

Website

Alerts

Be the first to know and let us send you an email when Tr Loon Health Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram