Prana Healing Myanmar

Prana Healing Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Prana Healing Myanmar, Meditation Center, Mandalay.

Prana Healing Myanmar
​စိတ်စွမ်းအားတွေကို နိုးထစေပြီး ပိုမိုကောင်းမွန်တဲ့ ဘဝသစ် အတွက် Reiki နှင့် Chakra Healing သင်တန်းများ၊ ကုထုံးများကို လေ့လာနိုင်ပါသည်။
🕊️ မေတ္တာစွမ်းအင်ဖြင့် ကုစားခြင်း။
"နုပျိုလန်းဆန်းသော စွမ်းအင်များဖြင့် အလှဆင်ပါ"
Ashwin Kumar

23/04/2026

"ကြည်နူးစရာကောင်းတဲ့ မနက်ခင်းလေးတစ်ခု... 🙏🌸

သီလရှင်ဆရာလေးများရဲ့ ငြိမ်းချမ်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ ကျွန်မတို့ Prana Healing Myanmar မိသားစုရဲ့ ကုသိုလ်ပြုဆွမ်းကျွေး အစီအစဉ်လေးက အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ပါတယ်။

​ဒီကုသိုလ်ကြောင့် အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 😇✨"

​(၂၂.၀၄.၂၀၂၆) နေ့
Prana Healing Myanmar

💡🌿 အလင်းဓာတ်အလှူ၊ နိဗ္ဗာန်အလှူ 🌿💡 🍂 🕯️ နှစ်သစ်ကူး နှစ်ဦးအလှူတော်🙏မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေကျင်ရေတောင်ခြေရှိ...
20/04/2026

💡🌿 အလင်းဓာတ်အလှူ၊ နိဗ္ဗာန်အလှူ 🌿💡

🍂 🕯️ နှစ်သစ်ကူး နှစ်ဦးအလှူတော်🙏

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေကျင်ရေတောင်ခြေရှိ

🍂🧘‍♂️"ဗောဓိအေးငြိမ်းရိပ်သာ" တွင်

တရားဘာဝနာ ပွားများအားထုတ်ကြကုန်သော ယောဂီသူတော်စင်များ အဆင်ပြေချောမွေ့စွာ တရားအားထုတ်နိုင်ရန်အတွက် လိုအပ်လျက်ရှိ‌သော အလင်းဓါတ်ရရှိရန်

ဆိုလာ (Solar) မီးစနစ် တပ်ဆင်လှူဒါန်းခြင်းကို ဆရာ Ashwin မှ ကိုယ်တိုင် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါသည်။

ကျေးဇူးတော်ရှင် မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီးအား အမှူးထား၍ 🙏

✨ တာဝန်ယူဦးဆောင်ကုသိုလ်ရှင် ✨

ဆရာ Ashwin မိသားစု မှ မိခင်ဖခင်တို့အား ဦးထိပ်ထားလျက် မတည်အလှူငွေ (၅၅) သိန်းကျပ်မတည်ဦးဆောင်လှူဒါန်းမှုပြုပါသည်။

ခန့်မှန်းကုန်ကျစရိတ် သိန်း ၁၅၀ ခန့်ရှိပါမည်။

🕯️ယောဂီကျောင်းဆောင်များ မီးအသုံးပြုရန်

🏘️ တစ်ပါးဆောင် ယောဂီကျောင်းဆောင် (၉) ဆောင်

🏘️ နှစ်ထပ် ယောဂီကျောင်းဆောင် (၃) ဆောင် (၁၂) ခန်း

🏘️ သံဃာ ယောဂီကျောင်းဆောင် (၃) ဆောင် တို့အတွက် ရည်းမှန်းထားသည်🙏

🕯️တရားရိပ်သာ၏ အလင်းတိုင်အလင်းဓာတ်ကို လှူဒါန်းရခြင်းဖြစ်၍ မိမိတို့၏ ဘဝအဆက်ဆက်တွင်လည်း အေးချမ်းသာယာသော ဘဝကို ရရှိခြင်း

✨ မိမိတို့ လှူဒါန်းလိုက်သော အလင်းတိုင်တစ်ခုချင်းစီမှ အလင်းဓါတ်သည်

💫 ယောဂီတစ်ဦးချင်းစီ၏ တရားထူးရရှိရေးအတွက် အထောက်အပံ့ဖြစ်စေမှာဖြစ်လို့ အလွန်ပင် ပီတိဖြစ်ဖွယ် ကုသိုလ်ထူးဖြစ်ပါသည် 🙏

🕯ဤမွန်မြတ်လှသော "အလင်းဓါတ်အလှူ " မြတ်ကုသိုလ်တော်ကြီးတွင် မိသားစုဝင်များအနေဖြင့်လည်း မိမိတို့ တတ်အားသရွေ့ သဒ္ဒါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။✨

မြတ်ဗုဒ္ဓဘုရားရှင်၏ သဗ္ဗညုညာဏ်အလင်းဖြင့် သတ္တဝါတို့အား ညွှန်ကြားပြသတော်မူခဲ့သော

🌹 လောကုတ္တရာအလင်း နိဗ္ဗာန်အလင်းဓါတ်ရရှိအောင် အထောက်အပံ့ ထာဝရကုသိုလ်အဖြစ် လှူဒါန်းသည့် နှစ်ဦးအလှူမင်္ဂလာသည် ~

မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အလင်းဓာတ်များ ရရှိကာ အငြိမ်းဓါတ် နိဗ္ဗာန်ချမ်းသာသို့ လွယ်ကူလျင်မြန်စွာ ဆိုက်ရောက်နိုင်ကြပါစေ🙏

Namaste 🙏🌹

Prana Healing Myanmar
Religion to Responsibility

“ အလင်းရောင်တွေ ပိုမိုတောက်ပစေဖို့ သင့်ရဲ့ အလင်းတစ်စနဲ့အတူ ပါဝင်လိုက်ပါ “ဆရာ Ashwinkumar အမှုးထား၍   Prana Healing Myanm...
19/04/2026

“ အလင်းရောင်တွေ ပိုမိုတောက်ပစေဖို့ သင့်ရဲ့ အလင်းတစ်စနဲ့အတူ ပါဝင်လိုက်ပါ “

ဆရာ Ashwinkumar အမှုးထား၍ Prana Healing Myanmar Family ၏ နှစ်သစ်ကူး ကုသိုလ်တော်အလှုအဖြစ် 22. 4. 2026 ( ဗုဒ္ဓဟူးနေ့ ) တွင် လွယ်ကန်နေလရောင်ခြည်စာသင်တိုက်ရှိ သီလရှင်ဆရာကြီး၊ ဆရာလေး ( 141 ) ပါး၊ မိဘမဲ့ခလေး ( 11 ) ဦး နှင့် ဆရာမ ( 3 ) ဦး စုစုပေါင်း ( 155 ) တို့ကို အာရုံဆွမ်း၊ နေ့ဆွမ်းများကပ်လှူပါမည်ဖြစ်ပါသဖြင့် 22. 4. 2026 ( ဗုဒ္ဓဟူးနေ့ ) မနက် 10:00 အရောက် လွယ်ကန်နေလရောင်ခြည်စာသင်တိုက်သို့ ကြွရောက်ကုသိုလ်အာရုံပြုနိုင်ပါရန် နွေးထွေးစွာဖိတ်ကြားအပ်ပါသည်။ 🙏🏻🙏🏻🙏🏻

အလှုသို့သွားရောက်ကြမည့်မိသားစုဝင်များရှင့် လမ်းညွှန်အတွက် ဆရာကြီးဒေါ်သုမာလ ( 09-250 283 364 ) ထံသို့ ဆက်သွယ်ပေးပါရန် ပြန်ကြားအပ်ပါတယ်ရှင့်🙏🏻🙏🏻🙏🏻

လွယ်ကန်နေလရောင်ခြည်စာသင်တိုက်

သင်္ကန်ကျွန်းကြီးမှတ်တိုင်၊ သီရီသုခလမ်းသွယ်( 4 )၊ အမှတ်( 3 )လမ်းမကြီး

https://maps.app.goo.gl/UqfdnsKw5eyBJ2H78?g_st=atm

✨ Reiki Level 2 Advance (Batch 8) – မကြာမီ စတင်ပါတော့မည် ✨​"ဘာသာတရားမှသည် မိမိကိုယ်တိုင် တာဝန်ယူ တတ်ခြင်းဆီသို့" (Religi...
15/04/2026

✨ Reiki Level 2 Advance (Batch 8) – မကြာမီ စတင်ပါတော့မည် ✨

​"ဘာသာတရားမှသည် မိမိကိုယ်တိုင် တာဝန်ယူ တတ်ခြင်းဆီသို့" (Religion to Responsibility)

​Prana Healing Myanmar မှ စောင့်မျှော်နေကြတဲ့ Reiki Level 2 Advance (Batch 8) ကို သင်္ကြန်ကာလအပြီးမှာ မိတ်ဆက်ပွဲ (Intro Session) နှင့်အတူ စနစ်တကျ စတင်သင်ကြားပေးတော့မှာ ဖြစ်ပါတယ်။

​ဒီသင်တန်းမှာ ကျွန်တော် ဆရာ Ashwin ကိုယ်တိုင် ပြည့်ပြည့်စုံစုံ လမ်းညွှန်ပြသသွားမှာ ဖြစ်သလို၊ Master Level သို့ တက်လှမ်းမည့်သူများအတွက် အရေးကြီးဆုံးသော Preparation Class လည်း ဖြစ်ပါတယ်။

​💡 သင်တန်းတွင် ဘာတွေ လေ့လာခွင့်ရမလဲ?

​Dr. Mikao Usui ရဲ့ Reiki Symbol (၃) ခုအပြင်၊ ကျွန်တော့်ရဲ့ အဆင့်မြင့် နည်းပညာရပ်များဖြစ်တဲ့-

♠️​Higher Brain Technique

♠️​Hand to Heart Connection

♠️​Water Healing (ရေဖြင့် ကုသခြင်းအတတ်ပညာ)
♠️​Kundalini အခြေခံ Pranayama Breathwork

​နှင့် အခြားအခြားသော စွမ်းအင် နည်းပညာရပ်များစွာကို ထည့်သွင်းသင်ကြားပေးသွားမှာပါ။

​📝 တက်ရောက်ရန် လိုအပ်ချက်များ

​၁။ Prana Healing Myanmar မှ Level 1 ကို အစအဆုံး တက်ရောက်ထားသူ ဖြစ်ရပါမည်။

၂။ Master တစ်ယောက်ဖြစ်ရန် ပြင်ဆင်ရမည့် Class ဖြစ်သည့်အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယ အပြည့်ရှိသူများသာ ဖိတ်ခေါ်ပါတယ်။

၃။ မိမိလက်ရှိ တက်ရောက်နေသော Telegram Class တွင် Request လုပ်ပေးရပါမည်။

​🎓 အရင် Batch မှ Master များအတွက်
​ယခင် Master Class ပြီးထားသူများအနေဖြင့် ပြန်လည်လေ့လာလိုပါက -
​ကျွန်တော် လက်ခံသင့်သည်ဟု ယူဆမှသာ လက်ခံပေးပါမည်။

​သင်တန်းတွင် ခိုင်းသမျှ တာဝန်များကို အစအဆုံး လိုက်နာလုပ်ဆောင်နိုင်မှသာ Join ခွင့်ပြုပါမည်။

​📌 သင်္ကြန်အပြီးမှာ စွမ်းအင်သစ်တွေနဲ့ ဘဝကို မြှင့်တင်ဖို့ ပြင်ဆင်ထားလိုက်ကြရအောင်။

​အသေးစိတ်သိရှိလိုပါက Messenger သို့မဟုတ် မိမိတို့ရဲ့ Telegram Group များတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

​ #သစ္စာအမြင်

"Coming Soon... Batch 8! ✨သင့်ရဲ့ စွမ်းအင်ခရီးစဉ်ကို နောက်တစ်ဆင့် မြှင့်တင်ဖို့ အဆင်သင့်ပဲလား?Reiki Level 2 Advance Clas...
14/04/2026

"Coming Soon... Batch 8! ✨

သင့်ရဲ့ စွမ်းအင်ခရီးစဉ်ကို နောက်တစ်ဆင့် မြှင့်တင်ဖို့ အဆင်သင့်ပဲလား?

Reiki Level 2 Advance Class မကြာမီ လာပါတော့မည်။

စောင့်မျှော်ပေးကြပါဦးနော်။"

🪷1⃣2⃣🪷4️⃣🪷2️⃣0️⃣2️⃣6️⃣ 🪷 🍹Fruit Sundae အာဟာရဒါနအလှူ 🍹🌻............................🌻.……..............…..🌻Singapore မိသားစ...
12/04/2026

🪷1⃣2⃣🪷4️⃣🪷2️⃣0️⃣2️⃣6️⃣ 🪷

🍹Fruit Sundae အာဟာရဒါနအလှူ 🍹

🌻............................🌻.……..............…..🌻

Singapore မိသားစု၏ နှစ်သစ်အကြို စုပေါင်းအာဟာရဒါန အလှူမင်္ဂလာ

🌾​မြန်မာ့နှစ်သစ်ကူး အခါသမယကို ကြိုဆိုသောအားဖြင့် ယနေ့ ( ၁၂-၄-၂၀၂၆ ) ရက်နေ့တွင်
Prana Healing Singapore မိသားစုများမှ

စင်ကာပူရှိ SMC သတိပဋ္ဌာန်ရိပ်သာ၌ ကျင်းပသော စု‌ပေါင်းအာဟာရဒါန ကျွေးမွေးလှူဒါန်းပွဲတွင်

🌾🌾 ကျောင်းတွင်သီတင်းသုံးနေထိုင်‌တော်မူကြသော သံဃာတော်များအတွက် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း

🍒🌾လာရောက်ပူဇော်ကြသော ဓမ္မမိတ်ဆွေများအားလုံးကို Fruit Sundae များ ကျွေးမွေးဧည့်ခံခြင်းများကို မြတ်နိဗ္ဗာန်ရည်မှန်းကာ သဒ္ဓါရွှင်လန်းစွာ ပြုလုပ်လှူဒါန်းခဲ့ကြပါသည်။

🌾ပါပါး​ဆရာ Ashwin Kumar အား အမှူးထား၍

မိသားစုဝင်များအားလုံး၏ စုပေါင်းလုပ်အားဒါန၊ စေတနာဒါနများဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြသည့်

ဤကောင်းမှုကုသိုလ် ပုံရိပ်များကို ဓမ္မမိတ်ဆွေများအားလုံး ထပ်တူထပ်မျှ အမျှရနိုင်စေရန် ဝေမျှအပ်ပါသည်။

🙏 ကုသိုလ်,အမျှ ကိုယ်စီရကြပါစေ...

သာဓု..... သာဓု..... သာဓု..... 🙏

​🌿 နှစ်ဟောင်းမှ အညစ်အကြေးများ စင်ကြယ်ကာ နှစ်သစ်တွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

Namaste 🙏🌹

Prana Healing Singapore Family

#နှသစ်ဦးအလှူ

လက်လွတ်မခံပါနဲ့ဦးနော်! ⏳💦✨​Prana Healing Myanmar ရဲ့ Thingyan Energy Shower & Healing Program စတင်ဖို့ နာရီပိုင်းပဲ လိုပ...
11/04/2026

လက်လွတ်မခံပါနဲ့ဦးနော်! ⏳💦✨

​Prana Healing Myanmar ရဲ့ Thingyan Energy Shower & Healing Program စတင်ဖို့ နာရီပိုင်းပဲ လိုပါတော့တယ်!

မြန်မာနှစ်ဟောင်းက အဆင်မပြေတဲ့ Energy တွေကို ဒီနေ့ညမှာ အပြီးတိုင် ဖြေဖျောက်လိုက်ပါ။

​ဆရာ Ashwin Kumar နှင့်အတူ ဆရာ့ရဲ့ သားသမီးတပည့် Master Healer များဦးဆောင်ပြီး သင်္ကြန်ရေနဲ့ ဆေးကြောသလို စွမ်းအင်သန့်စင်ပေးမယ့် အထူး Energy Shower ကုသိုလ်ပြုပွဲ ဖြစ်ပါတယ်။ Zoom ကနေတစ်ဆင့် အိမ်ကနေပဲ အလွယ်တကူ ပါဝင်နိုင်ပါတယ်။

💦​(မှတ်ချက်: ဆရာနဲ့ သီးသန့်တွေ့ဆုံစကားပြောလိုပါက အစီအစဉ်ပြီးဆုံးပြီးနောက် စိတ်ရှည်စွာ စောင့်ဆိုင်းပေးရပါမယ်ရှင်။)

​📅 အစီအစဉ်အသေးစိတ် (မမေ့အောင် မှတ်ထားပါ):
🔹 နေ့ရက်: ယနေ့ (စနေနေ့) ၁၁ ရက်နေ့
🔹 အချိန်: ည ၈:၀၀ မှ ၁၀:၀၀ ထိ (မြန်မာစံတော်ချိန်)
📍 နေရာ: Zoom Online (အခမဲ့)

​မိမိချစ်ခင်ရသူတွေလည်း နှစ်သစ်မှာ စွမ်းအင်ကောင်းတွေ ရရှိနိုင်အောင် ဒီပို့စ်လေးကို Share ပေးပြီး အတူတူ ကုသိုလ်ယူကြရအောင်ပါ။

​🔗 Join Zoom Meeting Link (ကြိုတင်ဝင်ရောက်ထားနိုင်ပါသည်):

https://us02word.zoom.us/j/82413015812?pwd=7at7LjROcHSbYs1K1auzYrLO4RH9mf.1

(Meeting ID: 824 1301 5812 | Passcode: metta)

​မိသားစုဝင်များအားလုံး နှစ်ဟောင်းက အညစ်အကြေးများ စင်ကြယ်ပြီး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေရှင်။ 🙏🌹

🍂🌼 Prana Healing Singapore မိသားစု၏ သင်္ကြန်အကြို ဓမ္မပူဇာနှင့် အာဟာရဒါနအလှူတော် မင်္ဂလာရှိသော မြန်မာ့ရိုးရာသင်္ကြန် အခါ...
11/04/2026

🍂🌼 Prana Healing Singapore မိသားစု၏ သင်္ကြန်အကြို ဓမ္မပူဇာနှင့် အာဟာရဒါနအလှူတော်

မင်္ဂလာရှိသော မြန်မာ့ရိုးရာသင်္ကြန် အခါသမယမှာ Prana Healing Singapore မိသားစုဝင်များ စုပေါင်း၍ နှစ်သစ်ကူး အလှူတော်မင်္ဂလာကို

🔸 SMC သတိပဋ္ဌာန်ရိပ်သာ (စင်ကာပူ) ၌ လှူဒါန်းမှုပြုလုပ်သွားမည် ဖြစ်ပါသည်။

ဤအလှူတော်တွင် ဆရာ Ashwin အား အမှူးထား၍ စင်ကာပူမိသားစုများမှ -

SMC ဓမ္မရိပ်သာတွင် အာဟာရဒါန စုပေါင်းကျွေးမွေးလှူဒါန်းမှု၌ သီတင်းသုံးနေထိုင်ကြသော သံဃာတော်များနှင့် ဓမ္မမိတ်ဆွေများအားလုံးကို

Prana Healing Singapore မိသားစုမှ Fruit Sundae ဖြင့် ကျွေးမွေးဧည့်ခံခြင်း ကုသိုလ်ကိုပါဝင်ဆောင်ရွက်ကြမည် ဖြစ်ပါသည်။

ဤမွန်မြတ်သော စုပေါင်းနှစ်ဦးအလှူတော်သို့
စင်ကာပူရောက် မိသားစုဝင်များ၊ ဓမ္မမိတ်ဆွေများအားလုံးကို ဝမ်းမြောက်စွာဖြင့် ဖိတ်မန္တကပြုအပ်ပါသည်။

📅 နေ့ရက် : ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့

📍 နေရာ : SMC သတိပဋ္ဌာန်ရိပ်သာ၊ စင်ကာပူ

🙏 ဤအလှူတော်တွင် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ပါဝင်လှူဒါန်းကြသည့် မိသားစုအလှူရှင်များ အားလုံးနှင့်တကွ ဓမ္မမိတ်ဆွေများအားလုံး...

🌿 နှစ်ဟောင်းက အညစ်အကြေးများ စင်ကြယ်၍ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ စွမ်းအင်သစ်များဖြင့် လန်းဆန်းနိုင်ကြပါစေ။

🌿 ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။

🌿 ပြုပြုသမျှ ကုသိုလ်အစုစုတို့အတွက် မိသားစုများအားလုံး "သာဓု... သာဓု... သာဓု..." ခေါ်ဆိုနိုင်ကြစေရန် ကုသိုလ်အမျှ ပေးဝေငှအပ်ပါသည်။ 🙏✨

Namaste 🙏🌹

Prana Healing Singapore Family

#နှစ်ဦးကုသိုလ်

💦 သင်္ကြန်အကြိုမှာ စိတ်နဲ့ခန္ဓာကို အတာရေနဲ့ ဆေးကြောသလို စွမ်းအင်သန့်စင်ပစ်လိုက်ရအောင်... ✨​မြန်မာနှစ်ဟောင်းက အဆင်မပြေတဲ့...
09/04/2026

💦 သင်္ကြန်အကြိုမှာ စိတ်နဲ့ခန္ဓာကို အတာရေနဲ့ ဆေးကြောသလို စွမ်းအင်သန့်စင်ပစ်လိုက်ရအောင်... ✨

​မြန်မာနှစ်ဟောင်းက အဆင်မပြေတဲ့ Energy တွေကို ထားရစ်ခဲ့ပြီး၊ ကောင်းမွန်တဲ့ Energy အသစ်စက်စက်တွေနဲ့ နှစ်သစ်ကို ကြိုဆိုဖို့ အဆင်သင့်ဖြစ်ပြီလား?

​Prana Healing Myanmar မှ ကြီးမှူးကျင်းပတဲ့ သင်္ကြန်အကြို Energy Shower Healing အထူးအစီအစဉ်လေး လာမယ့် စနေနေ့မှာ ရှိပါတယ်။

​ဒီအစီအစဉ်ရဲ့ ထူးခြားချက်ကတော့:
🌟 Reiki Master Healer များ၏ တိုက်ရိုက်ကုသမှု: ဆရာ့ရဲ့ သားသမီးတပည့် Master Healer များက ရှေ့ကနေ မေတ္တာအပြည့်နဲ့ Healing ပေးကြမှာပါ။

🧘‍♂️ ဆရာ Ashwin Kumar ကိုယ်တိုင် ပါဝင်ပံ့ပိုးမှု: ဆရာကိုယ်တိုင် Healing Room ထဲမှာ ရှိနေပြီး နောက်ကနေ စွမ်းအင်ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

​နှစ်ဟောင်းက အညစ်အကြေးတွေကို Energy Shower နဲ့ ဆေးကြောပြီး၊ ငြိမ်းချမ်းခြင်း၊ ကျန်းမာခြင်း လက်ဆောင်တွေနဲ့ နှစ်သစ်ကို အတူတူ ကူးပြောင်းကြရအောင်ပါ။
​📅 အစီအစဉ်အသေးစိတ်:
🔹 နေ့ရက်: လာမည့် စနေနေ့ (၁၁ ရက်နေ့)
🔹 အချိန်: ည ၈:၀၀ မှ ၁၀:၀၀ ထိ (မြန်မာစံတော်ချိန်)
📍 နေရာ: Zoom Online (အခမဲ့)

​"သင်္ကြန်အကြို Energy Shower ခံယူဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် Comment မှာ
'💦 Namaste' လို့ ရေးခဲ့ပေးပါဦး!" 👇❤️

​မိမိချစ်ခင်ရသူတွေလည်း နှစ်သစ်မှာ စွမ်းအင်ကောင်းတွေ ရရှိနိုင်အောင် ဒီပို့စ်လေးကို Share ပေးပြီး အတူတူ ကုသိုလ်ယူကြရအောင်ပါ။

​🔗 Join Zoom Meeting Link (ကြိုတင်ဝင်ရောက်ထားနိုင်ပါသည်):
https://us02web.zoom.us/j/82413015812?pwd=7at7LjROcHSbYs1K1auzYrLO4RH9mf.1

(Meeting ID: 824 1301 5812 | Passcode: metta)

​မိသားစုဝင်များအားလုံး နှစ်ဟောင်းက အဆင်မပြေတဲ့ အညစ်အကြေးများ စင်ကြယ်ပြီး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။ 🙏🌹

ချစ်သော Parana Healing(မြတ်သောဒါန) မိသားစုဝင်များရှင့် ❤❤❤Prana Healing (မြတ်သောဒါန)၏ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထား...
08/04/2026

ချစ်သော Parana Healing(မြတ်သောဒါန) မိသားစုဝင်များရှင့် ❤❤❤

Prana Healing (မြတ်သောဒါန)၏ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထား၍
၂၀၂၅ ခုနှစ်တွင် ရွေ့လျားကုထုံး လုပ်ငန်းစဉ် (၇)ခုကိုအကောင်အထည်ဖော် ကုသိုလ်ယူ ဆောင်ရွက်ခဲ့ပြီး

ရန်ကုန်မြို့ ၌ ၂၀၂၆ ခုနှစ်၏ မေတ္တာဖြင့် Mobile Healing Step 2
(ရွေ့လျားကုထုံး လုပ်ငန်းစဉ် ၂ ) ကို Healing ပေးခြင်းကုသိုလ်ပြုခဲ့ပါသည်🙏🙏🙏

( ၈-၄-၂၀၂၆)ဗုဒ္ဓဟူးနေ့ တွင်

ဆရာ့မေတ္တာများအားခံယူ၍ မေတ္တာ Healing ခံယူလိုသူများအတွက် Healing ပေးခြင်းတို့ကို ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါတယ်

Clients 20 ဉီးကို ချစ်သောမေတ္တာဓာတ်ဖြင့် အပူများကိုအေးငြိမ်းစေခဲ့ပါသည်.....

မြတ်သောဒါန ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပါသည် 🙏

ဆရာနှင့်ထပ်တူ မြတ်ကုသိုလ် ရနိုင်ကြပါစေ 🙏

မြတ်သောဒါန အစီအစဉ်တွင်လိုအပ်သောနေရာဒေသမရွေး |လူမျိုး ဘာသာမရွေး ကုသိုလ်ပြုခြင်းဖြစ်ပါတယ်...

ခက်ခဲသူကို ဝိုင်းကူညီ
ကုသိုလ်လည်းရ စိတ်ထားမြတ်မို့
မြတ်သည့်နေရာ ဤအချိန်အခါ
တူညီကုသိုလ် ရစေသား🙏🙏🙏

Mobile Healing မြတ်ဒါန အတွက် နေရာအား ကူညီပေးသောမိသားစုများအားလည်း ကျေးဇူးအထူးတင်ရှိပါတယ်

တကယ်လိုအပ်သော ယုံကြည်သူများထံသို့ ရွေ့လျားဒါန မြတ်ဒါန မို့ တတ်စွမ်းသမျှ ဤကုသိုလ်ကြောင့် တောင်းတသူမှာ အေးချမ်းပါစေ သား 🙏🙏🙏

"ဣဒံ မေပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု" 🙏🙏🙏

Namaste 🙏
Admin
Religion to Responsibility

ချစ်သော Parana Healing (မြတ်သောဒါန) မိသားစုဝင်များရှင့် 💙🎗Prana Healing (မြတ်သောဒါန)၏ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထား...
05/04/2026

ချစ်သော Parana Healing (မြတ်သောဒါန) မိသားစုဝင်များရှင့် 💙

🎗Prana Healing (မြတ်သောဒါန)၏ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထား၍

ရန်ကုန်ဧရိယာအတွင်း၌

🪷 Healing Center - 8
( Pazundaung Township )

4.4.2026 (Saturday) 10Am ~ 4pm အထိ
မေတ္တာ Healing ကုသိုလ် ပြုခြင်း ကိုပြုလုပ်ခဲ့ပြီးပါပြီး။

Healing လာရောက်ခံယူသော Clients ၅ ယောက်၊
မေတ္တာ Energy များကိုလာရောက်ကူညီဖြန့်ဝေပေးကြသော Healers ၅ယောက်
စုစုပေါင်း ၁၀ ယောက်တို့မှ မေတ္တာHealing ပေးခြင်း၊ ခံယူခြင်းတို့ကိုပျော်ရွှင်စွာဆောင်ရွက်ခဲ့ပြီး မြတ်သောဒါနကုသိုလ်အတူပြုလုပ်ခဲ့ကြပါတယ်။

ဤကုသိုလ်ကောင်းမှုသည် "ဗောဓိဆွာဟ" ဗောဓိညဏ်၏အထောက်အပံ့ဖြစ်ပါစေသတည်း🙏🙏🙏

🙏🌿 Prana Healing Singapore မိသားစုဝင်များ၏ ဂါရဝပြု မေတ္တာမျှဝေခြင်း အစီအစဉ်🙏 ကျေးဇူးရှင် ပါပါးဆရာ Ashwin Kumar အား ဂါရဝပ...
04/04/2026

🙏🌿 Prana Healing Singapore မိသားစုဝင်များ၏ ဂါရဝပြု မေတ္တာမျှဝေခြင်း အစီအစဉ်

🙏 ကျေးဇူးရှင် ပါပါးဆရာ Ashwin Kumar အား
ဂါရဝပြု ကျေးဇူးဆပ်သောအားဖြင့်လည်းကောင်း၊
Prana Healing Singapore မိသားစုဝင်များ အချင်းချင်း မေတ္တာဓာတ်များ ကူးလူးဆက်သွယ်နိုင်ရန်အတွက်လည်းကောင်း

"မေတ္တာခံယူခြင်းနှင့် မေတ္တာ Healing ပေးခြင်း (မြတ်သောဒါန) အစီအစဉ်" ကို (၄-၄-၂၀၂၆) စနေနေ့တွင် အောင်မြင်စွာ ပြုလုပ်ခဲ့ကြပါသည်။

ဆောင်ရွက်ပြုလုပ်ခဲ့သော မင်္ဂလာရှိသည့် ကုသိုလ်အစီအစဉ်များမှာ -

🍀 Group Meditation (7 Chakras) :

ချက္ကရာများအား စုပေါင်းသန့်စင် တရားထိုင်ခြင်းဖြင့် စွမ်းအင်များကို မြှင့်တင်ခြင်း။

ကျေးဇူးရှင် ပါပါးဆရာ Ashwin Kumar ထံမှမေတ္တာဓာတ်များခံယူခြင်း။

🍀 Healing Practice & Sharing :

Healing ပညာရပ်များကို စုပေါင်းလေ့ကျင့်ခြင်း၊ အတွေ့အကြုံများ မျှဝေခြင်းနှင့် Healing ပေးခြင်း/ခံယူခြင်း။

🍀 Group Self-Healing :

မိမိကိုယ်ကိုယ်စွမ်းအင်ပြန်လည်ဖြည့်တင်းခြင်း။

🍀 Noble Deeds :

Healing လိုအပ်နေသူများအား တစ်ဦးချင်း ကုသပေးခြင်းဖြင့် မြတ်သောဒါန ကုသိုလ်များ ပွားများခြင်း။

Prana Healing Singapore အနေဖြင့် လစဉ်ပုံမှန်တွေ့ဆုံကာ Energy Healing အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် Energy Work များကို အတူတကွ ပြုလုပ်သွားကြမည် ဖြစ်ပါသည်။

​✨ "You are cordially invited to join our 'Noble Deed of Giving' and Energy Work program." ✨

နောင်လာမည့် အစီအစဉ်များတွင် ပါဝင်လိုပါက Prana Healing Singapore Telegram Group တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

"ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု"

Namastae 🙏🌹

Address

Mandalay

Alerts

Be the first to know and let us send you an email when Prana Healing Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Prana Healing Myanmar:

Share