U AWW Bar Tha

U AWW Bar Tha အားလုံး

21/04/2025

ဆရာ့စကား နားထောင်ရင် ရပါသတဲ့ ဘာတဲ့လဲ..
နားမထောင်ရင် မရပါဘူးတဲ့ ဘာတဲ့လဲ..
(၁) ယောက်ျားက မိန်းမ မကြည့်ရ ဘာတဲ့လဲ၊ အဲဒါလေး မှတ်ထားနော်..
မိန်းမက ယောက်ျား မကြည့်ရ ဘာတဲ့လဲ၊ မကြည့်ရဘူး..
(၂ ) သူများ စကားပြောရင် နား မထောင်ရပါဘူးတဲ့ ဘာတဲ့လဲ..
နင်တို့ ဒီ ကျောင်းလာတာ စကားပြောဖို့ လာတာ မဟုတ်ဘူး..
နိဗ္ဗာန်ရောက်ကြောင်းတရား လိုချင်လို့၊ မပြောရဘူး ကြားလား..
(၃) ကိုယ့်နေရာမှာကိုယ် အိပ်တယ်, တုံးလုံးလှဲတယ်, ထိုင်တယ်..
ကိုယ့်သဘော ကိုယ်ကြိုက်သလိုနေ၊ သူများနေရာ မသွားနဲ့ ကြားလား..
ကိုယ့်နေရာလေးနဲ့ကိုယ်နေ..
(၄) အဲဒီ မိန်းကလေးတွေက ခုန ဆွမ်းစားကျောင်းတက် စကားပြောမယ်,
ဘာဖြစ်တယ် ညာဖြစ်တယ်.. အဲဒါ သွား, အနှောင့်အယှက် ပေးသလို ဖြစ်တယ်..
ဆွမ်းစားကျောင်း မသွားရဘူး.. နင်တို့ အကြောင်းကြီးငယ် ရှိရင် သွားပေါ့နော်..
အကြောင်းကြီးငယ် မရှိဘူးဆိုရင် မသွားနဲ့နော်.. သွားရင်လဲ ပြန်လာ မြန်မြန်..
သဘောပေါက်လား အေး..
(၅) ဟိုက ဆွမ်းစားခေါ်တယ်.. ဒီက ရေချိုးနေတယ်, အဝတ် လျှော်နေတယ်,
မလာဘူး၊ ငါ နောက်မှ ထမင်းစားမယ် မရဘူး..
ဒီက ယောဂီက အများနဲ့ဆိုတော့ ကိုယ့်အတွက် သူများ ဝန် မဖြစ်ရဘူး..
ဟိုက ခေါ်တဲ့ အချိန်မှာ သွားရမယ်.. အဲဒီလို နာရီလေးတွေလဲ အကုန်လုံး
တိတိကျကျ လိုက်နာရမယ် နော်..
ကျောင်းစည်းကမ်း

21/04/2025

ပဲခူးအောင်သုခ ဆရာတော်ဘုရားကြီး၏
တရား အားမထုတ်မီ ခန္ဓာလှူပုံ..

မြတ်စွာဘုရား..
ဘုရားတပည့်တော်၏ ခန္ဓာငါးပါးနှင့် ရုပ်နာမ်နှစ်ပါးကို ယ္ခုတရားအားထုတ်တိုင်း အားထုတ်တိုင်း မြတ်စွာဘုရားအား နိဗ္ဗာန်ကိုရည်မှန်း၍ လှူဒါန်းပါ၏ အရှင်ဘုရား..

ကမ္မဌာန်းဆရာ ဖြစ်တော်မူသော ဆရာတော်ဘုရားနှင့် ရဟန္တာ အရှင်မြတ်များဘုရား..
ဘုရားတပည့်တော်၏ ခန္ဓာငါးပါးနှင့်ရုပ်နာမ်နှစ်ပါးကို ယ္ခုတရားအားထုတ်တိုင်း အားထုတ်တိုင်း နိဗ္ဗာန်ကိုရည်မှန်း၍ လှူဒါန်းပါ၏ အရှင်ဘုရား..

ဤကောင်းမှူ ဤကုသိုလ်တို့၏ အဖို့ဘာဂကို ကိုယ်စောင့်နတ် ကျောင်းစောင့်နတ် သစ်ပင်စောင့်နတ် ခြံစောင့်နတ်
လမ်းစောင့်နတ် မြို့စောင့်နတ် ရွာစောင့်နတ် တောစောင့်နတ် တောင်စောင့်နတ် ဘုမ္မစိုး ရုက္ခစိုး အာကာသစိုးနတ်
စတုလောကပါလနတ် သာသနာစောင့်နတ် နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့ကို အမျှပေးဝေပါ၏..

အထက်ကိုဘဝဂ် အောက်ကိုအဝီစိ နှံ့သည့်စကြဝဠာ ဖီလာထုတ်ချင်း အကြွင်းမရှိ (၃၁) ဘုံ ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါအပေါင်းတို့အား အမျှပေးဝေပါ၏..

အလုံးစုံသော သတ္တဝါအပေါင်းတို့သည် အကျွန်ုပ်တို့ ယနေ့ယခုပြုသော ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တို့သည် အကျွန်ုပ်တို့နှင့် ထပ်တူထပ်မျှ အမျှရ၍ ချမ်းသာကြတဲ့ကိုယ် ဖြစ်ကြပါစေကုန်သတည်း~~~

 #အောင်သုခဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော တရားအဆုံးအမ----------------------------အလုပ်လုပ်တယ်ဆိုတဲ့နေရာမှာ မှန်မှန်...
21/02/2025

#အောင်သုခဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော တရားအဆုံးအမ
----------------------------
အလုပ်လုပ်တယ်ဆိုတဲ့နေရာမှာ မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ... အဲ့ဒါ လုပ်တယ် အဲ့ဒါ အလုပ်...
သူခိုးလိုလို ဘာလိုလို ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ... အေး အဲ့ဒီ... မမှန်မကန် လုပ်တာလဲ အဲ့ဒီ အလုပ်ကို သွားထိခိုက်တယ်

နင်တို့ လောကမှာ ပညာတတ်တယ် ပိုက်ဆံရှိတယ် ဟိတ်လုံးထုတ်နေတယ် ... အကုန်သေမှာ နင်တို့ အကုန်ထားခဲ့ရမှာ ဘာမှ မပါဘူး ကိုယ်တုံးလုံးချည်း... နဂိုထဲကလည်း နင်တို့ မွေးလာတာ ကိုယ်တုံးလုံး ကိုယ်သေရင်လည်း ကိုယ်တုံးလုံးပဲ သွားမှာပဲ... ရှိတဲ့ပစ္စည်း အကုန် ကျန်ရစ်ခဲ့မှာ... ပါရဲ့လား? ယူလို့ရရဲ့လား? (မရပါဘူးဘုရား) အကုန်ထားခဲ့ရမှာ... ကဲ. လိုက်ဆိုကြည့်စမ်း
"မနေရလို့ (မနေရလို့)... သေရသောအခါ (သေရသောအခါ)... ကိုယ့်နောက်ကိုများ (ကိုယ့်နောက်ကိုများ)... ဘာများပါမှာ (ဘာများပါမှာ)... ပစ္စည်းအစု (ပစ္စည်းအစု)... တစ်ခုမပါ (တစ်ခုမပါ)... ကိုယ်ပြု ငြား (ကိုယ်ပြု ငြား)... ကံများသူတို့ပါ (ကံများသူတို့ပါ)..."

ဘာကံလဲ နင်တို့ ကုသိုလ်တွေ မလုပ်ဘူးလား? (လုပ်ပါတယ်ဘုရား) အကုသိုလ်တွေကော မလုပ်ဘူးလား? (လုပ်ပါတယ်ဘုရား)... အေး... ကုသိုလ်ကံ အကုသိုလ်ကံ (၂)မျိုး ရှိပါတယ်... ကြားလား? ဒါကြောင့်.. .
"အထုပ်ကလေးတွေ ကိုယ်စီထမ်းပါလို့ လာလမ်းကိုတဲ့ ပြန်တော့မယ်"
နင်တို့ သေပြီးမှ လူဖြစ်တာ
ခုက ပြန်သေမှာ...
အဲ့ဒါလေး မှတ်ထား...
သူတို့ကိုယ်သူတို့များ တစ်ခါတည်း ကျောက်ခဲများ အောက်မေ့နေလား
သေမှာ အကုန်သေမှာ ဒီဆရာတော်လဲ ပါတယ် မသာတွေပါ ကြားလား မသေတော့ လူကောင်းထင်နေတာ မသာတွေပါ အဲဒါကို "မမှန်တာ ဘယ်တော့မှ မလုပ်ရဘူး" အဲ မမှန်တာ လုပ်လိုက်တော့ အဲဒါ ဒုက္ခဖြစ်ရော... ကိုယ့်ဘဝ ကိုယ်ဆွဲချတာ...

နင်တို့ ပစ္စည်းတွေကလဲ နင်တို့ပစ္စည်းတွေ မဟုတ်ဘူး ကိုယ့်ဟာကို ထင်နေတာ "သေရင် အကုန်ထားခဲ့ရမှာ၊ ယူလို့ရလား? (မရပါဘူးဘုရား)
အေး ဘာလို့ မရလဲ? ကိုယ့်ပစ္စည်းမဟုတ်လို့... နင်တို့ အငှါးပစ္စည်း ခေါ်တယ်။ ကြားလား။ နင်တို့ ရွှေတွေငွေတွေ သွားငှါးရင် မရဘူးလား (ရပါတယ်ဘုရား) နောက်တော့ ပြန်မပေးရဘူးလား (ပေးရပါတယ်ဘုရား) အေး ခုလဲ ဘုရားက အဲ့ဒါပြောတာ။ နင်တို့ ကုသိုလ်ကောင်းမှုနဲ့ ပညာတွေ တတ်တယ် ရွှေငွေရတနာတွေ ဖြစ်လာတယ်။ ငါ့ပစ္စည်း ငါ့ဥစ္စာ ငါဝယ်ထားတာကိုး ... သေတဲ့အခါကျတော့ ကိုယ်တုံးလုံးပဲ... ဘယ်မှာလဲ ငါ့ပစ္စည်း? ကြားလား?

အေး... ဒါကြောင့် ဘာမှ မရဘူး။ လှူမှရမယ်။ ဘယ်လိုမှ ရမှာလဲ? (လှူမှ ရမှာပါဘုရား) လှူတာက ကိုယ့်ဖို့... လှူချင်လဲလှူ၊ မလှူချင်လဲလှူ... ကိုယ့်ဖို့... ကိုယ့်ဖို့... အဲ့ဒါ လှူတာက အဲ့ဒါ ကိုယ့်ဖို့ချည်းပဲ။ မလှူကြဘူး အများစုက၊ ပြန်ပြောဦး...
"ဒါန နည်းတော့... မွဲတတ်တယ်
သီလ နည်းတော့... ရောဂါသည်
သမထ နည်းတော့... စိတ်ဆင်းရဲမယ်
ဝိပဿ နာနည်းတော့... နိဗ္ဗာန်နဲ့လွဲဖယ်
ဤလေးမျိုး လုပ်မှ တော်တော့မယ်..."
နင်တို့ကိုယ်နင်တို့ သေသေချာချာနာနော် ငါပြောတာ အကုန်ပါနေပြီ အဲ့ဒါ...
နင်တို့တွေ လူတော်လူကောင်းတွေ၊ အဲဒါတွေ လုပ်နေပါတယ်၊ လုပ်နေပါတယ်...

လူဆိုတာ... နားထောင်
လူဆိုတာ... သီလရှိရတယ်၊ သီလ...
ကဲ လိုက်​ဆိုစမ်း.
"သီလရနံ့... မွှေးပျံ့ကြိုင်စွာ...
သီလဆင်တိုင်း... ရှုတိုင်းလှတာ...
သီလစောင့်ငြား... မလားပယ်ရွာ...
မြတ်သီလ... စောင့်ရှောက်ကိုးကွယ်ရာ.."

အဲဒါ နင်တို့ သီလ(၅)ပါးတည်းပါ။ လူ... လူ... အမြဲတမ်း မပျက်ရဘူး။ အေး... အဲ့ဒါ... ချစ်သား... ပန်းဆိုတဲ့ဟာ... လေတင်မတက်ဘူး၊ ကြားလား? စုန်တယ်... လေညာ... ပန်းရနံ့ဆိုတာ...
သီလဆိုတာက အထက်အောက် အကုန်သွားတယ်။ အဲ့ဒါ သီလ... နတ်တွေလဲသိတယ်၊ ခု ဆုပေးမယ်၊ ဘာမယ် အကုန်ပါသွားတယ်။ ဒါကြောင့် မကောင်းတာ မလုပ်ရပါဘူး။ နင်တို့ သူဋ္ဌေးတွေလဲ ဘာမှ မဆိုင်ဘူး။ မုသားတွေသုံး... အဲ့ဒါ ငရဲပြည် သွားရမယ်။

ပြိတ္တာဆိုတာ နားလဲမလည်ဘူး။
တစ်ချို့သူဋ္ဌေးကြီး သူဋ္ဌေးမကြီး လုပ်နေတယ်... ပြိတ္တာပဲ ဖြစ်မယ်။ ငါပစ္စည်း ငါ့ပစ္စည်း လုပ်နေတာကိုး။
ပြိတ္တာရဲ့အမည်နာမသည် ဘာလဲဆိုတော့ အမြဲတမ်း ဆင်းရဲနေတာ။ စာထဲမှာတော့ ကြွက်ပြိတ္တာ မြွေပြိတ္တာ ဒီပြင့်ပြိတ္တာတွေလဲ ရှိပါတယ်။ သရဲတစ္ဆေ ဘာညာ အများကြီး၊ စာလိုကတော့ တစ်လုံးချင်း ကောက်စားရတယ်။ များများ စားလို့ မရဘူး။ အေး... အဲ့ဒီ... လူတွေ ပစ်ထားတဲ့ သိုးနေတဲ့အစားအစာ။ အဲ နင်တို့ ထမင်းတွေ ဘာတွေ ဟိုပစ်ဒီပစ်နဲ့ ပစ်ကြတယ်၊ ပိုးကောင်လေးတွေ လာစားတယ်၊ အဲ့လိုပဲ တစ်လုံးချင်း စားရတယ်၊ အဲ့ဒါ ပြိတ္တာ...

တိုတိုလေး ပြောကြစို့ အဲ့ဒီ ပြိတ္တာဆိုတာက... ဟိုက ရဟန္တာ ငါးရာက တစ်ဖက်ကမ်းကူးပြီး ဆွမ်းခံတယ်။ ပြိတ္တာတွေက သွားနေတယ်၊ ရဟန္တာဆိုတော့ မြင်ရတယ်၊ ဘယ်လိုမြင်လဲဆိုတော့ ရေဆာလိုက်တာ ဆာလိုက်တာ ဆာတယ် ဆာတယ် ဆာတယ် ဆာတယ်။ ဟိုက ရဟန္တာတွေဆိုတော့ သိတယ် "ဟဲ့ အောက်မှာ ရေရှိတာပဲ ကုန်းသောက်လိုက်ပါလား အဲဒါတွေ"... "အရှင်ဘုရား. အဲ့လို ကုန်းသောက်လို့ရရင် ပြိတ္တာလို့ ဘယ်ခေါ်မှာတုန်းဘုရား"... "ကဲ.မရရင် နင်တို့လာ"... ရဟန္တာငါးရာနော် ... "နင်တို့ပက်လက်လှန် ပါးစပ်ဟစမ်း" သပိတ်ငါးရာနဲ့ ပါးစပ်ထဲ လောင်းထဲ့ လောင်းထဲ့... "ကဲ.ဝ.ပြီလား" "အရှင်ဘုရား... အဲ့ဒီပြိတ္တာဆိုတဲ့ အမည်နာမသည် အရှင်ဘုရားတို့ သပိတ်ထဲက ရေ တစ်စက်လောက်များ ဝင်သွားရင် ပြိတ္တာလို့ ဘယ်ခေါ်မှာတုန်းဘုရား"... ကြားလား

အဲ့ဒါ ဘယ်ကလာတာတုန်းဆိုတော့ ဟိုရဟန်းတွေ ဆွမ်းကြွေး မိဘတွေက မကြိုက်ဘူး။ "ဪ... ငါ့ပစ္စည်း ငါမပေးဘဲ စားတယ်၊ ရဟန်းတွေ ဦးပြည်းကတုံးတွေ... အေး သွေးပြည်တွေ စားရပါစေ" ကျိန်ဆဲတာ... အဲ့ဒီ ကျိန်ဆဲလို့ သေတဲ့အခါ ပြိတ္တာ လာဖြစ်နေတာ... ရေတောင် တစ်စက်မဝင်ဘူး။ ကြောက်စရာ ကောင်းလိုက်တာ... ကြားလား? ကျိန်ဆဲတာ၊ ကျိန်ဆဲတာ ရဟန်းတွေကို... အဲ့ဒါကြောင့် ပြိတ္တာလို့ ခေါ်ပါတယ်။ အဲ့ဒီတော့ "တို့လဲ မတတ်နိုင်ဘူး"တဲ့ ရဟန္တာတွေကလေ "တို့လဲ မတတ်နိုင်ဘူး... ကဲ သွားတော့မယ်"။

သူကျန်ရစ်ခဲ့တယ်။ သူ့သက်တမ်းကုန်မှ မကုန်သေးတာကိုး။ အဲ့ဒါကြောင့် မကောင်းတာ ဘယ်တော့မှ မလုပ်ပါနဲ့... ကြားလား? နင်တို့ ရှေ့တင်တစ်မျိုး ကွယ်ရာတစ်မျိုး၊ လိမ်ညာပြီးတော့ မုသားပြောတဲ့ ပုဂ္ဂိုလ်တွေလေ ပြိတ္တာဖြစ်မှာ။ ဒီဘဝတော့ ချမ်းသာမယ်လို့ သူ့ဟာသူ ထင်တာလေ။ တို့သိတာတော့ ဘယ်တော့မှ မချမ်းသာဘူး။ လိမ်ညာလှည့်ဖြား ပြောတာလေ... အဲ... နောင်ဘဝကျရင်လဲ ပြိတ္တာဖြစ်မှာ။ အေး... ဒါတင်လားဆိုတော့ မက.သေးဘူး... နင်တို့ ဆရာ့့ပြစ်မှားတာတွေ ရှိတယ်... အဲ့ဒီ ဆရာ့ပြစ်မှားတယ်ဆိုတာ ဘာဖြစ်မလဲ? အဲ... သေခါနီးဆိုရင် ဖူးယောင်ပြီး သေရမယ်။
စာမှာက ရဟန္တာ ပြစ်မှားပြီဆိုရင် အဲ့ဒါ တစ်ခုခု ဖြစ်တော့မယ်----

05/02/2025

#ပဲခူးမြို့ အောင်သုခ ဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဦးစန္ဒိမာ တရားတော်
--------------------------

ခု ဘာဟောမလဲဆိုတော့ ဟိုနေ့က ဗဟုသုတ ပြန်ဟောမယ်
ကမ္ဘာပျက်ပုံ အဲဒါဟောမယ် ဘာဟောမလဲ အေး အေး နင်တို့ သေသေချာချာနာစမ်း
ဒို့ တရားအားထုတ်တယ် နင်တို့ စိတ်ကလေးတွေ ပြောင်းသွားမှ ရတယ် ကြားလား
ဘယ်လို ပြောင်းရမလဲဆိုတော့ နင်တို့ ဘုရားနဲ့တွေ့ပြီဆိုရင် တရားတွေ
ဘုရားနဲ့ တွေ့တိုင်း တွေ့တိုင်း တွေ့တိုင်း ပုဂ္ဂိုလ်တွေက တရားရတယ် မကြားဖူးဘူးလား။
အကုသိုလ်ဆိုတာ ဆိတ်ပါသတဲ့..
ဘုရားနဲ့တွေ့တည်းက နင်တို့က အဲဒီ ကုသိုလ်ကောင်းမှုတွေ အပြည့်ပါလာတယ် နော်
ခု ဘုရားသာသနာမှာပေါ့ ဘယ်လို အပြည့်ပါလာလဲဆိုတော့
တရားရမယ်ပေါ့ ဘာတွေ ပါလာလဲ အဲဒါလေးမှတ်ထား
နင်တို့ အကုသိုလ်တွေ လုပ်ထားတာတွေ ရှိတယ် အကုသိုလ်တွေ လုပ်ထားတာ
ငါ့ အကုသိုလ်တွေ အားကြီးလိုက်တာ ရမှရပါ့မလား ဘယ်လိုလဲညာလိုလဲ
ဟိုနေ့က ငါ မုဆိုးကြီးအကြောင်း တစ်ခါဟောဖူးတယ် မဟောဘူးလား
မိလက္ခမုဆိုး နော် အဲဒါလေး။
အဲဒီတော့ ဆရာဟောပြီဆိုရင် နင်တို့ သံယောင်လေး အလိုက်သင့်လေး ချိန်ပေးပေါ့
အဲဒီ အနေအထား ငါ ဘယ်မှာနေသလဲ ဒီပုဂ္ဂိုလ်တွေဟာ
ဆိုလိုတဲ့ အဓိပ္ပါယ်က အကုသိုလ် အားကြီးတဲ့ပုဂ္ဂိုလ်
ငါ့အကုသိုလ်က ဘယ်မှာနေသလဲ ဒါ ချိန်ဆလို့ ရတယ် ကြားလား။
အဲဒီပုဂ္ဂိုလ်တွေဟာ ဒီ အကုသိုလ် အားကြီးတယ်ဆိုတော့ နင်တို့ ဗဟုသုတရှိအောင်ပြောရင်
အကုသိုလ်အားကြီးရင် မရဘူး ဒီလို ထင်ကြတယ် ကြားလား
အကုသိုလ်နည်းရင် ရမယ် ဒီလို ထင်ကြတယ် မထင်ဘူးလား အေး အဲဒါလေးရှိတယ်
အဲဒီတော့ အဲဒီ ပုံဝတ္ထုတွေ ငါအကုန် ထုတ်ဟောလို့ မရဘူး အချိန်မရဘူး။
အဲဒီတော့ နည်းနည်းလေး ပြောရင် ဒီတော့ ဘယ်လိုပြောရမလဲဆိုတော့ ဒီ ဒီ
လူသတ်ယောက်ျားကြီး အဲဒီ လူသတ်ယောက်ျားကြီးဟာ အကုသိုလ်တွေ မလုပ်ဘူးလား
(၅၅)နှစ် တမ္ဗဒါဌိက တဲ့ လူသတ်ယောက်ျားကြီး လူသတ်ဗိုလ်ကြီး အဲဒီ ပုဂ္ဂိုလ်ကလေ
ဘယ်လောက်သတ်လဲ (၅၅)နှစ် ဘယ်လောက်သတ်လဲ လူသတ်တာ (၅၅)နှစ် နောက်ဆုံး
မနေလို့သေတဲ့အခါ ဘယ်ရောက်သွားလဲ နတ်ပြည် ရောက်သွားတယ် ဘယ်ရောက်သွားလဲ။
အဲဒီ တရားလေး တစ်ခါထဲ နာဖူးရုံနဲ့ မြတ်စွာဘုရားတဲ့
ဒီပုဂ္ဂိုလ်ကလေ (၅၅)နှစ် အကုသိုလ်တွေ အားကြီးလိုက်တာ
ဒီ ရှင်သာရိပုတြာကြီးနဲ့ တွေ့တာကလေ ခေတ္တခဏလေး ကြားလား နာရီပိုင်းမိနစ်ပိုင်း
ဒီလောက်ပဲ တွေ့တယ် အဲဒါကို နတ်ပြည် ဘာကြောင့် ရောက်သွားပါသလဲ
ဟိုမှာ (၅၅)နှစ်တောင်မှ လူသတ်တာ ကြားလား။
ချစ်သားတဲ့ ငါဘုရားရဲ့တရားဆိုတာက အဲဒီလိုပဲတဲ့ မြတ်တယ်တဲ့ ဘာတဲ့လဲ
အဲဒီ မတိုင်းရဘူးတဲ့ ဘာတဲ့လဲ အေး၊ တရားက မြတ်တော့
အဲဒါ ဟိုဟာတွေ ပျောက်ကုန်ရော လွင့်စင်ကုန်ရော ကြားလား
ဒီတော့ နင်တို့ နားလည်အောင် ပြောရင် အကုသိုလ်ဆိုတာ ဆိတ်ပါသတဲ့ ဘာဖြစ်လဲ
အကုသိုလ်က ပိတယ် ပြားတယ် နိမ့်တယ် ရှိုင်းတယ် ဆိတ်တယ်။
ဆိတ်တယ်ဆိုတာက နင်တို့ လူတယောက်ကို သတ်ချင် သူများကို ပြောရဲသလားမေးရင်
ဖြေစမ်း အေး ပြောရင်တော့ ပုလိပ် ဖမ်းမှာကိုး ကြားလား
အဲဒီ မပြောတာကို ဆိတ်တယ်လို့ခေါ်တယ် မပြောတာ ဘာခေါ်လဲ
အေး အဲဒါ သူ့ရဲ့သဘော အကုသိုလ်ရဲ့သဘော
နိမ့်တယ် ရှိုင်းတယ် ပိတယ် ပြားတယ် ဆိတ်တယ် ကြားလား မဖြိုးမောက်ဘူး။
ကုသိုလ်ဆိုတာက ဖြိုးမောက်ပါသတဲ့..
ဒီ ကုသိုလ်ဆိုတာက ဖြိုးမောက်ပါသတဲ့ ကုသိုလ်က ဘာတဲ့လဲ
ဟိန်းတယ် ဟီးတယ် ကျယ်တယ် ဖြိုးတယ် မောက်တယ် ကြွားတယ်
ဒီသဘောရှိတယ် ကြားလား ဘာလို့လဲဆိုတော့ နင်တို့ အလှူပေးလို့ ရှိရင်
လော်စပီကာကြီးနဲ့ မအော်ဘူးလား ကြေးစည်တွေရော မထုဘူးလား
ပါးစပ်ကရော မအော်ဘူးလား စာတွေရော မကမ်းဘူးလား အေး အဲဒီလိုပဲ
သူက ဟိန်းတယ် ဟီးတယ် ကျယ်တယ် ဖြိုးတယ် မောက်တယ် ကြွားတယ်
ဒါ အလှူရှင်ကြီးပဲဟေး ဒီလို၊ ကြားလား ဖြိုးမောက်တဲ့ သဘောရှိတယ်။
အဲဒါကြောင့် ဘာနဲ့ အလားသန္တာန် တူလဲဆိုတော့ ဆိတ်ကလေးကို ဆင်ရေနဲ့ ဖုံးလိုက်
သလိုပဲတဲ့၊ ဆိတ်က မသေးဘူးလား ဆင်ရေကြီးက မကြီးဘူးလား
အဲဒါ ဖုံးအုပ်လိုက်လို့ ရှိရင် လုံမသွားဘူးလား ဘာလို့လဲ ကြီးကျယ်လို့ ဘာလို့လဲ
အဲဒီ ဝိပဿနာကုသိုလ်ဆိုတာ အလွန် ကြီးကျယ်တယ် ကြားလား
အဲဒါကြောင့် အကုသိုလ်မှန်သမျှ သူက အကုန်လုံး ဖုံးဖိပစ်လိုက်တယ် ပြီးရော
မတက်တော့ဘူး မကောင်းဘူးလား။
ဒါကြောင့် တရား အားထုတ်ရပါတယ် သဘောပေါက်ရဲ့လား၊ အဲ ဒီလောက်ပဲဆို
နင်တို့ နားလည်မှာပါ ရဟန်းတွေပါတော့ ဝိနည်းအကြောင်း မပြောတော့ပါဘူး
ကဲ ဒီတော့ ထားကြပါစို့၊ ဒီဘက်သွားရအောင် ငါ ဘာဟောမလဲ ဗဟုသုတ ဘာဟောမလဲ။
ရံဖန်ရံခါ ပျက်တယ် ဆိုတော့..
ကမ္ဘာကြီး ပျက်မယ် ဒီလို မဟောဘူးလား ကမ္ဘာကြီး
မြတ်စွာဘုရားက ချစ်သားတို့ အဲဒီ ကမ္ဘာကြီးဟာ ရံဖန်ရံခါ ပျက်ပါသတဲ့ ဘာတဲ့လဲ
အဲဒီ ပျက်တာရော ဟောပြီးပြီလား မဟောသေးဘူးနော် နားထောင်
ကမ္ဘာကြီးပျက်တယ် အဲဒီကမ္ဘာကြီးက ရံဖန်ရံခါ ပျက်တယ်ဆိုတော့
နံပါတ်၁။ မီးဖျက်တဲ့ကမ္ဘာတဲ့ ဘာတဲ့လဲ အဲဒီ မီးဖျက်တဲ့ကမ္ဘာ ဆိုတော့
နေ(၂)စင်း ထွက်ပါသတဲ့ နေ ဘယ်နှစ်စင်း ထွက်လဲ ကျန်တဲ့ဟာတွေ ငါ ဟောပြီးပြီနော်
ကမ္ဘာကြီး ခု ပျက်တော့မယ်ပေါ့ ဘာလုပ်မလဲ အေး သေသေချာချာနာ
အဲ နေ(၂)စင်း ထွက်သတဲ့ နေ ဘယ်နှစ်စင်းထွက်လဲ၊ အဲဒီ နေ(၂)စင်းထွက်ပြီ
ဆိုတဲ့အခါကျတော့ ညအခါ မရှိတော့ပါဘူးတဲ့၊ နေ့ရောညရော ပူလောင်ပြီးတော့
သတ္တဝါတွေ သေကုန်ပြီပေါ့ သတ္တဝါတွေ မသေဘူးလား
နေ(၂)စင်း ထွက်တာကိုး ဘယ်နှစ်စင်းထွက်လဲ အေး၊ နင်တို့ (၁)စင်းထဲတောင်မှပဲ
လွန်ကဲသွားရင် တချို့ပုဂ္ဂိုလ်တွေ သေတယ် မကြားဖူးဘူးလား ခုက(၂)စင်း။
နောက် နေ(၃)စင်း ထွက်ပါသတဲ့ နေ ဘယ်နှစ်စင်းထွက်လဲ
အင်းအိုင်တွေ ခန်းပါသတဲ့ ဘာတွေခန်းကုန်လဲ ခန်းကုန်တယ်။
နေ(၄)စင်းဆိုတော့ မြစ်ငယ်(၅၀၀) မြစ်ကြီး(၅)သွယ်က အဲဒီရေတွေဟာ
တဖြည်း တဖြည်း တဖြည်း လျော့လျော့ လျော့လျော့ပြီးတော့ ခန်းခြောက်လာတယ်
မြစ်ငယ်(၅၀၀) မြစ်ကြီး(၅)သွယ်မှာ ရေရှိသေးလား မရှိတော့ပါဘူးတဲ့။
နောက် နေ(၅)စင်း ထွက်ပြီဆိုတော့ သမုဒ္ဒရာရေ ခန်းပါသတဲ့ ဘာခန်းလဲ
တဖြည်းဖြည်း လျော့လျော့ လျော့လျော့ လျော့လျော့ ပြီးတော့
သေသေချာချာနာနော် မရှင်းရင် ပြန်မေးနော် အေး၊ သမုဒ္ဒရာရေ ခန်းသွားတယ်
ရှိသေးလားရေ မရှိတော့ဘူး နေဘယ်နှစ်စင်း ထွက်လဲ (၅)စင်း။
(၆)စင်းလဲ ထွက်ရော မီးခိုးတွေ
ထောင်းထောင်း ထောင်းထောင်း ထောင်းထောင်း ထောင်းထောင်း ထွက်လာတယ်
အဲဒီ မီးခိုးတွေ ထောင်းထောင်း ထောင်းထောင်း ထောင်းထောင်း ထောင်းထောင်း
ထွက်တာ၊ (၇)စင်းလဲ ထွက်ရော၊ (၆)စင်းထွက်ပြီ ဆိုတော့ ဘာနဲ့ အလားသန္တာန်
တူလဲဆိုတော့ အိုးဖုတ်ဘိသကဲ့သို့ အိုးဖုတ်တဲ့အခါမှာ မီးခိုးတွေ
ထောင်းထောင်း ထောင်းထောင်း ထောင်းထောင်း ထောင်းထောင်း ထွက်တာ
မတွေ့ဖူးဘူးလား ကောင်းကင်မှာမဲမှောင် ကြားလား အဲဒီလိုပဲတဲ့
(၆)စင်းထွက်ပြီဆို မီးခိုးတွေ အပေါ်မှာမဲမှောင် ပြီးတော့ ခုန ကျောက်တောင်ကြီးတွေ
(၁)ယူဇနာ (၂)ယူဇနာ (၃)ယူဇနာ (၅)ယူဇနာ (၁၀)ယူဇနာ ပဲ့ကျ ပဲ့ကျ ပဲ့ကျ။
(၇)စင်းလဲထွက်ရော မီးလဲ လောင်ပါရော (၇)စင်းထွက်ချင် ဘာဖြစ်သွားလဲ
အကုန်လုံး မီးလောင်တယ် ကြားလား အေး
ခုန ငရဲပြည် လူ့ပြည် နတ်ပြည်(၆)ထပ် ဗြဟ္မာက(၃)ဘုံ ကုန်သွားတယ်
ဗြဟ္မာက ဘယ်နှစ်ဘုံကုန်သွားလဲ ဗြဟ္မာ(၁၇)ဘုံပဲ ကျန်တော့တယ် ဘယ်နှစ်ဘုံကျန်လဲ။
တရားကိန်းလို့..
ဒါကြောင့် နင်တို့တစ်တွေက ဗြဟ္မာ့ပြည် ရောက်ဖူးတယ်ဆိုတာ
အဲဒါကို ပြောတာ ဘုရားက ကြားလား ဘယ်ရောက်ဖူးလဲ
အဲဒါ ကိုယ်နေတဲ့နေရာလို့ မှတ်လိုက် ကြားလား အဲဒီနေရာ ရောက်သွားတယ်
ဘာလို့ ရောက်လဲဆိုတော့ ဗြဟ္မာ့ဝိဟာရ တရား(၄)ပါး ရှိပါသတဲ့ ဘာရှိလဲ
အေး နတ်တွေက အနှစ်(၁)သိန်းက ကြွေးကျော်တဲ့ အခါကျတော့
ကမ္ဘာကြီး ပျက်တော့မယ်ဟေး ပျက်တော့မယ်ဆိုတော့ ထိတ်လန့်မသွားဘူးလား
ထိတ်လန့်သွားတဲ့ အခါကျတော့ အဲဒီတရားတွေ ကိန်းတယ် တစ်ယောက်တစ်ယောက်လေ
ချစ်တယ် ခင်တယ် သနားတယ် ကြင်နာသနားတယ် ကြားလား
အေး တစ်ယောက်တစ်ယောက်လေ အဲဒီတော့ အဲဒီ ဗြဟ္မာ့ဝိဟာရတရား(၄)ပါး ကိန်းပါသတဲ့
သတ္တဝါတွေမှာ ဘာတွေမှာကိန်းလဲ အေး၊ ဒီတော့ သေတိုင်း သေတိုင်း သေတိုင်း
ဗြဟ္မာ့ပြည် ဗြဟ္မာ့ပြည် ရောက်ရောက်သွားတယ်
ဘာလို့လဲ တရားကိန်းလို့ ဘာလို့လဲ အလကား မရောက်ဘူးနော် အေး။
အဲဒါ ဟောပြီးပြီလား မဟောရသေးဘူးလား အေးပါ ဟောပြီးပါပြီ
ငါ ဟောရင်း ဟောရင်း ဘယ်ရောက်ရလဲလို့ အေး အေး အေး
လေဖျက်တဲ့ ကမ္ဘာ အေး အဲလိုလဲ လုပ်စမ်းပါဦး
နင်တို့ဟာ ငါ ဟောရင်း ဟောရင်း ဘယ့်နှယ့် ဘယ့်နှယ့် ထပ်နေသလားလို့
အေး ဟုတ်ပြီ ငါက အဖိုးကြီး၊ နင်တို့က လူငယ် နည်းနည်း သတိပေးဦး ခုက ဘာလဲ
လေဖျက်တဲ့ကမ္ဘာ ဘာဖျက်တဲ့ကမ္ဘာလဲ ခုန မီးဖျက်တဲ့ကမ္ဘာ ဒါ နားလည်တယ်နော်။
နောက် ရေဖျက်တဲ့ကမ္ဘာ ဘာကမ္ဘာလဲ၊ ရေတွေက ဘာရေတွေလဲ ဆားငန်ရည်တွေ ဘာရေတွေလဲ
အဲဒီ ဆားငန်ရည်တွေဟာ ဘယ်လောက်ကြာနေသလဲ အသင်္ချေယျ ဘယ်လောက်ကြာလဲ
အဲဒီမိုးတွေ ဘာတွေ ရွာလိုက်တာ တခါထဲ ဆားငန်ရည်တွေတဲ့ ဘာရေတွေလဲ
အဲဒါတွေနဲ့ စိမ်ပြီးတော့ နှစ်ပရိစ္ဆေဒ ကြာတဲ့အခါကျတော့ နှစ်ကလဲ မရေမတွက်နိုင်ဘူးတဲ့
ဘယ်လောက်လဲ အသင်္ချေယျ ဘယ်လောက်လဲ
အဲဒီတော့ အစအန တစ်ခုထဲရှိရင် အဲဒီ ရေဟာ အဲဒီမှာ မပျောက်ပျက်ပါဘူးတဲ့ ကြားလား
အစအနလေး မရှိဘူးဆိုရင် ရေဟာ ဘာဖြစ်သွားလဲ ပျောက်ပျက်သွားတယ်။
ရေထုကို ကုန်အောင်တိုင်းရင်..
အခု လေဖျက်တဲ့ကမ္ဘာ ဘာဖျက်တဲ့ကမ္ဘာလဲ
အဲ လေဖျက်တဲ့ကမ္ဘာ ကျတော့လဲ လေတွေက တိုက်တယ်လေ
အေး ငါ ဟိုနေ့က အဲဒါလေးပါသွားတယ် လေတွေ တိုက်ခိုက်တယ်ဆိုတော့
နင်တို့ ငါ နားလည်အောင် အဲဒါလေး မြှင့်ဟောလိုက်သေးတယ် ထင်တယ်
ဘယ်လိုဟောလဲ ဆိုတော့ မြေထုသည် (၂)သိန်းနဲ့(၄)သောင်း ရှိတယ် မပြောဘူးလား
ရေထုသည် (၄)သိန်းနဲ့ (၈)သောင်း ရှိပါသတဲ့ ရေထုရေထု ဘာထုလဲ
ရေထု (၄)သိန်းနဲ့ (၈)သောင်း ရှိတယ် ကြားလား။
ဒါကြောင့် နင်တို့ လောကဓာတ်ဆရာတွေ တိုင်းတဲ့အခါမှာ အပေါ်က
လေထုကနေပြီးတော့ လေနဲ့ရေကနေ တိုင်းရင် ရေငုပ်သင်္ဘောနဲ့ တိုင်းလိုက်ချင်
ရေထု ဘယ်လောက်ရှိတယ် တိတိကျကျ တိုင်းတယ် မပြောဘူးလား ပြောလား
ဒီတော့ ဘုရားတိုင်းနည်းနဲ့ ကျတော့ ကွာဟချက်ဖြစ်ပါသတဲ့ ဘာဖြစ်လဲ
အဲဒီတော့ ဘုရားက မမှန်ဘူး လောကဓာတ်ဆရာက မှန်တယ် ဒီလိုမယူဘူးလား
ဘယ်သူယူလိုက်လဲ ကိုယ့်ဉာဏ်နဲ့ ယူလိုက်တာ ဘယ်သူယူလိုက်လဲ။
အမှန်ကတော့ ဘုရားဉာဏ်ဆိုတာ သူက
ဒီ ရေထုကို ကုန်အောင် တိုင်းပစ်လိုက်တာ (၄)သိန်းနဲ့ (၈)သောင်း
လောကဓာတ်ဆရာက တိုင်းတာက မြေထုမှာပဲတိုင်းတယ် (၂)သိန်းနဲ့(၄)သောင်းဆိုတော့
ကွာဟချက် ဖြစ်မနေဘူးလား၊ ဒါပေမယ့် လောကဓာတ်ဆရာကိုလဲ မှန်တယ်လို့ ယူရတယ်
ကြားလား ဘာလို့လဲ သူက မြေထုမှာ တိုင်းလို့ ဘာတဲ့လဲ
ဟိုက ရေထုကို ကုန်အောင်တိုင်းသွားလို့ ကြားလား အေး ရှင်းရဲ့လား။
အစအန မရှိတော့ဘူး ဆိုရင်..
အေး ခုလဲ ထိုနည်းတူစွာပဲ လေဖျက်တဲ့ကမ္ဘာဆိုတာ အဲဒါတွေ ဖရိုဖရဲ အကုန်လုံး
ပျက်စီးသွားတယ်၊ ဒါကြောင့် ငါ အဲဒါကုန်အောင် ဟောလိုက်တဲ့ သဘောပဲ ကြားလား
တစ်ခါတည်း ကောင်းကင်ပေါ် ပျံတက်ပြီးတော့ ခုန ကျောက်တောင်ကြီးတွေ ပဲ့ကျပဲ့ကျ
တစ်ခုတစ်ခု ကြိတ်ကြိတ် ကောင်းကင်မှာ လွင့်စင်ပြီးတော့ လေတွေ ကြားလား
တိုက်ခိုက် ပြီးတော့ မွှေနှောက် တိုက်ခိုက်နေပါသတဲ့
ဘာတွေတိုက်နေလဲ ဘယ်လောက်တိုက်လဲ အသင်္ချေယျ ဘယ်လောက် တိုက်လဲ
တစ်ခါတည်း တစ်ခုတစ်ခု ကြိတ်ကြိတ် မှုန့်မှုန့်ညက်ညက် အမှုန်လေးတွေ ဖြစ်ပြီးတော့
နောက်ဆုံး အဲဒီလေဟာလေ အမှုန်လေး အစအနလေး တစ်ခုရှိရင် အဲဒီလေဟာ
အဲဒီမှာ ပျောက်ပျက်မသွားဘူးတဲ့၊ ဘာအစအနမှ မရှိတော့ဘူးဆိုရင်
အဲဒီလေဟာ အဲဒီမှာပဲ ပျောက်ပျက်သွားပါတယ်တဲ့ ကြားလား။
အသင်္ချေယျတွေ..
လေ ရှိသေးလား ဘယ်လောက်တိုက်သလဲ အသင်္ချေယျ အေး
ကမ္ဘာကြီး ဘယ်လောက်ကြာကြာ ပျက်သလဲ အသင်္ချေယျ ဘယ်လောက်ကြာလဲ အေး
အသင်္ချေယျတွေ ထပ်မနေဘူးလား အေး အဲဒီလိုပဲတဲ့ အသင်္ချေယျတွေ ထပ်နေတယ်
မကြာဘူးလား၊ အဲဒါတွေ လေဖျက်တဲ့ကမ္ဘာ ဆိုတော့ ကမ္ဘာကြီး ရှိသေးလား
မီးဖျက်တဲ့ကမ္ဘာက ခုနက ဗြဟ္မာ(၃)ဘုံ ကုန်တယ်
ရေဖျက်တဲ့ကမ္ဘာ ကျတော့ ဗြဟ္မာ(၆)ဘုံ ကုန်သွားတယ် ဘယ်လောက်ကုန်သွားလဲ
ခုက လေဖျက်တဲ့ကမ္ဘာ ကျတော့ ဗြဟ္မာ(၉)ဘုံ ကုန်သွားတယ် ဘယ်လောက်ကုန်သွားလဲ
(၁၁)ဘုံပဲကျန်တော့တယ် ဘယ်နှစ်ဘုံကျန်လဲ ဗြဟ္မာ(၁၁)ဘုံပဲ ကျန်ပါတယ်
သဘောပေါက်လား မရှင်းရင် မေးရမယ်နော် ရှင်းရင် ငါ ရှေ့ဟောသွားမယ်။
အဲဒါနဲ့ အဲဒီကမ္ဘာကြီး ခုန ဟို ဗြဟ္မာ့ပြည်က (၁၁)ဘုံ ကျန်တယ် အဲဒီ (၁၁)ဘုံ ကျန်တော့
အောက်မှာ တစ်ခါတည်း ခုန လေတွေ တိုက်ခိုက် တိုက်ခိုက် တိုက်ခိုက်
လေတွေ တိုက်ခိုက်တဲ့အခါကျတော့ ကမ္ဘာကြီး မရှိတော့ဘူးဟေ့ ဆိုတော့
အဲဒီ ကမ္ဘာကြီး မရှိတာကို အသင်္ချေယျလို့ ခေါ်တယ် ဘာလို့ခေါ်လဲ
အသင်္ချေယျဆိုတာ ဘာတဲ့လဲ ကမ္ဘာကြီးမရှိတာ ကြားလား
ကမ္ဘာကြီးပျက်ထာလဲ ဘယ်လောက်လဲ အသင်္ချေယျ ဘယ်လောက်လဲ။
ဒီတော့ ဘုရား တစ်ဆူတစ်ဆူ ပေါ်ဖို့ဟာက လွယ်ရဲ့လား မလွယ်ပါဘူးတဲ့
ဒါကြောင့် နင်တို့ အလွန်ကံကောင်းတဲ့ ပုဂ္ဂိုလ်တွေ
အခု ဘုရားသာသနာမီတယ် အခု ယူလိုက်တယ်
စောင့်များနေရင် အဲဒီ ကမ္ဘာပျက်တာနဲ့ သွားတိုး ဒုက္ခကို ဖြစ်လိမ့်မယ်
ဘယ်တော့ ပြန်ရောက်မှန်း မသိဘူး ကြားလား မသေချာတဲ့ အလုပ်ပေါ့
နင်တို့ ဖို မှားသွားရင်နော် ခုက ဘာဖြစ်လဲ ဖိုလ်မှန်ပါသတဲ့ ဘာမှန်လဲ
အေး ဖိုလ်မှန်တော့ အဲဒါလေးတွေ လာပြီးတော့ ကောင်းတဲ့နေရာ သိတဲ့နေရာ
လာပြီးတော့ ရောက်ရတယ် မကောင်းဘူးလား အင်း ကဲ ထားကြစို့။
ပြောင်းပြန်လေးတွေ..
အဲဒါနဲ့ အဲဒီ ကမ္ဘာကြီးဟာ မရှိတော့ဘူးတဲ့ ကမ္ဘာကြီးဟာ ဘာဖြစ်သွားလဲ ကဲ ဒီတော့
နင်တို့ ငါ မေးပါမယ် နင်တို့ ဟိုဘွဲ့သမားတွေ ပြောစမ်း တစ်ယောက်တစ်ပေါက် ကြားလား
နင်တို့ ပညာတွေကြည့်ရအောင် ဘယ်လောက်များ အသိဉာဏ်တွေ ရှိတယ်ဆိုတော့
နင်တို့ ဒီ ရေတွေ ဘယ်ရောက်သွားပါသလဲ မေးရင်ဖြေကြစမ်း တစ်ယောက်တစ်ပေါက်။
ရေတွေ ဘယ်ရောက်သွားလဲ.. ဖြေလေ ဟော ငြိမ်နေတယ် မေးရင်ဖြေရတယ်
ဖြေနိုင်ရင်ဖြေရတယ် မဖြေနိုင်ရင်မဖြေနဲ့ နင်တို့ ဘယ်သူမှ တရားခံမလုပ်ဘူး
ကြားလား ဘယ်သူမှလဲ မဖမ်းပါဘူး ကြားလား
ဖြေနိုင်ပါတယ် ငါက နင်တို့ ဖြေနိုင်တဲ့စကားရပ်က စ,မေးနေတယ်
ငါဟောမှာ ဒီဘက်မှာ ပြောင်းပြန်လေးတွေ ဟောချင်လို့
နင်တို့မေးတာ အလကား မမေးဘူး ကြားလား အကြောင်းလေးတွေ ရှိတယ်
နင်တို့ မသိချင်ဘူးလား သိချင်ရင် ငါ မေးရင်ဖြေ ကြားလား။
ရေတွေ ဘယ်ရောက်သွားလဲ ရေခိုးရေငွေ့တွေလေ ဘယ်ရောက်သွားလဲ
ပြောလေ အခိုးအငွေ့ ဖြစ်ပြီးတော့ ဘယ်ရောက်သွားလဲ အေး ကောင်းကင် ပျံတက်တယ်
ဒါ ငါလိုချင်တာ နင်တို့ သင်ထားတာ ရှိတာပဲ ကြားလား ရေခိုးရေငွေ့တွေ ဘယ်ရောက်သွားလဲ။
ဟုတ်ပြီ နောက် မီးတွေ ဘယ်ရောက်သွားပါသလဲမေးရင် ဖြေစမ်း ပျောက်သွားတယ်
အေး ဟုတ်ပြီ မီးတွေ နောက်တစ်ခု ပြောဦးလေ မီးတွေ ဘယ်ရောက်သွားလဲ
ဗမာစကား ဗမာစကားပြော နင်တို့ ခုကာလသုံးနေတဲ့ စကားတွေကို ငါ ပြောင်းပြန်ဟောမှာ
အေး သေသွားတယ် မီးတွေ ဘယ်ရောက်သွားလဲ သေသွားတယ်။
နောက် နံပါတ်(၃) ဘာတဲ့လဲ မြေကြီးတွေ ဘယ်ရောက်သွားလဲ ပြောစမ်း
ပြောနိုင်လား၊ အေး ပျောက်ပျက်သွားတယ် ဟုတ်ပြီ။
နောက် လေတွေရော ဘယ်ရောက်သွားပါသလဲ မေးရင် ဖြေစမ်း
ဖြီးတော့ မဖြီးနဲ့နော် သေသေချာချာဖြေ ဖြီးလို့ မရဘူး
နင်တို့ ဘုရားနဲ့တွေ့ပြီဆို ဖြီးလို့ မရတော့ဘူး အကုန်ပေါ်ရတယ် ကြားလား
အေး ပြောစမ်း လေတွေ ဘယ်ရောက်သွားလဲ မေးရင်ဖြေရတယ် အေး မသိဘူး
ဒီလိုဖြင့် ပြော မသိတာမသိဘူးပေါ့ သိ,သိတယ်ပေါ့ ကြားလား
ခုန ပျောက်ပျက် သွားတယ်လို့ မပြောဘူးလား ပြောလား။
ဘုန်းကြီး ပြောတာ သေသေချာချာနာ
ဘုန်းကြီးသုံးတဲ့ စကားလုံးလေးတွေ သေသေချာချာနာနော် အေး တစ်မျိုးလေးတွေ
ဒို့ ပျောက်ပျက်သွားတယ် ဆိုတဲ့ စကားရပ်သည်
ရန်ကုန်မှာ လူတစ်ယောက် ပျောက်သွားတယ် မကြားဖူးဘူးလား
ပဲခူးမှာ ပျောက်သွားတယ် မကြားဘူးလား
အိမ်မှာ တိုလီမိုလီလေး ပျောက်သွားတယ် မပြောဘူးလား
ကဲ နင်တို့ ပျောက်သွားတယ်ဆိုတာ ဘယ်မှာပျောက်ပါသလဲ မေးရင်ဖြေစမ်း
ဖြေနိုင်လားပြောလေ ဘယ်ပျောက်သွားလဲ ဟင် မဖြီးနဲ့နော် ဘယ်ပျောက်သွားလဲ
ပြောနိုင်လား ဘာလဲ ဘာပြောတယ် အောင်မယ် ကြီးကျယ်လိုက်တာ
နင့် ဘယ်သူက ရှာခိုင်းလို့တုန်း သူ့ပဲ ရှာခိုင်းသလိုလို အေး
ငါမေးတာ မြင့်တယ် နင်က ရှုပ်အောင် ပြန်လုပ်နေတယ်။
ဘယ်ပျောက်သွားသလဲ ဒါပဲ ငါမေးတာ၊ ငါမေးတဲ့ စကားရပ်မှာ အဖြေရှိတယ် ကြားလား
နင်တို့ မသိချင်ဘူးလား အေး ဒီဘုန်းကြီးက ဖြေမှာ ဒါကြောင့် နင်တို့မေးတာ
ငါ့တော့ မညာနဲ့ ကြားလား နင်တို့ ငါအလကား ညှဉ်းဆဲနေတာ မဟုတ်ဘူး
ဘာလို့လဲ ဖြေမလို့ ဘာလို့လဲ နင်တို့သိတဲ့ စကားရပ်ကလေးတွေ ပြောင်းပြန်ပြောမလို့
ပြောင်းပြန်ဖြစ်နေတယ် တချို့က ကြားလား။
ဒါကြောင့် ဘုရားစကားမယုံဘူး ဘုရားကိုမယုံဘူးဆိုတာ နင်တို့မှ မဟုတ်ဘူး
ဘုန်းကြီးတောင် မယုံဘူး ဘယ်သူမှမယုံလဲ ဘာလို့မယုံလဲ ပြောင်းပြန်တွေ ဖြစ်နေတယ်
ကြားလား အေး ဘုန်းကြီး ဘယ်လိုလုပ်ယုံမလဲ ပြောင်းပြန် ဖြစ်နေတော့ ဘယ်လိုလုပ်ယုံမလဲ
တည့်နေရင် မယုံဘူးလား ပြောင်းပြန် ဖြစ်နေတော့ ယုံသေးလား အေး မယုံဘူး
ဒါကြောင့် အဲဒါ ပုထုဇဉ်နဲ့ အရိယာ အဲလို ကွာတယ် ကြားလား သေသေချာချာနာ။
မြေသြဇာ ဖြစ်တယ်ဆိုတာ..
မြေကြီးတွေ ဘယ်ရောက်သွားပါသလဲ မေးတော့ ဖြေနိုင်လား
ဘာ,ပျောက်ပျက်လဲ ဘယ်မှာ ပျောက်လဲ ဟင်
ခုန ဘယ်နေရာမှာပျောက်တယ် ပြောနိုင်လား မသိချင်ဘူးလား အဲဒါပြောမယ် ကြားလား
ရေတွေ ဘယ်ရောက်သွားသလဲ မသိချင်ဘူးလား နေဦး အဲဒါလေး နင်တို့
ငါ စာရေးထားတာ ရှိတယ် စာရေးထားတာ ပြန်ကြည့် ဟုတ်လားမဟုတ်ဘူးလား
ငါ ပြန်ပြောမယ် နင်တို့ လူသေလို့ ရှိရင် မြေသြဇာ ဖြစ်သွားတယ် မပြောဘူးလား
ခု မြေကြီးတွေ ရှိသေးလား မရှိဘူးဆိုတော့ မြေသြဇာဖြစ်တယ်ဆိုတာ မှန်သေးလား
ဒါ ပထမအဖြေပဲ ကြားလား မေးဦးမလား မမေးရင် နောက်တစ်ခု သွားမယ်နော်
သေသေချာချာနာနော်။
သေတယ်ဆိုတဲ့ စကားရပ်..
ခု ဘာတဲ့လဲ နင်တို့ မီးကို သေသွားတယ်လို့ မပြောဘူးလား ပြောလား
အဲဒီ မီးဟာ သေသွားတယ်လို့ မှန်ရင်
နင်တို့ မီးခြစ်ကလေး တစ်ယောက်တစ်လုံး ကိုင်လိုက်ကြ ကိုင်ပြီးပြီလား
မီးခြစ်ခြစ်လိုက်စမ်း အေး ခြစ်ပြီးတော့ ဖူးဆို မှုတ်လိုက်စမ်း ဘယ်ရောက်သွားလဲ
လာပြန်ပြီ ဘယ်ရောက်သွားလဲ သေသွားတယ်လို့ မပြောဘူးလား
လူသေရင် ပြန်ရှင်သလား မရှင်တာကို ဘာလို့ ခေါ်လဲ ဟုတ်ပြီ
မရှင်တာကို သေတယ် လို့ခေါ်ရင် မီးခြစ်ပြန်ခြစ်စမ်း မရှင်ဘူးလား
ဒါမင့် သေတယ်ဆိုတဲ့ စကားရပ် မှန်သေးလား
အေး အဲဒါကို ပြောချင်တာ ပြောင်းပြန်ဖြစ်.. သေသေချာချာနာနော် အေး။
နောက် နင်တို့ ဘာတဲ့လဲ ခုန လေတွေ ပျောက်ပျက်သွားတယ်လို့ မပြောဘူးလား
ဘယ် ပျောက်ပျက်သွားလဲလို့မေးရင် ဖြေစမ်း ဟင် ကောင်းကင်မှာပေါ့
ဘယ်မှာ ပျောက်ပျက်သွားလဲ ရေခိုးရေငွေ့တွေက ဘယ်မှာပျောက်သွားလဲ
နင်တို့ ကောင်းကင်တက်သွားတယ်လို့ မပြောဘူးလား ပြောလား
ကဲ ငါမေးတာ ဖြေကြည့်စမ်း ဘယ် ကောင်းကင်လဲလို့မေးရင် ဖြေစမ်း ဖြေနိုင်လား
ဟင် ကောင်းကင် ဘာလို့ နင်တို့ မဖြေနိုင်ရမှာလဲ အေး မိုးကောင်းကင် အေး ဒါလိုချင်တာ
ဘယ်ကောင်းကင်လဲ နင့် ဘယ်သူက ပြောလဲ ဒီ မိုးကောင်းကင်မှာ နေတယ်လို့။
ပြောစမ်း နင် တိတိကျကျ သိလို့လား နင့်ဟာနင် မှန်းပြောတာလား
ပြောစမ်း အေး အဲလိုပဲ ဖြစ်ရမယ် အဲဒါရမ်းတီးတယ် ခေါ်တယ် ကြားလား
ပြောနိုင်လား တိတိကျကျ၊ မသိချင်ဘူးလား အေး ဒီဆရာကပြောမှာ
ဒါကြောင့် နင်တို့ ငါမေးနေတာ တစ်တစ်ခွခွ ကြားလား
ဒီနေရာ မစင်လို့ မရဘူး အေး သေသေချာချာ နာ နော်။
ဓာတ်မို့လို့ပေါ့..
အဲဒီတော့ လေတွေ ဘယ်ရောက်သွားတယ် မသိချင်ဘူးလား အေး
နောက် ဘာရှိသေးလဲ ရေတွေ ဘယ်ရောက်သွားပါသလဲ ဒီလိုရော မသိချင်ဘူးလား
အေး တော်ရောပေါ့ ဒီလောက်ဆိုရင် ကြားလား အေး အဲဒီတော့ ဘာပြောရမလဲဆိုတော့
နံပါတ်(၁) ငါမေးတာ သွက်သွက်ကလေး ဖြေကြ ကြားလား
နင်တို့ လေ မရှိဘူးလား လေ,လေ၊ ယူပြီးတော့ ပြစမ်းပါဆိုတော့ ပြနိုင်ရဲ့လား အေးအေး
မပြနိုင်ဘူး ဆိုတော့ အဲဒီလေသည် ကြားလား သေသေချာချာနာနော်
မပြနိုင်ဘူး ဘာလို့ မပြနိုင်လဲ မသိဘူး၊ သိရဲ့လား
လေ မို့လို့ပေါ့ ဘာတဲ့လဲ သူ့ ဆင့်လိုက်ချင်နော် ဒီမှာပဲ ရပ်မယ်နော်
အေး ဒိပြင့်သိသေးလား မသိရင် သေသေချာချာနာ။
သဏ္ဌာန်ဖြစ်မှ သိပါတယ် ..
လေသည် ကြားလား အပူနဲ့သော်လည်းကောင်း ဘာတဲ့လဲ အအေးနဲ့သော်လည်းကောင်း
ဘာတဲ့လဲ စာလိုဆိုတော့ ဖောက်ပြန်တဲ့ အခါ ဖောက်ပြန်တယ်ဆိုတာ သိတယ်မလား
ရောနှောပေါင်းစပ်တာကို ဖောက်ပြန်တယ်လို့ ခေါ်တယ် စာလို ကြားလား
ဒီတော့ နင်တို့ ဗမာလိုပြောရင် ရောနှောလာတဲ့အခါ ဘာတဲ့လဲ ပေါင်းစုလာတဲ့အခါ
ဘာတဲ့လဲ အေး သဏ္ဌာန်ဖြစ်လာတယ် ဘာဖြစ်လာလဲ
အေး ဒီတော့ အဲဒီလေသည် ဟော အအေးနဲ့သော်လည်းကောင်း အပူနဲ့သော်လည်းကောင်း
ပေါင်းစုလာတဲ့အခါ ဖောက်ပြန်လာတဲ့အခါမှာ သစ်ရွက်ကလေးတွေ လှုပ်ရှားပါသတဲ့
ဘာတဲ့လဲ သစ်ကိုင်းသစ်ရွက်ကလေးဟာ ယိမ်းယိုင်လှုပ်ရှားပါသတဲ့
ခန္ဓာကိုယ်ကို နွေးခနဲ အေးခနဲ တိုက်ခိုက်သွားတာကို လေလို့ ခေါ်တယ်ဆို
ငြင်းမလား အေး သဘောပေါက်လား။
လေမရှိဘူးလား ဘယ်သောအခါ သိရလဲ ပေါင်းစုလာတဲ့အခါ
ဘယ်က ခန္ဓာကိုယ် ရမှာလဲ ဟိုက အရင်းကိုပြောမှာပါ နင့်ခန္ဓာနဲ့ ဘာဆိုင်လဲ
ဟိုက သဏ္ဌာန်ဖြစ်ပြီးမှ ခန္ဓာရောက်တာ ကြားလား
ပြောစမ်း ပေါင်းစုလာတဲ့အခါ ရောနှောလာတဲ့အခါ ဖောက်ပြန်လာတဲ့အခါ
အဲဒီမှာ ဘာဖြစ်လဲ သဏ္ဌာန်ဖြစ်ပါတယ် ဘာဖြစ်လာလဲ
အဲဒီ သဏ္ဌာန်ဖြစ်တော့ သစ်ကိုင်းသစ်ရွက်ကလေးတွေ ယိမ်းယိုင်လှုပ်ရှား မလာဘူးလား
ခန္ဓာကိုယ်ကို နွေးခနဲ အေးခနဲ မတိုက်ဘူးလား
အဲဒါကို လေ လို့ခေါ်တယ်ဆိုရင် ငြင်းမလား အေး
လေ မရှိဘူးလား မေးရင်.. ယူပြစမ်းပါ ဆိုတော့ ပြနိုင်လား။
ဘာကြောင့် မပြနိုင်ပါသလဲ အဲဒါ ဓာတ်လို့ခေါ်တယ် ဘာလို့ခေါ်လဲ
အဲဒါဓာတ် ပရမတ်အစစ် ဓာတ်အနှစ်ဆိုတာ
အဲဒါ နင်တို့ သေနတ်ပစ်သလို မိုးကြိုးပစ်သလို အဲဒီလိုကို နားလည်ရမယ် ကြားလား
အဲဒါ ပရမတ် ဘာခေါ်လဲ နင်တို့လျှောက် ပရမတ်
ဘာ ဟိုဟာဒီဟာ လျှောက်လုပ်နေ အဲဒါ ပရမတ်
ပရမတ်အစစ် ဘာတဲ့လဲ ဓာတ်အနှစ် ဘာတဲ့လဲ အဲဒါအနှစ်ပဲ
မြင်ရလား ဘာလို့မမြင်ရလဲ ဓာတ်မို့လို့ ဘာလို့ မမြင်ရလဲ
ယူပြစမ်းပါ ဆိုတော့ ပြနိုင်လား ဘာလို့မပြနိုင်လဲ ဓာတ်မို့လို့
အေး ဓာတ်ဆိုတာ ယူပြလို့ ရရဲ့လား မြင်ကော မြင်ကောင်းရဲ့လား
မရှိဘူးလားဆိုတော့ ရှိတယ် ဘယ်သောအခါ သိရလဲ
ပေါင်းစုတဲ့အခါ ရောနှောတဲ့အခါ ကြားလား အေး ဖောက်ပြန်တဲ့အခါ ဘာတဲ့လဲ
အဲဒီတော့မှ သူက သဏ္ဌာန် ဖြစ်ပါတယ် အဲဒီတော့မှ သဏ္ဌာန်ဖြစ်မှ သိပါတယ်
ထင်ရှားတာကိုး ကြားလား ရှင်းလား မရှင်းရင် ပြန်မေး
နားလည်တယ်နော် ဟုတ်ပြီ နားလည်ရင် ရှေ့သွားရအောင်။
ပြန်ပြောမယ် သေသေချာချာနာ ပထဝီဆိုတာ ဘာလို့ခေါ်လဲ ပြော
နံပါတ်(၂) အာပေါက ဘာလဲ ရေ နေဦး ပြန်ပြော
ပထဝီက ဘာလဲ အဲဒီ မြေကြီးမှာ ဓာတ်(၄)ပါးရှိတယ် ကြားလား
ဘယ်သူပြောလဲ ဆရာပြောတယ် ဘယ်သူပြောလဲ အေး ပထဝီ
အာပေါက ဘာတဲ့လဲ ရေ ပြောလေ ကျယ်ကျယ်ပြောလေ ရေမှာ ဓာတ်(၄)ပါး ရှိပါတယ်
ရေမှာ ဓာတ် ဘယ်နှစ်ပါးရှိလဲ အေး ပထဝီ အာပေါ
တေဇောက ဘာလဲ မီး မီးမှာ ဓာတ်(၄)ပါး ရှိပါတယ် မီးမှာ ဓာတ် ဘယ်နှစ်ပါးရှိလဲ
နောက်ဘာလဲ ဝါယော ဘာတဲ့လဲ ဝါယောကဘာလဲ လေ၊ လေမှာ ဓာတ်(၄)ပါး ရှိပါတယ်
လေမှာ ဓာတ်ဘယ်နှစ်ပါးရှိလဲ အေး ဒါ ဆင့်ဟောလိုက်ဦးမယ် သေသေချာချာနာနော်။
မြေမှာ ဓာတ်(၄)ပါး..
အဲဒါက နည်းနည်း နက်သွားပြီ နင်တို့နည်းနည်း ဟိုဥစ္စာဖြစ်မှ
ငါဟောတာ နက်သွားပြီ နည်းနည်းလေးမြှင့် နာရအောင် ကြားလား အေး
ဒီတော့ ဓာတ်ဘယ်နှစ်ပါး ရှိလဲ (၄)ပါး ဘယ်နှစ်ပါး ရှိလဲ အေး
ခုန ဓာတ်(၄)ပါးဆိုတော့ ငါ ခုန ပြောနေတယ် ဒီ ပရမတ်အစစ် ဓာတ်အနှစ်လို့ မပြောဘူးလား
ခုန ပထဝီဆိုတာ ဘာတဲ့လဲ မြေကြီး ဘာတဲ့လဲ မြေကြီးမှာ ဓာတ်(၄)ပါးရှိတယ် ဒီလို
မပြောဘူးလား အေး၊ မြေကြီးက ဘာခေါ်လဲ နင်တို့ သဏ္ဌာန်ကြီး ဖြစ်မနေဘူးလား
သဏ္ဌာန် ဖြစ်နေတော့ ဘာလဲ အဲဒါ ပညတ် ကြားလား
နင်တို့ သူများ စာသမားတွေ သွားပြောမနေနဲ့ ဒါက မြင့်သွားပြီ ကြားလား
အေး ပညတ်ဆိုတာ မမှန်ပါဘူးတဲ့ ဘာတဲ့လဲ
ဘယ်လိုလုပ် မမှန်ပါသလဲ ဒီလိုရော မသိချင်ဘူးလား။
သူက အဲဒီ မြေကြီးမှာ ဓာတ်(၄)ပါး ရှိတယ်တဲ့ မြေကြီးမှာ ဓာတ် ဘယ်နှစ်ပါးရှိလဲ
နံပါတ်၁။ အဲဒီမြေကြီး ဆိုတော့ မြေကြီးကတော့ မလိုဘူးပေါ့ ကြားလား
သူ့ဓာတ် မြေကြီး ပထဝီဆိုတာ မလိုဘူး။
အာပေါကျတော့ မြေကြီးမှာ အာပေါဓာတ် ဘယ်လိုလုပ် ရှိပါသလဲ ဒီလို မသိချင်ဘူးလား
အာပေါဆိုတာ ဖွဲ့စည်းထားတယ် အဲဒီ မြေကြီးကို ကြားလား
ရေနဲ့ ဖွဲ့စည်းထားတော့ စေးကပ်ပြီးတော့ သဏ္ဌာန်ကြီး ဖြစ်မနေဘူးလား
အေး အဲဒါ ဘာလို့ခေါ်လဲ မြေကြီးလို့ ခေါ်တယ် ဒီလိုမဟုတ်ဘူးလား
ဒီတော့ ခုန အာပေါ မပါဘူးလားပါလား နားရောလည်ရဲ့လား အာပေါ။
တေဇောဓာတ် ဘယ်လိုလုပ် ပါပါသလဲ မြေကြီးမှာဆိုတော့
မြေကြီးကို ကိုင်ကြည့်ရင် ပူတာရယ်အေးတာရယ် ရှိပါသတဲ့ မရှိဘူးလားရှိလား
အဲဒါကို တေဇောလို့ ခေါ်တယ်ဆို ငြင်းမလား အေး ဘယ်နှစ်မျိုး ရသွားလဲ
(၃)မျိုး ရသွားပြီလေ (၁)မျိုးက ဟို မပြောဘူးပေါ့ ကြားလား မြေကြီးကို နော်
(၂)မျိုးက ပြောတယ် နောက် ဘယ်လောက်လဲ နံပါတ် (၄)။
ဘယ်လောက်လဲ နံပါတ်(၄) က ဘာတဲ့လဲ ဝါယော ဘာတဲ့လဲ
မြေကြီးမှာ ဝါယောဓာတ် ပါတယ် မပြောဘူးလား ပြောလား
ဘယ်လိုလုပ် ပါ,ပါသလဲ မသိချင်ဘူးလား သေသေချာချာနာနော် အေး အေး မြေကြီး
ဒါက နင်တို့ ရဟန္တာဖြစ်တဲ့တရားပဲ အဲဒီ တရားက
တော်ရုံတန်ရုံ ပုဂ္ဂိုလ်ဆို အဲဒါ ရဟန္တာဖြစ်ပြီ ဟင် နင်တို့ ဘာလို့မဖြစ်လဲ ဟင်
ထုံထိုင်းပြီးတော့ ဉာဏ်တွေလေးတာကိုး ဉာဏ်တွေဘာဖြစ်လဲ လေးတယ် အဲဒါပဲမှတ်ထား
ဘယ် ဒီလောက်ကြီး ဓာတ်စင်အောင်ဟောတာ ကုန်အောင် ဘာလို့လဲ
ဟိုဘက်မှာ နိဗ္ဗာန်ဟောမလို့ ဘာလို့လဲ၊ နို့မို့ နိဗ္ဗာန် ဒီအတိုင်းဟောလို့ မလွယ်ဘူး ကြားလား
အေး ဒါတွေဟောလိုက်ပြီ ဆိုတော့ ဟို နိဗ္ဗာန်ပွင့်သွားပြီ ကြားလား
အေး သိပ်ကောင်းတယ် အေး ကဲ ထားကြပါစို့ ခုန ဘာလဲ မြေကြီး ဘာတဲ့လဲ။
မြေကြီးမှာ ဘာတဲ့လဲ ဝါယောဓာတ်၊ ဝါယောဓာတ် ဘယ်လိုလုပ် ပါပါသလဲ မသိချင်ဘူးလား
ထောက်ကန် တောင့်တင်း လျော့ခြင်းတမည်..မြေကြီးကို ထောက်ထားတယ် ကန်ထားတယ်
ဒါကြောင့် သူ သဏ္ဌာန်ဖြစ်နေပါတယ် သဘောပေါက်လား အေး
အဲဒီတော့ မြေကြီး သဏ္ဌာန်မဖြစ်ဘူးလား ဒီတော့ ဝါယောဓာတ် မပါဘူးလားပါလား အေး
ဝါယောဓာတ် မရှိဘူးဆို အဲဒီ မြေကြီးဟာ ဖရိုဖရဲ ပျက်စီးသွားတယ် မရှိတော့ဘူး
ကြားလား ဒါကြောင့် သူ့ကို ဓာတ်ဘယ်နှစ်ပါး နဲ့ ဖွဲ့စည်းထားလဲ (၄)ပါး
ဘယ်နှစ်ပါးနဲ့လဲ ရှင်းရဲ့လား နားလည်တယ်နော် ပထဝီ။
ရေ မှာ ဓာတ်(၄)ပါး..
အာပေါက ဘာတဲ့လဲ ရေ အာပေါက ဘာလဲ
ရေ မှာ ဓာတ်(၄)ပါးရှိတယ်လို့ ဆရာ မပြောဘူးလားပြောလား
ဘယ်လိုလုပ် ရှိပါသလဲ မသိချင်ဘူးလား။
ပထဝီဓာတ်ဟာ ရေမှာ ဘယ်လိုလုပ် ပါပါသလဲဘုရား ဒီလို မသိချင်ဘူးလား
အေး ပထဝီ ဒီရေမှာ ပထဝီဆိုတာက ဘယ်လိုတုန်းဆိုတော့
ဒို့ နင်တို့ ဒုတ်နဲ့ရိုက်ချင် မနာဘူးလား
ရေထဲကို အပေါ်ကနေ ခုန်ချလိုက်လို့ရှိရင် ဝုန်းဆို ခန္ဓာကိုယ်ထိသွားရင် မနာဘူးလား
ဒုတ်ဟာ ဘာဓာတ်လဲ ပထဝီဓာတ် ဒုတ်ဟာ ဘာဓာတ်လဲ အေး။
ဟောဒီ အသံနားထောင်စမ်း (ဒုန်း ဒုန်း) ဒီအသံ ဘာသံလဲ ပထဝီ ဘာသံလဲ
အမာအမာချင်း ရိုက်တာ ပထဝီလို့ ခေါ်တယ် ကြားလား
ဗုန်းဆို အသံမကြားဘူးလား ဘာကြောင့်ကြားလဲ ပထဝီမို့လို့ ဘာကြောင့်ကြားလဲ
အဲဒါကြောင့်မို့လို့ ခုန နာတာမရှိဘူးလား အသံရော မကြားဘူးလား ဟင်
ဒီတော့ အဲဒီရေမှာ ပထဝီဓာတ် မပါဘူးလားပါလား
အဲဒါကို ပထဝီဓာတ်လို့ ခေါ်တယ် သဘောပေါက်လား
ရေကို သွား မကြည့်နဲ့နော် ဓာတ်ကို ဟောနေတာနော် ဘာကိုဟောနေလဲ
ရေထဲမှာ ဘာဓာတ်ပါလဲ ပထဝီဓာတ် ပါပါတယ် ဘာလို့လဲ
မာကြောလို့ နာလို့ပေါ့ ကြားလား အေး ပထဝီ။
အာပေါဓာတ်က သူ့ အာပေါဆိုတော့ မလိုတော့ဘူး ဟောစရာ မလိုဘူး
ဘာလို့လဲ ရေကို ကြားလား။
တေဇောဓာတ် ကျတော့ ဘယ်လိုလုပ် ပါပါသလဲ ဒီလို မသိချင်ဘူးလား
ရေမှာ တေဇောဓာတ် ပါပါသတဲ့ ဘယ်လိုလုပ်ပါသလဲ ဆိုတော့ တေဇော
နင်တို့ ရေကိုကိုင်ကြည့်ရင် အေးတာတော့ သိတာပေါ့ ကြားလား အဲဒီရေခွက်
ခွက်ကလေး တစ်ခုခုထဲမှာ ဒီ ရေလေးကိုထည့်ထားရင် ခန်းခြောက် မသွားဘူးလား
ခန်းခြောက်သွားတော့ သူ့ ဘာဓာတ်ပါလဲ တေဇောဓာတ် ဘာဓာတ်ပါလဲ
ဒါကြောင့်မို့လို့ ခန်းခြောက်သွားပါတယ် တေဇောဓာတ်ပါလို့ နော် ရှင်းရဲ့လား။
ရှင်းရင် နောက်တစ်ခု သွားမယ် မရှင်းရင် ထပ်မေးနော်
အီလည်လည်တော့ မလုပ်နဲ့ ကြားလား
နင်တို့ ငါ အပင်ပန်းခံ ဟောနေတာ နင်တို့ နားလည်အောင် ဟောတာ
နားလည်ရင် ဒါ ဆရာ ပင်ပန်းကျိုး နပ်တာပေါ့နော်
အေး ပထဝီ အာပေါ ခု ဘယ်နေရာ ရောက်သွားလဲ တေဇော ဘယ်နေရာရောက်သွားလဲ
အဲ တေဇောဓာတ်.. ပူတာရယ် အေးတာရယ်က ဘာတဲ့လဲ တေဇောလို့ခေါ်တယ် ဘာလို့ခေါ်လဲ
အေး ပူတာရယ် အေးတာရယ် ရေမှာရှိတယ်နော် အေး
သိတယ်နော် သိရင် နောက်တစ်ခု သွားရအောင် တေဇောပြီး။
ဝါယောဓာတ် ရေမှာ ဝါယောဓာတ် ဘယ်လိုလုပ်ပါသလဲ ဆိုတော့
ထောက်ကန်တောင့်တင်း လျော့ခြင်းတမည်
ရေကို ထောက် ကန်ထားတော့ သဏ္ဌာန်ဖြစ်နေတယ် ရေကလေ
အကယ်တန္တု မကန်ထားဘူး မထောက်ထားဘူးဆို
အဲဒီရေဟာ အဲဒီမှာပဲ ပျောက်ပျက်သွားပါသတဲ့ ကြားလား
အဲဒီရေမှာ ဝါယောဓာတ် မပါဘူးလားပါလား သိရောသိသလား
သိသလား ခု ပြောတာ မသိဘူးလား ရှင်းရောရှင်းရဲ့လား အေး
သူက ထောက်ထားတယ် ကန်ထားတယ် ဒါကြောင့် သဏ္ဌာန်ဖြစ်ပါတယ် ရေက
ရှင်းရဲ့လား အေး ဘယ်နှစ်မျိုးရလဲ (၃)မျိုး။
ဝါယော ခုက ဝါယော ဟောမယ်နော် ဘာဟောမလဲ ဝါယောဆိုတာ
လေမှာ ပထဝီဓာတ် ဘယ်လိုလုပ် ပါပါသလဲ မသိချင်ဘူးလား
ငါဟောတာ ဟိုဥစ္စာလိုနေတယ် မီးမှာ ဟောတာ မီး,မီး ဘာတဲ့လဲ မီး
(၂)မျိုးပဲ ပြီးသေးတယ် ပြန်ပြောမယ် မီး ဘာတဲ့လဲ တေဇော ဘာတဲ့လဲ
တေဇောဓာတ်မှာ ပထဝီ ဘယ်လိုလုပ်ပါသလဲ ခုန ဟောပြီးပြီလား
မဟောရသေးဘူးနော် ရောနေလို့ သေသေချာချာနာ
ငါ (၁)မျိုး(၁)မျိုးကို (၄)မျိုး(၄)မျိုး ဒီလိုဟောသွားမယ်
အဲဒါကို နင်တို့က ကျန်ရင် ထပ်ပြောလိုက်နော် အေး အေး။
ဒီတော့ ဘာတဲ့လဲ အခုဟောမှာ တေဇော
တေဇောမှာ ပထဝီဓာတ် ဘယ်လိုလုပ် ပါပါသလဲ ဒီလို မသိချင်ဘူးလား
အဲဒီတော့ တေဇောဓာတ်မှာ ပထဝီဓာတ် ဘယ်လိုလုပ်ပါသလဲ ဆိုတော့
နင်တို့ မီးတောက်နေတယ် ဆိုကြပါစို့ ကြားလား
စက္ကူလေး ချလိုက်လို့ ရှိရင် လွဲကျမသွားဘူးလား လွဲမသွားဘူးလား
ဒီအသံ ဘာသံလဲ ဒုန်းဒုန်း ပထဝီသံ ဘာအသံလဲ
မီးတောက်ပြီဆိုရင် ဖျောက်ခနဲ ဖျောက်ခနဲ မမြည်ဘူးလား
အဲဒါ ပထဝီလို့ခေါ်တယ် ဆိုရင် ငြင်းမလား အေး အဲဒါလေး ကြားလား
သူက အသံပေးနေတယ် အေး အေး။
အာပေါ မီးမှာ အာပေါဓာတ် ဘယ်လိုလုပ် ပါသလဲ
ဖွဲ့စည်းထားတော့ သဏ္ဌာန်ဖြစ်နေတယ် မီးဟာလေ မဖြစ်ဘူးလားဖြစ်လား
အဲဒီ မဖွဲ့စည်းဘူးဆိုရင် အဲဒီမီးဟာ ပျောက်ပျက်သွားတယ်လေ မရှိတော့ဘူး နော်
ဒါကြောင့် မီးကို ဖွဲ့စည်းထားတာကို ဘာလို့ခေါ်လဲ အာပေါဓာတ် ဘာဓာတ်ပါလဲ အေး။
တေဇောဓာတ် ဆိုတော့ သူ့ဓာတ် မလိုဘူးပေါ့ နော်။
ဝါယော ဝါယောဓာတ်ဆိုတော့ ထောက်ကန် တောင့်တင်း လျော့ခြင်းတမည်
ယိမ်းယိုင်လှုပ်ရှား ရွေ့သွားတတ်သည်... ယိမ်းတယ် ယိုင်တယ် လှုပ်တယ် ကြားလား
မီးဟာ လှုပ်ရှား မနေဘူးလား သဏ္ဌာန် မဖြစ်ဘူးလား
အဲဒီ လေမရှိရင် မ

Address

Mandalay

Alerts

Be the first to know and let us send you an email when U AWW Bar Tha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share