04/09/2025
လိပ်ခေါင်းသက်သာလာလို့ ဆေးကို အကြိမ်ရေလျော့သောက်တဲ့အခါ တစ်ပတ်မှ တစ်ကြိမ်ပဲသောက်နေကြသူတွေလဲ ရှိပါတယ်။ အကြိမ်ရေပဲ လျော့တာပါနော် တစ်ကြိမ်သောက်တဲ့အခါမှာ သောက်ရတဲ့ ဆေးပြား ၅ပြား မှ ၈ပြားကို လျော့ပြီး သောက်ရမှာ မဟုတ်ဘူးနော်။ မနေ့က ပြန်ဖြစ်လို့လာတဲ့ လူနာတစ်ယောက် အဲ့လိုမျိုး တစ်ကြိမ်သောက် တစ်ပြားပဲသောက်တော့ တာဆိုလို့ သေချာရှင်းပြလိုက်ရသေးတယ်။ ဘာလို့ ပြန်ဖြစ်ရတာလဲ မေးကြည့်တော့ ရေခဲရည်ကို တစ်နေကုန်သောက်၊ ဝက်သား၊ ကြက်သားကြော် အစားလွန်၊ ဒညင်းသီး မှိုမျှစ်လာထား၊ ကြက်သည်းမြစ်ကလဲ တခါစားနှစ်စုံတဲ့၊ အလုပ်သဘောအရကလဲ အပူများ။ တကယ်ကလေ ဆေးခန်းမှာ လာပြထားပြီး တကယ့်ကို ဆွေးနွေးပေးထားလဲ သက်သာသွားပြီ ပျောက်သွားကြပြီဆိုရင် မှာထားတာတွေ မေ့ပြီး အကုန်ပြန်ကျူးလွန်ကြတာပါ။ ဆေးအားကိုးနဲ့လဲ မမိုက်ကြပါနဲ့လို့။ ဂရုစိုက်ကြပါ။
Page cb ကနေ လာမေးသူများနဲ့ ပြောဖြစ်တာ အများဆုံးက ဆေးကိုစွဲသောက်ရင် ရလား၊ ဆေးကိုဘယ်လိုဆောင်ထားသုံးစွဲမလဲ တို့ပါပဲ။
ဆေးနဲ့ ကိုယ့်ရောဂါ အခြေအနေ၊ ဆေးသောက်နေတာ ဘယ်နှစ်လကြာတဲ့ အခါမှာ အရင်ခံစားရတဲ့ လက္ခဏာတွေနဲ့ သက်သာလာတာတွေကို နှိုင်းယှဥ်ကြည့်မယ်။
ငါတော့ ဒီလက္ခဏာပြလာရင် ဆေးကို ဘယ်နှစ်ရက် သောက်လိုက်တာ ဘယ်အတိုင်းအတာ အထိ သက်သာသွားတယ်...... စတဲ့ ကိုယ့်အခြေအနေကို ကိုယ်တိုင်လဲ သတိထားစောင့်ကြည့်နေရမှာပါ။
ဒါဆို ဆေးကိုသောက်တာ အချိန်တစ်ခုရလာတော့ ဘယ်လိုဖြစ်လာရင် ငါတော့ ဒီဆေးကို သောက်မယ်။
သက်သာလာရင် တစ်ရက်ခြား တစ်ကြိမ်သောက်မယ်၊ နောက် တစ်ပတ်မှ တစ်ကြိမ်ပဲ သောက်မယ်။
နောက် အစားမှား၊ အနေအထိုင်မှား မိလို့ ပြန်ဖြစ်လာမှ ပြန်သောက်တော့မယ်။ (မမှားအောင်ကတော့ အမြဲဂရုစိုက်နေရမှာပါ) စသဖြင့်နဲ့ ဆေးကို ဆောင်ထားပေးလို့ရပါတယ်။ ဒီလိုပဲ ဆေးကို အသုံးပြုသွားတတ်တဲ့သူတွေ ရှိကြပါတယ်။
တချို့ကတော့ ဆေးကို စွဲလမ်းနေကြတာပါ။ ခန္ဓာကိုယ်ကမဖြစ်မနေလိုအပ်နေတာမဟုတ်ဘဲ စိတ်ကစွဲလမ်းတာ
(Psychic Dependence) လဲ ဖြစ်နိုင်ပါတယ်။ ဒီဆေးသောက်မှ နေရတာ အဆင်ပြေတာ ဆေးမသောက်ရင် နေလို့မကောင်းဘူး စသဖြင့်ပေါ့နော်။ ဒီလိုတွေးမိ ခံစားမိလာတယ်ဆိုရင် တစ်ရက်ခြား တစ်ရက်ခြား သောက်ပေးပြီး ဆေးကိုဖြတ်ကြည့်ပါ။
ဆေးကိုဆောင်ထားလို့ရပါတယ်။ လိပ်ခေါင်းမဖြစ်သေးပေမယ့် ကာကွယ်နိုင်ဖို့အတွက်လဲ သောက်နိုင်ပါတယ်။ ဝမ်းချုပ်တတ်သူတွေ ဝမ်းသွားဖို့ ဆောင်ထားရတဲ့ ဝမ်းနုတ်ဆေးနေရာမှာ လိပ်ခေါင်းဆေးကို ဆောင်ထားပေးနိုင်ပါတယ်။
အကောင်းဆုံးကတော့ လိပ်ခေါင်းသမားတို့ဟာ Life style ပြောင်းလဲဖို့ပါပဲ။ ဝမ်းပုံမှန်သွားဖို့ ဝမ်းနုတ်ဆေးဆောင်ထားတာထက် ဝမ်းပုံမှန်သွားစေတဲ့ စားသောက်နေထိုင်မှု ပုံစံတွေ ပြောင်းလဲ ကျင့်သုံးလာဖို့ပါ။ ဒါမှသာ ခန္ဓာကိုယ်က ဆေးအပေါ်မှီခိုနေရတဲ့ (Physical Dependence) က ကင်းဝေးမှာပါ။ ဆေးသောက်မှ ငါတော့ ဝမ်းသွားတယ်ဆိုတဲ့ အဖြစ်တွေ မရှိတော့မှာပေါ့လေ။
အားလုံး ကျန်းမာကြပါစေနော်။