Thukha Myint Mo 24 Hours Specialist Clinic

Thukha Myint Mo 24 Hours Specialist Clinic "ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

အူအတက်ရောင်ခြင်းကို ဘယ်လိုသိနိုင်မလဲ❓⚠️ အူအတက်ရောင်ခြင်း လက္ခဏာတွေဟာ ကွဲပြားနိုင်ပေမယ့် အဖြစ်များတဲ့ လက္ခဏာတွေကတော့..❗️ဝ...
30/06/2025

အူအတက်ရောင်ခြင်းကို ဘယ်လိုသိနိုင်မလဲ❓

⚠️ အူအတက်ရောင်ခြင်း လက္ခဏာတွေဟာ ကွဲပြားနိုင်ပေမယ့် အဖြစ်များတဲ့ လက္ခဏာတွေကတော့..

❗️ဝမ်းဗိုက်ညာဘက်အခြမ်းနာခြင်း သို့မဟုတ် ဝမ်းဗိုက် အောင့်ခြင်း ၊

❗️ဝမ်းဗိုက်နာကျင်ခြင်း သို့မဟုတ် ဝမ်းဗိုက်အောင့်ခြင်း က တဖြည်းဖြည်းဆိုးရွားနိုင်ပြီး အနည်းဆုံး ၆ နာရီ ခန့် ကြာမြင့်နိုင်ခြင်း ၊

❗️ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း ၊

❗️လှုပ်ရှားပါက ပိုမိုနာကျင်ခြင်း

❗️မအီမသာဖြစ်ခြင်း

❗️အန်ခြင်း

❗️အစာစားချင်စိတ်မရှိခြင်း နှင့်

❗️အဖျားရှိခြင်း

စတာတို့ဖြစ်ပါတယ်။

❗️❗️အူအတက်ရောင်ရာက နေ အူအတက်ပေါက်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့ အထက်ပါလက္ခဏာတွေ ခံစားရပါက အချိန်မဆွဲဘဲ နီးစပ်ရ။ ဆေးရုံသို့ အမြန်ဆုံးသွားက ကုသမှုခံယူသင့်ပါတယ်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️-09 695 167 686, 09 889 944 073

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

🔔သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံနိုင်ပါပြီ🔔အမျိုးသမီးတိုင်း သတိထားသင့်တဲ့ သာအိမ်ခေါင်းကင်ဆာအတွက် အကောင်းဆုံး ကာကွယ်...
28/06/2025

🔔သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံနိုင်ပါပြီ🔔

အမျိုးသမီးတိုင်း သတိထားသင့်တဲ့ သာအိမ်ခေါင်းကင်ဆာအတွက် အကောင်းဆုံး ကာကွယ်ခြင်း နည်းလမ်းမှာ ကာကွယ်ဆေး ထိုးခြင်းဖြစ်ပါတယ်။

ဘယ်သူတွေထိုးသင့်သလဲ ❓

အသက် ၉ နှစ်မှ ၄၅ နှစ်အထိအမျိုးသမီးများထိုးထားသင့်ပါတယ်။

ဘယ်လို လူတွေ မထိုးသင့်တာလဲ❓

❗️Yeast နှင့်မတည့်သောသူများမထိုးသင့်ပါ။
❗️ကိုယ်ဝန်ရှိနေလျှင်မထိုးသင့်ပါ။

📌📌 အိမ်ထောင်သည်များ Pap Smear စစ်ဆေး
ပြီးမှထိုးသင့်ပါသည်။

📌📌အမျိုးသမီးများအိမ်ထောင်မပြုခင်ထိုးထား
သင့်ပါသည်။

ဒါ့ကြောင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံရန် လိုအပ်လာပါက သုခမြင့်မိုရ် အထူးကု ဆေးခန်းတွင် ဆရာဝန်နှင့် တိုင်ပင်၍ ထိုးနှံနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပေးအပ်ပါတယ်ရှင်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️-09 695 167 686, 09 889 944 073

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်
#သားအိမ်ခေါင်းကင်ဆာ

သုခမြင့်မိုရ်အထူးကု ဆေးခန်း၏ ယခင်ဖုန်းများအား ဆက်သွယ်၍ မရပါက…09 889 944 07309 695 168 7686ယခုနံပါတ်များကို ပြောင်းလဲဆက်သ...
24/06/2025

သုခမြင့်မိုရ်အထူးကု ဆေးခန်း၏ ယခင်ဖုန်းများအား ဆက်သွယ်၍ မရပါက…

09 889 944 073
09 695 168 7686

ယခုနံပါတ်များကို ပြောင်းလဲဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️- 09 889 944 073 , 09 695 168 7686

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

သုခမြင့််မိုရ် အထူးကုဆေးခန်း၏ ပုံရိပ်ဖော်ရိုက်ကူးခြင်းများ…သုခမြင့်မိုရ်၏ Imaging ဌာန တွင်….👉 2D 3D Ultrasound  ရိုက်ကူး...
21/06/2025

သုခမြင့််မိုရ် အထူးကုဆေးခန်း၏ ပုံရိပ်ဖော်ရိုက်ကူးခြင်းများ…

သုခမြင့်မိုရ်၏ Imaging ဌာန တွင်….

👉 2D 3D Ultrasound ရိုက်ကူးနိုင်ခြင်း
👉 ဓာတ်မှန် ( X Ray) ရိုက်ကူးနိုင်ခြင်း
👉 ရင်သား Ultrasound ရိုက်ကူးနိုင်ခြင်း

စသည်တို့ကို …..

ခေတ်မှီသော ပြင်ဆင်မှုများ၊ စေတနာ မေတ္တာပြည့်ဝသော ဝန်ထမ်းများမှ မိဘပြည်သူများကို ဝန်ဆောင်မှု ပေးရန် အသင့်ဖြစ်နေပါပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်ရှင်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️-09 661 076 114 ,09 684 561 817, 09 695 167 686, 09 889 944 073

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

အဆိပ်သီးကို စားနေကြပြီလား❓ယခုအချိန်အခါတွင် ကျောက်ကပ်ရောဂါခံစားရသော လူနာများစွာ ရှိနေပါတယ်။ ထိုလူနာတွေ ထဲမှာ တညင်းသီးစားပ...
18/06/2025

အဆိပ်သီးကို စားနေကြပြီလား❓

ယခုအချိန်အခါတွင် ကျောက်ကပ်ရောဂါခံစားရသော လူနာများစွာ ရှိနေပါတယ်။ ထိုလူနာတွေ ထဲမှာ တညင်းသီးစားပြီးနောက် ကျောက်ကပ်ဝေဒနာခံစားရသူများလည်း ပါဝင်ပါတယ်။

တညင်းသီးဟာ ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ဗီတာမင်ဓာတ်များ မပါဝင်ဘဲ ဒုက္ခဖြစ်စေသော Djenkolic acid အဆိပ်သာ ပါဝင်ပါတယ်။

‼️ဘာဆိုးကျိုးတွေဖြစ်နိုင်သလဲ?

✅ ဆီးအနံ့ ဆိုးခြင်း
✅ ဆီးမသွားနိုင်ခြင်း
✅ ဆီးသွားလျှင် သွေးပါခြင်း
✅ ဆီးလမ်းကြောင်းပိတ်ခြင်း
✅ ဆီးသွားနည်းခြင်း
✅ ကျောက်ကပ်ပျက်စီးခြင်း

အထက်ပါလက္ခဏာများဟာ စားတဲ့ပမာဏ၊ ခန္ဓာကိုယ်မှ အဆိပ်ကို လက်ခံနိုင်စွမ်း၊ ရောဂါအခံရှိမရှိ (ဥပမာ ကျောက်ကပ်၊ ဆီးချို၊ သွေးတိုး) ပေါ်တွင် မူတည်ပါတယ်။

ဒါ့ကြောင့် အာဟာရမရှိဘဲ အဆိပ်အတောက်သာ ဖြစ်စေတဲ့ တညင်းသီးကို ရှောင်ကြဉ်ခြင်းက ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်လိမ့်မည်ဟု အကြံပေးချင်ပါတယ်ရှင်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️-09 661 076 114 ,09 684 561 817, 09 695 167 686, 09 889 944 073

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

📣 သွေးလှူဒါန်းခြင်း အကြောင်း သိထားရမည့်အချက်များ 📣ဇွန်လ ၁၄ရက်နေ့သည် “World Blood Donor Day” ဖြစ်ပါသည်။ယနေ့ကျရောက်သော “ကမ...
14/06/2025

📣 သွေးလှူဒါန်းခြင်း အကြောင်း သိထားရမည့်အချက်များ 📣

ဇွန်လ ၁၄ရက်နေ့သည် “World Blood Donor Day” ဖြစ်ပါသည်။

ယနေ့ကျရောက်သော “ကမ္ဘာ့သွေးအလှူရှင်များနေ့” ကို ဂုဏ်ပြုသောအားဖြင့် သုခမြင့်မိုရ် အထူးကုဆေးခန်း မှ သွေးမလှူခင် နှင့် သွေးလှူပြီးနောက်တွင် သိထားရမည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။

အချိန်တစ်စက္ကန့် တိုင်း ကမ္ဘာပေါ်ရှိ တစ်နေရာရာတွင် လူတစ်ဦးသည် သွေးလိုအပ်နေပါသည်။

“သင့်သွေးဖြင့် အသက်ကယ်ပါ။”

ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သွေးလှူဒါန်းခြင်းသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်သော မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု တစ်ခုဖြစ်ပါသည်။

သင့်အနေဖြင့် သွေးလှူတော့မည် ဟု ဆုံးဖြတ်ပြီးလျှင် အောက်ပါ အချက်များကို သိရှိထားရန်လိုအပ်ပါသည်။

🩸 သွေးလှူဒါန်းသူသည် အသက် ၁၈ မှ ၅၅နှစ်အတွင်း ဖြစ်ရပါမည်။

🩸 အမျိုးသမီးများ အနေဖြင့် ပေါင် ၁၀၀အထက်ရှိ ဖို့လိုပြီး အမျိုးသားများ အနေဖြင့် ပေါင် ၁၁၀အထက် ရှိရပါမည်။

🩸 ကိုယ်ဝန်ဆောင် နှင့်နို့တိုက် မိခင်များ သွေးမလှူရပါ။

🩸 အိပ်ရေးဝစွာ အိပ်စက်ထားရပါမည်။

🩸 လတ်တလော အရက်သောက်သုံးခြင်း၊ ဓမ္မတာလာခြင်း မရှိရပါ။

🩸၆လအတွင်း တက်တူးထိုးထားခြင်း၊ နားဖောက်ထားခြင်း၊ အပ်စိုက်ကုထုံး ခံယူခဲ့ခြင်း မရှိသူ ဖြစ်ရပါမည်။

🩸 မူးယစ်ဆေးဝါး သုံးစွဲခြင်း မရှိသူ ဖြစ်ရပါမည်။

အောက်ပါ အချက်များကတော့ သွေးလှူပြီးနောက်တွင်လိုက်နာရမည့်အချက်များဖြစ်ပါသည်။

👉 သွေးလှူပြီးနောက် ၁၀မိနစ်ခန့် လဲလျောင်းပြီး ၁၅မိနစ်ခန့် ထိုင်လျက် အနားယူပေးပါ။

👉 အာဟာရပြည့်ဝသော အစားအသောက်များ ( ဥပမာ - ကြက်ဥ ၊ ဓာတ်ဆား စသဖြင့်) ကိုစားသောက်သင့်ပါသည်။

👉 အိပ်ရေးဝစွာ အိပ်စက် အနားယူပါ။

👉 သွေးထုတ်ထားသော နေရာကို ရေခဲကပ်ပေးပါ။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️-09 661 076 114 ,09 684 561 817, 09 695 167 686, 09 889 944 073

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

‼️ အသိစောဖို့လိုတဲ့ ရင်သားကင်ဆာ..👉 ရင်သားကင်ဆာဆိုတာ ရင်သားမှာ အကျိတ်ဖြစ်တာကနေ စတင်ဖြစ်ပွါးတာပါ။ အမျိုးသမီး အယောက် ၁၀၀ မှ...
11/06/2025

‼️ အသိစောဖို့လိုတဲ့ ရင်သားကင်ဆာ..

👉 ရင်သားကင်ဆာဆိုတာ ရင်သားမှာ အကျိတ်ဖြစ်တာကနေ စတင်ဖြစ်ပွါးတာပါ။ အမျိုးသမီး အယောက် ၁၀၀ မှာ ၁၂ ဦးလောက် ခံစားနေရတဲ့ ကင်ဆာ အမျိုးအစား တစ်ခုပါ။ အမျိုးသားတွေမှာတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် လုံးဝ မဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။

ရင်သားကင်ဆာက အစောပိုင်း အဆင့်မှာ လက္ခဏာ လုံးဝ မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အောက်ပါလက္ခဏာတွေ ခံစားနေရမယ်ဆိုရင် အမြန်ဆုံးကုသစစ်ဆေးမှုတွေ ခံယူရန်လိုအပ်ပါတယ်။

✅အကျိတ် ဖြစ်ခြင်း (ရင်သားကင်ဆာ အကျိတ်ကို အလွယ်ဆုံး စမ်းသပ် သိရှိနိုင်မယ့် နည်းလမ်းက ရာသီလာပြီး ၂ ပတ်အကြာမှာ စမ်းကြည့်တာပါ)
✅ရင်သားနာကျင်ခြင်း
✅ရင်သားအရွယ်အစား၊ ပုံသဏ္ဍာန် ပြောင်းလဲလာခြင်း
✅အသားအရေပြောင်းလဲခြင်း (တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် ရင်သားတစ်ခုလုံး အသားအရောင် ပြောင်းသွားတာမျိုးဖြစ်နိုင်ပါတယ်)
✅ရင်သား ယားယံခြင်း
✅ရင်သားအတွင်း ချိုင့်ဝင်ခြင်း (ရင်သားထိပ်က အတွင်းထဲ ဝင်သွားခြင်း၊ ရင်သားထိပ်ပိုင်း အရေပြားလန်ခြင်းများ)
✅ရင်သားမှ အရည်များထွက်လာခြင်း (အဝါရောင်အရည်များ ထွက်ခြင်း၊ သွေးစလေးတွေပါလာခြင်း)

👉 ရင်သားကင်ဆာကို ဘယ်လိုလူတွေက ဖြစ်နိုင်ချေ ပိုများသလဲဆိုတော့

- အသက်အရွယ်ကြီးရင့်သူများ
- ပျိုဖော်ဝင် စောသူများ
- ရင်သားကင်ဆာမျိုးရိုးရှိသူများ
- ကိုယ်လက်လှုပ်ရှားမှုနည်းသူများ
- ဓါတ်ရောင်ခြည်နဲ့ ထိတွေ့ဖူးသူများ တို့က အဖြစ်များနိုင်ပါတယ်။

💁‍♀️ ရင်သားကင်ဆာဟာ အသိစောလျှင် ပျောက်ကင်းအောင် ကုသနိုင်သော်လည်း အသိနောက်ကျလျှင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်တဲ့အတွက် လုံးဝ (လုံးဝ) မပေါ့ဆသင့်ပါဘူး။

တကယ်လို့ သင့်ပတ်ဝန်းကျင်မှာ ရင်သားကင်ဆာနဲ့ပတ်သက်ပြီး သံသယလက္ခဏာများရှိနေပါက

“သုခမြင့်မိုရ် အထူးကုဆေးခန်း” တွင် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီး သက်ဆိုင်ရာဆရာဝန်ကြီးများနှင့် လာရောက်ပြသနိုင်ပါပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️-09 661 076 114 ,09 684 561 817, 09 695 167 686, 09 889 944 073

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

World Brain Tumor Day 2025…ဇွန်လ ၈ရက်နေ့ကို World Brain Tumor Day အဖြစ် သတ်မှတ်ထားပါသည်။ဒါ့ကြောင့် ဦးနှောက်အကျိတ် (Brain...
08/06/2025

World Brain Tumor Day 2025…

ဇွန်လ ၈ရက်နေ့ကို World Brain Tumor Day အဖြစ် သတ်မှတ်ထားပါသည်။

ဒါ့ကြောင့် ဦးနှောက်အကျိတ် (Brain Tumor) အကြောင်းလေးကို မျှဝေပေးသွားမှာ ဖြစ်ပါသည်။

ဦးနှောက်အကျိတ် (Brain Tumor) ဆိုတာဘာလဲ❓

ဦးနှောက်အကျိတ် ဆိုသည်မှာ ဦးနှောက်ဆဲလ်များ ပုံမှန်မဟုတ်ပဲ ပွါးလာခြင်းမျိုး ဖြစ်ပါသည်။ ဦးနှောက်အကျိတ်များတွင် တချို့သည် ကင်ဆာမဟုတ်သော အကျိတ်မျိုး ဖြစ်ပြီး အချို့မှာမူ ကင်ဆာအကျိတ် ဖြစ်ပါသည်။

ဦးနှောက်အကျိတ် (Brain Tumor) သည် အသက်ရွယ် မရွေး ဖြစ်ပေါ်နိုင်ပါသည်။

ဦးနှောက်အကျိတ် (Brain Tumor) လက္ခဏာများမှာ..

✅ အကြားအာရုံပြဿနာများ၊

✅ မှတ်ဉာဏ်ထိခိုက်ခြင်း၊

✅ အာရုံစူးစိုက်မရခြင်း၊

✅ ခဏခဏပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊

✅ အကြောင်းမရှိ ပျို့အန်ခြင်း၊

✅ အမြင်အာရုံဝေဝါးခြင်း၊

✅ စကားပြောရာတွင်အခက်အခဲများ ဖြစ်ပေါ်လာခြင်း၊

✅ သာမန်နေ့စဉ် ကိစ္စရပ်များတွင် ဝေဝါးသွားခြင်း၊

✅ တက်ခြင်း (ယခင်က တက်တတ်သော ရာဇဝင်မရှိထားဘဲ တက်ခြင်း)၊

✅ ခန္ဓါကိုယ်တစ်စိတ်တစ်ပိုင်းတွင် အားနည်းခြင်း၊

✅ ခြေထောက် သို့ လက်တို့တွင် ထိတွေ့မှု၊ လှုပ်ရှားမှုများ အာရုံတဖြေးဖြေး ပျောက်ဆုံးခြင်း၊

✅ ဟန်ချက်မညီခြင်း၊

စသည့် လက္ခဏာများ ခံစားရနိုင်ပါသည်။

အထက်ပါဖော်ပြခဲ့သော လက္ခဏာများ မကြာခဏဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ဆရာဝန်နှင့် ပြသ၍ ခွဲစိတ် ကုသမှုခံယူသင့်ပါသည်။

ယခုနှစ်၏ ဆောင်ပုဒ်မှာ "Empowering Lives Through Brain Tumor Awareness" ဖြစ်ပါသည်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️-09 661 076 114 ,09 684 561 817, 09 695 167 686, 09 889 944 073

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

"𝐄𝐢𝐝 𝐚𝐥-𝐀𝐝𝐡𝐚 𝐌𝐮𝐛𝐚𝐫𝐚𝐤" 🕌☪အစ္စလာမ် ဘာသာဝင်တို့ အထွဋ်အမြတ်ထားတဲ့ အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့လေးမှာ မိဘပြည်သူအားလုံး စိတ...
07/06/2025

"𝐄𝐢𝐝 𝐚𝐥-𝐀𝐝𝐡𝐚 𝐌𝐮𝐛𝐚𝐫𝐚𝐤" 🕌☪

အစ္စလာမ် ဘာသာဝင်တို့ အထွဋ်အမြတ်ထားတဲ့ အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့လေးမှာ မိဘပြည်သူအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ ဘေးဘယာအပေါင်းမှ ကင်းဝေးကြပါစေကြောင်း သုခမြင့်မိုရ် မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်
ရှင်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️-09 661 076 114 ,09 684 561 817, 09 695 167 686, 09 889 944 073, 09 889 944 014, 09 262 226 168

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

Ultrasound ရိုက်ရန်လိုအပ်လာပါက…Ultrasound ရိုက်ခြင်း အကျိုးကျေးဇူးများ..✅ ကိုယ်ဝန်ရှိမရှိ သိရှိနိုင်ခြင်း✅ မိမိသန္ဓေသား၏...
06/06/2025

Ultrasound ရိုက်ရန်လိုအပ်လာပါက…

Ultrasound ရိုက်ခြင်း အကျိုးကျေးဇူးများ..

✅ ကိုယ်ဝန်ရှိမရှိ သိရှိနိုင်ခြင်း

✅ မိမိသန္ဓေသား၏ ကြီးထွားမှု၊ အနေအထား၊ ရေမွှာရည်ပမာဏ နှင့် နှလုံးခုန်နှုန်းများ အား သိရှိနိုင်ခြင်း

✅ ကလေး မီးဖွားမည့်ရက်ကို ခန့်မှန်းသိရှိနိုင်ခြင်း

✅ အသည်း၊ ကျောက်ကပ်၊ သည်းခြေအိတ်၊ ပန်ကရိယ နှင့် သားအိမ် အစရှိသည့် ကိုယ်တွင်း ကလီစာများနှင့် ပတ်သက်သော ရောဂါများအား စမ်းသပ်စစ်ဆေးနိုင်ခြင်း

✅ အစာအိမ်နင့် အူလမ်း​ကြောင်း ဆိုင်ရာ ​ရောဂါများ စမ်းသပ်ရှာဖွေနိုင်ခြင်း

✅ အမျိုးသားများ ဆီးကျိတ်ကြီးခြင်း နှင့် ရှိ/မရှိစစ်​ဆေးနိုင်ခြင်း

✅ လည်ပင်းကြီး​ရောဂါ Thyroid နှင့်ပတ်သက်​သော​ရောဂါများ၊ လည်ပင်း အကျိတ်ကြီးခြင်းများအား စစ်​ဆေးနိုင်ခြင်း

✅ အမျိုးသမီး ရင်သား အကျိတ် များအား စမ်းသပ်နိုင်ခြင်း

✅ သွေး​ကြောများထဲတွင် သွေးခဲခြင်း ရှိ/မရှိ၊ သွေး​ကြောကျဥ်းခြင်းများရှိ/မရှိ စစ်ဆေးနိုင်ခြင်း

✅ မိန်းမကိုယ်အတွင်းမှ အာထွာဆောင်းရိုက်၍ မမျိုးဥ အားကြည့်ရူ နိုင်ခြင်း

စသည်တို့ကို သိရှိနိုင်ပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့ တီဗွီဓာတ်မှန် (USG) ရိုက်ကူးရန် လိုအပ်လာပါက သုခမြင့်မိုရ် အထူးကု ဆေးခန်းမှာ ရိုက်ကူးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️-09 889 944 073, 09 889 944 014, 09 262 226 168

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

🔔မိုးဦးကာလဂရုစိုက်ပါ သွေးလွန်တုပ်ကွေးရောဂါ🔔သွေးလွန်တုပ်ကွေးရောဂါဟာ မိုးရာသီမှာအဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အထူးသ...
04/06/2025

🔔မိုးဦးကာလဂရုစိုက်ပါ သွေးလွန်တုပ်ကွေးရောဂါ🔔

သွေးလွန်တုပ်ကွေးရောဂါဟာ မိုးရာသီမှာအဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် မေလ မှ စက်တင်ဘာလ အတွင်း ဖြစ်ပွါးလေ့ရှိပြီး အသက်အရွယ်၊ ကျား/မ မရွေး ဖြစ်ပွါးနိုင်ပါတယ်။ (အသက်၅ နှစ် မှ ၁၄ နှစ်အတွင်း ကလေးငယ်များတွင် ပို၍အဖြစ်များပါတယ်)

သွေးလွန်တုပ်ကွေးရောဂါဆိုတာဘာလဲ❓

ခြင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးဖြစ်ပြီး သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ခြင်ဟာ နေ့ခင်းဘက်မှာ ကိုက်လေ့ရှိပါတယ်။

ရောဂါလက္ခဏာကဘာတွေလဲ❓

သွေးလွန်တုပ်ကွေးရောဂါမှာ အဆင့်၄ဆင့်ရှိပါတယ်။

✅ အဆင့်(၁)

❗️အဖျားကြီးခြင်း၊
❗️ခေါင်းကိုက်ခြင်း၊
❗️ကိုယ်လက် ကိုက်ခဲခြင်း၊
❗️လက်မောင်း၊ ပေါင် အရေပြားပေါ်တွင် အနီစက်များ ထွက်လာခြင်း၊
❗️အစားအသောက်ပျက်ခြင်း၊
❗️အညိုရောင် အရည်များ အော့အန်ခြင်း၊
❗️ဗိုက်နာခြင်းများ

စတဲ့ လက္ခဏာများ ဖြစ်လာတတ်ပါတယ်။

✅အဆင့်(၂)

အချို့လူနာများတွင်....
‼️သွေးအန်ခြင်း၊
‼️နှာခေါင်းသွေးယိုစီးခြင်း၊
‼️သွေးဝမ်းသွားခြင်း

စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွါးတဲ့၂ ရက် မှ ၇ ရက်အတွင်းဟာ အလွန်အရေးကြီးတဲ့အတွက် ကုသမှုနောက်ကျပါက အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။

✅အဆင့်(၃)

‼️❗️လူနာ သွေးခုန်နှုန်း အားနည်းလာခြင်း၊
‼️❗️ ခြေ၊ လက်များ အေးနေခြင်း၊
‼️❗️အသားအရည်ဖျော့တော့ပြီး မအီမသာဖြစ်ခြင်းများ

စတဲ့လက္ခဏာများ ခံစားရနိုင်ပါတယ်။

ဒီအခြေနေရောက်လာရင်တော့ ဆရာဝန်နှင့် မဖြစ်မနေ ပြသဖို့လိုအပ်လာပါပြီ။

✅ အဆင့်(၄)

သွေးပေါင်ချိန်တွေ တအားကျလာပြီး တိုင်းဖို့တောင်ခက်ခဲနေပြီဆိုရင် လူနာအတွက်စိုးရိမ်ရတဲ့အတွက် ဆေးရုံကိုအမြန်ဆုံးပို့ရပါမယ်။

ဘယ်လိုကာကွယ်ကြမလဲ❓

✔️ခြင်ကိုက်မခံရအောင်နေပါ။
✔️ရေထည့်ထားသောနေရာများကို စနစ်တကျလုံအောင်ဖုံးအုပ်ပါ။
✔️ရေဆိုးမြောင်းများ၊ ရေဝပ်နေသောနေရာများကို သန့်ရှင်းရေးများ မကြာခဏလုပ်ပေးပါ။
✔️အိပ်လျှင် ခြင်ထောင်နှင့်အမြဲအိပ်ပါ။

ဘယ်လိုကုသရမလဲ❓

✅ ထိုအချိန်မှာ ရေများများသောက်ပါ။
✅ မကြာခဏ ရေပတ်တိုက်ပေးပါ။
✅ ပါရာစီတမော သောက်နိုင်ပါတယ်။ (အက်စပရင်တို့ အိုင်ဗျူပရိုဖင်တို့ဟာ သွေးယိုစိမ့်မှု ဖြစ်ပွား လာနိုင်သည့်အတွက် မသောက်သင့်ပါ)
✅ လူနာကို သွေးလွန်တုပ်ကွေးရောဂါလို့ သံသယရှိ တာနဲ့ စောစီးစွာ ဆေးကုသမှုခံယူပါ။

သွေးလွန်တုပ်ကွေးရောဂါဟာ အချိန်မှီဆေးကုသမှုခံယူလိုက်ရင် ပျောက်ကင်းနိုင်သော်လည်း စောစီးစွာ မကုသလျှင် အသက်အန္တရာယ်ပါထိခိုက်နိုင်ပါတယ်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️-09 661 076 114 ,09 684 561 817, 09 695 167 686, 09 889 944 073

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်

❝ 𝐖𝐨𝐫𝐥𝐝 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧 𝐃𝐚𝐲 ❞ 🥕🍊🌽ဒီနေ့ဟာ "𝐖𝐨𝐫𝐥𝐝 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧 𝐃𝐚𝐲 (ကမ္ဘာ့အာဟာရနေ့)" ဖြစ်ပါတယ်ရှင်။ ဒီနှစ် 𝟐𝟎𝟐𝟓 ရဲ့ 𝐓𝐡𝐞𝐦𝐞 ကတော့ ''𝐅...
28/05/2025

❝ 𝐖𝐨𝐫𝐥𝐝 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧 𝐃𝐚𝐲 ❞ 🥕🍊🌽

ဒီနေ့ဟာ "𝐖𝐨𝐫𝐥𝐝 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧 𝐃𝐚𝐲 (ကမ္ဘာ့အာဟာရနေ့)" ဖြစ်ပါတယ်ရှင်။

ဒီနှစ် 𝟐𝟎𝟐𝟓 ရဲ့ 𝐓𝐡𝐞𝐦𝐞 ကတော့ ''𝐅𝐨𝐨𝐝 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐬 𝐔𝐬'' ဖြစ်ပါတယ်။

အစားအသောက်ဟာ လူတစ်ယောက်အသက်ရှင်နေထိုင်ဖို့အတွက် မရှိမဖြစ်အရေးပါဆုံးဖြစ်သလို မတူညီတဲ့ ယဥ်ကျေးမှုတွေ၊ လူမျိုးတွေကို ဆက်သွယ်ပေးနိုင်တဲ့ ပေါင်းကူးတံတားလည်းဖြစ်ပါတယ်ရှင်။ 🤝

"အစာလည်းဆေး၊ ဆေးလည်းအစာ"ဆိုတဲ့အတိုင်း အရေးပါလှတဲ့ အစားအသောက်ကို

✅ ကျန်းမာရေးနဲ့ညီညွတ်အောင် ရွေးချယ်စားသောက်ပါ။
✅ အစာအုပ်စု (၃) အုပ်စုညီညွတ်မျှတအောင်စားပါ။
✅ အသင့်စားအစားအသောက်တွေကို တတ်နိုင်သမျှရှောင်ကြဥ်ပါ။

"𝐖𝐨𝐫𝐥𝐝 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐧 𝐃𝐚𝐲" မှာ အသိ၊ သတိနဲ့ယှဥ်ပြီး အစားအသောက်ကိုရွေးချယ်စားသောက်
နိုင်စေဖို့ သုခမြင့်မိုရ် မှ ရေးသားမျှဝေလိုက်ရပါတယ်ရှင်။

" ကျန်းမာခြင်း အတွက်ဆို သုခမြင့်မိုရ်"

ဆက်သွယ်ရန်..

☎️-09 661 076 114 ,09 684 561 817, 09 695 167 686, 09 889 944 073, 09 889 944 014, 09 262 226 168

🏥-၁၁၅လမ်း၊ ၇၄x၇၅လမ်းကြား၊ အမှတ် (ခ) ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးမြို့။



#သုခမြင့်မိုရ်


#

Address

115st, 74x75s
Mandalay

Website

Alerts

Be the first to know and let us send you an email when Thukha Myint Mo 24 Hours Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram