Dr. Aye Min Htoo

Dr. Aye Min Htoo This is the official page of Dr. Aye Min Htoo's Dermatology clinic in Myanmar.

လူတိုင်းသိတဲ့ ဝဲယားနာဖြစ်ရင် ယားယံတဲ့ အနီဖုလေးတွေဖြစ်တယ်။ ဒီဝဲရောဂါက အရည်ကြည်ဖုဖြစ်တယ်။ bullous scabies ခေါ်ပါတယ်။ သာမန်...
15/11/2025

လူတိုင်းသိတဲ့ ဝဲယားနာဖြစ်ရင် ယားယံတဲ့ အနီဖုလေးတွေဖြစ်တယ်။ ဒီဝဲရောဂါက အရည်ကြည်ဖုဖြစ်တယ်။ bullous scabies ခေါ်ပါတယ်။ သာမန်ဝဲကုသမှုနဲ့ မတူပဲကုရတယ်။ ပျံ့ပွားလွယ်တယ်။ လူတစ်ရာမှာ တစ်ယောက် တွေ့ရခဲလို့ ဗဟုသုတရအောင် တင်ပေးလိုက်ပါတယ်။

ဆေးပညာက ရှုပ်ထွေးတယ်...

အဖြစ်များတဲ့ ပျားရည်ဖတ်အနာImpetigo (ပျားရည်ဖတ်အနာ)ဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ အနာတစ်မျိုး ဖြစ်ပါတယ်။ ဒီအနာဟာ ကူးစ...
20/10/2025

အဖြစ်များတဲ့ ပျားရည်ဖတ်အနာ

Impetigo (ပျားရည်ဖတ်အနာ)ဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ အနာတစ်မျိုး ဖြစ်ပါတယ်။ ဒီအနာဟာ ကူးစက်လွယ်ပြီး ကလေးငယ်တွေ အများဆုံးဖြစ်ကြတယ်။ မွေးကင်းစမှ အသက် (၅)နှစ်အတွင်း အဖြစ်များတယ်။မျက်နှာ၊ လက်၊ ခြေထောက် စတဲ့နေရာတွေမှာ အဓိကတွေ့ရတယ်။ impetigoကို မြန်မာလို အနာစက်လို့ ဘာသာပြန်ကြတယ်။ တကယ်တော့ ပိုးဝင်ကာစ red sore အဆင့်မှာပဲ အနာစက်လို့ ခေါ်ဝေါ်သင့်တယ်။ ဆေးရုံဆေးခန်းမှာရောက်လာတဲ့ impetigo အများစုဟာ အဝါရောင် ပျားရည်ဖတ်တွေကပ်နေတဲ့ အနာ (yellow-colored honey crust)ပုံစံမျိုးနဲ့ ရောက်လာလေ့ရှိပါတယ်။ပျားရည်ဖတ်အနာတွေဟာ ယားယံတတ်ပါတယ်။

Impetigo(ပျားရည်ဖတ်အနာ)ကို အဓိကဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုး နှစ်မျိုးရှိတယ်။ အဖြစ်အများဆုံးက Staphylococcus aureus ပိုးကြောင့် အဓိကဖြစ်တယ်။ Streptococcus pyogenes ပိုးကြောင့်လည်း ဖြစ်တတ်သေးတယ်။ သာမန်အားဖြင့် အဆိုပါပိုးတွေဟာ အရေပြားမှာ ပုံမှန်အတိုင်းနေထိုင်ကြတယ်။ အရေပြားမှာ ခြစ်ရာ၊ ပွန်းရာ၊ ရှရာ ဝင်ရုံလောက်နဲ့ impetigo အနာဖြစ်ဖို့ လုံလောက်ပါတယ်။

စဖြစ်ဖြစ်ချင်း အရေပြားပေါ်မှာ ရောင်ရမ်းတဲ့ အနာစက်ပုံစံဖြစ်လေ့ရှိတယ်။ ကြာရင် အနာကပေါက်ထွက်ပြီး အရည်တွေ စိမ့်ထွက်လာတယ်။ ဒီအရည်တွေကတဆင့် ပျားရည်ဆန်ဆန် အဝါဖတ်တွေဖြစ်ပေါ်လာတယ်။ အနာက ပေါက်ထွက်တဲ့အခါ တခြားနေရာကို ကူးစက်ပျံ့နှံ့လွယ်တယ်။ တခါတရံ အနာနဲ့အတူ အဖျားကြီးတာ၊ နာကျင်ကိုက်ခဲတာမျိုးရှိနိုင်တယ်။ တခါတရံ ပိုးကောင် အင်းဆက်ကိုက်ခံရတဲ့ဒဏ်ရာ (သို့မဟုတ်) နှင်းခူနာနဲ့ ဝက်ခြံလို အရေပြားရောဂါတွေက တဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး အနာဖြစ်လာတယ်။ အများစုဟာ နှာခေါင်း၊ ပါးစပ်၊ မေးစေ့တစ်ဝိုက်မှာ ဖြစ်ကြတယ်။

လက္ခဏာများ

(၁) Non-bullous Impetigo (ရိုးရိုးအနာစက်)
ရိုးရိုးအနာစက် (Non-bullous Impetigo) နဲ့ အရည်ကြည်ဖုအနာ (Bullous Impetigo) ဆိုပြီး နှစ်မျိုးရှိတယ်။ ဒီထဲမှာ Non-bullous Impetigo (ရိုးရိုးအနာစက်)က အဖြစ်များဆုံး ဖြစ်ပါတယ်။Staphylococcus aureus (၈၀%) နဲ့ Streptococcus pyogenes (၁၀%) ပိုးနှစ်မျိုးလုံးကြောင့် ဖြစ်နိုင်တယ်။ ကနဦးမှာ အနီရောင်အစက်ငယ်တွေ စတင်ဖြစ်ပေါ်လာတယ်။ ဒီအနာစက်တွေက ပြည်ဖုငယ် (vesicles/pustules)တွေ အဖြစ်မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတယ်။ ပြည်ဖုလေးတွေ ပေါက်ထွက်ပြီးနောက်ပိုင်း အဝါရောင် (ပျားရည်နှင့်တူတဲ့) အဖတ်များ ဖြစ်လာပါတယ်။ အနာကျက်ပြီး အညိုရောင် (သို့) အနီရောင် အမာရွတ်တွေ ကျန်ရစ်တတ်ပါတယ်။

(၂) Bullous Impetigo (အရည်ကြည်ဖုအနာ)
အရည်ကြည်ဖုထွက်တဲ့ impetigo အနာဟာ Staphylococcus aureus ပိုးကြောင့် ဖြစ်တယ်။ ပိုးဝင်ပြီးမကြာခင် အရေပြားမှာ အရည်ကြည်ဖုလုံး (bullae)တွေ စတင်ထွက်ပေါ်လာတယ်။ အရည်ကြည်ဖုဟာ အစပိုင်းမှာ ကြည်လင်နေသလောက် နောက်ပိုင်းမှာ ပြည်တည်နာဆန်ဆန် နောက်ကျိပါတယ်။ အရည်ဖုတွေ ပေါက်ထွက်သွားပြီး အဝါရောင်အဖတ်တွေ ကပ်လာပါတယ်။ အနာက နာကျင်ကိုက်ခဲတာမျိုး ရှိတတ်တယ်။

Impetigo (ပျားရည်ဖတ်အနာ) တွေဟာ အလွန်ကူးစက်လွယ်ပါတယ်။ ရောဂါရှိသူနဲ့ အရေပြားချင်း တိုက်ရိုက်ထိတွေ့မိရုံနဲ့ ကူးစက်နိုင်တယ်။ ရောဂါရှိသူ သုံးထားတဲ့ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်း၊ ရေချိုးဆပ်ပြာ စသည်တို့ကို မျှဝေသုံးစွဲမိခြင်းကြောင့်လည်း ကူးစက်နိုင်ပြန်တယ်။ တခါတရံ ရောဂါရှိသူကိုယ်တိုင်က ယားယံတဲ့ ပျားရည်ဖတ်အနာတွေကို ကုတ်ခြစ်မိပြီး အခြားနေရာသို့ ပြန့်ပွားစေနိုင်တယ်။ ဒါ့ကြောင့် လက်ကို သန့်ရှင်းဖို့ လိုပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြမလဲ
အောက်ပါလက္ခဏာတွေ ပေါ်ပေါက်လာရင် ဆရာဝန်နှင့် ချက်ချင်းပြသပါ။
· အနာတွေ ဆက်လက်ပြန့်ပွားနေခြင်း
· ကိုယ်ပူခြင်း
· အနာက နာကျင်လာခြင်း၊ နီရဲလာခြင်း၊ ရောင်ရမ်းလာခြင်း
· ဆီးသွားနည်းခြင်း (ကျောက်ကပ်ပြဿနာ လက္ခဏာ)
· မောပန်းနွမ်းနယ်ခြင်း

ကုသနည်း
Impetigo ရောဂါက ကုရလွယ်ပါတယ်။ ရောဂါမပြင်းထန်ရင် ပဋိဇီဝပိုးသတ်လိမ်းဆေး (Antibiotic Ointment)တွေ သုံးနိုင်တယ်။ Mupirocin လိမ်းဆေး သို့မဟုတ် Fusidic Acid လိမ်းဆေးတွေ ဆရာဝန်ညွှန်ကြားချက်ဖြင့် သုံးစွဲနိုင်တယ်။ ရောဂါအခြေအနေ ပြင်းထန်ရင် ဒါမှမဟုတ် ရောဂါပျံ့ပွားနေတဲ့အခါမျိုးမှာ ပဋိဇီဝသောက်ဆေး (Oral Antibiotics) တွေ သောက်ဖို့လိုပါတယ်။ cephalexin, cloxacillin, dicloxacillin စတဲ့ သောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးနိုင်တယ်။

အိမ်တွင်းကုထုံး
· အနာကို သန့်ရှင်းအောင်ထားပါ။ ရေသန့်သန့်နဲ့ ဆပ်ပြာအသုံးပြုပြီး ဆေးကြောပါ။
· အနာပေါ်က အဖတ်တွေကို ဖယ်ရှားဖို့ ရေနွေးအိတ် သို့ ရေနွေးအဝတ်စ အုပ်ပေးနိုင်တယ်။
· အနာကို ပလာစတာ (သို့) ပတ်တီးစနဲ့ စည်းထားပါ။ ပိုးပြန့်ပွားမှုကို ကာကွယ်ပေးပါတယ်။
· ယားယံတဲ့အနာကို မကုတ်မိဖို့ အထူးဂရုပြုပါ။ ကလေးငယ်တွေမှာ လက်အိတ်စွပ်ပေးနိုင်ပါတယ်။

ကာကွယ်ခြင်း
· လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ။
· ရောဂါရှိသူ သုံးစွဲထားတဲ့ အဝတ်အစား၊ အိပ်ရာခင်း၊ ပဝါများကို သီးသန့်လျှော်ဖွတ်ပါ။
· အရေပြားပေါ်ရှိ အနာ၊ ခြစ်ရာ၊ ကိုက်ခံရဒဏ်ရာများကို သန့်ရှင်းအောင်ထားပါ၊ ဆေးထည့်ပါ။
· ရောဂါရှိသူသည် ဆေးကုသမှုစတင်ပြီး ၂ရက်အတွင်း (သို့) ခြောက်သွေ့ပြီး အနာကျက်တဲ့အထိ ကျောင်း/အလုပ်မှ နားပြီး အိမ်မှာနေသင့်တယ်။

ဒေါက်တာအေးမင်းထူး
၂၀.၁၀.၂၀၂၅

🎇🪔 သီတင်းကျွတ် ဆေးခန်းပိတ်ရက် 🎇🪔အောက်တိုဘာ ( 4.10.2025 မှ 8.10.2025 )နေ့အထိ ဆေးခန်းပိတ်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါ...
02/10/2025

🎇🪔 သီတင်းကျွတ် ဆေးခန်းပိတ်ရက် 🎇🪔

အောက်တိုဘာ ( 4.10.2025 မှ 8.10.2025 )နေ့အထိ ဆေးခန်းပိတ်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

October 9 ရက်နေ့တွင် ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်။

ဆေးခန်းလိပ်စာ
၆၆ လမ်း၊ ၃၉ လမ်းထောင့်၊ မန္တလေးမြို့။
09-2051590, 09-402588148

www.drayeminhtoo.com

ခရုသင်းကြောင့် စိတ်မညစ်စေရခရုသင်းဆိုတာ အသားအရောင် မညီညာဘဲ အဖြူကွက်တွေ ပေါ်ပေါက်လာတာမျိုးကို ခေါ်ပါတယ်။ စာရင်းဇယားတွေအရ တ...
14/09/2025

ခရုသင်းကြောင့် စိတ်မညစ်စေရ

ခရုသင်းဆိုတာ အသားအရောင် မညီညာဘဲ အဖြူကွက်တွေ ပေါ်ပေါက်လာတာမျိုးကို ခေါ်ပါတယ်။ စာရင်းဇယားတွေအရ တကမ္ဘာလုံးမှာ ခရုသင်း(vitiligo)ဖြစ်သူ ၆၅သန်းလောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ဟာ ခရုသင်း ဖြစ်နေတယ်လို့ တွေ့ရှိရပါတယ်။ အမေရိကားတစ်နိုင်ငံထဲမှာကို ဒီလိုရောဂါသည်ပေါင်း ၂ သန်းလောက် ရှိနေပါတယ်။မိဘနှစ်ပါးအနက် တယောက်ယောက်မှာ ဒီရောဂါရှိရင် ကလေးငယ်မှာဖြစ်ဖို့ ၅-၁၀ရာခိုင်နှုန်း ရှိတာကြောင့် မျိုးရိုးလိုက်တယ် ယူဆကြတယ်။ ခုခံအားချင်းပြန်တိုက်တဲ့ ရောဂါရှိသူတွေမှာ ပိုတွေ့ရတယ်။ အသားလတ်သူထက် အသားမည်းသူတွေမှာ အဖြူကွက်တွေက ပိုထင်ရှားတယ်။ ဖြစ်လာရင် ပျောက်ဖို့ခက်ခဲတဲ့ အရေပြားရောဂါထဲမှာ ခရုသင်းရောဂါလည်း ပါဝင်ပါတယ်။

ခရုသင်း၊သမင်ဖြူကွက်တွေ ဘာ့ကြောင့် ဖြစ်သလဲ
ခရုသင်းကို ဖြစ်စေတာက melaninခေါ်တဲ့ ရောင်ခြယ်ပစ္စည်း ချို့တဲ့လို့ပါ။ တနည်းအားဖြင့် အမည်းရောင်ခြယ်ဆဲလ်တွေ ပျက်ဆီးကုန်တာ။အရေပြားတထောက်စာမှာ အသားအရောင် ပြောင်းလဲမှုဟာ melaninခေါ်တဲ့ ရောင်ခြယ်ပစ္စည်းကြောင့် ဖြစ်ပါတယ်။မယ်လနင်ဆိုတာကို အမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ tyrosineကနေ ရရှိပါတယ်။ နေရောင်နဲ့ထိတွေ့တဲ့အခါ အရေပြားကို ကာကွယ်ဖို့ melaninခေါ်တဲ့ အမည်းရောင် ပစ္စည်းတမျိုးကို melanocytesခေါ်တဲ့ အရေပြားဆဲလ်တွေက ထုတ်ပေးရပါတယ်။ ဘာေ့ကြာင့်လဲဆိုတော့ နေရောင်မှာ ပါဝင်တဲ့ ဓာတ်ရောင်ခြည်တွေ၊ခရမ်းလွန်ရောင်ခြည်တွေကို မယ်လနင်(melanin)ဓာတ်က ကာကွယ်ပေးနိုင်လို့ပါ။ ခရုသင်းခေါ်တဲ့အရေပြားရောဂါမှာ ပြဿနာက မယ်လနင်(melanin)တွေ ချို့တဲ့တာ၊ပျက်ဆီးတာဖြစ်ပြီး အရေပြားကို အရောင်မခြယ်နိုင်တော့တာပါ။

လူ့ခန္ဓာ ကိုယ်၏ ကိုယ်ခံအားစနစ် လုပ် ဆောင်ချက် ချို့ယွင်းခြင်းနှင့် မျိုးရိုး ဗီဇတို့ကြောင့်ဖြစ်သည်။ ခုခံအားချင်း ပြန်တိုက်ခိုက်တဲ့autoimmune diseaseကြောင့် T-lymphocyte တွေက ဖျက်ဆီးလို့ ဖြစ်စေနိုင်တယ်။ စိတ် ဖိစီးမှုများခြင်း၊ Chemical Agents နှင့် ထိတွေ့မှုများခြင်း ၊ ဗိုင်းရပ်စ်ပိုးမွှား များကြောင့်လည်း ဖြစ်တတ်ပါသည်။ဆံပင်ဆိုးဆေးမှာ ပါဝင်တဲ့ phenolဓာတ်တမျိုးကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ တခါတရံ အသားမစားသူတွေမှာ အဖြူကွက်လေးတွေ တွေ့ရတတ်ပေမယ့် နောက်ပိုင်းမှာ ပြန်ပျောက်သွားတတ်ပါတယ်။

ခရုသင်းရဲ့ လက္ခဏာ
ခရုသင်း ကနဦးအစမှာ အဖြူကွက်တွေ ပေါ်မှန်းမသိ ပေါ်ပေါက်လာပါတယ်။ အများစုဟာ ယားတာ၊နာတာမျိုးမရှိတတ်ဘူး။ တခါတရံ ဖြစ်စမှာ ယားတာမျိုးတော့ ရှိနိုင်တယ်။အကွက်ငယ်ကနေ အကွက်ကြီးထိ အမျိုးမျိုး ဖြစ်နိုင်တယ်။ နေရာကွက်ပြီး ဖြစ်နိုင်သလို တကိုယ်လုံးလည်း ဖြစ်နိုင်တယ်။ အကွက်ရဲ့အနားသတ်တွေက မညီမညာဖြစ်နေမယ်။အရောင်ရင့်တာ(သို့)အရောင်ဖျော့တာ နှစ်မျိုးလုံးဖြစ်နိုင်တယ်။ အသားမည်းသူတွေမှာ ပိုသိသာတယ်။ တခြားအရေပြားရောဂါတွေနဲ့ မှားနိုင်တယ်။ ၉၅ရာခိုင်နှုန်းဟာ အသက် ၄၀မတိုင်မှီ စဖြစ်ကြတယ်။အများစုဟာ အသက် ၁၀နှစ်မှ၃၀နှစ်အတွင်း ဖြစ်ကြတယ်။ ဖြစ်တဲ့ပုံစံပေါ်မူတည်ပြီး သုံးမျိုးခွဲထားတယ်။

၁။focal vitiligo
နေရာကွက်ပြီး ဖြစ်သလို မသိသာတတ်ဘူး။ဖြစ်ပြီးရင် ပျောက်ဖို့လွယ်တယ်။ ကလေးတွေမှာ သူ့ဘာသာပြန်ပျောက်သွားနိုင်တယ်။

၂။segmental vitiligo
ခန္ဓာကိုယ်တခြမ်းထဲမှာသာ ဖြစ်တယ်။အာရုံကြောရဲ့ dorsal rootမှာဖြစ်လို့ ကျောရိုးမရဲ့ တဖက်တည်းမှာ ကွက်ပြီးဖြစ်တယ်။ ပျံ့နှံဖို့လွယ်သလို လိမ်းဆေးပေးတဲ့အခါလည်း ပျောက်ဖို့ပိုလွယ်တယ်။

၃။generalised vitiligo
တကိုယ်လုံးအနှံ့တွေ့ရတဲ့ပုံစံ ဖြစ်ပါတယ်။ အဖြစ်လည်း များတယ်။အကယ်၍ အဖြူကွက်တွေက တပြင်လုံး နေရာအနှံ့ဖြစ်ရင် vitiligo universalisလို့ ခေါ်ပါမယ်။ အရှင်လတ်လတ် အဖြူဘဝပြောင်းသွားသူပေါ့။

မွေးရာပါmelaninဓာတ် လုံးဝချို့တဲ့နေသူကို albinismလို့ ခေါ်ပါတယ်။မသိသူတွေကတော့ အင်္ဂလိပ်ခေတ်က လူဝင်စားလို့ ယူဆကြတယ်။ ကွာခြားချက်က သမင်ဖြူ(vitiligo)ဆိုတာ မွေးရာပါ မဟုတ်ပါဘူး။

ခရုသင်းလို အရေပြားရောဂါကို ကျွမ်းကျင်ဆရာဝန်က ဆုံးဖြတ်ပေးရတယ်။ တခါတရံ နှင်းခူလိုတခြား အရေပြားရောဂါတွေနဲ့ မှားတတ်တယ်။ သိသာစေချင်ရင် wood's lamp(ultraviolet lamp)အလင်းပေးပြီး ခွဲခြားနိုင်တယ်။လိုအပ်ရင် အသားစဖြတ်ယူပြီး စမ်းသပ်နိုင်ပါတယ်။ တခြား ခုခံအားရောဂါတွေပါ ဆက်လက်စစ်ဆေးရပါမယ်။

ခရုသင်းကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ
သူများနဲ့ မတူတဲ့ အဖြူကွက်တွေကြောင့် စိတ်ဓာတ်ကျလွယ်လာတယ်။ စိတ်ဒဏ်ရာရလာတယ်။ ကိုယ့်ဘာသာ သိမ်ငယ်လာတယ်။ ယုံကြည်မှုမရှိတော့ဘူး။ နာတာရှည်ရောဂါဆိုပြီး လူထဲမသွားချင်တော့ဘူး။ ဒါ့ပြင် အရေပြားကို ကာကွယ်ပေးတဲ့ ရောင်ခြယ်ပစ္စည်း ပျက်ဆီးတာမို့ နေရောင်ဒဏ်ကို ပိုခံစားရမယ်။ အသားအရေကြမ်းတာ၊မညီညာတာ ဖြစ်လာသလို နေလောင်လွယ်လာတယ်။ မျက်စိ၊နားစတာတွေမှာဖြစ်ရင် အမြင်အာရုံ၊ အကြားအာရုံချို့ယွင်းတာ ဖြစ်နိုင်တယ်။

ဘယ်လိုကုသနိုင်လဲ
ကုသတဲ့နည်းတွေကတော့ သောက်ဆေး၊လိမ်းဆေး၊အလင်းကုထုံး စသည်ဖြင့် အမျိုးမျိုးရှိတယ်။ပျောက်ကင်းနှုန်းတွေ မတူကြဘူး။ ရောဂါတုံ့ပြန်မှု မြင်တွေ့ဖို့ ၃လ-၂နှစ်ထိ ကြာနိုင်ပါတယ်။သေးတဲ့အကွက်တွေကို မသိသာအောင်၊လျှော့နည်းအောင် လုပ်ပေးနိုင်တယ်။

၁- ခရုသင်းအတွက် သောက်ဆေးအမျိုးမျိုးရှိတယ်။ တချို့က psoralen ဆေးတွေသောက်ကြတယ်။ ဘေးထွက်ဆိုးကျိုးများတယ်။ အဖြူကွက်က သက်သာမလာဘဲ အရေပြားကပိုမည်းကုန်လို့ အဖြူကွက်က ထင်းလာပါတယ်။ ဒါ့ကြောင့် နောက်ပိုင်းသိပ်မသုံးကြတော့ဘူး။ လေ့လာမှုတွေအရ phenylalanine နဲ့ tyrosine လို အမည်းရောင်ခြယ်ဓာတ် အားဖြည့်ပေးတဲ့ သောက်ဆေးတွေ အသုံးပြုနိုင်တယ်။ khellin extract အားဖြည့်ဆေး နဲ့ အလင်းကုထုံးတွဲကုရင် အဖြူကွက်ပျောက်ကင်းနိုင်ချေ ပိုပြီး များလာတယ်။ Khellin ဆိုတာ သဘာဝ psoralens ဓာတ်တစ်မျိုးဖြစ်ပြီး ဖိုတွန်အလင်းမှုန်တွေကို ကောင်းကောင်း တုံ့ပြန်နိုင်တယ်။ Vitinext plus သောက်ဆေးထဲမှာ ဒီဓာတ်တွေပါတယ်။ တစ်ရက် တစ်ကြိမ်-နှစ်ကြိမ် သောက်သုံးနိုင်တယ်။

၂- Phototherapy အလင်းရောင်ပေးပြီး ဖျော့နေတဲ့အကွက်တွေကို ပြန်ဖြည့်ပေးတယ်။ UV Aသို့ UV Bလို ခရမ်းလွန်ရောင်ခြည်ပေးပြီး ကုသရတယ်။ နောက်ပိုင်းမှာ ဆိုးကျိုးပိုနည်းတဲ့ UV Bကို အသုံးပြုလာကြတယ်။ ပြုပြင်ထားတဲ့ အလင်း (သို့) နေရောင်ထိချိန်ကို ဆေးလိမ်းပြီး နာရီဝက်မှာ ပြပေးရတယ်။ နောက်ပိုင်း အလင်းပြချိန် တဖြည်းဖြည်း ပိုကြာစေရတယ်။ သတိပြုရမှာက လိုအပ်တဲ့အချိန်ပမာဏသာ ထိတွေ့စေရမယ်။ ၆လ-၁နှစ်လောက် ပုံမှန်လုပ်ပေးရတယ်။ လေ့လာမှုတခုမှာ vitamin B12နဲ့ folic acidပါ တွဲပေးရင် အလင်းပေးကုသခြင်းကို ပိုမိုအကျိုးရှိစေတယ်။ပိုကောင်း၊ပိုသိသာချင်ရင် vitinext cream လိမ်းဆေးလိမ်းပြီး နေရောင်ပြပေးရတယ်။

၃- အရေပြားအစားထိုးတယ်ဆိုတာ ကောင်းတဲ့အရေပြားဆဲလ်တွေကို transplant အစားထိုးတဲ့နည်းဖြစ်ပါတယ်။

၄-အဖြူကွက်ပမာဏပိုများရင်(၅၀ရာခိုင်နှုန်းထက်များရင်) အကောင်းတိုင်းကျန်နေတဲ့ အရေပြား အရောင်ချွတ်တဲ့နည်း သုံးပေးနိုင်ပါတယ်။ monobenzone လို အရောင်ချွတ်ဆေး ပေးပြီး အရေပြားကို တသားတည်းဖြစ်အောင် အရောင်ချွတ်ပစ်တယ်။ monobenzone သုံးရင် အမည်းရောင်တွေအကုန်ကျွတ်သွားမှာမို့ တကိုယ်လုံးအဖြူ ဖြစ်သွားမှာကို ကြိုတင်သတိပေးရတယ်။ ရှိသင့်တဲ့အရောင်တွေ အကုန်ကျွတ်ကုန်တာမို့ ခရမ်းလွန်ရောင်ခြည်ကို မကာကွယ်နိုင်တော့ဘူး။ အရေပြားကင်ဆာဖြစ်နိုင်ချေမြင့်တက်လာတယ်။

၅-laser treatmentဆိုတာ အရေပြားရောဂါတွေမှာ စမ်းသပ်အောင်မြင်နေတဲ့ ကုသနည်းဖြစ်ပါတယ်။ အရေပြားမှာ မကောင်းတာ၊အရုပ်ဆိုးတာမျိုး ရှိရင် လေဆာရောင်ခြည်သုံးပြီး ကုသနိုင်တယ်။ ခရုသင်းမှာ excimer laserဆိုတာကို အသုံးပြုရတယ်။ဖြစ်တဲ့အဖြူကွက်က သေးငယ်ရင် ပိုအကျိုးရှိတာ တွေ့ရပါတယ်။

၆-Cosmetic camouflageဆိုတာ မိတ်ကပ်သုံးပြီး အရေပြားမညီညာတာကို ပြုပြင်ဖုံးကွယ်တာမျိုး ဖြစ်ပါတယ်။ သာမန်မိတ်ကပ်ထက်သာတဲ့အချက်က ရေစိုခံပြီး ၃-၄ရက်လောက် ကြာရှည်ခံတာဖြစ်ပါတယ်။ အရောင်စုံကို ရွေးချယ်နိုင်တယ်။သတိပြုရမယ့် အချက်က နေလောင်တာကို ကာကွယ်ပေးမယ်မဟုတ်ဘူး။ အမြင်အာရုံကို လှည့်စားတဲ့သဘောသာ ဖြစ်ပါတယ်။

၇-နေလောင်ကာလိမ်းဆေး
ခရုသင်း(သမင်ဖြူ)ကွက်တွေမှာ နေလောင်ကာလိမ်းဆေး ပေးနိုင်တယ်။အနည်းဆုံး SPF30 ပါဝင်တဲ့ နေလောင်ကာမျိုး လိမ်းပေးသင့်တယ်။

ဘာတွေ သိထားသင့်လဲ...
ခရုသင်းဟာ ကူးစက်ရောဂါမဟုတ်ဘူး။ ဒါ့ကြောင့် အတူနေမိသားစုဝင်တွေကို မကူးစက်နိုင်ပါဘူး။

ဆောင်ရန်၊ရှောင်ရန်
စိမ်းတဲ့ အသီးအရွက်များများစားပါ။
hydroquinoneပါဝင်တဲ့ ဘလူးဘယ်ရီ၊သစ်တော်သီး စတာတွေ ရှောင်ပါ။
ကော်ဖီ၊လက်ဖက်ရည်၊ချောကလက်၊အရက်၊ဘီယာ ရှောင်နိုင်ရင် ပိုကောင်းတယ်။

စိတ်ဖိစီးမှုကင်းဝေးအောင် အိပ်ရေးဝဝအိပ်ပါ။ တရားထိုင်တာ၊ယောဂကျင့်တာမျိုး လုပ်ပေးနိုင်ပါတယ်။ သောက်ဆေးထဲမှာ vitamin A ၊C ၊E၊ B12 ၊ folic acid ၊PABA ၊ iron၊ copper၊ zinc၊ selenium အိုမီဂါသရီး ပါဝင်တဲ့အားဆေးမျိုးသောက်ပေးနိုင်တယ်။phenylalanine အသားဓာတ်နဲ့ curcuminဓာတ်တွေက အကျိုးရှိတာ တွေ့ရတယ်။

အဖြူမြင်တိုင်း ခရုသင်း မဟုတ်..
အဖြူမြင်တိုင်း ခရုသင်းလို့တော့ မထင်စေချင်ဘူး။ တခြားရောဂါတွေလည်း ၁၀မျိုးမကရှိလို့ ဆရာဝန်နဲ့ သေချာပြသသင့်တယ်။ ဆေးပညာမှာ တိုးတက်မှုတွေရှိပြီဖြစ်လို့ စိတ်ဓာတ်ကျဖို့ မလိုဘဲ ကျွမ်းကျင်ဆရာဝန်နဲ့ စနစ်တကျကုသရင် သက်သာလာနိုင်ပါတယ်။

ဒေါက်တာအေးမင်းထူး
၁၄.၉.၂၅

ပါးပြင်ပေါ်က တင်းတိပ်လို အမဲစက်များ-------------------------------------(အမဲစက်ထွက်သူများ ဖတ်ရန်)Hori's nevus ဆိုတာ ပါးပ...
02/09/2025

ပါးပြင်ပေါ်က တင်းတိပ်လို အမဲစက်များ
-------------------------------------
(အမဲစက်ထွက်သူများ ဖတ်ရန်)

Hori's nevus ဆိုတာ ပါးပြင်မှာဖြစ်တဲ့ တင်းတိပ်ဆန်ဆန် အညိုရောင် (သို့) ပြာညစ်ညစ်ရောင် အမဲစက်တွေကို ခေါ်ပါတယ်။ အများစုဟာ တင်းတိပ်နဲ့ မှားကြတယ်။ မွေးကင်းစအရွယ်မှာ ဖြစ်တတ်တဲ့ မွေးရာပါအမဲစက် (Nevus Of Ota) နဲ့ ပုံစံဆင်တူတယ်။ Nevus Of Ota နဲ့ ကွာခြားတာက hori's nevus တွေဟာ မွေးရာပါမဟုတ်ဘဲ အရွယ်ရောက်ပြီး နောက်ပိုင်းမှ တဖြည်းဖြည်းချင်း ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီအမဲစက်တွေဟာ ပါးပြင်နှစ်ဖက်လုံးတပြိုင်နက်လိုလို ဖြစ်တတ်တယ်။ များသောအားဖြင့် အသက် ၃၀-၄၀အတွင်း အမျိုးသမီးတွေမှာ အဖြစ်များတယ်။

ဘာ့ကြောင့်ဖြစ်ပေါ်လဲ
ပုံမှန်အားဖြင့် အမည်းရောင်ဆဲလ် melanocytes တွေဟာ အရေပြားအပေါ်ယံလွှာ (epidermis) မှာပဲ ဖြစ်ပေါ်လေ့ရှိတယ်။ ဒီရောဂါမှာတော့ melanocytes တွေဟာ အရွယ်ရောက်လာတာနဲ့ အရေပြားအောက်လွှာ (dermis) ထဲမှာ ပုံမှန်မဟုတ်ဘဲ တဖြည်းဖြည်း စုပုံလာရာကနေ ဒီလို ပြာညိုရောင် အမဲစက်တွေ ပေါ်လာတာပါ။ ကြာလေများလေဖြစ်လာတယ်။ မျိုးရိုး၊ ဟော်မုန်းပြောင်းလဲမှုတွေနဲ့ နေရောင်ထိတွေ့မှုတွေနဲ့ ဆက်စပ်တယ်လို့ ဆိုနိုင်တယ်။ ဒီအမဲစက်ကို အာရှတိုက်ဖွား အမျိုးသမီးတွေမှာ အဓိကတွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာဖြစ်တဲ့သူ အင်မတန်ပေါတယ်။ အများစုက တင်းတိပ်နဲ့ မှားကြတယ်။

ကုသနည်း
ဒီလိုအမဲစက်ရောဂါဖြစ်ရင် လိမ်းဆေးသောက်ဆေးနဲ့ မသက်သာဘဲ လေဆာပစ်မှ ပျောက်ကင်းနိုင်တယ်။ လှိုင်းအလျား 1064nm ရှိတဲ့ Nd:YAG laser အမျိုးအစားကို အသုံးပြုပြီး အရေပြားအောက်လွှာမှာရှိတဲ့ အမဲရောင်ဆဲလ်တွေကို ဖြည်းဖြည်းချင်းဖြိုဖျက်ပစ်ရတယ်။ ကမ္ဘာ့နောက်ဆုံးပေါ် picosecond laser တွေက အာနိသင်အကောင်းဆုံးဖြစ်တယ်။ လေဆာကြောင့် ပျက်စီးသွားတဲ့ အမဲရောင်ဆဲလ်တွေကို အရေပြားအောက် သွေးဖြူဥတစ်မျိုးက ဝါးမြိုပြီး ဖျက်စီးပစ်တယ်။ လေဆာကဖျက်စီးလိုက်ပေမယ့် အမဲစက်က ချက်ချင်းမသိသာသေးဘဲ သွေးဖြူဥကသွားရောက်ဝါးမြိုအောင် အချိန်နည်းနည်းတော့ပေးရတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းချင်း သက်သာအောင်လုပ်ရတယ်။ အရေပြားအောက်လွှာမှာဖြစ်တဲ့ အမဲစက်ဖြစ်လို့ ချက်ချင်းကြီး မသက်သာဘူး။ ကုရခက်တယ်။ တစ်ကြိမ်ပစ်ပြီးတိုင်း အရောင်တဖြည်းဖြည်း ပျော့သွားပြီး အနက်ရောင်စက် ပိုသေးသွားလာတယ်။ ဒီလိုနဲ့ အမည်းစက်ကင်းစင်အောင် ပြုလုပ်ရတယ်။ သတိပြုရမှာက အရောင်ဖျက်ဆေး (hydroquinone)တွေက ဒီအမဲကွက်တွေပိုဆိုးစေတယ်။ Hori's nevus တွေဟာ များသောအားဖြင့် လေဆာ ၆-၁၀ကြိမ် ထိ ပစ်ရတတ်ပါတယ်။ သိသာထင်ရှားတဲ့ ရလာဒ်အတွက် အနည်းဆုံး အချိန် (၆)လ၊(၁)နှစ် လိုအပ်ပါတယ်။

သိထားသင့်သည့်အချက်များ
* အမဲစက်တွေဟာ တစ်ကြိမ်ထဲနဲ့ အကုန်သက်သာသွားမှာ မဟုတ်ဘဲ တဖြည်းဖြည်းအရောင်ပျော့သွားတာ ဖြစ်ပါတယ်။
* အရေပြားသိသာပြောင်းလဲမှုရှိအောင် laser sessions အကြိမ်ရေအတွက်များစွာ လုပ်ဖို့လိုအပ်တယ်။
* သတိပြုရမှာက မျက်နှာအသားညိုတဲ့အရေပြားပိုင်ရှင်တွေမှာ (Fitzpatrick IV–V) မှာ post-inflammatory hyperpigmentation ခေါ်တဲ့ ရောင်ရမ်းမှုဖြစ်စဉ် ပိုဖြစ်နိုင်တဲ့အတွက်
လေဆာပြင်းအား(fluence) ကို စနစ်တကျတွက်ချက်ပြီးမှ အသေးစိတ်ကုသရတယ်။ ပြင်းအားများရင် အမဲစက်က ပိုဆိုးလာတတ်တာ သတိပြုပါ။ လေဆာပစ်ပြီး အမဲစက်တွေပိုထွက်လာတာ လေဆာပြင်းအား အချိန်အဆများလို့ ဖြစ်တယ်။
* လေဆာပစ်တဲ့အခါ သက်သာပျောက်ကင်းဖို့ အချိန် (၆)လထိ ပုံမှန်ပစ်ဖို့ လိုအပ်တယ်။
သက်သာပြီးနောက်ပိုင်း နေလောင်ကာလိမ်းဆေး နေ့စဉ်ပုံမှန်သုံးစွဲဖို့လည်း အထူးအရေးကြီးတယ်။

ဒေါက်တာအေးမင်းထူး
၂.၉.၂၅

အမာရွတ်နဲ့ အမဲစက်တွေ အရှင်းပျောက်ဖို့ အချိန် ၈-၁၂ပတ်ထိ လိုအပ်နိုင်ပါတယ်...
26/08/2025

အမာရွတ်နဲ့ အမဲစက်တွေ အရှင်းပျောက်ဖို့ အချိန် ၈-၁၂ပတ်ထိ လိုအပ်နိုင်ပါတယ်...

ဝါကျွတ်အမှီ အမဲစက်တွေပျောက်ဖို့ အချိန်(၃)လ လိုတယ်..
15/08/2025

ဝါကျွတ်အမှီ အမဲစက်တွေပျောက်ဖို့ အချိန်(၃)လ လိုတယ်..

ကျောပြင်ထက်က စိတ်ညစ်စရာအကွက်များကျောပြင်မှာ အရေပြားပြဿနာရှိတာ စိတ်ညစ်စရာသိပ်ကောင်းတယ်။ အထူးသဖြင့် ဘယ်ကမှန်းမသိဖြစ်လာတဲ့အ...
13/08/2025

ကျောပြင်ထက်က စိတ်ညစ်စရာအကွက်များ

ကျောပြင်မှာ အရေပြားပြဿနာရှိတာ စိတ်ညစ်စရာသိပ်ကောင်းတယ်။ အထူးသဖြင့် ဘယ်ကမှန်းမသိဖြစ်လာတဲ့အကွက်တွေပါ။ Keratosis follicularis ဆိုတာ အရေပြားမှာပေါ်ပေါက်လာတဲ့ ဖယောင်းဆန်ဆန် အဖတ်လေးတွေဖြစ်တယ်။ နီညိုရောင်အသားမာဖုလေးတွေအနေနဲ့ ပေါ်ပေါက်လာတတ်တယ်။ အရေပြားမှာ ကရာတင်ဖယောင်းဖတ်တွေ မူမမှန်ဘဲ စုပုံနေတာကို keratosis ခေါ်ပါတယ်။ အရေပြား အသားမာဖုမှာ မဲညစ်ညစ် ဝါကျင့်ကျင့်အဖတ်တွေ ကပ်နေတာကို keratosis follicularis ခေါ်ပါတယ်။ ဒီဖက်ခေတ်မှာ Darier disease လို့ ခေါ်ပါတယ်။

ဒီရောဂါက မွှေးညင်းပေါက် ပိတ်ဆို့ခြင်းကြောင့် မဟုတ်ဘဲ အရေပြားဆိုင်ရာ မျိုးဗီဇပြောင်းလဲမှု ATP2A2 gene mutation ကြောင့် အဓိကဖြစ်တယ်။ မိဘတစ်ဦးဦးဆီက အဆိုပါမျိုးဗီဇ အမွေဆက်ခံလို့ ဖြစ်ပါတယ်။ အရေပြားဆဲလ်တွေကြား ကော်လိုကပ်ပေးတဲ့ desmosome တွေ ပုံစံပျက်သွားရာက keratinocyte ဆဲလ်ပွားများမှုကို မထိန်းချုပ်နိုင်တော့ဘဲ ဖယောင်းဆဲလ်သေ(keratin)တွေ အလွန်အကျွံထုတ်လုပ်လာပါတယ်။ ဒီလို မူမမှန်တဲ့ ဆဲလ်သေပွားများမှုဟာ အရေပြားထိခိုက်မှုနဲ့ သက်ဆိုင်တယ်။ အဆီပြန်တဲ့နေရာနဲ့ အရေပြားပွတ်တိုက်မှုများတဲ့နေရာတွေမှာ အဓိကတွေ့ရတယ်။ နဖူး၊ နှာခေါင်း၊ ဂျိုင်း၊ ပေါင်ခြံ၊ ဂုတ်၊ လည်ပင်း၊ ရင်ဘတ်၊ လက်ဖဝါး၊ ခြေဖဝါးစတဲ့ နေရာတွေမှာ အရေပြားတုံ့ပြန်မှုလွန်ကဲရာက အရေပြားဖယောင်းဆဲလ်(keratin) တွေ အဆမတန်ထုတ်လာပါတယ်။ အချိန်ကြာတာနဲ့အမျှ ကရာတင်ဖယောင်းဆဲလ်(keratin)တွေ ပြည့်ကျပ်လာပြီး စေးကပ်တဲ့ ဖယောင်းချပ်တွေ အလွှာလိုက် ကပ်လာပါတယ်။ အထူးသဖြင့် ဒီဖယောင်းချပ်လေးတွေကို ဦးခေါင်း၊ နဖူး၊ မျက်ခုံး၊ နား၊ နှာခေါင်း၊ ပါးသိုင်းမွှေးနေရာတွေမှာ တွေ့ရတယ်။seborrheic dermatitis နဲ့ ဆင်တူတယ်။ တခါတရံ ဂေါ်ဇီလာဝက်ခြံ (Acne conglobata)နဲ့လည်း တွဲတွေ့ရတယ်။

Keratosis follicularis ဖြစ်တဲ့ အရေပြားက ကြမ်းရှခြောက်သွေ့ပြီး အသားဖုလေးတွေ ထနေမယ်။ တခါတရံ အညိုရောင် အဝါရောင်အဖတ်လေးတွေကပ်နေတတ်တယ်။ ယားတာ၊ နာတာ၊ အရည်ကြည်ဖုထတာ ရှိနိုင်တယ်။ ခြေသည်းလက်သည်းမှာ အင်္ဂလိပ်အက္ခရာ V (ဗွီပုံစံ) အဖြူရောင် အထစ်ရာမျိုး အစင်းကြောင်းတွေ ရှိတတ်တယ်။ ပါးစပ်အတွင်းပိုင်းမှာ အဖုတွေဖြစ်လာတယ်။ မျက်လုံး ခြောက်သွေ့တာရှိနိုင်တယ်။ လက်ဖဝါး၊ခြေဖဝါးမှာ ဖြစ်ရင် အဖြူရောင်အချိုင့်ပေါက်လေးတွေ၊ အဝါရောင်အဖတ်လေး(Punctate keratosis)တွေ မြင်ရတက်တယ်။ ခြေဖမိုး၊လက်ဖမိုးတွေမှာ ကြွက်နို့ဆန်ဆန် အသားရောင် အဖုတွေထွက်လာတာကို acrokeratosis verruciformis ခေါ်ပါတယ်။ နေရောင်ထိတာ၊ ချွေးထွက်များတာ၊ အဆီပြန်တာ၊ ဗက်တီးရီးယားပိုးဝင်တာ၊ ရေယုန်ဖြစ်တာ၊ စတီးရွိုက်လိမ်းဆေးသုံးတာတွေက မီးလောင်ရာလေပင့် ဒီရောဂါကို ပိုဆိုးစေတယ်။

ကုသနည်း
သိပ်မဆိုးတဲ့ရောဂါမှာ အစိုဓာတ်ထိန်းဆေးနဲ့ နေလောင်ကာလိမ်းဆေး အဓိကပေးရတယ်။ အသားခြောက်တာအတွက် lactic acid (သို့) urea လို လိမ်းဆေးပေးနိုင်တယ်။ ရောင်ရမ်းခြင်းကို လျှော့ချဖို့ စတီးရွိုက်လိမ်းဆေးတွေ သုံးနိုင်တယ်။ Retinoid လိမ်းဆေးနဲ့ Dermabrasion နည်းတွေက လိုသလို အသုံးပြုနိုင်တယ်။ တခါတရံ 5-fluorouracil လိမ်းဆေးတွေက အကျိုးရှိတာတွေ့ရတယ်။ အလွန်ဆိုးရွားတဲ့ရောဂါတွေမှာ တစ်ကိုယ်လုံးဖြစ်ရင် acitretin, isotretinoin, cyclosporin လိုသောက်ဆေးတွေ ပေးနိုင်တယ်။

အကြံပြုချက်
အပူနဲ့ ချွေးထွက်ခြင်းက ရောဂါကိုပိုဆိုးစေတယ်။ အရေပြားပွတ်တိုက်မှုက ကရာတင်ဖယောင်းချပ်တွေကို ပိုမိုလှုံ့ဆော်နိုင်လို့ သတိပြုသင့်တယ်။ ဆပ်ပြာ၊ ရနံ့၊ ဓာတုပစ္စည်းတွေကြောင့်လည်းဖြစ်တတ်တယ်။ အိပ်ရေးပျက်တာနဲ့ စိတ်ဖိစီးမှုက ရောဂါအခံကို ပိုဆိုးစေတဲ့ သတိပြုရှောင်ရှားသင့်ပါတယ်။

ဒေါက်တာအေးမင်းထူး
၁၃.၈.၂၅

အဖြစ်များတဲ့ ခြေဖဝါးအရည်ကြည်ဖု ပြဿနာခြေဖဝါး၊လက်ဖဝါး အရည်ကြည်ဖုပေါက်တာ မကြာခဏဆိုသလို မြင်ဖူးကြလိမ့်မယ်။ Epidermolysis bul...
12/08/2025

အဖြစ်များတဲ့ ခြေဖဝါးအရည်ကြည်ဖု ပြဿနာ

ခြေဖဝါး၊လက်ဖဝါး အရည်ကြည်ဖုပေါက်တာ မကြာခဏဆိုသလို မြင်ဖူးကြလိမ့်မယ်။ Epidermolysis bullosa (EB) ဆိုတာ အပေါ်ယံအရေပြားထဲမှာ အရည်ကြည်ဖုပေါက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ Epidermolysis ဆိုတာ အပေါ်ယံအရေပြားဆဲလ်ပျက်စီးပြီး ဆဲလ်အတွင်းပိုင်းမှာ bullosa ခေါ်တဲ့ အရည်ကြည်ဖုထလာတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ရောဂါအပြင်း၊အပျော့နဲ့ အရည်ကြည်ဖုပေါက်တဲ့ အလွှာတွေပေါ်မူတည်ပြီး Epidermolysis bullosa Simplex (EBS)၊ Junctional EB (JEB) နဲ့ Dystrophic EB (DEB) ဆိုပြီး ထပ်ခွဲထားတယ်။ EBS က အပျော့စား အရည်ကြည်ဖုဖြစ်ပြီး အပေါ်ယံလွှာထဲမှာဖြစ်လို့ ကုရလွယ်တယ်။ Dystrophic EB (DEB) ကတော့ အရေပြားအောက်လွှာမှာဖြစ်လို့ အပြင်းစားအရည်ကြည်ဖုလို့ သတ်မှတ်နိုင်ပါတယ်။ ကုသပြီးရင်တော့ အမာရွတ်ထင်ကျန်နိုင်တယ်။

ဖြေဖဝါးအရည်ကြည်ဖုမှာ အဖြစ်များတာက အပျော့စား အရည်ကြည်ဖု (Epidermolysis bullosa Simplex) ဖြစ်တယ်။ simplex ဆိုတာ ရောဂါအပျော့စားတွေမှာ အသုံးများတဲ့ အခေါ်ဝေါ်တစ်ခုပါ။ EBS ဖြစ်သူတွေဟာ မျိုးဗီဇအရကို အရေပြားက ထိလွယ်ရှလွယ်ဖြစ်ကြတယ်။ ဒါ့ကြောင့် သာမန်ပွတ်တိုက်မှုလေးတစ်ခုကတောင် ထိခိုက်လွယ်ပြီး အပေါ်ယံအရေပြားတွင်း အရည်ကြည်ဖုထလာတတ်တယ်။ များသောအားဖြင့် ပွတ်တိုက်မှုများတဲ့ ခြေဖဝါးတွေမှာ အဖြစ်များတာ တွေ့ရတယ်။ ခြေဖဝါးရဲ့ ဖောင်းနေတဲ့မျက်နှာပြင် တစ်နည်းအားဖြင့် ကြမ်းပြင်နဲ့ အမြဲထိတွေ့တဲ့အပိုင်းတွေမှာ အဖြစ်များတယ်။ ယေဘုယျအားဖြင့် ပွတ်တိုက်မှုများတဲ့နေရာတွေမှာဖြစ်ရင် Epidermolysis bullosa ကြောင့် ဖြစ်နိုင်တယ်။ တခြားခုခံအားကြောင့်ဖြစ်တဲ့ အရည်ကြည်ဖုရောဂါတွေလည်း ရှိပါတယ်။

EBS ရောဂါဟာ မျိုးရိုးလိုက်တတ်ပါတယ်။ မိဘတစ်ဦးဦးမှာ မျိုးဗီဇပါလာလို့ ဖြစ်ကြတာများတယ်။ အထူးသဖြင့် အရေပြားအပေါ်ယံလွှာမှာရှိတဲ့ ကရာတင်ပရိုတင်း KRT5 နဲ့ KRT14 မျိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်စေတယ်။ ပုံမှန်အားဖြင့် Keratin 5 နဲ့ keratin 14 အမျှင်တွေဟာ ကွန်ယက်ပုံစံ တစ်ခုနဲ့တစ်ခု တွယ်ဆက်နေပါတယ်။ ဒီပရိုတင်းတွေမူမမှန်တဲ့အခါ မျိုးဗီဇချို့တဲ့တဲ့အခါ တွယ်ဆက်အမျှင်အားနည်းပြီး အနည်းငယ်ပွတ်တိုက်မိတာနဲ့ အရေပြားက မခံနိုင်တော့ပဲ အတွင်းပိုင်းအရည်အောင်းလာပြီး အရည်ကြည်ဖုတွေ ထလာပါတယ်။ဒီလိုအရည်ကြည်ဖုတွော ကလေးအရွယ်မှာ အဖြစ်များတယ်။ တချို့ကလေးတွေမှာ တွားသွားတတ်ကာစ၊ လမ်းလျှောက်တတ်ခါစအရွယ်မှာတင် လက္ခဏာပြနေတတ်တယ်။ ကလေးငယ်အရွယ်ရောက်မှ သတိပြုမိတာမျိုးလည်းရှိပါတယ်။ အထူးသဖြင့် ခြေဗလာနဲ့လျှောက်သွားတာ၊ မာတဲ့ဖိနပ်စီးတာ၊ ဘောလုံးကန်တာ စတဲ့သူတွေမှာ ပိုအဖြစ်များတာတွေ့ရတယ်။

EBS ဟာ လက်ဖဝါး၊ခြေဖဝါး၊ဒူး၊တံတောင် စတဲ့နေရာတွေမှာ အဖြစ်များတယ်။ အရည်ကြည်ဖုက တင်းပြီး မာကျောနေတတ်တယ်။ ယားယံတာနည်းပြီး အရည်ကြည်ဖုကို ဖိလိုက်မိရင် နာကျင်တတ်တယ်။ ယေဘုယျအားဖြင့် ပွတ်တိုက်မှုများတဲ့နေရာတွေမှာပဲအဖြစ်များပါတယ်။ သတိပြုရမှာက မျိုးဗီဇကြောင့်မို့ ဂရုမစိုက်ဘဲထားရင် မကြာခဏပြန်ဖြစ်တတ်ပါတယ်။ EBS ဟာ ခြေဖဝါး၊လက်ဖဝါးသာမက တခြားနေရာတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။ ကလေးငယ်မှာဖြစ်ရင် မိဘတွေသတိပြုသင့်တယ်။ ပိုပြင်းထန်တဲ့အခြေအနေ (ဥပမာ အရည်ကြည်ဖုက ခန္ဓာကိုယ်အနှံ့ပေါက်လာရင်) မပေါ့ဆဘဲ ဆရာဝန်နဲ့ စနစ်တကျကုသသင့်တယ်။

ကုသနည်း
ကနဦးအဆင့်မှာ ကုသနည်းက သိပ်မခက်ဘူး။ တစ်နေရာထဲဖြစ်ရင် လိမ်းဆေးလိမ်းရုံနဲ့ သက်သာနိုင်ပါတယ်။ အရည်ကြည်ဖုက ထိလိုက်တိုင်း နာကျင်နေရင် အကိုက်ခဲပျောက်ဆေးပေးနိုင်တယ်။ ဖြစ်တာကြာလာရင် ပိုဆိုးလာရင် အရေပြားတွင်းပိုးဝင်တာရှိတတ်တယ်။ ဒီလိုအခြေနေမျိုးမှာ ပိုးသတ်ဆေးပေးဖို့ လိုအပ်နိုင်တယ်။ အထူးသဖြင့် ကလေးတွေမှာ အရည်ကြည်ဖုထတာနဲ့ မပေါ့ဆဘဲ ဒဏ်ရာကို အထူးဂရုစိုက်သင့်တယ်။

အကြံပြုချက်
မျိုးဗီဇပါလာရင် အရည်ကြည်ဖုက မကြာခဏ ထပ်ဖြစ်နိုင်ပါတယ်။ ဒီလိုမဖြစ်အောင် အကာကွယ်တစ်ခုခုသုံးသင့်တယ်။ ဖိနပ်အပျော့စီးတာ၊ ခြေဖဝါးအကာကွယ်သုံးတာမျိုး ပြုလုပ်ရမယ်။ အထူးသဖြင့် အဆော့မက်တဲ့ကလေးတွေမှာ ခြေဗလာနဲ့လမ်းလျှောက်တာ၊ ဘောလုံးကန်တာတွေ သတိထား ရှောင်ကြဉ်သင့်တယ်။ ခြေဖဝါးအရည်ကြည်ဖုဟာ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်လို့
မကြာခဏပြန်ဖြစ်ရင် မပေါ့ဆဘဲ စနစ်တကျကုသသင့်ပါတယ်။

ဒေါက်တာအေးမင်းထူး
၁၂.၈.၂၅

ကလေးနို့ပွေးပေါက်ခြင်းနို့ပွေး(infantile eczema)တွေဟာ မွေးကင်းစ တစ်လကနေ အသက် (၂)နှစ်အတွင်း အဖြစ်များတဲ့ အရေပြားရောဂါတစ်မ...
10/08/2025

ကလေးနို့ပွေးပေါက်ခြင်း

နို့ပွေး(infantile eczema)တွေဟာ မွေးကင်းစ တစ်လကနေ အသက် (၂)နှစ်အတွင်း အဖြစ်များတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ နို့ပွေးဖြစ်တဲ့ ကလေးငယ်ရဲ့ ပါးပြင်က ယားယံပြီးရဲနေတတ်တယ်။ နို့ပွေးဆိုပေမယ့် မိခင်နို့ကြောင့်ဖြစ်တာမဟုတ်သလို ပွေးပေါက်တာ(ringworm)လည်း မဟုတ်ပါဘူး။ ဓာတ်မတဲ့တဲ့ မျိုးဗီဇကြောင့်ဖြစ်ပေါ်လာတဲ့ နှင်းခူဆန်ဆန် အရေပြားရောဂါတမျိုးသာဖြစ်တယ်။

နို့ပွေးပေါက်တဲ့ကလေးငယ်ရဲ့ မိဘမျိုးရိုးထဲမှာ နှင်းခူ၊ပန်းနာရင်ကျပ်စတဲ့ ဓာတ်မတဲ့တဲ့ရောဂါအခံတစ်ခုခုရှိနေတတ်တယ်။ မျိုးဗီဇ (genetic)၊ ဆပ်ပြာ(ဓာတုပစ္စည်း)ထိတွေ့မှု၊ ပတ်ဝန်းကျင်ရှိ အမှုန်အမွှားဓာတ်မတဲ့မှုတွေက နို့ပွေးကိုဖြစ်စေတယ်။ အစားအသောက်ထဲမှာ နွားနို့၊ ကြက်ဥ စတာတွေကြောင့်လည်း ဖြစ်တတ်တယ်။ အရေပြားထိခိုက်စေတဲ့ ဓာတုပစ္စည်း (ဆပ်ပြာ၊ ပရုတ်လုံး၊ ရေမွေး)စတာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ သိုးမွှေး နိုင်လွန်စတဲ့ အဝတ်အထည်တွေကြောင့်လည်းဖြစ်နိုင်တယ်။အကြမ်းဖျဉ်းပြောရရင် အရေပြားမှာ ဓာတ်မတည့်မှု (hypersensitivity) နဲ့ ခုခံအားတုံ့ပြန်မှု (immune system) ကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။

နို့ပွေးအများစုဟာ မွေးကင်းစကလေးငယ်ရဲ့ ပါးပြင်မှာ အဖြစ်များတယ်။ ကလေးငယ်ရဲ့ ပါးပြင်အရေပြားဟာ နူးညံ့လွန်းတာကြောင့် အပေါ်ယံလွှာ(skin barrier)အားနည်းတဲ့အခါ ပါးပြင်ဟာ အထိခိုက်ဆုံးနေရာဖြစ်နေတတ်တယ်။ ဒါ့ကြောင့်ပဲ နို့ပွေးဖြစ်တဲ့အခါ ပါးနှစ်ဖက်မှာဖြစ်တာများတယ်။ စစချင်းအရေပြားရောင်တာ၊ရဲတာရှိတယ်။ အရေပြားခြောက်သွေ့လာတယ်။ ပြီးရင် ယားယံလာတယ်။ ကုတ်ဖဲ့တာကြာရင် အရေပြားပိုးဝင်တာဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် နို့ပွေးဖြစ်ရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ စနစ်တကျကုသသင့်တယ်။

ကုသနည်း
ကလေးငယ်အရေပြားဟာ နို့ပွေးကြောင့် ကြမ်းတမ်းခြောက်သွေ့တဲ့အခါ အစိုဓာတ်ထိန်းဆေး (moisturizer)တွေ စနစ်တကျ နေ့စဉ်လိမ်းပေးသင့်တယ်။ အနာဖြစ်ရင် ဆားရေနွေးနဲ့ အသာအယာ သန့်ရှင်းပေးသင့်တယ်။ နို့်ပွေးက ယားယံတဲ့အခါ အယားပျောက်ဆေး (Antihistamines) တွေ အသုံးပြုနိင်တယ်။ အရောင်ကျစေတဲ့ စတီးရွိုက်ဆေးတွေကိုတော့ ဆရာဝန်ညွန်ကြားချက်နဲ့သာ အသုံးပြုရတယ်။ ကုတ်ဖဲ့ရာက ပိုးဝင်တဲ့အခါ ပိုးသတ်ဆေးတွေ လိမ်းပေးနိုင်တယ်။ ယေဘုယျအားဖြင့် ကလေးအရေပြားဟာ အလွန်နူးညံ့တဲ့အတွက် အရောင်ကျဆေးနဲ့ ပိုးသတ်ဆေးတွေ မိမိဘာသာသုံးစွဲတာမျိုး မလုပ်သင့်ပါဘူး။ အရေပြားပျက်စီးသွားတာမျိုးဖြစ်နိုင်တယ်။ ကလေးနို့်ပွေးဖြစ်တဲ့အခါ မလိုအပ်ဘဲ ရေပူချိုးတာ၊ ဆပ်ပြာသုံးစွဲတာကအစ အစားအသောက်၊အနေအထိုင်နဲ့ အဝတ်အစားတွေအထိ အထူးသတိပြုသင့်ပါတယ်။

ဒေါက်တာအေးမင်းထူး
၁၀.၈.၂၅

ဆေးကြောင့်ဖြစ်တဲ့ အရေပြားအမဲကွက်Fixed Drug Eruption (FDE) ဆိုတာ ဆေးဝါးတစ်မျိုးမျိုး (သို့) ဓာတ်ပစ္စည်းတစ်မျိုးမျိုးကြောင...
09/08/2025

ဆေးကြောင့်ဖြစ်တဲ့ အရေပြားအမဲကွက်

Fixed Drug Eruption (FDE) ဆိုတာ ဆေးဝါးတစ်မျိုးမျိုး (သို့) ဓာတ်ပစ္စည်းတစ်မျိုးမျိုးကြောင့် အရေပြားဓာတ်မတဲ့ရာက ဖြစ်ပေါ်လာတဲ့ အနီကွက်၊ အမဲကွက်၊ အရည်ကြည်ဖုထတဲ့ အကွက်တွေကို ခေါ်ပါတယ်။ များသောအားဖြင့် ဆေးခန်းရောက်လာတဲ့အခါမျိုးမှာ အမဲကွက် ပုံစံတွေအနေနဲ့ တွေ့ရတတ်တယ်။ FDE (ဆေးဝါးအမဲကွက်)တွေကို အသားမဲတဲ့သူတွေမှာ အဓိက တွေ့ရတယ်။ မြန်မာလူမျိုးတွေ မကြာခဏတွေ့ရတယ်။ စဖြစ်ခါစမှာ အနီရင့်ရောင်အကွက်မဲအဖြစ်တွေ့ရတယ်။ အမဲကွက်ရဲ့ အလယ်မှာ အရည်ကြည်ဖုရှိတတ်တယ်။

FDE အမဲကွက်ဟာ အဆင့် (၄) ဓာတ်မတဲ့ခြင်း (type IV hypersensitivity reaction) ကြောင့် အဓိကဖြစ်တယ်။ ဆေးတွေကြောင့် အရေပြားခုခံအားဆဲလ် (T cells) တွေက ဓာတ်တုံ့ပြန်မှုဖြစ်စေပြီး အရေပြားမှာ တိုက်ခိုက်ရာက အကွက်တွေ ဖြစ်လာတယ်။ အရေပြားအောက်လွှာထိခိုက်နိုင်လို့ ကုရခက်တယ်။ဒီလိုဓာတ်မတဲ့တာမျိုးဟာ ချက်ချင်းမဖြစ်လို့ လူနာက ရက်အနည်းငယ်ကြာမှသတိပြုမိတတ်ကြတယ်။ ဓာတ်မတဲ့မှုဟာ ၂ရက်ကနေ တစ်ပတ်အတွင်းဖြစ်တတ်တယ်။ ဒါကို delayed type hypersensitivity ခေါ်ပါတယ်။ ဥပမာ အစားအသောက်ကြောင့်ဖြစ်ရင် ၆-၈နာရီအတွင်းဖြစ်ကြတာမို့ ချက်ချင်းသိနိုင်ပေမယ့် ဒီရောဂါမှာတော့ လူနာက ဘာ့ကြောင့်ဖြစ်မှန်းတန်းမသိနိုင်ဘူး။ သူသောက်ခဲ့တဲ့ ဆေးဝါး၊ကာကွယ်ဆေးတွေနဲ့ ဆက်စပ်နိုင်တယ်လို့ မှန်းဆမိဖို့ မလွယ်ကူဘူး။တချို့က အကောင်ကိုက်တာနဲ့ မှားယွင်းတတ်တယ်။

အဖြစ်များတဲ့ဆေးတွေက ပဋိဇီဝဆေး (Antibiotics) တွေဖြစ်ကြပါတယ်။ ဥပမာ -ပန်နီဆီလင်၊ Bactracin နဲ့ ဆာလဖာပိုးသတ်ဆေး (septrim) တွေကြောင့်ဖြစ်တယ်။ အကိုက်အခဲပျောက်ဆေး (NSAIDs) တွေထဲမှာ Ibuprofen နဲ့ Aspirin လိုဆေးတွေသောက်ပြီးဖြစ်နိုင်တယ်။ အတက်ပျောက်ဆေး (Carbamazepine၊ phenytoin) တွေကြောင့် ဖြစ်တတ်တယ်။ ဆေးခန်းမှာ အတွေ့များဆုံးက ကာကွယ်ဆေးတွေ ထိုးပြီးဖြစ်ကြတာ တွေ့ရတယ်။ ပိုးသတ်ဆေး (သို့) ကာကွယ်ဆေးထိုးပြီး ၄၈နာရီအတွင်းဖြစ်လေ့ရှိတယ်။ တချို့က ၁ပတ်ကြာမှဖြစ်တာလည်းရှိပါတယ်။

သီအိုရီအရ ဆေးဝါးနဲ့ ကာကွယ်ဆေးတွေဟာ ခန္ဓာကိုယ်ထဲမှာ ပြိုကွဲတဲ့အခါ hapten ဆိုတဲ့ သေးငယ်တဲ့မော်လီကျူးအဖြစ် ပြောင်းလဲနိုင်တယ်။ ဒီမော်လီကျူးက ပုံမှန်အားဖြင့် လူကို ဒုက္ခမပေးနိုင်ပေမယ့် အရေပြားမှာရှိတဲ့ ပရိုတင်းတမျိုးမျိုးနဲ့ပေါင်းစပ်တဲ့အခါ ရှုပ်ထွေးတဲ့ခုခံအားပုံစံကွဲ (immune complex)အဖြစ် ပြောင်းလဲပြီး အရေပြားကို ပျက်စီးစေတယ်။ ပျက်စီးသွားတဲ့အရေပြားဟာ အကွက်ငယ်တွေဖြစ်ပေါ်လာပြီး အမဲကွက်၊ အနီကွက်တွေအဖြစ် လက္ခဏာပြသတယ်။ ခုခံအားပုံစံကွဲတွေကြောင့် TNF ထွက်လာတဲ့အခါ အရည်ကြည်ဖုထလာတတ်တယ်။ ဒီ ရောဂါမှာ T cells ခုခံအားတိုက်ခိုက်မှုကြောင့်ဖြစ်လာတာမို့ ပျက်စီးမှုကို လျှော့ချဖို့ အရောင်ကျဆေးတွေ ပေးဖို့ လိုပါတယ်။

ဒီအရေပြားရောဂါဖြစ်ရင် အနီကွက် (သို့) အညိုကွက်တွေ တစ်နေရာတည်းမှာ ထပ်ခါထပ်ခါပေါ်လေ့ရှိပါတယ်။ နှုတ်ခမ်း၊ လက်၊ ခြေထောက်၊ တင်ပါး၊ လိင်အင်္ဂါစတဲ့နေရာတွေမှာ အတွေ့များတယ်။ ယေဘုယျအားဖြင့် ယားယံခြင်း၊ နာကျင်မှုမရှိတတ်ဘူး။ ဒါပေမယ့် အရည်ကြည်ဖုတွေထွက်ရင် နာနိုင်ပါတယ်။ ဆေးပြန်သောက်တဲ့အခါတိုင်း ပြန်ပေါ်နိုင်တယ်။ ဒါမှမဟုတ်အလားတူဆေးကို ပြန်သောက်မိရင် အရင်နေရာမှာပဲ ပြန်ထွက်လာတတ်တယ်။

ကုသနည်း
ရောဂါအကြောင်းရင်းကို အရင်ဆုံးရှာရတယ်။ အရေပြားဓာတ်မတဲ့တာဖြစ်စေတဲ့ ဆေးကို အရင်ရပ်လိုက်ပါ။ ခုခံအားတုံ့ပြန်မှုနဲ့ အရေပြားရောင်ရမ်းမှုကျဆင်းအောင် စတီးရွိုက်လိမ်းဆေးတမျိုးမျိုးလိမ်းရတယ်။ Hydrocortisone cream တွေလိမ်းလို့ရတယ်။ခန္ဓာကိုယ်မှာဖြစ်ရင် ပိုပြင်းတဲ့ အရောင်ကျဆေးတွေ ရွေးချယ်ရတယ်။ တချို့လူနာတွေမှာ ယားယံတာနဲ့ တွဲဖြစ်တတ်တယ်။ ဒီလိုဖြစ်ရင် အယားပျောက်ဆေး (Antihistamines) သောက်ရတယ်။ ဒီရောဂါမှာ အယားပျောက်လိမ်းဆေးတွေက သိပ်အကျိုးမရှိတာတွေ့ရတယ်။ လိုအပ်ရင် methotrexate၊ tacrolimus လို ဆေးတွေလိုအပ်တတ်တယ်။ ဒီဆေးတွေကို နားလည်တတ်ကျွမ်းတဲ့ဆရာဝန်ကသာ အသုံးပြုသင့်တယ်။

FDE အကွက်တွေဟာ အသက်အန္တရာယ်မရှိပေမယ့် ဆေးထပ်သောက်မိရင် ရောဂါပြင်းထန်နိုင်တယ်။ ဒါ့ကြောင့် မသေချာရင် နီးစပ်ရာဆရာဝန် (သို့) အရေပြားအထူးကုနှင့် တိုင်ပင်ကုသသင့်တယ်။ ကာကွယ်ဆေးကြောင့်ဖြစ်ရင်တော့ ဒုတိယအကြိမ်ဆေးထိုးတဲ့အခါ သတိပြုသင့်တယ်။ ဆေးထိုးပေးမယ့် ဆရာဝန်ကို အသိပေးသင့်တယ်။

ဒေါက်တာအေးမင်းထူး
၉.၈.၂၅

အရေပြားအဖြူကွက် ပျောက်အောင်ခရုသင်းဆိုတာ အသားအရောင် မညီညာဘဲ အဖြူကွက်တွေ ပေါ်ပေါက်လာတာမျိုးကို ခေါ်ပါတယ်။ အင်္ဂလိပ်လို vit...
04/08/2025

အရေပြားအဖြူကွက် ပျောက်အောင်

ခရုသင်းဆိုတာ အသားအရောင် မညီညာဘဲ အဖြူကွက်တွေ ပေါ်ပေါက်လာတာမျိုးကို ခေါ်ပါတယ်။ အင်္ဂလိပ်လို vitiligoလို့ သုံးပါတယ်။လက်တင်စကားမှာ "vitium"အကွက်၊အမှတ်လို့ အဓိပ္ပါယ်ရတယ်။"ligo"ဆိုတာ နောက်ဆက်စကား ပေါင်းစည်းခြင်း၊အကြောင်းရင်းပါ။ခရုသင်း၊ သမင်ဖြူ (Vitiligo) ဆိုသည်မှာ အရေပြားပေါ်တွင် သဘာဝအရောင်အချို့ (အမည်းရောင် ခြယ်ဆဲလ်များ)ချို့တဲ့သွားသော နာ တာရှည်အရေပြားရောဂါတစ်မျိုး ဖြစ်သည့်အတွက်ကြောင့် အရေပြား ပေါ်တွင် နို့နှစ်ရောင် (သို့မဟုတ်) အဖြူရောင်အကွက်များ ပေါ်လာ ခြင်းဖြစ် သည်။

စာရင်းဇယားတွေအရ တကမ္ဘာလုံးမှာ ခရုသင်း(vitiligo)ဖြစ်သူ ၆၅သန်းလောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ဟာ ခရုသင်း ဖြစ်နေတယ်လို့ တွေ့ရှိရပါတယ်။ အမေရိကားတစ်နိုင်ငံထဲမှာကို ဒီလိုရောဂါသည်ပေါင်း ၂ သန်းလောက် ရှိနေပါတယ်။မိဘနှစ်ပါးအနက် တယောက်ယောက်မှာ ဒီရောဂါရှိရင် ကလေးငယ်မှာဖြစ်ဖို့ ၅-၁၀ရာခိုင်နှုန်း ရှိတာကြောင့် မျိုးရိုးလိုက်တယ် ယူဆကြတယ်။ ခုခံအားချင်းပြန်တိုက်တဲ့ ရောဂါရှိသူတွေမှာ ပိုတွေ့ရတယ်။ အသားလတ်သူထက် အသားမည်းသူတွေမှာ အဖြူကွက်တွေက ပိုထင်ရှားတယ်။ ဖြစ်လာရင် ပျောက်ဖို့ခက်ခဲတဲ့ အရေပြားရောဂါထဲမှာ ခရုသင်းရောဂါလည်း ပါဝင်ပါတယ်။

ခရုသင်း၊သမင်ဖြူကွက်တွေ ဘာ့ကြောင့် ဖြစ်သလဲ
ခရုသင်းကို ဖြစ်စေတာက melaninခေါ်တဲ့ ရောင်ခြယ်ပစ္စည်း ချို့တဲ့လို့ပါ။ တနည်းအားဖြင့် အမည်းရောင်ခြယ်ဆဲလ်တွေ ပျက်ဆီးကုန်တာ။အရေပြားတထောက်စာမှာ အသားအရောင် ပြောင်းလဲမှုဟာ melaninခေါ်တဲ့ ရောင်ခြယ်ပစ္စည်းကြောင့် ဖြစ်ပါတယ်။မယ်လနင်ဆိုတာကို အမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ tyrosineကနေ ရရှိပါတယ်။ နေရောင်နဲ့ထိတွေ့တဲ့အခါ အရေပြားကို ကာကွယ်ဖို့ melaninခေါ်တဲ့ အမည်းရောင် ပစ္စည်းတမျိုးကို melanocytesခေါ်တဲ့ အရေပြားဆဲလ်တွေက ထုတ်ပေးရပါတယ်။ ဘာေ့ကြာင့်လဲဆိုတော့ နေရောင်မှာ ပါဝင်တဲ့ ဓာတ်ရောင်ခြည်တွေ၊ခရမ်းလွန်ရောင်ခြည်တွေကို မယ်လနင်(melanin)ဓာတ်က ကာကွယ်ပေးနိုင်လို့ပါ။ ခရုသင်းခေါ်တဲ့အရေပြားရောဂါမှာ ပြဿနာက မယ်လနင်(melanin)တွေ ချို့တဲ့တာ၊ပျက်ဆီးတာဖြစ်ပြီး အရေပြားကို အရောင်မခြယ်နိုင်တော့တာပါ။

လူ့ခန္ဓာ ကိုယ်၏ ကိုယ်ခံအားစနစ် လုပ် ဆောင်ချက် ချို့ယွင်းခြင်းနှင့် မျိုးရိုး ဗီဇတို့ကြောင့်ဖြစ်သည်။ ခုခံအားချင်း ပြန်တိုက်ခိုက်တဲ့autoimmune diseaseကြောင့် T-lymphocyte တွေက ဖျက်ဆီးလို့ ဖြစ်စေနိုင်တယ်။ စိတ် ဖိစီးမှုများခြင်း၊ Chemical Agents နှင့် ထိတွေ့မှုများခြင်း ၊ ဗိုင်းရပ်စ်ပိုးမွှား များကြောင့်လည်း ဖြစ်တတ်ပါသည်။ဆံပင်ဆိုးဆေးမှာ ပါဝင်တဲ့ phenolဓာတ်တမျိုးကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ တခါတရံ အသားမစားသူတွေမှာ အဖြူကွက်လေးတွေ တွေ့ရတတ်ပေမယ့် နောက်ပိုင်းမှာ ပြန်ပျောက်သွားတတ်ပါတယ်။

ခရုသင်းရဲ့ လက္ခဏာ
ခရုသင်း ကနဦးအစမှာ အဖြူကွက်တွေ ပေါ်မှန်းမသိ ပေါ်ပေါက်လာပါတယ်။ အများစုဟာ ယားတာ၊နာတာမျိုးမရှိတတ်ဘူး။ တခါတရံ ဖြစ်စမှာ ယားတာမျိုးတော့ ရှိနိုင်တယ်။အကွက်ငယ်ကနေ အကွက်ကြီးထိ အမျိုးမျိုး ဖြစ်နိုင်တယ်။ နေရာကွက်ပြီး ဖြစ်နိုင်သလို တကိုယ်လုံးလည်း ဖြစ်နိုင်တယ်။ အကွက်ရဲ့အနားသတ်တွေက မညီမညာဖြစ်နေမယ်။အရောင်ရင့်တာ(သို့)အရောင်ဖျော့တာ နှစ်မျိုးလုံးဖြစ်နိုင်တယ်။ အသားမည်းသူတွေမှာ ပိုသိသာတယ်။ တခြားအရေပြားရောဂါတွေနဲ့ မှားနိုင်တယ်။ ၉၅ရာခိုင်နှုန်းဟာ အသက် ၄၀မတိုင်မှီ စဖြစ်ကြတယ်။အများစုဟာ အသက် ၁၀နှစ်မှ၃၀နှစ်အတွင်း ဖြစ်ကြတယ်။ ဖြစ်တဲ့ပုံစံပေါ်မူတည်ပြီး သုံးမျိုးခွဲထားတယ်။

၁။focal vitiligo
နေရာကွက်ပြီး ဖြစ်သလို မသိသာတတ်ဘူး။ဖြစ်ပြီးရင် ပျောက်ဖို့လွယ်တယ်။ ကလေးတွေမှာ သူ့ဘာသာပြန်ပျောက်သွားနိုင်တယ်။

၂။segmental vitiligo
ခန္ဓာကိုယ်တခြမ်းထဲမှာသာ ဖြစ်တယ်။အာရုံကြောရဲ့ dorsal rootမှာဖြစ်လို့ ကျောရိုးမရဲ့ တဖက်တည်းမှာ ကွက်ပြီးဖြစ်တယ်။ ပျံ့နှံဖို့လွယ်သလို လိမ်းဆေးပေးတဲ့အခါလည်း ပျောက်ဖို့ပိုလွယ်တယ်။

၃။generalised vitiligo
တကိုယ်လုံးအနှံ့တွေ့ရတဲ့ပုံစံ ဖြစ်ပါတယ်။ အဖြစ်လည်း များတယ်။အကယ်၍ အဖြူကွက်တွေက တပြင်လုံး နေရာအနှံ့ဖြစ်ရင် vitiligo universalisလို့ ခေါ်ပါမယ်။ အရှင်လတ်လတ် အဖြူဘဝပြောင်းသွားသူပေါ့။

မွေးရာပါmelaninဓာတ် လုံးဝချို့တဲ့နေသူကို albinismလို့ ခေါ်ပါတယ်။မသိသူတွေကတော့ အင်္ဂလိပ်ခေတ်က လူဝင်စားလို့ ယူဆကြတယ်။ ကွာခြားချက်က သမင်ဖြူ(vitiligo)ဆိုတာ မွေးရာပါ မဟုတ်ပါဘူး။

ခရုသင်းလို အရေပြားရောဂါကို ကျွမ်းကျင်ဆရာဝန်က ဆုံးဖြတ်ပေးရတယ်။ တခါတရံ နှင်းခူလိုတခြား အရေပြားရောဂါတွေနဲ့ မှားတတ်တယ်။ သိသာစေချင်ရင် wood's lamp(ultraviolet lamp)အလင်းပေးပြီး ခွဲခြားနိုင်တယ်။လိုအပ်ရင် အသားစဖြတ်ယူပြီး စမ်းသပ်နိုင်ပါတယ်။ တခြား ခုခံအားရောဂါတွေပါ ဆက်လက်စစ်ဆေးရပါမယ်။

ခရုသင်းကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ
သူများနဲ့ မတူတဲ့ အဖြူကွက်တွေကြောင့် စိတ်ဓာတ်ကျလွယ်လာတယ်။ စိတ်ဒဏ်ရာရလာတယ်။ ကိုယ့်ဘာသာ သိမ်ငယ်လာတယ်။ ယုံကြည်မှုမရှိတော့ဘူး။ နာတာရှည်ရောဂါဆိုပြီး လူထဲမသွားချင်တော့ဘူး။ ဒါ့ပြင် အရေပြားကို ကာကွယ်ပေးတဲ့ ရောင်ခြယ်ပစ္စည်း ပျက်ဆီးတာမို့ နေရောင်ဒဏ်ကို ပိုခံစားရမယ်။ အသားအရေကြမ်းတာ၊မညီညာတာ ဖြစ်လာသလို နေလောင်လွယ်လာတယ်။ မျက်စိ၊နားစတာတွေမှာဖြစ်ရင် အမြင်အာရုံ၊ အကြားအာရုံချို့ယွင်းတာ ဖြစ်နိုင်တယ်။

ဘယ်လိုကုသနိုင်လဲ
ကုသတဲ့နည်းတွေကတော့ သောက်ဆေး၊လိမ်းဆေး၊အလင်းကုထုံး စသည်ဖြင့် အမျိုးမျိုးရှိတယ်။ပျောက်ကင်းနှုန်းတွေ မတူကြဘူး။ ရောဂါတုံ့ပြန်မှု မြင်တွေ့ဖို့ ၃လ-၂နှစ်ထိ ကြာနိုင်ပါတယ်။သေးတဲ့အကွက်တွေကို မသိသာအောင်၊လျှော့နည်းအောင် လုပ်ပေးနိုင်တယ်။

၁- ခရုသင်းအတွက် သောက်ဆေးအမျိုးမျိုးရှိတယ်။ တချို့က psoralen ဆေးတွေသောက်ကြတယ်။ ဘေးထွက်ဆိုးကျိုးများတယ်။ အဖြူကွက်က သက်သာမလာဘဲ အရေပြားကပိုမည်းကုန်လို့ အဖြူကွက်က ထင်းလာပါတယ်။ ဒါ့ကြောင့် နောက်ပိုင်းသိပ်မသုံးကြတော့ဘူး။ လေ့လာမှုတွေအရ phenylalanine နဲ့ tyrosine လို အမည်းရောင်ခြယ်ဓာတ် အားဖြည့်ပေးတဲ့ သောက်ဆေးတွေ အသုံးပြုနိုင်တယ်။ khellin extract အားဖြည့်ဆေး နဲ့ အလင်းကုထုံးတွဲကုရင် အဖြူကွက်ပျောက်ကင်းနိုင်ချေ ပိုပြီး များလာတယ်။ Khellin ဆိုတာ သဘာဝ psoralens ဓာတ်တစ်မျိုးဖြစ်ပြီး ဖိုတွန်အလင်းမှုန်တွေကို ကောင်းကောင်း တုံ့ပြန်နိုင်တယ်။ Vitinext plus သောက်ဆေးထဲမှာ ဒီဓာတ်တွေပါတယ်။ တစ်ရက် တစ်ကြိမ်-နှစ်ကြိမ် သောက်သုံးနိုင်တယ်။

၂- Phototherapy အလင်းရောင်ပေးပြီး ဖျော့နေတဲ့အကွက်တွေကို ပြန်ဖြည့်ပေးတယ်။ UV Aသို့ UV Bလို ခရမ်းလွန်ရောင်ခြည်ပေးပြီး ကုသရတယ်။ နောက်ပိုင်းမှာ ဆိုးကျိုးပိုနည်းတဲ့ UV Bကို အသုံးပြုလာကြတယ်။ ပြုပြင်ထားတဲ့ အလင်း (သို့) နေရောင်ထိချိန်ကို ဆေးလိမ်းပြီး နာရီဝက်မှာ ပြပေးရတယ်။ နောက်ပိုင်း အလင်းပြချိန် တဖြည်းဖြည်း ပိုကြာစေရတယ်။ သတိပြုရမှာက လိုအပ်တဲ့အချိန်ပမာဏသာ ထိတွေ့စေရမယ်။ ၆လ-၁နှစ်လောက် ပုံမှန်လုပ်ပေးရတယ်။ လေ့လာမှုတခုမှာ vitamin B12နဲ့ folic acidပါ တွဲပေးရင် အလင်းပေးကုသခြင်းကို ပိုမိုအကျိုးရှိစေတယ်။ပိုကောင်း၊ပိုသိသာချင်ရင် vitinext cream လိမ်းဆေးလိမ်းပြီး နေရောင်ပြပေးရတယ်။

၃- အရေပြားအစားထိုးတယ်ဆိုတာ ကောင်းတဲ့အရေပြားဆဲလ်တွေကို transplant အစားထိုးတဲ့နည်းဖြစ်ပါတယ်။

၄-အဖြူကွက်ပမာဏပိုများရင်(၅၀ရာခိုင်နှုန်းထက်များရင်) အကောင်းတိုင်းကျန်နေတဲ့ အရေပြား အရောင်ချွတ်တဲ့နည်း သုံးပေးနိုင်ပါတယ်။ monobenzone လို အရောင်ချွတ်ဆေး ပေးပြီး အရေပြားကို တသားတည်းဖြစ်အောင် အရောင်ချွတ်ပစ်တယ်။ monobenzone သုံးရင် အမည်းရောင်တွေအကုန်ကျွတ်သွားမှာမို့ တကိုယ်လုံးအဖြူ ဖြစ်သွားမှာကို ကြိုတင်သတိပေးရတယ်။ ရှိသင့်တဲ့အရောင်တွေ အကုန်ကျွတ်ကုန်တာမို့ ခရမ်းလွန်ရောင်ခြည်ကို မကာကွယ်နိုင်တော့ဘူး။ အရေပြားကင်ဆာဖြစ်နိုင်ချေမြင့်တက်လာတယ်။

၅-laser treatmentဆိုတာ အရေပြားရောဂါတွေမှာ စမ်းသပ်အောင်မြင်နေတဲ့ ကုသနည်းဖြစ်ပါတယ်။ အရေပြားမှာ မကောင်းတာ၊အရုပ်ဆိုးတာမျိုး ရှိရင် လေဆာရောင်ခြည်သုံးပြီး ကုသနိုင်တယ်။ ခရုသင်းမှာ excimer laserဆိုတာကို အသုံးပြုရတယ်။ဖြစ်တဲ့အဖြူကွက်က သေးငယ်ရင် ပိုအကျိုးရှိတာ တွေ့ရပါတယ်။

၆-Cosmetic camouflageဆိုတာ မိတ်ကပ်သုံးပြီး အရေပြားမညီညာတာကို ပြုပြင်ဖုံးကွယ်တာမျိုး ဖြစ်ပါတယ်။ သာမန်မိတ်ကပ်ထက်သာတဲ့အချက်က ရေစိုခံပြီး ၃-၄ရက်လောက် ကြာရှည်ခံတာဖြစ်ပါတယ်။ အရောင်စုံကို ရွေးချယ်နိုင်တယ်။သတိပြုရမယ့် အချက်က နေလောင်တာကို ကာကွယ်ပေးမယ်မဟုတ်ဘူး။ အမြင်အာရုံကို လှည့်စားတဲ့သဘောသာ ဖြစ်ပါတယ်။

၇-နေလောင်ကာလိမ်းဆေး
ခရုသင်း(သမင်ဖြူ)ကွက်တွေမှာ နေလောင်ကာလိမ်းဆေး ပေးနိုင်တယ်။အနည်းဆုံး SPF30 ပါဝင်တဲ့ နေလောင်ကာမျိုး လိမ်းပေးသင့်တယ်။

ဘာတွေ သိထားသင့်လဲ...
ခရုသင်းဟာ ကူးစက်ရောဂါမဟုတ်ဘူး။ ဒါ့ကြောင့် အတူနေမိသားစုဝင်တွေကို မကူးစက်နိုင်ပါဘူး။

ဆောင်ရန်၊ရှောင်ရန်
စိမ်းတဲ့ အသီးအရွက်များများစားပါ။
hydroquinoneပါဝင်တဲ့ ဘလူးဘယ်ရီ၊သစ်တော်သီး စတာတွေ ရှောင်ပါ။
ကော်ဖီ၊လက်ဖက်ရည်၊ချောကလက်၊အရက်၊ဘီယာ ရှောင်နိုင်ရင် ပိုကောင်းတယ်။

စိတ်ဖိစီးမှုကင်းဝေးအောင် အိပ်ရေးဝဝအိပ်ပါ။ တရားထိုင်တာ၊ယောဂကျင့်တာမျိုး လုပ်ပေးနိုင်ပါတယ်။ သောက်ဆေးထဲမှာ vitamin A ၊C ၊E၊ B12 ၊ folic acid ၊PABA ၊ iron၊ copper၊ zinc၊ selenium အိုမီဂါသရီး ပါဝင်တဲ့အားဆေးမျိုးသောက်ပေးနိုင်တယ်။phenylalanine အသားဓာတ်နဲ့ curcuminဓာတ်တွေက အကျိုးရှိတာ တွေ့ရတယ်။ vitinext လိမ်းဆေး နဲ့ သောက်ဆေးတွေက အဖြူကွက်တွေကို ပြန်မဲလာစေတယ်။

အဖြူမြင်တိုင်း ခရုသင်း မဟုတ်..
အဖြူမြင်တိုင်း ခရုသင်းလို့တော့ မထင်စေချင်ဘူး။ တခြားရောဂါတွေလည်း ၁၀မျိုးမကရှိလို့ ဆရာဝန်နဲ့ သေချာပြသသင့်တယ်။ ဆေးပညာမှာ တိုးတက်မှုတွေရှိပြီဖြစ်လို့ စိတ်ဓာတ်ကျဖို့ မလိုပါ။ စနစ်တကျကုသရင် သက်သာလာနိုင်တယ်။

ဒေါက်တာ အေးမင်းထူး
၄.၈.၂၅

Address

Da 8/96, 66th Street, Corner Of 39th Street, Maha Aung Myay Township
Mandalay

Alerts

Be the first to know and let us send you an email when Dr. Aye Min Htoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Aye Min Htoo:

Share

Category