ပယောဂနှင့်ထူးဆန်းအံ့ဖွယ်ဖြစ်ရပ်မှန်များ

  • Home
  • Myanmar
  • Mandalay
  • ပယောဂနှင့်ထူးဆန်းအံ့ဖွယ်ဖြစ်ရပ်မှန်များ

ပယောဂနှင့်ထူးဆန်းအံ့ဖွယ်ဖြစ်ရပ်မှန်များ ပ ယောဂကို ကြုံရသူများ၊ သရဲ စုန်း နတ် သိုက် စသည့်အ‌ကြောင်းများ ပယောဂအတိုက်အခိုက် အစွဲ အပင်း အစောင့် ဖယ်ရှားရှင်းလင်းခြင်း

09/07/2022
09/07/2022
သိုက်စောင့်နတ်ကျား အပိုင်း ( ၂ )“ ဟဲ့ ကျားမှန်ရင် အသံပြု ”  “ အူး ”  “ အသင်နဲ့ ကျွန်ုပ်တို့ ရန်သူတွေ မဟုတ်ကြပေဘူး၊ ဒါကို...
08/07/2022

သိုက်စောင့်နတ်ကျား အပိုင်း ( ၂ )

“ ဟဲ့ ကျားမှန်ရင် အသံပြု ” “ အူး ” “ အသင်နဲ့ ကျွန်ုပ်တို့ ရန်သူတွေ မဟုတ်ကြပေဘူး၊ ဒါကို သိရင် သုံးခါ အသံပြုပါ ” “ အူး အူး အူး ” “ အသင် ဗမာစကား ပြန်ပြောနိုင်သလား ပြောနိုင်ရင် အသံပြု ” “ ……….. ”

ထိုအခါ မနန်းအေးမှ “ ပေါဆူလတ်လိုက်ကွမ်းတိုင်း လတ်မားလူး”
= “ အသင် ရှမ်းစကား ပြောနိုင်ရင် အသံပြု ”

“ ခဟောင်းလတ်ကွမ်းတိုင်းလိုက်ယူခ ”
= “ ကျနော် ရှမ်းလို ပြောနိုင်တယ်။ ”

“ ဆူပိန်ဖူ့ပိုင့်ခိုးခေါင်ကောဝ်ဟ။ဟောင်းကော့ပိန်ဆြာ တေအမ်ဟိတ်းဟိုက်ဆူ တုတ်တန်းယပ့်ဖိခန်စိုင်ဆန်နာ။ကော့နိုင်ဆူလိုလိုက်လတ်ပန်ဟောင် အန်မှန်အန်စက်။ ”

= “ အသင်ဟာ သိုက်တစ်ခုခုကလား ။ ငါတို့ဟာ သူတပါးကို ထိခိုက်နစ်နာအောင် စတင်ပြီး လုပ်သူတွေ မဟုတ်ကြဘူးနော်။ ဒါကြောင့် အမှန်ကို ပြောပါ။ ”

“ဟောင်းခဟုယူခ ယွမ့်နန်စွိုက်ဟောင်းခအိနိန် ….
= “ ကျနော် သိပါတယ်။ ကျနော်တို့ကို ကူညီ … ဂစ် ဂစ် ”

ဆရာကြီး ဦးသက်ဦးမှ “ ဟဲ့ ဒီကျား မတရား အချုပ်အနှောင် ခံနေရပါက လွတ်ကင်းစေ။ ” ဟုဆိုလိုက်သော်

“ငြင်းစုမ်းတယ့်တယ့်ခ။ ခနိုက်ကော့ပိန်ပီအိုက် စီဟောင့်ဆေခမ်းခအော။ ယမ်းလျှုိခခေါင်ဝိုက်နိုင်းတိုနိုက်တယ့် မေ့ကွန်ပိန်နောင့်စိုင်းခ စီဟောင့်ဆေငင်းခအော။ ခဟောင်းခေါင် ဆောင်ပီနောင့်နိုက်ပိန် ဆေဖီပိုင့်အွမ်ခမ်း တီ့ထမ်ယောင်းလုံခအော။”

= “ ကျေးဇူးကြီးလှပါတယ်။ ကျနော်က သူ့အစ်ကို ဆေခမ်း( ရွှေကျား )ပါ။ အခု ကျနော်ဝင်ပူးနေသူက ကျနော့်ညီ ဆေငင်း ( ငွေကျား )ပါ။ ကျနော်တို့က ဂူရှည်ကြီးက သိုက်စောင့်ကျားတွေပါ။ ”

“ပူမော်ဖီတိအောဝ်ဖန်ဟောင်းဆောင်ပီနောင့် ဆိုင်ဝိုက်တိနိုင်း ဟွန်ဟန့်ဆေတိတ်ခန်(င်)ဝိုက် အိမ်ပန်ကွာတန်းလိုင်ခ။ခတေလတ်နိုင်စိုင်းမန်းခလိုင်။”

= “ ကျနော်တို့ကို အောက်လမ်းဝိဇ္ဇာကြီးတစ်ယောက်က ကျနော်တို့ရဲ့ နာမ်နှစ်ခုကို ချုပ်နှောင်ပြီး ကျားရုပ်တစ်ရုပ်ထဲမှာ ထည့်သွင်းစီရင်ထားပါတယ်။ ကျနော် ဇာတ်လမ်းကို ပြောပြပါမယ် ”

“ယမ်းလျှိုတိအန်ဟောင်းခယူနိုက် မီးတိစယ်ဝိန်းကျောက်မဲ တိအန်ကွန်းအမ်ပေါဖြောင် အမ်ပေါထင်။ တိထိန်လိလုံတိနိုင် မီးဝိုက်မိုက်ဟုန်းလုံဆောင်တွန့်ဆေအမ်ကား မီးဝိုက်ထမ်ယောင်းလုံအန်နိန်။ ယမ်းလျှိုတယ့်ဟူးထမ်လုံနန့်အမ်မီးတန်းခေါင်မန်းယောက်ခ”
= “ အခုခေတ်အခေါ် ကျောက်မဲမြို့နယ်အတွင်းက လူသူအရောက်အပေါက်နည်းတဲ့ ဟိုးတောတွင်း တစ်နေရာက ညောင်ကြပ်ပင်နှစ်ပင်ရှိနေတဲ့ လှိုဏ်ဂူရှည်ကြီး နေရာဟာ ကျနော်တို့နှစ်ယောက်ရဲ့ နေရာပါပဲ။ အခု အချိန်မှာ ဂူပေါက်ပိတ်နေပါပြီ။ ”

“မေပွန့်မာ မေ့ပီပေါင်းဟိန်ပိုင်နန့် တိနိုက် စောဝ်ဟောင်းလယ်စောဝ်နန်းဟောင်းဆေ စောဝ်စိုင်းဟောင်း စီဟောင့်ဝါ့ အဂ္ဂဒီပ ယူဆောင်းလွေဖူစိုင့် ယိင်းစိုင်းတန်းနမ်ခအော။ စောဝ့်ဟောင်းခေါင်ဆောင်စောဝ့်နိုက် မီးတန်းကျချန်ယောက်ကော့ ကျန့်ကမ်ယူလွေ့ပညာလောကီခအော။ မေစောဝ့်စောဝ့်နန့်ဟောင်းခဆောင်ပီနောင့်နိုက်ပိန်ဆေတယ့်တယ့်ခအော။ခနိုက်မီးဆီခမ်းလယ့် စီဟောင့်ဝါ့ဆေခမ်း။ကော့ပိန်နောင့်ခတယ့် မီးဆီငင်းလယ့် စီဟောင့်ဝါ့ဆေငင်းနိုင်ခအော။စောဝ်ဆောင်ပါးယိပ့်တီးပညာလောကီဆေ ဟိတ်ဟိုက်ဟားဆောင်ပီနောင့် ယိန်းပိန်ဆေဖီကွာခအော။ ”

= “ ဇာတ်လမ်းက ဒီလိုပါ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်လောက်က အဲဒီနေရာမှာ သခင်ကြီးရယ်၊ သခင်မကြီးရယ် သားတော်သခင်လေး အဂ္ဂဒီပရယ် အခြံအရံတွေနဲ့ နေခဲ့ကြပါတယ်။ သူတို့ဟာ စွမ်းအားကြီးမားကြပြီး လောကီပညာများကို လေ့လာလိုက်စားခဲ့ကြပါတယ်။ ကျနော်တို့ ညီအစ်ကိုနှစ်ယောက်က တကယ့်ကျားအစစ်တွေပါ။ ကျနော်က ရွှေရောင်အဆင်းရှိလို့ ဆေခမ်း၊ ညီဖြစ်သူက ငွေရောင်အဆင်းရှိလို့ ဆေငင်းလို့ ခေါ်ပါတယ်။ ကျနော်တို့ကို သခင်ကြီးတို့က အစွမ်းတန်ခိုးနဲ့ လုပ်လိုက်တော့ နတ်ကျားတွေ ဖြစ်သွားကြပါတယ်”

“စောဝ့်ဟောင်းလယ့် တန်းစောဝ့်နန်းဟောင်း မေ့ပိုင်ဆိန်ကမ်ဆုမွန်နန့် အောဝ်ခိုးခေါင်ငင်းခမ်းခေါင်ဆေ ဝိုက်ဝိုက်တိနိန်။ယိန်းအန်းတာတေလှူဒါန်း ဘုရားစောဝ့် အရိမေတ္တယျ ဝါ့နိုင်ခအော။ ယောက်ကော့အောဝ်ဟား ဆေဖီဆောင်ပီနောင့် ပိုင့်ခိုးခေါင်ငင်းခမ်း စောဝ့်တန်းဆောင်တော်ထီတိလျှိုခအော။ ဝိုင်းဆေစောဝ့်ဟောင်းဆောင်ပါး ဆိန်ကမ့်ဆုမွန်ကွာယောက် တိအန်ဝိုက်ခိုးခေါင်ငင်းခမ်းနိုက် ဟောင်းဆေဖီဆောင်ပီနောင့်လယ့် တန်းစောဝ်စိုင်းဟောင်းအဂ္ဂဒီပကွေးခအော အန်ဝုအန်ဟန်။ စောဝ့်ဟောင်းလယ့် စောဝ့်နန်းဟောင်းတယ့် ကျန့်ကမ်ပညာလောကီ ဆမထဆေ ပွန့်လွက်တန်းဒုက္ခမိန်းကွန်းဆေ ဟော့ဖြောင်တိမိန်းဆန်ယောက်ခအော ယမ်းလျှို။”

= “ သခင်ကြီးနဲ့ သခင်မကြီးဟာ သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို မသေခင်မှာ ဌာနတစ်ခုမှာ ထားထားပြီး နောင်ပွင့်တော်မူမယ့် အရိမေတ္တေယျဘုရားရှင်အတွက် လှူတန်းဖို့ ကျနော်တို့ နတ်ကျားနှစ်ကောင်ကို စောင့်စေခဲ့ပါတယ်။ ထိုရတနာ ပစ္စည်းများရဲ့ တည်နေရာကို ဖော်ထုတ်နိုင်သူဟာ သုံးယောက်သာ သိပါတယ်။ ကျနော်တို့ ညီအစ်ကို နှစ်ယောက်နဲ့ သခင်လေး အဂ္ဂဒီပပါပဲ။ သခင်ကြီးနဲ့ သခင်မကြီးတို့ကတော့ သမထတွေ ဆက်လက်အားထုတ်ပြီးတော့ ဗြဟ္မာ့ဘုံမှာ ရောက်သွားကြပါတယ်။ ”

ဦးသက်ဦးမှ “ အဂ္ဂဒီပ ဟုတ်လား၊ ဒီနာမည် ကျုပ် ရင်းနှီးနေသလိုပဲ။ အဂ္ဂဒီပ အခု ဘယ်ရောက်နေသလဲ ဆေခမ်း”

“စောဝ့်စိုင်းအွမ်ဟောင်း နိုက်ယမ်းလျှိုပိန် ဆြာလုံဦးသက်ဦးခအော။စောဝ့်စိုင်းဟောင်းခ ဟားဆောင်ပီနောင့် ခိုင့်ပွတ်လွတ်ဒီဘ၀နိုက်ခယောက်။ စွိုက်ခဟောင်းခေါင်ဆေ ဟောင်းခင်းခုအောဝ် ခိုးခေါင်ငင်းခမ်း အန်စောဝ့်ဟောင်းခေါင်ဝိုက်ဝိုက်နန့်ဆေ ဟိတ်ဆန်ကွာပွန်ကွန်းတန်းလိုင်နိုက် ချမ့်ဆေပိန်ယောက်။”

= “ သခင်လေး အဂ္ဂဒီပဆိုတာ ဆရာကြီး ဦးသက်ဦးပါပဲ ။ သခင်လေးခင်ဗျာ ကျနော်တို့ လွတ်မြောက်ချင်ပြီ။ ကျနော်တို့ကို ကူညီရင်းနဲ့ သခင်ကြီးတို့ ထားရစ်ခဲ့တဲ့ ရတနာတွေကို တူးဖော်ပြီး အများအကျိုးကို လုပ်ဆောင်ကြရအောင်လေ ”

“ အင်း၊ အံ့သြစရာ လောကသံသရာပါလား၊ ကျုပ် အိပ်မက်မက်ဖူးပါတယ်။ အခု ဆေခမ်း ပြောတာနဲ့ တိုက်ဆိုင်ကြည့်လိုက်တော့ ကျုပ်ဟာ အဂ္ဂဒီပပဲ ။ ဟုတ်ပါတယ်။ ဘယ်မှာ တူးရမှာလဲ ဂူရှည်ကြီးမှာလား ”

“ ခအမ်ပိုင်ခိုက်လတ်တိအန်ခိုးခေါင်ငင်းခမ်းမီးခ။ ယမ်းလျှိုဟောင်းခတိမီး ဖူ့ချိန်ယူခအော။ ဆန်အမ်မီးဖေးချိန်ဆန်ယောက်တဲ့ ဟောင်းပီနောင့်ဆောင်ကော့လယ့် တန်းစောဝ့်စိုင်းဟောင်း စွမ်ကိုက်အုကွန်ကန် ထိတ်ဟိတ်းစိန့်ဟီနိုင် ”

= “ ရတနာတွေ ရှိနေတဲ့ နေရာကို ကျနော် မပြောပါရစေနဲ့ဦး၊ ရန်သူရှိနေပါတယ်။ အဲဒီရန်သူရဲ့ ဘေးက လွတ်ကင်းသွားမှသာ သုံးဦးစုံညီ အဖြေထုတ်ရမှာ ဖြစ်ပါတယ်။ ” “ ဇာတ်လမ်းကို ဆက်ပြောပါဦး ဆေခမ်း ”

“စောဝ့်စိုင်းဟောင်း ဟောင့်ခပေါင့်မေအွမ်တန်းအိနိန်ခလယ့် ဟောင့်ခဝါ့ လုစိုင်းလုံနိုင်ခလယ့် ခါ့ခိုင်ညင်းတယ့်တယ့်ခအော ”

= “ ကျနော့်ကို ဟိုအရင်တုန်းကလိုပဲ သားလို့ ခေါ်ပါလား သခင်လေး ”
“ အေးပါ သားရယ် ”

“ဟောင်းခဆောင်ပီနောင့် ပိုင့်ခိုးခေါင်ငင်းခမ်းစောဝ့်ဟောင်းခေါင်မား မေ့ဖြောင်မားပီပေါင်း နိန်ပဂ့်နန့် လိုက်မားထုပ်ညား မော်ဖီလုံအန်ဟောင့်စီ၀ ဆေနကဆေ ဝိုင်းလင်းမားတယ့်....... ”

= “ ကျနော်တို့ ညီအစ်ကိုနှစ်ယောက်ဟာ အဲဒီရတနာသိုက်ကို စောင့်ရှောက်နေရင်းက လွန်ခဲ့တဲ့ အနှစ် ၁၀၀ လောက် အရောက်မှာတော့ ( သေနက ) ဆိုတဲ့ အောက်လမ်းဝိဇ္ဇာတစ်ယောက်နဲ့ တွေ့ပြီးတဲ့ နောက်မှာ ……… ”
…………………………………………………………………………………………………….

သစ်တောအုပ်အုပ် စိမ်းယှက်ဖြာသော တောတွင်းတစ်နေရာတွင် ညောင်ကြပ်ပင်ကြီးနှစ်ပင် ရှိလေသည်။ ထိုညောင်ကြပ်ပင်ကြီးနှစ်ပင်သည် မြေကြီးပေါ်တွင် ပေါက်နေခြင်းမဟုတ်ပဲ တောင်ခါးပန်းကို ထိုးဖောက်၍ ကုတ်တွယ်တက်နေခြင်းပင် ဖြစ်လေသည်။ ထိုအပင်နှစ်ပင်၏ အောက်တွင်ကား ဝါးလုံးတစ်လုံး၏ အရှည်ခန့် ကျယ်ပြောမြင့်မားသော ဂူပေါက်ဝကြီးတစ်ခု ရှိလေသည်။

ထိုဂူပေါက်ဝ၏ အထက်ရှိ ကျောက်ဖျာပေါ်တွင် ရွှေရောင်အဆင်းရှိသော ကျားကြီးတစ်ကောင်နှင့် ငွေရောင်အဆင်းရှိသော ကျားကြီးတစ်ကောင်သည် နေပူစာလှုံနေသကဲသို့ ရှိနေကြလေ၏။ အမှန်တကယ်အားဖြင့် သာမာန်လူတစ်ယောက်သည် ထိုနေရာသို့ မျက်စေ့လည်လမ်းမှား၍ ရောက်သွားခဲ့သော် ထိုဂူပေါက်ဝကိုလည်း မြင်ရမည် မဟုတ်ချေ။ ထို့အတူ ကျောက်ဖျာပေါ်တွင်ရှိနေကြသော ရွှေကျားနှင့် ငွေကျားကိုလည်း မြင်ရလိမ့်မည်မဟုတ်ပါချေ။ ထိုအချိန်တွင် အနက်ရောင်အဝတ်အစား ဝတ်ဆင်ထားသော အသက် ၅၀ ကျော်အရွယ်ရှိ လူတစ်ယောက်သည် ထိုနေရာသို့ ရောက်ရှိလာလေသည်။

ထိုသူ၏ အမည်ကား သေနကမည်၏။ သေနကသည် အောက်လမ်းဆရာတစ်ယောက်ဖြစ်၏။ သူသည် အောက်လမ်းမီးထုံအောင်ထားသူ ဖြစ်၏။ ထိုနေရာသို့ သူသည် စရဏကျင့်ကြံရန်အလို့ငှာ လာရောက်ခဲ့ခြင်းဖြစ်လေသည်။ အလုပ်လုပ်၍ ကောင်းမည့်နေရာကို သူ၏ ပညာမျက်လုံးဖြင့် ကြည့်လိုက်သော် ဂူကြီးတစ်ဂူကိုမြင်၏။ ထိုဂူကြီးသည် ကြီးမားရှည်လျား၍ ဆေခမ်းနှင့် ဆေငင်းတို့ နေထိုင်ရာ ညောင်ကြပ်ပင်ကြီးနှစ်ပင်၏ အောက်ခြေရှိ ထမ်ယောင်းလုံ ဂူကြီးပင်ဖြစ်လေသည်။

သေနကသည် ဂူထဲသို့ ဝင်မည်အပြု ဂူအတွင်းမှ မီးလုံးကြီးများ ထွက်လာပြီး ဂူထဲမှ လေပြင်းများတိုက်ခတ်လာလေသည်။ “ ဟားဟားဟားဟား ငါလို မီးထုံအောင်ထားတဲ့သူ တစ်ယောက်ကို မီးလုံးလေပွေလောက်ကတော့ အပျော့ပေါ့ကွာ ” ဟုဆိုကာ မီးလုံးကြီးထဲသို့ အေးဆေးစွာ ဖြတ်လျှောက်သွားလေတော့သည်။ မီးလုံးလေပွေကြီးသည် ဂူထဲတွင် လိမ့်ကာ လိမ့်ကာဖြင့် လောင်ကျွမ်းနေသော်လည်း သေနကမှ လက်ဝှေ့ယမ်းလိုက်သည်နှင့် အကုန်ပျောက်ကုန်ကြလေသည်။ ထိုစဉ် ဂူပေါက်ဝတွင် ဆေခမ်းနှင့် ဆေငင်းတို့ နတ်ကျားနှစ်ကောင်သည် ရောက်ရှိလာကြလေသည်။

“ အူး ဝေါင်း ဝေါင်း ”

သေနကသည် နောက်သို့လှည့်ကြည့်လိုက်ပြီး ကောက်ကျစ်စွာ ပြုံးလိုက်လေသည်။ “ ဟားဟားဟား သိုက်စောင့်တဲ့ နတ်ကျားနှစ်ကောင်ပါလားကွ ။ မင်းတို့ အစွမ်းလောက်နဲ့ တက်မလာနဲ့လေ။ အတော်ပဲဟေ့ ငါလည်း အသပြာလိုနေတာနဲ့။ ဟောဒီမှာ ခြင်္သေ့နှစ်ကောင် ” ဟု သေနကမှ ဆိုလိုက်ရာ သေနက၏ ဘေးဝဲယာမှ ခြင်္သေ့ကြီးနှစ်ကောင် ပေါ်လာ၍ ရွှေကျားနှင့် ငွေကျားကို တိုက်ခိုက်ကြလေ၏။ သေနကသည် ဂူထဲသို့ ဆက်လက်ဝင်ရောက်သွားလေတော့သည်။

ဆေခမ်းနှင့် ဆေငင်းတို့သည် နတ်ကျားများဖြစ်၍ သေနက ဖန်ဆင်းသော ခြင်္သေ့နှစ်ကောင်ထက် အစွမ်းသာလွန်၍ ခဏအကြာတွင် ခြင်္သေ့နှစ်ကောင်သည် သေဆုံးပျောက်ကွယ်သွားတော့သည်။ ထိုအရာကို သေနက သိသော်လည်း အလေးဂရုမပြုပဲ ဂူအတွင်းတစ်နေရာတွင် တင်ပလင်ခွေ၍ သူ၏ ပြုဖွယ်ကိစ္စများကို ကျင့်ကြံဆောင်ရွက်လေသည်။ ဆေခမ်းနှင့် ဆေငင်းသည် ထိုနေရာမှနေ၍ အတွင်းသို့ ဝင်ရောက်ရန် မစွမ်းသာတော့ချေ။ သို့နှင့်ဂူပြင်သို့ ပြန်လည် ထွက်ခွာသွားရလေသည်။ သို့နှင့် သေနက အဓိဌာန်ဝင်သည်မှာ လေးဆယ့်ငါးရက်ပြည့်မြောက်သော် သေနကသည် ထိုဂူထဲမှ မြေကြီးအနည်းငယ် ဆေးမှုန့်အချို့တို့ကို ရေနှင့်ရောစပ်ကာ အရုပ်တစ်ခုကို ပြုလုပ်လေသည်။ ထို့နောက် ထိုအရုပ်ကို မီးဖုတ်သော် အုတ်ခဲလို မာကျောသော အရုပ်ကို ရရှိလေသည်။ ထိုအရုပ်သည် ကျားရုပ်တစ်ရုပ် ဖြစ်လေသည်။ အရွယ်မှာကား သေးသေးသွယ်သွယ်ဖြင့် လက်တစ်ဆစ်သာသာခန့် ရှိလေသည်။

ထို့နောက် ထိုအရုပ်ကို ဂူပေါက်ဝတွင် ဂူအတွင်းသို့ လှည့်နေသော အနေအထားဖြင့် ချထားလေသည်။ အမှန်တကယ်တော့ သေနကသည် ဂူပေါက်ဝတွင် ရှိနေသာ ဆေခမ်းနှင့် ဆေငင်းတို့၏ ခြေရာများပေါ်တွင် ကျားရုပ်ကလေးကို တင်ထားခြင်းဖြစ်လေသည်။ ခဏအကြာတွင် ကျားရုပ်ကလေး၏ နောက်တွင် ဆေခမ်းနှင့် ဆေငင်းတို့ညီနောင် ကျားနှစ်ကောင်သည် ဝပ်ဆင်းရလေတော့၏။ သေနကသည် ဂူဝသို့ ထွက်လာပြီး “ ဟေ့ကောင်တွေ မင်းတို့ကို ငါပိုင်ပြီကွ။ ကဲ မင်းတို့ စောင့်နေတဲ့ ရတနာပစ္စည်းတွေ ငါ့ကို အပ်ပေတော့ ” “ အူး ဝေါင်း ဝေါင်း ဂရား ” ကျားညီနောင်သည် လုံးဝလက်မခံသည့်နှယ် လည်တိုင်ကို ဗယ်ညာဆန့်၍ ဟိန်းဟောက် ငြင်းဆန်ကြလေသည်။ ထိုအခါ သေနကသည် အိတ်ထဲမှ ဆေးမှုန့်များ ထုတ်ယူပြီး နတ်ကျားညီနောင်ကို ဆေးမှုန့်များဖြင့် မှုတ်သွင်းလေသည်။
ကျားညီနောင်သည် မကြာခင်အချိန်အတွင်း အိပ်ပျော်သွားကြလေသည်။

ထိုအခါ သေနကသည် ဆေခမ်းနှင့် ဆေငင်းတို့၏ အမွှေးအမျှင်အချို့ကို နှုတ်ယူ၍ သူဖန်ဆင်းထားသော ကျားရုပ်ကလေးတွင် ကော်တမျိုးဖြင့် ကပ်ထားလိုက်တော့သည်။ သေနကသည် နတ်ကျားနှစ်ကောင်ကို အိပ်ငွေ့ချ၍ သူသိလိုသည်များကို မနောဖြင့် မေးမြန်းလေတော့သည်။ နတ်ကျားနှစ်ကောင်မှ ဖြေသောအဖြေသည်ကား သူလိုချင်သော အဖြေမဟုတ်ချေ။ နတ်ကျားနှစ်ကောင်ကို သတ်ပစ်လျှင်တောင်မှ ထိုရတနာများကို ရလိမ့်မည်မဟုတ်ချေ။ ရတနာပစ္စည်းများ ရယူလိုပါက ထိုကျားနှစ်ကောင်အပြင် နောက်တစ်ယောက်ကိုပါ တွေ့မှ သုံးဦးစုံညီဖြစ်မှ ရှိသည့် နေရာကို သိရမည်။

ရတနာပစ္စည်းများ ရှိသောနေရာကိုလည်း သေနက၏ အမြင်အစွမ်းဖြင့် မသိနိုင်ချေ။ ထိုသို့ မသိနိုင်အောင်ပင် ဆေခမ်းနှင့် ဆေငင်းတို့၏ အရှင်သခင်များက စီမံဆောင်ရွက်ခဲ့ကြပေ၏။ သို့သော်ငြား သေနကသည် လက်မလျှော့ပဲ ဆေခမ်းနှင့် ဆေငင်းတို့ နတ်ကျားနှစ်ကောင်၏ နာမ်ကို ကျားရုပ်ကလေးတွင် ချုပ်၍ သူ၏ နာမ်စိတ်ကိုပါ ထည့်သွင်းထားခဲ့လေ၏။ ထိုသို့ ချုပ်နှောင်ထားသောကြောင့် သေနကမှ ဆန္ဒရှိလိုက်လျှင် နတ်ကျားနှစ်ကောင်မှာ သေနကဆီသို့ ရောက်လာရသည်ချည်း ဖြစ်လေသည်။ သို့နှင့် ဆယ်နှစ်ခန့် ကြာခဲ့သော် သေနကသည်လည်း အသက် ၆၀ သို့တိုင်လေပြီ။ ထိုအတောအတွင်း ရတနာများကို ရရှိနိုင်သော နည်းမျိုးစုံဖြင့် သေနက ကျိုးစားကြံစည်ပါသော်လည်း အချည်းနှီးပင် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုရတနာများကို တူးဖော်ဖို့ မပြောနှင့် နေရာကိုပင် သေနက၏ အကြားအမြင်က မသိနိုင်ချေ။ နတ်ကျားနှစ်ကောင်မှလည်း အသေသာခံမည်။ လုံးဝမပြော။ ထိုနတ်ကျားနှစ်ကောင်မှ ပြောခဲ့လျှင်လည်း နောက်တစ်ဦးလိုနေသေး၍ မည်သို့မှ ဖော်ထုတ်နိုင်မည်မဟုတ်ချေ။

သေနကသည် မူလကတော့ ရတနာများကို လိုချင်ခဲ့လေသည်။ ယခုမူ သေနက လိုချင်သည်ကား ရတနာများမဟုတ်တော့ချေ။ သူ၏ အမြင်အာရုံတွင်ကား ရတနာပစ္စည်းများနှင့် ရွှေပရပိုဒ် ငွေပရပိုဒ်တို့ကို မြင်ရ၏။ ယခု သူအဓိကလိုချင်သည်ကား ရတနာပစ္စည်းများနှင့် အတူရှိနေသော ရွှေပရပိုဒ်နှင့် ငွေပုရပိုဒ်သာ ဖြစ်တော့သည်။ သူ၏ အသက်အရွယ်နှင့် ချိန်ထိုးလျှင် ရတနာပစ္စည်းများ ရခဲ့ပါကလည်း သုံးနိုင်သည့် အရွယ်လည်း မဟုတ်တော့။ ထိုပရပိုဒ်နှစ်ခုတွင် အစွမ်းထက်သော လောကီပညာရပ်များနှင့် ထွက်ရပ်ပေါက်ပညာများကို ထည့်သွင်းရေးသားထားသည်ဟုလည်း သိရ၏။ သို့သော် ဘာတွေ ရေးသားထားသည်ကိုတော့ မြင်နိုင်စွမ်းမရှိချေ။ အဆိုးဆုံးသည်ကား ထိုအရာများ မည်သည့်နေရာတွင် ရှိနေသည်ကို မသိရခြင်းပင်ဖြစ်သည်။

တစ်ရက်တွင် နတ်ကျားနှစ်ကောင်အတွက် ကံကြမ္မာအလှည့်အပြောင်း ဖြစ်လာခဲ့လေသည်။ အညိုရောင် ဝတ်ဆင်ထားသော အသက် ၇၀ ဝန်းကျင်ခန့်အရွယ်ရှိသော ရသေ့ကြီးတစ်ပါးသည် နတ်ကျားနှစ်ကောင်ရှိနေသော တောအုပ်အတွင်းသို့ တရားအားထုတ်ရန် အလို့ငှာ ရောက်ရှိလာလေသည်။ ထိုပုဂ္ဂိုလ်ကြီး၏ အမည်ကား ဦးဓမ္မသိဒ္ဓိဟုတွင်၏။ သူသည် သူ၏သမထတန်ခိုးဖြင့် ကြည့်လတ်သော် အချုပ်အနှောင်ခံနေရသော နတ်ကျားနှစ်ကောင်ကို မြင်လေ၏။ ထို့အတူ သေနကဟုသော အောက်လမ်းဆရာကြီးနှင့်တကွ သူ၏အစွမ်းကိုလည်း သိမြင်ခဲ့ပါပေ၏။

သေနက၏ အစွမ်းသည် သူ၏အစွမ်းနှင့် တန်းတူရည်တူလောက် ရှိမည်ဟုလည်း ခန့်မှန်းသိခဲ့ရလေသည်။ ထို့ကြောင့် ရသေ့ကြီးသည် သေနက ရှိနေသော တောင်တွင် မနေပဲ ထိုနားရှိ ထမ်ဆလန်းတောင်တွင်သာ သီတင်းသုံးလေ၏။ လက်ရှိသူ၏ သမထအစွမ်းမှာ သေနက၏ အစွမ်းနှင့် တန်းတူလောက်ဖြစ်နေသေး၍ မိမိ၏အစွမ်းတန်ခိုး မြှင့်တင်ပြီးခါမှ ထိုနတ်ကျားနှစ်ကောင်ကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ရသေ့ကြီး ကောင်းစွာသိသောကြောင့် စရဏကိုသာ တိုး၍ လုပ်ခဲ့လေသည်။ သို့နှင့် ကိုးလတင်းတင်းပြည့်သော် ရသေ့ကြီးဓမ္မသိဒ္ဓိသည် ကိုယ်ဖျောက်အတတ်နှင့် အခြားအစွမ်းများကို ရရှိပြီးသကာလ ထမ်ယောင်းလုံဂူသို့ ကြွသွားလေတော့သည်။

“ ဟေ့ ဂူအပြင်က ဘယ်သူလဲကွ ” ((( ဟင် ငါ ကိုယ်ဖျောက်လာတာကို သေနက သိနေပါရောလား ))) ရသေ့ကြီး တွေးတောနေခြင်းတည်း။ “ လူကို မမြင်ရပေမယ့် အနံ့ရနေတယ်ကွ။ ပြောစမ်း။ မပြောလို့ကတော့ အသေသတ်ပစ်မယ်။ ဟိုဖက်တောင်က ရသေ့ကြောင်ကြီးမလား။ ဘာလာရှုပ်တာတုန်း ” “ ဒကာ ဒေါသမကြီးပါနဲ့လေ၊ စိတ်ကို အေးအေးထားမှပေါ့ ” “ ဒီမယ် ရသေ့ကြီး ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ ကျုပ်ကိစ္စကို လာမရှုပ်နဲ့။ မဟုတ်လို့ကတော့ ကျုပ်အဆိုးမဆိုနဲ့၊ ရသေ့ဖြစ်လည်း ကျုပ်က သတ်မှာပဲ ”

“ ဒကာ့မှာ လူတစ်ယောက်ကို သတ်နိုင်တဲ့ အစွမ်းတွေ ရှိတာ ကျုပ်သိပါတယ်။ ဒါပေမယ့် ဒကာက ဒီအတတ်တွေ တတ်ပေမယ့် လူမသတ်ခဲ့ဖူးပါဘူး။ ကျုပ်သိတယ်။ ကျုပ်ကိုလည်း ဒကာ မသတ်နိုင်ပါဘူး။ ကျုပ်ပြောစရာရှိလို့ လာတာပါ ” “ ကိုယ့်ကိုကို အထင်ကြီးလှချည်လား၊ ကိုင်း ဘာပြောချင်တာတုန်း ” “ ဒကာ့ဆီက ကျုပ်အလှူခံစရာလေး ရှိလို့ပါ ” “ ဘာလဲ နတ်ကျားနှစ်ကောင်လား ” “ ဒကာက သိသားပဲ၊ ဟုတ်ပါတယ်။ သူတို့ အသက်ကို ကျုပ်အလှူခံပါရစေ ”

“ ဟား ဟား ဟား ဟား ကျုပ်က သူတို့ကို မသတ်ပါဘူးဗျ၊ သူတို့ကို သတ်လိုက်ရင် ကျုပ်လောက် မိုက်တာ ရှိပါ့မလား၊ သူတို့ကို သတ်လိုက်ရင် ကျုပ်လိုချင်တာ ဘယ်လိုလုပ်ရတော့မလဲ ” “ ဒကာလိုချင်တဲ့အရာနဲ့ အလားတူ အကျိုးရှိတဲ့ နည်းတွေကိုတော့ ကျုပ်ပေးနိုင်ပါတယ်။ ကျုပ်ကို နတ်ကျားနှစ်ကောင်ရဲ့ အသက်နဲ့ ခန္ဓာ လှူရင် ပြောပြမယ် ” “ ဒီမယ် ရသေ့စုတ်၊ လာရာလမ်းကိုသာ ပြန်မြန်းပေတော့၊ ကိုယ်စွမ်းရင် ကိုယ့်ဖာသာ ယူ၊ ကျုပ်ကို ရွှေပြည်အေးတရားလာဟောမနေနဲ့ ”

“ ကောင်းပြီလေ ကျုပ်တို့လို ပုဂ္ဂိုလ်မျိုးဆိုတာ အခွင့်ရပြီးမှ လုပ်လို့ပိုကောင်းတာကလား၊ ဒကာက ကိုယ်စွမ်းရင် ကိုယ့်ဖာသာယူလို့ ခွင့်ပေးပြီးပြီဆိုတော့ ကျုပ်လုပ်ရမယ့်အပိုင်း ကျုပ်လုပ်ခွင့် ပိုရှိသွားပြီ ။ ကဲ ဆေခမ်း ဆေငင်း လိုက်ခဲ့ပေတော့ ” ဟုဆိုလိုက်ရာ သေနကဘေးတွင် ရှိနေသော သိုက်စောင့်နတ်ကျားနှစ်ကောင်သည် လေ၏ လျှင်မြန်ခြင်းကဲ့သို့ ထ၍ လိုက်သွားလေသည်။

သေနကသည် ရုတ်တရက်ချက်ချင်း လက်ကို ဖြန့်လိုက်သော် အရာတစ်ခုသည် သူ၏ လက်ဝါးပြင်တွင် ပေါ်လာလေသည်။ ပေါ်လျှင်ပေါ်ခြင်း ကျားနှစ်ကောင်ထံသို့ ပစ်လိုက်လေသည်။ ထိုအရာသည်ကား ဝါးဖြင့်ပြုလုပ်ထားသော ပေါက်မျှားလေးတစ်ချောင်း ဖြစ်လေသည်။

သိုက်စောင့်နတ်ကျား အပိုင်း ( ၃ ) ဆက်ရန်

05/07/2022
သိုက်စောင့်နတ်ကျား ( ၁ )“ အိမ်ရှင်တို့ အိမ်ရှင်တို့ရှင့် ”  “ ဘယ်သူများပါလိမ့်ဗျ ” “ ဒီအိမ်က ဆရာကြီး ဦးသက်ဦးရဲ့ အိမ်လားရ...
04/07/2022

သိုက်စောင့်နတ်ကျား ( ၁ )

“ အိမ်ရှင်တို့ အိမ်ရှင်တို့ရှင့် ” “ ဘယ်သူများပါလိမ့်ဗျ ” “ ဒီအိမ်က ဆရာကြီး ဦးသက်ဦးရဲ့ အိမ်လားရှင် ” “ ဟုတ်ပါ့ဗျား ဘာအကြောင်းများရှိပါလိမ့် ” ဦးသက်ဦးသည် အိမ်ရှေ့သို့ ထွက်ကြည့်လေရာ သားယောကျာ်းလေး တစ်ယောက်ကို ချီထားသော လင်မယားနှစ်ယောက်ကို တွေ့လေသည်။ “ ကျနော်တို့ကို ဝင်ခွင့်ပြုပါ” “ ဂူး ဂရူး အူး ” ထိုအသံသည် နှစ်နှစ်သားအရွယ် ကလေးငယ်၏ ပါးစပ်မှ ထွက်နေခြင်းတည်း။

ဦးသက်ဦးသည် ထိုလင်မယား၏ ရင်ခွင်ထဲရှိ ကလေးငယ်ကို ကြည့်လိုက်လေရာ ((( ဟာ ဆေခမ်းပါလား ))) ကလေးငယ်သည် မိခင်၏ ရင်ခွင်တွင်းမှ အောက်ကို လျှောတိုက်၍ ဆင်းလေသည်။ မိခင်သည် “ အို သားသား မဆင်းရဘူးလေ၊ ငြိမ်ငြိမ်နေပါ သားလေးရယ် ” ဟု ဆိုကာ သူမ၏သားငယ်အား ပြန်ဆွဲ၍ မချီလေသည်။ သို့သော် ကလေးငယ်ကား နှစ်ကြိမ်ခန့် ကော့ထိုးလေရာ မိခင်၏ လက်မှ လွတ်၍ မြေပြင်ပေါ်သို့ လေးဖက်ထောက်လျက် တည့်တည့်မတ်မတ် ကျလေ၏။ ထိုအခါ ကလေးငယ်သည် ဦးသက်ဦးထံသို့ လေးဖက်ထောက်ပြေးလာပြီး ဦးသက်ဦး၏ ဒူးခေါင်းနှင့် ခြေသလုံးကို ဦးခေါင်းဖြင့် ပွတ်သပ်နေလေတော့သည်။

“ ကဲ ကဲ လာကြ၊ အတွင်းရောက်မှ ပြောကြစို့ ” ဟု ဆိုရာ ထိုလင်မယားသည် ကလေးငယ်ကို ကောက်၍ ချီမည်အပြု ကလေးငယ်မှာ ကဆုန်ပေါက် လေးဖက်ထောက်၍ ဘုရားခန်းသို့ ပြေးလေ၏။ ထို့နောက် ဘုရားဆောင်ဖက်သို့ ဘုရားကန်တော့သလို လက်နှစ်ဖက်ကို ရှေ့ကို ပစ်၍ ခြေနှစ်ဖက်သို ပုဆစ်တုပ်နေလေ၏။ သို့နှင့် ဦးသက်ဦး၏ ဘုရားခန်းသို့ ရောက်သော် “ ကျမတို့က ပျဉ်းမနားကပါရှင်၊ အမျိုးသားက ကိုအောင်သက်၊ ကျမက ခင်နှင်းပါရှင့်။ အခု ကျမတို့သားလေးဟာ အခု ဆရာကြီး မြင်တဲ့အတိုင်း …… ” ဦးသက်ဦးသည် ခေါင်းကို တဆက်ဆက်ငြိမ့်ပြီး လက်ဝါးကို ကာပြရာ မခင်နှင်း၏ ပြောလက်စ စကားသည် ရပ်တန့်သွားလေ၏။ ထိုအခါ ဦးသက်ဦးသည် သူ၏ ခြေရင်းတွင် ဝပ်ဆင်းလျက်ရှိနေသော ကလေးငယ်၏ ကျောကို သပ်ကာ “ သား ဆေခမ်း မင်းပြန်လာပြီလား ဆေခမ်း ” ဟုဆိုလိုက်ရာ ကလေးငယ်သည် ဦးသက်ဦး၏ ပေါင်ပေါ်တွင် မေးတင်ပြီး လှဲလေ၏။ ကလေးငယ်၏ အပြုအမူများကား လူတစ်ယောက်နှင့် မတူချေ။ လေးဖက်ထောက်၍သွားသော တိရိစ္ဆာန်တစ်ကောင်နှင့် တူနေပေ၏။

ကိုအောင်သက်မှ “ သူ့ကို ဆေခမ်းလို့ ခေါ်ရင် သူ သိသလိုပဲနော်ဆရာကြီး၊ နောက်ပြီး ဆရာကြီးကိုလည်း သားလေးက သိနေတယ်ထင်တယ်။ လူဝင်စားများလားဆရာကြီးရယ်၊ ကျနော်တို့ စိုးရိမ်စရာ အပြုအမူတွေ ကလေးမှာ တွေ့ရတယ်ခင်ဗျ၊ သူ စိတ်တိုရင် ကြည့်ပုံက အတော်ကို စူးတယ်။ အော်ရင်လည်း လူသံမျိုးမဟုတ်ပဲ ဂရူး ဂရူးနဲ့ ဆရာကြီးဆီကို လာရတဲ့ အကြောင်းရင်းကလည်း အိပ်မက်မက်လို့ပါခင်ဗျ။ ” “ ဆေခမ်းဟာ လူဝင်စားမဟုတ်ပါဘူးကွယ်၊ သြော် ဆေခမ်း ဆေခမ်း၊ မင်း ဆေငင်းနဲ့ ပြန်မတွေ့ချင်ဘူးလားကွာ” ဟု ဆရာကြီး ဦးသက်ဦးက ဆိုလိုက်ရာ ကလေးငယ်မှာ ဘုရားခန်းထဲတွင် မြူးတူးစွာဖြင့် ခုန်ပေါက်ပြေးလွှား၍ ဆရာကြီး ဦးသက်ဦးဖက်သို့ လှည့်၍ ကန်တော့သလိုမျိုး ဝပ်ဆင်းလေ၏။

“ ဆရာကြီးရယ် သမီးတို့ မိသားစုကို ကူညီပါရှင်၊ သားလေးအတွက် သမီးတို့ အရမ်းစိုးရိမ်မိပါတယ်၊ တစ်စုံတစ်ယောက်ကများ သားလေးကို ဝင်ရောက်ပူးကပ် နှောက်ယှက်နေတာများလားရှင် ” “ မစိုးရိမ်ကြပါနဲ့၊ ဒီကလေးနဲ့ ပတ်သက်ပြီး ကျုပ်သိထားတဲ့ အတိတ်က ဇာတ်လမ်းတွေ ရှိတယ်၊ ဒါပေမယ့် ဟောဒီက ကိုအောင်သက်နဲ့ မခင်နှင်းတို့က ကျုပ်ပြောတာကို မယုံကြည်မှာစိုးလို့ ပြောသင့် မပြောသင့် ချင့်ချိန်နေရပါတယ်။ သေချာတာက ကျုပ်ဟာ လိမ်လည်စားသောက်တဲ့ ဆရာမဟုတ်တာကိုတော့ ဘုရားရှေ့မှာ သစ္စာပြုရဲပါတယ်။ ကျုပ်လိမ်ရင် ကျုပ် သွေးအန်သေပါစေ။ ” “ အို ဆရာကြီးရယ် ကျမတို့ မထင်ဝံ့ပါဘူး။ အမှန်အတိုင်း ပြောရရင် ဆရာကြီးရဲ့ ရုပ်ပုံကို ကျမ အိပ်မက်ထဲမှာ မြင်ဖူးပါတယ်။” “ ဟေ ဟုတ်လား အင်း ပြောပါဦး”

“ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အိပ်မက်ထဲမှာ ရွှေရောင်တောက်နေတဲ့ ကျားကြီးကို ခွစီးလာတဲ့ လူကြီးတစ်ယောက် အဲလူကြီးက ပြောတာက ကျုပ်နာမည်က သက်ဦး။ ဟောဒီက ကျုပ်ရဲ့သားကို သမီးတို့ကို ပေးပါရစေ။ ညည်းတို့နဲ့တကွ သတ္တဝါကို အကျိုးပြုမယ့်သူပါလို့ ပြောတာ၊ အဲဒီလူကြီးက ဟောဒီက ဆရာကြီးပါပဲ။ ” “ သြော်၊ ဒါနဲ့ ကျုပ်အိမ်ကိုကျတော့ ဘယ်လိုများ သိခဲ့ကြသလဲဗျ ” “ အိပ်မက်အရ အိပ်မက်ထဲမှာ ရသေ့ကြီးတစ်ပါးက ပြောပြတာပါ ” “ အင်း ” “ နောက်ပြီးတော့ ဆရာကြီးရယ်၊ သမီးရဲ့ကလေးက တခါတခါ ရှမ်းစကားလိုမျိုးတွေ ပြောတယ်ဆရာကြီး ” “ ဘာတွေ ပြောတာများလဲ မှတ်မိသလောက် ပြောပြပါလား ” “ ထမ်ယောင်းလုံတဲ့။ ပြီးတော့ လွိုင်ဖီ မိုက်ဟုန်းဆောင်တွန့် တဲ့ ခင်ဗျ။”

“ အင်း ဟုတ်ပါပြီ၊ ဒီကလေးနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို ကျုပ်ရှင်းပြပါမယ်။ ကဲ မရှင်းပြခင် ဆေခမ်းရေ၊ သား၊ မင်းနေတဲ့ နေရာဟောင်းလေးကို မင်းမေမေကို လိုက်ပြလိုက်ပါကွယ် ” ဟုဆိုလိုက်ရာ ကလေးငယ်လေးသည် ဘုရားဆောင်ရှေ့မှနေ၍ ဆရာကြီး ဦးသက်ဦး၏ အိမ်ရှေ့သို့ လေးဖက်ထောက်လျက် လျှင်မြန်စွာ ဆင်းပြေးလေ၏။ ဦးသက်ဦးနှင့် ကိုအောင်သက် မခင်နှင်းတို့မှ နောက်က လိုက်ခဲ့ကြရာ ဆရာကြီးဦးသက်ဦး၏ အိမ်ရှေ့ရှိ မယ်ဇယ်ပင်ကြီးရှေ့တွင် ကလေးငယ်သည် လေးဖက်ထောက်လျက် နေလေ၏။ ထိုမယ်ဇယ်ပင်ကြီး၏ လူပုခုံးလောက်အမြင့်တွင် သစ်သားဖြင့် အဆောင်လေးတစ်ဆောင် ပြုလုပ်ထားရှိသည်ကို တွေ့ရလေသည်။ မခင်နှင်းသည် “ ဆရာကြီးရှင့် အခု အဆောင်လေးက ရုက္ခစိုးအဆောင်လေးလား၊ ဒါဖြင့် သမီးသားလေးက ရုက္ခစိုးဘဝက လာတာပေါ့နော် ” “ မဟုတ်ပါဘူးကွယ်၊”

“ ရှင် နားမလည်တော့ဘူးရှင့် အခု ဒီမယ်ဇယ်ပင်က အဆောင်က သူ့နေရာဟောင်းမလားရှင့် ” “ သူ့နေရာဟောင်းဆိုတာထက် ခဏတာ နေသွားတဲ့ နေရာလို့ ပြောမှ မှန်မယ်ကွယ်၊ ” “ ဒါဖြင့် ရုက္ခစိုးမဟုတ်ဘူးလားရှင့်” “ မဟုတ်ပါဘူးကွယ်၊ ရုက္ခစိုးမဟုတ်ပါဘူး၊ ကျုပ်ပြောမယ့် ဇာတ်လမ်းလေးကို ခဏနေကျရင် နားထောင်ကြည့်လိုက်ပါကွယ်၊ အကုန်လုံး သဘောပေါက်သွားမှာပါ။ ကလေးအတွက် စိတ်မပူဖို့တော့ ပြောထားချင်တယ်ကွယ်” “ ဟုတ်ကဲ့ပါခင်ဗျာ/ရှင်”
……………………………………………………………………………………………..
သမထဘာဝနာ ဝိပဿနာဘာဝနာတို့ကို အားထုတ်လေ့ရှိသော ဆရာကြီး ဦးသက်ဦးသည် အခါအားလျော်စွာ အားလပ်သည့်အခါမျိုးတွင် Facebook သုံးလေ့ရှိလေသည်။ တစ်နေ့တွင် သူ၏ Chat Box မှ လူငယ်လေးတစ်ယောက်သည် ဦးသက်ဦးအား ယဉ်ကျေးပြူငှာစွာဖြင့် နှုတ်ဆက်ရာ ဦးသက်ဦးမှာ ပြန်လည် နှုတ်ဆက်သောကြောင့် ခင်မင်သွားလေသည်။ လူငယ်လေးမှာ သူ၏ ဖြစ်စဉ်များကို ရေးပြလေရာ ဦးသက်ဦးမှာ လိုက်ဖတ်ဖြစ်လေသည်။

“ ဆရာကြီးခင်ဗျာ ကျနော့်မှာ ထူးခြားဖြစ်စဉ်တွေ ဖြစ်နေပါတယ် ” “ ဘာတွေ များလဲ သားရဲ့ ” “ ကျနော့်မှာ ကျနော့်စိတ်နဲ့ မဟုတ်ပဲ အခြားနှစ်ယောက်ရဲ စိတ်လိုမျိုးတွေ ဖြစ်ဖြစ်လာတယ်ခင်ဗျ၊ အခု အသံဖိုင်လေးကို နားထောင်ကြည့်ပါခင်ဗျာ ” “ ဂူး !!! ဂရူး ဂါး ” “ ဆရာကြီးခင်ဗျာ၊ အခု အသံကို ဆရာကြီး ဘယ်လို ယူဆပါသလဲခင်ဗျာ၊ အဲအသံဟာ ကျနော့်အသံပါ၊ ဒါပေမယ့် အဲလို အသံဖြစ်နေချိန်မှာ ကျနော့်စိတ်မဟုတ်ပါဘူး၊ အဲလို ဖြစ်နေချိန်မှာ ကျနော့်စိတ်တွေ ထန်နေပါတယ် ” “ အင်း၊ ဆက်ပြောပါဦး ”
“ အဲလို ဖြစ်နေချိန်မှာ ကျနော်ဟာ ခုန်ချင်စိတ်တွေ ကုတ်ချင်စိတ်တွေ ဖြစ်လာပါတယ်၊ ကျနော့်ကို အခြား ကျနော့်သူငယ်ချင်းတွေက အဲအချိန်မှာ ရှောင်ကြပါတယ် ” “ ဘာဖြစ်လို့ပါလဲကွယ်၊ သူတို့ကို ရန်ပြုလို့လား ” “ သူတို့ကို ကျနော် ရန်မပြုပါဘူး။ ဒါပေမယ့် အစတုန်းက သူတို့ ကျနော့်ကို ချုပ်ကြတယ်။ လေးငါးယောက် ဝိုင်းပြီး ချုပ်ကြပါတယ်။ ကျနော် ရုန်းလိုက်ပြီဆိုရင် သူတို့အကုန်လုံး လဲကုန်ကြပါတယ်။ အဲဒါ ဘာဖြစ်နိုင်ပါသလဲခင်ဗျ ” “ မောင်ရင်က ဆေးတွေ ဘာတွေ ထိုးထားတာ ရှိလေသလား ” “ မရှိပါဘူးဆရာကြီး ။ ဒါပေမယ့် ကျနော့် နောက်ကျောမှာ မွေးကတည်းက အမည်းကြောင်းကြီးတွေ အမှတ်တွေ ပါတယ်ခင်ဗျ။ နောက်ပြီး ကျနော် သိနေတာနောက်တစ်ခုရှိသေးတယ်ခင်ဗျ ”

“ ဘာများလဲကွယ် ” “ ဆေခမ်း ကျနော့်အနားမှာ ရှိနေတယ် ” “ ဘယ်လိုကွယ့် ဘယ်ကဆေခမ်းလဲ ” “ ဟုတ်တယ်ဗျ ဆေခမ်းရှိနေတယ်။ သူက ကျနော့်အစ်ကို၊ ဆေခမ်းဟာ ကျနော့်စိတ်နဲ့ ဆက်စပ်နေတယ်၊ ကျနော့်အထင် ဆေခမ်းဟာ ကျားတစ်ကောင်ပဲ ၊ ကျနော်ကလည်း ကျားပဲ။ ကျနော့်ဆီမှာ ဆေခမ်းရှိနေတာကို သိရအောင် ကျနော် Video Call ခေါ်လိုက်မယ်ဆရာကြီး ”
ထိုနောက် ဦးသက်ဦးသည် ထိုလူငယ်လေး ခေါ်သော Video Call အား လက်ခံလိုက်လေရာ လူငယ်လေးသည် ဖုန်းကို တစ်နေရာတွင် ထောင်၍ ထားပြီး အနည်းငယ်ဝေးသော နေရာတွင် သွားရောက်ထိုင်လေ၏။ ထို့နောက် လည်တစ်ဆန့်ဆန့် မာန်တစ်ဝင့်ဝင့်ဖြင့် တဂူးဂူး တဂါးဂါးဖြင့် ဟိန်းဟောက်လေတော့သည်။

ခဏအကြာတွင် ထိုလူငယ်လေးသည် ထလာပြီး Video Call ကို အဆုံးသတ်ပြီးနောက် “ ဆရာကြီး အခုလို ကျနော် ဖြစ်နေတာကို ဘယ်လို သုံးသပ်လို့ရသလဲခင်ဗျ ” “ ပြောရခက်သေးတယ်ကွယ်။ ထင်တာ ပြောရရင် မောင်ရင့်မှာ အစောင့်တစ်ဦးဦး ရှိနေပုံရတယ် ” “ ကောင်းမြတ်တဲ့ အစောင့်လား မကောင်းတာလားခင်ဗျ ” “ အစောင့် ဖြစ်နေခဲ့ရင် ကောင်းမြတ်တဲ့ အစောင့်က အဲလိုမျိုး ဟိန်းဟောက်ပါ့မလားကွယ် ” “ ကျုပ်အထင်ကတော့ အောက်လမ်းကနေ ထိန်းချုပ်ခံနေရတဲ့ တစ်ဦးဦးဖြစ်မယ်ထင်တာပဲ။ ဒါက ကျုပ်စိတ်မှာ ထင်လာတာကို ပြောပြတာပါ မသေချာပါဘူး ” “ ကျနော် စမ်းသပ်ချင်နေတာလေးကို ကူညီပေးပါလားခင်ဗျ။ ဆရာကြီးက ကျနော့်စိတ်မှာ ကျနော့် အဖေလို ဆရာသမားလို မြင်မြင်ချင်း ဖြစ်မိလို့ပါ။ ” “ ပြောပါ လူလေး။ ကူညီနိုင်ရင် ကူညီတာပေါ့” “ အခု ဆရာကြီးရဲ့ ဘုရားဆောင်ရှေ့မှာ ဖယောင်းသုံးတိုင် မီးထွန်းပူဇော်ပေးပါလားခင်ဗျ ၊ သုံးတိုင် မီးထွန်းတဲ့အခါ နောက်ဆုံးတစ်တိုင် ထွန်းမယ့်အချိန် ကျနော် စောစောကလို ဝင်နေချိန်လေးမှာ ဖြစ်ချင်တာပါ ”

“ လူလေး အဓိဌာန်ချင်တဲ့ ပုံစံကို ပြောပြဦးလေ ” “ နောက်ဆုံးတစ်တိုင် မီးညှိလို့ မရစေရဘူးခင်ဗျ ” “ ဟေ တယ်ဟုတ်ပါလားကွယ့် ၊ တတိယတစ်တိုင် မီးညှိလို့ မရခဲ့ရင် ဘာဖြစ်မလဲ ရခဲ့ရင် ဘာဖြစ်မလဲ ” “ ညှိမရခဲ့ရင် အခုကျနော့်ကို ဝင်ပူးနေတာက အောက်လမ်းနဲ့ ဆိုင်မယ်။ ညှိလို့ရခဲ့ရင် သိုက်စောင့်နဲ့ ဆိုင်မယ်ခင်ဗျ၊ ကျနော် အခု လာခဲ့မယ် ” “ ဘယ်ကို လာမှာလဲကွယ့်” “ ဆရာကြီးဆီကို ကျနော် လာချင်စိတ်တွေ ဖြစ်နေတယ်ခင်ဗျ အခု လာခဲ့မယ် ” ထိုစဉ် ဦးသက်ဦးသည် အမွှေးအမျှင်ပါသော တိရိစ္ဆာန်တစ်ကောင်၏ အနံ့လိုမျိုးကို ရရှိလိုက်လေသည်။ ဦးသက်ဦးသည် “ ဟဲ့ စက်ပြတ်စေ ” ဟု ဆိုလိုက်ရာ အနံ့ ပျောက်သွာလေသည်။ ထို့နောက် ဘုရားဆောင်ရှေ့တွင် အဆိုပါကောင်လေး အကူအညီတောင်းသော ဖယောင်းသုံးတိုင် မီးထွန်းညှိပူဇော်ရန် ပြင်ဆင်လေသည်။ ကောင်လေးသည် Video Call ခေါ်လေ၏။ ထို့နောက် စောစောကလို ဂူး ဂီးဖြင့် ဝင်ပူးလေ၏။ ဦးသက်ဦးသည် Video Call ခေါ်နေစဉ် ကင်မရာကို ဖယောင်းတိုင်ဆီသို့ ရိုက်လျက် ဖယောင်းတိုင်နှင့် မီးခြစ်ကိုပါ ဘုရားထံသို့ ယာယီကပ်လှူလေ၏။ ထို့နောက် မီးကို ညှိရာ ဖယောင်းသုံးတိုင်လုံး ညှိ၍ ရလေ၏။

“ ကဲ မောင်ရင် အခု ရိုက်ထားတဲ့ Video Call ကို ဆရာ့ဖုန်းထဲမှာ မှတ်ထားပြီး မောင်ရင့်ဆီ ပို့လိုက်တာ ကြည့်ပြီးပြီလား ” “ ဟုတ်ကဲ့ ကြည့်ပြီးပါပြီ ၊ ဒါဆို ကျနော် ဘယ်လို ယူဆရတော့မလဲခင်ဗျ ” “ လောလောဆယ်မှာတော့ သေချာ တပ်အပ် ပြောလို့မရသေးဘူးကွယ့် လာခဲ့မလား၊ ဆရာ့ဆီကို ။ သေချာတာကတော့ မောင်ရင့်မှာ ထူးခြားမှု ရှိနေတယ်၊ ကောင်းတာမကောင်းတာ အခုဆရာမပြောလိုဘူး။ သေချာတာကတော့ မာန်ဖီနေတာကို ဆရာမကြိုက်ဘူးလေ ” “ လာခဲ့မယ်ခင်ဗျ၊ နောက်ပြီး ကျနော် ကြားနေတာလေးတွေ ရှိတယ်ခင်ဗျ ” “ဘာတွေကြားတာလဲ ” “ ထမ်ယောင်းလုံ ဆေဖီ ပိုင့်အွမ်ခမ်း ဆိုလားပဲ။ အိပ်မက်ထဲမှာလည်း တောထဲက တောင်တစ်လုံး ဂူကြီးတစ်ခုလည်း မြင်ရတယ်။ အဲဒီမှာ သူတော်စင်ကြီးတစ်ပါးနဲ့ အဝတ်အနက်ရောင်နဲ့ လူတစ်ယောက် ပြီးတော့ ကျားနှစ်ကောင်၊ နောက်ပြီးတော့ အိပ်မက်ထဲမှာ နောက်ကျောမလုံဘူးလို့ ထင်ရတယ်ခင်ဗျ၊ နောက်ပြီးတော့ ကျနော့် ညာဖက်မျက်လုံးက မွေးကတည်းက သိပ်မမြင်ရဘူးဗျ။ ဘာလို့လဲမသိဘူး” “ ကဲ အိမ်ကိုသာ လာခဲ့ပါလေ အားလုံး သိရမှာပေါ့ ဒီအောက်က ဆရာ့လိပ်စာ ” ဟုဆိုကာ ဦးသက်ဦးသည် ထိုကောင်လေး ပြောသော(ဆေခမ်း) (ထမ်ယောင်းလုံ) (ဆေဖီ ပိုင့်အွမ်ခမ်း)ဆိုသော စာသားများကို ရွတ်ဆိုနေမိတော့သည်။

ချိန်းဆိုထားသော နေ့တွင် ထိုကောင်လေးသည် တစ်ယောက်တည်း ရောက်ရှိလာလေသည်။ ထိုကောင်လေး၏ အမည်သည် မောင်ငွေရောင်လင်း ဖြစ်ပြီး ဇာတိမှာ ကချင်ပြည်နယ် မိုးကောင်းမြို့မှ ဖြစ်လေသည်။ ဦးသက်ဦးသည် ယခင်က ထိုကောင်လေးမှ ချက်ဘောက်တွင် ပြောထားသော စကားများအရ ထိုဘာသာစကားမှာ ရှမ်းစကားဖြစ်ကြောင်း သိရှိရပြီးနောက် ဘာသာပြန်ရန် သူ၏ တပည့်မလေးဖြစ်သူ ရှမ်းမလေး မနန်းအေးအား ခေါ်ယူလေသည်။ သို့နှင့် ဆရာကြီးဦးသက်ဦးနှင့် မနန်းအေးတို့သည် ငွေရောင်လင်းအား ဝင်ရောက်ပူးကပ်နေသောသူသည် မည်သူ ဖြစ်လေမည်နည်းဟု ခေါ်ယူကြလေတော့သည်။

“ ဟဲ့ စွဲရင်း မူလပြန် ” “ အူး ဂရူး ဝေါင်း ” ဟု ဆိုကာ မောင်ငွေရောင်လင်းသည် မာန်ဖီလျက် လေးဖက်ထောက်လေ၏။ သူ၏ ဆံပင်တို့သည်ကား ခေါင်းပေါ်တွင် ဘေးဝဲယာသို့ ထောင်လျက် မျက်မှောင်သည် ကျုံ့၍ ပါးစပ်ကြီးသည် ဖြဲပြလေ၏။ ထို့နောက် ရုတ်တရက် ခုန်လိုက်လေရာ ထုပ်တန်းသို့တိုင်အောင် ရောက်၏။ မနန်းအေးသည် ထိုသို့ ကြမ်းတမ်းလှသော စွဲရင်းဝင်ပူးသည်ကို မမြင်ဖူးရကား ကြောက်လန့်၍ ဆရာကြီးဦးသက်ဦး၏ နောက်သို့ ဆုတ်ချေ၏။ “ သမီး မကြောက်နဲ့၊ ဆရာတို့ မူလပြန်ခိုင်းလို့ သူ မူလပြန်ပြရတာ။ သူက ကျားဆိုတော့ ကျားမူလပြန်တာပေါ့ကွယ် ” “ ဟဲ့ စွဲရင်း ငြိမ်စေ ” ဟုဆိုလိုက်ရာ မောင်ငွေရောင်လင်းကို ဝင်ရောက်ပူးကပ်နေသော စွဲရင်းသည် လှုပ်မရပဲ ငြိမ်သွားလေသည်။ ထို့နောက် ဆရာကြီး ဦးသက်ဦးမှာ မေးမြန်းလိုသော အကြောင်းများကို မေးမြန်းလေသည်။

“ ဟဲ့ ကျားမှန်ရင် အသံပြု ” “ အူး ” “ အသင်နဲ့ ကျွန်ုပ်တို့ ရန်သူတွေ မဟုတ်ကြပေဘူး၊ ဒါကို သိရင် သုံးခါ အသံပြုပါ ” “ အူး အူး အူး ” “ အသင် ဗမာစကား ပြန်ပြောနိုင်သလား ပြောနိုင်ရင် အသံပြု ” “
……….. ”

သိုက်စောင့်နတ်ကျား အပိုင်း ( ၂ ) မျှော်

Address

21°56'04. 5"N 96°05'37. 7"E
Mandalay

Telephone

+959445599918

Website

Alerts

Be the first to know and let us send you an email when ပယောဂနှင့်ထူးဆန်းအံ့ဖွယ်ဖြစ်ရပ်မှန်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ပယောဂနှင့်ထူးဆန်းအံ့ဖွယ်ဖြစ်ရပ်မှန်များ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram