
07/07/2025
🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑
🎯 ဗီဇပြောင်း ကိုဗစ် ၁၉ ရောဂါလက္ခဏာများ
ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရပြီး ရက်အလိုက် အောက်ပါရောဂါလက္ခဏာများခံစားရနိုင်ပါတယ်။
📣 ၁ ရက်မှ ၃ ရက်
သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
လည်ချောင်းအနည်းငယ်နာသည်။
ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
ပုံမှန်အတိုင်း အစားအသောက်မပျက်။
📣 ၄ ရက်မြောက်နေ့
အာသီးအနည်းငယ်ယောင်သည်။
စကားပြောလျှင် လည်ချောင်း နာလာသည်။ အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 37°C ဖြစ်သည်။
ခေါင်းအနည်းငယ်ကိုက်မည်။
အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။
📣 ၅ ရက်မြောက်နေ့
လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။
📣 ၆ ရက်မြောက်နေ့
ကိုယ်အပူချိန် 37°C အထက်ရောက်လာသည်။
သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း နာကျင်နေမည်။
အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
ခြေချောင်းများ နာကျင်လာမည်။
ဝမ်းလျှော၍ အော့အန်မည်။
📣 ၇ ရက်မြောက်နေ့
ကိုယ်အပူချိန် 37°C အထက် ရှိလာသည်။
ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ ထွက်နေမည်။
ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေမည်။
အပြင်းအထန် ဝမ်းလျှောမည်။
အော့အန်မည်။
📣 ၈ ရက်မြောက်နေ့
ကိုယ်အပူချိန် 38°C အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
ချောင်းအဆက်မပြတ်ဆိုးမည်။
ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ နာကျင်မည်။
ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။
📣 ၉ ရက်မြောက်နေ့
ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
အပြင်းအထန် အဖျားတက်လာမည်။
အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။
🛑 အကြံပြုချက်များ
အပြင်သွားလျှင် မတ်(စ်)တပ်ပါ၊ လက်အိတ်ဝတ်ပါ။
လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ။
တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ။
ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ။
လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ။
ထပ်ဆောင်းကာကွယ်ဆေးထိုးပါ။
📌 Pfizer Comirnaty JN1 ကိုဗစ်ကာကွယ်ဆေးအကြောင်း
💉အမေရိကန်နိုင်ငံ Pfizer Co. မှ ထုတ်လုပ်ထားသော Comirnaty JN1 ကိုဗစ်ကာကွယ်ဆေးသစ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးမှ ၂၀၂၄- ၂၀၂၅ ခုနှစ်တွင် ထိုးနှံရန် အကြံပြုထားသော ကာကွယ်ဆေး ဖြစ်ပါတယ်။
💉လက်ရှိဖြစ်ပွားနေတဲ့ မျိုးကွဲများဖြစ်တဲ့ JN 1 မျိုးကွဲနှင့် FLiRT မျိုးကွဲတွေကို ထိရောက်စွာ ကာကွယ်ပေး နိုင်ပါတယ်။
💉အခုနောက်ဆုံးထုတ်လုပ်လိုက်တဲ့ Comirnaty JN1 ကိုဗစ်ကာကွယ်ဆေးသည် ကိုယ်ခံအားစံနစ်ကို ပြန်လည်အားဖြည့် ပေးပြီး ကိုဗစ်ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ရန် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ပြင်းထန်မှုကို သိသိသာသာလျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
💉အသက် (၆) လနှင့်အထက် အားလုံးထိုးနှံနိုင်မှာ ဖြစ်ပြီး အသက်အရွယ်အလိုက် ဆေးရဲ့ပမာဏ ကွဲပြား သွားနိုင်ပါတယ်။
💉ကိုဗစ် ၁၉ ကာကွယ်ဆေးနောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှု ၃ လ (သို့) ၆ လ ပြည့်သောသူများသည် Comirnaty JN1 ကို ထပ်ဆောင်းကာကွယ်ဆေးအဖြစ် (၁) ကြိမ်ထိုးနှံနိုင်ပါတယ်။
ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံနှင့် Pfizer Co. တို့၏ ထုတ်ပြန်ချက်များကို မှီငြမ်းထားပါသည်။