Healthy & Happy

Healthy & Happy Healthy & Happy is located in Mandalay, Myanmar. At Healthy & Happy, we believe that a healthy and happy life is key to living a fulfilling and enjoyable life.

Healthy & Happy Group is established in July, 2017 and is manufacturing variety of healthy products such as healthy meal box, Diabetic snacks, Diet cookies and breads. Welcome to Healthy & Happy page, where we've been committed to promoting health and happiness in Myanmar since our establishment in 2017. As the first nutritionist specialist business of its kind in Myanmar, we take great p

ride in providing healthy meal options, snacks, and specialized meal boxes for people with specific health concerns. Our delicious and nutritious meals are created using only the freshest ingredients, and our expert nutritionists work hard to ensure that each meal is balanced and meets your specific dietary needs. We produce a variety of healthy meal options, including Diet Box for Weight Loss and Weight Gain, Kidney Meal Box, Uric Acid Meal Box, and Kids Lunch Box, all of which can be delivered directly to your door in Mandalay. We also manufacture snacks such as Diabetes Cookies, Protein Bites, and No Sugar Peanut Butter, all of which are designed to promote healthy snacking habits and provide nutritious options for people of all ages. Our products are available at major stores such as Makro and Marketplace, as well as at Hospital Mart and the Yangon International Airport. We are also able to ship our products both locally and overseas, making it easy for anyone to enjoy our healthy and delicious options. That's why we offer specialized meal boxes for people with specific health concerns, as well as snacks that are designed to promote a healthy lifestyle. We are committed to helping people make positive changes in their lives through our products and services. Thank you for visiting our page! We look forward to helping you achieve your health and happiness goals. Healthy & Happy မှ ကျန်းမာရေး မုန့် များ ၊ စားသောက်ကုန် များ ကို ၂၀၁၇ ခု နှစ် မှ စတင်၍ ဆီးချို သမားများ ၊ ဝိတ်လျော့နေသူများ နှင့် ကလေး လူကြီး မရွေး ၊ လူမျိုးဘာသာမရွေး စားသုံးနိုင်ရန် ရည်ရွယ် ၍ အာဟာရ ဆရာဝန် ကိုယ်တိုင် အနီးကပ် ကြီးကြပ် ထုတ်လုပ်ပေးလျက်ရှိ သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကျန်းမာရေးစားသောက်ကုန်များ ထုတ်လုပ် သည့် လုပ်ငန်းဖြစ်ပါသည်။

FIDSL ၏ ဓာတ်ခွဲ ခန်း အမှတ် – Ad-06-01-04283/19 နှင့် အတူ ကုန်ထုတ်လုပ် မှု့ လိုင်စင် အမှတ် - အစ / မတလ (၁၄၄၁) လက်မှတ် များဖြင့် အဆင့်ဆင့် ဓာတ်ခွဲ ပြီး ထုတ်လုပ်ထားသော ကျန်းမာရေး အတွက် အထူး စိတ်ချရသော စားသောက်ကုန်များ ဖြစ်ပါသည်။

ဆိုးဆေး ၊ ခံဆေး များ ဓာတုဗေဒ ဆေးဝါးများ လုံးဝ(လုံးဝ) မပါဝင်သော ကြောင့် ကလေးမှ စ၍ လူကြီး များအထိ စိတ်ချ ယုံကြည်စွာ အားပေး ကြိုက် နှစ်သက်ကြသော ပြည်တွင်း ထုတ်ကုန် ဖြစ်ပါသည်။

Eat Healthy, Stay Happy.

အပြင်လေးထွက်လိုက်တာနဲ့ တရှိန်းရှိန်း တဖိန်းဖိန်းနဲ့ ချွေးတောက်တောက်ကျ ရှိသမျှ ခွန်အားတွေ လောင်မြိုက်သွားသလား ထင်မှတ်မှား...
24/04/2026

အပြင်လေးထွက်လိုက်တာနဲ့ တရှိန်းရှိန်း တဖိန်းဖိန်းနဲ့ ချွေးတောက်တောက်ကျ
ရှိသမျှ ခွန်အားတွေ လောင်မြိုက်သွားသလား ထင်မှတ်မှားရလောက််အောင် ပူပြင်းတဲ့နွေကာလ အခါသမယမို့လို့
နုံးချိသွားတဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ခွန်အားဖြည့်ဖို့ လိုအပ်တဲ့အခါ
အချိုမပါ၊ ကြာရှည်ခံဆေးမသုံးရုံမကလို့
အာဟာရဆရာဝန်ကိုယ်တိုင်ကြီးကြပ်ထားပြီး တချပ်၊ တဇွန်း၊ တတုံးချင်းစီအတွက် အာဟာရတန်ဖိုးကို ဖော်ပြထားလို့
အချိန်ကုန်ခံတွက်ချက်နေစရာမလိုတဲ့ Healthy & Happy ရဲ့ snack လေးတွေကို
ရန်ကုန်မြို့တွင်း တနင်္လာနေ့တိုင်း အိမ်အရောက်ပို့ဆောင်ပေးတော့မှာမို့လို့
ကြိုတင်အော်ဒါတင်နိုင်ပါပြီဆိုတဲ့အကြောင်း သတင်းကောင်းလေး ပါးပါရစေရှင့်။
&Happy

နံနက်ခင်း Workout မှာ Stamina နဲ့ Focus ကောင်းဖို့ Energy ကောင်းကောင်းလိုအပ်တဲ့အခါ...ညနေခင်း Workout မှာ ပေါ့ပေါ့ပါးပါးစ...
21/04/2026

နံနက်ခင်း Workout မှာ Stamina နဲ့ Focus ကောင်းဖို့ Energy ကောင်းကောင်းလိုအပ်တဲ့အခါ...
ညနေခင်း Workout မှာ ပေါ့ပေါ့ပါးပါးစားပြီး Energy ကောင််းကောင်းရဖို့လိုအပ်တဲ့အခါ...
Product ချင်းတူရင်တောင် စျေးနှုန်းသင့်ရမယ်...စျေးနှုန်းချင်းတူရင်တောင် Nutrition Value ပိုမြင့်ရမယ်ဆိုတဲ့ Pre/Post Workout Snack ကောင်းကောင်းရှာဖွေနေတဲ့အခါ တချောင်းစားရုံနဲ့
Plant-based Protein 7 g ပါဝင်လို့ အသားဓာတ်လိုအပ်တဲ့ သားသတ်လွတ်သမားတွေအထိပါအဆင်ပြေစေ
Sugar Free ဖြစ်လို့ ဆီးချို/ ကင်ဆာဝေဒနာရှင်တွေအထိပါအဆင်ပြေစေရုံမကလို့
207 Cal နဲ့ Carbs 17.3 g ပါဝင်လိို့ Performance တိုင်းကို ထိထိမိမိနဲ့အကျိုးရှိစေမယ့် Healthy & Happy Energy Bar ကို သတိရပါ။
&Happy

ဒီလိုနေ့မျိုးမှာတော့ အချိုလေးက စားကိုစားရမှ...ဘယ်လိုနေ့မျိုးလဲဆိုတော့...ပိတ်ရက်ရှည်ကြီးကုန်ဆုံးလို့ ရုံးပြန်တတ်ရတော့မယ့်...
19/04/2026

ဒီလိုနေ့မျိုးမှာတော့ အချိုလေးက စားကိုစားရမှ...
ဘယ်လိုနေ့မျိုးလဲဆိုတော့...ပိတ်ရက်ရှည်ကြီးကုန်ဆုံးလို့ ရုံးပြန်တတ်ရတော့မယ့် ပထမဆုံးရက်လိုမျိုး...
ဘယ်ကစလုပ်လို့ ဘာကစကိုင်ရမှန်းမသိတဲ့ ရုံးချိန်ကြီးလိုမျိုး...
အားလပ်ရက်တွေအကြောင်း စားမြုံ့ပြန်ကြမယ့် ရုံးချိန်ကြီးလိုမျိုး...

အချိုလေးက စားတော့စားရမယ်။ ဘာလို့လဲဆိုတော့
"အား... တနင်္လာနေ့ကြီး" ဆိုတဲ့ ခံစားချက်ကြီးကို ပေါ့ပါးစေဖို့
စိတ်တတ်ကြွလာစေဖို့
စိတ်ကို alert ပေးလိုက်ဖို့
ခွန်အားတွေ တတ်ကြွလာစေဖို့ပေါ့။

ဒီလိုရက်မျိုး ဒီလိုအချိန်မျိုးအတွက် အချိုဓာတ်မျိုးတောင့်တနေပြီဆိုရင်တော့
အချိုတော့အချိုပဲ ဒါပေမယ့် ချိုရဲအီစိမ့်နေတာမျိုး၊ သွားကိုက်လောက်အောင် ချိုရဲနေတာမျိုးမဟုတ်ဘဲ ကလေး လူကြီးမရွေး လက်ခံနိုင်တဲ့ Chocolate Chips လေးတွေရဲ့ အချိုဓာတ်မျိုး...

Mood တွေက်ို Boost လုပ်ပေးမယ့် Chocolate
Chips လေးတွေရဲ့ ခါးစိမ့်မွေးသက်တဲ့ ရနံ့မျိုး...

တချပ်လုံးတကြွပ်ကြွပ် တထောက်ထောက်မြည်အောင်စားမှ 61 Cal ပဲပါတာမို့လို့ weight management အတွက် စိတ်ပူစရာမလိုတဲ့ Nutrition Value တွေနဲ့

Healthy & Happy ရဲ့ Chocolate Chips Cookies လေးကို သတိရလိုက်ပါ။

မှတ်ချက်။ ။ ဆီးချိုဝေဒနာရှင်များ သုံးဆောင်ရန်မသင့်ပါ။

ပျော်ရွှင်မြူးတူး နှစ်သစ်ကူးနေ့ရက်တွေ ကုန်ဆုံးကာနီးပြီး Gym ပုံမှန်ပြန်သွား၊ လုပ်ငန်းခွင်ပုံမှန်ဝင်၊ အစားအသောက်ပုံစံပြန်...
18/04/2026

ပျော်ရွှင်မြူးတူး နှစ်သစ်ကူးနေ့ရက်တွေ ကုန်ဆုံးကာနီးပြီး Gym ပုံမှန်ပြန်သွား၊ လုပ်ငန်းခွင်ပုံမှန်ဝင်၊ အစားအသောက်ပုံစံပြန်ထိန်းဖို့နေ့ရက်တွေ နီးကပ်လာပြီမို့လို့
ဘယ်လိုလေးပဲစားစား အရသာလည်းရှိရမယ်။
စားရင်းစားရင်း ဗိုက်ပြည့်လာပြီဆိုတဲ့ အသိမျိုးလည်း ဝင်လာရမယ်။
အားလပ်ရက်မှာ စားသောက်ခဲ့တဲ့အဆီပိုတွေ၊ ကယ်လိုရီအပိုတွေကို လောင်ကျွမ်းအောင် အထောက်အကူပြုဖို့ အသားဓာတ်လည်း ကောင်းကောင်းပါရမယ်ဆို
မြေပဲ၊ ကုလားပဲ၊ အုတ်ဂျုံ၊ ဂျုံကြမ်းတွေနဲ့ အဓိက ဖန်တီးထားပြီး
တချပ်စားတိုင်း Plant-based Protien 4 g နဲ့
၃ ချပ်စားရုံနဲ့ ထမင်းတပန်းကန်၊ အသား ၂ တုံး အာဟာရကို အပြည့်အဝရစေမယ့်
Healthy & Happy Protein Bite ကို သတိရပါ။
&happy

မင်္ဂလာနှစ်သစ် ၁၃၈၈ ခုနှစ် နှစ်ဆန်း (၁) ရက်နေ့မှသည် ဘေးဘယာဝေးကွာ စိတ်ရော ကိုယ်ပါလန်းဆန်းကျန်းမာကောင်းကျိုးလိုရာဆန္ဒမှန်သ...
17/04/2026

မင်္ဂလာနှစ်သစ် ၁၃၈၈ ခုနှစ် နှစ်ဆန်း (၁) ရက်နေ့မှသည်
ဘေးဘယာဝေးကွာ
စိတ်ရော ကိုယ်ပါလန်းဆန်းကျန်းမာ
ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်စုံကြစေရာ
Healthy & Happy မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏

အပြင်မထွက်ဘူး၊ လျှောက်မလည်ဘူး...အိမ်မှာပဲနေမယ်၊ ဝိတ်ထိန်းမယ်ဆိုသူတွေအတွက်သင်္ကြန်မှာ တနေ့တမျိုး မရိုးစေမယ့်အရသာမျိုးနဲ့ ...
09/04/2026

အပြင်မထွက်ဘူး၊ လျှောက်မလည်ဘူး...
အိမ်မှာပဲနေမယ်၊ ဝိတ်ထိန်းမယ်ဆိုသူတွေအတွက်
သင်္ကြန်မှာ တနေ့တမျိုး မရိုးစေမယ့်အရသာမျိုးနဲ့
ပေါ့ပေါ့ပါးပါးစား၊ အဆာခံလည်းခံ၊ အာဟာရလည်း ပြည့်စေဖို့ဆို Healthy & Happy ဆီးချိုစုံကွတ်ကီး...
အချို၊ ကြာရှည်ခံဆေးမပါဝင်လို့ ဆီးချို၊ ကင်ဆာဝေဒနာရှင်တွေသာမက ကလေးငယ်တွေအထိပါ စိတ်ချလက်ချစားလို့ အဆင်ပြေစေမယ်။

တချပ်လုံးစားမှ 80 cal ပဲပါအောင် အာဟာရဆရာဝန်ကိုယ်တိုင်ကြီးကြပ်ထားတဲ့ Low calories cookies မို့လို့ ဝိတ်ထိန်းနေသူတွေအတွက်ပါအဆင်ပြေစေမယ်။

ရိုးအီလွယ်တတ်သူတွေအတွက် ဟင်းနုနွယ်၊ အုတ်၊ သစ်ကြပိုး အရသာ ၃ မျိုးနဲ့မို့ သင်္ကြန်တတွင်းလုံး မရိုးအီဖို့ ကူညီပေးမှာမို့လို့

အဆာပြေစားစား၊ အဝစားစား သင်္ကြန်တွင်းမှာအရသာရှိရှိနဲ့အာဟာရပြည့်ဖို့ဆို Healthy & Happy ဆီးချိုစုံကွတ်ကီးကိုသတိရပါ။

 #ဟောလီးဒေးမှာဟုမ်းစတေးဖို့မရှိမဖြစ်ဆိုProteinBiteသာလို...သင်္ကြန်တွင်း ခရီးမထွက်ဘူး အိမ်မှာပဲနေမယ်၊ နေပူလို့ ရေစိုမှာစိ...
06/04/2026

#ဟောလီးဒေးမှာဟုမ်းစတေးဖို့မရှိမဖြစ်ဆိုProteinBiteသာလို...
သင်္ကြန်တွင်း ခရီးမထွက်ဘူး အိမ်မှာပဲနေမယ်၊ နေပူလို့ ရေစိုမှာစိုးလို့ အပြင်လည်းမထွက်ဘူး အိမ်ထဲမှာပဲ အပြည့်အဝနားရင်း
အိမ်ရှေ့ ပြတင်းပေါက်လေးကနေ ရေတဗွမ်းဗွမ်းပက်တဲ့အသံ၊ တတခစ်ခစ်ရယ်သံလေးတွေကို နားဆင်ရင်း သင်္ကြန်ရဲ့ အရသာကိုအပြည့်အဝခံစားမယ်...
Gym တွေကလည်း ပိတ်ပြန်တော့ workout ကလည်း လုပ်မရပြန်တော့ အစားလေးနဲ့ပဲ body ကိုထိန်းမယ်ဆိုသူ...
မြေပဲ၊ ကုလားပဲ၊ အုတ်ဂျုံ၊ ဂျုံကြမ်းတွေနဲ့သာ ဖန်တီးထားပြီး
တချပ်စားတိုင်းမှာ Plant-based Protein 4 g
၃ ချပ်စားလိုက်ရုံနဲ့ ထမင်းတပန််းကန် အသား၂ တုံးအာဟာရကို အပြည့်အဝရစေအောင်
အာဟာရဆရာဝန်ကြီးကြပ်မှုနဲ့ ဖန်တီးထားပြီး
အချိုမပါ၊ ကြာရှည်ခံဆေးမပါလို့ ဆီးချို/ ကင်ဆာဝေဒနာရှင်တွေအထိပါ စိတ်ချလက်ချစားနိုင်တဲ့ Healthy & Happy Protein Bite ကိုသာရွေးချယ်ပါ။
&Happy

 #သင်္ကြန်ရောက်တော့မယ်ဆိုတော့ ဆိုင်တွေပိတ် လမ်းတွေပိတ် ကားတွေပိတ် ကာလမျိုးမှာမှ ဟိုဟာလေးစားချင်သလိုလို သည်ဟာလေးစားချင်သလ...
03/04/2026

#သင်္ကြန်ရောက်တော့မယ်ဆိုတော့ ဆိုင်တွေပိတ် လမ်းတွေပိတ် ကားတွေပိတ် ကာလမျိုးမှာမှ
ဟိုဟာလေးစားချင်သလိုလို သည်ဟာလေးစားချင်သလိုလိုနဲ့ အဆင်သင့်ဝယ်ထားတာမရှိလို့
စိတ်ထဲမတင်မကျဖြစ်ကြရတာမျိိုး...
ပိတ်ရက်မှာ စားချင်တာတွေ စားလိုက်ပြီးမှ ဝိတ်တတ်မှာ စိုးရိမ်နေတာမျိုး...
Gym တွေပိတ်တဲ့ကာလမို့လို့ အစားလေးနဲ့ထိန်းပြီး ဝိတ်ထိန်းချင်တာမျိုးဆို...
ကယ်လိုရီလည်းနည်းရမယ်
အဆာလည်းခံရမယ်
အရသာလည်းရှိရမယ်
တချပ်ချင်းစီရဲ့ အာဟာရပါဝင်နှုန်းကိုလည်း တိတိကျကျဖော်ပြထားတဲ့ snack မျိုးလေးတွေကိုရှာဖွေနေတယ်ဆိုရင်
တနင်္လာနေ့တိုင်း အိမ်အရောက်ပို့ဆောင်ပေးမယ့် Healthy & Happy ကို သတိရပါ။
&Happy

အားနာရလွန်းလို့ ပြောမထွက်တဲ့သည်စကား ရှေ့မျက်နှာ နောက်ထားလို့ ပြောကြားပါရစေ🙏🙏🙏စျေးနှုန်းလေးတွေပြောင်းမယ့်အကြောင်း ပြောရတေ...
28/03/2026

အားနာရလွန်းလို့ ပြောမထွက်တဲ့သည်စကား ရှေ့မျက်နှာ နောက်ထားလို့ ပြောကြားပါရစေ🙏🙏🙏
စျေးနှုန်းလေးတွေပြောင်းမယ့်အကြောင်း ပြောရတော့မယ်ဆိုတော့ Healthy & Happy ချစ်သူတွေကို ဘယ်လိုလေးခွင့်တောင်းရပါ့မလဲ တွေးရင်း “ငယ်ငယ်တုန်းက…” ဆိုပြီး ပြန်မြင်ယောင်လာမိပြန်တယ်။

ငယ်ငယ်တုန်းက ကျောင်းတတ်တုန်းကလိုပေါ့…တနှစ် တတန်းကြီးလာတာနဲ့မျှ
အတန်းဖော်တွေနဲ့ ပေါင်းတတ် သင်းတတ် သွားတတ် လာတတ် စားတတ် သောက်တတ်လာတာနဲ့အမျှ
ခေတ်ကလည်း တဖြည်းဖြည်းပြောင်းလဲလာတာနဲ့အမျှ အသုံးစရိတ်ကလည်း မျက်စိရှေ့မှာတင်ကို တရိတ်ရိတ်တတ်လာလိုက်တာဆိုတာ…။
ကိုယ်တိုင်ရှာစရာမလိုသေးတဲ့အရွယ်ဆိုတော့ “မလောက်တော့ဘူး” “မုန့်ဖိုးလေးပေးပါဦး” ဆိုပြီး အကြောင်းပြချက်မျိုးစုံနဲ့ မိဘဆီကနေလက်ဖြန့်တောင်းရုံပေါ့။ စိတ်အခြေအနေ အခန့်မသင့်တာနဲ့ကြုံရင် အဆူခံရ အရိုက်ခံရတာကျတော့လည်း တမျိုးပေါ့။

အခုလည်း Healthy & Happy ရဲ့ စျေးနှုန်းလေးတွေပြောင်းရပြန်ဦးမယ်ဆိုတော့ Healthy & Happy ရယ်လို့ စတင်မွေးဖွားလာတဲ့အချိန်ကနေ အခု (၈) နှစ်သားအရွယ်အထိ အမြဲမပြတ် ပြုပြင် ဆုံးမ ဝေဖန် အကြံပေးရင်း အတူရှိနေပေးနေကြတဲ့ Healthy & Happy ရဲ့ ဆွေမျိုးရင်းခြာတဖြစ်လည်း Customer တွေ ငြိုငြင်မှာလည်း စိုးရိမ်မိပြန်တယ်။

ဘာလို့လဲဆိုတော့ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥကနေအစပြုလို့ ဘာလေးပဲကိုင်ကြည့်ကိုင်ကြည့် စျေးတွေက တရက်နဲ့တရက်မတူ တရိပ်ရိပ်တတ်နေကြတာကိုး။

ဒါပေမယ့် Healthy & Happy လို ၈ နှစ်သားကလေးမှာလည်း သူ့ရဲ့ဖိစီးမှုနဲ့သူ…

“မြန်မာနိုင်ငံရဲ့အာဟာရလိုအပ်ချက်ကို တထောင့်တနေရာကနေဖြည့်ဆည်းပေးနိုင်ဖို့” ဆိုတဲ့ မပြောင်းလဲ မြဲမြံ ရိုးရှင်းတဲ့ရည်ရွယ်ချက်

Product တိုင်းရဲ့ တစ်ချပ်၊ တစ်တုံး၊ တစ်ဇွန်းချင်းစီရဲ့ - အာဟာရတန်ဖိုး၊ အလေးချိန်၊ အရွယ်အစား၊ ပါဝင်ပစ္စည်းကုန်ကြမ်း၊ ထုတ်ပိုးမှု၊ လတ်ဆတ်သန့်ရှင်းမှုတွေကို တချက်ကလေးမျှ အတိမ်းအစောင်းမခံချင်တဲ့စိတ်

ဒါပေမယ့် ဒီကတိကဝတ်နဲ့ စိတ်စေတနာတွေကို ဗျာများနေစေတာက
တနေ့တခြားကြီးမြင့်လာတဲ့ ကုန်ကြမ်းစျေးနှုန်းနဲ့ ထုတ်ပိုးမှုကုန်ကျစရိတ်
တနေ့ရွှေ တနေ့ငွေဖြစ်နေတဲ့ သယ်ယူစရိတ်တွေပါပဲ။

ဒါပေမယ့်လည်းလေ (၈) နှစ်သားကလေး Healthy & Happy ရဲ့ဖိစီးမှုတွေ တစိတ်တပိုင်းလျော့သွားဖို့ဆိုတာ…Healthy & Happy ရဲ့ ထုတ်သမျှထုတ်ကုန်တိုင်းရဲ့ အာဟာရတန်ဖိုး၊ အရွယ်အစား၊ အလေးချိန်၊ ထုတ်ပိုးမှု၊ လတ်ဆတ်သန့်ရှင်းမှုကို ရေရှည်တည်တန့်အောင် ထိန်းသိမ်းနိုင်ဖို့ဆိုတာကလည်း စျေးနှုန်းလေးကို နည်းနည်းလေးမှ နည်းနည်းလေး ပြောင်းရမှဖြစ်တော့မှာမို့လို့
“စျေးလေးနည်းနည်းပြောင်းခွင့်ပေးပါဦးလို့…” လေးစားစွာတောင်းဆိုပါရစေရှင့်။

နေခြစ်ခြစ်တောက်ပူ၊ ကားလမ်းကြပ်ကြပ်နဲ့ သွားရခက် လာရခက်တဲ့အချိန်မို့လို့ ရေဓာတ်ဖြည့်ပေးပါ။ နေပူဒဏ်ကာကွယ်ပါ။ ကျန်းမာရေးကို ...
27/03/2026

နေခြစ်ခြစ်တောက်ပူ၊ ကားလမ်းကြပ်ကြပ်နဲ့ သွားရခက် လာရခက်တဲ့အချိန်မို့လို့ ရေဓာတ်ဖြည့်ပေးပါ။ နေပူဒဏ်ကာကွယ်ပါ။ ကျန်းမာရေးကို ဂရုစိုက်ပါ။ ပေါ့ပေါ့ပါးပါးဝတ်ဆင်ပါ။ အာဟာရပြည့်အောင်စားပါ။
တကယ်လို့များ အာဟာရလည်း ပြည့်ရမယ်။ သန့်ရှင်းလတ်ဆတ်ရမယ်။ ကျန်းမာရေးနဲ့ ညီညွတ်ရမယ်။ ကလေးကစလို့ ဆီးချို/ ကင်ဆာဝေဒနာရှင်တွေအထိပါအရွယ်မရွေး သုံးနိုင်ဆောင်ရမယ်ဆိုတဲ့ snack မျိုးလေးတွေ လိုအပ်လာပြီဆိုရင်တော့
အပါတ်စဉ် တနင်္လာနေ့တိုင်း အိမ်အရောက်ပို့ဆောင်ပေးမယ့် Healthy & Happy မုန့်ကားလေးအတွက် အော်ဒါတင်ပေးပါ။

&Happy

 #မွန်းကြပ်တဲ့နေ့ရက်တွေအတွက်ChocolateChipsCookiesတချပ်..."ရတာမလို" ဆိုတာထက် "လိုတာမရ"လို့အစီအစဉ်မကျ ကမောက်ကမဖြစ်ရတဲ့ ကာလ...
23/03/2026

#မွန်းကြပ်တဲ့နေ့ရက်တွေအတွက်ChocolateChipsCookiesတချပ်...
"ရတာမလို" ဆိုတာထက် "လိုတာမရ"လို့အစီအစဉ်မကျ ကမောက်ကမဖြစ်ရတဲ့ ကာလကြီးမှာ စိတ်ဖိစီးမှုများလို့ ဖြေသိမ့်လို့ အပျော်ရှာမယ်ဆို ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်ရလေအောင် Healthy & Happy ရဲ့ Chocolate Chips Cookies လေးကိုသာသတိရပါ။

ဗူးလေးကို ဖွင့် အိတ်ကလေးကို လှစ် လိုက်တာနဲ့ နှာခေါင်းထဲကနေတဆင့် နှလုံးသားထဲ၊ ဦးနှောက်ထဲထိ ထိုးဖောက်စိမ့်ဝင်စီးဆင်းသွားမယ့် ခါးသက်သက် ချိုတိုတို ချောကလက်ရနံ့လေးက သောကမှန်သမျှ ခေတ္တငြိမ်းရလောက်အောင် စိတ်ကို ကျေနပ်သွားစရာ...

ဖိစီးနေတဲ့စိတ်ကို ဖြေသိမ့်ဖို့ တချက်ပြီး တချပ် စိတ်ကြိုက်စားဦးမလား... တချပ်လုံးစားမှ 61 cal ပဲပါအောင် Low-calories အဖြစ် အာဟာရဆရာဝန်ကြီးကြပ်လမ်းညွှန်မှုနဲ့ ဖန်တီးထားတာမို့လို့ စားပြီးမှ "များသွားပြီလား" "ဝိတ်တတ်တော့မှာပဲ" ဆိုတဲ့ သောကပေါ် သောကဆင့်စရာမလို...

နေပူပူမှာ ညစ်နွမ်းနေတဲ့ စိတ်နဲ့ခန္ဓာကို တခဏလန်းဆန်းစေမှာ Healthy & Happy Chocolate Chips Cookies ပါ။
သတိပြုရန်။ ။ ဆီးချိုဝေဒနာရှင်များ သုံးဆောင်ရန်မသင့်ပါ။

&Happy

အပါတ်စဥ် တနင်္လာနေ့တိုင်းအိမ်အရောက်ပို့ဆောင်ပေးမယ် မုန့်ကားလေးအတွက် အော်ဒါတင်ဖို့ အချိန်ကျရောက်လို့လာပြီမို့လို့ ဘာစားမလ...
20/03/2026

အပါတ်စဥ် တနင်္လာနေ့တိုင်းအိမ်အရောက်ပို့ဆောင်ပေးမယ် မုန့်ကားလေးအတွက် အော်ဒါတင်ဖို့ အချိန်ကျရောက်လို့လာပြီမို့လို့ ဘာစားမလဲ၊ ဘာဝယ်မလဲ
အရေအတွက်၊ လိပ်စာ၊ ဖုန်းအပြည့်အစုံလေးနဲ့ Hello လေးသာ လုပ်လိုက်တော့နော်။
&happy

Address

58 Street
Mandalay
05031

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+95943017677

Website

Alerts

Be the first to know and let us send you an email when Healthy & Happy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Healthy & Happy:

Share

About Healthy & Happy

“Eating Healthy , Living Happy”

ဟုတ်ပါတယ် Healthy & Happy ဆိုတဲ့ 2017 ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ တဲ့ ဒီအမည်နာမလေး အတိုင်းပဲ

.... ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ တွေကို ထုတ်ပိုလုပ်ပို့ဆောင်ပေးပြီး ၊ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်စေချင်တာ Healthy & Happy ရဲ့ အဓိက ရည်ရွယ်ချက်ပါ။