30/09/2024
ကမ္ဘာကြီးရဲ့ Energy က လုံးဝ ပြောင်းလဲ Shift ဖြစ်သွားပြီး … ကိုယ့်ပတ်ဝန်းကျင်က အရာအားလုံးဟာ အတော်လေး ပြောင်းလဲ Change ဖြစ်သွားပါပြီ ...
ဒီလို ပြောင်းလဲမှုတွေကြောင့် လူသားတွေမှာ ရုပ်ပိုင်းဆိုင်ရာ Physically ပိုင်ဆိုင်မှုတွေရော, စိတ်ပိုင်းဆိုင်ရာ Mentally မှာရော, ခံစားချက်ပိုင်းဆိုင်ရာ Emotionally အပိုင်းတွေမှာပါ အများကြီး ပြောင်းလဲ သက်ရောက်မှုတွေ ရှိခဲ့ပါတယ် ... အခု အချိန်မှာဆို ပိုပြီး သိသာလာပါတယ် ... အရင်ကနဲ့ တွေးခေါ်ပုံတွေ မတူတော့သလို လုပ်ကိုင်ပုံတွေလဲ မတူကြတော့ပါဘူး ...
3 Dimension ကမ္ဘာကြီး ကနေ 5 Dimension ကမ္ဘာကြီး စီကို ကူးပြောင်းနေတဲ့ ဒီအကြောင်းတွေကို ၂၀၂၂ အစပိုင်း မှာကထဲက Randy တို့ Spiritual ဆရာသမားတွေ ကိုယ်တိုင် ကြုံတွေ့, ခံစား သိရှိပြီး ရေးသား တင်ပြခဲ့ကြပါတယ် ...
3D to 5D World က ၂၀၁၉ အကုန်လောက်က စပြီး သိသိသာသာ ပြောင်းလဲလာခဲ့တာ အခုကတော့ အရာ အားလုံးဟာ လုံးဝ ပြောင်းလဲသွားပြီး Completely Change A Lot ပါပဲ ...
2024 အလယ်လောက်က စပြီး လက်ရှိ Energy Update ကတော့ အရာအားလုံးကို Amplify လုပ်ပြီး ဆတိုးချဲ့ကားပေးတဲ့ Energy ပဲ ဖြစ်ပါတယ် ... သတိထားမိလားတော့ မသိဘူး ... တစ်နေ့ တစ်နေ့ အချိန်တွေကုန်တာ အရင်ကထက် အရမ်းမြန်လာတယ် ... အရာအားလုံးဟာလဲ ဖြစ်လွယ် ပျက်လွယ် အရမ်းမြန်လာတယ် ...
ကိုယ် စိတ်မှာ စွဲတဲ့ အရာ Manifest တွေကတော့ အသိသာဆုံးပါပဲ ... Randy တို့ စိတ်မှာ ပေါ်လာတဲ့ ကောင်းတဲ့ အတွေးတွေကြောင့် ဖြစ်စေ, မကောင်းတဲ့ အတွေးတွေကြောင့် ဖြစ်စေ ... နောက်ဆက်တွဲ ပြင်ပ Reality မှာ မြန်မြန်ဆန်ဆန် ပေါ်ပေါက်လာပါတော့တယ် ...
လူသားတိုင်းမှာ ရှိတဲ့ အခြေခံ ကြောက်စိတ်တွေ, စိုးရိမ်စိတ်တွေဟာ ဆပွားအနေနဲ့ရော, မြန်မြန်ဆန်ဆန်ရော ဖြစ်လာတာတွေ မြင်ရ, တွေ့ရ, ကြုံရ ကြမှာပါ ...
ဒါဟာ ကမ္ဘာကြီးက သူ့ရဲ့ Consciousness ကို မြှင့်တင်နေတဲ့ Evolution ဖြစ်ပြီး လူသားတွေကိုလဲ မိမိတို့ မိခင် ကမ္ဘာကြီးနဲ့ ကိုက်ညီတဲ့ Energy ကို ပြောင်းလဲဖို့ အတွက် အသိ သတိ Consciousness ကို ဆွဲတင်နေတာပဲ ဖြစ်ပါတယ် ...
ဒါ့ကြောင့် အခုအချိန်မှာ Randy တို့ဟာ အသိ သတိကို လုံးဝ လွတ်လို့ မရပါဘူး ... သတိလေး တစ်ချက်လွတ်တာနဲ့ အရာအားလုံးဟာ ဖြစ်လွယ် ပျက်လွယ်ပါပဲ ...
သတိလက်လွတ် တွေးမိတဲ့ အတွေးတွေ, သတိလက်လွတ် ခံစားနေမိတဲ့ အကြောင်းအရာတွေ, သတိလက်လွတ် ပြောမိတဲ့ စကားတွေ, သတိလက်လွတ် လုပ်လိုက်မိတဲ့ အပြုအမူတွေဟာ ခဏလေးနဲ့ အကျိုးသက်ရောက်မှုကို မြင်ရတော့တာပါပဲ ... လက်ရှိ Energy Update ဟာ အရမ်းကို Strong ဖြစ်ပါတယ် ...
လေးဖြူ သီချင်းလို “ ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ လိပ်ပြာလေး အတောင်တစ်ချက် ခတ်ခြင်းက အစပြုပြီး ကမ္ဘာ တစ်ဖက်ခြမ်းမှာ လေပွေ မုန်တိုင်းတွေ ကစဉ့်ကလားနဲ့ ဖြစ်လာတယ် ...” ဆိုသလို Butterfly Effect တွေက အရမ်းကို မြန်ဆန်လာတယ် ...
ဆိုလိုတာက တစ်ဉီး တစ်ယောက်ကြောင့် ဖြစ်စေ, မထင်မှတ်ထားတဲ့ ကိစ္စရပ် သေးသေးလေးတွေကြောင့်ပဲ ဖြစ်စေ သက်ရောက်မှုတွေက ဆတိုးနဲ့ ပွားပြီး မြန်မြန်ဆန်ဆန် နောက်ထပ် ဖြစ်ရပ်တွေ ဖြစ်ပေါ်လာကာ ဒီသက်ရောက်မှုတွေက အခြားသူတွေ အပေါ်မှာ, အားလုံးအပေါ်မှာ လာပြီး သက်ရောက်မှုတွေ ရှိနေတာပဲ ဖြစ်ပါတယ် ...
ဒါ့ကြောင့် တစ်ဉီးတစ်ယောက်ခြင်းစီရဲ့ အတွေးတွေ, ခံစားချက်တွေကနေ စပြီး ကောင်းတွေ, မှန်ကန်နေ, ရှင်းလင်းနေဖို့ လိုအပ်ပါတယ် ... ပြီးတော့ ချဲ့ကားတတ်တဲ့ Energy Update ကြောင့် ကိုယ်က ပူပန်မှု, စိုးရိမ်မှု, ကြောက်စိတ် စတာတွေကို တွေးမိနေရင် အဲ့အဟာတွေဟာ Law of Attraction အရ ကိုယ့် ပတ်ဝန်းကျင်မှာ ပိုပြီး ပေါ်ပေါက်လာမှာပဲ ဖြစ်ပါတယ် ...
အခုအချိန်မှာ ငယ်ဘဝ စိတ်ဒဏ်ရာတွေ, Relationship Trauma တွေ, ဘဝမှာ ရခဲ့တဲ့ ခံစားချက် ဒဏ်ရာတွေဟာ ... ဟိုးအတွင်း မသိစိတ်ထဲကနေ အပေါ် သိစိတ် စီကို သိသိသာသာ တတ်လာနေပြီး အရင်ကထက် ပိုမို ပြင်းထန်တဲ့ Painful ဖြစ်တဲ့ ခံစားချက် အတွေ့အကြုံတွေကို ပြန်ပြီး ရရှိလာနိုင်ပါတယ် ...
ဒါ့ကြောင့် Randy တို့ရဲ့ အသိ သတိ Level of Consciousness ကို မြှင့်တင်ကာ ခံစားချက် Feelings တွေ, Emotions တွေ, အတွေး Thoughts တွေ, ယုံကြည်ချက် Beliefs တွေကို Positive ဘက်ကို ပြောင်းလဲ နေထိုင်ရမှာပဲ ဖြစ်ပါတယ် ...
အခုကိုယ် ဘာတွေကို အများဆုံး ခံစားဖြစ်နေလဲ, တွေးနေဖြစ်လဲ, ယုံကြည်နေမိလဲ? ကောင်းတဲ့ ဘက်ကို ရောက်နေတာလား? မကောင်းတဲ့ ဘက်ကို ရောက်နေတာများလား? ဆိုတာတွေ ပြန်လည် သုံးသပ်ပြီး ပြုပြင်ဖို့ လိုအပ်ပါတယ် ...
Where your attention goes Energy Flows ဖြစ်တာကြောင့် Mindful ဖြစ်ဖြစ် နေထိုင် ကျင့်သုံးပြီး ကိုယ်, စိတ်, နှလုံး သုံးပါး Body, Mind & Spirit အတွက် အလုပ်တွေ များများ လုပ်ထားရမှာပဲ ဖြစ်ပါတယ် ...
စိတ်မှာ သက်ရောက်တဲ့ ဝေဒနာတွေက အစပြုကာ ခန္ဓာကိုယ်မှာလဲ နာကျင်မှု Pain တွေ အနေနဲ့ သက်ရောက်မှု ရှိသလို ကိုယ့်ရဲ့ Energy, Frequency, Vibration ကျဆင်းမှုတွေ အပြင် ကိုယ်ရောင်ကိုယ်ဝါ Aura မှေးမှိန်တာမျိုး အများကြီး သက်ရောက်မှု ရှိကာ Soul Level အထိ ပြသနာရှိနိုင်ပါတယ် ...
ကိုယ့်ရဲ့ Nervous System တွေ, ကိုယ်ခံ အားစနစ် Immune System တွေ, အတွင်းကလီစာ အလုပ်လုပ်နိုင်စွမ်းအားတွေ ကောင်းမွန်ဖို့ အတွက် အိပ်ရေးမှန်မှန်အိပ်တာ, ကျန်းမာရေးနဲ့ ညီညွတ်မျှတတာတွေ စားတာ, လေ့ကျင့်ခန်းလုပ်တာမျိုးတွေ လိုအပ်ပြီး Healthy Lifestyle, Healthy Relationship တွေ ရှိနေဖို့ကလဲ အရေးကြီးသလို Meditation လုပ်တာ, ကိုယ့်ရဲ့ 7 Chakra Energy System တွေကို Balance, Healing and Activation ပုံမှန် လုပ်ပေးနေဖို့ လိုအပ်ပါတယ် ...
ဒီလိုမှ မဟုတ်ရင် ကိုယ့် အတွင်း စိတ်က မကောင်းတဲ့ လှုံ့ဆော်မှု မှန်သမျှနဲ့ ပြင်ပက လှုံ့ဆော်မှု မှန်သမျှတွေကို မဖြစ်သင့်တဲ့ Over Reactive လွန်လွန်ကြူးကြူး တုန့်ပြန်မိကာ ... ပြသနာတွေကို ဖန်တီးနေမိနိုင်သလို ... ဖိတ်ခေါ် ဆွဲဆောင် Attract လုပ်နေသလိုလဲ ဖြစ်နေမိတတ်ပါတယ် ...
လက်ရှိ Energy Amplifier ကြောင့် ... ဘဝဟာ စိတ်ပျက်စရာ ကောင်းလိုက်တာလို့ တွေးမိနေရင် စိတ်ပျက်စရာတွေကို ဆွဲဆောင်နေမိတတ်ပြီး ... အချစ်ဟာ ပူလောင်လိုက်တာလို့ တွေးမိနေရင်လဲ ပူလောင်စရာတွေကိုပဲ ဆွဲဆောင်နေမိတတ်ကာ ... လူတွေဟာ မကောင်းပါဘူးလို့ တွေးမိနေရင်လဲ မကောင်းတဲ့ လူတွေကိုပဲ ကိုယ့်အနားကို ရောက်လာအောင် ဆွဲဆောင်နေမိတတ်ပါတယ် ...
ဒါ့ကြောင့် အသိ သတိ Consciousness နဲ့ ကိုယ့်စိတ်ထဲမှာ ဘာတွေ ဖြစ်ပေါ်နေတာလဲ ... ကိုယ့်ပတ်ဝန်းကျင် Reality မှာ ဘာတွေဖြစ်ပျက်နေတာလဲ ဆိုတာကို သတိလေးထားပြီး စောင့်ကြည့်ရမှာပါ ...
ဒါ့အပြင် ကိုယ့်ရဲ့ New Version ကိုယ်ဖြစ်ချင်တဲ့ ပုံစံ, ကိုယ်အလိုရှိတဲ့ ဘဝ အတွက် မလိုအပ်တော့တဲ့, အကျိုးမပြုတော့တဲ့ ... ငယ်ငယ်က ရလာတဲ့ Trauma တွေပဲ ဖြစ်ဖြစ် Relationship က ရလာတဲ့ စိတ်ဒဏ်ရာတွေပဲ ဖြစ်ဖြစ်, ကျန်းမာရေး, လူမှုရေး, စီးပွားရေး, ငွေရေးကြေးရေး Block တွေပဲဖြစ်ဖြစ်, အသုံးမဝင်တော့တဲ့ ယုံကြည်ချက် Belief တွေကိုပဲ ဖြစ်ဖြစ် လွှတ်ချကာ Healing လုပ်ကာ ... ကိုယ့်ရဲ့ Higher Version နဲ့ Connect လုပ်ရမှာပဲ ဖြစ်ပါတယ် ...
Energy ရဲ့ သဘောက အတတ်အကျ အမြဲ ရှိနေတာမို့ … သတိလက်လွတ် ပြုတ်ကျ မသွားရအောင် … ကိုယ့်ရဲ့ Energy Level ကို အချိန်တိုင်း သတိလေးနဲ့ Protect လုပ် မြှင့်တင်နိုင်ကြပါစေ ...
Have A Nice Day! ♥️♥️♥️
credit #မျိုးသီဟကျော်
Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …