16/05/2021
မန္တလေးလူထုနေရာ ( Mandalay Community Center)
ဖျက်သိမ်းကြောင်း အသိပေးကြေညာခြင်း
=========================
၅.၂.၂၀၂၁
၁။မန္တလေးလူထုနေရာ (Mandalay Community Center) သည် ၂၀၁၅ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေသော လူမှုအဖွဲ့အစည်းများ အတွက် စုံရပ်နေရာ၊ ကျောင်းသားလူငယ်များအတွက် အပြန်အလှန်မျှဝေသင်ယူနိုင်သော နေရာအဖြစ်(၆) နှစ်တာ အကောင်ထည်ဖော်ဖွင့်လှစ်ခဲ့ပါသည်။
၂။ ၂၀၂၀ ခုနှစ် ဧပြီလမှစတင်၍ Covid 19 ကူးစက်ရောဂါ ကြောင့် မန္တလေးလူထုနေရာကို ခေတ္တပိတ်ထားခဲ့ရပါသည်။ ယခုအခါ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဆက်လက်ဖွင့်လှစ်နိုင်ရန် အခက်အခဲများစွာ ရှိနေပါသည်။ သို့ဖြစ်ပါသောကြောင့် မန္တလေး လူထုနေရာ (Mandalay Community Center) ကို အပြီးတိုင် ဖျက်သိမ်းလိုက်ကြောင်း အသိပေး ကြေငြာအပ်ပါသည်။
မန္တလေးလူထုနေရာ