17/03/2026
✨ကျွန်မတို့ နေ့စဉ်ဘဝရဲ့ လောကဓံတွေကြားမှာ ပြေးလွှားရင်း တစ်ခါတလေ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ လျစ်လျူရှုမိတတ်ကြတယ်နော်...
တကယ်တော့ ယောဂ ကျင့်တယ်ဆိုတာ ခန္ဓာကိုယ်ကို လှုပ်ရှားရုံတင်မဟုတ်ဘဲ နောင်တစ်ချိန်မှာ ဖြစ်လာမယ့် ဝေဒနာတွေကို ကြိုတင်ကာကွယ်ပေးတဲ့ 🌿 "Preventive Medicine" (ကြိုတင်ကာကွယ်တဲ့ ဆေးတစ်ခွက်) ကို ကိုယ့်ကိုယ်ကိုယ် တိုက်ကျွေးနေတာနဲ့ တူတူပါပဲ🍃
🌬️ရှေ့ဆက်ရမယ့် အချိန်တွေနောက်ကို မောမောပန်းပန်းနဲ့ လိုက်နေရင်း... ဘဝရဲ့ စစ်မှန်တဲ့ အနှစ်သာရတွေနဲ့ ရှင်သန်ခြင်းအဓိပ္ပာယ်တွေ ပျောက်ဆုံးနေသလို ခံစားနေရတယ်ဆိုရင်...
ဒီတစ်ခေါက်မှာတော့ The ULTIMATE Ganga Yoga Studio မှာ ပြုလုပ်သွားမယ့် စိတ်ရောကိုယ်ပါ အနားရစေမယ့် Transformational Weekend Yoga Retreat လေးဆီကို နွေးထွေးစွာ ဖိတ်ခေါ်ချင်ပါတယ်ရှင်။ 🤎
☘️ Yoga Retreats are about doing less, and being more.
ဒီ ၂ ရက်တာ ခရီးစဉ်ဟာ ခန္ဓာကိုယ်ရဲ့ ရွေ့လျားမှုနဲ့အတူ အတွင်းစိတ်ရဲ့ တည်ငြိမ်မှုဆီ အတူတူ သွားကြမယ့် ခရီးလေးတစ်ခုပါ။
ဒီ Retreat လေးမှာဆိုရင်...
🌿 Relaxing ~ လုပ်နေကျ အလုပ်တွေကနေ ခဏလေးနားပြီး စိတ်ရောကိုယ်ပါ အမှန်တကယ် အနားယူကြမယ်
🌿 Reflecting ~ ကိုယ်လျှောက်ခဲ့တဲ့ လမ်းကြောင်းနဲ့ ကိုယ့်ဘဝကို အေးအေးချမ်းချမ်း ပြန်လည်ဆင်ခြင်သုံးသပ်ကြမယ်
🌿 Remembering ~ ရိုးရိုးလေးနဲ့ ကိုယ်မေ့ထားမိတဲ့၊ ကိုယ့်နှလုံးသားနဲ့ အနီးဆုံးမှာ ရှိနေတဲ့ အတွင်းစိတ်ရဲ့ အနှစ်သာရတွေကို ပြန်လည်သတိရစေပြီး ရှေ့ဆက်ဖို့ သတ္တိနဲ့ ခွန်အားတွေ ဖြည့်တင်းကြမယ်
"မိမိကိုယ်ကိုယ် သိမြင်ခြင်းဟာ ဉာဏ်ပညာရဲ့ အစပါ..." ဆိုတဲ့အတိုင်း မိမိကိုယ်ကိုယ်အတွက် အထိုက်တန်ဆုံးသော "လက်ဆောင်" အဖြစ် ဒီ Retreat လေးကို ပေးလိုက်ပါ။
ယောဂကျင့်စဉ်တွေနဲ့အတူ စိတ်ရဲ့ အေးချမ်းမှုကို နွေးထွေးစွာ လမ်းညွှန်မျှဝေပေးသွားမှာကတော့ Yoga Trainer & Facilitator: Khaing Nyein ပဲ ဖြစ်ပါတယ်။
📍 Retreat အသေးစိတ်
📅 Date: March 21, 22 (Sat & Sun)
⏰ Time: 12:00 noon ~ 3:30 pm
💰Investment: 180,000mmk
📍 Address: ၆၃ လမ်း၊ ၂၃ x ၂၄ ကြား၊ မဟာဇေယျာဘုံရပ်ကွက်၊ နိုင်ငံခြားဘာသာ တက္ကသိုလ် အနီး၊ မန္တလေးမြို့။
🕊️ လူဦးရေ ကန့်သတ်ထားရှိတာကြောင့် အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါဦးရှင်။
ပိုမိုသိရှိလိုပါက ဒီပို့စ်မှာ ❝ Retreat ❞လို့ Comment,မန့်ပြီးဖြစ်စေ၊ Page Messenger မှတစ်ဆင့်ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
အတွင်းစိတ်ရဲ့ ငြိမ်းချမ်းမှုဆီ အတူတူ လျှောက်လှမ်းကြရအောင်... 🌿🕊️