Sayar Aung Moe Oo

Sayar Aung Moe Oo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sayar Aung Moe Oo, mandalay 30, Mandalay.

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်အတွက်🌄 သူရိယသိဒ္ဓန္တ မဟာမြန်မာ မန္တလေး သင်္ကြန်စာ🌄📜📜📜📜📜📜📜📜📜📜📜ဆရာမိတ်ဆွေများ သင်္ကြန်စာ ဖတ်ရှု့လို့ရအောင်...
22/03/2019

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်အတွက်
🌄 သူရိယသိဒ္ဓန္တ မဟာမြန်မာ မန္တလေး သင်္ကြန်စာ🌄
📜📜📜📜📜📜📜📜📜📜📜

ဆရာမိတ်ဆွေများ သင်္ကြန်စာ ဖတ်ရှု့လို့ရအောင်
တင်ပေးလိုက်ပါတယ် ခင်ဗျာ။

သင်္ကြန်စာရေးသားသူ ဆရာကြီးဦးကျော်ဋ္ဌေး
ဂါရဝပြုလက်အုပ်ချီကန်တော်လျှက်ပါ။

ဇေယျတုသက္ကရာဇ် ၁၃၈၀ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၀)ရက်၊ (၁၄-၄-၂၀၁၉) တနင်္ဂနွေနေ့ ညနေစက် (၅)နာရီ (၂၁)မိနစ် (၄၂)စက္ကန့် အချိန်တွင် မဟာသင်္ကြန် ကျသည်။

(၁၅-၄-၂၀၁၉) တနင်္လာနေ့ မဟာသင်္ကြန် အကြတ်ရက်
ဖြစ်သည်။

၁၃၈၀-ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၂)ရက် (၁၆-၄-၂၀၁၉) အင်္ဂါနေ့ ည(၉)နာရီ (၂၆)မိနစ် (၂၃)စက္ကန့် အချိန်တွင် မဟာသင်္ကြန် တက်သည်။

ထို့ကြောင့် ကောဇာ သက္ကရာဇ် ၁၃၈၁-ခုနှစ်၊ ဦးတန်ခူး
လဆန်း (၁၃)ရက် (၁၇-၄-၂၀၁၉) ဗုဒ္ဓဟူးနေ့သည်
နှစ်ဆန်း(၁)ရက်နေ့ ဖြစ်သည်။

သာသနာတော်အတွက် ဝါဆို-ဝါကပ်၊ သံဃာတော်
အရှင်သူမြတ်တို့ဘုရား...

ဤ၁၃၈၁ခုနှစ်တွင် လထက်ရက်ငင် မရှိပါ၍ ဗုဒ္ဓဘာသာ၊ သာသနာတော် ဝန်ထမ်း ရဟန်းအရှင်မြတ် တို့မှာ

မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁)ရက် (၁၇-၇-၂၀၁၉) ဗုဒ္ဓဟူးနေ့တွင် ပထမပုရိမဝါ ကပ်ဆိုတော်မူ
ကြ ရမည်ဖြစ်ပါသည်။

ဒုတိယ ပစ္ဆိမဝါကို မြန်မာ ဝါခေါင် လပြည့်ကျော် (၁)ရက် (၁၆-၈-၂၀၁၉) သောကြာနေ့တွင် ကပ်ဆိုတော်မူကြရ
မည်ဖြစ်ပါသည်။
(ကန်ဦးမူ၊ သင်္ကြန်စကားပြေကျမ်း)

ကောဇာသက္ကရာဇ် ၁၃၈၁-ခုနှစ်အတွက် အရှင်သခင်ဂြို
ဖွဲ့စည်းခြင်း
ဝဿပတိ ဧကရာဇ် သောကြာဂြိုဟ်
သေနာပတိ ကာကွယ်ရေး တနင်္ဂနွေဂြိုဟ်
သဿပတ် စိုက်ပျိုးရေး ဗုဒ္ဓဟူးဂြိုဟ်
ရဿပတိ ကုနသွယ်ရေး သောကြာဂြိုဟ်
နိရဿပတိ ဓာတ်သတ္တု ဗုဒ္ဓဟူးဂြိုဟ် အသီးသီးတို့သည်
နေစကြာဝဠာကြီးအား ဘေးဥပါဒ် အန္တရာယ်အပေါင်းမှ
ကင်းဝေးပြီး ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့အား
ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာစေခြင်း ကောင်းကျိုး အလို့ငှာ တာဝန် အသီးသီးယူကြလျက် ကာကွယ်
စောင့်ရှောက် ပေးကြလတ္တံ့။ ယခုနှစ်တွင် တနင်္လာ၊ အင်္ဂါ၊
ကြာသပတေး၊ စနေဂြိုဟ်တို့သည် နှစ်၏ သခင်ဂြိုဟ် ဖွဲ့စည်းရာတွင် ပါဝင်ခြင်း မရှိပါ။
(နာရဒသံဟိတကျမ်း)

အောင်ဇေယတုသက္ကရာဇ် ၁၃၈၀-ခု၊ ဒီဃနှစ်ကြွင်း ၂၈၀
ရဿ ဝေါဟာရမာသ နှောင်းတန်ခူးလဆန်း(၁၀)ရက်၊ ခရစ်နှစ် ၂၀၁၉ ဧပြီလ (၁၄)ရက် တနင်္ဂနွေနေ့ စံတော်ချိန် ညနေ(၅)နာရီ (၂၁)မိနစ် (၄၂)စက္ကန့်၊ မြန်မာနာရီ
နေ့ဗဟိုရ်(၃)ချက်တီးကျော် (၅)နာရီ (၂)ပါဒ် (၅)ဗီဇနာ
(၃)ပြဏ် (၂)ခရာ၊ ကန်ရာသီလဂ် ကရကဋ်ရာသီစန်း
စန်းယှဉ် အသလိဿနက္ခတ် တနင်္ဂနွေ ဟောရတ် စနေတြင်း
ဗုဒ္ဓဟူးနဝင်း ကြာသပတေး ဒွါဒသင်း ကြာသပတေး
တိံသင်း၊ လဂ်စီးနက္ခတ် ဟဿတနက္ခတ် (၁၂)လုံး (၂)ပါဒ် (၂)ဃဋီ (၂၆)ဝိဃဋီ (၆)အနုဃဋီထက် လဂ်စီးလျက်
ထိုနာရီ၏ ဣဋ္ဌဘဝါးကား (၃၀)ဘဝါး (၁၁)လက်သစ် (၆)မုယော (၃)နှမ်း (၈)ဆံခြည် မွန်းတည့်နက္ခတ်ကား
ပုဏ္ဏဗသျှုနက္ခတ် (၈၀)အံသာ (၁၀)လိတ္တာ (၃၀)ဝိလိတ္တာ
ပြည့်မတ်သော မင်္ဂလာအခါ သမယတွင် (ယုဂ်၂၈မှ)
ဝဇရယုဂ်၊ (ယုဂ်၂၇မှ) သုလယုဂ်၊ ပုဏ္ဏာတိထီ ၁၀လုံး
တေတိလကရိုဏ်းနှင့် ယှဉ်လျက်၊ ဘာနုရာဇဂြိုဟ်မင်းသည် ကြာဝတ်ဆံ အဆင်းနှင့်တူသော အဝတ်တန်ဆာကို
ဝတ်ဆင်လျက်၊နဂါးကိုစီး၍ လက်တဘက်ကား မြှား၊
လက်တဘက်ကား လွှားကိုကိုင်၍ အရှေ့မြောက်ထောင့် ကသည် အနောက်သို့ဝင်၏ နန္ဒာဒေဝီနတ်သမီးကား
အလှည့်စေ့၍ ပရမိသွာနတ်မင်း၏သား အာသီအမည်
ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို ကမ်းသည်ရှိသော်
ကညာဒေဝီနတ်သမီးကား ခရီးဦး ကြိုဆို၍ ရပ်စောင့်
နေလျက် လှမ်းလင့်၏။ ဓံသီနတ်သမီးကား အဖြူ၊ အနီ၊
အစိမ်း၊ အပြာ၊ အဝါအားဖြင့် ငါးပါးသော
အဆင်းဖြင့်ပြီးသော အဝတ်တန်ဆာကို ဝတ်ဆင်လျက်
သိကြားမင်းကို စောင့်လင့်၏။ ထို့ကြောင့် မိုဃ်းဦး၊
မိုဃ်းလယ် ကောင်းအံ့။ စစ်မက်တိုက်ခိုက်ခြင်းများ ဖြစ်ပေါ်အံ့။ ပြည်ကြီးကို ပြည်ငယ်နိုင်စ ပြုလာအံ့။ ဧကရာဇ်မင်း
အပေါင်း ဥပါဒ်ဖြစ်တတ် သည်။ ပြည်နယ် တိုင်းဒေသကြီး
အတွင်းရှိ မြို့နယ် ရွာငယ်အချို့ မီးလောင်ဖန် အကြိမ်များလာအံ့။ ကုန်သွယ် ကူးသန်းရောင်းဝယ် ရေး
သူဋ္ဌေးသူကြွယ် တို့သည်လည်း ဘေးဥပါဒ် ဖြစ်ကြကုန်အံ့။ လယ်ယာ မြေလုပ်ငန်းရှင်၊ လယ်ယာလုပ်ကိုင်သူ တို့သည် အနှောင့်အယှက် အခက်အခဲများဖြင့် ရင်ဆိုင်ရအံ့။ ကျွဲ၊ နွား၊ဆင်၊ မြင်းနှင့်တကွ အခြေ(၄)ချောင်း သတ္တဝါအများ
အသေအပျောက် များအံ့။ ထိုသတ္တဝါတို့၏အသားကို
လွန်စွာ စားသုံးသူတို့သည် အကြိတ်၊ အသမာ၊ အနာရောဂါ ဆိုးများဖြစ်အံ့။ ကူးစက်ရောဂါ များကြောင့် ပျက်စီးကြအံ့။
လူအချို့တို့သည် အစာ အာဟာရ ပြတ်လပ်၍ ငတ်မွတ်ကြအံ့။ အုပ်ချုပ်သူ အစိုးရအကြီးအကဲများ အမျက်ဒေါသ
သင့်ကြကုန်အံ့။ ရေနေသတ္တဝါများ၊ ငါးမျိုးစိပ်များ ပျက်စီး
ပျောက်ကွယ်တတ်သည်။ အတောင်ရှိသော ကျေးငှက်
သတ္တဝါအပေါင်းတို့ သည်လည်း ဘေးဥပါဒ်သင့်ကြကုန်အံ့၊ အရှေ့ အရပ်ဒေသရှိ တိုင်းနိုင်ငံ ပြည်နယ်အချို့ ပျက်စီးတတ် သည်။ အနီရောင်ရှိသော ကွမ်းသီး၊ ငြုပ်သီး အစရှိသည့်
အသီးအနှံများ ယခုနှစ် ဈေးကောင်းအံ့။ ရောင်းဝယ်
ဖောက်ကား အကျိုးအမြတ်ရှိကြကုန်အံ့။ ဤကား
မဟာသင်္ကြန်ကျနေ့ အလိုအားဖြင့် ဟောကြားရခြင်း
ဖြစ်ပါသည်။

မဟာသင်္ကြန်အကျနေ့ အလိုကား- အခါလဂ်သည်
ကန်ရာသီလဂ် ဖြစ်ပါသောကြောင့် သာမန္တသင်္ကြန်
မည်ပါသည်။ အများပြည်သူ ပြည်သား (၇)ရက် သားသမီး အပေါင်းတို့သည် မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း
အစဉ်အလာအားဖြင့် သင်္ကြန်ကျ တနင်္ဂနွေနေ့ တိထီ၁၀လုံး ပုဏ္ဏာ ကြာသပတေးမြေခံ၊ ဂြဟဇာ အထက်အရပ်ကို
မျက်နှာမူလျက် ဦးခေါင်းဆေးခြင်း မင်္ဂလာကို ဆင်ယင်
ကျင်းပ ပြုရာ၏။
ဝိသေသအားဖြင့် သင်္ကြန်အကျ တနင်္ဂနွေနေ့ဖွား သားသမီး အပေါင်းနှင့် ထိုနေ့၏ တိထီမြေခံလျက်
ရှိထားသော ကြာသပတေးနေ့ဖွား သားသမီးအပေါင်းတို့
အတွက်ကား၊ သင်္ကြန်အကြတ် တနင်္လာနေ့တွင်
ဂြဟဇာပွင့်ရာ အရှေ့ရပ် မျက်နှာမူလျက် တနင်္ဂနွေနေ့ သားသမီးက ဒန်းညွှန့်အခင်းပြု ကံ့ကော်ညွှန့်ကိုင်၊
ကြာသပတေးနေ့ဖွား သားသမီးက ခရေညွှန့် အခင်းပြု
သီးညွှန့် ကိုင်၍ ဦးခေါင်းဆေးမင်္ဂလာပြုရာ၏။ အင်္ဂါနေ့တွင် အရှေ့တောင်အရပ်ကို မျက်နှာမူလျက် မိမိတို့နှင့်
သက်ဆိုင်ရာ အညွှန့်ပန်းတို့ကို အဆောင်ပြုလျက်
ဦးခေါင်းဆေး နှစ်သစ် အတာကူးမင်္ဂလာကို ဆင်ယင်ကျင်းပရန် သင်္ကြန် စကားပြေကျမ်းမှ ညွှန်ပြထားရှိပါသည်။ အခါအားလျော်စွာ အတာကူးပြောင်း ဦးခေါင်းဆေး မင်္ဂလာမဏ္ဍပ်များ ပြုလုပ်ပြီး ဘိုးဘွား သက်ကြီးရွယ်အိုများ မိဘ၊
ဦးကြီး၊ ဦးလေး၊ အစ်ကို၊ အစ်မ၊ သူငယ်ချင်း၊ မိတ်ဆွေ၊
ဝါအားဖြင့်ကြီးသူတို့ကိုလည်း ကုသိုလ်ပြု ဦးခေါင်းဆေး
ဒါနပြုခြင်းဖြင့် နှစ်သစ်ကူးမင်္ဂလာကို ဆင်ယင်ကျင်းပစေလိုပါသည်။ မိမိနှင့်တကွ တိုင်းရင်းပြည်သူ ပြည်သားများ
အားလုံး မေတ္တာတိုးပွားပြီး စည်လုံးညီညွတ်ကြ လျက်
ငြိမ်းချမ်းရေးဆီသို့ နှစ်သစ် အခါသမယမှ စတင် ရရှိပါစေ
သော်။

တနင်္ဂနွေနေ့ဖွားအပေါင်းတို့သည်

ဒန်းညွှန့်ကို အခင်းပြုပြီး၊ ကံ့ကော်ညွှန့် ကိုင်ဆောင်ပါ။
အနန္တော အနန္တ(၅)ပါးတို့အား ဦးထိပ် ပန်ဆင်ပြီး၊
ပူဇော်ထိုက်သူ လူ၊နတ်၊ဗြဟ္မာအပေါင်းအား ရှစ်ခိုးဦးချ
ပူဇော်ကန်တော့လျက် ဂဟပတိ အနောက်တောင် ဒေါင့်
အရပ်ကို မျက်နှာမူကာ ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင်
ကျင်းပရာ၏။

တနင်္လာနေ့ဖွားအပေါင်းတို့သည်

အုန်းညွှန့်ကို အခင်းပြုပြီး၊ နေဇာညွှန့် ကိုင်ဆောင်လျက်
ဂဟပတိ အနောက်အရပ်ကို မျတနင်္လာနေ့ဖွားအပေါင်းတို့သည်....အုန်းညွှန့်ကို အခင်းပြုပြီး၊ နေဇာညွှန့် ကိုင်
ဆောင်လျက် ဂဟပတိ အနောက်အရပ်ကို မျက်နှာမူကား ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏။

အင်္ဂါနေ့ဖွားအပေါင်းတို့သည်

ကံ့ကော်ညွှန့်ကို အခင်းပြုပြီး၊ ခရေညွှန့် ကိုင်ဆောင်လျက်
ဂဟပတိ အနောက်မြောက်အရပ်ကို မျက်နှာမူကား
ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏။

ဗုဒ္ဓဟူးနေ့ဖွားအပေါင်းတို့သည်

နေဇာညွှန့်ကို အခင်းပြုပြီး၊ သပြေညွှန့် ကိုင်ဆောင်လျက်
ဂဟပတိ မြောက်အရပ်ကို မျက်နှာမူကား ဦးခေါင်းဆေး
မင်္ဂလာ ဆင်ယင် ကျင်းပရာ၏။

ကြာသပတေးနေ့ဖွားအပေါင်းတို့သည်

ခရေညွှန့်ကို အခင်းပြုပြီး၊ သီးညွှန့် ကိုင်ဆောင်လျက်
ဂဟပတိ အရှေ့ အရပ်ကို မျက်နှာမူကား ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏။

သောကြာနေ့ဖွားအပေါင်းတို့သည်

သပြေညွှန့်ကို အခင်း ပြုပြီး၊ ဒန်းညွှန့် ကိုင်ဆောင်လျက်
ဂဟပတိ တောင်အရပ်ကို မျက်နှာမူကား
ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏။

စနေနေ့ဖွားအပေါင်းတို့သည်

သီးညွှန့်ကို အခင်းပြုပြီး၊ အုန်းညွှန့် ကိုင်ဆောင်လျက်
ဂဟပတိ အရှေ့ မြောက်အရပ်ကို မျက်နှာမူကား
ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏။

ရာဟုနေ့ဖွားအပေါင်းတို့သည်

နေဇာညွှန့်ကို အခင်းပြုပြီး၊ သပြေညွှန့် ကိုင်ဆောင်လျက်
ဂဟပတိ အရှေ့တောင်အရပ်ကို မျက်နှာမူကား
ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏။

မှတ်ချက်။ ။ ခုနှစ်ရက်သားသမီးများ အာလုံး နံတူရာ ပန်းပွင့်၊ ပန်းညွှန့်များအားလုံး အသုံးပြု နိုင်ပါသည်။)

ဦးခေါင်းဆေးမင်္ဂလာပြုရသောအကျိုးကား
သင်္ကန္တေ၊ သင်္ကြန်ဟု ခေါ်ဝေါ်အပ်သော တနင်္ဂနွေဂြိုဟ်မင်းသည် ပုဏ္ဏေ၊ အံသာ (၃၆၀) ရသဖြင့် တစ်ဘဂဏပြည့်၍
မိန်ရာသီ အဝသာန် နဝင်းမှ မိဿရာသီ အာဒိနဝင်းသို့ ပြောင်းခဲ့သည် ရှိသော်။ ဣဓ၊ ဤလူ့ပြည်၌ မာဏဝါ၊
သတ္တဝါဟုခေါ်ဝေါ် အပ်ကုန်သော။ မနုဇာ၊ လူအပေါင်းတို့သည်၊ သိရာ၊ ဦးခေါင်းဆေး ကုနရာ၏။ တေသံ၊
ထိုဦးခေါင်းဆေးကုန်သော သူတို့အား။ သတ္တဘာဂီ၊
ခုနှစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုးတို့သည်။
ဝိနာသေယျုံ၊ ကင်းပျောက်ကုန်၏။ သုခဘောဂီ၊
ချမ်းသာခြင်း၏ အဘို့ ဖြစ်ကုန်သော၊ သတသဟဿာနိ၊
တသိန်းသော အကျိုးတို့ သည်၊ ဘဝယျုံ ဖြစ်ကုန်ရာ၏။

ဦးခေါင်းဆေးမင်္ဂလာမပြုရသောအပြစ်ကား
ထိုဦးခေါင်း မဆေးကုန်သော သူတို့သည်။ သတ္တ၊ ခုနှစ်ပါး ကုန်သော။ ဒဏ္ဍရောဂါစ။ ဒဏ်၊ အနာတို့သည်၎င်း၊
ဒုက္ခဘာဂါစ၊ ဆင်းရဲခြင်း၏ အဘို့တို့သည်၎င်း၊ သဒါ
အခါခပ်သိမ်း၊ ဘဝေယျုံ၊ ဖြစ်ကုန်ရာ၏။

သင်္ကြန်အခါရှောင်ကြဉ်ရန်အမှုများကား

နရုဒံမေထုနံသုရာ၊ ဝဓကောဓေနတေလေတာ။
ရုက္ခဆေ ဒါဟ နန္တဿ၊ ကိဏေယျဝိက္ကိဏေယျဝါ။ ဣမာနိဒသကမၼာနိ၊ သေကၠာပိ ပရိဝေဇၨယ်။ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ။ ရှောင်ကုန်ရာ ကား။ မသာနှလုံး ညှိုးချုံး စိုးရိမ်။ မငြိမ်ပူဆွေး။ ငိုကြွေးကုန်ထ။ ကာမ အိမ်ရာ။ မေထုနာက။ ပါဏာသတ်
ပုတ်။ သောက်ထုတ် သေရက်။ မျက်ထွက်မာန။ ပဋိဃနှင့်။ ဒေါသမလွတ်။ ဆီပွတ် လိမ်းဆင်။ သစ်ပင်ခုတ်ဖြတ်။
သတ်ခတ် ကုန်ရှောင်။ အရောင်းအဝယ်။ လဲလှယ်ဟူသည်။ ဤဆယ် မည်ကို။ လူ့ပြည်၌တွင်။ လူကို စင်ထား၊
မြင့်မိုရ်ဖျားဝယ်။သိကြားသော်မှ၊ မပြုရရာ။ ရှောင်ကြဉ် ရာဟု။ ကျမ်းလာသောအား။ လင်္ကာကြားသည်။
ဤကား မဟာ သင်္ကြန်အကျ အလိုတည်း။

မဟာသင်္ကြန်အတက်ပိုင်းဆိုင်ရာများ
အင်္ဂါနေ့ဖွား သားသမီးအပေါင်းတို့သည် မတာတက်သော နေ့ အခါသမယ ရတနာ(၃)ပါး၊ ဘိုးဘွား၊ မိဘ၊ ဆရာ၊
ဝါအားဖြင့် ကြီးမြတ်သူ၊ ညီအစ်ကို၊ အစ်မ၊ မိတ်သင်္ဂဟ
အပေါင်းအသင်း တို့အား လှူဘွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ အာဟာရ ကျွေးမွေး ခြင်း အစရှိသည့် ကောင်းမှုကုသိုလ်များ ပြုလုပ်ပြီး ဦးချ ကန်တော့ရ၏။ တိထီ(၁၂)လုံး ဘဒြာ
အင်္ဂါမြေခံ ဂြဟဇာ အရှေ့ တောင်အရပ်ပွင့်ရာ အရပ်ကို
မျက်နှာပြုလျက် ရွှေငွေရတနာများ ဆင်ယင်ပြီး
သစ်လွင်သောအဝတ်အစားများ ဝတ်ဆင်၍ သိကြား ဗြဟ္မာ၊ စတုလောကပါလ သာသနာတော်စောင့် သမ္မာဒေဝ
နတ်ကောင်း၊ နတ်မြတ်တို့အား၎င်း ပူဇော်ပသပြီး မေတ္တာခံယူ ဆုတောင်းဝတ်ပြုကြကုန်လော။

အတာစားရခြင်း၏အကျိုးကား

ဤအတာပုည ကုသလကို၊ ပြုကြကုန်သော
အမျိုးသား၊ အမျိုးသမီးတို့သည်၊ အတာကမ္မံကရောန္တဿ၊ မဟာဘောဂံ မဟာ သုခံ၊ မဟပ္ဖလံစာတုဒ္ဒိသံ၊ ဝေရီဇေယျံသုမင်္ဂလံ။ ဟု,ပေဿနဒီ ကောသလမင်းကြီးအား မြတ်စွာဘုရား
ဟောကြားတော်မူသည် ကို အကြောင်းပြု၍ ဆိုခဲ့သော
ရတနာသုံးပါး စသည်တို့အား လှူဒါန်း ပူဇော် ပသခြင်းသည် အကျိုးကြီးမြတ်လှ၏။ လှူဒါန်း ပူဇော် ပသ ကုန်ရာသည်ဟု ကျမ်းဆရာတို့ ဆိုကြကုန်၏။

ဤနှစ်သည် အတာစက္ကူစာအလိုအရ မာဃနှစ် တည်း၊ နှစ်ကို ဝက်စောင့်၏။ လကို ကျီးစောင့်၏။ ရက်ကို
ခွေးစောင့်၏။ မြေကို ဒွန်းစဏ္ဍား စောင့်၏။
ကောင်းကင်ကို ရုတ္တရနတ်စောင့် ၏။ ရေကို
ကြွက်စောင့်၏။ မိုဃ်းကို ဝမ်းဘဲစောင့်၏။ တောကို
ယစ်စောင့်၏။ လူတို့ အဓိပတိကား- မင်း၊ အခြေ(၄)ခုတို့ အဓိပတိကား- တောဝက်၊ ငှက်တို့ အဓိပတိကား- စွန်၊
သစ်ပင်တို့ အဓိပတိကား- သင်းကနက်၊ ဝါးတို့ အဓိပတိကား- သိုက်ဝါး၊ မြက်တို့ အဓိပတိကား- မြက်ရဲ၊
နက္ခတ်(၁၃)လုံးငုတ်၏။ (၁၄)လုံး ပေါ်၏။ မြေဩဇာမရှိ။
မိုဃ်းဦး နာအံ့၊ မိုးလယ် မိုးနှောင်း ကောင်းအံ့။ ရေကြီးအံ့၊
လေနှောင်းအံ့။ မုန်တိုင်းလေပွေထန်အံ့။ မိုးအကြိမ် (၆၀)ရွာအံ့။ ကောက်ပဲ အသီးအနှံတို့ အဖျင်းမရှိ။ ကျေး၊ တောင်
၊တောမကောင်း။ သစ်ပင်ဟူသမျှလည်း မကောင်း။ အမြစ်၊ အဖု၊ အရွက်နာအံ့။ ။အပွင့်၊ အသီးနည်းအံ့။ လူတို့ အနာ
အဖျား များကုန်အံ့။ တန်ခူးလဆန်း မိုးသံကြားအံ့။ နယုန်လမှာ ရွာအံ့။ ဝါဆိုလမှာ မိုးမှန်အံ့။ လူတို့ ဝပြောကုန်အံ့။
စစ်မက်မရှိ ပြည်ရှင်မင်း နှလုံးချမ်းသာအံ့။ ထိုနှစ်ဖွားသောသားကား ဥစ္စာ ပရိက္ခရာများအံ့။ ပညာအဆင်အခြင်မရှိ။
လောဘရမ္မက်ကြီးအံ့။ အင်္ဂါလက္ခဏာချို့တဲ့အံ့။ အဆင်းအဝါတံ့အံ့။ အမူအကျင့် ညစ်အံ့။ ချစ်သူခင်သူ နည်းအံ့။
အသက်(၇၀)နေရအံ့။

ယခုနှစ်အတွက် မဟာသင်္ကြန်ကျ အခါလဂ်သည်
ကန်ရာသီလဂ် ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ ပညာရေးကို
မြှင့်တင်ခြင်း၊ စာအုပ်၊ စာပေကဏ္ဍကို အလေးထား
ဆောင်ရွက်လာကြမည်။ ထို့အပြင် ဝိဇ္ဇာ၊သိပ္ပံအတတ်ပညာရပ် များ ဦးစားပေး သင်ကြားမှုကို သက်ဆိုင်ရာဋ္ဌာန အသီးသီးမှ အစွမ်းကုန် ကြိုးစားကြလတ္တံ့။
မြန်မာနိုင်ငံတော်၏ ပညာရေး ပြောင်းလဲမြှင့်တင်ခြင်း
စီမံကိန်းသည်လည်း တဟုန်ထိုး တိုးတက်နိုင်သည်။
ငွေကြေးဆိုင်ရာ အပြောင်းအလဲများသည်လည်း အဆင့်မြှင့်တင်မှု ရှိလာနိုင်သည်။ ငွေကြေး ခိုင်မာမှု ရရှိအောင်
အဘက်ဘက်မှ ကြိုးစားကြလတ္တံ့။ ငွေကြေး ဖောင်းပွ ခြင်းကို အထူးစီစစ်အရေးယူ ဆောင်ရွက်မှု ရှိတတ်သည်။
သိပ္ပံနှင့် အဆင့်မြင့် နည်းပညာရပ်များ အသုံးချမှု ပေါများလာနိုင်သကဲ့သို့ တစ်ဖန် ဝိဇ္ဇာအတတ်ပညာရပ်များကို
လည်း လူအပေါင်းတို့ စိတ်ဝင်စားမှု များလာ အံ့။
အထက်လမ်း၊ အောက်လမ်း မှော်အတတ် အတိုက်ဓာတ် အမျိုးမျိုးကို လည်း စမ်းသပ်ဖော်ထုတ်ကြအံ့။ စီးပွားဥစ္စာ ချမ်းသာ ကြွယ်ဝသူ အပေါင်း တို့သည်လည်း လောကီပညာ
ရပ်များကို ငွေကြေးများစွာ အကုန်အကျခံ၍ လိုက်စားကြအံ့။ ဝိဇ္ဇာ၊ သိပ္ပံပညာရှင် အပေါင်းတို့အားတို့၏ ဂုဏ်သတင်း များလည်း ကျော်ကြားမှုရှိတတ်သည်။ ပညာရှိများကို
ဖော်ထုတ်ပေးအံ့။ နိုင်ငံတော်အတွက် စည်းကမ်းစနစ်
ခိုင်မာသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို
လေးစားလိုက်နာကြအံ့။

(၇)ရက် သားသမီးများ ဟောစာတမ်း

တနင်္ဂနွေသားသမီးများ

တနင်္ဂနွေနေ့ဖွားအပေါင်းတို့သည် ယခုနှစ်တွင်
အရာရာကို ဦးဆောင်ဦးရွက် လုပ်ကိုင်ရတတ်သည်။
အထူးသဖြင့် စီးပွားရေး အလုပ်အကိုင်များတွင် ငွေကြေး
ရင်းနှီးမတည်မှုနှင့် ပြုပြင် ပြောင်းလဲမှု တို့ကို စွန့်စွန့်စားစားလုပ်ကိုင်ခြင်းဖြင့် လာဘ်လာဘ ပေါများ လာတတ်ပါသည်။ သို့သော် ရံဖန်ရံခါ အခက်အခဲ အကြပ်အတည်းများဖြင့်
ရင်ဆိုင်ရနိုင်ပါသော်လည်း တုန်လှုပ်မှု မရှိစေဘဲ ရဲဝံ့ရင်ဆိုင် ကျော်လွှားရန် လိုအပ်ပါမည်။ ဤနှစ်ထဲတွင် အပျို၊ လူပျို
အပေါင်းတို့ အချစ်ရေး ကိစ္စရပ်များ ကို ဦးစားမပေးသင့်ပါ။ အိမ်ထောင်ရှင်များအဖို့ အတူတကွ လက်တွဲလုပ်ကိုင်နိုင်
မည့် စီးပွားရေးလုပ်ငန်းများကို ဦးစားပေးပါ။ ပညာရေး
းလောကတွင် အထူးကံကောင်းသောနှစ်ဖြစ်ပါ၍
လူငယ်၊ လူကြီး မရွေး ကြိုးစားအားထုတ်ပါ။ မိမိလိုက်စား သင်ကြားနေသော ပညာရပ်သည် မိမိဘဝကို မြှင့်တင်ပေးပါလိမ့် မည်။ ကျန်မာရေးနှင့် ပါတ်သက်၍ မမျော်လင့်ဘဲ
ရောဂါဝေဒနာ များ ဝင်ရောက်လာတတ်သည်။ထို့အပြင် သဘာဝဘေးအန္တရာယ် မမျော်လင့်သော ယာဉ်အတိုက်
အခိုက် ဥပါဒ်အန္တရာယ်ဖြင့်လည်း ကြုံတတ်သည်။
မိမိအသက်အန္တရာယ်ကို ထိပါးလာတတ်သည်။
ပတ်ဝန်းကျင်ကို အမြဲသတိထားပါ။
တနင်္ဂနွေသားသမီးများ တစ်နှစ်ပတ်လုံး ကံကောင်းရန် မြောက်ဘက်အရပ် သင့်တင့်လျောက်ပတ်သောနေရာ၌ သဲပုံ စေတီ တည်ထားကိုးကွယ်ခြင်း၊ ပုန်းညက်ပင် စိုက်ပျိုးခြင်း၊ အနောက်မြောက်အရပ် လမ်းဘေးဝဲ/ယာတွင် ဇောင်းယား
ပင် စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ပါ။ နီရွှေရောင်၊ ပတ္တမြား
အဆင်း ရှိသော ကျောက်မျက်ရတနာကို ဝတ်ဆင်ပါ။
တနင်္ဂနွေသားသမီး များ ၁နှစ်ပါတ်လုံး အကျိုးပေးဂဏန်းမှာ ၅-၉-၀။

တနင်္လာသားသမီးများ

တနင်္လာနေ့ဖွားအပေါင်းတို့သည် ယခုနှစ်တွင် မိမိ
အလိုဆန္ဒများ မပြည့်ဝတတ်ပေ။ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် စဉ်းစားဆင်ခြင် သတိချပ်၍ လုပ်ကိုင်သင့်သည်။ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများသည် ရင်းနှီးမ
တည်ရသော လုပ်ငန်းများကို လွန်ကဲစွာ မပြုလုပ်သင့်ပေ။
ရှယ်ယာလုပ်ငန်း၊ စီးပွားရေးစတော့ ဈေးကွက်များ ဝယ်ယူ
နိုင်သည်။ ထီသော်လည်း ပေါက်နိုင်သည်။ သို့သော် မိမိသဘောထားဖြင့် မိမိထင်ရာကို တစွတ်ထိုးမပြုလုပ်ပဲ အမြဲတစေ နှီးနှော တိုင်ပင်လုပ်ကိုင်ပါ။ ငွေကြေးပြတ်လတ် ငွေ အခက်အခဲ ဖြစ်တတ်သည်။ မိသားစုနှင့် ညှိနှိုင်း ဆွေနွေး
သင့်ပါ သည်။မိတ်အဆွေအပေါင်းအသင်းများ သတိထားပါ။ အချစ်ရေး လောကအတွက် မိမိအသုံးချခံရတတ်ပါသည်။ အိမ်ထောင်ရှင် များသည်လည်း သားသမီး အပူသောက မိဘ၊ညီအစ်ကို မောင်နှမ အပူသောက ပေါများတတ်ပြီး
အိမ်တွင်ရေး ပဋိပက္ခများတတ် သည်။ ပညာရှာဖွေနေသူများသည် အသက်မွေးဝမ်းကြောင်းနှင့် သက်ဆိုင်ရာ
ပညာရပ်ကို ဦးစားပေး သင်ကြားပါ။ မိဘအုပ်ထိန်း သူများသည် အဆင့်မြင့်ပညာရေး တန်ဖိုးမြှင့်တက်လာမှုကြောင့် အကြပ်အတည်းနှင့် ရင်ဆိုင်ရတတ်သည်။ ကျန်းမာရေး
အတွက် စိတ်ဖိစီးမှုကြောင့် သွေးတိုး၊ သွေးကျ၊ နှလုံးနှင့် ဦးနှောက် အာရုံကြောရောဂါများ ဝင်လာတတ်သည်။
ကြိုတင်၍ ကျန်းမာရေး လိုက်စားပါ။ အထူးသဖြင့်
ယောဂကျင့်စဉ်များ ပြုလုပ်ရန်သင့်တော်သည်။
တနင်္လာသားသမီးများ ကံကောင်းစေလိုသော်...
အရှေ့မြောက် ဘက် အရပ်မှာ ဘုရားဆင်းတုတော်
တည်ထားကိုးကွယ်ပါ။ ဘုရားစေတီဟောင်းများ ပြုပြင်ခြင်း
၊ဆေးသုတ်ခြင်း၊ရောင်တော် ဖွင့်ခြင်းများ ပြုလုပ်ပါ။
ချယားပင် စိုက်ပျိုးခြင်း၊ အရှေ့အရပ် လမ်းဘေးဝဲယာ၌
လက်ပံပင်စိုက်ပါ။ အဖြူရောင်ရှိ ပုလဲရတနာ ဝတ်ဆင်ပါ။
တနင်္လာသားသမီးများ ထီထိုးရန် (၄)ဂဏန်းအစ (၄)ဂဏန်း အဆုံးဖြစ်သည်။

အင်္ဂါသားသမီးများ

အင်္ဂါနေ့ဖွားအပေါင်းတို့သည် ယခုနှစ်တွင် စိတ်အလိုမကျမှုများ မကြာခဏ တွေ့ရမည်။ ထို့အပြင် မိမိဒေါသကြောင့်
မိမိဘဝ ထိခိုက်နစ်နာ ပျက်စီး ဆုံးရှုံးမှုလည်း ဖြစ်တတ်
သည်။ စီးပွားရေး လောကတွင် မိမိကိုယ်ပိုင် စီးပွားရေး
လုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းခွင်ထဲတွင် နှောင့်ယှက်
ဖျက်စီး ခြင်း အမျိုးမျိုးဝင်လာတတ်သည်။ လူပယောဂအ
ရသော်၎င်း၊ ဆေးဝါး ပယောဂအတိုက်ဓာတ်၊ အောက်လမ်း၊အထက်လမ်း အစရှိသည့် နည်းမျိုးစုံ ဖြင့် မွေနှောက်တတ်
သည်။ ကာယအလုပ်ဖြင့် စီးပွားရှာဖွေနေသူများ လုပ်ငန်းခွင် အန္တရာယ်ကင်းဝေးရေးကို သတိပြု ကြိုတင်ကာကွယ်ပါ။
ငွေကြေး ချေးငှား ကြွေးမြီတင် မနိုင်မနင်းဖြစ်တတ်သည်။ အချစ်ရေးကိစ္စ ရပ်အတွက် မည်သူကိုမျှ ယုံကြည်၍မရပါ။
ဖောက်လွဲဖောက်ပြန် အပြောင်း အလဲရှိတတ်သည်။
အပျို၊ လူပျိုများ မကြာခဏ စိတ်ဆိုးစိတ်ကောက်
လူမှုရေးပြဿနာများ တက်လာနိုင်ပါ၍ ယခုနှစ်တွင်
အိမ်ထောင်မပြု သင့် ပေ။ နှစ်ကိုယ် သဘောတူ
လက်တွဲခြင်း၊ အခွင့်အရေးယူခြင်း လွတ်လပ်စွာ
သွားလာတွေ့ဆုံခြင်းများ မပြုလုပ်သင့်ပါ။ ကျန်းမာရေးအနေဖြင့် မကြာခဏ စိတ်ကျရောဂါ၊ စိတ်ဖိစီးခြင်းများ
ဖြစ်တတ်သည်။အထူးသဖြင့် ကူးစက်တတ်သော
ကာလာပေါ် အနာရောဂါများ သွေးနှင့်သက်ဆိုင်ရာ ပိုးမွှား ရောဂါများ၊ ခုခံအားကျဆင်းရောဂါများ၊ အတိုက်အခိုက်
ထိခိုက် အနာတရ ကျိုးပဲ့တတ်သည်။ လူစည်ကားရာနေရာများ အသွားအလာ ရှောင်ပါ။ ယာဉ်ပစ္စည်း၊ လက်နက်
ပစ္စည်း၊ မီးနှင့် ဆက်စပ်ပစ္စည်းများ၊ သံထည်ပစ္စည်းများ
ကိုင်တွယ်ရာ သတိပြုပါ။
အင်္ဂါသားသမီးများ ကံကောင်းစေလိုသော်... အရှေ့အရပ် သင့်တင့် လျောက်ပတ်သော နေရာ၌ တံခွန်စိုက်ပါ။
သရဖီပင် စိုက်ပျိုးခြင်း၊ အနောက်တောင်အရပ်၌ လမ်းဘေး ဝဲယာတွင် ပေါက်ပန်းဖြူစိုက်ပါ။ နီရဲသော
သန္တာကျောက်မျက်ရတနာ ဝတ်ဆင်ပါ။ အင်္ဂါသားသမီးများ ထီထိုးရန် (၆)ဂဏန်းအစ (၄)ဂဏန်းအဆုံး ဖြစ်သည်။

ဗုဒ္ဓဟူးသားသမီးများ

ဗုဒ္ဓဟူးနေ့ဖွား အပေါင်းတို့သည် မိမိ၏ ကံနှင့်ဉာဏ်ကို အားကိုးပြီး မလျှော့သော ဇွဲ၊လုံ့လ၊ဝိရိယဖြင့် လုပ်ကိုင်ပါ။
ယခုနှစ်တွင် အခက်အခဲများ တွေ့ကြုံလေ ဘဝအတွက်
အောင်မြင်မှု မကြာခင် ရရှိတော့မည်ဟု ယုံကြည်ပါ။
အရာရာကို အလေးအနက်ထားပြီး ပြောဆိုလုပ်ကိုင်ပါ။
ငွေရှင် ကြေးရှင်၊ လုပ်ငန်းရှင်၊ဥစ္စာရှင်များ မိမိအား ကူညီရန် စောင့်ကြည့်နေသည်။ ထို့အပြင် မကောင်းမှု ဒုစရိုက်
လုပ်ငန်းများ၊ အပြစ်မကင်းသော စီးပွားဥစ္စာ ရှာဖွေရေး
လုပ်ငန်းများလည်း မိမိထံရောက်ရှိ လာတတ်သည်။ ဝိဇ္ဇာနှင့် သိပ္ပံ အတတ်ပညာရပ်များကို မိမိဝါသနာအား အရင်းခံ၍ ထွန်းပေါက် အောင် သင်ကြားပါ။ ဘဝအတွက် တိုးတက်
ချမ်းသာမည့် စီးပွားရေး အသက်မွေးဝမ်းကြောင်း ဖြစ်ပါမည်။ ပညာရပ်ကို အခြေခံပြီး ရှာဖွေသော စီးပွားလုပ်ငန်း လုပ်ကိုင်သူများ အထွဋ်အထိပ်ရောက်ရှိမည်။ အချစ်ရေး ကိစ္စရပ်
အတွက် အပျို၊ လူပျိုများ မလျှော့သောဇွဲဖြင့် ချဉ်းကပ်ပေးပါ။ လိုချင်တောင့်တအပ်သော အရာမှန်သမျှ ရရှိနိုင်သည်။
အိမ်ထောင်ရှင်များ အတွက် သားသမီး၊တပည့်များ တိုးပွားလာမည်။ မိမိတို့၏ ရှေ့ရေး ဘဝ တိုးတက် ခိုင်မြဲနိုင်ရန်
အထောက်အကူရရှိရန် စိတ်ရှည်သီးခံပြီး တပည့် မွေးမြူရန် သင့်တော်ပေသည်။ ကျန်းမာရေးနှင့် ပတ်သက်၍
ဦးနှောက်နှင့် အာရုံကြောရောဂါများ သတိပြုပါ။ မကြာခဏ ခေါင်းကိုက်ခြင်း၊ ကိုယ်အင်္ဂါများ ၊ အဆစ်များကိုက်ခဲခြင်း၊
နှလုံးသွေးကြောနှင့် သက်ဆိုင်ရာ များ သတိပြုပါ။မမျော်လင့်သော ဘဝအပြောင်းအလွဲများ ဖြစ်တတ်သည်။
ဗုဒ္ဓဟူးသားသမီးများ ကံကောင်းစေလိုသော်...
အရှေ့တောင်အရပ် သင့်တင့်လျောက်ပတ်သောနေရာ၌
လမ်းခင်းပါ။ တံတားဆောက်ခြင်း ပြုလုပ်ပါ။ ကွမ်းသီးပင်
စိုက်ပျိုးခြင်း၊ တောင်အရပ် လမ်းဘေးဝဲယာတွင် သခွပ်ပင်
စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ပါ။ အစိမ်းရောင်ရှိသော
ကျောက်စိမ်း ရတနာကို ဝတ်ဆင်ပါ။ ဗုဒ္ဓဟူးနေ့ သားသမီးများ ထီထိုးရန် အကျိုးပေး ဂဏန်းများမှာ ၅-၉-၀ဖြစ်သည်။

ကြာသပတေး သားသမီးများ

ကြာသပတေးနေ့ဖွား အပေါင်းတို့သည် ယခုနှစ်တွင် စွန့်စားလုပ်ကိုင်ရသော လုပ်ငန်းများကို မကြာခဏ လုပ်ကိုင်ရ
တတ်ပေသည်။ မည်သည့်လုပ်ငန်းကို မဆို သစ္စာဆို
တိုင်တည်ပြီး ရဲရဲဝံ့ဝံ့သာ လုပ်ကိုင်ပါ။ အောင်မြင်မှု ပန်းတိုင် သည် မိမိလက်တကမ်းသို့ ရောက်ရှိနေပါမည်။
လူချစ်လူခင်ပေါများမည်။ အထက်တန်း ပုဂ္ဂိုလ်များက
မိမိအား အလေးထား ချီးမြှင့် မ,ဆခြင်းကို ခံရ တတ်သည်။ စည်းကမ်းစနစ်တကျ လုပ်ကိုင်ရမည်။ ကာယလုပ်သားများ
ဖြစ်ပါက မိမိလုပ်အားခ အပြည့်အဝ ရရှိမည်။ အခွင့်ထူးများ ရရှိနိုင်သည်။ သို့သော် မိမိ၏ဘဝနစ်မွန်း ခံရတတ်သည်။
ပညာရှိ၊ သူတော်ကောင်း ပုဂ္ဂိုလ် များကို အမြဲစည်းကပ်ပါ။ အကြံဉာဏ်များ ရယူပါ။ အပျို၊ လူပျိုများ ဖြစ်ပါက မိမိ အားကိုးအားထားပြုရသော ဖူးစာရှင်ကို တွေ့ရတတ်ပြီး ဘဝ တိုးတက်မှု ရှိနိုင်သည်။ အိမ်ထောင်ရှင်များအနေဖြင့် မိမိ မိသားစုအပေါ် သစ္စာစောင့်ထိန်းသင့်ပါသည်။
အပူကပ်လာသူများကြောင့် ကိုယ်စိတ်နှစ်ပါး
ပူလောင်ရတတ်၏။ ပညာရေးကဏ္ဍတွင်
ယခုနှစ်အတွက် စိတ်နှစ်ခွ ဖြစ်တတ်သည်။ ပညာဆည်းပူနေသူများလည်း ရှေ့မတိုး နောင်မဆုတ်သာ ဖြစ်တတ်
သည်။ သို့သော် အသက်မွေးဝမ်းကြောင်းအတွက်
ဘဝရပ်တည် ရေးအတွက် ဦးစားပေး လုပ်ကိုင်ရတတ်
သည်။ အထူးသဖြင့် ကျန်းမာရေး ကို သတိပြုပါ။
သောကမီးများ ဝန်းရံလာတတ်သဖြင့် အမှားမှားအယွင်း
ယွင်းဖြစ်တတ်သည်။ ဆေးစားမှားခြင်း၊ ဆေးကုသရာတွင် အနာတခြား ဆေးတခြား ဖြစ်တတ်သည်။
ကြာသပတေး သားသမီးများ ကံကောင်းစေလိုသော်... အနောက်တောင် အရပ်မှာ ဇရပ်ဆောက်လှူခြင်း၊
အမိုးအကာပြုပြင်ခြင်း၊ဘုရားစေတီဟောင်း ပြုပြင်
ဆေးသုတ်ခြင်းများ ပြူလုပ်ပါ။ ဒါန်းပင် စိုက်ပျိုးပါ။
အရှေ့မြောက် အရပ် လမ်းဘေး ဝဲယာတွင် ထနောင်းပင်
စိုက်ပျိုးပါ။ အဝါရောင်အဆင်း ရှိသော ဥဿဖရား ရတနာ
ကိုဝတ်ဆင်ပါ။ ကြာသပတေး သားသမီးများ ထီထိုးရန်
အကျိုးပေးဂဏန်းမှာ (၅)ဖြစ်သည် စပ်တူထီထိုးပါ။

သောကြာသားသမီးများ

သောကြာနေ့ဖွား အပေါင်းတို့သည် ယခုနှစ်တွင်
မမျော်လင့်သော စည်းစိမ် ဥစ္စာများ ရရှိခံစားရတတ်သည်။ မိမိတို့၏ ဂုဏ်သတင်းများလည်း ကျော်ဇောတတ်သည်။
မိမိအလိုရှိရာကို ဖန်တီးရယူနိုင်သည်ဖြစ်ပါ၍ စီးပွားရေး
လုပ်ငန်းများတွင် ယုံကြည်စိတ်ချစွာ ရင်းနှီးမတည်မှုပြုလုပ်ပါ။ သို့သော် ခိုင်မာတိကျသောလုပ်ငန်းများ၊ ဥပဒေနှင့်ညီညွတ်စွာ လုပ်ကိုင်ပါ။ အဖွဲ့အစည်းလုပ်ငန်းများ လုပ်ကိုင်ခြင်းထက် မိမိကိုယ်ပိုင်လုပ်ငန်းများ ပို၍ ကောင်းသည်။
ဝန်ထမ်းလောက လုပ်ကိုင်နေပါက မိမိဆုံးဖြတ်ချက်ကို ဦးစားပေး လုပ်ကိုင်ရန် အကြံပြုပါသည်။ မိမိအကျိုး သူတစ်ပါးအကျိုး လည်းဖြစ်ထွန်းပါမည်။အချစ်ရေးလောကတွင် အထူးမျက်နှာပွင့်လန်းသော နှစ်ဖြစ်သည်။ အများအကျိုးဆောင်
လုပ်ငန်းများတွင် မိမိဂုဏ်သတင်း ကျော်ကြားမှု ရှိမည်။ ဘွဲ့ထူး၊ ဂုဏ်ထူးများလည်း ရရှိတတ်သည်။ အပျို၊ လူပျိုများ အိမ်ထောင်ရေးအတွက် စဉ်းစားရမည်။ အိမ်ထောင်ပြုရန် သင့်တော်သောနှစ်လည်းဖြစ်သည်။ အိမ်ထောင်ရှင်များ
အတွက် ခင်မင် ရင်းနှီးမှုကို အကြောင်းပြ ပြောဆို၍
ပေးအပ်လာသော အပိုလက်ဆောင် ပစ္စည်းများ လက်မခံသင့်ပေ။ မိမိကိုယ်တိုင်လည်း မပေးသင့်ပါ။ ပုံမှန် အားကစား တခုခုကို အမြဲလုပ်ပါ။ လူအများဖြင့် ပြုလုပ်ရသောအားကစား တမျိုးကို လိုက်စားပါ။ ကျန်းမာသန်စွမ်း
စိတ်ရွှင်လန်းပါမည်။
သောကြာသားသမီးများ ကံကောင်းစေလိုသော်.... အနောက်မြောက် အရပ်မှာ တန်ဆောင်းပြုလုပ် လှူဒါန်းခြင်း၊ လှေကားပြုပြင် လှူဒါန်းခြင်း ပြုလုပ်ပါ။ မြောက်အရပ် လမ်းဘေးဝဲယာတွင် အုန်းပင်စိုက်ပျိုးခြင်းများ ပြုလုပ်ပါ။ စိန်ရတနာကို ဝတ်ဆင်ပါ။ သောကြာနေ့ဖွား သားသမီးများ ထီထိုးရန် စပ်တူရှယ်ယာ (သို့မဟုတ်) သူတပါးအား ထီထိုးခိုင်းပြီး
ထီလက်မှတ် သိမ်းဆည်းပါ။ ထီပေါက်နိုင်ပါသည်။

စနေ သားသမီးများ

စနေနေ့ဖွား အပေါင်းတို့သည် ယခုနှစ်တွင် မိမိလက်ရှိ လုပ်ကိုင်နေသော အလုပ်အကိုင်မှ အကျိုးအမြတ်
ထူးထူးခြားခြား ရရှိပါလိမ့်မည်။ သို့သော် မိမိအလိုဆန္ဒပြည့်ဝနိုင်ရန် မိမိကိုယ်တိုင် ကိုယ်ကျ စီမံခန့်ခွဲပြီး လုပ်ငန်း
လုပ်ကိုင်ရမည်။ မည်သူကိုမျှ ယုံကြည်၍မရပါ။ ငွေကြေးအရင်းအနှီး စိုက်ထုတ်ပါ။ မနိုင်ဝန်ကို မထမ်းပါနှင့်။ မိတ်သင်္ဂဟအခြွေအရံများ ပေါများ လာအောင် လူမှုရေးကိစ္စများလုပ်ပါ။အများလေးစားကြည်ညို ခံရတတ်ပြီး ဘဝအထွဋ်အထိပ်ကို ရောက်ရှိပါမည်။ တရားသောနည်းလမ်းဖြင့် ငွေကြေး များစွာ ပိုင်ဆိုင်နိုင်ပါသည်။ ဝန်ထမ်းလောကတွင် လုပ်ကိုင်နေပါက အမှောင်နည်းလမ်းဖြင့် ငွေကြေး ရှာဖွေခြင်းကို လုံးဝ
စွန့်လွတ်ပါ ဒုက္ခရောက်တတ်သည်။ အချစ်ရေးသမားများ
အတွက် မိမိအား ဂုဏ်သိက္ခာ ကျဆင်းစေရန်
ရည်ရွယ်ချက်ဖြင့် အမျိုးသား၊အမျိုးသမီးအချို့ ချဉ်းကပ်
လာတတ်သည်။ အပျို၊ လူပျိုများ မိမိ စိတ်ကြိုက်ရွေးချယ်
ရန်အတွက် အခွင့်အလန်းများရှိသည်။ သို့သော်
အမုန်းပွားစေတတ်သော အပြစ်မကင်း သော အမှုကိစ္စများ မကြူးလွန်ရန် သတိပြုပါ။ ပညာရေးအတွက် ဤနှစ်သည်
စနေသားသမီးများ ဂုဏ်ထူး၊ ဘွဲ့ထူးခံရမည့် မင်္ဂလာ
ရှိသောနှစ် ဖြစ်သည်။ ပညာရေးကဏ္ဍ အသီးသီးရှိ လူကြီး၊
လူငယ် လူတန်းစားမရွေး ဆက်လက် ကြိုးစားလုပ်ကိုင်ကြ
ရန် အကြံပြုပါသည်။ကျန်းမာရေးအတွက် စည်းကမ်း
စနစ်တကျ စားသောက်ခြင်း၊ အနားယူခြင်း၊ အပန်းဖြေ ခရီးသွား လာခြင်း၊ ကျန်းမာရေး စင်တာများတွင် စစ်ဆေးခံ
ယူခြင်းများ ပြုလုပ်ပါ။ မထင်မှတ်သော လောကဓံတရားများ ရိုက်ခတ်လာနိုင်သည်။ သဘာဝ ဘေးအန္တရာယ်နှင့်
လူ့ပယောဂအမျိုးမျိုးကြောင့် မိမိပိုင်ဆိုင် ထားရှိသမျှ အားလုံး တိုက်ခိုက်ခံရ၍ ပျက်စီးရတတ်သည်။ ရန်သူအပေါင်း
စုပေါင်း လုပ်ကြံလာတတ်သည်။ သို့ဖြစ်ပါ၍ ယုံကြည်ရာ ဘာသာတရားအတိုင်း အပတ်စဉ်၊ လစဉ်၊ ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်ပြုလုပ်ပါ။
စနေသားသမီးများ ကံကောင်းစေလိုသော်....
တောင်အရပ်မှာ တံခွန် စိုက်ပါ။ ကံ့ကော်ပင် စိုက်ပျိုးခြင်း၊ အနောက်တောင်အရပ် လမ်းဘေးဝဲယာ တွင် ကြက်ဆူပင်
စိုက်ပျိုးပါ။နက်ပြာရောင်ရှိသော နီလာရတနာကို ဝတ်ဆင် ပါ။ စနေသားသမီးများ ထီထိုးရန် သူတပါးအတွက်
ရည်စူး၍ ကြုံရာ
ထီဂဏန်းကို ထိုးပါ။ ထီပေါက်နိုင်ပါသည်။

ဆရာ​အောင်​မိုးဦး
ph-09447659982

🕯ချစ်​သူ-မိမိ​ယောင်္ကျားအားပြန်လာစေလိုသောအစီရင်​🕯------------------------------------------------------------လူတစ်ဦးတစ်ယေ...
15/03/2019

🕯ချစ်​သူ-မိမိ​ယောင်္ကျားအားပြန်လာစေလိုသောအစီရင်​🕯
------------------------------------------------------------

လူတစ်ဦးတစ်ယောက်သို့မဟုတ်​ မိမိချစ်​သူ -မိမိ​ယောင်္ကျားအားပြန်လာစေလိုလျှင် အောက်ပါအစီအရင်​အတိုင်း ပြုလုပ်ပါ၊ အထူးသိသာ၍ အောင်မြင်ပါလိမ့်မည်။

▶️ပြန်လာစေချင်သောသူ၏ 🎆ဓာတ်ပုံတစ်ကို မိမိနေအိမ်ရှေ့ (သို့မဟုတ်) အိမ်ခြံဝန်းအတွင်းရှိ🌹(နှင်းဆီပင်တစ်ပင်)တွင်
▶️မိမိအဝတ်စတစ်စဖြင့်👕 အဲ့ဒီဓာတ်ပုံကို အပင်မှာ ချည်လိုက်ပါ
▶️ချည်ပြီးလျှင်🍁 ညောင်ကိုင်းတစ်ကိုင်းနှင့် အသက်အောင့်ပြီး
အဝတ်စဖြင့်ချည်ထားသော ဓာတ်ပုံကို(၉-ချက်) ရိုက်ပါ
▶️ရိုက်တဲ့အချိန် ပြန်လာစေချင်သောသူ၏ နာမည်ကိုခေါ်ပြီး
ရိုက်ပါ (တစ်ချက်ရိုက် တစ်ကြိမ်ခေါ်ပါ)
ဆက်၍ရိုက်နိုင်ပါလျှင် အထူးကောင်းပါသည်။

⌚️ပြန်လာစေချင်သောသူ၏ မွေးနေ့ရက်မှာ စပြီး လုပ်ရမည်၊
(ဥပမာ-စနေသားဆို စနေနေ့မှာ စလုပ်ရမည်)၊
( မနက် ၇:၀၀ မှ ၉:၀၀) အတွင်း ပြုလုပ်ရမည်၊
(၉ရက်) တိတိ ပြုလုပ်ပါ ၊

💟 ဤအစီအရင်​သည် လူတစ်ဦးတစ်ယောက်အား လာစေရန် ပြန်ခေါ်သောအစီအရင်​ ဖြစ်သည်။ အိမ်ထောင်ရှင်များ အနေဖြင့် အိမ်ထောင်ဘက်နှင့် ကွဲနေသူများ၊ အချစ်ရေးမှာ ချစ်သူနှင့် အဆင်မပြေဖြစ်ပြီး ကွဲနေသူများလဲ လုပ်လို့ရပါသည်။ 💟

🌟မှတ်ချက် - အပင်သည် နှင်းဆီပင်ဖြစ်ရမည်၊ ၉နာရီကျော်ရင် လုပ်မရပါ၊ ယုံကြည်မှလုပ်ပါ မယုံကြည်ရင် မလုပ်ပါနှင့်။

⚜️ဆရာ​အောင်​မိုးဦး Ph-09447659982⚜️

🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯

ဗေဒင်​နှင့်​အစီအမံ
ဆရာ​အောင်​မိုးဦး ဗေဒင်နှင့်လက္ခဏာ
☎️09-447659982
မန္တလေးမြို့
{ဟောပြောခ-ဖုန်းဘေလ် Mpt»3000}

☸️စီးပွားရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ အချစ်ရေး၊ ပညာရေး၊ လူမူရေး၊ မိမိကံကြမ္မာ ရှေ့ဖြစ် နောက်ဖြစ် အဆိုးကောင်းအားလုံးကို ဆရာနှင့်တိုက်ရိုက် ဆွေးနွေးတိုင်ပင်နိုင်ပါသည်☸️

♠️အစီအရင်​များပြုလုပ်​လိုပါက အောက်ပါအတိုင်းပို့ပေးရမည်♠️
🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜

ဖုန်းမေ့ဆေခ်ျ (SMS Massage)💬 , Viber , (သို့) Massenger ကနေ
▪️မိမိမွေးသက္ကရာဇ် နှင့် နာမည်
▪️​နေ့နံ
▪️မိမိသိချင်လိုသော အကြောင်းအရာ
▪️ဟောပြောခ - ဖုန်းဘေလ် Mpt 3000
▪️(ဖုန်းဘေလ်ကဒ်ကို ခဲခြစ်ပြီး ဓာတ်ပုံရိုက်ပို့ပေးရမည်)
___________________________________________

🌟 အောက်ပါ ထိမိသောအစီအရင်​ နှင့်​ အစီအမံများလဲ ပြုလုပ်ပေးနေပါသည်🌟

🔺အိမ်ခြံမြေ၊ကား၊ အစရှိသောပစ္စည်းများ မိမိကြိုက်ဈေးဖြင့် အမြန်အရောင်းထွက်ရန် အစီအရင်
🔺အိမ်မှထွက်ခွာသူ၊ ထွက်သွားသူအားပြန်လာစေရန်
အစီအရင်
🔺ငွေရေးကြေးရေးကိစ္စ၊ ငွေချေးငွေငှါးသွားသူမှပြန်လည်ပေးစေရန် အစီအရင်
🔺အချစ်ရေးအဆင်မပြေသူများ၊ အိမ်ထောင်ဘက်နှင့်အဆင်မပြေသူများ အတွက် အစီအရင်
🔺အမှုအခင်းကိစ္စများအောင်နိုင်ရေးအတွက် အမှုရန်နိုင် အစီအရင်
🔺ကျန်မားရေးမကောင်းသူများအတွက်အစီအရင်

🌎ဆရာ​အောင်​မိုးဦး🌎
📞09-447659982
🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯

🏚အိမ် ခြံ မြေ အမြန်ရောင်းထွက်လိုသော်--------------------------------------ခုနှစ်ရက်သားသမီးများအတွက်မေတ္တာစေတနာအပြည့်ဝဖြင်...
13/03/2019

🏚အိမ် ခြံ မြေ အမြန်ရောင်းထွက်လိုသော်
--------------------------------------

ခုနှစ်ရက်သားသမီးများအတွက်မေတ္တာစေတနာအပြည့်ဝဖြင့်ဆရာကိုယ်တိုင်ရေးသားပေးလိုက်ပါတယ်။

၁နှစ်ကျော်ပြီဖြစ်တဲ့ ကျွန်တော့်ဒီယတြာလေးကို အဆင်ပြေကြတယ်ဆိုလို့ ပြန်တင်ပေးလိုက်တာပါခင်ဗျာ။



🔹မိမိရောင်းလိုသောမြေကို ပန်းကန်လုံးဖြင့်ထည့်ပါ။

🔹အာလူးသုံးလုံးထည့်ပါ။ ကြံ လက်တစ်ဖြား ဖြတ်၍တင်လိုက်ပါ။

🔹အင်္ကျီအဖြူဝတ်၍ပြုလုပ်ရမည်။

🔹ထိုပန်းကန်တွင် ဆန်တစ်ဆုပ် ပေါက်ပေါက်တစ်ဆုပ် ဆနွမ်းတစ်ဆုပ်ထည့်ပါ။

🔹အာလူးသုံးလုံးပေါ်တွင် ဖယောင်းတိုင် တစ်တိုင်စီထွန်းပါ။

🔹တနင်္ဂနွေသားသမီးဖြစ်ပါက အုန်းညွှန့် (၃)ညွှန့်ဖြင့် ထိုပန်းကန်ကို (၃)ချက်ရိုက်ပါ။

🔹တနင်္လာသားသမီးဖြစ်ပါက ကံ့ကော် (၃)ညွှန့်ဖြင့် ထိုပန်းကန်ကို (၃)ချက်ရိုက်ပါ။

🔹အင်္ဂါသား ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ ရာဟု သားသမီးများ အားလုံး ထိုနည်းတူ မွေးနံသင့်ပန်းများဖြင့် ဉာဏ်ရှိသလိုအသုံးပြုနိုင်သည်။

🔹ဥုံ အောင်စေတု အောင်စေတု အောင်စေတု ဟုရွတ်ဆို၍ ရိုက်ပါ။

🔹အမြန်ဆုံးရောင်းထွက်ရန် ဆုတောင်းပါ။

🔹ကြာသပတေးနေ့တွင် တစ်ကြိမ်တည်းသာပြုလုပ်ပါ။

🔹ထူးထူးခြားခြားနဲ့သိသာလာပါလိမ့်မည်။အောင်မြင်ကြပါစေ။

🏚🏚🏚🏚🏚🏚🏚🏚🏚🏚🏚🏚🏚🏚🏚
နက္ခတ်ဗေဒင် ပညာရှင်
♋ ဗေဒင် လက္ခဏာ ဆရာ​အောင်​မိုးဦး
မန္တလေးမြို့Ph-09447659982
⌛ ဗေဒင်မှန်မမှန် သူများကို မေးစရာမလိုပါ ကိုယ်တိုင်မေးပါ⌛
♐ မှားတယ်ဆိုရင် နောက်လာမမေးပါနဲ့♐
🔯 ယတြာကို ယုံယုံကြည်ကြည် လုပ်ကြည့်ပါ ထူးခြားလိမ့်မည်🔯

🌟 အောက်ပါ ထိမိသော ဓာတ်ရိုက်ဓာတ်ဆင် /ယတြာ အစီးအမံများ အာမခံဖြင့် ပြုလုပ်ပေးနေပါသည်🌟အိမ်ခြံမြေ၊ကား၊ အစရှိသောပစ္စည်းများ မိမိကြိုက်ဈေးဖြင့် အမြန်အရောင်းထွက်ရန် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
🔺အိမ်မှထွက်ခွာသူ၊ ထွက်သွားသူအားပြန်လာစေရန် ယတြာ/ ဓာတ်ရိုက်ဓာတ်ဆင်
🔺ငွေရေးကြေးရေးကိစ္စ၊ ငွေချေးငွေငှါးသွားသူမှပြန်လည်
ပေးစေရန် ယတြာ/ဓာတ်ရိုက်ဓာတ်စင်
🔺အချစ်ရေးအဆင်မပြေသူများ၊ အိမ်ထောင်ဘက်နှင့်အဆင်မပြေသူများ အတွက် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
🔺အမှုအခင်းကိစ္စများအောင်နိုင်ရေးအတွက် အမှုရန်နိုင် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
🔺ကျန်မားရေးမကောင်းသူများအတွက် ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
🔺ပညာရေးနှင့်ပတ်သက်သော ယတြာ/ဓာတ်ရိုက်ဓာတ်ဆင်
🔺အနောက်အယှက် အတိုက်အခိုက်ရိနေသူများအတွက်
ယတြာ/ဓာက်ရိုက်ဓာတ်ဆင်

*****************************************************

🌟မင်္ဂလာပါ ခုနှစ်​ရက်​သားသမီးများခင်​ဗျာ.......

ဆရာ​အောင်​မိုးဦး (​အောက်​လမ်းဂမ္ဘီရအစီအရင်​)
Ph-09447659982

အောက်​ပါ အစီအရင်​များကို အာမခံဖြင့်​ပြုလုပ်​​ပေး​နေပါပြီ။

💔မိမိချစ်သူရည်စားဖြစ်စေ၊ အိမ်ထောင်ဘက်ဘဲဖြစ်စေ
တစ်ခြားတစ်ယောက်နှင့် ဖောက်ပြန်ပြီး မိမိကို ဂရုမစိုက်တာမျိုး
💔 နှစ်ယောက်ကြားမှာ အနောက်အယှက်ဝင်တာမျိုး
💔 မိမိဆီကနေ အခွင့်အရေးယူပြီး ပစ်သွားတာမျိုး၊
💔 အိမ်ထောင်ရေး၊ အချစ်ရေးအဆင်မပြေဖြစ်ပြီး ကွဲတာ၊ပြတ်တာမျိုး
💔ချစ်သူ၊အိမ်ထောင်ဘက်ဆီက အဆက်အသွယ်မရတာမျိုး၊
💔 အိမ်ထောင်ရေးကွဲနေသူများ နှင့် အချစ်ရေးအဆင်မပြေသူများ
အတွက်

💝 သီးသန့် ထိမိသော အထက်​လိုင်းအစီအမံများ
ပြုလုပ်ပေးနေပါသည် 💝

📲အထက်​လိုင်းပြုလုပ်ချင်သူများ ဆရာ့ ဖုန်း (သို့) Viber, Massenger ကနေတိုက်ရိုက်ဆက်သွယ်နိုင်ပါသည်📲
☎09447659982

❤️အချစ်ရေး/ အိမ်ထောင်ရေးမေးမြန်းချင်သူများ❤️
••••••••••••••••••••••••••••••••••••••••••••••

ဆရာ​​အောင်​မိုးဦး {​အောက်​လမ်းဂမ္ဘီရအစီအမံ}
Viber Ph-09447659982 (သို့) Massage / FB Massenger ကနေ🔽
အောက်ပါအတိုင်း ပို့ပေးရမည်👇

➡️ မိမိ မွေးသက္ကရာဇ် အပြည့်အစုံ နှင့် နာမည်
ပြောပေးရမည်
➡️ မိမိချစ်သူ/အိမ်ထောင်ဘက်၏ မွေးသက္ကရာဇ် နှင့်
နာမည် ပြောပေးရမည်
➡️ မိမိချစ်သူ/အိမ်ထောင်ဘက်၏ မွေးသက္ကရာဇ်အပြည့်
အစုံ မသိပါက (အသက် နှင့် နေနံ / နာမည် ပြောပေးရမည်)
➡️ ဟောပြောခ - ဖုန်းဘေလ် (Mpt 3000)
(ဘေလ်ကဒ်ကို ခဲခြစ်ပြီး ဓာတ်ပုံရိုက်ပို့ပေးရမည်)
➡️ မိမိသိချင်တဲ့ အကြောင်းအရာ ပြောပေးရမည်။

💘အချစ်ရေး -အိမ်ထောင်ရေး-များအဆင်မပြေစိတ်ညစ်နေရသူများအတွက်အစီအရင်💘ဤအစီအရင်ကို မိမိ ချစ်သူ၏ နေ့နံ ရက်တွင်ပြုလုပ်ရမည်။ဥပမာ ...
09/03/2019

💘အချစ်ရေး -အိမ်ထောင်ရေး-များအဆင်မပြေစိတ်ညစ်နေရသူများအတွက်အစီအရင်💘

ဤအစီအရင်ကို မိမိ ချစ်သူ၏ နေ့နံ ရက်တွင်ပြုလုပ်ရမည်။
ဥပမာ - မိမိချစ်သူက စနေသားဖြစ်ပါက စနေနေ့တွင်စ
စတင်ပြုလုပ်ရမည်။ ၃ ရက် တိတိပြုလုပ်ရမည်။
၃ရက်​ပြည့်​ပြီး ​ရေ ​မျှောပါ။

အစီအရင်ကို ဓာတ်ပုံနှင့်တကွ ဖော်ပြထားပါသည်။

လိုအပ်သည့်ပစ္စည်းက------

💗 ညောင်ကိုင်း ၃ ချောင်း
💗 မက်မန်းသီး ၃လုံး
💗 မိမိ ချစ်သူ ဓာတ်ပုံ ၁ပုံ
💗 လက်သည်း(လက်​သဲက ပြုလုပ်​မည့်​သူလက်​သဲပါ)
💗 ကွမ်းရွက် ၃ ရွက်
💗 ထုံး ၁ထုတ်
💗 စတီးပန်းကန် တချပ်
💗 ဆန် လက် ၈ ဆုတ်

ပြုလုပ်ပုံ-------

စတီးပန်းကန် ပြားပေါ်တွင် ဆန် လက် ၈ ဆုတ်ထဲ့ရမည်။မိမိချစ်သူဓာတ်ပုံတင်ပါကွမ်းရွက် တရွက်ချင်းတွင် မိမိအမည် နှင့်မိမိချစ်သူအမည်ရေးရမည်။ ၃ ရွက်စလုံးတွင် ထုံး ဖြင့် ရေးရမည်။ မက်မန်းသီး တလုံး စီတွင် လက်သည်းများ စိုက်ထားပါ။လက်​သဲက ပြုလုပ်​မည့်​သူလက်​သဲပါ။ ပြီးလျှင် ထိုလက်သည်းစိုက်ထားသော မက်မန်းသီး များကို ကွမ်းရွက် တရွက်စီတွင် မက်မန်းသီး များကိုတင်ထားရမည်။ ပြီးပါက ညောင်ကိုင်း များကို ကွက်ရွက်တရွက်ချင်းပေါ်တွင် စိုက်ထူ ထားရမည်။

ဤအစီအရင်ကို ၃ရက် ထားရမည်။ မိမိ အိပ်ခန်း နေရာတွင်ပြုလုပ်ရပါ့မည်။ အချစ်ရေး အိမ်ထောင်ရေးများအဆင်ပြေကြပါစေ။

ဆရာအောင်​မိုးဦး (အောက်လမ်းအစီအရင်)
Ph-09447659982

💱​ဗေဒင်​​နှင့်​​အောက်​လမ်းပ​ယောဂအစီအရင်​💹
--------------------------------------------------
💱ဆရာ​အောင်​မိုးဦး (​အောက်​လမ်းနှင့်​ပြုလုပ်​သည်​)
🔜Ph-09447659982

👉လုပ်​သ​လောက်​အရာမထင်​စီးပွားမဖြစ်​ထွန်းသူများ
👉အိမ်​​ထောင်​​ရေးပြသနာများကြုံ​တွေ့​နေရသူများ
👉ချစ်​သူရည်းစားမိမိအ​ပေါ်တမ်းတမ်းစွဲဖြစ်​​နေ​စေချင်​သူများ
👉လိင်​တူချစ်​သူများကို့အ​ပေါ်တမ်းတမ်းစွဲဖြစ်​​နေ​ချင်​သူများ
👉သားသမီးရရန်​ခက်​ခဲသူများ
👉​ငွေ​ကြေးလက်​လွန်​ထားသူများ
👉​အမြဲလိုလို ​ကြောက်​ရွံ ထိတ်​လန့်​​နေသူများ
👉မိမိအိမ်​​ထောင်​ဖက်​အ​ပေါ်အားမလိုအားမရ ဖြစ်​​နေသူများ
👉အိမ်​​ထောင်​သက်​ကြာလာသည်​နှင့်​ တစ်​​ယောက်​အ​ပေါ် တစ်​​ယောက်​ စိတ်​ပါဝင်​စားမှု့နည်းပါး​နေသူများ
👉ယုံကြည်​မူ့အလွဲသုံးစားလုပ်​ခံရသူများ
👉အချစ်​နယ်​ကျွံ၍ ​သောက​ရောက်​​နေသူများ
အထက်​ပါ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ စိတ်​​သောက​ရောက်
နေသူများကို ​ရှေးထုံးကျမ်းပညာ များဖြစ်​ ထိ​ရောက်​​သော.အစီအမံ အစီအစဉ်​ ​အောက်​လမ်း ​မှော်​ပညာ
အထက်​လမ်း​မှော်​ပညာများ ဖြင့်​ တစ်​ဖက်​တစ်​လမ်းမှ
အတတ်​နိုင်​ဆုံး ကူညီ​ဆောင်​ရွှက်​​ပေး​နေပါပြီ

🙏ယုံကြည်​အားကိုသူများ ဆရာ​ထံ​မေးမြန်းပါ။

🌎ဆရာ ​​အောင်​မိုးဦး(​အောက်​လမ်းနှင့်​ပြုလုပ်​သည်​)🌎
🔜Ph-09447659982

✉ ​ဗေဒင်​​မေးမြန်းလိုပါက မိမိ​မွေးသက္ကရာဇ်​တိတိကျကျ နှင့်​ ဥာဏ်​ပူ​ဇော်​ခ Mpt ​ဘေ ၃​ထောင်​​ပေးပို့ရမည်​။
ဘေသုံး​ထောင်​ကတ်​တွင်​ပါဝင်​​သော နံပါတ်​များနှင့်​အတူ
ဖုန်းနံပါတ်​ (Viber)09447659982ကိုမက်​​ဆေ့ပို့ထားရမည်​။
ဖုန်းတိုက်​ရိုက်​​ခေါ်ဆိုနိုင်​ပါသည်​။

👉ဓာတ်​ရိုက်​ဓာတ်​ဆင်​နှင့်​​အောက်​လမ်းအထက်​လမ်း
ပ​ယောဂတန်းလုပ်​ချင်​သူများဆရာ့ဖုန်းကိုတိုက်​ရိုက်
ခေါ်ဆိုနိုင်​ပါသည်​။

လိပ်​စာ---------လမ်း ၃၀-၅၈လမ်းကြား မန္တ​လေးမြို့။

Address

Mandalay 30
Mandalay
123456

Telephone

+95 9 266 749 576

Website

Alerts

Be the first to know and let us send you an email when Sayar Aung Moe Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram