ပညာရွှေရည် ကိုယ်ပိုင်အထက်တန်းကျောင်း

  • Home
  • Myanmar
  • Mandalay
  • ပညာရွှေရည် ကိုယ်ပိုင်အထက်တန်းကျောင်း

ပညာရွှေရည် ကိုယ်ပိုင်အထက်တန်းကျောင်း Studying together, flying higher. Pyin Nyar Shwee Yee PRIVATE SCHOOL

18/10/2025
အောက်တိုဘာလ ၂၀ ရက်နေ့(တနင်္လာနေ့)ကို ဒေပဝါလီနေ့ အများ​ပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပါသည်။
17/10/2025

အောက်တိုဘာလ ၂၀ ရက်နေ့
(တနင်္လာနေ့)ကို ဒေပဝါလီနေ့ အများ​ပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပါသည်။

စာဖတ်ရှိန်မြင့်မားရေးပွဲတော်ပြည်ကြီးတံခွန်ကိုယ်ပိုင်ကျောင်းများရဲ့သိပ္ပံပြခန်းများမှာ ပညာရွှေရည်  #ကိုယ်ပိုင်ကျောင်း မှ ...
16/10/2025

စာဖတ်ရှိန်မြင့်မားရေးပွဲတော်

ပြည်ကြီးတံခွန်ကိုယ်ပိုင်ကျောင်းများရဲ့သိပ္ပံပြခန်းများမှာ ပညာရွှေရည် #ကိုယ်ပိုင်ကျောင်း မှ





field, magnetic field and gravitational pull တို့ကို ပါဝင်ပြသခဲ့သည်။

ကျွန်တော်တို့ကျောင်းမှာရှိကြတဲ့ ဆရာ၊ဆရာမ အားလုံးဟာ နေ့လည် အားလပ်ချိန်ခေါင်းလောင်းထိုးသံ ကြားတာနဲ့ အခန်းထဲကအပြေးအလွှား ထွ...
14/10/2025

ကျွန်တော်တို့ကျောင်းမှာရှိကြတဲ့ ဆရာ၊ဆရာမ အားလုံးဟာ နေ့လည် အားလပ်ချိန်ခေါင်းလောင်းထိုးသံ ကြားတာနဲ့ အခန်းထဲကအပြေးအလွှား ထွက်သွားတတ်ကြပါတယ်။

ဆရာဂျွန်ဆန်ကလွဲပြီး....ဆရာ၊ဆရာမတိုင်းပေါ့။

ကျွန်တော်တို့ ကျောင်းသားတွေလည်း အမြဲတမ်း ပြေးထွက်တတ်တာပါပဲ။

တစ်နေ့မှာတော့ ကျွန်တော့်စိတ်ထဲ ဆရာဂျွန်ဆန် အခန်းထဲကျန်ပြီး ဘာလုပ်နေတာလဲဆိုတဲ့ သိချင်စိတ်က တားမရတော့ပါဘူး။

ကျွန်တော့်ကို လာကြိုမယ့်သူကို စောင့်နေသလို ဟန်ဆောင်ရင်း၊ ဘယ်သူမှမရှိတဲ့အချိန်မှာ၊ ဆရာဂျွန်ဆန် ဘာလုပ်​နေတာလဲဆိုတာ အကဲခတ်ဘို့ ကြိုးစားခဲ့ပါတယ်။

စာသင်ခန်းထဲမှာ ဘယ်သူမှ မရှိတော့သလို၊ အခန်းအပြင်ဘက် စင်္ကြံလမ်းကလည်း တိတ်ဆိတ်နေပါပြီ။

​သူက ကုလားထိုင်နှစ်လုံးကို ဘေးသို့ဖယ်လိုက်ပါတယ်။

ပိတ်ထားတဲ့ လက်ဆွဲအိတ်ထဲက​နေ ဟောင်းနွမ်းနေတဲ့ အညိုရောင်မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်လိုက်ပါတယ်။

ထို့နောက် စားပွဲပေါ်မှာ လက်ထောက်ပြီး ထိုင်လိုက်ပါတယ်။လက်ထဲက မှတ်စုစာအုပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး စာ စရေးပါတော့တယ်။

​သူရေးနေတာတွေက အမှတ်စာရင်းတွေ မဖြစ်နိူင်ပါဘူး။

​ကျောင်းတက်၊ မတက် စာရင်းလည်း မဟုတ်နိူင်ပါဘူး။ သူရေးတဲ့ ကျောင်းတက်စာရင်း စာအုပ်ကို ကျွန်တော် မြင်ဘူးပါတယ်။အဲ့ဒီစာအုပ်က သူအခု​ရေး​​နေတဲ့ စာအုပ်ထက် ရှည်ပါတယ်။

ကျွန်တော်ရှိနေတဲ့နေရာကနေ သူဘာရေးနေတယ်ဆိုတာ မြင်ရဖို့ ဘယ်လိုမှ မဖြစ်နိူင်ပါဘူး။

သူ ဘာတွေများ ရေးနေတာလဲလို့ ကျွန်တော် စပြီး စဥ်းစားကြည့်တယ်။

​အဲဒီအချိန်မှာပဲ ​​ကျောင်းအတွင်းရေးမှူးက တံခါးဝကနေ သူ့ကို လှမ်းခေါ်လိုက်တယ်။

​သူက ထပြီး စာသင်ခန်းထဲကနေ ထွက်သွားတော့ သူရေးလက်စ စာအုပ်က စားပွဲပေါ်မှာ ပွင့်လျက်သား ကျန်ခဲ့ပါတယ်။

ကျွန်တော် မနေနိုင်​တော့ဘူး၊ အနားကို လျှောက်သွားပြီး စာအုပ်ထဲမှာ သူဘာတွေရေးထားလဲ ကြည့်လိုက်တယ်။

- အီမေလီက သီတင်းပတ်များစွာ ကြာပြီး အခုမှ ပထမဆုံးအကြိမ် လက်ထောင်ခဲ့တယ်။

- ဂျေကိုက စာပိုဒ်တစ်ပိုဒ်ကို မထစ်မငေါ့ဖတ်နိုင်ခဲ့တယ်။ သူ့ကိုချီးကျူးတဲ့အခါ ပြုံးပြတယ်။

- ဂျွန်က စကားပြောတာ အရင်ထက် ယာဥ်ကျေးလာပြီ။

· ဒန်နီယယ်က ပုံမှန်ထက်အာရုံပိုပျံ့နေတယ်။အရမ်းငေးတဲ့ကလေးပဲ။ နောက်တစ်ခါသင်တဲ့အခါ သူ့ကို အနားခေါ်ပြီး နီးနီးကပ်ထိုင်ခိုင်းရမယ်။

ပြီးတော့ ကျွန်တော့်နာမည်ကိုတွေ့လိုက်ရပါတယ်။

မိုက်ကယ်က ဒီနေ့ အတန်းထဲမှာ သူငယ်ချင်းတွေနဲ့ခွဲပြီး နောက်ကျ ကျန်နေခဲ့တယ်။ တစ်ယောက်ယောက်လာ​ခေါ်မယ့်ဟန်ဆောင်နေတယ်၊၊
ဒါပေမဲ့ ထင်တာကတော့၊ သူက သိချင်စိတ်ရှိလို့နေခဲ့တာဖြစ်မယ်။ အခု မပွင့်လင်းပေမယ့် တဖြေးဖြေး ပွင့်လင်းလာမယ့် လက္ခဏာဖြစ်နိုင်တယ်။ နောင်လာမယ့် အတန်းတွေမှာ စောင့်ကြည့်ရမယ်။

ကျွန်တော် လည်ချောင်းထဲမှာ တစ်ဆို့သွားသလို ခံစားရပြီး တံတွေးမျိုချဖို့တောင်ခက်သွားပါတယ်။

ဘယ်အရာက ပိုပြီး အံ့အားသင့်စေလဲဆိုတာတောင် ကျွန်တော် မသိတော့ဘူး။

ကျွန်တော် ဟန်ဆောင်နေတာ သူသိသွားကိုပဲ အံ့အားသင့်မိတာလား၊ ကျွန်တော့်ရဲ့ မပွင့်လင်းတဲ့စိတ်ကို သိသွားတာကိုပဲ အံ့အားသင့်စေတာလား။

အဲဒီအချိန်မှာပဲ ကျွန်တော့်နောက်ကနေ သူ့အသံကိုကြားလိုက်ရပါတယ်။

"ဖတ်ပြီးပြီလား"ဟု သူကမေးပါတယ်။ သူ့အသံမှာ ဒေါသသံ မပါ ပါဘူး။

ကျွန်တော်ဖြေးဖြေးချင်းလှည့်ပြီး သူနဲ့မျက်နာခြင်းဆိုင်နိူင်ဖို့ ကြိုးစားတယ်။ သူက ဆူပူခြင်းမရှိပါဘူး။

မှတ်စုစာအုပ်ကိုဖြေးဖြေးချင်း ပိတ်ပြီးပြောပါတယ်။
"ဒါကလျှို့ဝှက်ချက်မဟုတ်ပါဘူး။ဒါကမမေ့သင့်တဲ့အရာတွေကို မမေ့အောင်လုပ်တဲ့ ဆရာ့ရဲ့နည်းလေးပါပဲ။ရေးမှတ်တယ်ဆိုပါတော့။ ''

" ဘာလို့လဲဆိုတော့ ဘယ်သူက သင်ခန်းစာတွေကို ပါဝင်ဆွေးနွေးရာကနေ ရုတ်တရက်ရပ်လိုက်လဲ၊ ဘယ်သူက အရင်လိုမပြုံးတော့ဘူးလဲ၊ ဘယ်သူက ထိုင်ခုံပြောင်းပြီးနောက်ဆုံးမှာ ပုန်းနေဖို့ကြိုးစားလည်း ဆိုတာတွေကို ရေးမှတ်မထားရင် လွယ်လွယ်ကူကူမေ့သွားတတ်လို့ပါ။ ''

" ဆရာ၊ဆရာမတွေက ကလေးတွေကျောင်းလာတာ စာ သင်ယူဖို့အတွက်ပဲ လာတယ်လို့ တစ်ခါတလေ ထင်မိတတ်တယ်။ ''

" ​ဒါပေမဲ့ သူတို့တွေဟာ မပြောပြဘဲ သယ်ဆောင်လာတဲ့ အရာတွေလည်း ရှိတယ်။ အဲဒီအရာတွေကလည်း စာသင်ခန်းထဲကို ပါလာတယ်။ ဒါတွေကို မမေ့သွားအောင် ဆရာ ရေးထားတာပါ။''

အဲဒီနေ့က သူ မရည်ရွယ်ဘဲ ကျွန်တော့်ကို သင်ရိုးညွှန်းတမ်းထဲမှာ ရှာမတွေ့နိူင်တဲ အရာတစ်ခုအား သင်ကြားပေးလိုက်တာပါ။

​ဆရာ၊ဆရာမတစ်ယောက်ရဲ့ တာဝန်ဆိုတာ ကျောင်းသားတွေကို သင်ခန်းစာတွေ ရှင်းပြတာ၊ ဒါမှမဟုတ် အမှတ်တွေ ခြစ်ပေးတာ အဲဒါတွေပဲ လုပ်ဆောင်ရတာ မဟုတ်ဘူး။

ကျောင်းသားတစ်ယောက်ဆီမှာ ရှိတတ်တဲ့ အမှုအကျင့်တွေကိုပါ မှတ်မိနေပြီး ကောင်းမွန်လာအောင် ပြုစုပျိုးထောင်ပေးရတယ် ဆိုတာပါပဲ။

ကျေးဇူးပါဆရာ။

Saya U Khin Zaw ( ဘာသာပြန် )

ဆရာ့ဂုဏ်ရည်                   မည်မျှပင် ကြည်လင်အေးမြ၍    သာယာချမ်းမြေ့ဖွယ်ကောင်းသော ရေကန်ဖြစ်နေပါစေ၊   ကြာဖြူ၊ ကြာနီ တို...
07/10/2025

ဆရာ့ဂုဏ်ရည်

မည်မျှပင် ကြည်လင်အေးမြ၍ သာယာချမ်းမြေ့ဖွယ်ကောင်းသော ရေကန်ဖြစ်နေပါစေ၊ ကြာဖြူ၊ ကြာနီ တို့မရှိပါက တင့်တယ်လှပမည် မဟုတ်ပါ။ မည်မျှသာယာ ဖြောင့်ဖြူးသော လမ်းဖြစ်စေကာမူ အရိပ်မရှိလျှင် လမ်းခရီးမသာယာနိုင်ပါ။ အရိပ်များစွာရှိသော်လည်း လမ်းခရီး မဖြောင့်ဖြူးပါကလမ်းခရီး ကြမ်းတမ်းနိုင်ပါသည်။ထို့အတူ ပညာပြည့်ဝသော ဆရာရှိသော်လည်း ဆည်းပူးမည့် တပည့်မရှိပါက ဆရာတို့၏ ဘဝသည်ခြောက်ကပ် နေလိမ့်မည်။ဆည်းပူးမည့်တပည့်များရှိပြီး သင်ကြားပေးမည့် ဆရာမရှိပါက တပည့်များ၏ဘဝသည် ရှေ့ဆက်ရန် လွယ်ကူမည်မဟုတ် ပါ။’‘တပည့်နှင့်ဆရာ၊ ရေနှင့်ကြာ’ ဆိုသည့်အတိုင်း ‘ဆရာနှင့်တပည့်သည်’ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ စသည်ဖြင့် အမှီသဟဲပြုနေကြသည်။
ဆရာများသည် တပည့်များ၏ ကောင်းခြင်းဂုဏ် ကိုသာမြင်တွေ့လိုသူများဖြစ်ပါသည်။ နေထိ၍ ညွတ်ပြီး ပျော့ပျောင်းသော ဖယောင်းမျိုးအဖြစ်မကြုံတွေ့စေလိုပါ။ လရောင်ဆမ်း၍ လန်းသည့်ပန်းလို၊ နေခြည်ထွေး၍ မွှေးသည့်ပန်းလိုမျိုးသာ ကြုံတွေ့စေလိုသည်။
ထို့ကြောင့် မဃဒေဝလင်္ကာတွင်
“ ရှေးရှုမေတ္တာ၊ ကရုဏာနှင့် နာနာကျင်ကျင် ၊ အပြစ်မြင်တိုင်း ၊
ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍ ဆုံးမတတ်သူ၊ ဆရာဟူလော့”ဟုဖွဲ့ဆိုထားရာ ဆရာ့ဂုဏ်ကို ထင်ရှားစွာတွေ့မြင်ရသည်။
ဆရာများသည် တပည့်များ၏ ကောင်းရာကောင်းကြောင်းကို ရည်ရွယ်ကာ စေတနာ၊ဝါသနာ ၊ ကရုဏာ ဟူသည့် နာသုံးနာဖြင့်ဆုံးမသင်ကြားပေးသည်။အနန္တော အနန္တ ငါးပါးဖြစ်သည့် ဘုရား၊တရား၊ သံဃာ၊မိဘ၊ဆရာတွင် ဆရာသည် တစ်ပါး အပါအဝင်ဖြစ်သည်ဆိုသည့် အတိုင်းတပည့်များအတွက် ကောင်းကျိုးများကိုသာ ဆောင်ကျဉ်းပေးသူများဖြစ်သည်။
ပညာရဲ့ရင့် ပွဲလယ်တင့် နိုင်စေရန် ရိုက်ချည်တစ်ခါ၊ ချော့ချည် တစ်လှည့်၊ ခြောက်ချည်တစ်ခါ၊ ငေါက်ချည်တစ်လှည့် နှင့် အပြစ်ကင်းစေ၍ တပည့်များအဖြစ် မွေးထုတ်ပေးသည်။ဤသို့ပြုမူခြင်းမှာ တပည့်များကို မုန်း၍မဟုတ်ပေ “တစ်ပုံမှတ်ကိန်း၊ အိုးထိန်းတို့မှာ၊ အိုးခတ်ရာဝယ်၊ ကွဲငှါမခတ်” ဟုဆိုသည့် အတိုင်းတပည့်များနစ်မွန်းရာ
နစ်မွန်းကြောင်း မည်သောအခါမျှ မကြံစည်ခဲ့ပါ။
ဆီမီးသည် အဆီခမ်းခံကာ အလင်းပေးသကဲ့သို့၊ ဓားသွေးကျောက်သည်လည်း မိမိကိုယ်မိမိ အပွန်းအပဲ့ခံကာ ဓားအား ထက်စေသကဲ့သို့ ဆရာများသည် တပည့်များအား ဖြူဖြူမည်းမည်း ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကျောသားရင်သား မခွဲံခြားဘဲ အလင်းရစေရန်၊ ထက်မြက်စေရန် ဘဝနေဝင်ချိန်ထိအားစိုက်ထုတ်ကြလေသည်။
တပည့်များ၏ အောင်မြင်မှု၊ ကြီးပွားမှုတို့ကို မြင်ရရုံ၊ကြားရရုံ နှင့်ပီတိများ ဖြစ်ကြမြဲဖြစ်သည်။
မိမိကိုယ်တိုင်ကမည်မျှပင် နဂိုအတိုင်း ဆက်လက်ရှိနေစေကာမူ တပည့်များ၏အထက်အထိပ်သို့ ရောက်သွားပုံကို ကြည့်၍နှစ်သက်အားရကြသည်။ ဆရာထက် တပည့်လက်စောင်းထက် သည်ကို နှစ်ထောင်အားရကြသည်။
ထို့ကောင့်လည်းစာဆိုက
“တပည့်မရှား ၊
တပြားမရှိ၊ပီတိကိုစား၊ အားရှိပါ၏” ဟုလှပထိမိစွာဖွဲ့ဆိုထားပါသည်။
​အကြင်သူသည်ပန်းပျက်သူမဟုတ်၊ ပန်းဆက်သူဖြစ်သည်။ပန်းကိုညှိုးစေသူဟုတ်။ ပန်းကိုလန်းစေသူဖြစ်သည်။လမ်းကိုကောက်စေသူမဟုတ်၊ လမ်းကိုဖြောင့်စေသူဖြစ်သည်။ ဆီမီးအရောင်ကို မှိန်စေသူမဟုတ်၊ ထိန်စေသူဖြစ်သည်။လောက၌ ပန်းတွေဝေနေနေသကဲ့သို့ လူတော် လူကောင်းလေးများ မွေးထုတ်ပေးသူတို့မှာ အာစရိယဆရာများဖြစ်သည်။အချုပ်အားဖြင့်ဆိုသော် ဆရာ
တို့၏ဂုဏ်ကျေးဇူးအား မည်သို့သောအရာများနှင့် တိုင်းရမည်မသိ၊နှိုင်းရမည်လည်း ရှိမည်မထင်တော့ပါ။
ထို့ကြောင့်ပင် ကမ္ဘာသူက ကမ္ဘာသားများကဆရာတို့၏ ဂုဏ်ကျေးဇူးများကို ဦးထိပ်ပန်ဆင်လျက်အောက်တိုဘာလ ( ၅ ) ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ အဖြစ်သတ်မှတ်၍ ပူဇော်ကန်တော့ခြင်းများပြုလုပ်ကြသည်။

မမြဖူးသက်ဇော်
Grade - ( 10 )

သီတင်းကျွတ်အခါသမယမှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ပညာရွှေရည်မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ 🙏🙏🙏
05/10/2025

သီတင်းကျွတ်အခါသမယမှာ
ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ပညာရွှေရည်မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ 🙏🙏🙏

သီတင်းကျွတ်ကျောင်းပိတ်ရက်အသိပေးကြေညာခြင်း                အောက်တိုဘာလ (သီတင်းကျွတ်) ကျောင်းပိတ်ရက်အဖြစ်    ( ၅ - ၁၀ - ၂၀၂...
03/10/2025

သီတင်းကျွတ်ကျောင်းပိတ်ရက်
အသိပေးကြေညာခြင်း

အောက်တိုဘာလ (သီတင်းကျွတ်) ကျောင်းပိတ်ရက်အဖြစ် ( ၅ - ၁၀ - ၂၀၂၅ ) မှ ( ၁၂ - ၁၀ - ၂၀၂၅ ) အထိ ပိတ်ရက် ( ၈ ) ရက် ဖြစ်ကြောင်း အသိပေးကြေညာပါသည်။

ဆရာ့ဂုဏ်ရည်အမည်     -     မစုမြတ်ရွှေစင်                                                                                ...
29/09/2025

ဆရာ့ဂုဏ်ရည်

အမည် - မစုမြတ်ရွှေစင်
အတန်း - Grade 10

လောကတွင် သစ်ပင်၏အရိပ်သည် အေးမြပေသည်။ ထို့ထက် ဆရာ၏ အရိပ်သည်ကား ပို၍အေးမြလှပါ
သည်။ဆရာသည် အနန္တော အနန္တငါးပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ ဘုရား၊တရား၊သံဃာ ရတနာသုံးပါး
ပြီးလျှင် ဆရာသည် အမြင့်မြတ်ဆုံးဖြစ်ပါသည်။ မိဘများနှင့်အတူ တစ်ဂိုဏ်းတည်းထားရှိအပ်သော ဂုဏ်ရည်တူ
၍ မွန်မြတ်၊လေးစားထိုက်ပါသည်။
ဆရာတို့သည် တပည့်များအပေါ် သားသမီးများပမာ စောင့်ရှောက်တတ်ကြပါသည်။ “အသိပညာ၊အတတ်
ပညာ”များစနစ်တကျ သိရှိနားလည်နိုင်ရန် ဆရာများသည် လောကတွင် အရေးကြီးပေသည်။”ဆရာမပြ၊နည်းမ
ကျ”ဟူသော မြန်မာစကားပုံအတိုင်းပင် ဆရာမရှိလျှင် အသိပညာ၊အတတ်ပညာများရှိမည်မဟုတ်ပေ။လောက
တွင် ဆရာများစွာရှိသည့်အနက် သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများသည် ပါဝင်ပေသည်။အတန်းပညာသင်
သော ဆရာသည်သာ ဆရာမဟုတ်ပါ။ဆရာတို့သည် စေတနာ၊ဝါသနာ၊အနစ်နာ ဟူသော နာသုံးနာတို့နှင့်အညီ
စေတနာမေတ္တာထားကာ တပည့်များအပေါ် သင်ကြားပြသပေးပါသည်။ ထို့အတူ တပည့်များအောင်မြင်လျှင်ပင်
ဆရာများသည် လောကတွင် အပျော်ဆုံးလူသားများပင်ဖြစ်သည်။ တပည့်၏အောင်မြင်ခြင်းသည် ဆရာ့၏
အောင်မြင်ခြင်းပင်ဖြစ်သည်။ဆရာ့၏ဂုဏ်သည်လည်း တပည့်များ၏အရည်အချင်းပေါ်တွင်မူတည်သည်။ဆရာ
များသည် တပည့်များကို လူ့လောကအလယ်အောင်မြင်ဂုဏ်တင့်ထည်ဝါစေသော စိတ်ဆန္ဒသည် သံသယမရှိ
ယုံကြည်နိုင်ပါသည်။
ဆရာတို့သည် ပန်းပုသမားများနှင့်အလားတူပေသည်။ပန်းပုသမားများသည် သစ်ရိုင်းတုံးကလေးများကို ချောမွေ့ပြေပြစ်လှပအောင်အချိန်ကုန် လူပင်ပန်းခံ၍ပင် မိမိကိုယ်မိမိဂရုမစိုက်နိုင်ဘဲ သစ်လုံးလေးလှပအောင်
ပြင်ဆင်ခြယ်သရမည်ကိုသာ စိတ်ထဲရှိသူဖြစ်သည်။ထို့အတူ ဥယျာဉ်မှူးများနှင့်လည်း တူပေသည်။ ဥယျာဉ်မှူး
များသည် ပန်းခြံထဲရှိသစ်ပင်၊ပန်းပင်ကလေးများကို ဂရုတစိုက်စောင့်ရှောက်ရပါသည်။ရေလောင်းပေးရပါသည်။
ပိုးများမကျရောက်စေရန် အဘက်ဘက်မှ ကြည့်ရှုစောင့်ရှောက်ပေးရပါသည်။မည်သည့်ပန်းကိုမျှ ပိုလှပစေ၊
မည်သည့်ပန်းကိုမျှ ပိုလန်းဆန်းပါစေ ဆိုသည့်စိတ်မရှိပါ။ပန်းကလေးအားလုံးကို တစ်ညီတည်း လှပ၊လန်းဆန်း
စေရန်ယုယ ပျိုးထောင်ပေးသော ဥယျာဉ်မှူးများဖြစ်ပါသည်။ထိုနည်းတူ ဆရာများသည် တပည့်များအပေါ်တွင်
မည်သူကိုအောင်မြင်စေ၍ မည်သူကို မအောင်မြင်စေပါတော့ဟု စိတ်ထဲတွင်မရှိဘဲ တပည့်များအားလုံးကို တစ်
ပြေးညီ အောင်မြင်၊ဂုဏ်ရှိစေချင်သူများဖြစ်ပါသည်။
အနန္တဂုဏ်ရည် ဆရာသမားတို့အားမပြစ်မှားဘဲ ရိုသေလေးစားရပါမည်။ ဆရာသမားတို့ကို ပြစ်မှားမိလျှင် “ဆရာကာပြန် အာခေါင်လှံစူး”ဆိုသည့်အတိုင်း မည်သည့်အလုပ်မှအောင်မြင်နိုင်မည်မဟုတ်ပါ။ဆရာအားပြစ်မှား
မိလျှင် မိမိ၏ဘဝတစ်လျှောက်တွင် အောင်မြင်ခြင်းရှိသော်လည်း အတားအဆီးများဖြင့် နှေးနေတတ်ပါသည်။
ဝိဇ္ဇာ၊သိပ္ပံဘာသာရပ်များနှင့် ပတ်သက်သော အရာများသာမက ဗဟုသုတများကြွယ်ဝလာစေရန်၊လိမ္မာလာစေ
စိတ်ကောင်းစေတနာကောင်းထားတတ်စေရန် သင်ကြားပြသပေးသောဆရာသမားများအား မပြစ်မှားသင့်ပါ။
ထို့ကြောင့် လောကလူ့ရွာတွင် ဆရာများသာမရှိလျှင် စာသင်သားတို့၏ဘဝသည် အမှောင်ကျနေသော သူများနှင့် တူပေသည်။အနန္တော အနန္တဂိုဏ်းဝင်ဆရာသမားများကို စိတ်တွင်မှတ်သားထား၍ ရိုသေလေးစားမှု
ချစ်ခင်မှု တို့ဖြင့် နှလုံးသွင်းထားရပါမည်။ဆရာသမားတို့သည် တပည့်များ၏ လက်ဦးဆရာမဟုတ်သော်လည်း ရှေ့တက်လျှောက်လှမ်းရမည့် လမ်းများကို ပြသပေးသောလမ်းပြဆရာများဖြစ်ပါသည်။ ဤသို့ဖြင့် အမှောင်ကို
ခွင်း အလင်းဆောင်သော ဆရာများကို ဘဝတစ်လျှောက်တွင်ရိုသေလေးစားထိုက်သူအဖြစ် သတ်မှတ်ပြီးလျှင်
နှလုံးသားတွင် ကျောက်တိုင်ပမာ ခိုင်ခံ့စွာရှိနေတော့မည်ဖြစ်ပါသတည်း။

ဆရာ့ဂုဏ်ရည်အမည်     -     မောင်ကောင်းစံဟိန်း                                                                            ...
26/09/2025

ဆရာ့ဂုဏ်ရည်

အမည် - မောင်ကောင်းစံဟိန်း
အတန်း - Grade 11

ဤဘဒ္ဒကမ္ဘာလူ့လောကတွင် အသိပညာများ၊အတတ်ပညာများ သင်ကြားပို့ချပေးသူများမှာ ဆရာများ ပင်ဖြစ်သည်။ “ ဆရာ ˮ ဟူသောစကားလုံး သည် “ ဆာယာ “ ဟူသော ပါဠိစကားမှ ဆင်းသက်လာပေသည်။
“ ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ “ ဟူ၍ အနန္တော အနန္တငါးပါးထဲတွင် တစ်ဂိုဏ်းတည်းထားကာဦးထိပ်
ပန်ဆင် ဆည်းကပ်ကြပေသည်။ ထို့ကြောင့် ဆရာတို့၏ ကျေးဇူးတရားသည် အလွန်ပင်ကြီးမားလှပေသည်။
“ ဆရာမပြ ငါးပိဖုတ်တောင် နည်းမကျ” ဟူသည့် ဆိုရိုးစကားအတိုင်း ဆရာတို့၏ သင်ကြား၊ပြသ၊ဆုံးမ မှုများဖြင့်သာလျှင် ကျွန်ုပ်တို့၏ ဘဝခရီးကို အောင်မြင်စွာလျှောက်လှမ်းနိုင်မည်ဖြစ်သည်။ “ပီတိကိုစား၍အားရှိ
ပါ၏ “ ဟူသည့် စကားအတိုင်း မိမိ၏တပည့်ကလေးများအောင်မြင်သွားသည်ကို ကြည့်၍ ဝမ်းသာပီတိဖြစ်ကြရ
ပေသည်။ ထို့အပြင် ဆရာတို့၏ စိတ်ဓာတ်သည် အလွန်ပင်လေးစားကြည်ညိုဖွယ်ရာကောင်းလှပေသည်။မိမိမှာ
ရင်နှင့်ပိုက် ဝမ်းနှင့်လွယ်မမွေးထားရသော်လည်း မိမိ၏ တပည့်များကို သားသမီးပမာထားကာ ရင်ဝယ်ပိုက် စောင့်ရှောက်ကြသူများလည်းဖြစ်ပေသည်။ ဆရာတို့သည် အတတ်ပညာ၊အသိပညာ များသင်ကြားပေးရုံမျှ
သာမက လမ်းမှားရောက်နေသည့် တပည့်ကလေးများကို ပဲ့ကိုင်ရှင်ပမာ ပြုပြင်ထိန်းကျောင်းပေးသူများလည်း
ဖြစ်ပေသည်။ ထို့အပြင် လိမ္မာသော တပည့်ကလေးများကို ပို၍လိမ္မာအောင်၊ ဆိုးသွမ်းသောတပည့်လေးများ
ကို လိမ္မာယဉ်ကျေးအောင် ပြုပြင်ပေးကြသူများလည်းဖြစ်ပေသည်။ ထို့ကြောင့်ပင်
“ အတတ်လည်းသင် ပဲ့ပြင်ဆုံးမ
သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့ ၊ဆရာတို့
ကျင့်ဖို့ ဝတ်ငါးဖြာ “ ဟူ၍ ဆရာကျင့်ဝတ်နှင့်အညီ ကျင့်ဝတ်စည်းကမ်း
များကို စောင့်ထိန်းကြသည့် ကျေးဇူးရှင် များလည်းဖြစ်ပေသည်။
လူဟူ၍ ဖြစ်လာစဉ်မှ အရွယ်ကစ၍လက်ဦးဆရာဟူ၍ ရှိတတ်ကြပေသည်။ထို့ကြောင့်ပင် “လက်ဦးဆရာ
မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ” ဟူ၍ ဆိုခဲ့ကြသည် ဟုတ်ပါသလော။ ထိုကဲ့သို့ငယ်ရွယ်စဉ်ခါ မိဘတို့၏ ဆုံးမ
သင်ကြားမှုအောက်တွင် ကြီးပြင်း၍ကျောင်းနေအရွယ်သို့ ရောက်လာကြရပေသည်။ကျောင်းသို့ရောက်စဉ်တွင်မူ
ဆရာ၏ ဆုံးမသင်ကြားမှုအောက်တွင် ကျွန်ုပ်တို့ ဝလုံးကလေးများ စတင်ဝိုင်းတတ်လာကြရပေသည်။ထိုကဲ့သို့
ဆရာ၏ သင်ကြား၊ဆုံးမပြသမှု မခံယူပါက ဝလုံးကလေးများ လှလှပပမဝိုင်းတတ်၍ အနာဂါတ်ဘဝများလည်းမလှကြမည်ဖြစ်ပေ
သည်။ ထို့ကြောင့် ဆရာတို့သည် ပန်းပုဆရာများနှင့် တူပေသည်။ ပုလဲလုံးကလေးများကို သီကုံးပေးသည့် လက်
များနှင့်လည်း တူပေသည်။ထို့အပြင် သစ်ပင်ပန်းပင်များ သာယာလှပရေးအတွက် ရေလောင်းပေးရသည့် ဥယျာဉ်မှူးများနှင့်လည်း တူပေသည်။ ထို့ကြောင့် ကဗျာဆရာ ဆရာယဉ်နွယ်က
“ တစ်နေ့သောအခါ
ပန်းများစွာတို့ ၊ မြေလွှာမှကြွ
ဖူးငုံရွဖြင့် ၊ အလှကိုယ်စီ
ပွင့်ကြည်ကြည်သာ ၊ ထိုအခင်းကို
ရင်တွင်းကြည်သာ ၊ ချမ်းမြေ့စွာဖြင့်
မေတ္တာရေစင် ၊ ဖျန်းလျက်ပင်တည့်”ဟူ၍ ဥယျာဉ်မှူးများနှင့် တူသော
ဆရာတို့၏ ကရုဏာ၊ မေတ္တာကို ကဗျာဆန်ဆန်ရေးဖွဲ့ထားခြင်းဖြစ်ပေသည်။
ထို့အပြင်ဆရာတို့သည် နာသုံးနာဟူသည့်အတိုင်း တပည့်များကို ဆူပူကြိမ်းမောင်း ဆုံးမကြပေသည်။
“အိုးကောင်းလိုချင်ရင် နာနာရိုက်ပေးရသည်” ဟူသည့်အတိုင်း ကျွန်ုပ်တို့၏ ဘဝခရီးသာယာလှပစေရန်သွန်သင်
ဆုံးမကြပေသည်။ ထို့ကြောင့် ဆရာတို့၏ အရိုက်တစ်ချက်သည် ကျွန်ုပ်တို့၏ ဘဝတွင် စီးချင်းထိုးရမည့်တိုက်ပွဲများ အတွက် အားဖြစ်ရပေသည်။ မနာမကျင် အခေါက်ခံရသော ခေါင်းတစ်ချက်သည် လောကဓံကို
ကြံ့ကြံ့ခံနိုင်မည့် ခံတပ်တစ်ခုပင်ဖြစ်ပေသည်။
ထို့ကြောင့်ပင် ကျွန်ုပ်တို့
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကျေးဇူးရှင်ဆရာများကို ကျေးဇူးဆပ်သည့်အနေဖြင့် ဆရာကန်တော့ပွဲများ ပြုလုပ်ကြ
ပေသည်။ ထိုကဲ့သို့ လုပ်ခြင်းပင်တွင် သက်ကြီးရွယ်အို ဆရာ၊ဆရာမကြီးတွေအတွက် ကျောင်းနေစဉ်အရွယ်
သူ၏ တပည့်ကလေးများကို ပြန်လည်တွေးတောကာ သူတို့၏ နုပျိုလှပသော ဆရာဘဝကို ပြန်လည်ရောက်ရှိ
ပေသည်။ထိုကဲ့သို့ပင် ကျောင်းနေစဉ်ဘဝဆိုးသွမ်းခဲ့သည့် အပြစ်များ ဆရာများ၏ အရှေ့တွင်ဝန်ချတောင်းပန်
ကန်တော့ကြရသည်မှာ အလွန်ပင် စိတ်ကြည်နူးစရာ ကောင်းလှပေသည်။
ဆရာတို့သည် စေတနာ၊မေတ္တာ၊ကရုဏာ၊အနွံနာခံ၍ တပည့်များကို လိမ္မာယဉ်ကျေးသော သူများဖြစ်စေ
ရန်နှင့် တော်စေတတ်စေသော ကျောင်းသူ၊ကျောင်းသားများ ဖြစ်ကြရန် ပဲ့ပြင်ထိန်းကျောင်းပေးလေသည်။ဆရာတို့သည် ကောင်းကင်ကြီးဖြစ်လျှင် ကျွန်ုပ်တွင်မူ မြေကြီးပေါ်ရှိ မြက်ခင်းလေးများဖြစ်ပေသည်။ ထိုကြောင့
မြင့်မိုရ်တောင်မျှမက အလွန်ပင် ကြီးမားလှသော ဆရာ၏ ကျေးဇူးတရားကို ဆပ်ကြရန် ကြိုးစားကြပေကုန်
သတည်း။

ဆရာ့ဂုဏ်ရည်        မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် (၃၈)ဖြာ မင်္ဂလာတရားတော်လာ “ပူဇာစ ပူဇနေယျာနံ”ဟူသော မင်္ဂလာတရားတော်နှင့်အညီ...
26/09/2025

ဆရာ့ဂုဏ်ရည်
မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် (၃၈)ဖြာ မင်္ဂလာတရားတော်လာ “ပူဇာစ ပူဇနေယျာနံ”ဟူသော မင်္ဂလာ
တရားတော်နှင့်အညီဗုဒ္ဓဘာသာမြန်မာလူမျိုးတို့တွင်ဆည်းကပ်ပူဇော်ရာဖြစ်သောဘုရား၊တရား၊သံဃာ၊မိဘ
နှင့်အတူအာစရိယဆရာသည်လည်းအပါအဝင်ဖြစ်ပေသည်။ဘုရားဟူသည်အဘိဓာန်တွင်“ပညာသင်ကြာပေးသူသွန်သင်ဆုံးမလမ်းပြသူ၊အတတ်ပညာတစ်ရပ်ရပ်ကိုကျွမ်းကျင်သူ”ဟူ၍အနက်အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။“ဆရာမပြ ငါးပိဖုတ်တောင် နည်းမကျ”ဟူသောစကားပုံများအရဆရာသည်လောက၌မရှိမဖြစ်သော ပုဂ္ဂိုလ်ပင်ဖြစ်ပေသည်။
ဆရာတွင် သာမာန်ရိုးကျသင်ကြားပေးသော ဆရာနှင့် ဆရာ့ဂုဏ်ရည်၊ဆရာ့ကျင့်ဝတ်နှင့် ပြည့်စုံပြီး လေးစားကြည်ညိုဖွယ်ကောင်းသော ဆရာဟူ၍ လည်း ရှိပေသည်။ ထိုသို့ ဆရာဂုဏ်ရည်၊ ဆရာကျင့်ဝတ်နှင့်
ပြည့်စုံပြီး လေးစားကြည်ညိုဖွယ်ကောင်းသော ဆရာများကို မြတ်ဆရာဟုပင် ခေါ်ဆိုနိုင်ပါသည်။မြတ်ဆရာ
ဟူသည်မှာ သိက္ခာကျင့်ဝတ်ကို လွန်စွာပင် အလေးထားသူကိုဆိုလိုသည်။ သိက္ခာကျင့်ဝတ်ဟုဆိုရာတွင်
ကျင့်ဝတ်ကို လွန်စွာပင်အလေးထားသူကို ဆိုလိုသည်။ သိက္ခာကျင့်ဝတ်ဟုဆိုရာတွင် ကျင့်ဝတ်တရားများကို
လိုက်နာခြင်းပင်ဖြစ်သည်။ဆရာသည်ဆရာကျင့်ဝတ်ဖြစ်သော
“အတတ်လည်းသင် ပဲ့ပြင်ဆုံးမ
သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ဖို့ ဆရာတို့
ကျင့်ဖို့ ဝတ်ငါးဖြာ” ဟူ၍သော ကျင့်ဝတ်များကို အထူးကျင့်ဆောင်ရပါသည်။
ဆရာသည် မိမိ၏ ကိုယ်ကျိုးထက် တပည့်များ၏ ကိုယ်ကျိုးကို ပို၍ အလေးထားသူများဖြစ်သည်။ ဆရာများ၏ ဘဝသည် ဖယောင်းတိုင်လေးတစ်တိုင်ဖြင့်ပင်တူပေသည်။အဘယ်ကြောင့်ဆိုသော် ဖယောင်း
တိုင်လေးများသည် အလင်းရောင်များကို ဖြန့်ဝေပေးပြီး သူ၏ဘဝမှာ အရည်ပျော်၍သာ ကုန်ဆုံးသွားတတ်
သည်။ဆရာများ၏ ဘဝသည်လည်း ထိုနည်း၎င်းပင် ဖြစ်ပေသည်။ထိုအချက်လေးချက်နှင့်ပတ်သက်၍ အဆိုလေးတစ်ခုရှိပေသည်။ဤသည်မှာ
“တပည့်မရှား တစ်ပြားမရှိ
ပီတိကိုစား အားရှိပါ၏ “ ဟူသော စကားအဆိုလေးပင် ဖြစ်သည်။
ဆရာများသည် ဆရာတစ်ယောက်ဖြစ်နေရုံဖြင့်မပြီး မြတ်ဆရာကောင်းတစ်ယောက်ဖြစ်လာစေရန်
လည်းအထူးပင် ကြိုးစားရပါသည်။ထိုသို့မြတ်ဆရာကောင်းတစ်ယောက်ဖြစ်လာစေရန် သူတို့တွင်စောင့်ထိန်း
လိုက်နာရသော ကျင့်ဝတ်ဂုဏ်ပုဒ်များစွာ ရှိပါပေသည်။ ပညာရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခဆရာကြီး
ဦးသောင်းထွဋ်သည် ထိုကျင့်ဝတ်ဂုဏ်ပုဒ်နှင့် ပတ်သက်၍ အဆိုတစ်ခုကို ရေးသားပြဌာန်းခဲ့ပါသည်။ဤမှာ
စ(၅)လုံးဆောင် အ(၅)လုံးရှောင် ဟူသော အဆိုနှစ်ရပ်ပင်ဖြစ်ပေသည်။ စ(၅)လုံးဆောင်ဟူသော အဆိုမှာ-
(၁) စိတ်ဓာတ်မွန်မြတ်ခိုင်မာခြင်း
(၂) စေတနာမှန်ခြင်း
(၃) စည်းကမ်းရိုသေလိုက်နာခြင်း
(၄) စာပေကို စနစ်တကျလေ့လာခြင်း
(၅) စိစစ်ဝေဖန်တတ်သောအကျင့်ရှိခြင်းတို့ဖြစ်သည်။
အ(၅)လုံးရှောင်ဆိုသည်မှာ-
(၁) အဂတိ တရား ၄ ပါးရှောင်ရန်
(၂) အရှက်မရှိသူများ အလဇ္ဇီဖြစ်ခြင်းကိုရှောင်ရန်
(၃) အချောင်ခိုမှုကို ရှောင်ရန်
(၄) အစွန်းရောက်မှုကိုရှောင်ရန်
(၅) အသပြာလောက၏ လွှမ်းမိုးမှုကို ရှောင်ရန်တို့ဖြစ်သည်။ ဤသို့ဖြင့် ဆရာများသည် မြတ်ဆရာကောင်းတစ်ယောက်ဖြစ်လာစေရန် ကျင့်ကြံရသော ဂုဏ်ပုဒ်များသည်များစွာ
ပင်ရှိကြောင်းသိနိုင်ပါသည်။
ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံကြီးသည် တပည့်များသည် ဆရာများကို ကန်တော့ရိုသေသော အမူအကျင့်
သည် ရှေးယခင်ကအချိန်ကတည်းကပင် ပေါ်ထွန်းခဲ့ပြီးဖြစ်သည်။ ယခုခေတ်တွင်လည်းဆရာများကိုဂုဏ်ပြု
သောအားဖြင့် အောက်တို့ဘာလ ၅ ရက်နေ့ ကမ္ဘာဆရာများနေ့ဟုပင်သတ်မှတ်၍ ဆရာများအား ဂုဏ်ပြု
အလေးထားသောအားဖြင့် အထိမ်းအမှတ်ပွဲများပင် ကျင်းပကြသည်။
အချုပ်အားဖြင့်ဆိုရသော် ဆရာသည်လောက၌ မရှိမဖြစ်အရေးပါသော ပုဂ္ဂိုလ်များပင်ဖြစ်ပေသည်။
ဆရာများသည် အလွန်ပင်ကြည်ညိုလေးစား၍ မပြစ်မှားအပ်သော ပုဂ္ဂိုလ်ကောင်းများဖြစ်သည်။အဘယ်
ကြောင့်ဆိုသော် သူတို့သည်များစွာသော ဂုဏ်ရည်များဖြင့် ပြည့်စုံလှသော အလွန်ပင်လေးစားဖွယ်ဖြစ်သည့်
ပုဂ္ဂိုလ်များဖြစ်နေခြင်းကြောင့်ပင်ဖြစ်သည်။

အမည် - မစုမြတ်နိုး
အတန်း - Grade 11

*School *ကျောင်းဆိုတာ"ကျောင်း'' ဆိုတာ ''စာ''ကိုသာသင်တဲ့နိမ့်ကျကျနေရာ မဟုတ်ပါ။အပြစ်ကင်းစင်တဲ့ လူမမယ်ကလေးတွေကို လူလိမ္မာလေ...
16/09/2025

*School *ကျောင်းဆိုတာ

"ကျောင်း'' ဆိုတာ ''စာ''ကိုသာသင်တဲ့
နိမ့်ကျကျနေရာ မဟုတ်ပါ။
အပြစ်ကင်းစင်တဲ့ လူမမယ်ကလေးတွေကို
လူလိမ္မာလေးတွေ၊ တော်ကြ၊ ထက်ကြတဲ့ ''စံပြနိုင်ငံသား''၊ ''နိုင်ငံကြီးသားစိတ်ဓာတ်ကြွယ်ဝသူ'' တွေ ဖြစ်လာအောင်
သင်ပေး၊ ပြင်ပေး၊ လေ့ကျင့်ပေး၊ တန်ဖိုးမြှင့်တင်ပေးတဲ့ နေရာပါ။

လူသားတစ်ယောက်ကို
ဘဝတစ်လျှောက်လုံးအတွက် အကျိုးများစေမယ့် အခြေခံကောင်းများကို လေ့ကျင့်ပေး၊ ဖြည့်ပေးတာပါ။

လူသားရဲ့ အနာဂတ်အတွက်
လုံခြုံသောဘဝ၊ ငြိမ်းချမ်းသောဘဝ၊ အောင်မြင်သော ဘဝတစ်ခုကို မိမိဘာသာ ဖန်တီးနိုင်စွမ်းရှိအောင် လေ့ကျင့်ပေးတဲ့ နေရာပါ။

အဲဒါကြောင့် ကျောင်းတွေမှာ
ကိုယ်ခန္ခာ ကျန်းမာကြံ့ခိုင်ရေး (Physical development)၊ ကျန်းမာရေး အသိတရား (Health care)၊ တစ်ကိုယ်ရေ လူမှုဘဝနှင့် စိတ်ဓာတ်ဖွံ့ဖြိုးမှု (Social and emotional development)၊ ကိုယ်ကျင့်တရား မြင့်မြတ်မှု (Ethical values)၊ စာနာတတ်မှု (Sympathy)၊ လူမှုဆက်ဆံရေး အသိစိတ် (Social Consciousness)၊ ပြောဆိုလိမ္မာယဥ်ကျေးမှု (Politeness and courtieous)၊ ရင့်ကျက်သော အနုပညာခံစားမှုနှင့် စိတ်ထားနူးညံ့မှု (Aesthetic development) ၊ ကျိုးကြောင်း ညီညွတ်စွာ ယုတ္တိရှိရှိ ပြဿနာဖြေရှင်းနိုင်မှု (Logicall problem solving)၊ စည်းကမ်းလိုက်နာမှု (Disciplaning) စတာတွေကို လေ့ကျင့်ပေးနေတာပါ။

အဲဒါတွေနဲ့အတူ မိမိနဲ့လုံးဝကွဲပြားတဲ့
စရိုက်နောက်ခံ မတူသူတွေနဲ့
စည်းလုံးညီညွတ်စွာ
ပူးပေါင်းဆောင်ရွက်နိုင်မှု (Diversity and unity) အကျင့်ရအောင်လည်း ပါပါသေးတယ်။

အားလုံးခြုံကြည့်ရင်
ပြည်သူ့နီတိ (Civic)၊ လူ့ကိုယ်ကျင့်တရား (Ethics)၊ ယဥ်ကျေးပျူငှာတဲ့ လောကဝတ် (Etiquettes) တွေ မြင့်လာအောင်ပါ။
ပြီးတော့ ကောင်းမြတ်တဲ့ဗီဇ ပိုတက်လာပြီး ဗီဇဆိုး၊ ဗီဇညံ့ (လူ့ဘောင်လောက ငြိမ်းချမ်းသာယာမှုကို ဖျက်ဆီး၊ နှောင့်ယှက်စေတဲ့ အကျင့်ဆိုး) တွေ ပပျောက်သွားအောင် လေ့ကျင့်ပေး၊ သင်ပေးတဲ့ နေရာဟာ ''ကျောင်း'' ပါပဲ။

Crd #ဒေါက်တာ_မောင်သင်း

Address

68th, Bet 115th And 116th Street
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

092032583

Website

Alerts

Be the first to know and let us send you an email when ပညာရွှေရည် ကိုယ်ပိုင်အထက်တန်းကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ပညာရွှေရည် ကိုယ်ပိုင်အထက်တန်းကျောင်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram