
11/06/2025
သတင်းတွေဖတ်ပြီး လိုက်လုပ်ချင်စိတ်ပေါက်လို့တဲ့၊
လူနာတစ်ယောက် ကပြောပြတယ်။
အဲလို မိမိကိုယ်ကို ထိခိုက်မိအောင် ပြုလုပ်တဲ့ သတင်းတွေ မရှဲကြပါနဲ့နော်၊ ထပ်မတင်ကြပါနဲ့၊
ထွက်ပေါက်ပိတ်နေသလို ခံစားရရင် သို့ မိမိကိုယ်ကို အန္တရာယ်ပြုချင်စိတ် ပေါ်လာရင်၊
တစ်ခုခုဆို မိမိနဲ့ နီးစပ်ရာ ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။
စိတ်ကျန်းမာရေးဆရာဝန်ဆီမှာလည်း လာရောက်ဆွေးနွေး ရင်ဖွင့်နိုင်ပါတယ်။
စိတ်ဆရာဝန်နဲ့ မပြနိုင်သေးရင်လည်း ဒါတွေ လုပ်ကြည့်ထားပါနော်။
၁။ ချစ်ခင်ရသူ၊ မိသားစု၊ ရင်ဖွင့်ဖော်သူငယ်ချင်း တဦးဦးဆီကို ဖုန်းဆက်ပြီး ကိုယ့်ခံစားချက်တွေကို ရင်ဖွင့်ပါ။ ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့၊ ခဏခဏ ဆက်သွယ်ပါ။
၂။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။ အသက်ရှူ လေ့ကျင့်ခန်း လုပ်ပါ။
၃။ အစားအသောက်ကို အာဟာရဖြစ်အောင်စားပါ။ စားချင်စိတ်မရှိလည်း ကြိုးစားစားပါ။ အိပ်ချိန်လည်း မှန်ပါစေ။
၄။ Social media တွေကြည့်ချိန် ကန့်သတ်ပါ။ Negative news တွေကနေ ဝေးဝေးနေပါ။ စာအုပ်ဖတ်ပါ။
၅။ ဆုတောင်းပါ။ တရားထိုင်ပါ။
ဒီအဆင့်တွေလုပ်ကြည့်ပြီး ကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဆေးအကူညီ လိုတယ်လို့ ခံစားရရင်လည်း စိတ်မပူပါနဲ့၊ ဆေးခန်း လာပြပြီး ဆေးသောက်လို့လည်း ရပါသေးတယ်။