White Rays - Divination

White Rays   -   Divination A Healer, Reader & Medium 🍀✨

✨ ခုနှစ်ရက်သားသမီးလေးတွေ အတွက်  တစ်ပတ်တာဟောစာတမ်း✨
24/07/2025

✨ ခုနှစ်ရက်သားသမီးလေးတွေ အတွက် တစ်ပတ်တာဟောစာတမ်း✨

Zodiac sign တွေ အသဲကွဲရင် ဘာလုပ်ကြလဲ 💔😞
22/07/2025

Zodiac sign တွေ အသဲကွဲရင် ဘာလုပ်ကြလဲ 💔😞

18/07/2025

🥺 ဟိတ် ဘာဘီတို့ request စရာလေးရှိလို့

🥺 သဘက်ခါ ဝင်ခွင့်စာမေးပွဲလေး ဖြေစရာရှိလို့

💕 နက်ဖြန်နဲ့ သဘက်ခါကို အဟောနားပါမယ်နော်

Please kindly requested barbies 💓

Mercury Retrograde (July 17 - August 10)✨ Mercury Retrograde က တစ်နှစ်မှာဆို ပျမ်းမျှ လေးခါလောက်သွားတယ်ပေါ့နော် ⏳ခု July...
17/07/2025

Mercury Retrograde (July 17 - August 10)

✨ Mercury Retrograde က တစ်နှစ်မှာဆို ပျမ်းမျှ လေးခါလောက်သွားတယ်ပေါ့နော်

⏳ခု July 17 ကနေစပြီးတော့ August 10 အထိ Mercury Retrograde ဝင်မှာဖြစ်ပြီး Novemberကျ တစ်ခါထပ်ပြီး retrograde ဦးမှာပါ👀

📬 Mercury က communication တွေ၊ ညှိနှိုင်းဆွေးနွးရတာတွေနဲ့ ခရီးထွက်သွားလာတာတွေနဲ့ ပက်သက်တာမလို့ အဲ့တာတွေအပေါ် သတိထားဆင်ခြင်ရမှာလေးတွေ ရှိပါတယ်

📍ဒီတစ်ခါ retrograde က July မှာ စတာ ဖြစ်တဲ့အတွက် ပထမဆုံး ကိုယ့်confident နဲ့ပက်သက်ပြီး သံသယဖြစ်လာတာမျိုး ဖြစ်တတ်ပါတယ်။

📍ပေါင်းသင်းဆက်ဆံရေးနဲ့ပက်သက်ရင်လည်း အရင်က ကိုယ့်အတ္တတွေ၊ တစ်ဖတ်သတ်ဆန်တာတွေကြောင့် ဝေးသွားရတဲ့ ဖြစ်တည်လာရတဲ့ friendship တွေ ပြန်ပေါ်လာနိုင်ပါတယ်။

📍အဲ့တာအပြင် စကားအမှားပြောမိတာ၊ ကိုယ်ရည်ရွယ်တာတမျိုး၊ ထွက်သွားတာတစ်မျိုးဖြစ်သွားမျိုးတွေ၊ ကိုယ်တွေးထားတာနဲ့မတူပဲ ပြောထွက်မိသွားတာတွေလည်း ဖြစ်နိုင်ပါတယ်။

📍အရေးကြီးတဲ့အချက်အလက်တွေက တစ်ဖက်လူဆီ မရောက်သွားတာမျိုး၊ ပို့တဲ့ email, phone , WiFi error တွေတက်တာမျိုးကြုံရတတ်ပါတယ်။

📍ပြီးတော့ တစ်ခုခုဆို အရမ်းမေ့လျော့တာ၊ သတိမပြုမိတာ၊ အယောင်ယောင်အမှားမှားဖြစ်တာမျိုးတွေကြုံရနိုင်ပါတယ်။

📍အတွေးလွန်ပြီး အာရုံစိုက်ဖို့ခက်တာ၊ ဆုံးဖြတ်ချက်ချရာတွေမျာ ဝေဝေဝါးဝါးဖြစ်မှုတွေလည်း ကြုံရနိုင်ပါတယ်။

ကိုယ်တစ်ခုခုကို ပြောပြီး၊လုပ်ပြီးမှ နောင်တရစရာတွေလည်း ပေါ်လာတတ်ပါတယ်။

📍ပြီးတော့ ဒီကာလမှာ ခရီးသွားတာနဲ့ပက်သက်ပြီး နှောင့်နှေးမှုတွေ ဖြစ်တတ်ပါတယ်။ လက်မှတ်မရတာတွေ၊ အချိန်ကြန့်ကြာတာတွေ ကြုံရတတ်ပါတယ်။

📍ပြောရရင်တော့ mercury retrograde မှာက အကုန် ရပ်လိုက်ရတာမျိုးမဟုတ်ဘဲ နှောင့်နှေးမှုတွေ ကြုံစေရတာမျိုးပါ။

⚡ဒါပေမယ့် အဆိုးတွေကြည့်ဖြစ်စေတယ်လို့ အပြစ်တင်နေမယ့်အစား သူပေးတဲ့အရှုပ်ထုတ်တွေအတွက် ပြန် reflect လုပ်ကြည့်ပါ။

⚡ကိုယ့်ကိုဘယ်သူလဲ၊ ဘာတွေလုပ်နေတာလဲ၊ ဘယ်လိုတွေ ရှေ့ဆက်နေတာလဲဆိုတာမျိုးကို ပြန်ဆန်းစစ်ကြည့်ပါ။

⚡ဒီကာလမှာ ပုံမှန်ထက် စိတ်သုံးဆလောက်ရှည်ပြီး လုပ်ပါ။

⚡ဘယ်သူနဲ့ပြောပြော စိတ်ထဲမှာ သုံးခေါက်လောက် ပြန်တွေးပါ။

⚡တစ်ခြားသူတွေနဲ့ဆိုလည်း စိတ်ရှည်ရှည်ထားပြီး နားလည်ပေးဖို့ ကြိုးစားပါ။

⚡စာချုပ်တွေ၊ ကတိကဝတ်တွေလုပ်ရရင်လည်း လွယ်လွယ်မလုပ်ပဲ အချိန်ယူစဉ်းစားပြီးမှ လုပ်ပါ။

⚡လူသစ်၊ နေရာသစ်တွေဆို သတိထားချဉ်းကပ်ပါ။

⚡ဘယ်ဟာကိုမဆို ထပ်ခါထပ်ခါစစ်ဆေးပါ။ (ဥပမာ- email ပို့တာ ရောက်ရဲ့လား၊ လက်မှတ်ဖြတ်တာရရဲ့လား၊ အရေးကြီးတဲ့စကားတွေပြောနေတာ တကယ်ကော ဟိုဘက်က ကြားနေရဲ့လားဆိုတာမျိုးကို ပြန်ပြန်checkပါ )

⚡ခရီးသွားဖို့တွေးထားရင်လည်း လက်မှတ်၊ check in အစစအရာရာ ပြန်စစ်ပါ။ backup plan တွေ ဆွဲထားပါ။

⚡အ‌ဓိကကတော့ ကိုယ့်ကို reflect ပြန်လုပ်ပါ။ ဆက်ဆံရေးတွေမှာဆို ကိုယ်က မာနတွေ အတ္တတွေကို ရှေ့တန်းတင်ဖို့ ကြိုးစားနေတာလားဆိုပြီး မာနတွေလျော့ပြီး ကြိုးစားreconnect လုပ်ပါ။

⚡အရမ်းတွေးကြောက်နေတာမျိုးမလုပ်ပဲ ဒီslow down ဖြစ်သွားတာကို အခွင့်ကောင်းယူပြီး ကိုယ့်ကို better person ဖြစ်လာဖို့ ကြိုးစားပါ 💓

17/07/2025

🥹 Mercury retrograde ကလည်း နက်ဖြန် စပြီနော် ဘာဘီတို့

🥹 Saturn retrograde က Mercury retrograde ကို supporting ပေးနေတဲ့ ပုံစံမျိုးမို့

🍀 တချို့လူတွေ လောကဓံရိုက်ချက် အလူးအလဲခံရတာ၊ စိတ်အတက်အကျများတာ

🍀 အတိတ်ကပြဿနာတွေပေါ်လာတာ၊ ‌လူဟောင်းတွေ ကိုယ့်ဆီပြန်ရောက်လာတာမျိုး ကြုံရတတ်ပါတယ်

16/07/2025

✨🍀 Manifestation လုပ်တဲ့အခါ ကိုယ်လိုချင်တဲ့ ပစ္စည်းဥစ္စာတွေကို manifest လုပ်ရတာလွယ်တယ်

🌩 ဘာက ခက်လဲဆိုရင် လူတစ်ယောက်ကိုယ့်ဆီ ပြန်လာအောင်လုပ်ရတာ ခက်တာ

✨ ဒီနေရာမှာ တဖက်က ကိုယ်လိုချင်တဲ့အရာက သက်မဲ့ မဟုတ်တဲ့ အတွက် ကိုယ့် manifestation လုပ်နည်းမှားရင်

🌩 အဲ့လူ ဘယ်နည်းနဲ့မှ ကိုယ့်ဆီပြန်လာမှာမဟုတ်ဘူး

🌩 Subliminal ပဲနားထောင် နားထောင်၊ manifestation ပဲလုပ်လုပ်၊ ယတြာတွေပဲချေချေ ကိုယ့်ကိုကိုယ်တော့ ချစ်ရမယ်

🌩 ကိုယ့်ကိုကိုယ်တောင် မချစ်နိုင်ပဲနဲ့ သူများက ကိုယ့်ကို ချစ်လာဖို့ဆိုတာ ဝေးပါတယ်

💕 အဲ့တော့ တစ်စုံတစ်ယောက်ဆီက အချစ် မေတ္တာ ရလိုတဲ့အခါ ကိုယ့်ကိုကိုယ် အရင်ချစ်ပေးပါ။ လေးစားပေးပါ။

📍Saturn Retrograde မှာ ဘာတွေလုပ်ရမလဲ 🪐 ခုလတ်တလောမှာ retrograde ဝင်နေပြီဆိုပြီး အရမ်းပြာယာခတ်နေတဲ့သူ‌တွေအတွက်  ဘာလေး တွေလ...
16/07/2025

📍Saturn Retrograde မှာ ဘာတွေလုပ်ရမလဲ 🪐

ခုလတ်တလောမှာ retrograde ဝင်နေပြီဆိုပြီး အရမ်းပြာယာခတ်နေတဲ့သူ‌တွေအတွက် ဘာလေး တွေလုပ်ရမယ်၊ ရှောင်ရမယ်ဆိုတာကို ပြောပြသွားပေးပါ့မယ် ✨

🪐 သိထားကြတဲ့အတိုင်းပဲ ဒီလထဲမှာ Saturn retrograde နဲ့ Mercury retrograde ရှိတာဆိုတော့ ဒီပိုစ့်မှာတော့ saturn retrograde အကြောင်းပြောပြပေးသွားမှာဖြစ်ပီး Mercury ကိုတော့‌ နောက်ရက်မှာ ပြောပြပေးသွားပါ့မယ် ✨

🪐 Saturn Retrograde က ခု July 13 မှာ စနေခဲ့ပြီးတော့ November 27, 28 လောက်ထိ ကြာမယ်ပေါ့နော်

🪐 Saturn retrograde လို့ ကြားလိုက်တာနဲ့ အရမ်းကြောက်မနေကြပဲနဲ့ ကိုယ့်ဘက်က ပြင်စရာပြင်၊ သတိထားစရာထားပြီးတော့ ပိုကောင်းတဲ့ person ဖြစ်အောင် လုပ်လို့ရပါတယ် 😌

⏳ ဒီ July လကနေ August လောက်ထိ Saturn in Aries ဖြစ်နေပါမယ်

အဲ့အတွက် ကိုယ့်ဘဝထဲမှာ inner tension လေးတွေ ဖြစ်နေတတ်ပါတယ် 😞

📍Desicion ချတဲ့နေရာတွေမှာ၊ ခေါင်းဆောင်မှုလုပ်ရတဲ့နေရာတွေမှာ၊ ဆုံးဖြတ်ချက်ချရတဲ့ နေရာတွေမှာ tension လေးတွေ တွေ့ရနိုင်ပါတယ်

📍ပြီးတော့ အရမ်းကို ပျင်းရိနေတာ၊ ကိုယ်လုပ်လက်စအရာတွေကိုတောင် လုပ်ဖို့ motivated မဖြစ်နေတာ၊ energy မရှိနေတာမျိုး ကြုံနေရနိုင်ပါတယ် 🦥

📍လုပ်နေကြအလုပ်တွေ၊ ဖြစ်နေကြအရာတွေဖြစ်နေ‌ရင်တောင် ဒါတေနဲ့ပဲ ရုန်းထွက်မရ၊ ပိတ်မိနေတဲ့ ခံစားချက်မျိုးတွေ၊ ကိုယ့်ကို အားမလိုအားမရဖြစ်လာတာမျိုးတွေ ၊ ကိုယ့်လမ်းကြောင်းတွေမှာ ပိတ်ဆို့ခံရတာမျိုးတွေ အများဆုံး ကြုံတွေ့ရနိုင်ပါတယ်

⏳September အစမှာတော့ Saturn in Pisces ထဲရောက်နေမှာဖြစ်ပြီးတော့ ဒီကာလမှာတော့ emotion နဲ့ပက်သက်ပြီး confused ဖြစ်ရတာမျိုးတွေ ရှိသလို ကိုယ်ရှောင်ပြေးချင်နေတဲ့ အမှန်တရားအချို့တွေက တည့်တည့်ကြီးရောက်လာတာမျိုး ကြုံရနိုင်ပါတယ်။

📍အဲ့အတွက် ခြုံပြောရရင် ဒီ Saturn retrograde ကာလမှာဆိုရင် ကိုယ့် goalတွေ အလုပ်တွေနဲ့ ပက်သက်ပြီး နှောင့်နှေးတာမျိုးတွေ၊ unmotivated ဖြစ်တာတွေ၊ stuck ဖြစ်တယ်ခံစားရတာမျိုးတွေ၊ နောက်ဆုံး ကိုယ့်အိမ်မက်တွေနဲ့ပက်သက်ပြီးတောင် လမ်းကြောင်းတွေမှားနေတယ်ထိ ခံစားရနိုင်ပါတယ်။

📍Relationship တွေနဲ့ ပက်သက်ရင်လည်း ကိုယ်တမင် မတူးဖော်ပဲထားတဲ့အရာတွေကပေါ်ပေါက်လာတတ်ပါတယ်။

ခံစားချက်တွေ ထုတ်မပြောဖြစ်လို့ ၊ ရှိသင့်တဲ့ တာဝန်ယူမှု ဝာာဝန်ခံမှုတွေ ကင်းမဲ့နေလို့ rsတွေမှာ အစွန်းအထင်းတွေ ဖြစ်တတ်ပါတယ်။

📍Toxic ဖြစ်တဲ့ အခြေအနေမျိုးတွေ ပေါ်လာနိုင်ပြီးတော့ နောက်ဆုံး ကိုယ့်boundary ကိုယ်ပြန်သတ်မှတ်လိုက်ရနိုင်ပါတယ်။

📍Metal ပိုင်းအနေနဲ့ဆိုလည်း ကိုယ့်ကို အားမရတာ၊ ဝေဖန်တာ၊ ပျော်ရွှင်ပေါ့ပါးနေရာကနေ ရုတ်တရက် ဖြတ်ချခံလိုက်ရတာမျိုး ကြုံရနိုင်ပါတယ်။

📍ငွေရေးကြေးရေးအရဆိုလည်း မ‌မျှော်လင့်တာတွေ ပေါ်လာနိုင်ပြီးတော့ အကြွေးပြန်မရဖြစ်တတ်ပါတယ်။

⚡ဒါပေမယ့် အဆိုးကြည့်မတွေးပဲ ကိုယ်က ကိုယ့်actionတွေ mindset တွေ အတွေးတွေကို ပြန် reflect လုပ်၊ ကိုယ့်goal ကို သေချာပြန်ကြည့်၊ ကိုယ့်ကို သေချာလေးreview လုပ်ပြီး ကိုယ့်ရဲ့ inner discipline ကို ပြန်တည်ဆောက်နိုင်ရင် ဒီsaturn retrograde ပြီးရင် အများကြီး growth ဖြစ်နိုင်သွားမှာပါ 💓

Tarot Reading Review ✨🍀
15/07/2025

Tarot Reading Review ✨🍀

✅ Education, Business & Health တို့မှာ manifestation တွေ တကယ်ဖြစ်လာစေဖို့✅ ကိုယ်မျှော်လင့်ထားသလို ဖြစ်လာစေဖို့✅ ပိုပြီး ...
15/07/2025

✅ Education, Business & Health တို့မှာ manifestation တွေ တကယ်ဖြစ်လာစေဖို့

✅ ကိုယ်မျှော်လင့်ထားသလို ဖြစ်လာစေဖို့

✅ ပိုပြီး ထူးချွန်၊ တိုးတက်၊ ကောင်းမွန်လာစေဖို့ အဆောင်ကဒ်လေးပါ

🚫 အချစ်ရေးအတွက် မရပါရှင်

🍀 ဘာဘီတို့ကို လက်ဆောင်မပေးဖြစ်တာ ကြာပြီမို့ လုပ်ပေးဖြစ်တာပါ

✨🍀 Customize Wallpaper အပ်ချင်ရင်တော့ DM ကို လာပေးပါ ~ အာဘွား 💋

Client Reviews ✨🍀
13/07/2025

Client Reviews ✨🍀

12/07/2025

🍀 နေ့ရက်တိုင်း ကျက်သရေ မင်္ဂလာပြည့်စုံနေဖို့

✨ နေ့အလိုက် ကျက်သရေ ဘယ်မှာတည်သလဲ သိရအောင် ဆက်ဖတ်ကြည့်ပေးပါ

🍀 တနင်္ဂနွေနေ့မှာ ကျက်သရေ ဦးခေါင်းမှာ နေပါတယ် ဦးခေါင်းကို သန့်ရှင်း သပ်ရပ်အောင် ပြုပြင်ပါကကျက်သ‌ရေ မင်္ဂလာ ပြည့်စုံပါလိမ့်မည်

✨ တနင်္လာနေ့တွင် ကျက်သရေ ပခုံးမှာနေပါသည်။

🍀 ပခုံးကို နံ့သာဆီ မွှေး ၊ lotion ၊ မွှေးတဲ့အရာတခုခုနဲ့ လိမ်းကြံပေးပါ

✨ အင်္ဂါနေ့တွင် ကျက်သရေ ကျောကုန်းမှာနေပါသည်။

✨ ဗုဒ္ဓဟူးနေ့ ကျက်သရေ နှာခေါင်းမှာနေပါသည်။

✨ ကြာသပတေးနေ့ ကျက်သရေ လက်ရုံးမှာနေပါသည်။

✨ သောကြာနေ့ ကျက်သရေ ဣန္ဒြေမှာနေသည်။

🍀 ဣန္ဒြေဟာ ကိုယ်ခန္ဓာ အစိတ်အပိုင်း မဟုတ်ပဲ ကိုယ့်ရဲ့ မြဲမြံတဲ့ စိတ်ဓာတ်ကိုပြတာမို့ ဣန္ဒြေ စောင့်ထိန်းပြီးနေရင် ကျက်သရေ ရှိနေပါလိမ့်မယ်

✨ စနေနေ့ ကျက်သရေ တစ်ကိုယ်လုံးမှာ နေပါသည်။ တစ်ကိုယ်လုံး မင်္ဂလာ ကျက်သရေတည်ဖို့ သန့်သန့်ပြန့်ပြန့် ဝတ်စားဆင်ယင်ပြီး ကောင်းမွန် စွာ နေထိုင်ပါ

🍀 ကျက်သရေမင်္ဂလာဖြစ်ပါလိမ့်မယ်။

✨ လူတိုင်းလူတိုင်းမှာက ရည်မှန်းချက်တွေရှိကြတာပေါ့နော်။ ဘာဖြစ်ချင်တာ၊ ညာဖြစ်ချင်တာ အစုံစုံပေါ့လေ။ ဒါကတော့ တစ်ယောက်နဲ့တစ်ယ...
11/07/2025

✨ လူတိုင်းလူတိုင်းမှာက ရည်မှန်းချက်တွေရှိကြတာပေါ့နော်။ ဘာဖြစ်ချင်တာ၊ ညာဖြစ်ချင်တာ အစုံစုံပေါ့လေ။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် မတူမှာမို့ထားလိုက်တော့မယ်။ တူနိုင်တာလေးကိုတော့ အခုပြောပြတော့မယ်နော်။

💪 ခင်ဗျားတို့ရဲ့ အစ်မကြီးက ဒီရက်ထဲ တော်တော် အလုပ်ရှုပ်နေတာမို့ သူ့အစား ကျနော်က ဒီနေ့ပို့စ်ရေးပေးတာပါဗျ

😁 ကျွန်တော်က game ဆော့တဲ့လူဆိုတော့ ဂိမ်း term အရ‌ "Main Quest" လို့ဘဲခေါ်လိုက်မယ်။ Main Quest ကြီးကို လုပ်နေရင်းနဲ့ ဘေးက ပိစိပေါက်စ side quest လေးတွေကိုလုပ်ရတာတွေရှိတတ်တာပေါ့လေ။ တခြားလူတွေတော့ မသိဘူး။ ကျွန်တော်ကတော့ side quest ထဲမှာ ရည်းစားဟောင်းတွေကို ပြန်အနိုင်ယူပြီး ချေမိုးပြရတာကို ထည့်ထားတဲ့လူစားမျိုး။

💯 ဒီတော့ အခုက ကိုယ့်ရာသီခွင်အလိုက် ဘယ်လိုမျိုးပြုမူလိုက်ရင် ရည်းစားဟောင်းကို ပြာကျစေမယ်ဆိုတာ ပြောပြပေးမှာဘဲဖြစ်ပါတယ်။

1. Aries ♈
ကဲ ဖိုးတက်ကြွတို့ ရည်းစားဟောင်းကို လောင်မီးကျစေချင်ရင်တော့ ဖိုးရေခဲအဖြစ် ခေတ္တပြောင်းရမယ်ပေါ့နော်။ ဟာ ငါ့ရဲ့ပုံစံ‌ကိုတော့ မပြောင်းနိုင်ပါဘူးဆိုရင်တော့လည်း သူများလုပ်တာဘဲခံပေါ့။ လုပ်မယ် ကိုင်မယ်ဆိုတဲ့ လူတွေကတော့ ရည်းစားဟောင်းရှေ့ရောက်တာနဲ့ လုံးဝတည်ငြိမ်ပြလိုက်။ စိတ်လည်းမဝင်စားဘူး နင့်ဟာနင်လုပ်ချင်တာလုပ် ငါကတော့ အေးဆေးဘဲဆိုတဲ့အချိုး ချိုးပြရင်း ကလိကလိဖြစ်အောင်လုပ်။ လာပြီး စကားဘာညာလာပြောရင်တောင် မျက်လုံးက အကြည့်က မှိန်မှိန်ဘဲ ဖြစ်နေရမယ် အရောင်မလက်ရဘူးနော်။ အရောင်လက်လာတာနဲ့ အရှေ့ကငြိမ်ခဲ့သမျှ အကုန်အလကားဘဲ ရေစုန်မျောပြီသာမှတ်တော့။ အဲ့လိုမျိုး ငြိမ်ချက်သားကောင်းပြရင်း ရည်းစားဟောင်းကို နေမထိ ထိုင်မသာဖြစ်အောင် ကလိနိုင်ပါတယ်နော်။

2. Ta**us ♉
Ta**us တွေကတော့ ရည်းစားဟောင်းမပြောနဲ့ ခင်တဲ့လူတွေတောင် ဟက်ဟက်ပက်ပက်မရှိလှတာဆိုတော့ ထူးထွေပြီး ဆိုနေစရာမလိုပါဘူး။ ဒါပေမဲ့ အနာပေါ် ဆားလေးဖြူးပေးချင်ရင်တော့ ဒီနည်းလမ်းလေးရှိမယ်။ အရင်ဆုံး ex ကို အဆက်အသွယ်ဖြတ်လိုက်။ ဒါပေမဲ့ သူ့အသိတွေနဲ့တော့ မပြတ်စေနဲ့။ ဒါက အရေးကြီးတယ်။ နောက်ပြီး ကိုယ်က ကောင်းတာတွေစား၊ ကောင်းကောင်းလေးနေ၊ ဟိုနားဝင်ပါ၊ ဒီနားဝင်ပါ ပုံတွေတင် အကုန်ပတ်ကဲပြီးသာ လုပ်ပြလိုက်။ Ex ကိုမဟုတ်ဘူးနော် သူ့အသိတွေကိုဘဲ။ သူ့အသိတွေသိတာနဲ့ သူကပြန်သိပြီးသားဘဲလေ။ မြေကြီးလက်နဲ့ပုတ်တာမှ လွဲနေမယ် ဒါကတော့မလွဲဘူး။ ‌ဟိုက ပြန်သိပြီးလို့ မျက်‌ရည်လေးစမ်းတမ်းတမ်းနဲ့ လွတ်တဲ့ငါးကြီးပါပြီ သနားလှည့်ပါ လာလုပ်ရင်တော့ ကိုယ့်အပိုင်းဖြစ်သွားပြီနော်။ ဆက်ကိုင်တွယ်လိုက်ကြတော့။

3. Gemini ♊
Gemini တွေကတော့အထူးမှာရပါမယ်။ အကွက်တွေကျွေးချင်ရင် လက်ကိုအရင် ကျွတ်အောင်အရင်လွှတ်ချပါ။ တို့လို့တွဲလောင်းတွေ မချန်ပါနဲ့။ နားလည်လက်ခံပေးတတ်တာ‌ ကောင်းပါတယ်။ ဒါပေမဲ့ အကွက်တွေပြပါမယ်ဆို နားလည်နေရင် ကိုယ်က တစ်ပန်းရှုံးနေမှာပေါ့။ အပြည့်အဝကြုံးမယ်ဆိုရင် နားလည် ခွင့်လွှတ်ပေးတတ်တဲ့စိတ်ကို ဖျောက်လိုက်။ ပြီးတာနဲ့ အဆက်အသွယ်ဖြတ်ပစ်လိုက်တော့။ တစ်ခုမကျန်နော်။ Fb, Ig, X, Tg, Viber, Line တစ်ခုမကျန် သုံးသမျှ Social Media တွေကနေ သူ့ကိုပထုတ်လိုက်တော့။ အပြင်မှာလည်း ‌အဖက်လှည့်မလုပ်ဘဲ နေပြလိုက်။ စာလာပို့လည်း မပြန်နဲ့။ စာလေးမေးချင်လို့ဆိုလည်း သူ့မေ သွားမေးလိမ့်မယ် မသိချင်ယောင်ဆောင်သာနေ။ ရှင်းရှင်းပြရ‌ရင် အီးပေါက်တောင် သူ့ဘက်လှည့်မပေါက်မိစေနဲ့။ အဲ့လိုလုပ်နေရင်း ဟိုဘက်က သူ့ဘဝသူတစိမ့်စိမ့်နောင်တ ရလာလိမ့်မယ်။ အဲ့ကျမှ ပေါက်ပေါက်စားရင်းထိုင်ကြည့်လိုက်ကြနော်။

4. Cancer ♋
နာမည်နဲ့ လိုက်အောင် စိတ်ကင်ဆာပေးချင်ရင်တော့ စိတ်ခံစားချက်တွေက ဖုံးကွယ်မနေဘဲ တည့်ပြောတာအကောင်းဆုံးပါဘဲ။ ရည်း‌စားဟောင်းမျက်လုံးကိုစေ့စေ့ကြည့် ရင်ထဲကဟာတွေကို တစ်စချင်း ဆွဲထုတ်ပြလိုက်။ ထုတ်ပြတဲ့နေရာမှာလည်း ဉာဏ်တော့သုံးနော်။ ကိုယ်ကကောင်းပြီး
သူ့ဘက်က မကောင်းခဲ့တာတွေကိုဘဲ ရွေးပြီးပြော။ အဲ့လိုမျိုးပြောရင်း Ex ကို mind game ကစား။ ပြောရင်းနဲ့တဖြည်းဖြည်းချင်း Ex ရဲ့စိတ်ထဲမှာ ကိုယ့်ကိုယ်ကို ငါဟာတစ်နေရာမှ အသုံးမဝင် မကောင်းတဲ့ကောင်ပါလားလို့ မြင်အောင်လုပ်ရင်း လက်စားလှလှချေလို့ရပြီနော်။

5.Leo ♌
Leo တွေကတော့ရှင်းတယ်။ ပုံတွေသာတင်ပစ်။ ကိုယ်တိုင်ကလည်း သူများတွေကို Like ပေး။ Ex နဲ့ မသိတဲ့ ကိုယ့်အသိတွေကိုခေါ်ပြီး ကပ်တိုးလေး like ပေးခိုင်းတာ comment မန့်ခိုင်းတာမျိုး လုပ်။ Ex ကလာမေးရင် ဘယ်သိပါ့မလဲ ဘာညာ အကွက်ချပစ်။ ဒီလိုပုံစံနဲ့ ex က ပုံတွေကြည့်ရင်း like ဘယ်သူလာပေးမလဲ၊ comment ဘယ်သူလာရေးမလဲ စောင့်ကြည့်နေတဲ့ ပုံစံကို မြင်ယောင်ကြည့်လိုက်တော့နော်။

6. Virgo ♍
Virgo တွေကတော့ လက်ရှိ ex ကို ခေါင်းစားချင်ရင် ဟိုးရှေးရှေးက ex တွေနဲ့ ကလိကလိ ပိကျိပိကျိလေး မသိမသာလုပ်ပေးလိုက်။ တွဲသွားတွဲလာ လုပ်ခိုင်းနေတာမဟုတ်ဘူးနော်။ Story ထဲ tag လေးကောက်ချိတ်တာ။ သူငယ်ချင်းအုပ်လိုက် ပုံလေး တစ်ပုံ‌၊ နှစ်ပုံလောက်တင်ပြပြီး tag ထဲ ဆွဲထည့်လိုက်ရုံဆိုရပြီ။ ဒီလောက်နဲ့တင် ရည်းစားဟောင်းက သေပြီ လို့မှတ်ရင်း လုပ်စရာရှိတာဆက်လုပ်နိုင်ပြီနော်။

7. Libra ♎
Libraတို့ လုပ်ရမှာက cancer တွေနဲ့ဆင်တယ်။ စိတ်ထဲရှိတာကို ex ကိုပြောပြလိုက်။ သူမကောင်းတဲ့ဟာ ကိုယ်ကောင်းတဲ့ဟာပြောမယ်။ သူတို့ဘက်က ဘာပြန်ပြောရမလဲဆိုပြီး google ပါ ရိုက်ရှာရလောက်အောင်အထိ ပြောပြပေးလိုက်။ ပြောပြပြီးတာနဲ့ ဇာတ်လမ်းက ဆုံးပြီဆိုပြီး ဖုတ်ဖက်ခါပြီးသာ ထခဲ့လိုက်။ ကျန်တာသူတို့ကိစ္စလေနော်။

8. Scorpio ♏
Scorpio တွေက များသောအားဖြင့် အချစ်နွံထဲမျောနေကြတာများပါတယ်။ ဒါပေမဲ့ လိပ်ပြာတွေကုန်ပြီဆိုတာ သေချာရင်တော့ ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းထဲကနေ လွှင့်သာပစ်ထုတ်လိုက်။ ပုံတွေဖျက်၊ စာတွေ၊ Social Media တွေ၊ Contact တွေမှာ အကုန် block ပစ်လိုက်။ မပတ်သက်ခဲ့ဘူးတဲ့ လူတွေလိုမျိုး မေ့သာပစ်လိုက်။ အပြင်မှာတွေ့ရင်လည်း အခုမှစမြင်ဖူးသလိုသာကြည့်ပြလိုက်။ ဟိုဘက်က စကားစပြီးလာပြောရင်တောင် မသိချင်ယောင်ဆောင်ပြရင်း Ex ကိုချေမိုးချပြလိုက်လို့ရပြီနော်။

9. Sagittarius ♐
Sagi တွေက ဘာလုပ်ရမလဲဆိုရင်တော့ ထွေထွေထူးထူးဟုတ်ဘူး။ ပထုတ်စရာလည်းမလိုဘူး ဟန်ဆောင်စရာလည်းမလိုဘူး။ သူနဲ့ကိုယ့်ကြားက ခင်တာမင်တာကို ပုံမှန်ထက် အသာလေးထိန်းပြီးလျှော့ပစ်လိုက်ရုံဘဲ။ ကိုယ်က ကိုယ်လုပ်စရာရှိတာ၊ ကိုယ်လုပ်ချင်တာကို ရဲရဲတင်းတင်းသာလုပ်။ ရည်းစားအသစ်လား အသာလေး ကောက်တွဲပြလိုက်။ တားလို့လည်းမရဘူး။ တားလည်းမခံနဲ့။ ဒါမျိုးလုပ်တာ မကြိုက်ဘူးတို့၊ ဘာဘူး၊ ညာဘူး လုပ်ပြီး လာစားရင် ကိုနေတိုးလိုမျိုး " အဲ့တာနင့်‌ေ-ာက်ကြောင်းလေ သူငယ်ချင်းလေးရဲ့" လို့ လေသံအေးကလေးနဲ့ ပြောပြီး အနိုင်ပိုင်းနိုင်ပါတယ်နော်။

10. Capricorn ♑
ကိုကိုကပ် မမကပ်‌တို့‌ကတော့ ဒါမျိုးဆို စာဖွဲ့နေမယ်တောင်မထင်ပါဘူး။ လုပ်ပြီးတဲ့လူတွေတောင်ရှိလောက်ပြီ။ မသိသေးတဲ့လူတွေအတွက်ပြောပြပေးမယ်နော်။ ထွေထွေထူးထူးလုပခနေစရာမလိုဘူး။ ကိုယ့်အတွက်ကိုယ်ရွေးထားတဲ့လမ်းကြောင်းမှာ တည့်တည့်လျှောက်ရင်း လုပ်စရာရှိတာဆက်လုပ်ရုံဘဲ။ လိုင်းပေါ်မှာ ကိုယ်ရတာတွေ၊ ကိုယ်အောင်မြင်တာတွေကို များများသာတင်ပေး။ သူမပါလည်းဖြစ်တယ် ဖြစ်ချင်တိုင်းတော့မလုပ်နဲ့ ဖြစ်သင့်တဲ့အတိုင်း ဆက်ဖြစ်နေတယ်ဆိုပြီး နေမထိခံမသာဖြစ်အောင် တစိမ့်စိမ့်လုပ်နေလို့ရတယ်နော်။

11. Aquarius ♒
Aquarius တွေကလည်း သိပ်မကွာလှပါဘူး။ လုပ်ချင်တာ၊ မလုပ်ရသေးတာတွေကို အကုန်လုပ်။ ခရီးထွက်မှာလား ညှိမနေနဲ့ ကောက်သာထွက်ပစ်။ ကျန်တာမတွေးဘဲ ကိုယ့်အတွက်ကို အရင်တွေး။ ကိုယ်ပျော်မယ်ထင်ရင်လုပ်လိုက် သူများတွေထိခိုက်ကုန်ရင် သူတို့ကံနဲ့သူတို့ ဆိုးပလေ့စေ။ ကိုယ့်ကိစ္စလည်းမဟုတ်ဘူးဘဲမှတ်။ လိုင်းပေါ်မှာလည်း တင်စရာရှိတာတင်။ ဟိုလူမြင်မြင် ဒီလူမြင်မြင် "ထဝီ အေးဆေးဘဲ ဟျောင့်" ဆိုတာမျိုးနေ။ ဒီလိုနည်းနဲ့ ဇိမ်ကျကျ လုပ်ချင်တာလုပ်ရင်း ကိုယ့် Ex ကို တီကောင်ဆားတို့သလိုဖြစ်အောင်လုပ်လို့ ရပါတယ်နော်။

12. Pisces ♓
Pisces တွေက နည်းနည်းမျက်နှာပြောင်တိုက်တတ်ရမယ်နော်။ Ex နဲ့ တစ်ဆိုင်ဆိုင်မှာ မတော်တဆတွေ့သလိုလုပ်ပြီး ကိုယ့်ဘော်ဒါတစ်စုနဲ့ဝင်ထိုင်။ ရင်မှာခံစား သူမမြင်နိုင်တဲ့ အတွင်းကြေ‌ကို မမြင်အောင်ဘဲထား။ မျက်နှာကြီးမှာပေါ်မလာစေနဲ့။ နောက်ပြီး သူ့ရှေ့မှာတင် သူငယ်ချင်းတွေနဲ့ ဟီးဟီးဟားဟားလုပ်၊ အစားတွေလည်းစားပြ။ ဘော်ဒါတွေကိုလည်း ပုံမှန်ထက် ပိုစခွီထဖို့ကြိုမှာထား။ အဲ့လိုသာလုပ်ပြလိုက်ရင်တော့ တစ်ဖက်ကလူ ဘယ်နေနိုင်လိမ့်မလဲ ပုဆိုးရှိရင် ပုဆိုး၊ ထမီရှိလည်း ထမီ မ ပြီး ထွက်မပြေးရင်ကံကောင်းနော်။ ဒီနည်းနဲ့ ခေါင်ကနေသာ တက်စားပေးလိုက် မျက်ရည်ကျရုံကလွဲ ကျန်တာရွေးစရာမရှိဘဲ ပိုးလို့ပက်လက် လန်နေတာကိုဘဲမြင်ရမှာ သေချာတယ်နော်။

ဒါတွေကတော့ လက်စားချေစရာ နည်းနာ အဖြာဖြာဘဲဖြစ်ပါတယ်နော်။ Admin ကိုတော့ လာမစမ်းကြ‌နဲ့နော်။

ဒီသိုင်းကြမ်းကို ပြုစုထားတာဆိုတော့ ဘယ်နားစမ်းစမ်းအရိုးကြီးဘဲ🤪။

Address

Mandale

Alerts

Be the first to know and let us send you an email when White Rays - Divination posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to White Rays - Divination:

Share