30/01/2025
မာရက ဗာဒက မာရဇ္ဇ နှင့်KPနက္ခတ်ဗေဒင်သုတေသနအမြင် ။
===================================
KPရှေ့ပြေးနက္ခတ်ဗေဒင်အရ လူသားအားလုံးတို့၏သက်တမ်းကို အသက်တိုသောသက်တမ်း အသက်အလယ်အလက်တမ်း အသက်ရှည်သောသက်တမ်းဟူ၍သုံးမျိုးခွဲခြာထားသည် ။
(က)၁တန့်ဘာဝသန္တိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် ၆တန့်၈တန့်၁၂တန့် မာရက ဗာဒကတို့၏ဇာတ်ဆောင်ဂြိုဟ်ဖြစ်ခဲ့သော်ဇာတာရှင်သည် အသက်တိုမည့်ဇာတာရှင်ဖြစ်ပြီးမွေးဖွားချိန်မှ၃၃နှစ်အတွင်းသာအသက်ရှည်နိုင်မည်ဖြစ်သည်။
(ခ)၁တန့်ဘာဝသန္တိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် ၁တန့်၅တန့်၉တန့်၁၀တန့်နှင့်၆တန့်၈တန့်၁၂တန့် တို့၏ဇာတ်ဆောင်ဂြိုဟ်ဖြစ်ခဲ့သောဇာတာရှင်သည် အသက်အလယ်အလက်တန်းရှည်မည့်ဇာတာရှင်ဖြစ်ပြီးအသက်၃၃နှစ်မှအထက်၆၆နှစ်အတွင်းသာအသက်ရှည်နိုင်မည်ဖြစ်သည်။
(ဂ)၁တန့်ဘာဝသန္တိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် ၁တန့်၅တန့်၉တန့် ၁၀တန့်နှင့်၃တန့်၈တန့်ဘာဝတို့၏ဇာတ်ဆောင်ဂြိုဟ်ဖြစ်ခဲ့သောဇာတာရှင်သည် အသက်ရှည်မည့်ဇာတာရှင်ဖြစ်ပြီး၆၆နှစ်အထက်အသက်ရှည်နိုင်မည်ဖြစ်သည်။
ယခုအဆိုတော် မာရဇ္ဇ၏ ဇာတာတွင် ၁တန့်ဘာဝသန္တိဘုတ္တိနက္ခတ်သခင်ဂြိုဟ်၆ကြာသည်၁တန့်၈တန့်၁၀တန့်၁၂တန့်ဘာဝတို့၏ဇာတ်ဆောင်ဂြိုဟ်ဖြစ်သောကြောင့်ဇာတာရှင်သည် ၃၃နှစ်မှ၆၆အတွင်းသာသက်တမ်းရှိသော အသက်အလည်အလက်ရှည်သောဇာတာရှင်ဖြစ်သည်။
ဇာတာရှင်သည် ၁၂.၁၁.၂၀၂၄မှ၂၃.၃.၂၀၂၅အတွင်း၅တေးထူလ၄ဟူးအန္တရစနေပြတန္တရဒသာစားဝင်မည်။
ထူလဒသာသခင်၅တေးသည်၁၂တန့်ပထမဇာတ်ဆောင်ဂြိုဟ်ဖြစ်ပြီး၆တန့်၁၂တန့်ဇာတ်ဆောင်ဂြိုဟ်ရာဟုဘုတ္တိတွင်တည်နေသည် ။
ထို့ပြင်ကြာသပတေးသည် မာရက ဇာတ်ဆောင်ဂြိုဟ်၃င်္ဂါကို၅တန့်အထူးမြင်ထားသလို၆တန့်၈တန့်၁၂တန့်ဇာတ်ဆောင်ဂြိုဟ်၂င်္လာကိုလည်း၉တန့်အထူးမြင်ထားသည်။
အန္တရဒသာသခင်၄ဟူးသည် ဗာဒက၁၁တန့်နှင့်၁၂တန့်တို့၏ဇာတ်ဆောင်ဂြိုဟ်ဖြစ်ပြီး၆တန့်၈တန့်၁၂တန့်ဇာတ်ဆောင်ဂြိုဟ်၂င်္လာနှင့်အပြန်လှန်မြင်ထားသည်။
ပြန္တရဒသာသခင်စနေသည်၅တန့်အတွက်အကျိုးဆောင်ထားသော်လည်း
၆တန့်၈တန့်၁၂တန့်မာရကဗာဒကဇာတ်ဆောင်ဂြိုဟ် ရာဟုဘုတ္တိမှာတည်နေသဖြင့်အသက်ဆက်ရန်အာမခံပေးထားနိုင်ခြင်းမရှိပေ ။
သေဆုံးသော ၂၃.၁.၂၀၂၅ကြာသပတေးနေ့နံနက်၁၁နာရီ၇မိနစ်တွင် ကောဇာစန်းသည် တူရာသီ၅တေးနက္ခတ်စနေဘုတ္တိ၅တေးဝိဘုတ္တိပေါ်ဖြတ်သန်းနေပြီး
အခါလဂ်သည်မိန်ရာသီ၄ဟူးနက္ခတ်စနေဘုတ္တိ၄ဟူးဝိဘုတ္တိပေါ်ဖြတ်သန်းနေသည်။
🙏🏻ပဉ္စဂုဏံ မယံ ဝန္ဒာမိ🙏🏻
#ဆရာမင်းသီဟ
္ခတ်ဗေဒင်နှင့်လက္ခဏာသုတေသီ
ပြည်ကြီးတံခွန်မြို့နယ်တံခွန်တိုင်နံ့သာရပ်ကွက် #မန္တလေး။
☎၀၉ ၄၀၂၅၅၃၀၇၁
#ဗေဒင်
#လက္ခဏာ