
23/07/2025
ဆီးချိုရောဂါနှင့်အတူယှဉ်တွဲနေထိုင်ခြင်း🤝
" ဆီးချိုရောဂါ" ရှိသူဦးရေဟာ လွန်ခဲ့တဲ့ (၁၀)နှစ်ကာလတုန်းကနဲ့ယှဉ်ရင် နှစ်ဆ မြင့်တက်လာခဲ့ပါတယ်။ အချို့ကလည်း ဒါဟာ ပိုမိုကောင်းမွန်တဲ့ စစ်ဆေးမှု နည်းလမ်းများကြောင့်လို့ ဆိုကြပြန်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ လူသားတွေအတွက် ပိုပြီးအသက်ရှည်ရှည် နေထိုင်နိုင်ဖို့ အစိတ်အပိုင်းတစ်ခုဆိုတာ ငြင်းလို့မရပါဘူး။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ယိုယွင်းလာပြီး ဆီးချိုရောဂါဖြစ်နိုင်တဲ့အခွင့်အလမ်းဟာလည်း ပိုမိုမြင့်မားလာပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ပိုပြီးစိုးရိမ်စရာကောင်းတာကတော့ ဆီးချိုရောဂါဟာ အသက် (၃၀) ကျော် အရွယ်လိုမျိုး လူငယ်ပိုင်းတွေမှာပိုပြီးအဖြစ်များလာတာကို တွေ့ရှိခဲ့ရပါတယ်။
အသက်ငယ်ရွယ်စဉ်ကတည်းက ဆီးချိုရောဂါခံစားရသူဟာ တစ်ဘဝလုံး ဒီရောဂါနဲ့ အတူ ယှဉ်တွဲနေထိုင်ရမှာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အသက် (၃၀) မှာ ဆီးချိုစတင်ဖြစ်ပွားပြီး အသက် (၈၀) အထိ နေထိုင်နိုင်တယ်ဆိုပါစို့ ။ ဒါဆိုရင် သူ့ရဲ့သက်တမ်း တစ်ဝက်ကျော် နှစ်ပေါင်း (၅၀) ကို ဆီးချိုရောဂါနဲ့အတူ ဒွန်တွဲနေထိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ရောဂါပြဿနာတွေကိုလည်း မသွေမုချ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ဆီးချိုရောဂါကို (၁၀) နှစ်ကြာခံစားခဲ့ပြီးတဲ့ လူတစ်ယောက်ဟာ နှလုံးရောဂါ ၊ သွေးတိုးရောဂါ ၊ သွေးတွင်းအဆီဓာတ်များခြင်း ၊ ကျောက်ကပ်ရောဂါ စသဖြင့် ကျန်းမာရေးပြဿနာတွေကို တခြားသူတွေထက် ပိုပြီးခံစားရနိုင်ပါတယ်။
ဒါကြောင့် ဆီးချိုရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ဖို့ဆိုလျှင်
- ဆီးချိုရောဂါကို ကောင်းစွာသိရှိနားလည်ခြင်း
- ဆီးချိုရှိနေပြီဆိုလျှင် လုပ်သင့်သောအရာများကို သိရှိပြီး လုပ်ဆောင်ခြင်း
- ဆီးချိုရောဂါကို ထိန်းချုပ်ခြင်း
-ဆရာဝန်နှင့် မိသားစုများထံမှ အားပေးလမ်းညွှန်မှုများနှင့်အတူ ရှေ့ဆက်နေထိုင်ခြင်း စတဲ့ အချက်များကို တတ်နိုင်သမျှ ဆောင်ရွက်ကာ ဆီးချိုရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်သွားရမှာ ဖြစ်ပါတယ်ရှင့်။
ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀အထက်ပါအကြောင်းအရာများကို Samitivej Web Page မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar
Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ