
09/08/2024
အိမ်ထောင်သက်တမ်းရင့်လာတဲ့
ဇနီးမယားတစ်ယောက်ဟာ
ကိုယ့်ယောင်္ကျား အကြောင်းကို
သူမွေးထားတဲ့ အမေထက်ပိုသိတယ်။
အကြည့်တစ်ချက် စကားတစ်ခွန်း
ကိုယ့်အမူအရာ အပြောင်းအလဲကအစ
ဘယ်ခြေကိုလှမ်းပြီး ဘယ်ကမ်းကပ်မလဲ
ဆိုတာပါသိတယ်။
ပါးစပ်ဟလိုက်တာနဲ့
အူဘယ်နှစ်ခွေ တင်မကဘူး
ရင်ထဲက အသည်း နှလုံး ကျောက်ကပ်
ထိပါမြင်တာ။
စကားတွေတောပြော တောင်ပြော
ပြောချင်ရာပြော တစ်လုံးချင်းမှတ်ပြီး
ဘာသာတွေပြန်နေတဲ့သူတွေ။
ရယ်စရာ ပြောပြော အတည်ပြောပြော
ရင်ထဲ အကုန် သိမ်းပြီး အကန့်တွေခွဲထည့်နေကျ။
လိုအပ်လာရင်ဘယ်အချိန်က ဘယ်မှာ
ဘယ်လိုပြောခဲ့တာ ဆိုတာကအစ
အတိအကျ ပြန်ပြောနိုင်ကြသူချည်းပဲ။
တခြားလူတွေကိုသာ အမှတ်မထားရင်နေမယ်
ကိုယ့်လင် ပြောတာ အကုန်အမှတ်ရတယ်။
မမှတ်မိဘူး ဆိုတာ အလကား..
မမှတ်မိချင်လို့သာ မမှတ်မိတာ။
မှတ်မိချင်တာအကုန်မှတ်မိတဲ့သူတွေချည်းပဲ။
ဟာ မိန်းမကလဲကွာ မဟုတ်ပါဘူးကွာ
မလုပ်ပါဘူးကွာ ဆိုတာကို
မျက်စေ့မှိတ်ယုံနေကြတာမဟုတ်ဘူး။
တစ်ခါတစ်လေ
ပလစ်လို့ရလို့ ပလစ်ပေးထားတာ။
တစ်ခါတစ်လေကျ
ငါ့ကိုလိမ်နေတာ ဆိုတာသိသိနဲ့
တမင်အလိမ်ခံနေကြရတာ။
လိမ်စမ်း ကြိုက်သလောက် ဆိုပြီး
တစ်ခါတစ်လေ မျက်လုံးလေးမှေး
လက်လေးပိုက်ပြီးခပ်မဲ့မဲ့ပြုံးရင်း
ကြည့်နေတတ်ကြသေးတာ။
ကိုယ့်ယောင်္ကျား ချောက် ထဲလှမ်းသလား
အပေါက်ထဲ လှမ်းသလား သိပ်သိတာပေါ့။
အေး.. သိပ်စိတ်နာလာရင်
အဲ့ချောက်တွေ အဲ့အပေါက်တွေ ထဲ
တွင်းဆုံးထိကျအောင်
ကူတွန်းပေးချင်ပေးကြအုံးမှာ။
ပြောချင်တာက
ငါ့မိန်းမ မသိလောက်ပါဘူးလို့ထင်မနေကြနဲ့လို့။
သိတယ်သိတယ် အကုန်သိတယ်။
မသိချင်ယောင်ဆောင်တာနဲ့ မသိချင်လို့
ပလစ်ထားတာ ပဲ ရှိတယ်သဘောပေါက်😏
Credit
Via -