M.S.P Online Pharmacy / Drugstore

M.S.P Online Pharmacy / Drugstore အိမ်ထောင်ရေးသာယာဖို့ အမျိုးသားများ

"ဆီးသွားခါနီး ဆီးအိမ်မှာ အောင့်အောင့်နေတာမျိုး ဖြစ်ဖူးပါသလား"ဆီးမသွားရသေးခင် ဆီးအိမ်မှာအောင့်တောင့်တောင့်ခံစားရတာမျိုး ဆ...
06/05/2018

"ဆီးသွားခါနီး ဆီးအိမ်မှာ အောင့်အောင့်နေတာမျိုး ဖြစ်ဖူးပါသလား"

ဆီးမသွားရသေးခင် ဆီးအိမ်မှာအောင့်တောင့်တောင့်ခံစားရတာမျိုး ဆီးကျန်နေသလိုဖြစ်တတ်တဲ့ ဝေဒနာရှင်တွေအတွက် ဆီးကျိတ် ယောင်လို့ ဆီးသွားရတာကျန်နေသလိုလို သွားပြီးတော့လည်း ထပ်သွားချင်သလိုလိုညညခဏခဏထထ ဆီးသွားနေရတာတို့ဆီးမသွားရသေးခင် ဆီးအိမ်မှာအောင့်တောင့်တောင့်ခံစားရေတာတို့(အမျိုးသားများ) ငြုပ်သီးစားများသွားလို့ ဆီးပူဆီးချုပ်ဆီးအောင့်သူများအတွက်ခွေးတောက်ရွှက်(၇ -၁၀ )ကိုငှက်ပြောသီး(ဖီးကြမ်း)တစ်လုံးနှင့်ပြုတ်ပြီး သုံးလေးငါးရက်ဆက်စားလိုက်ရင် သက်သာပါပြီဗျာ။

ခွေးတောက်ရွှက်ပါးပါးလှီး ငှက်ပြောသီး ထိပ်ဖြတ်ဖင်ဖြတ်ပြီးမှပြုတ်နော် ပြုတ်ပြီးတော့မှပြုတ်ရည်၊အရွှက်၊ငှက်ပြောသီး သုံးခုလုံးစားပေါ့ဗျာ ချိုတိုတို ခါးသက်လေးမို့စားလို့ကောင်းပါတယ်ခင်ဗျ။

တစ်လတစ်ကြိမ်သို့နှစ်ကြိမ် ကိုယ့်အခြေအနေအရစားပေါ့ဗျာ ။ ကျွန်တော်တော့ဆီးအိမ်ကအောင့်တောင့်တောင့်ဖြစ်လာရင် ညညထရတာစိပ်လာရင် စားလိုက်တာဘဲ။

ကိုယ်တွေ့မို့စေတနာနှင့်ပြောရတာပါ။ စာအရေးအသားမရှင်းလင်းရင်
လည်းတောင်းပန်ပါတယ်ခင်ဗျာ။

ဖြန့်ဝေမျှဝေပေးရင် ကျေးဇူးအထူးတင် ဝမ်းမြောက်ရပါကြောင်း ကြိုတင်ထပ်လောင်းပြောပါရစေ။

Maung Maung Than

(မှတ်​ချက်​)
လက်​ဆင့်​ကမ်း ကူးယူ​ဖော်​ပြပါက
မူရင်းဖြစ်​တဲ့ စိုက်​ပျိုး​ရေး နှင့်​ အ​ထွေ​ထွေဗဟုသုတအား
Credit ​ပေး၍ ​ဖော်​ပြခွင့်​ရှိပါသည်
စိုက်​ပျိုး​ရေးနှင့်​ အ​ထွေ​ထွေဗဟုသုတ

အရမ်းကောင်းလွန်းလို့ ဖတ်စေချင်တဲ့စေတနာနဲ့ တင်ပေးတာပါဗျာ ဖတ်ကြည့်ကြပါဗျာ့ တစ်ခုခုတော့ ရမယ်ထင်ပါရဲ့ ======================...
05/05/2018

အရမ်းကောင်းလွန်းလို့ ဖတ်စေချင်တဲ့စေတနာနဲ့ တင်ပေးတာပါဗျာ ဖတ်ကြည့်ကြပါဗျာ့ တစ်ခုခုတော့ ရမယ်ထင်ပါရဲ့
========================
ဟိုးရှေးရှေးတုန်းကပေါ့ ... အိန္ဒိယ နိုင်ငံရဲ့ နယ်လေးတစ်နယ်မှာ လယ်နီးနားချင်း လယ်သမား ငါးယောက် ရှိတယ်။တနေ့တော့ သူတို့ငါးယောက် လယ်ထွန်နေကြတုန်း ရုတ်တရက် မိုးတွေအုံ့လာပြီးတော့ လေရောမိုးပါ ခပ်ကြမ်းကြမ်း ရွာချပါလေရော ...

မိုးကလည်း သည်းကြီးမဲကြီးရွာ လေပြင်းတွေကလည်းတိုက် လျှပ်စီးတွေလည်း တအုံးအုံး တဂျိန်းဂျိန်းနဲ့ဆိုတော့ လယ်သမား ငါးယောက်စလုံးဟာ အနီးအနားက
သစ်ပင်ကြီး တစ်ပင်ရဲ့အောက်ထဲ ပြေးသွားပြီး မိုးခိုကြတယ်။

အဲဒီလို မိုးခိုနေကြတုန်း ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်နေတာကို လယ်သမား ငါးယောက်စလုံးက သတိထားမိလိုက်ကြတယ်။ အဲဒါက ဘာလဲဆိုတော့ လျှပ်စီးတွေဟာ သစ်ပင်ကြီးကို မိုးကြိုးပစ်တော့မယ့် ပုံစံနဲ့ ခဏတိုင်း အနီးကပ် လျှပ်စီးလျှက်နေတာပါ။

ဒီလိုဖြစ်နေတာဟာ သစ်ပင်ကြီးရဲ့အောက်မှာ ရှိနေတဲ့ လူတွေကို မိုးကြိုးပစ်တော့မယ်ဆိုတာ လယ်သမားတွေက အလိုလို သဘောပေါက်လိုက်ကြတယ်။

ဒါကြောင့် စိုးရိမ်စိတ်တွေနဲ့ ကြောက်လန့်အော်ဟစ်ပြီးတော့ ငိုတဲ့သူငို ဘုရားစာရွတ်တဲ့လူက ဘုရားစာရွတ်နဲ့ ဆူညံနေကြတာပေါ့ ။

အဲဒီအချိန်သူတို့ ငါးယောက်ထဲမှာ အသက်လည်းကြီးပြီး ဝါအရရော သမ္ဘာအရရော အတွေ့အကြုံအရပါအားလုံးထက်မြင့်တဲ့ လယ်သမားတစ်ယောက်က ဒီအဖြစ်အပျက်ကို သေချာစဉ်းစားကြည့်လိုက်တယ်။

ဒီမိုးကြိုးဟာ သစ်ပင်ကြီးကို ပစ်ချင်နေရင်လည်း ပစ်ပြီးလောက်ပြီ။ လူတွေကို ပစ်ချင်ရင်လည်း ပစ်ပြီးလောက်ပြီ။ ဘာဖြစ်လို့ အခုထိ မပစ်နိုင်ဘဲ ခဏတိုင်း ဒီသစ်ပင်နားကို လျှပ်စီးလက်နေရတာလဲ။

ငါတို့ ငါးယောက်ထဲက တစ်ယောက်ယောက်ကိုများ
ရွေးပြီး ပစ်ချင်နေတာများလား။ အကုသိုလ်ကောင် တစ်ကောင်ကောင်တော့ ငါတို့ထဲမှာပါနေပြီ။ တော်ကြာ အဲဒီကောင်ကို ပစ်ချလိုက်ရင် မဆိုင်တဲ့ လေးယောက်ပါရောပြီး သေရလိမ့်မယ်။

မဖြစ်ဘူး မဖြစ်ဘူး ဒီအတိုင်းနေနေလို့တော့ မဖြစ်ဘူး ။အကုသိုလ်ကောင်ကို အမြန်ရှင်းထုတ်မှ ရတော့မယ်ဆိုပြီး လယ်သမားကြီးက ကျန်တဲ့လေးယောက်ကို အခုလို ပြောပါတယ်။

ကဲ မိတ်ဆွေတို့ ငါတို့ ငါးယောက်ထဲမှာ တစ်ယောက်ယောက်ကိုတော့ မိုးကြိုး ပစ်တော့မယ်ဆိုတာ သေချာနေပြီ။ ငါတို့ ငါးယောက်လုံး ဒီလိုအတူတူ ရှိနေမယ်ဆိုရင် ငါးယောက်လုံး သေသွားနိုင်တယ်။ အဲဒီတော့ အလှည့်ကျ အနေနဲ့ တစ်ယောက်ချင်း ဒီသစ်ပင်ကနေ ဟိုး အရှေ့မှာ မြင်နေရတဲ့ သစ်ပင်ငယ်လေး ရှိတဲ့အထိ ပြေးသွားရမယ်။ မိုးကြိုး ပစ်ခံရမယ့်လူ ဖြစ်နေခဲ့ရင်တော့ ပြေးနေရင်း လမ်းခုလပ်မှာပဲ မိုးကြိုးထိမှန်မယ်။

အေး မိုးကြိုး အပစ်မခံရဘူးဆိုရင်တော့ ငါတို့ရှိတဲ့ ဒီသစ်ပင်ကြီးရဲ့အောက်ကို ပြန်လာပေါ့။ ကဲ ဘယ့်နဲ့လဲဟေ့ အားလုံး သဘောတူကြရဲ့လား ဆိုတော့ ငါးယောက်လုံးက သဘောတူကြတယ်။

ပထမဆုံးအနေနဲ့ အသက်အကြီးဆုံးဖြစ်တဲ့ လယ်သမားကြီးက စပြီးတော့ ထွက်ပြေးတယ်။ သစ်ပင်ငယ်နားရောက်ပြီး မိုးကြိုး အပစ်မခံရတော့ အရမ်းဝမ်းသာသွားတာပေါ့။ ဟေး မိုးကြိုးက ငါ့ကို ပစ်ချင်တာ မဟုတ်ဘူး
ငါ သူတို့ဆီကို ပြန်သွားလို့ရပြီ ဆိုပြီးတော့ သစ်ပင်ကြီးရှိတဲ့ဆီကို ပြန်ပြေးလာတယ်။

နောက်တစ်ယောက် အလှည့်အနေနဲ့ ဒုတိယလူက ထွက်ပြေးတယ်။ ဒုတိယလူလည်း ပထမလူလိုပဲ မိုးကြိုး
အပစ်မခံရဘဲ ပြန်လှည့်လာနိုင်ခဲ့တယ်။ ဒီလိုနဲ့ တတိယလူလည်း ထိုနည်း၎င်း ဘာမှမဖြစ်သွားဘူး။ စတုတ္ထလူလည်း သူတို့လိုပဲ ဘာမှမဖြစ်ဘဲ ပြန်လာနိုင်ခဲ့တော့
နောက်ဆုံးကျန်တဲ့ လူတစ်ယောက်ပဲ မိုးကြိုး အပစ်ခံရမယ့်လူဆိုတာ သေချာပြီပေါ့။

အဲဒီတော့ နောက်ဆုံးလူက အင်မတန် အကြောက်လွန်ပြီး သစ်ပင်ကြီးကနေ ထွက်ပြေးဖို့ မလုပ်ရဲတော့ဘူး။ ငိုယိုပြီး အားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော် မသွားရဲဘူး ... ကျွန်တော့်ကို မိုးကြိုးပစ်တော့မယ် ... ကျွန်တော့်ကို ကယ်ကြပါ ... ဆိုပြီး ငိုငိုယိုယိုနဲ့ သစ်ပင်ကြီးကို ဖက်တွယ်ပြီး ထွက်ပြေးဖို့ ငြင်းဆန်နေတယ်။

လျှပ်စီးလျှက်တာကလည်း သစ်ပင်ကြီးရဲ့ အနားနား ဆက်တိုက်ဆက်တိုက် နီးနီးကပ်ကပ်နဲ့ ပိုပိုပြီးတော့ မြန်သထက်မြန်လာတော့ အားလုံးရဲ့ စိုးရိမ်စိတ်တွေက မြင့်တက်လာကြပါတယ်။ ဒါကြောင့်ငါတို့တွေ ဒီအတိုင်း အချိန်ဆွဲနေလို့ မရတော့ဘူး အားလုံး သေကုန်လိမ့်မယ် ...
ဒီအကုသိုလ်ကောင်ကြီးကို မြန်မြန်ထုတ်မှရတော့မယ် မဟုတ်ရင် အားလုံးသေရလိမ့်မယ်။

ဒီကောင့်ကို ဆွဲထုတ်ကြရအောင်ဆိုပြီး ဆွဲထုတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ လူလေးယောက်အားနဲ့ ဆွဲထုတ်ဖို့
ကြိုးစားလာကြတော့ တစ်ယောက်ထဲအားက ဘယ်ခံနိုင်ပါ့မလဲ။

နောက်ဆုံးတော့ ကဲ မတတ်နိုင်တော့ဘူး ... သေရင်လည်း သေပါစေတော့ ... ငါ ထွက်ပြေးပါတော့မယ် ... ဆိုပြီး ပြေးပါတော့တယ်။

သူလည်းထွက်ပြေးပြီး လမ်းတစ်ဝက်လောက်လည်း ရောက်ရော အုံးခနဲ ဂျိန်းခနဲ မိုးကြိုးပစ်ချပါတော့တယ်။
ထူးဆန်းတာက မိုးကြိုးဟာ နောက်ဆုံး ထွက်ပြေးနေတဲ့လူကို ပစ်တာမဟုတ်ဘဲ သစ်ပင်ကြီးရဲ့အောက်မှာ ကျန်ခဲ့တဲ့ လူလေးယောက်လုံးကို ပစ်ချလိုက်တာဖြစ်တယ်။

ဒါကြောင့် လေးယောက်လုံး တစ်ပြိုင်တည်း သေကုန်ကြတယ်။ သေရမယ့်ကံက နောက်ဆုံးလူမှာ မပါဘူး။ စဉ်းစားကြည့်ရင် အားလုံးက နောက်ဆုံးလူပဲ သေရမယ် ထင်နေကြတာ။ တကယ်တော့ နောက်ဆုံးလူက သူတို့ကို ကယ်နေတာ ဖြစ်နေတယ်။

နောက်ဆုံးလူက သူတို့နဲ့ အတူတကွရှိနေလို့သာ သူတို့တွေကို မိုးကြိုးက မပစ်ခဲ့တာ။ နောက်ဆုံးလူကသာ ကံအထူးဆုံးလူ ဖြစ်နေခဲ့တာ။ သူ့ကံအရှိန်နဲ့ ကျန်တဲ့
လေးယောက်က သေဘေးကနေ လွတ်နေခဲ့တာ။

ပုံပြင်လေးကတော့ ဒါပါပဲ။

တခါတလေကျရင် ငါရှိနေလို့သာ သူတို့တွေ အဆင်ပြေနေကြတာ ဆိုတာထက် သူတို့တွေ ရှိနေလို့သာ ငါအဆင်ပြေနေတာ ဆိုတာကိုလည်း မမေ့စေချင်ပါဘူး။



=========================

သားသမီးမရသော စုံတွဲများ ပိန်လှီသူများ သွေးအားနည်းသူများ အတွက် ဖလံတောင်ဝှေးဥဟော်မုန်းအားနည်းသူများ၊အားနည်း ပိန်လှီသူများ ...
04/05/2018

သားသမီးမရသော စုံတွဲများ ပိန်လှီသူများ သွေးအားနည်းသူများ အတွက် ဖလံတောင်ဝှေးဥ

ဟော်မုန်းအားနည်းသူများ၊အားနည်း ပိန်လှီသူများ သွေးအားနည်းသူများ
အဖေါအရောင် ဝေဒနာရှင်များအတွက် အလွယ်ကူဆုံး အကောင်းဆုံးတွေထဲက
အကောင်းဆုံး… !ဆေးနည်းလေးတစ်ခု မျှဝေလိုက်ပါတယ်။

ဒီဆေးနည်းတွေဟာ လက်တွေ့စမ်းသပ်ပြီးသားဆေးနည်းမူမှန်တွေဖြစ်သည့်အတွက်
မည်သူမဆို ဘေးကင်းစိတ်ချစွာ ဖေါ်စပ်သုံးဆောင်နိုင်ကြပါသည်။

ယနေ့ခေတ်မှာ ဆေးပညာထက်ဆေးနည်းကိုသာ အလွယ်တကူယူလိုသူများကြပါသည်။
ဆေးဆရာလုပ်သူတွေက မဟုတ်မမှန်တင်ပါက အများအတွက်ဘေးဖြစ်နိုင်သည့်အပြင်
အကုသိုလ်များလှပါလိမ့်မည်။

ဒါကြောင့်…. ! ဆေးစစ် ဆေးမှန်များကိုသာ
တင်ပြပေးကြရန်လည်း တိုက်တွန်းအပ်ပါသည်။

လူ ၁၀၀ တွင် ၈၀ လောက်တည့်သော အက်ျိုးရှိသောဆေးဖြစ်ပါက
ထိုဆေးသည် … !ကောင်းမြတ်သောဆေးဖြစ်ပါသည်။

ဒါကြောင့် … !လူတိုင်းနှင့်သင့်တော်သော ဤဆေးနည်းကို
တင်ပေးလိုက်ပါသည်။

ဆေးနည်း

၁။ ဖလံတောင်ဝှေးဥ ၁၀ သား
၂။ နွယ်ခ်ျို ၁၅ ကျပ်သား
၃။ ထောပတ် ၅ကျပ်သား
၎။ ပျားရည် ၈ ကျပ်သား
၅။ ဇာတိပ္ဖိုလ်သီး ၁ ကျပ်သား

ဆေးဖေါ်စပ်ပုံ

နွယ်ချိုနှင့် ဇာတိဖို သီးကိုအမှုန့်ပြုထားပါ။

ဖလံတောင်ဝှေးဥ (အစို) ပါးပါးလှီး၍ ညက်စွာထောင်းထားပါ။

ထောပတ် +ပျားရည်+ ဖလံတောင်ဝှေး ၃ မ်ျိုးကို မီးပျော့ပျော့ဖြင့် ဦးစွာချက်ပါ။

ဖလံတောင်ဝှေးဥမှထွက်သော အရည်များခမ်းလုနီးပါးဖြစ်သောအခါ
နွယ်ချိုမှုန့် နှင့် ဇာတိဖိုသီး အမှုန့်ကိုထည့်ပါ။

ဖလံတောင်ဝှေး အရေခမ်းသည်အထိ ဆက်ပြီးချက်ပါ။
( ဖလံတောင်ဝှေးဥသည် အစိုဖြစ်သည့်အတွက် ကျိုချက်သောအခါ အရည်ထွက်ပါလိမ့်မည်။
ရေထည့်စရာမလိုပါ)

ကျက်သောအခါ အအေးခံ၍ ဖန်ပုလင်းနှင့်ထည့်၍ လေလုံစွာထားပါ။

တစ်ခါသောက် လဖက်စားဇွန်း ၁ ဇွန်း သောက်ပါ။
နံနက်/ ည ၂ကြိမ်သောက်ပါ။

ကျား မ အားအင်ကုန်ခမ်းခြင်း ဟော်မုန်းဓာတ်လျှော့နည်းခြင်း
မောပန်းလွယ်ခြင်း အာရုံကြော အားနည်းခြင်း ပန်းသေ (ကျား/မ)
လိင်စိတ်နည်းပါးခြင်း။သွေးအားနည်းခြင်း ဖေါရောင်ခြင်း အသားအရည်ပွခြင်း တို့ကို ဆေးတစ်ဖုံမကုန်မီပျောက်ကင်းကြောင်း
ဆေးက သက်သေခံပါလိမ့်မည်။

(Jerryarbar ဟော်မုန်းဆေးသည် ဖလံတောင်ဝှေးဥမှထုတ်သည်)

မှတ်ချက်။ ။ ယောက်ျားတွင်သာမက အမ်ျိုးသမီး ပန်းသေရောဂါဆိုတာ ရှိပါတယ်။
ကျားမ အားလုံးသုံးစွဲနိုင်ပါသည်။

( အားလုံးကျန်းမာကြပါစေ။ )

ကြာစွယ်စားခြင်းဟာ ဒီလောက်အထိ အစွမ်းထက်မှန်း အခုမှသိတယ်  ကာစွယ်စားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ကြာစွယ်စားရတာကြိ...
03/05/2018

ကြာစွယ်စားခြင်းဟာ ဒီလောက်အထိ အစွမ်းထက်မှန်း အခုမှသိတယ်
ကာစွယ်စားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ
ကြာစွယ်စားရတာကြိုက်လားရှင့်။ ကြာစွယ်ဟာ အရသာလည်းရှိသလို ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများစွာရှိနေပါတယ်။

ဝါးရတာလည်း ထုတ်ထုတ်လေးနဲ့ ချိုတဲ့အရသာလေးလည်းရှိလို့ လူကြိုက်များပါတယ်။
ကြာစွယ်စားပေးရင် ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုတာကို မျှဝေပေးချင်ပါ

၁။ သွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်း

ကြာစွယ်ကိုစားပေးတာဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။
ကြေးနီနဲ့ သံဓာတ်ပါဝင်လို့ သွေးနီဆဲလ်တွေ ထုတ်လုပ်မှုကို မြင့်တက်စေပြီး
သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်
၂။ နှလုံးကျန်းမာရေး
သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးဖိအားကိုထိန်းပေးသလို နှလုံးသွေးကြော ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
နှလုံးကိုကျန်းမာစေတဲ့ အစားအစာလည်းဖြစ်ပါတယ်။

ဆယ်စုနှစ်ချီ ခံစားနေရတဲ့ ဒူးနာ ခါးနာ အရိုးအဆစ်နာ ဝေဒနာအတွက် ကိုယ်နဲ့ထိုက်လို့ ရခဲ့တဲ့လိမ်းဆေးလွန်ခဲ့သော နှစ် ၂၀ နီးပါးကထ...
03/05/2018

ဆယ်စုနှစ်ချီ ခံစားနေရတဲ့ ဒူးနာ ခါးနာ အရိုးအဆစ်နာ ဝေဒနာအတွက် ကိုယ်နဲ့ထိုက်လို့ ရခဲ့တဲ့လိမ်းဆေး

လွန်ခဲ့သော နှစ် ၂၀ နီးပါးကထဲက ရခဲ့သော ဆေးနည်းဖြစ်ပါသည် အပြင်းအထန် လေ့ကျင့်ခဲ့ကြသော အားကစားသမားများတွင် sport injury တစ်ခုမဟုတ် တစ်ခု ရတတ်ပါသည် ကျွန်တော့်တွင်လည်း ခါးနာခြင်း နှင့် ဒူးနာခြင်း ရခဲ့ပါသည်။

အားကစားမလေ့ကျင့်သူများလည်း ဒူးနာခါးနာ အရိုးအဆစ်များ အကြောင်းအမျိုးမျိုးနှင့်နာတတ်ပါသည်
ကျွန်တော့ ခါးနာခြင်းက အမြဲတမ်းမနာဘဲ အကြောင်းအကျိုး မသင့်သည့်အခါ အိပ်ယာထဲလှဲနေရသည်အထိနာပီး သက်သာသွားလျှင် မနာတော့ပါ
ဒူးနာခြင်းကတော့ ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပါသည် ဤဆေးနည်းရခဲ့သည်မှာ ဆယ်စုနှစ်ချီခဲ့ပီဖြစ်သော်လည်း အသုးံမပြုဖြစ်ခဲ့ဘဲ အခြား မြန်မာ နိုင်ငံခြားလိမ်းဆေး ပေါင်းစုံလိမ်းခဲ့ပါသည် နာနေသည့် ဒူးဆစ်အရိုးတွင် ဆရာဝန်ဖြင့်ဆေးထိုးခြင်းကိုပါ ပြု လုပ်ခဲ့ပါသည်။

ဘယ်ဆေးနည်းကမျှ မသက်သာမပျောက်ကင်းခဲ့ပါ
ဤဆေးနည်းရခဲ့သည်မှာ ကြာမြင့်လှပီဖြစ်သော်လည်း မထိုက်သေးသဖြင့် အသုံးမပြု ဖြစ်ဘဲ ရောဂါကိုမွေးမြူ လာခဲ့သည်မှာ ဒူးတဖက်ယောင်ကိုင်းပီးကွေးဆန့်မကောင်းတော့ပါ
ဆယ်စုနှစ်ကျော်ကြာပီးမှ အသုံးပြု ပီးသက်သာပျောက်ကင်းခဲ့သဖြင့် ဝေဒနာခံစားခဲ့ရသည့် ကုန်လွန်ခဲ့သောအချိန်များကို နှမြောမိပါသည်
အစွမ်းထက်လှသော ဤဆေးနည်းကို နာကျင်ကိုက်ခဲမှုအမျိုးမျိုးဖြစ်ကြသော ဆွေမျိုး မိတ်ဆွေ တပည့်သားသမီးတို့ကို ပေးခဲ့ပါသည်။

ဂါထာပေး တေးဖြစ်ဆိုသလို အချို့ က သူတို့အတွက် အလွယ်တကူရသော ဆေးနည်းဖြစ်သဖြင့် လေးလေးစားစားအသုံးမပြု ဖြစ်ကြသည်ကို သိခဲ့ရပါသည်
လေးစားစားအသုံးပြု သူများတွင် ဆေးအကျိုးကို အချိန်တိုအတွင်း အစွမ်းထက်စွာခံစားကြရပါသည်
ကျွန်တော်ကိုယ်တိုင်တောင်မှ ဆယ်နှစ်ကျော်ကြာမှ ထိုက်သည့်ဆေးနည်းဖြစ်ပါသည်။

ထိုက်သူများ ရလျှင်ရချင်း လေးလေးစားစားအသုံးပြု ပီး ဆေးအကျိုးကို ခံစားနိုင်ကြပါစေ
ဆေးနည်းကတော့ သနပ်ခါးသွေးသည့် ကျောက်ပြင်ပေါ်တွင် ဆိတ်ရိုး ကိုသွေးပါ ထွက်လာသည့် ဆိတ်ရိုးအပေါ်တွင် နှမ်းလုံးကြို င်မြစ်ကို သမသွားအောင် သွေးပါ ရလျှင် နာကျင်ကိုက်ခဲသည့်နေရာကို အသားထဲစိမ့်ဝင်သွားသည်အထိ မိနစ်၃၀ ခန့် အထပ်ထပ်အခါခါ လိမ်းပါ။

လိမ်းပီးပီးချင်းပင် သိသိသာသာ ဝေဒနာသက်သာပါလိမ့်မည် သတိပြု ရန်မှာ ဆိတ်ရိုးကိုမနဲပါစေနှင့် မိနစ် ၃၀ ခန့်အချိန်ယူပီးအထပ်ထပ်အခါခါလိမ်းပါ
နှမ်းလုံးကြို င်မြစ်ကို ဘယဆေးဆိုင်များတွင်ဝယ်၍ရပါသည်
ဤဆေးနည်းကို ဒေါက်တာအောင်နိုင် (ဆေးသုတေသန)ပြုစုသော ပွဲတွေ့ တိုင်းရင်းမြန်မာဆေးနည်းများစာအုပ်မှရရှိခဲ့ပါသည်။

ထိုက်သူများ ဆေးအကျိုး ခံစားနိုင်ကြပါစေ။

နှလုံးသွေးကြောကျဉ်း ရောဂါ လုံးဝ ပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့ ဆေးနည်းကောင်း တစ်လက်ကျွန်တော် နှလုံးရောဂါ ပြင်းထန်စွာခံ...
02/05/2018

နှလုံးသွေးကြောကျဉ်း ရောဂါ လုံးဝ ပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့ ဆေးနည်းကောင်း တစ်လက်

ကျွန်တော် နှလုံးရောဂါ ပြင်းထန်စွာခံစားရချိန် ကျွန်တော် နေထိုင်ရာပုသိမ်မြို့ ရှိပုသိမ် ဆေးရုံကြီး နှဇီဝကအထူးကု ဆေးခန်းတို့ တွင်တက်ရောက်ကုသခဲ့ ရာဆေးစစ်ချက်အရ နှလုံးသွေးကြော သုံးချောင်းကျဉ်းနေပြီးတစ်ချောင်းမှာ ကောင်းစွာအလုပ်မလုပ်တော့သော ကြောင့် နှလုံးစက် ထည့်ရမည့်အခြေနေဖြစ်ခဲ့ပါသည်-
ထိုအချိန်တွင်မိတ်ဆွေတစ်ယောက်မှ ကျွန်တော့် လို ခွဲစိပ်ခါနီးလူနာတစ်ဦး မခွဲစိပ်ရပဲသက်သာပျောက်ကင်းသွား သည်ဆိုသောဆေးနည်းကိုပေးသဖြင့် ရန်ကုန် ၌ဆေးကုသခံရန်ပြင်ဆင်နေချိန်တွင်ခုနှစ်ရက်မျှဆက်တိုက်သောက်ခဲ့ပါသည်-

ထို့ နောက်ရန်ကုန်အာရှတော်ဝင် အထူးကု ဆေးခန်း တွင်သွားရောက်စမ်းသပ်ရာနှ လုံးသွေးကြော ပိတ်ဆို့ မှုများမရှိ
တော့ပဲအကောင်းပကတိဖြစ်နေကြောင်းအံ့သြဖွယ်တွေ့ရှိရပါသည်-
ဆရာမကြီးမှာပုသိမ်မှဆေးစစ်ချက်များကိုကြည့်၍မယုံနိုင်ဖြစ်ကာသေချာစေရန် မဟာမြိင် အထူးကုဆေးခန်း၌24နာရီ
စက်ဖြင့်ထပ်မံစမ်းသပ်ရာနှလုံးသွေး ကြောများပုံမှန်ကောင်းမွန်နေကြောင်း သေချာသွားတော့သည်-
ကျွန်တော်ခံစားနေရသောရင်ဘတ် အောင့်ခြင်းနှင့်ဘယ်ဘက်လက်မောင်း ကို်က်ခြင်းဝေဒနာများလည်းပျောက်ကင်း
သွားပါသည်-

ထို့ ကြောင့် ကျွန်တော့် လို နှလုံးသွေးကြောကျဉ်း ဝေဒနာခံစားနေရသူများအတွက်စေတနာရှေ့ ထား၍ကျွန်တော့်ကိုယ်တွေ့ ဆေးနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်-

ဆေးနည်းမှာ –
၁- ကြွက်နားရွက်မှိုနှစ်ကျပ်ခွဲသား
၂-တရုတ်ဇီးသီးငါးလုံး
၃-ချင်း(ဂျင်း)တက်လက်တစ်ဆစ်ခန့် 
၎-ဆားအနည်းငယ်တို့ ကိုရေဖန်ခွက် ခြောက်ခွက် ထည့် နှစ်ခွက်ကျန်အောင်ကျိုပြီးမနက်တစ်ခွက် ညတစ်ခွက်သောက်ရုံပင်ဖြစ်ပါသည်-
ဆေးနည်းပေးသူမိတ်ဆွေအားကျေးဇူး
အထူးတင်ပါသည်။

အိမ်ထောင်သည် ကိုကိုတွေအတွက် သတင်းကောင်းလေးပါ…ကာမအားတိုးဆေးအဖြစ် သိရှိထားကြတဲ့ ကမာကောင်မှာဇင့်ဓာတ်ပါဝင်တာကြောင့် သုတ်ကောင...
02/05/2018

အိမ်ထောင်သည် ကိုကိုတွေအတွက် သတင်းကောင်းလေးပါ…

ကာမအားတိုးဆေးအဖြစ် သိရှိထားကြတဲ့ ကမာကောင်မှာဇင့်ဓာတ်ပါဝင်တာကြောင့် သုတ်ကောင်အရေအတွက်တိုးပွားစေပြီးအဖိုဟော်မုန်းထုတ်လုပ်မှုကိုလည်းအားကောင်းစေပါတယ်။ တကယ်လို့ ပင်လယ်စာတွေစားသုံးလိုတဲ့ ဆန္ဒမရှိဘူးဆိုရင်တော့ အမဲသား၊ မွေးမြူရေးကြက်သား၊ ဘဲသား၊ အခွံမာသီးများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဥများ၊ ဂျုံနဲ့ ပြုလုပ်ထားသောအစားအစာများ၊ ပဲသီးတောင့် စတဲ့ ဇင့်ဓာတ်ပါဝင်တဲ့ အစားအစာတွေကိုစားသုံးပေးသင့်တဲ့အပြင် ဇင့်ဓာတ်ပါတဲ့ ဗီတာမင်အားဆေးတွေ မှီဝဲပေးသင့်ပါတယ်။

(2) ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ

ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ မုန်လာဥ၀ါ၊ ငရုတ်ကောင်း၊ မက်မွန်သီး၊ ချယ်ရီသီးတို့ကိုစားသုံးခြင်းဖြင့် သုတ်ကောင်ကိုတက်ကြွစေနိုင်ပါတယ်။ ဒါ့အပြင် လိမ္မော်သီးဖျော်ရည်၊ ခရမ်းချဉ်သီး၊ စပျစ်သီး၊ ပန်းဂေါ်ဖီစိမ်းအစရှိတဲ့ ဗီတာမင် C မြင့်မားစွာပါဝင်တဲ့ အစားအစာတွေကလည်းသုတ်ကောင်စွမ်းဆောင်ရည်ကို မြင့်မားစေပါတယ်။

ဟင်းသီးဟင်းရွက်ဆီ (သံလွင်ဆီ၊ အုန်းဆီ) တို့မှ သုတ်ကောင်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် E ကိုရရှိစေနိုင်ပြီး ဖောလစ်အက်ဆစ်ဓာတ်ပါဝင်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ပဲသီးတောင့်နဲ့ သစ်သီးဝလံတွေကိုလည်းစားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် ဗီတာမင် A, C, E နဲ့ ဖောလစ်အက်ဆစ်တို့ ပြည့်နှက်နေတဲ့ ကန်စွန်းဥကလည်းမဖြစ်မနေစားသုံးသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။

(3) တလည်းသီးဖျော်ရည်

ဆဲလ်တွေမှာဓာတ်တိုးပြီးပျက်စီးတဲ့ဖြစ်စဉ်တွေကိုဟန့်တားပေးနိုင်တဲ့ အာနိသင်လို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့်ပါဝင်တဲ့ တလည်းသီးဖျော်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် လည်းသုတ်ကောင်အရေအတွက် ကိုတိုးပွားစေနိုင်ပါတယ်။

(4) ဖရုံစေ့

ဖရုံစေ့မှာပါဝင်တဲ့ ဇင့်ဓာတ်ဟာဖိုလိင်ဟော်မုန်းကို မြှင့်တင်ပေးပြီးသုတ်ကောင်အရေအတွက်ကိုတိုးပွားစေနိုင်ပါတယ်။ ဒါ့အပြင် အိုမီဂါ 3 ဖက်တီးအက်ဆစ်ရဲ့ အစွမ်းထက်မှုကြောင့်လည်းအိမ်ထောင်ရေးသုခကိုအပြည့်အ၀ရရှိစေနိုင်တဲ့အပြင် လိင်အင်္ဂါဆီကိုသွေးစီးဆင်းမှုကောင်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဖရုံစေ့ကိုမစားဖြစ်ရင်တောင်မှ နှမ်းကြတ်ဆီ၊ ဗန်ဒါစေ့နဲ့ ဆာမွန်ငါး၊ ဆာဒင်းငါးတို့လိုအဆီထူငါးမျိုးကိုစားသုံးခြင်းဖြင့်လည်းအိုမီဂါ 3 ဖက်တီးအက်ဆစ်ကိုအပြည့်အ၀ရရှိစေနိုင်ပါတယ်။

♦ မျိုးအောင်နိုင်စွမ်းကိုကျဆင်းစေတဲ့ အစားအစာများ

– အာဟာရမမြောက်တဲ့ ပြည့်ဝဆီတွေပါဝင်တဲ့ အာလူးကြော်၊ ၀က်အူချောင်း၊ ဒိန်ခဲနဲ့ အချိုဓာတ်ကဲထားတဲ့ ဒိုးနက်ကဲ့သို့ မုန့်မျိုးတွေ စားသုံးခြင်းဟာမျိုးအောင်နိုင်စွမ်းကို နှောင့်နှေးစေပါတယ်။

– မက်ကရယ်ငါး၊ တူနာငါးနဲ့ ငါးမန်းကဲ့သို့ ပင်လယ်ငါးတွေကိုစားသုံးခြင်းမှ ရှောင်ကျဉ်သင့်ပြီးအိုမီဂါ 3 ဖက်တီးအက်ဆစ်ကြွယ်ဝစွာ ပါဝင်တဲ့ ဆာမွန်ငါး၊ ဇင့်ဓာတ်ပြည့်ဝစွာပါဝင်တဲ့ ကမာကောင်၊ ဂဏန်း၊ ပုဇွန်တို့ကဲ့သို့ ပင်လယ်စာတွေကိုတော့ မျိုးအောင်နိုင်စွမ်းမြင့်မားဖို့ စားသုံးပေးသင့်ပါတယ်။

– ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ စွမ်းအားဖြည့်အချိုရည်တွေကို လွန်ကဲစွာသောက်သုံးခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းတို့ကြောင့်လည်း သုတ်ကောင်တိုးပွားမှုကိုလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီ၊ လက်ဖက်ရည်ကိုတစ်နေ့နှစ်ခွက်ထက်ပိုပြီး မသောက်သင့်တဲ့အပြင် အရက်သောက်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကျဉ်တာအကောင်းဆုံးပဲဖြစ်ပါတယ်။

Credit—yawthama

ရုတ်တရက်နှလုံးရောဂါဖောက်လာရင် တစ်မိနစ်အတွင်း အသက်ကယ်နည်း      ရုတ်တရက် နှလုံးရောဂါ ဖောက်လာခြင်း (Heart Attack) ဟာ များသေ...
02/05/2018

ရုတ်တရက်နှလုံးရောဂါဖောက်လာရင် တစ်မိနစ်အတွင်း အသက်ကယ်နည်း
ရုတ်တရက် နှလုံးရောဂါ ဖောက်လာခြင်း (Heart Attack) ဟာ များသောအားဖြင့် အဟာရချို့တဲ့ခြင်းကြောင့်ဖြစ်တတ်ပါတယ်။
အစားအစာတွေကို စားနေပေမယ့်လည်း အဟာရဓါတ် မပြည့်ဝတဲ့ အစားအစာတွေ ဖြစ်တတ်ပါတယ်။
အဲဒီအတွက် နှလုံးရောဂါ ဖောက်လာတဲ့အခါ နှလုံးပုံမှန် အလုပ်ပြန်လုပ်ဖို့ အတွက် တစ်ကယ့်အစာအဟာရကဲ့သို့ စွမ်းဆောင်နိုင်မယ့်အရာကို ချက်ခြင်း ပံ့ပိုးပေးဖို့လိုအပ်ပါတယ်။
ဒေါက်တာ ဂျွန်ခရစ္စတိုဖာက သူ့ရဲ့ လုပ်သက် ၃၅ နှစ်လုံးလုံး Heart Attack လူနာတွေကို ဖော်ပြပါနည်းနဲ့ ကယ်တင်ခဲ့ရာမှာ အားလုံးအသက်ရှင်နိုင်ခဲ့ပါတယ်။

ဂနိုရောဂါ(သို့မဟုတ်) ကာလသားရောဂါGonorrhea ဂနိုရောဂါ================== 1.     ကာလသားရောဂါနဲ့ ဂနိုရောဂါအကြောင်းသိချင်လို့ပ...
01/05/2018

ဂနိုရောဂါ(သို့မဟုတ်) ကာလသားရောဂါ
Gonorrhea ဂနိုရောဂါ
==================
1. ကာလသားရောဂါနဲ့ ဂနိုရောဂါအကြောင်းသိချင်လို့ပါ ဆရာ။ဆရာ Fb ထဲမှာ ရှာမရလို့ပါ။
2. ဆရာခင်‌ဗျာ အမျိုးသား‌ရောဂါ၊ ဆစ်‌ဖလစ်‌၊ ဂနိုနဲ့ပတ်‌သတ်‌ပြီး ဆရာရေးတဲ့ post ကို ဖတ်‌ပါရ‌စေခင်‌ဗျာ။ ကျ‌နော့်‌ အသိတစ်‌‌ယောက်‌ကို link‌ ပေးချင်‌လို့ပါခင်‌ဗျာ။ medical writing ထဲမှာကျ‌နော်‌ရှာမ‌တွေ့လို့ပါဆရာ။
3. ဆရာခင်ဗျာ နားနဲ့မနာဖဝါးနဲ့နာပါခင်ဗျာ။ ကျွန်တော် ‘မာဆတ်’ မှ ကောင်မလေးနဲ့ ကျိုးတယ်ခေါ်ရမလားဘဲ၊ ဆီးသွားလျှင် အောင့်ပြီ့း့ ထိပ်မှာ ပြည်လို့ထင်ရတဲ့အရည်များထွက်ပါတယ်ဗျာ။ ရှက်လွန်းလို့ ဘယ်သူ့မှ မပြောရဲပါဘူး။ ဆေးခန်းလည်းမသွားရဲပါသဖြင့် ဘာဆေးများဝယ်သောက်ရပါမလဲ ညွှန်ကြားစေချင်ပါတယ်ခင်ဗျာ။

(အရင်ကတော့ ဒီလိုစာမျိုးတွေကို မတင်ပါ။ ၁၈ နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ ‘ဘလော့ခ်’ ပျက်သွားလို့ တင်ရတာကို နားလည်မှုပေးစေလိုပါတယ်။)

ဂနိုရောဂါဟာ လိင်ကတဆင့် ကူးစက်ရောဂါတွေထဲမှာ အများဆုံးထဲက တခုဖြစ်တယ်။ ဆီးပူညောင်းကျရောဂါလို့ အရပ်ထဲမှာခေါ်ကြတယ်။ အရင်က နည်းသွားခဲ့ရာကနေ အခု ပြန်များ လာပြန်ပြီ။ Neisseria gonorrhoeae ဗက်တီးရီးယားကြောင့် ဖြစ်တာပါ။ လိင်ဆက်ဆံရာမှာသုံးတဲ့ ကျားအင်္ဂါ၊ မအင်္ဂါ၊ ပါးစပ်၊ စအို၊ နေရာတွေကနေ ဝင်လာတာပါ။ အဖေါ်မှာ ပိုးရှိရင် ယောက်ျားတွေက ၂ဝ% မိန်းမတွေက ၅ဝ% ကိုယ့်ကို ကူးစက်ဘို့ အခွင့်အလမ်း ရှိတယ်။

(၁) ယောက်ျား
ပိုးဝင်တာနဲ့ ၂ ရက်ကနေ ၁ဝ ရက်အတွင်း လက္ခဏာတွေပေါ်တယ်။ ဆီးအောင့်မယ်။ ခပ်ပြစ်ပြစ်-ခပ်ဝါဝါ အရေ ပန်းအဖျားကနေ ဆင်းမယ်။ အစေ့ရောင်မယ်၊ နာမယ်။ ဆီးကျိတ်ရောင်မယ်၊ နာမယ်။

(၂) အမျိုးသမီး
ပိုးဝင်တဲ့နောက် ၃ ပါတ်အထိနေလို့ ပိုကြာတတ်တယ်။ ဒါလဲ ၃ဝ-၄ဝ%မှာ ဘာ လက္ခဏာမှ မပေါ်ဘူး။ သားအိမ်အဝ မှာလည်း ဖြစ်လာတတ်တယ်။ ဆက်ဆံရင်နာမယ်။ ဆီးခဏခဏသွားချင်မယ်၊ ဆီးသွားရင်နာမယ်။ ဗဂျိုင်းနာမှာ ပူစပ်လာမယ်။ အဖြူ-အဝါ-ခပ်စိမ်းစိမ်း အရောင်ဆင်းမယ်။ ကြားရက်မှာ သွေးဆင်းတတ်တယ်။ ဆက်ဆံနေတုံး သွေးဆင်းတတ်တယ်။ ပိုဆိုးတဲ့ Pelvis Inflammatory Disease ရောဂါ ဖြစ်လာတတ်တယ်။ ဗိုက်အောက်ပိုင်း ဆီးစပ်နေရာက နာမယ်။ ဖြစ်ရင် ကလေးမရတာအထိ ဖြစ်နိုင်တယ်။ ရောဂါသေခြာအောင် ဆီးလမ်း-မွေးလမ်းက ဆင်းတဲ့အရည်ကို စစ်ရတယ်။ ၂ ရက်ကြာတယ်။ သွေးစစ်ရင် သွေးဖြူဥ များနေမယ်။ ပိုးတွေ့သူတွေ တခြား လိင်ကတဆင့် ကူးစက်ရောဂါတွေ HIV, Syphilis, Chlamydia ရှိ-မရှိပါ စစ်ပါ။

(၃) ကလေးငယ်
ရောဂါရှိတဲ့ မအေက မွေးတုံးက ကလေးကိုလည်းကူးတယ်။ မျက်စိနာမယ်။ မကုရင် မျက်စိကွယ်နိုင်တယ်။

ဆေးကုခြင်း
• ဂနိုရီးယားကြောင့်ဖြစ်တဲ့ ဆီးပြွန်အဝရောင်ခြင်း၊ သားအိမ်အဝရောင်ခြင်း၊ အာခေါင်ရောင်ခြင်း၊ Ciprofloxacin 500 mg ၁ ပြား၊ ဒါမှမဟုတ် Ofloxacin 400 mg ၁ ပြား၊ ဒါမှမဟုတ် Levaquin® 500 mg ၁ ပြား၊ ဒါမှမဟုတ် Tequin® 400 mg mg ၁ ပြား၊
• သာမန် ဂနိုရောဂါ၊ Ceftriaxone 125 mg IM ထိုးဆေး ၁ လုံး၊ ဒါမှမဟုတ် Cefixime 400 mg ၁ ပြား၊ ဒါမှမဟုတ် Ciprofloxacin 500 mg ၁ ပြား၊ ဒါမှမဟုတ် Ofloxacin 400 mg ၁ ပြား၊ ဒါမှမဟုတ် Levofloxacin 250 mg ဒါမှမဟုတ် Penicillin မတည့်ရင် Spetinomycin 1 Gm IM ထိုးဆေး ၁လုံး၊ ဒါမှမဟုတ် Cefpodoxime 400 mg ၁ ပြား၊ ဒါမှမဟုတ် Levofloxacin 250 mg တနေ့ ၁ ပြား။
• ရှုတ်ထွေးတဲ့ ဂနိုရောဂါ၊
Penicillin G 10 million units IV နေ့စဉ်အကြောဆေး ၅ ရက်ဆက်သွင်းပါ၊ ဒါမှမဟုတ် Ceftriaxone 1 Gm IV နေ့စဉ်အကြောဆေး ၅ ရက်ဆက်သွင်းပါ၊ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ၊ ဒါမှမဟုတ် Levofloxacin 500 mg တနေ့ ၁ ကြိမ်၊ ၅ ရက်သောက်ပါ၊
• Endocarditis နှလုံးရောင်နေသူကို Ceftriaxone 1 Gm အကြောဆေး တနေ့ ၂ ခါ၊ ၃ ပါတ်သွင်းပေးပါ။
• ဖြစ်တဲ့ မိန်းကလေး အသက်ငယ်ရင် ဒါမှမဟုတ် ကိုယ်ဝန်ရှိရင် ထိုးဆေးပေးတာ ကောင်းတယ်။ ခံစားနေရတာတွေ သက်သာပေမဲ့ ဆေးပါတ်စေ့ပါစေ။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံး တပြိုင်တည်းဆေးကုပါ။ ကာကွယ်ဘို့က Latex condoms ကွန်ဒွန် သုံးပါ။

(ဂနိုရီးယား) ပိုးနဲ့အတူ (ကလာမိုင်ဒီယား) ပိုးလဲ တွဲရှိနေတာက ၅ဝ% လောက်ရှိလို့ တခုကိုသာမကဘဲ ၂ မျိုးလုံး တွဲပေးတာကောင်းတယ်။ (ကလာမိုင်ဒီယား) ပိုးအတွက်
• Doxycycline 100 mg တနေ့ ၂-၃ ကြိမ်၊ ၁ဝ-၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
• Zithromax® (azithromycin) 1.0 gm တခါထဲသောက်ပါ။ ဒါမှမဟုတ်
• Zithromax® Z-pak® (azithromycin) - 500mg ကို ပဌမနေ့သောက်ပြီး၊ 250mg ကို တနေ့ ၁ ကြိမ်၊ နောက်၎ ရက်ဆက်သောက်ပါ။

မကုသရင် ဆိုးဝါးတာတွေ ဖြစ်လာတတ်တယ်။ သွေးကတဆင့် တခြားနေရာတွေဆီ ကူးစက်မယ်။ နောက်ဆက်တွဲ ရောဂါတွေ ရှိလာရင် ဖျားမယ်၊ ဗိုက်နာမယ်၊ ဆီးလမ်း-မွေးလမ်းက တခုခုဆင်းမယ်၊ အဆစ်နာ၊ အရေပြားမှာ အနီရောင် အပြင်တွေ အလယ်က ခပ်မဲမဲဖြစ်မယ်၊ အားယုတ်မယ်၊ စအိုနာ၊ လည်ချောင်းနာမယ်။
• ၂ဝ-၄ဝ% အမျိုးသမီးမှာ တင်ပဆုံတွင်းအင်္ဂါတွေရောင်ခြင်း၊
• ဦးနှောက် အမြှေး ရောင်နိုင်တယ်။
• ၁% နှလုံးသားရောင်နိုင်တယ်။
• Chlamydia (ကလာမိုင်ဒီးယား) ၆ဝ% အမျိုးသမီး တခြားပိုးကြောင့် အဖြူဆင်းခြင်း။

ဆီးအက်စစ်ဓါတ် နည်းအောင် အစားအသောက် သတိပြုပါ။ အစပ်လျှော့စားပါ။ အသား၊ ငါး၊ အသဲ၊ ဥ၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဘက်ရည်၊ ပင်လယ်စာ၊ အသဲ၊ နှလုံး၊ ဝက်ပေါင်ခြောက်တွေက အက်စစ်ဓါတ် များစေပါတယ်။

အတွဲဆိုရင် နှစ်ယောက်လုံးတပြိုင်တည်း ဆေးသောက်သင့်တယ်။ ဆေးကုနေစဉ်မှာ အကာကွယ်မသုံးဘဲ အတူမနေသင့်ပါ။ လိင်ကတဆင့် ကူးစက်ရောဂါတခုခုရှိသူတိုင်း HIV ကိုလဲစစ်ရပါမယ်။ သံသယရှိတဲ့အပြုအမူနောက် ၃ လနေရင် စစ်လို့ရပါပြီ။ ဂနိုရီးယားဖြစ်သူတွေက ဆစ်ဖလစ်အတွက် VDRL သွေးစစ်သင့်တယ်။

Credit : Dr. တင်ဆွေ

ကြက်ဥအတုနှင့် အစစ်အပေါ်ယံကြည့်ရုံမျှဖြင့် မရနိုင်သော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ကြက်ဥအတုများကို သိရှိစေရန် ခွဲခြားနည်...
01/05/2018

ကြက်ဥအတုနှင့် အစစ်

အပေါ်ယံကြည့်ရုံမျှဖြင့် မရနိုင်သော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ကြက်ဥအတုများကို သိရှိစေရန် ခွဲခြားနည်းကိုဖော်ပြပေးလိုက်ပါတယ်

ကြက်ဥအတုနှင့် အစစ်ခွဲခြားရန်မှာ ကြက်ဥအတုကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါက အဆန်ချောင်နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်ကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါကမူ အဆန်ချောင်၍ မရှိခြင်း။

ကြက်ဥအတုနှင့်အစစ်ကို ယှဉ်၍ မှန်၊ ဇလုံ၊ ပန်းကန်တစ်ခုခုပေါ်တွင် တင်၍ လှည့်ကြည့်ပါက အတုသည် ဂျင်လည်သကဲ့သို့ မွှတ်နေအောင် လည်ပတ်နှုန်းမြန်ပြီး လည်ပတ်ချိန် ပိုကြာခြင်း။

ကြက်ဥအတုနှင့် အစစ်ကို ယှဉ်ကြည့်ပါက အတု၏ အရောင်က ပိုရင့်ခြင်း။

အတု၏အခွံသည် ဖယောင်းနှင့်ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် ပိုမိုအလင်းပြန်ခြင်း။

ကြက်ဥများကို ပွတ်ကြည့်လျှင် အတု၏အခွံ မျက်နှာပြင်က ပို၍ကြမ်းခြင်း။

ကြက်ဥကို ခွဲ၍ကြည့်မည်ဆိုပါက အတု၏ အနှစ်နှင့် အကာသည် သီးသန့်မနေဘဲ ရော၍သွားခြင်း။

ကြက်ဥအတု၏အခွံ၌ အမြှေးမပါဘဲ အစစ်၌ အမြှေးပါခြင်း။

ပြုတ်လိုက်ပါကလည်း အတုသည် အစစ်ကဲ့သို့ အနှစ်နှင့်အကာ သီးခြားမနေဘဲ ရော၍သွားကြောင်း တွေ့ရသည်။

စာဖတ်သူများအနေဖြင့် အထက်ပါနည်းလမ်းများဖြင့် သတိပြု ခွဲခြားစိစစ်ဝယ်ယူ စားသုံးကြရန်၊ ရောင်ချသူများ အနေဖြင့် ကြက်ဥအတုများ ရောင်းချခြင်းမပြုရန်၊ စားသောက်ဆိုင်များမှလည်း ကြက်ဥအတုများ အသုံးပြု၍ ကြော်လှော်ချက်ပြုတ် ရောင်းချခြင်းမပြုကြဖို့လိုအပ်ပေသေးသည်မဟုတ်ပါလား

Credit - The New Light of Myanmar

စစ်သားတို.ရဲ့ဆရာမ********************စာသင်ခန်းထဲဝင်လာတော့ ဆရာမမျက်နှာထားက ခပ်တင်းတင်း။ ဆရာမရဲ့ အသက်ကလည်း ငယ်ငယ်.. သင်ရမှ...
01/05/2018

စစ်သားတို.ရဲ့ဆရာမ
********************
စာသင်ခန်းထဲဝင်လာတော့ ဆရာမမျက်နှာထားက ခပ်တင်းတင်း။ ဆရာမရဲ့ အသက်ကလည်း ငယ်ငယ်.. သင်ရမှာကလည်း စစ်သားတွေဆိုတော့ မျက်နှာထားကိုမာထားလိုက်တယ်။ဆွေမျိုးအသိုင်းအ၀ိုင်းထဲမှာတောင် စစ်သားဆိုတာမရှိခဲ့ဘဲ သူငယ်ချင်းတစ်ယောက်စ၊နှစ်ယောက်စသာ
တပ်မတော်ထဲမှာ အသိရှိသူဆိုတော့ စစ်တပ်နဲ.ဆရာမဘ၀ဟာ ပြဒါးတစ်လမ်း၊
သံတစ်လမ်းလို. ပြောလို.ရပါတယ်။ ခုလို စစ်သားတွေကိုစာလာသင်ပေး
ရမယ်လို.လည်း တစ်ခါမှ မတွေးမိခဲ့ဖူးပါဘူး။ သင်ရမှာကလည်း "အသုံးလုံး" လို.
အလွယ်တကူခေါ်တဲ့ စာမတတ်သူပပျောက်ရေးသင်တန်း။ "တပ်မတော်ထဲမှာ စာမတတ်သူပပျောက်ရေးစီမံချက်အရ" တာဝန်ရှိသူတွေက ဌာနကို အကူအညီတောင်းလို. လာသင်ပေးရတာပါ။

စစ်တပ်ထဲသွားပြီး စစ်သားတွေကို စာသွားသင်ရမယ်ဆိုတော့ ငြင်းပါသေးတယ်။ သင်ရမယ့်သူတွေရဲ့ အသက်တွေကလည်းကြီးနေကြပြီ။ပြီးတော့ ယောကျာ်းကြီး
တွေ.. ယောကျာ်းထဲမှာမှ စစ်မြေပြင်တွေမှာရန်သူနဲ. သူသေကိုယ်သေ
တိုက်ခိုက်သတ်ဖြတ်လာတဲ့ စစ်သားရင့်မာကြီးတွေ။ ဒီလိုလူကြီးတွေက အသက်(၃၀)အရွယ် ဆရာမလေးတစ်ယောက်စကားကို နားထောင်မတဲ့
လား။ ပြီးတော့ အင်တာနက်စာမျက်နှာတွေမှာတွေ.နေရတဲ့စစ်သားတွေရဲ့
ပေါက်တတ်ကရသတင်းတွေက ဆရာမလေးကိုကျောချမ်းစေပါတယ်။
ဒါပေမယ့် ၀န်ထမ်းဆိုတော့လည်း "အထက်လူကြီးရဲ့ Request ဟာ မိမိတို.အတွက် Command ဖြစ်သည်"ဆိုတဲ့အတိုင်း လက်ခံလိုက်ရတော့ပါပဲ။ အတွေ.အကြုံရှိတဲ့ ဆရာမကြီးတွေကတော့ အားပေးရှာပါတယ်။
"ဘာမှစိတ်မပူနဲ. ဆရာမလေး။ ဆရာမလေးထင်ထားတာတွေနဲ. တစ်ခြားစီဖြစ်နေလိမ့်မယ်။ ဆရာမလေးမကြုံဖူးတဲ့ ထားရာနေ၊ စေရာသွား၊
ခိုင်းတာလုပ်တဲ့ ပစ်တိုင်းထောင်လိုလူသားတွေကို ဆရာမလေးတွေ.ရလိမ့်မယ်၊
ဒီတစ်ရက်တော့ သွားသင်ပေးပါ။ ဆရာမလေး အဆင်မပြေရင် နောက်နေ.ကျ လူချိန်းပေးပါမယ်" တဲ့။

ညက ကောင်းကောင်းအိပ်မပျော်ပါဘူး။ မနက်လင်းတော့ ဆုံးဖြတ်ချက်ချ
လိုက်တယ်။ သူတို.တွေ ဘာပဲဖြစ်ပါစေ .. ငါက ဆရာမ။ ဆရာမဆိုတော့ ဆရာ/
ဆရာမတို. ကျင့်သုံးရမယ့် စေတနာ၊၀ါသနာ၊ဂရုဏာဆိုတဲ့ နာ(၃)နာနဲ.သင် မယ်။ ခဏနေတော့ တပ်ကလာကြိုခိုင်းတဲ့ကားနဲ. စစ်တပ်ထဲကို လိုက်ခဲ့လိုက်
ပါတယ်။ ကားမောင်းသမားစစ်သားကတော့ ဖော်ဖော်ရွေရွေပါပဲ။ ကားပေါ်တက်
မယ်လုပ်တော့ ကိုယ့်ထက်အသက်ကြီးတဲ့ကားသမားကကားတံခါး ဖွင့်ပေးနေလို.
အားနာနေရပါသေးတယ်။ ကားပေါ်မှာ ကားသမားနဲ. စကားပြောရင်း ရင်းနှီးသွားပါတယ်။ စိတ်ထဲမှာတော့ တွေးလိုက်မိသေးတယ်။ "ဒီနေ. စာသင်
ရမယ့်စစ်သားကြီးတွေလည်း ဒီကားသမားလို ဖော်ဖော်ရွေရွေဆိုရင်
ကောင်းမယ်"။

စစ်တပ်ထဲအ၀င်ဝဂိတ်ရောက်တော့ ကင်းစောင့်နေတဲ့ရဲဘော်လေး တစ်ယောက်
က အလေးလှမ်းပြုပါတယ်။ "အရာရှိလည်းမပါဘဲနဲ. ဘာလို.အလေးပြုတာလည်း
ဆရာ" လို. ကားသမားကိုမေးကြည့်တော့ အံ့သြဖွယ်ရာစကားတစ်ခွန်းကိုကြား
ရပြန်ပါတယ်။ "ဆရာမလေးကို အလေးပြုတာပါ"တဲ့။စာသင်ခန်းရှေ.ကားရပ်
လိုက်တော့ ကားသမားကပဲ အရင်ဆင်းပြီး ဆရာမလေးတံခါးကို ဖွင့်ပေးနေပြန်
လို."နေပါစေ..နေပါစေ"ပြောနေရပါသေးတယ်။ ဒါပေမယ့် တံခါးကတော့
ဖွင့်ပြီးနေပါပြီ။

စာသင်ခန်းထဲဝင်လိုက်တော့ ဆရာမလေးသင်ခဲ့ဖူးတဲ့စာသင်ခန်းတွေနဲ. ကွာခြားမှုကိုစတွေ.လိုက်ရပါတယ်။ စာသင်ခန်းတစ်ခုလုံးက ငြိမ်သက်နေ
ပါတယ်။ စီနီယာကျပုံပေါက်တဲ့ စစ်သားတစ်ယောက်က ရှေ.ထွက်လာပြီး ရုတ်တရက်အော်လိုက်တော့ လန်.သွားရပါသေးတယ်။ သူအော်လိုက်တာက
"သင်တန်း ရှေ.ကြည့်"တဲ့။ ပြီးတော့ ဆက်အော်တဲ့အသံတွေက "ဦးထုပ်ဆောင်း"
"တန်းထ" ဆိုတဲ့အသံတွေ။ အောက်ကလူတွေ ကလည်းရှေ.ကလူခိုင်းတဲ့
အတိုင်း တသွေမတိမ်းလိုက်လုပ်နေကြပါတယ်။ အဲဒီမှာ ပြဿနာက စတာ။ ရှေ.ကစီနီယာလုပ်တဲ့သူက ရုတ်တရက် ဆရာမလေးရှေ.တည့်တည့်မှာ
ရပ်ပြီး အလေးပြုလိုက်တယ်။ ပြီးတော့ ဆက်တိုက်အော်တော့တာပဲ။ "သင်တန်းသားရှိရင်း ၃၀ ယောက်၊ ခန်းမ၀င် ၃၀ ယောက်၊ ပျက်ကွက်မရှိ၊ ခန်းမ၀င်ပြီးအသင့်" တဲ့။ အော်ပြီးတော့ ဆရာမရှေ.မှာပဲ တောင့်တောင့်ကြီး
ရပ်နေတယ်။ ဆရာမကလည်း ဘာပြန်ပြောရမှန်းမသိဘဲကြောင်ကြည့်နေတယ်။ ဆရာမက ဘာမှပြန်မပြောတော့ သင်တန်းသားခေါင်းဆောင်က ဆရာမကို
မေးတယ်။" ထိုင်ခိုင်းလိုက်ရတော့မလားဆရာမ"တဲ့။ အဲကျမှ သတိရပြီး
"ရပြီ..ရပြီ.. ထိုင်ကြပါရှင်" လို.ကမန်းကတန်း ပြောလိုက်ရတယ်။စာမသင်ရသေး
ခင်မှာပဲ ဌာနကဆရာမကြီးတွေပြောလိုက်တဲ့"ပစ်တိုင်းထောင်လိုလူသားတွေ
ဆိုတာ မှန်နေပြီထင်တယ်"လို. တွေးလိုက်မိပါတယ်။

စာသင်တော့လည်း တစ်ကယ့်ကလေးတွေလို အော်ကြီးဟစ်ကျယ်နဲ. "ကကြီးခခွေး" ကိုလိုက်ဆို နေကြပါတယ်။ ဆရာမလေးရဲ့စိတ်မှာ စစ်သားကြီးတွေ
ကို စစ်သားတွေလို.မမြင်တော့ဘဲ ကိုယ့်တပည့်လေးတွေလိုမြင်လာပါတယ်။
စစ်ယူနီဖောင်းကိုလည်း အစိမ်းရောင်လို.မမြင်တော့ဘဲ အဖြူနဲ.အစိမ်းလို.
မြင်လာပါပြီ။ အထင်နဲ.အမြင်တွေကတော့ တစ်ခြားစီဖြစ်နေပါပြီ။

ညနေသင်တန်းပြီးတဲ့အချိန် စီနီယာစစ်သားက အလေးပြုပြီးသင်တန်းဖြုတ်ခွင့်
တောင်းတဲ့အခါမှာတော့ ဆရာမလေးအနေနဲ.ကြောင်အမ်းအမ်းဖြစ်မနေတော့ဘဲ
"ဆက်လုပ်ပါ" ဆိုတဲ့စကားလေးကို လျှောလျှောလျှုလျှုပြောထွက်ခဲ့ပါတယ်။

ပြန်ဖို.ပြင်တဲ့အချိန်မှာတော့ စာသင်ခန်းရှေ.မှာ ကားက အဆင်သင့်စောင့်နေ
ပါတယ်။ ဆရာမလေးခြင်းကို စီနီယာကျောင်းသားကကိုင်ပြီး ကားနားကို
လိုက်ပို.ပါတယ်။ကျန်တဲ့သင်တန်းသားတစ်ယောက်ကတော့ တံခါးကိုသွားဖွင့်ပေး
နေပါတယ်။ ကားသမားတောင် ဖွင့်ပေးစရာမလိုတော့ပါဘူး။ ကားပေါ်တက်ပြီး ကားထွက်တဲ့အချိန်မှာတော့ ဆရာမလေးက အပြုံးတွေနဲ. လက်ပြပြီးနှုတ်ဆက်
လိုက်ပါတယ်။ အဲချိန်မှာ စီနီယာစစ်သားကြီးဆီက "အလေးပြု"ဆိုတဲ့အသံကြီး
ထွက်လာပါတယ်။ သူ.အော်သံနဲ.အတူ ဘေးကစစ်သားတွေပါ သတိအနေအထား
ရောက်သွားကြပါတယ်။

ဆရာမလေးက ကားပေါ်ကနေ လက်ပြနေရင်းနဲ. စကားတစ်ခွန်းလှမ်းပြော
သွားပါတယ်။ " နောက်နေ.တွေလည်း ဆရာမလေး လာခဲ့အုံးမယ်နော်။အိမ်စာတွေ
သေချာလုပ်ခဲ့ကြပါ"တဲ့။

Credit ...
ဆရာမ ဒေါ်သီတာ

Address

27th 28th/84
Myaing
05012

Alerts

Be the first to know and let us send you an email when M.S.P Online Pharmacy / Drugstore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram