KM Dental Care

KM Dental Care KM Dental Care is an aesthetic dental care located on the Thazin lane (between 40 & 41 street, betwe Dental Clinic and Care

🧨 Happy New Year ... 2026 🧨🎆 နှစ်သစ်အားလပ်ရက်မှာ ​မိတ်​ဆွေတို့အားလုံး စိတ်​အေးချမ်းသာရှိကြပါ​စေ​ကြောင်း `KM Dental Care‘...
31/12/2025

🧨 Happy New Year ... 2026 🧨

🎆 နှစ်သစ်အားလပ်ရက်မှာ ​မိတ်​ဆွေတို့အားလုံး စိတ်​အေးချမ်းသာရှိကြပါ​စေ​ကြောင်း `KM Dental Care‘ မိသားစုမှ ဆု​တောင်းလိုက်ပါတယ် 📣

"က​လေး​တွေကို သွားကျောက်ခြစ်​ပေးရင် သွား​တွေပါးသွားမလား" ❓️ဆိုပြီး စိုးရိမ်တတ်ကြပါတယ်📣တကယ်တော့ 🦷သွားကျောက်ခြစ်တာဟာ သွား​...
26/12/2025

"က​လေး​တွေကို သွားကျောက်ခြစ်​ပေးရင် သွား​တွေပါးသွားမလား" ❓️ဆိုပြီး စိုးရိမ်တတ်ကြပါတယ်📣

တကယ်တော့ 🦷သွားကျောက်ခြစ်တာဟာ သွား​
တွေကို တိုက်စားပစ်တာမျိုးမဟုတ်ဘဲ ကပ်ငြိနေတဲ့ အညစ်အကြေးကိုပဲ တုန်ခါမှုနဲ့ ဖယ်ရှားတာဖြစ်လို့ သွား​တွေကို မထိခိုက်​စေပါဘူး ...

💁🏻‍♀️များသောအားဖြင့် က​လေး​တွေအ​နေနဲ့ အသက် ၆ နှစ်ဝန်းကျင်က စတင်ပြုလုပ်နိုင်ပြီး သွားကျောက်​တွေအရမ်းများနေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး အသက် ၃ နှစ်၊ ၄ နှစ်​လောက်တည်းက လုပ်ပေးနိုင်ပါတယ် ❗️

✨ကလေးတွေကို သွားကျောက်ခြစ်ပေး​ခြင်းက...

- ပုံမှန်သွားတိုက်ရုံနဲ့ မပြောင်စင်တဲ့ သွားကျောက်တွေကို ဖယ်ရှားပေးလို့ ပိုးမစားအောင် တားဆီးပေးနိုင်တယ်

- သွားဖုံးရောင်တာ ၊ သွားဖုံးသွေးထွက်တာတွေကို သက်သာစေပြီး ခံတွင်းနံ့ ကောင်းမွန်စေပါတယ်

ဒါ့အပြင် အခုလိုမျိုး က​လေး​တွေငယ်ငယ်တည်း
က သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုစိုက်တတ်တဲ့ အလေ့အကျင့်ကောင်းလေး ရရှိဖို့ဆိုတာ မိဘ​တွေ
ရဲ့ တာဝန်ပါပဲ 📣

👨🏻‍⚕️Dr. Kaung Myint Myat
- B.D.S,MSc. (Oral Implantology)
Goethe University - Frankfurt Germany
- ICOI Diplomate (USA)
- F.I.C.C.D.E
- F.I.C.D

🦷 𝐊𝐌 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞

🏠 ဆေးခန်း (၁) ။ ။ ၈/၄၅(က) ၊ လမ်း ၄၀ (စီ) ၊ ၅၈-၅၉ လမ်းကြား၊ ရဲမွန်တောင် ၊ မန္တလေးမြို့။
☎ ဖုန်း ။ ။ 09- 782827830, 09- 2079788

🏠 ဆေးခန်း (၂) ။ ။ အမှတ် (၅၁/ခ) ၊ ၇၆ လမ်း၊ လမ်း ၃၀-၃၁ လမ်းကြား၊ မန္တလေးမြို့။
☎ ဖုန်း။ ။ 09- 777369335, 09- 777369760


#သွား​ကျောက်ခြစ်ခြင်း #သွားနဲ့ခံတွင်းကျန်းမာ​ရေး

🎄Merry Christmas to you all 🎄🎅 Christmas ​နေ့​လေးမှာအားလုံးပဲ ​ပျော်ရွှင်စရာအချိန်​လေး​တွေကို ကိုယ်စီပိုင်ဆိုင်နိုင်ကြပါ...
25/12/2025

🎄Merry Christmas to you all 🎄

🎅 Christmas ​နေ့​လေးမှာအားလုံးပဲ ​ပျော်ရွှင်စရာအချိန်​လေး​တွေကို ကိုယ်စီပိုင်ဆိုင်နိုင်ကြပါ​စေလို့ `KM Dental Care ‘မိသားစုက ဆု​တောင်း​ပေးလိုက်ပါရ​စေ 😍

၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၁၉ ရက်​နေ့မှာကျ​ရောက်လာတဲ့ "ကရင်နှစ်သစ်ကူး" ​နေ့​လေးကို `KM Dental Care ‘ မိသားစုမှ ကြိုဆိုဂုဏ်ပြ...
19/12/2025

၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၁၉ ရက်​နေ့မှာကျ​ရောက်လာတဲ့ "ကရင်နှစ်သစ်ကူး" ​နေ့​လေးကို `KM Dental Care ‘ မိသားစုမှ ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်ဗျာ 📣

#ကရင်နှစ်သစ်ကူး

အဆန်းသစ်ဆုံး နည်းပညာ​ကြောင့် အချိန်တိုအတွင်း ခိုင်ခံ့တဲ့ သွား​တွေကို ပိုင်ဆိုင်​စေမဲ့ 𝐀𝐥𝐥 𝐨𝐧 𝟒 𝐃𝐞𝐧𝐭𝐚𝐥 𝐈𝐦𝐩𝐥𝐚𝐧𝐭 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 ...
18/12/2025

အဆန်းသစ်ဆုံး နည်းပညာ​ကြောင့် အချိန်တိုအတွင်း ခိုင်ခံ့တဲ့ သွား​တွေကို ပိုင်ဆိုင်​စေမဲ့ 𝐀𝐥𝐥 𝐨𝐧 𝟒 𝐃𝐞𝐧𝐭𝐚𝐥 𝐈𝐦𝐩𝐥𝐚𝐧𝐭 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 📣

လက်ရှိမှာ သွားလုံးဝ မရှိတော့တဲ့သူ​​တွေအ​နေနဲ့ သွားစိုက်ဖို့အတွက် အရိုးအစားထိုးမှု​တွေလည်း
မပြုလုပ်ချင်ဘူး ၊ ရိုးရိုးဖြုတ်တပ်ရတဲ့ အံကပ်တွေ
ကိုလည်း သုံးရမှာ လုံးဝအဆင်မပြေဘူးဆိုရင် ...
🦷𝐀𝐥𝐥 𝐨𝐧 𝟒 𝐃𝐞𝐧𝐭𝐚𝐥 𝐈𝐦𝐩𝐥𝐚𝐧𝐭 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭
ရှိ​နေပါတယ်

ဒီကုသမှုဟာ မေးရိုးအပေါ် ၊ အောက် တစ်ဖက်စီမှာ သွားမြစ်တု (၄) ချောင်းကို အခြေခံပြီး သွားတု​တွေကို တစ်ဆက်တည်း အသေတပ်ဆင်တဲ့ နည်းလမ်းဖြစ်တာ​ကြောင့် အရိုးအစားထိုးစရာမလိုဘဲ သက်​သောင့်သက်သာရှိရှိနဲ့ သွား​တွေကို ပြန်လည်ပိုင်ဆိုင်
နိုင်မှာပါ 📣

❗️တခြားကုသမှု​တွေနဲ့ယှဥ်ရင် ကုန်ကျစရိတ်လည်းသက်သာသလို ​နောက်ဆုံး​ပေါ် နည်းပညာသစ်​ကြောင့် ခိုင်မာတဲ့သွားတွေကို အချိန်တိုအတွင်း ပိုင်ဆိုင်
ဖို့ဆိုရင် ...

🦷 𝐊𝐌 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞 ရဲ့ 𝐀𝐥𝐥 𝐨𝐧 𝟒 𝐃𝐞𝐧𝐭𝐚𝐥 𝐈𝐦𝐩𝐥𝐚𝐧𝐭 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 ကို ​ရွေး ချယ်လိုက်ပါ🥰

👨🏻‍⚕️Dr. Kaung Myint Myat
- B.D.S,MSc. (Oral Implantology)
Goethe University - Frankfurt Germany
- ICOI Diplomate (USA)
- F.I.C.C.D.E
- F.I.C.D

🦷 𝐊𝐌 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞

🏠 ဆေးခန်း (၁) ။ ။ ၈/၄၅(က) ၊ လမ်း ၄၀ (စီ) ၊ ၅၈-၅၉ လမ်းကြား၊ ရဲမွန်တောင် ၊ မန္တလေးမြို့။
☎ ဖုန်း ။ ။ 09- 782827830, 09- 2079788

🏠 ဆေးခန်း (၂) ။ ။ အမှတ် (၅၁/ခ) ၊ ၇၆ လမ်း၊ လမ်း ၃၀-၃၁ လမ်းကြား၊ မန္တလေးမြို့။
☎ ဖုန်း။ ။ 09- 777369335, 09- 777369760



🦷သွားညှိချင်​ပေမဲ့ ဘယ်​လောက်ကြာကြာအထိ ကုသမှု ခံယူရမလဲ ? ဆိုတာ မသိလို့ အခက်​တွေ့​နေတဲ့သူ​တွေရှိလား ❓️⏰️တကယ်တော့ သွားညှိကု...
10/12/2025

🦷သွားညှိချင်​ပေမဲ့ ဘယ်​လောက်ကြာကြာအထိ
ကုသမှု ခံယူရမလဲ ? ဆိုတာ မသိလို့ အခက်​တွေ့​
နေတဲ့သူ​တွေရှိလား ❓️

⏰️တကယ်တော့ သွားညှိကုသမှုရဲ့ ကြာမြင့်ချိန်ဟာ လူတစ်ယောက်နဲ့တစ်ယောက် အပေါ်မှာမူတည်ပြီး ကွာခြားမှု ရှိနိုင်ပါတယ် ... ပုံမှန်အားဖြင့်​ အနည်း ဆုံး ၁ နှစ်ခွဲက​နေ အများဆုံး ၃ နှစ်အထိကြာ​နိုင်ပါတယ်

​🌟 သွား​တွေရဲ့ ယိုင်နဲ့မှု ၊ မညီညာမှု အ​ခြေအ​​နေ ၊

🌟 ခံတွင်း၊ သွားဖုံးနဲ့ အရိုးတွေရဲ့ ကျန်းမာရေး အခြေအနေ ၊

🌟 သွားညှိကိရိယာ တပ်ဆင်ထားတဲ့အချိန်အတွင်း သွားနဲ့ ခံတွင်းသန့်ရှင်း​ရေးကို ဂရုစိုက်နိုင်မှု ၊

🌟ဆရာဝန်နဲ့ ကုသမှုရက်ချိန်းတွေကို မပျက်ကွက် ပြသတဲ့ အ​ပေါ်​တွေမှာ မူတည်ပြီး ကြာချိန်ကအမျိုးမျိုး ​ပြောင်းလဲနိုင်ပါတယ် ❗️

အချိန်တစ်ခုအတွင်း သေချာ ထိထိ​ရောက်​ရောက်နဲ့ 🦷သွားညှိကုသမှုကို ခံယူချင်တယ်ဆိုရင်​တော့ ...

ခေတ်မီနည်းပညာ​တွေ ၊ နိုင်ငံတကာ အဆင့်မီစက် ပစ္စည်း​တွေနဲ့ စမ်းသပ်ကုသ​ပေး​နေတဲ့ 𝐊𝐌 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞 ကိုလာ​ရောက်ပြီး ​ကျွမ်းကျင်ဆရာဝန်​တွေနဲ့အတူ ​အ​သေးစိတ်ဆွေး​နွေးတိုင်ပင်လိုက်ပါ📣

👨🏻‍⚕️Dr. Kaung Myint Myat
- B.D.S,MSc. (Oral Implantology)
Goethe University - Frankfurt Germany
- ICOI Diplomate (USA)
- F.I.C.C.D.E
- F.I.C.D

🦷 𝐊𝐌 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞

🏠 ဆေးခန်း (၁) ။ ။ ၈/၄၅(က) ၊ လမ်း ၄၀ (စီ) ၊ ၅၈-၅၉ လမ်းကြား၊ ရဲမွန်တောင် ၊ မန္တလေးမြို့။
☎ ဖုန်း ။ ။ 09- 782827830, 09- 2079788

🏠 ဆေးခန်း (၂) ။ ။ အမှတ် (၅၁/ခ) ၊ ၇၆ လမ်း၊ လမ်း ၃၀-၃၁ လမ်းကြား၊ မန္တလေးမြို့။
☎ ဖုန်း။ ။ 09- 777369335, 09- 777369760


#သွားညှိကုသမှု #သွားညှိခြင်း

မေးရိုးပမာဏများစွာ ဆုံးရှုံးထားလို့ သွားပြန်စိုက်လို့ မရနိုင်​တော့ဘူး လို့ ထင်​နေတုန်းပဲလား ❓️📣တခြားနည်းလမ်း​တွေနဲ့မတူတဲ...
03/12/2025

မေးရိုးပမာဏများစွာ ဆုံးရှုံးထားလို့ သွားပြန်စိုက်လို့ မရနိုင်​တော့ဘူး လို့ ထင်​နေတုန်းပဲလား ❓️

📣တခြားနည်းလမ်း​တွေနဲ့မတူတဲ့ 𝐙𝐲𝐠𝐨𝐦𝐚𝐭𝐢𝐜 𝐈𝐦𝐩𝐥𝐚𝐧𝐭ကုသမှုနဲ့ဆိုရင်​တော့ ဖြစ်နိုင်ပါ​သေးတယ် 𝐙𝐲𝐠𝐨𝐦𝐚𝐭𝐢𝐜 𝐈𝐦𝐩𝐥𝐚𝐧𝐭 ဆိုတာ အပေါ်မေးရိုးဆုံးရှုံးမှုများတဲ့ လူနာတွေအတွက် ရိုးရိုး Implant စိုက်သလို အရိုးအစားထိုး ခွဲစိတ်စရာမလိုဘဲ ...

ခိုင်မာတဲ့ ပါးရိုးထဲမှာ တိုက်ရိုက် သွားစိုက်တဲ့ အဆင့်မြင့်ကုသမှုတစ်ခုပဲ ဖြစ်ပါတယ် 💯 ဒီကုသမှုမှာ ...

🌟အရိုးအစားထိုးစရာမလိုတဲ့အတွက် ကုသချိန် သိသိသာသာ တိုတောင်းသလို ခွဲစိတ်မှုပမာဏကိုလျှော့ချနိုင်လို့ နာကျင်မှုလျော့နည်း​စေတဲ့အပြင်

🌟ပါးရိုး (Zygoma) က မေးရိုးထက် ပိုမိုသိပ်သည်းဆများတာကြောင့် အစားထိုး စိုက်ထားတဲ့သွား​တွေရဲ့ ခံနိုင်ရည်အားကိုလည်း ပိုမိုခိုင်မြဲစေပါတယ်📣

မိတ်​ဆွေတို့အ​နေနဲ့ 𝐙𝐲𝐠𝐨𝐦𝐚𝐭𝐢𝐜 𝐈𝐦𝐩𝐥𝐚𝐧𝐭 ကုသမှုကို ခံယူဖို့ စိတ်ဝင်စားတယ်ဆိုရင်​တော့ သွားဘက်ဆိုင် ရာ Implantology ပညာရပ်မှာ ...

💯နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များစွာ ရရှိထားတဲ့ Dr. Kaung Myint Myat ကိုယ်တိုင် စနစ် တကျ ကုသ​ပေး​နေတဲ့ 𝐊𝐌 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞 ကို လာ​ရောက်​ပြီး အ​သေးစိတ် ဆွေး​နွေးနိုင်ပါတယ် ❗️

👨🏻‍⚕️Dr. Kaung Myint Myat
- B.D.S,MSc. (Oral Implantology)
Goethe University - Frankfurt Germany
- ICOI Diplomate (USA)
- F.I.C.C.D.E
- F.I.C.D

🦷 𝐊𝐌 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞

🏠 ဆေးခန်း (၁) ။ ။ ၈/၄၅(က) ၊ လမ်း ၄၀ (စီ) ၊ ၅၈-၅၉ လမ်းကြား၊ ရဲမွန်တောင် ၊ မန္တလေးမြို့။
☎ ဖုန်း ။ ။ 09- 782827830, 09- 2079788

🏠 ဆေးခန်း (၂) ။ ။ အမှတ် (၅၁/ခ) ၊ ၇၆ လမ်း၊ လမ်း ၃၀-၃၁ လမ်းကြား၊ မန္တလေးမြို့။
☎ ဖုန်း။ ။ 09- 777369335, 09- 777369760


အချိန်အကြာကြီး​စောင့်စရာမလိုဘဲ ချက်ချင်းနှုတ် ၊ ချက်ချင်းစိုက်နိုင်တဲ့ Immediate Implant ကုသမှု ​🚬ဆေးလိပ်အ​သောက်များတာ​က...
21/11/2025

အချိန်အကြာကြီး​စောင့်စရာမလိုဘဲ ချက်ချင်းနှုတ် ၊ ချက်ချင်းစိုက်နိုင်တဲ့ Immediate Implant ကုသမှု

​🚬ဆေးလိပ်အ​သောက်များတာ​ကြောင့် သွား​တွေပျက်စီး​နေတဲ့ အသက် ၄၃ နှစ်အရွယ် ၊ Patient တစ်​ယောက်အတွက် 🦷 𝐊𝐌 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞 က​နေနောက်ဆုံး​ပေါ် Digital နည်းပညာ​​တွေကို အ​ခြေခံ ထားတဲ့ Immediate Implant ကုသမှုကို ပြုလုပ်​ပေးခဲ့ပါတယ် 📣

ဒီကုသမှုမှာဆိုရင် 📝 Digital နည်းပညာနဲ့ သွားပုံစံ
နမူနာကို အရင်ရယူပြီး ​ပျက်စီးယိုယွင်း​နေတဲ့ သွား ၁၂ ​ချောင်းစလုံးကို ချက်ချင်းနှုတ်ကာ သွားမြစ်တု ၈ ​ချောင်း အစားထိုး​ပေးခဲ့ပါတယ် ... ပြီးရင်​တော့ တစ်ခါတည်း ယာယီသွားတု​တွေကို တပ်ဆင်​ပေးခဲ့ တာ​ကြောင့် ကုသမှုပြီးတဲ့အခါ ချက်ချင်းသွား​တွေကို အဆင်​ပြေ​ပြေနဲ့အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်

ယာယီသွားတုတပ်ပြီး နောက်ထပ် ၃ လအကြာမှာ​တော့ တစ်သက်လုံး စိတ်ချလက်ချသုံးနိုင်မဲ့ 🦷ကြွေသွားတု ၁၄ ​ချောင်းလုံးကို အ​ခွေလိုက် စိုက်​ပေးဖြစ်ခဲ့ပါတယ်

❗️ပုံမှန်ဆိုရင်​ သွားနှုတ်ပြီး ​နောက်ထပ် ၃ လအကြာမှာမှ သွားမြစ်တု အစားထိုးစိုက်ရပြီး ကြားထဲမှာ အံကပ်ကို အချိန်​တော်​တော်ကြာ​အောင် အသုံးပြုရပါ​သေးတယ် ...ဒါ​ပေမဲ့ Immediate Implant ကုသမှုမှာ​တော့ ဒီအဆင့်​တွေအားလုံးကိုကျော်ပြီးချက်ချင်း သွားမြစ်တု အစားထိုးလို့ရတဲ့အတွက် ကုသချိန်တို​တောင်းသလို ခွဲစိတ်မှု​တွေလည်း ခဏခဏ လုပ်စရာမလိုပါဘူး

ဒါ့​ကြောင့် အချိန်အကြာကြီး မ​စောင့်ချင်ဘဲ နည်း စနစ်ကျကျနဲ့ သွားမြစ်တုအစားထိုးမှု​တွေကို ခံယူ
ချင်သူ​တွေအ​နေနဲ့ ...
🦷𝐊𝐌 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞 ရဲ့ Immediate Implant Treatment ကို ​ရွေးချယ်နိုင်ပါတယ်❗️

👨🏻‍⚕️Dr. Kaung Myint Myat
- B.D.S,MSc. (Oral Implantology)
Goethe University - Frankfurt Germany
- ICOI Diplomate (USA)
- F.I.C.C.D.E
- F.I.C.D

🦷 𝐊𝐌 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞

🏠 ဆေးခန်း (၁) ။ ။ ၈/၄၅(က) ၊ လမ်း ၄၀ (စီ) ၊ ၅၈-၅၉ လမ်းကြား၊ ရဲမွန်တောင် ၊ မန္တလေးမြို့။
☎ ဖုန်း ။ ။ 09- 782827830, 09- 2079788

🏠 ဆေးခန်း (၂) ။ ။ အမှတ် (၅၁/ခ) ၊ ၇၆ လမ်း၊ လမ်း ၃၀-၃၁ လမ်းကြား၊ မန္တလေးမြို့။
☎ ဖုန်း။ ။ 09- 777369335, 09- 777369760


🪥သွားတိုက်​ဆေးကို အားရပါးရ အပြည့်ညှစ်ပြီး သုံးတာ အကျင့်ပါ​နေပြီလား ❓️ဒါဟာ မှားယွင်းတဲ့ အလေ့အကျင့်တစ်ခုပါ 🤔တချို့ဆို သွား...
14/11/2025

🪥သွားတိုက်​ဆေးကို အားရပါးရ အပြည့်ညှစ်ပြီး
သုံးတာ အကျင့်ပါ​နေပြီလား ❓️

ဒါဟာ မှားယွင်းတဲ့ အလေ့အကျင့်တစ်ခုပါ 🤔တချို့ဆို သွားတိုက်ဆေး အများကြီး ပိုသုံးလေ ပိုသန့်ရှင်းလေဆိုပြီး အမှတ်မှားတတ်ကြပါ​သေးတယ် ... တကယ်​တော့ ကလေးရော ၊ လူကြီး​တွေပါ သွား တိုက်ဆေးပမာဏကို ချင့်ချိန်ပြီး သုံးစွဲတတ်ဖို့
လိုပါတယ်

📣ဒါမှ သွား​တွေကို ကာကွယ်ပေးမဲ့ Fluoride ကို လိုအပ်တဲ့ ပမာဏအတိုင်း ရရှိနိုင်မှာ ဖြစ်ပါတယ်...
ပုံမှန်အားဖြင့်

🌟၂ နှစ်အောက်က​လေးငယ်​တွေဆို ဆန်​စေ့ပမာဏ

🌟၂ နှစ်က​နေ ၆ နှစ်အထိ က​လေး​တွေအတွက်
ဆိုရင် ပဲ​စေ့တစ်ခြမ်း ပမာဏ

🌟၆ နှစ်က​နေ လူကြီး​​တွေအထိက​တော့ ပဲ​စေ့
တစ်​စေ့ ပမာဏသာ သုံးသင့်ပါတယ်​နော်

ဒီ​တော့ နောက်တစ်ခါ သွားတိုက်တဲ့အခါ သွားတိုက် ဆေးကို မှန်ကန်တဲ့ပမာဏအတိုင်း ညှစ်သုံးဖို့ မမေ့
ပါနဲ့❗️

👨🏻‍⚕️Dr. Kaung Myint Myat
- B.D.S,MSc. (Oral Implantology)
Goethe University - Frankfurt Germany
- ICOI Diplomate (USA)
- F.I.C.C.D.E
- F.I.C.D

🦷 𝐊𝐌 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞

🏠 ဆေးခန်း (၁) ။ ။ ၈/၄၅(က) ၊ လမ်း ၄၀ (စီ) ၊ ၅၈-၅၉ လမ်းကြား၊ ရဲမွန်တောင် ၊ မန္တလေးမြို့။
☎ ဖုန်း ။ ။ 09- 782827830, 09- 2079788

🏠 ဆေးခန်း (၂) ။ ။ အမှတ် (၅၁/ခ) ၊ ၇၆ လမ်း၊ လမ်း ၃၀-၃၁ လမ်းကြား၊ မန္တလေးမြို့။
☎ ဖုန်း။ ။ 09- 777369335, 09- 777369760

🦷သွား​တွေကို ညီညာလှပ​အောင် ပြုပြင်ခြင်းက လူတစ်​ယောက်အတွက် ဘယ်​လောက်အတိုင်းအတာအထိ အ​ရေးပါတယ်လို့ ထင်ပါသလဲ❓️ ​စောင်းခြင်း ...
07/11/2025

🦷သွား​တွေကို ညီညာလှပ​အောင် ပြုပြင်ခြင်းက လူတစ်​ယောက်အတွက် ဘယ်​လောက်အတိုင်းအတာအထိ အ​ရေးပါတယ်လို့ ထင်ပါသလဲ❓️

​စောင်းခြင်း ၊ ယိုင်ခြင်းမရှိဘဲ ညီညာတဲ့သွားတွေဟာ ...
🪥သန့်ရှင်းရေးလုပ်ရတာ လွယ်ကူလို့ သွားပိုးစားခြင်း ၊ သွားဖုံးရောဂါနဲ့ ခံတွင်းနံ့ဆိုးခြင်း စတဲ့ ကျန်းမာရေး ပြဿနာတွေကို လျော့ချပေးနိုင်တယ်

🥙အစာအစား​တွေကို စနစ်တကျ ဝါးစားနိုင်ပြီး အစာ ခြေစနစ်ကိုလည်း အထောက်အကူပြု​ပေးတယ်

🗣ဒါ့အပြင် လူအများကြား ​စကား​ပြောဆိုဆက်ဆံတဲ့အခါ ၊ ပြုံးရယ်ပြတဲ့အခါ စိတ်မလုံခြုံမှု​တွေမရှိ​တော့လို့ ကိုယ်ပိုင် ယုံကြည်မှုကို တိုး​စေတယ် ❗️
ဒီ​တော့ လူမှုဆက်ဆံရေးနဲ့ အလုပ်အကိုင်ကိစ္စတွေ
၊ ​နေ့စဥ်သွားလာလှုပ်ရှားမှု​တွေမှာလည်း ပိုပြီး
အဆင်​ပြေ​​ချော​မွေ့စေနိုင်ပါတယ်📣

🌟မိတ်​ဆွေတို့အ​နေနဲ့ ဒီလို အပြောင်းအလဲသစ်တွေကို လက်ခံဖို့အတွက် အဆင်သင့်ဖြစ်ပြီဆိုရင် ...

🦷 𝐊𝐌 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞 မှာ ယုံကြည်စိတ်ချရပြီး ကျွမ်းကျင်တဲ့ သွားဆရာဝန်ကြီးများနဲ့အတူ စနစ် တကျနဲ့ 𝐎𝐫𝐭𝐡𝐨𝐝𝐨𝐧𝐭𝐢𝐜𝐬 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 ကို ခံယူပြီး ယိုင်နဲ​နေတဲ့ သွား​တွေကို ပြုပြင်​ပြောင်းလဲလိုက်ပါ 📣

👨🏻‍⚕️Dr. Kaung Myint Myat
- B.D.S,MSc. (Oral Implantology)
Goethe University - Frankfurt Germany
- ICOI Diplomate (USA)
- F.I.C.C.D.E
- F.I.C.D

🦷 𝐊𝐌 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞

🏠 ဆေးခန်း (၁) ။ ။ ၈/၄၅(က) ၊ လမ်း ၄၀ (စီ) ၊ ၅၈-၅၉ လမ်းကြား၊ ရဲမွန်တောင် ၊ မန္တလေးမြို့။
☎ ဖုန်း ။ ။ 09- 782827830, 09- 2079788

🏠 ဆေးခန်း (၂) ။ ။ အမှတ် (၅၁/ခ) ၊ ၇၆ လမ်း၊ လမ်း ၃၀-၃၁ လမ်းကြား၊ မန္တလေးမြို့။
☎ ဖုန်း။ ။ 09- 777369335, 09- 777369760


#သွားညှိခြင်း

🌕မင်္ဂလာအ​ပေါင်းနဲ့ပြည့်စုံတဲ့ တန်​ဆောင်မုန်းလပြည့်​နေ့​လေးမှစပြီး ​ဘေးဘယာ အ​ပေါင်းမှ ကင်း​ဝေးကာ စိတ်နှလုံးချမ်း​မြေ့သာယ...
04/11/2025

🌕မင်္ဂလာအ​ပေါင်းနဲ့ပြည့်စုံတဲ့ တန်​ဆောင်မုန်း
လပြည့်​နေ့​လေးမှစပြီး ​ဘေးဘယာ အ​ပေါင်းမှ
ကင်း​ဝေးကာ စိတ်နှလုံးချမ်း​မြေ့သာယာနိုင်ကြပါ​
စေ​လို့ "KM Dental Care" မိသားစုက​နေ အားလုံးအတွက် ဆု​တောင်း​မေတ္တာများ ပို့သလိုက်ပါရ​စေ📣


#​တန်​ဆောင်မုန်းလပြည့်

သွားအ​ခေါင်းပေါက်​တွေကို လျစ်လျူမရှူထားဘဲ အမြန်ဆုံးဖာ​ထေးပြုပြင်လိုက်ပါ 🦷💁🏻‍♀️သွားပိုးစားတာ ၊ သွားအက်တာတွေကြောင့်ဖြစ် တတ...
31/10/2025

သွားအ​ခေါင်းပေါက်​တွေကို လျစ်လျူမရှူထားဘဲ
အမြန်ဆုံးဖာ​ထေးပြုပြင်လိုက်ပါ 🦷

💁🏻‍♀️သွားပိုးစားတာ ၊ သွားအက်တာတွေကြောင့်ဖြစ် တတ်တဲ့ သွားအ​ခေါင်းပေါက်တွေကို သတိမပြုမိဘဲလျစ်လျူရှုထားမယ်ဆိုရင် ရေရှည်မှာ ဒီလို ဆိုးကျိုးတွေ ရင်ဆိုင်ရနိုင်တယ် ဆိုတာ သိပါသလား ❓️

🦷အစာစားတိုင်း စပ်ဖျဉ်းဖျဉ်း ခံစား​ရတာကနေ နောက်ပိုင်း အာရုံကြောတွေ အထိရောက်ပြီး မခံ
မရပ်နိုင်အောင် နာကျင်လာနိုင်တယ်

🦠ပိုးပေါက်​တွေထဲက ဘက်တီးရီးယားတွေဟာ သွားအတွင်းပိုင်းက အာရုံကြော​တွေထိ ရောက်သွားရင် ပြင်းထန်တဲ့ သွားပြည်တည်နာ​တွေဖြစ်လာနိုင်ပြီး သွားဖုံးတွေ ရောင်ရမ်းလာနိုင်ပါတယ်

🦷သွားဖာခြင်း (Dental Fillings) ဆိုတာ ဒီလို သွားအ​ခေါင်း​ပေါက်​တွေကို ပြန်လည်​ကောင်းမွန်
လာ​စေမဲ့ ကုသမှုပါပဲ 💯 ဒီကုသမှုမှာဆိုရင် ပိုးစား
နေတဲ့အစိတ်အပိုင်း​တွေကို ​သေချာ ဖယ်ရှားပြီး သွားအ​ခေါင်းပေါက်ကို စိတ်ချရတဲ့ Filling Material တွေနဲ့ ပိတ်လိုက်တဲ့အတွက် ပိုးမွှားတွေ ထပ်မံဝင်ရောက် မလာ​စေဖို့ တားဆီး​ပေးနိုင်ပါတယ်

💁🏻‍♀️သွားဖာခြင်းဟာ အချိန်တိုအတွင်း ပြုလုပ်နိုင်တဲ့ ကုသမှုဖြစ်ပြီး 𝐊𝐌 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞 မှာဆိုရင် ကျွမ်း ကျင် သွားဆရာဝန်ကြီးများကိုယ်တိုင်က စနစ်တကျ ကုသပေး​နေတာ​ကြောင့် သွားအ​ခေါင်းအပေါက်​တွေကို ဒီအတိုင်းကြီး ပစ်မထားဘဲ... အချိန်မီ ကုသလိုက်ပါ📣

👨🏻‍⚕️Dr. Kaung Myint Myat
- B.D.S,MSc. (Oral Implantology)
Goethe University - Frankfurt Germany
- ICOI Diplomate (USA)
- F.I.C.C.D.E
- F.I.C.D

🦷 𝐊𝐌 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞

🏠 ဆေးခန်း (၁) ။ ။ ၈/၄၅(က) ၊ လမ်း ၄၀ (စီ) ၊ ၅၈-၅၉ လမ်းကြား၊ ရဲမွန်တောင် ၊ မန္တလေးမြို့။
☎ ဖုန်း ။ ။ 09- 782827830, 09- 2079788

🏠 ဆေးခန်း (၂) ။ ။ အမှတ် (၅၁/ခ) ၊ ၇၆ လမ်း၊ လမ်း ၃၀-၃၁ လမ်းကြား၊ မန္တလေးမြို့။
☎ ဖုန်း။ ။ 09- 777369335, 09- 777369760


#သွားဖာခြင်း

Address

No. 8/45, 58th & 59th Street, Between 40th & 41st Street
Mandale
111111

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

9592079788

Website

Alerts

Be the first to know and let us send you an email when KM Dental Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to KM Dental Care:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram