Happy Mom Baby Swim and Massage

Happy Mom Baby Swim and Massage Baby လေးတွေခေတ်မှီ၊ ကျန်းမာအာင်ရေကူြး?

 #မိသားစုအတွင်းကရန်ပွဲများ..မိသားစုအလိုက်ရန်ပွဲအနည်းနဲ့အများရှိသလိုကလေများရန်ဖြစ်ရတဲ့အကြောင်းအရင်းမှာလည်းအမျိုးမျိုးရှိန...
07/09/2020

#မိသားစုအတွင်းကရန်ပွဲများ..
မိသားစုအလိုက်ရန်ပွဲအနည်းနဲ့အများရှိသလိုကလေများရန်ဖြစ်ရတဲ့အကြောင်းအရင်းမှာလည်းအမျိုးမျိုးရှိနိုင်ပါတယ်။အများအားဖြင့်ကလေးတစ်ဦးထက်ပိုသောမိသားစုများမှာရန်ပွဲများတွေ့ရတတ်ပါတယ်။မိသားစုတိုင်းကိုမဆိုလိုပါ။

#မနာလိုလို့ဖြစ်တဲ့ရန်ပွဲ
မနာလိုခြင်းကရန်ပွဲတွေကိုဖြစ်စေနိုင်ပါတယ်။အချစ်မခံရသောကလေးများကမနာလိုတတ်ပါတယ်။သူများနဲ့အမြဲခိုင်းနှိုင်းပြောဆိုခြင်းခံရတဲ့ကလေးလည်းမနာလိုတတ်ပါတယ်။
ဒါကြောင့်သင့်ကလေးများအားလုံးကိုတန်းတူချစ်ပေးပါ။မောင်နှမအချင်းချင်းဒါမှမဟုတ်အခြားကလေးများနဲ့သင့်ကလေးကိုခိုင်းနှိုင်းပြောဆိုခြင်းကိုရှောင်ပါ။
ဒါဆိုရင်မိသားစုရန်ပွဲတွေသက်သာသွားပါလိမ့်မယ်။

#မိဘရဲ့အချစ်မမျှတလို့ဖြစ်တဲ့ရန်ပွဲ
မိဘက သားသမီးအားလုံးထဲကမှတစ်ယောက်ယောက်ကိုပိုချစ်မိရင်ရန်ပွဲတွေဖြစ်ပေါ်နိုင်ပါတယ်။အချစ်ခံရတဲ့ကလေးရဲ့ဘဝမှာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေရှိလာနိုင်ပေမဲ့........အချစ်မခံအပယ်ခံကလေးရဲ့ဘဝမှာတစ်ပါးသူများကိုမနာလိုခြင်း၊ရန်လိုခြင်း၊ဝမ်းနည်းခြင်းနဲ့စိတ်အလိုမကျခြင်းစတဲ့စိတ်ခံစားမှုများနဲ့ဘဝကိုရှေ့ဆက်ကြရပါတယ်။
ဒါကြောင့်သင့်ရဲ့သားသမီးအားလုံးကိုညီညီမျှမျှချစ်ဖို့အရေးကြီးပါတယ်။
သင်သာသင့်ရဲ့ကလေးအားလုံးကိုတူညီစွာချစ်မယ်ဆိုရင်သင့်အိမ်မှာရန်ပွဲတွေအစားပျော်ရွှင်ရယ်မောသံတွေသာရှိနေပါလိမ့်မယ်။

#ကလေးချင်းရန်ပွဲကိုလျစ်လျှူရှုမိလို့မပြီးဆုံးနိုင်သောရန်ပွဲ
ကလေးချင်းစကားများရန်ဖြစ်တဲ့အခါမိဘအနေနဲ့လုပ်သောသူကိုထိုက်သင့်တဲ့အပြစ်ဒဏ်မပေးမိတဲ့အတွက်.........ခံရတဲ့ကလေးကအငြိုးနဲ့ကလဲ့စားပြန်ချေတတ်ပါတယ်။
ဒါကြောင့်ကလေးတွေရန်ဖြစ်ရင်ပေါ့ပေါ့ဆဆသဘောမထားပါနဲ့။မိဘတွေသာရန်ပွဲတွေကိုအဆုံးမသတ်ပေးရင်အိမ်တွင်းမှာမပြီးဆုံးနိုင်တဲ့ရန်ပွဲတွေဆက်တိုက်ပေါ်လာပါလိမ့်မယ်။

#ကလေးတွေရန်ဖြစ်တဲ့အခါ...
-အချို့မိဘတွေကမသိဟန်ဆောင်နေလိုက်ပါတယ်။
-အချို့မိဘတွေကအပေါ်ယံလေးတားပါတယ်။
ဥပမာ။ ။ဟဲ့ရန်မဖြစ်ရဘူးလေ။နင်တို့ကြောင့်ငါစိတ်ညစ်ပါတယ်...
-အချို့မိဘတွေကတရားသူကြီးလုပ်ပါတယ်။
ဥပမာ။ ။ဘယ်သူအရင်စတာလဲ။ဘယ်လိုလုပ်လိုက်တာလဲ....

*အပေါ်ကနည်းလမ်းထက်အကောင်းဆုံးကတော့...သူတို့ရန်ဖြစ်ရင်ဖျန်ဖြေပေးပါ။စစ်ဆေး‌ေမးမြန်းခြင်းမပြုလုပ်ပါနဲ့။ အဲဒီလိုစစ်ဆေးခြင်းက စကားတတ်တဲ့ကလေးကိုအသာစီးရစေပါတယ်။ကလေးတွေကိုလိမ်တတ်အောင်လေ့ကျင့်ပေးရာရောက်ပါတယ်။၊ရန်ဖြစ်သူနှစ်ဦးစလုံးကိုဆုံးမပါ။ကိုယ်ချစ်တဲ့ကလေးဘက်ကမျက်နှာလိုက်ပြီးမစီရင်မိဖို့အရေးကြီးပါတ

ချစ်ခင်ရပါသော အားလုံး ❤️PUO / PUI / Covid သံသယရှိသူ သို့မဟုတ် Covid-19 ရောဂါပိုးတွေ့တိုင်း လူနာတင်ယာဉ်အနီးတွင် Quarantin...
04/09/2020

ချစ်ခင်ရပါသော အားလုံး ❤️
PUO / PUI / Covid သံသယရှိသူ သို့မဟုတ် Covid-19 ရောဂါပိုးတွေ့တိုင်း လူနာတင်ယာဉ်အနီးတွင် Quarantine / Isolation Centre သို့ ခေါ်ဆောင်သွားတိုင်း ဗီဒီယို သို့မဟုတ် ဓါတ်ပုံများ မရိုက်ပါနှင့် 📵

အဲ့ဒီအစား ဝရံတာပေါ်မှာဖြစ်ဖြစ် ပြတင်းပေါက် မှာဖြစ်ဖြစ် ဂိတ်တံခါးမှာဖြစ်ဖြစ် ပေအနည်းငယ်ဝေးပြီး သူ့ကို လက် မထောင်လိုက်ပါ 👍🏼 ပြီးတော့ သူ / သူမ အမြန်ပြန်ကောင်းလာစေဖို့ ဆုတောင်းပါ ❤️
ဒီလူဘယ်လိုဖြတ်သန်းရမယ်ဆိုတာ ကျေးဇူးပြုပြီး နားလည်ပေးပါ 😢

P🙏 L🙏 E🙏 A🙏 S🙏 E🙏
1. သူ / သူမ အတွက် ဆုတောင်းပေးပါ ။
2. သူ / သူမ လေးစားပါ.
3. သူ / သူမလို လူနာတွေကို မခွဲခြားတတ်ကြောင်း ပြပါ ။
4. ကြောက်လန့်ခြင်းကို အခြားသူများထံမဖြန့်ဝေပါနှင့်၊ အခြားသူများကို မကြောက်ရွံ့ခြင်း မဖြန့်ဝေပါနှင့် ။

လူက နေမကောင်းတာ ရာဇဝတ်သား မဟုတ်ဘူး 😔
သူ / သူမ ဟာ ကုသခံရမယ့် သူသာဖြစ်ပါတယ်

တကယ်တော့ ငါတို့အားလုံးက ဒီတိုက်ပွဲမှာ! 💪🏼
အားလုံးဘေးရန်ကင်းစွာ အောင်နိုင်ကြပါစေ... 💌🙏😇

.......

18/08/2020

👶Happy momမှာ၁လမှ၅နှစ်အောက်babyလေးတွေရေကူး လိုရပါပြီ😍

Baby လေးတွေရေကူးခြင်းအားဖြင့် ရရှိမဲ့အကျိုးကျေးဇူးတွေကတော့
🛀🛀ရေထဲမှာကိုယ်လက်လွတ်လပ်စွာလှုပ်ရှားလို့ရတာကြောင့် အရိုး၊အဆစ်၊ကြွက်သားများသန်မာစေခြင်း
🛀🛀ကိုယ်ခံအားကောင်းစေခြင်း
🛀🛀အဆုတ်အားကောင်းစေခြင်း
🛀🛀ဥာဏ်ရည်ဖွံ့ဖြိုးမှုကောင်းစေခြင်း
🛀🛀စားကောင်း၊အိပ်ကောင်းခြင်း
🛀🛀အစာချေစနစ်ကောင်းစေခြင်း
🛀🛀ရေထဲမှာနေရခြင်းကမိခင်၀မ်းထဲမှာနေရသကဲ့သို့ လုံခြုံစိတ်ချမှုခံစားရစေခြင်း
စတဲ့ အကျိုးကျေးဇူးများစွာရရှိစေမှာဖြစ်ပါတယ်။
ဒါကြောင့်Baby လေးခေါ်ပြီးအမြန်လာကူးလိုက်နော်။😘

👍လက်မှတ်ရကျွမ်းကျင်၀န်ထမ်းများမှ၀န်ဆောင်မှုပေးမှာဖြစ်ပါတယ်။
👍ရေကလည်းရေသန့်စက်တပ်ဆင်ထားပြီး သန့်စင်ပြီးသားရေကိုသာ အသုံးပြုထားလို့ စိတ်ချစွာချိုးပေးလို့ရပါတယ်။
👍သတ်မှတ်ထားတဲ့ အခန်းအပူချိန်ထဲမှာ သတ်မှတ်ထားတဲ့ရေအပူချိန်နဲ့ချိုးပေးမှာမို့ ဖျားမှာ အပူရှပ်မှာမကြောက်ရဘူးနော်။

ရိုးရိုးရေကူး နဲ့ spaခနှုန်းထားကတော့
👙👙တစ်ကြိမ် 10000ks
👙👙5ကြိမ် Member လုပ်လျှင် 40000 Ks
👙👙10ကြိမ် Memberလုပ်လျှင် 70000 Ks
ပဲမို့ စျေးအရမ်းသက်သာတယ်နော်။

📲📲လာမယ်ဆို မစောင့်ရအောင်အရင်ကြိုတင်ပြီးဖုန်းဆက်Bookingတင်ပေးပါနော်။
📲📲09-429942244, 09-966566255
🏫🏫Happy Mom ပထမထပ်
35လမ်း 74*75 ကြား မန္တလေး

အခေါ်အဝေါ်နဲ့ ကုထုံးများ မှားနေတဲ့ နို့ပွေး==========================-နို့ပွေး က တစ်နှစ်အောက် ကလေးများတွင် အဖြစ်များပြီး...
01/08/2020

အခေါ်အဝေါ်နဲ့ ကုထုံးများ မှားနေတဲ့ နို့ပွေး
==========================
-နို့ပွေး က တစ်နှစ်အောက် ကလေးများတွင် အဖြစ်များပြီး အမှန်တော့ ပွေး အစစ် မဟုတ်ပါ။ နို့တိုက်အရွယ်တွင် စဖြစ်ပြီး ပွေးနှင့်ဆင်၍ နို့ပွေးဟု ရှေးလူကြီးများ ခေါ်ခဲ့ပုံတူသည်။

-နို့ပွေးက ပွေးအစစ်လို လုံးဝ မကူးပါ။

ဘာကြောင့်ဖြစ်
============
-ကလေး အရေပြားဖွဲ့စည်းမှုတွင် မွေးရာပါ အားနည်းမှုကြောင့် ပတ်ဝန်းကျင်မှ အရာအမျိုးမျိုးနှင့်ထိတွေ့ရာတွင် အရေပြားက ခံနိုင်ရည် မရှိသောကြောင့်ဖြစ်သည်။ အရာ အချို့နှင့် ကလေးအရေပြား မတည့်ဘူးဟု အလွယ်မှတ်နိုင်သည်။

-နို့ပွေးရှိသော ကလေး မိသားစုထဲတွင် ပန်းနာရင်ကြပ်ရှိတတ်သည်။ နို့ပွေးက မျက်နှာတင်မက လည်ပင်း, တံတောင်ဆစ် ရှေ့, ဒူးနောက်တွင်လည်း ဖြစ်နိုင်သည်။

*နို့ပွေးရှိသော ကလေးရဲ့ အရေပြားက လုံးဝမကြိုက်တဲ့ အရာများ
========================
-ဆပ်ပြာနဲ့ ဆပ်ပြာမြှုပ် (ရှောင်ပါ)
-အရေပြား ခြောက်သွေ့ခြင်း ( အလှဆီ ပုံမှန်လိမ်းပေးပါ)
-ပတ်ဝန်းကျင် ပူလွန်းခြင်း (ပူပြင်းသော ရာသီတွင် အထပ်ထပ် အနှီး ပတ်ပေးခြင်းရှောင်ပါ)
-ဖုန် (မှန်မှန် အိမ်သန့်ရှင်းရေးလုပ်ပါ)
-သိုးမွှေး နဲ့ နိုင်လွန် အဝတ်အစား (ကော်တွန်ပဲ ဝတ်ပေးပါ)
-တိရိစ္ဆာန် အမွှေး (ခွေး ကြောင်)
-စားစရာအချို့

ဘာလက္ခဏာများရှိ
=============
-အလွန်ယား၍ ကလေး မအီမသာ ဖြစ်သည်။ ကုတ်၍ ဘက်တီးရီးယား ပိုးဝင်ကောင်းဝင်မည်။
-အနီ ကွင်းများက ဝိုင်းကောင်း ဝိုင်းမည်။ ပုံ အမျိုးမျိုး ဖြစ်နိုင်သည်။
-ပျားရည်ရောင် အဖတ်များပါထွက်လာလျှင် နို့ပွေးထဲ ပိုးဝင်ပြီ။

ဘယ်လိုကု
=======
-အရှင်းပျောက်အောင် ကု၍မရ။ ထပ်မဆိုးအောင် ထပ်မဖြစ်အောင် ထိန်းသိမ်းပေးရသည်။ ကလေး အသက် ၅-၆ နှစ်တွင် အလိုလို ပျောက်သွားနိုင်သည်။ တချို့က ၁၇-၁၈ ထိဖြစ်ပြီး တခါတရံ လူကြီးအရွယ် အထိ မပျောက်ပါ။

ကုထုံး အဆင့် (၁) အပေါ်မှာ ရေးထားသော အရေပြားမကြိုက်တဲ့ အရာများရှောင်ပါ။

ကုထုံး အဆင့် (၂) အရေပြား စိုစွတ်အောင် moisturizer (သို့) glycerine အလှဆီ မှန်မှန်လိမ်းပေးပါ။ ပျောက်သွားပြီးလျှင်လည်း ပုံမှန်လိမ်းပါ။

ကုထုံး အဆင့် (၃) အရမ်းဆိုးလျှင် စတီးရွိုက် လိမ်းဆေးများသုံးရသည်။ စတီးရွိုက် လိမ်းဆေးများက မှိုဆေး, ပိုးသတ်ဆေး မဟုတ်ပါ။ Hydrocortisone Oinment (Hydrotopic)တစ်နေ့ ၃ ကြိမ် ၁ပတ် ၂ပတ် လိမ်းပေးပါ။

တခါတရံ အား ပိုပြင်းသော စတီးရွီုက် လိမ်းဆေးလိုသည်။ ဘေးထွက်ဆိုးကျိုးရှိနိုင်သာကြောင့် အရေပြားဆရာဝန်နှင့် တိုင်ပင်ပြီးမှပေးပါ။ နေထိုင်ရာ အရပ်တွင် အရေပြားဆရာဝန်မရှိ၍ အားပြင်းသော စတီးရွိုက် လိမ်းဆေး (ဥပမာ Beprosone 0.05%) လိမ်းလျှင် ၃ရက်မှ ၅ ရက်ထက် မပိုပါစေနှင့်။ ပါးပါးလိမ်းပါ။ မျက်လုံးတဝိုက်မလိမ်းပါနှင့်။ Beprosone လိမ်းပြီးလျှင် Hydrotopic ဆက်လိမ်းပါ။

ပျောက်ပြီး ပြန်ဆိုးတိုင်း ကုထုံး အဆင့် ၃ ပြန်သုံးပါ။

ကုထုံး အဆင့် (၄) နို့ပွေးပိုးဝင်၍ ပျားရည်ရောင် အဖတ်များ ဖြစ်လျှင် Bactropam လိမ်းဆေး ၁ နေ့ ၃ ကြိမ် ပျောက်တဲ့ အထိ လိမ်းရသည်။ အလွယ်တကူ ဝယ်မရလျှင် ကလေး ဆရာဝန်များကို မေးပါ။

မှတ်ချက် (၁)
ပွေးအစစ်က မှို တစ်မျိုးကြောင့်ဖြစ်သည်။ အများအားဖြင့် အနီကွင်း တစ်ကွင်း ၂ ကွင်း သီးသန့်ဖြစ်သည်။ အကွင်းလယ်တွင် မနီပါ။ ကုနည်းမတူပါ။

မှတ်ချက် (၂)
အခေါ်အဝေါ် ဝေါဟာရ အတည်ပြုပေးပြီး မြန်မာနိုင်ငံတွင် ဝယ်၍ရသော ဆေးတံဆိပ်များ အကြံပေးသည့် အရေပြား အထူးကု ဒေါက်တာ ထက်ထက်စိုးအား ကျေးဇူးတင်ပါသည်။

(ဆေးကျောင်းသားများနှင့် အလုပ်သင်ဆရာဝန်များသို့ စကားလက်ဆောင်-နို့ပွေး= atopic eczema )

နို့ပွေး အကြောင်း မှန်ကန်စွာ နားလည်နိုင်ကြပါစေ။

#နေနေမိုးဆွေ (Child Health Myanmar Page)။

👶Happy momမှာ၁လမှ၅နှစ်အောက်babyလေးတွေရေကူး လိုရပါပြီ😍Baby လေးတွေရေကူးခြင်းအားဖြင့် ရရှိမဲ့အကျိုးကျေးဇူးတွေကတော့ 🛀🛀ရေထဲမှ...
08/07/2020

👶Happy momမှာ၁လမှ၅နှစ်အောက်babyလေးတွေရေကူး လိုရပါပြီ😍

Baby လေးတွေရေကူးခြင်းအားဖြင့် ရရှိမဲ့အကျိုးကျေးဇူးတွေကတော့
🛀🛀ရေထဲမှာကိုယ်လက်လွတ်လပ်စွာလှုပ်ရှားလို့ရတာကြောင့် အရိုး၊အဆစ်၊ကြွက်သားများသန်မာစေခြင်း
🛀🛀ကိုယ်ခံအားကောင်းစေခြင်း
🛀🛀အဆုတ်အားကောင်းစေခြင်း
🛀🛀ဥာဏ်ရည်ဖွံ့ဖြိုးမှုကောင်းစေခြင်း
🛀🛀စားကောင်း၊အိပ်ကောင်းခြင်း
🛀🛀အစာချေစနစ်ကောင်းစေခြင်း
🛀🛀ရေထဲမှာနေရခြင်းကမိခင်၀မ်းထဲမှာနေရသကဲ့သို့ လုံခြုံစိတ်ချမှုခံစားရစေခြင်း
စတဲ့ အကျိုးကျေးဇူးများစွာရရှိစေမှာဖြစ်ပါတယ်။
ဒါကြောင့်Baby လေးခေါ်ပြီးအမြန်လာကူးလိုက်နော်။😘

👍လက်မှတ်ရကျွမ်းကျင်၀န်ထမ်းများမှ၀န်ဆောင်မှုပေးမှာဖြစ်ပါတယ်။
👍ရေကလည်းရေသန့်စက်တပ်ဆင်ထားပြီး သန့်စင်ပြီးသားရေကိုသာ အသုံးပြုထားလို့ စိတ်ချစွာချိုးပေးလို့ရပါတယ်။
👍သတ်မှတ်ထားတဲ့ အခန်းအပူချိန်ထဲမှာ သတ်မှတ်ထားတဲ့ရေအပူချိန်နဲ့ချိုးပေးမှာမို့ ဖျားမှာ အပူရှပ်မှာမကြောက်ရဘူးနော်။

ရိုးရိုးရေကူး နဲ့ spaခနှုန်းထားကတော့
👙👙တစ်ကြိမ် 10000ks
👙👙5ကြိမ် Member လုပ်လျှင် 40000 Ks
👙👙10ကြိမ် Memberလုပ်လျှင် 70000 Ks
ပဲမို့ စျေးအရမ်းသက်သာတယ်နော်။

📲📲လာမယ်ဆို မစောင့်ရအောင်အရင်ကြိုတင်ပြီးဖုန်းဆက်Bookingတင်ပေးပါနော်။
📲📲09-429942244, 09-966566255
🏫🏫Happy Mom ပထမထပ်
35လမ်း 74*75 ကြား မန္တလေး

04/07/2020
✳️ကလေးငယ်များတွင်ဖြစ်တတ်သောခေါင်း‌တဘက် စောင်းခြင်း (Torticollis)✳️‼️ဘာကြောင့်ဖြစ်ရတာလဲ✅လည်ပင်းတစ်ဖက်တစ်ချက်မှာရှိ‌ သော  ...
11/06/2020

✳️ကလေးငယ်များတွင်ဖြစ်တတ်သောခေါင်း‌တဘက် စောင်းခြင်း (Torticollis)✳️

‼️ဘာကြောင့်ဖြစ်ရတာလဲ
✅လည်ပင်းတစ်ဖက်တစ်ချက်မှာရှိ‌ သော ကြွက်သားကပို၍တင်းသောကြောင့် ဦး ခေါင်းသည် ဆန့်ကျင်ဘက်သို့ပိုလှည့်‌ နေကာခေါင်းစောင်းနေပါသည်။
( ဥပမာ ဘယ်ဘက် ကြွက်သားတင်းလျင် ခေါင်းသည် ညာဘက်သို့လှည့်နေမည်။မေး စေ့ သည် အလယ်မှာ မနေပဲ ညာဘက်သို့ လှည့်နေမည်။ )

🔴အကယ်၍ ဘာမှမလုပ်ပဲထားလျင်
၁။ခေါင်းတဘက်အမြဲစောင်းခြင်း
၂။ခေါင်းတခြမ်းပြားခြင်း
၃။မျက်နှာတဘက်နှင့်တဘက်မညီခြင်း
စသည့် ဆိုးကျိုး များ ကိုဖြစ်စေနိုင် ပါသည်။


❇️ထို့ကြောင့် ပုံမှန်ပြန်ဖြစ်အောင် ကူညီပေးဖို့လိုပါတယ်။

✅တင်းနေတဲ့ကြွက်သားတွေကိုပျော့ပျောင်းအောင် လေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါတယ်။
ဒါမှလည်း ခေါင်းပုံမှန်အနေအထာ: ပုံမှန်ပြန်ဖြစ်ပါမယ်။
✅အကောင်းဆုံးက တော့ ဆရာဝန်နှင့် ပြ သစမ်းသပ်ပြီး၊ လေ့ကျင်ခန်းဆရာ( physiotherapist) နှင့်လေ့ကျင့်ခန်းလုပ်သင့်ပါသည်။

📍အခု ကိုဗစ် ကာလမှာသွားရေးလာရေး မလွယ်ကူတဲ့နယ်ဝေးက လေ့ကျင်ခန်းသင်ပေးသောဆရာ( Physiotherapist)မရှိသောဒေသခံများအတွက်ကလေးများအတွက်📍
‼️ဘာတွေလုပ်ပေးမလဲ

🌀🌀🌀 အောက်ပါ တို့ကို အလွယ်တကူလုပ်‌ ပေးနိုင်ပါတယ်။

👉ကလေးကို အိပ်လျက် အနေအထားဖြစ်စေ၊ မှောက်လျက် ဖြစ်စေလုပ်လို့ရပါသည်။
👉ကလေးကိုဖြစ်သည့်ဘက်သို့ လှည့်အောင် အရောင်တောက်တောက်ပစ္စည်းဖြင့် ဖြစ်သည့်ဘက်ခြမ်းမှနေ၍မြှူပေးပါ။
👉ခလေးခေါင်းလှည့်လာအောင်ဆွဲဆောင်ပေးပါ။

👶 ဥပမာ - ဘယ်ဘက် ကြွက်သား တင်း ၍ ခေါင်းသည် ညာဘက်သို့ စောင်းနေသောကလေးအား ဘယ် ဘက်လှည့်အောင် ဘယ်ဘက်မှ မြှူပါ။

👉👉👉တ‌ နေ့ ကိုအကြိမ်ရေများစွာလုပ်ဆောင်ပေးပါ။

👉မိခင်/အိမ်သားများသည်ကလေး 👼၏ ခေါင်းမလှည့်သည့်ဘက်တွင်‌နေ၍ တနေ့တာလုပ်ငန်းဆောင်တာများ(ဥပမာ ထမင်းကျွေးခြင်း အဝတ်လဲပေးခြင်း)ကို လုပ်ဆောင် ပေးပါ။
ထိုအခါကလေးသည် ဖြစ်သည့်ဘက်သို့ကြိုးစား၍ ခနခန လှည့်ပါမည်။

ဥပမာ- ဘယ်ဘက် ကြွက်သား တင်း ၍ ခေါင်းသည် ညာဘက်သို့ စောင်းနေသောကလေးအား ဘယ် ဘက်လှည့်အောင် ဘယ်ဘက်မှာနေ၍ တနေ့တာလုပ်ငန်းဆောင်တာများ ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်းများအပြည့်အစုံအတွက် comment မှာပေးထားတဲ့ link မှာဖတ်နိုင်ပါတယ်။

👶👶👶ကလေးများခေါင်းစောင်းခြင်းမှ ကင်းဝေးပါစေ။😍

ကျောင်းသားမိဘများ သိရှိစေဖို့ ..ခရက်ဒစ်
06/06/2020

ကျောင်းသားမိဘများ သိရှိစေဖို့ ..

ခရက်ဒစ်

👶ဘေဘီလေးတွေရဲ့ အသက်အရွယ်အလိုက် ထိုးထားသင့်တဲ့ ကာကွယ်ဆေးများ......💁‍♀️အရေးကြီးလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
04/06/2020

👶ဘေဘီလေးတွေရဲ့ အသက်အရွယ်အလိုက် ထိုးထားသင့်တဲ့ ကာကွယ်ဆေးများ......
💁‍♀️အရေးကြီးလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

01/06/2020

#ဆိုင်ကယ်စီးမောင်းနှင်သူများသိရှိစေရန်
(2020-ဥပဒေသစ်)

#ယာဉ်နံပါတ်မထင်ရှား =ကျူးလွန်သည့်ပုဒ်မ(၈၄-က) ။ အရေးယူသည့်ပုဒ်မ-၉၄ =ဒဏ်ငွေသုံးသိန်း. ထောင် သုံးလ ။

#အခြားနံပါတ်တပ် =ကျူးလွန်သည့်ပုဒ်မ(၈၄-ခ)။ အရေးယူသည့်ပုဒ်မ-၉၄ =ဒဏ်ငွေ သုံးသိန်း.ထောင်သုံးလ။

#ယာဉ်နံပါတ်ပြားမတပ်=ကျူးလွန်သည့်ပုဒ်မ(၈၄-ဂ)။ အရေးယူသည့်ပုဒ်မ-၉၄ =ဒဏ်ငွေသုံးသိန်း.ထောင်သုံးလ ။

#ဝှီးတက်သက်တမ်းကုန် =ကျူးလွန်သည့်ပုဒ်မ(၈၀)။အရေးယူသည့်ပုဒ်မ-၉၁ =ဒဏ်ငွေတစ်သိန်း.ထောင် တစ်လ။

#မောင်းလိုင်စင်မရှိ = ကျူးလွန်သည့်ပုဒ်မ(၈၁-က)။အရေးယူသည့်ပုဒ်မ-၉၁ =ဒဏ်ငွေတစ်သိန်း .ထောင် တစ်လ

#တခြားသူ၏ယာဉ်မောင်းလိုင်စင်သုံး =ကျူးလွန်သည့်ပုဒ်မ(၈၁-ဂ)။ အရေးယူသည့်ပုဒ်မ-၉၁ ။ဒဏ်ငွေတစ်သိန်း . ထောင် တစ်လ ။

#ယာဉ်မဆင်မခြင်မောင်း =ကျူးလွန်သည့်ပုဒ်မ(၈၁-င)၊ အရေးယူသည့်ပုဒ်မ ၉၁ =ဒဏ်ငွေ တစ်သိန်း.ထောင်တစ်လ ။

#မူးယစ်ဆေးဝါးသုံးအရက်မူးလွန်းမောင်း =ကျူးလွန်သည့်ပုဒ်မ(၈၁-ဇ)။အရေးယူသည့်ပုဒ်မ ၉၁ =ဒဏ်ငွေ တစ်သိန်း .ထောင်တစ်လ

#မောင်းလိုင်စင်မပါ = ကျုးလွန်းသည့်ပုဒ်မ(၇၅-က)။ အရေးယူသည့်ပုဒ်မ-၈၆ =ဒဏ်ငွေ သုံးသောင်း ။

#မောင်းလိုင်စင်သက်တမ်းလွန် =ကျုးလွန်သည့်ပုဒ်မ(၇၅-ဂ)။ အရေးယူသည့်ပုဒ်မ- ၈၆ =ဒဏ်ငွေ သုံးသောင်း ။

#မီးပိုတပ် = ကျုးလွန်သည့်ပုဒ်မ(၇၅-ဆ)။အရေးယူသည့်ပုဒ်မ-၈၆ =ဒဏ်ငွေသုံးသောင်း ။

#ယာဉ်မောင်းစဉ်ဖုန်းအသုံးပြု =ကျုးလွန်သည့်ပုဒ်မ(၇၅-ဋ) ။အရေးယူသည့်ပုဒ်-၈၆ =ဒဏ်ငွေ သုံးသောင်း ။

#ဘက်မှန်မပါ = ကျူးလွန်သည့်ပုဒ်မ(၇၆-က)။ အရေးယူသည့်ပုဒ်မ ၈၇=ဒဏ်ငွေ သုံးသောင်း ။

#ရှေ့မီးအနိမ့်_နေ့_ည_ဖွင့်မောင်းရန်ပျက်ကွက် =ကျူးလွန်သည့်ပုဒ်မ(၇၆-ခ)။ အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေသုံးသောင်း ။

#ပါဝါအိတ်ဇောအသံထိန်းမပါ =ကျူးလွန်သည့်ပုဒ်မ(၇၆-က)။ အရေးယူသည့်ပုဒ်မ ၈၇ =ဒဏ်ငွေ သုံးသောင်း ။

#ဦးထုပ်မဆောင်း =ကျူးလွန်သည့်ပုဒ်မ(၇၆-ဂ)။ အရေးယုသည့်ပုဒ်မ ၈၇= ဒဏ်ငွေသုံးသောင်း ။

ကလေးငယ်တွေနဲ့ ပတ်သတ်ပြီး အံ့သြဖွယ်ရာတွေက အဆုံးမဲ့ဖြစ်မှာ သေချာပါတယ်၊ ဒါ့ကြောင့် ဒီနေ့မှာ ကလေးငယ်တွေနဲ့ ပတ်သတ်ပြီး မေမေတိ...
30/05/2020

ကလေးငယ်တွေနဲ့ ပတ်သတ်ပြီး အံ့သြဖွယ်ရာတွေက အဆုံးမဲ့ဖြစ်မှာ သေချာပါတယ်၊ ဒါ့ကြောင့် ဒီနေ့မှာ ကလေးငယ်တွေနဲ့ ပတ်သတ်ပြီး မေမေတို့ သိထားနိုင်အောင် အချက်အလက်တစ်ချို့ကို မျှဝေပေးလိုပါတယ်။

Chit MayMay was established in 2018 which provides information mainly about parenting and a variety of topics including Child Care, Child Nutrition, Parents Guide, Mom & Baby, etc.

Address

35st, Bet74*75 Sts
Mandale

Opening Hours

Monday 09:00 - 18:30
Tuesday 09:00 - 18:30
Wednesday 09:00 - 18:30
Thursday 09:00 - 18:30
Friday 09:00 - 18:30
Saturday 09:00 - 18:30
Sunday 09:00 - 18:30

Telephone

09-429942244

Website

Alerts

Be the first to know and let us send you an email when Happy Mom Baby Swim and Massage posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share